နေ လည်း တာဝန် နှင့် အညီ အနောက်ကျွန်း သို့ ယွန်း ရန် ချီ တက် နေသည် ။ ကမ္ဘာ့ ကျေးဇူးရှင် အလုပ်သမားတွေ လည်း မလုပ်သူတွေ စံ ရန် သူတို့ ဝတ္တရား အတိုင်း အလုပ် လုပ် လျက် နေသည် ။ နေ သည် အလွန်အမင်း ပူပြင်း နေ သည် ။ မြန်မာပြည် သည် အပူပိုင်းဇုန် မျှ ဖြစ်၍ ပူပြင်းလှ သည် ။ နောက်တစ်ခါ ချောက်မြို့ မှာ မိုးခေါင်ရေရှား ရပ်ဝန်းဒေသ မှ ဖြစ်သောကြောင့် မြန်မာပြည် အခြား အရပ်ဒေသများ ထက် ပို ပူသည် ။ ထို့ထက် တစ်မျိုး မှာ သူတို့ သည် ရေနံငွေ့ ၊ ရေနံခိုး ၊ ရေနံမှိုင်း အတွင်း ဝယ် အလုပ် လုပ်ရ သဖြင့် လွန်လွန်ကြူးကြူး အထူးပင် ပူပြင်း လှပါပေသည် ။ ခိုက်ခိုက်တုန် ချမ်းအေးလှ သည့် မိုးရာသီ သို့မဟုတ် ဆောင်းအခါ တွင် မှ ပင် ရေနံ တစ်စက် တလေ စွန်းထင်းမိသော လက် ၊ ခြေ တစ်နေရာရာ သည် ချွေးတစိမ့်စိမ့် ယို ထွက်သည် ။ ဒါလောက်တောင် ပူပူပြင်း ပြင်း ဆင်းဆင်းရဲရဲ လုပ်ကြရပေမဲ့ သူတို့ တွေ မှာ ဖြင့် သူတို့ လုပ်အား နှင့် ထိုက်တန်သော အခကြေးငွေ ကို မရ ။
အရှည်အဝေး ကမ္ဘာ နှင့် ချီ ပြောရန် ပင် မလို နု တို့ လို ရေနံ အလုပ်သမားတွေ မရှိ လျှင် ရေနံ မရနိုင် ၊ ရေနံ မရလျှင် အလင်းရောင်းရမှု ခက်ခဲမည် ။ ကုန်းကြောင်း ၊ ရေကြောင်း ၊ လေကြောင်း သွားလာမှုတွေ အကြီးအကျယ် အနှောင့်အယှက် ဖြစ်မည် ။ ဤသို့ ဆိုလျှင် ကူးသန်းရောင်းဝယ်ရေး ပျက်ပြား၍ ကုန်ဈေးတွေ ဖောက်ပြန်မည့် အပြင် မုချပင် အရှေ့အာရှတိုက် စစ်ပွဲကြီး ရှုံးရလေတော့မည် ။
••• ••• ••• •••
ညနေ ၅ နာရီ ထိုး အချိန် ...
တိမ်ရောင်တွေ ယှက်သန်း၍ ခပ်မှိုင်းမှိုင်း နေခြည် နုသည် ကမ္ဘာစစ်ကြီး ပြင်းထန် သလောက်ပင် မေ့ပျောက် လောက် စရာ သာယာကြည်နူး အောင် ဖန်တီး နေသည် ။ ရေနံမြေ ၏ ရှုခင်း မှာ ရေနံမြေ က လွဲလျှင် မမြင်နိုင် ။ တမျိုး ပင် ကြည်နူးစရာ ကောင်းလှသည် ။ အနိမ့်အမြင့် ကုန်း အဆင့်ဆင့်ဝယ် မီးခိုး တလူလူ ပျံ့လွင့်နေသော ကြွားကြွား ရွားရွား စက်ရုံများ နှင့် မားမားခန့်ခန့် ရေနံတွင်း တွေ မှာ ရှုခင်း သာယာ သလောက် ကြည့်ကောင်း သလောက် လည်း တန်ဖိုး ရှိလှသည် ။ အသုံး ဝင်လှသည် ။ အမှန်ပင် ဟန်ပြ သင်္ကြန်အမြောက် မဟုတ် ၊ အသံ ရော ၊ အဆံ ရော တင်းပြည့် ကျပ်ပြည့် ပါရှိသောအဝေးပစ် အမြောက်ကြီး စစ်စစ် ဖြစ်သည် ။
သာယာသော ရေနံမြေ ပေါ် တွင် လေညှင်း အတွင်း မှ ခပ်ပြင်းပြင်း ကြိုင် နေသည့် ရေနံ အနံ့ ကို ရှူရှိုက်ရင်း ပင် နု တို့ လူစု ရွှင်ရွှင်ပြုံးပြုံး နှင့် အလုပ် မှ ပြန် လာကြသည် ။ အသို့လျှင် မရွှင်ပြုံးဘဲ နေကြပါမည်နည်း ။ နေ မထွက်ခင် မှ နေဝင် စ လုလု အထိ တစ်နေကုန် တစ်နေခန်း ပင်ပင်ပန်းပန်း လုပ်ရသည့် တာဝန် မှ အနား ယူရသည် မှာ ဝမ်းသာစရာပင် မဟုတ်ပါလား ။
“ ဟေ့ နု ကြည့် ဟေ့ ၊ ဟိုက လာတဲ့ မိန်းမ ... ဘယ် လောက် စတိုင် ကျ သလဲ ”
အေးသက် သည် ရှေ့တူရှုမှ လာသော မိန်းမတစ်ယောက် အား မသိမသာ မေးထိုး ပြရင်း နု ကို ပြောသည် ။ နု တို့ ရှေ့ ပေ တစ်ရာ ကျော် အကွာ လောက် တွင် ပိန်း နေအောင် နံ့သာ ခြယ်ထားသော မျက်နှာ ဂျပန် ကြိုက် ဖန်ပေါင်းချောင် အင်္ကျီ ၊ ပိုးထမီအနီ အသစ်ကျပ်ချွတ်ကြီး နှင့် လျှာထိုးဖိနပ် ထူထူကြီး ကို စီးလျက် တစ်ကိုယ်လုံး ရွှေတွေ ဆင်ယင်ကာ ဟန်ပန် ကြွားကြွား မျက်နှာထား တင်းတင်း နှင့် လျှောက် လာသော ထို မိန်းမ ကို နု တို့ ဂရုတစိုက် ကြည့် ကြသည် ။ သို့ပေမင့် ထို မိန်းမ ကမူ နု တို့ အား လားလား မှ ဂရုမစိုက် ၊ ကျော်လွန်၍ သာသွားသည် ။ နု တို့ က သမင်လည်ပြန် ပင် လိုက် ကြည့်လိုက်ကြ သေးသည် ။
“ တို့များဖြင့် ရွှေ မပြော နဲ့ ချည်လုံချည် ၊ အင်္ကျီ တောင် ကောင်းကောင်းမွန်မွန် မရှိဘူး ”
ဖွားခင် သည် လေးလေးပင်ပင် ပြောလေသည် ။
“ သူ ဝတ်တဲ့ အင်္ကျီပါး ဆိုရင် တစ်ဝတ်စာ ၂ဝဝိ ကျော် ပေးရတယ် ”
အေးသက် က ပြောသည် ။
“ ဟယ် .. ဒါလောက် အဖိုးကြီး ပေးပြီး ဝတ် မှ ဝတ် ရက် ပလေတယ် အေ ၊ တို့များ သာ ဆိုရင် အလွန်ဆုံး ၅ဝိ လောက် ပေး ရတဲ့ ယောထည် ကို ဝယ် ဝတ်မှာပေါ့ ။ ဒါလောက် တောင် သူတို့ ကျတော့လည်း ပိုက်ဆံ ပေါ လွန်းလှ တယ် ”
နု သည် ကလေးများ ကို ပုံ ပြောသော လေသံမျိုး ဖြင့် ဖြည်းဖြည်း မှန်မှန် ပြော လေသည် ။
“ ဘယ် ... ပိုက်ဆံ မပေါဘဲ နေပါ့မလဲ ၊ သူ့ ဂျပန် က စတိုးမာစတာ ဆိုတော့ ပိုက်ဆံ ပေါ တာပေါ့ ။ ဒါပေမဲ့ အေ မိန်းမကြီး က မလှပါဘူး ၊ နု သာ ဒီလို ဝတ်ဆင် ထားလိုက် ရရင် ဘယ်လောက် လှလိုက်မလဲပဲ ”
“ အမယ်လေး မဝတ်ရချင် ၊ မလှရချင် နေပါစေ တော် ဂျပန် ဖြင့် မယူပါရစေနဲ့ ”
နု က သရဲ ခြောက်ခံရသလို ထိတ်လန့်တကြား ပြော လိုက်သည် ။ ဖွားခင် နှင့် အေးသက် တို့ က နု ပြောပုံ သဘော ကျ ၍ ရယ်မောကြ လေသည် ။
“ ညည်း ကို ဂျပန် ကြိုက် ရမယ် ပြောတာ မဟုတ်ပါ ဘူးအေ ၊ ဒီလို ဝတ်ဆင်ရရင် လှမယ် ဆိုတဲ့ဟာ သာ ပြောတာပါ ။ ခုခေတ်တော့ ဘယ်သူ ဘာပြောပြော ဂျပန် ကြိုက်ရတာ ပဲ ကောင်းတယ် ။ မပူရ မပင်ရ စားချင်ရာ စား ၊ ဝတ်ချင်ရာ ဝတ် ၊ ထင်ရာ လုပ် ၊ စိတ် မထင်တဲ့ လူ တွေ့ရင် ... မာစတာ လက် တို့ လိုက် ။ ဘယ်လောက် ဟန် ကျသလဲ ”
အေးသက် ပြောတိုင်းလည်း ဟုတ်ပေသည် ။ ဂျပန် ခေတ် ဆိုသည့် အတိုင်း ဂျပန် တိုင်း မှာ မြန်မာ အပေါ် ၌ ရှင် ဘုရင် ဖြစ်သည် ။ ဈေးဆိုင်များ မှ သော်လည်းကောင်း ၊ လို ချင်သည့် ပစ္စည်း တွေ့ လျှင် အဖေ့ ပစ္စည်း လို သဘောထား ကာ ပိုင်စိုးပိုင်နင်း ယူငင် သွားကြသည် ။ အမျိုးသမီးက လေးတွေ ၊ အမျိုးသမီးကြီးတွေ ကိုလည်း လစ် ရင် လစ် သလောက် အနိုင်ကျင့် စော်ကားကြသည် ။ အမျိုးသားတွေ ကို လည်း အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက် သတ်ဖြတ် ပြုချင် တိုင်း ပြု ကြလေသည် ။ ဤသည် အတွက် ကြီးကြီးမာစတာ တွေ ကို သွား တိုင်လျှင် ရယ်မော နေသည် ။ အရေး မယူ ၊ ဂရု မစိုက် ။ တစ်ခါတရံ တိုင်လာသူတွေ ကို ပင် ပါးနှစ်ဖက် တအား နှက် လွှတ် လိုက်တတ်သေးသည် ။ ပတ်ဝန်းကျင် အခြေအနေ ( ဝါ ) လောကဓံတရားကြီး ဤမျှ ဆိုးရွားဖောက်ပြန် နေရာတွင် သဘာဝ အားနည်းသူ မိန်းမများ သည် အသို့ လျှင် ဂျပန်မာစတာများ အား လင် မလုပ်ချင်ဘဲ နေအံ့နည်း ။
“ နု ရေ ... သွားပေတော့ ဟေ့ ”
အေးသက် နှင့် ဖွားခင် တို့ က သူတို့ အိမ် ဘက်သို့ ခွဲရ မည့် လမ်းဆုံ နေရာ အရောက်တွင် နု အား နှုတ်ဆက်လိုက် ခြင်း ဖြစ်သည် ။ နံနက်တိုင်း နု ကို စောင့်ကြိုသည် မှာ လည်း ဤ နေရာပင် ဖြစ်သည် ။
“ အေးဟေ့ ငါ သွားပြီ ”
နု က ပြန်၍ ခွန်းတုံ့လေသည် ။
••• ••• ••• •••
မီးလောင်ပြင်လုံးလုံး ဖြစ်လု နီးနီး ချောက် - ရေနံမြို့တော် သည် ခြစ်ခြစ်တောက် ပူလောင်သော နေမင်း အောက် တွင် မလှုပ်မရှား ပြားပြားဝပ်ဝပ် ငြိမ်သက်စွာ တည်လေ သည် ။ အခါတိုင်း နေ့များ ဆိုလျှင် မြို့တွင်း မြို့ပြင် ပတ်ဝန်းကျင်တွင် ရေနံကုမ္ပဏီ မှ မော်တော်ကားတွေ ဥဒဟို မရပ်မ နား ပြေးလွှား နေကြသည် ။ သို့ပေမင့် ဤ နေ့မှာ တနင်္ဂနွေ နေ့ ဖြစ်ပါသည် ။ ထိုတနင်္ဂနွေနေ့ မှာ ပင် ချောက်မြို့သူမြို့ သားတို့ အလုပ်နားနေ့ ၊ အအားယူနေ့ ဖြစ်သည် ။ ဤသည်ကြောင့်ပင် မြို့မှာ ဆိတ်ငြိမ် နေသည် ။ အလုပ်ရုံတွေ က စက်သံ ဆူဆူညံညံ လည်း မထွက် ။ မီးခိုး တလူလူ လည်း မလွင့် ။
ကတ္တရာစေး လမ်းမကြီး အနောက် ဘက် ဘေး နှစ်ထပ် အိမ်ကြီး ရှေ့တွင် ကြီးမားလှသော လူထုကြီး ကို တွေ့ နိုင်သည် ။ သူတို့တွေ လက်တွင်း ဝယ် ပုံကြီးပုံငယ် အသွယ်သွယ် ကို ကိုယ်စီ ကိုယ်င ကိုင်ဆောင်လျက် ဖြစ် သည် ။ အိမ်ကြီး မှာ နိပွန်ရေနံတူးဖော်ရေး ကုမ္ပဏီ ၏ ကိုယ်စားလှယ် အိမ် ဖြစ်သည် ။
မြို့သူမြို့သားများ သုံးစွဲရန် အတွက် ရေနံဆီ ကို ကုမ္ပဏီ က ကိုယ်စားလှယ် အား လက်ကား ပေးသည် ။ ကိုယ် စားလှယ် ကမှ တစ်ဆင့် မြို့သူမြို့သားတွေ ကို လက်လီ သတ်မှတ်ထားသော အချိုးကျ အတိုင်း ရောင်းချ လေ သည် ။ တစ်မြို့လုံးတွင် ကိုယ်စားလှယ် လေးငါးခြောက်ဦး ရှိသည် ။ သို့သော် မြို့သားတွေ မှာ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မသုံးစွဲရ ။ ရေနံဆီ ထုတ်ရာ ရောက်လျှင် အစိုးရ ပေးထားသည့် RATION လက်မှတ် ကို ပြရသည် ။ ကန့်သတ် ထားသော ဈေးနှုန်း နှင့် အတွက်ကျ ရေနံဆီ ကို ထိုသူ အား ပေးသည် ။ လူတွေ မှာ များလွန်းသည် ။ ထို့ကြောင့်ပင် တစ်ယောက် စီ တန်းစီ နေရသည် ။ သို့မဟုတ် လျှင် အလုအယက် တိုးဝှေ့ ဆူညံကြသည် ။ ရန်ဖြစ်ကြ သည် ။
ဤသို့ ရေနံဆီ ထုတ် ရသည့် ဒုက္ခ မှာ နှယ်နှယ်ရရ မဟုတ် ။ ခြစ်ခြစ်တောက် ပူပြင်းလှသော နေမင်းရောင်ရှိန် အတွင်း မှာ ပူပူအိုက်အိုက် နှင့် အသက် မရှူသာအောင် ဟို က တိုး ၊ ဒီ ကတိုး ၊ ကပျစ်ကညစ် နေရသည် ။ လူစုလူဝေး လူထု ကြီး မို့ လေယာဉ်ပျံ ရန် ကို လည်း အထူး စိုးရိမ်ရသည် ။ သည် အထဲ မှာ မိန်းမပျိုကလေးတွေ မှာ ပိုမို ဒုက္ခ ရောက်သည် ။ မိုက်မဲ စုတ်ပဲ့သော လူမသမာတွေ က မတော်တရော် လုပ်သည် ။ အချင်းချင်း စော်ကားကြသည် ။ တကယ်ဆိုတော့ တစ်ဦး နဲ့ တစ်ဦး အထူးပဲ ရိုင်းပင်းရမည့် အခါ အထူးပဲ ကြင်နာရမည့် အခါကြီး သာ ဖြစ်ပါသည် ။
ဤ လူထုကြီး မှာ တနင်္ဂနွေနေ့ မှ အပ နေ့စဉ် ရေနံကုမ္ပဏီ တွင် နေ မထွက် ခင် မှ နေဝင်လု အထိ ဆင်းရဲ ပင်ပန်း လုပ် ရသော အလုပ်သမားတွေ ဖြစ်သည် ။ တစ်ပတ် မှ တစ်ခါ ကြုံရသည့် တနင်္ဂနွေနေ့ မှာ ပင် စိတ်အေးလက်အေး ချမ်းချမ်းသာသာ မနေရ ။ ရေနံ အလုပ် ကို လုပ် နေသည့် ရေနံ မြေ မှ လူထု မှာ တစ်ဂါလံ မျှသော ရေနံဆီကလေး ရမှုအ တွက် ဤမျှပင် ခက်ခဲဆင်းရဲ လှပါဘိတောင်း ။
လူထုကြီး တန်းစီနေသည့် အထဲ မှာ နု တစ်ယောက် လည်း ပါ ပါသည် ။ တစ်ဂါလံ ဝင် သံဖြူကလေး ညာ လက် က ဆွဲလို့ ။ အသို့လျှင် နု တစ်ယောက် မပါဘဲ နေပါအံ့ နည်း ။ နု သည်လည်း လူထုကြီး လို ရေနံမြေ ပေါ်မှာ ပင် မွေး ပါသည် ။ လူထုကြီး ရေနံမြေ ပေါ် မှာ ကြီးပြင်း သလို နု လည်း ရေနံမြေ ပေါ် မှာပင် ကြီးပြင်း ၍ လူထုကြီး ကဲ့သို့ပင် ရေနံ အလုပ် ကို နု လုပ်ရသည် ။ တစ်ဖန်တုံ ရေနံမြေ ပေါ် က လူထုကြီး မွဲတေငတ်ပြတ် နေ သလို နု လည်း ရေနံမြေ ပေါ်မှာ ပင် မွဲတေ ငတ်ပြတ် နေသည် မဟုတ်ပါလော ။
နု နှင့် လူထု ၊ လူထု နှင့် နု ရေနံမြေ ပေါ်ဝယ် ဘဝချင်း ၊ ဖြစ်ရပ်ချင်း တူသည် ။ တစ်ဆံခြည်ကလေးမျှ မခြားနား ။ ထို လူထုကြီး ချမ်းသာသော နေ့ ဝယ် နု ချမ်းသာမည် ဖြစ် လျက် ၊ ထို လူထုကြီး သည်ထက် မွဲတေငတ်ပြတ် အဆုံးစွန် ဘဝ သေသော်တည့်မှ နု လည်း အလားတူ ပင် ဖြစ်ချေမည် ။ ကျပ်ကျပ်တည်းတည်း မတ်တတ်ရပ် စောင့် ရသည်မှာ သုံး နာရီ လောက် ပင် ရှိ လေပြီ ။ ထို့ကြောင့်ပင် နု ၏ တစ်ကိုယ် လုံး သွေးတောင့် ကိုက်ခဲနေသည် ။
ခုတော့ တော်ပါသေး၏ ။ နု ရောက် နေသည် မှာ မိန်းမ တွေ ကြား မို့ အသက်ရှူ ကျပ်သည့် ဒုက္ခ ထက် မပိုပါ ။ နု ရှေ့မှာ လူ ၆ဝ လောက် ရှိလိမ့်ဦးမည် ဟု နု ခန့်မှန်း မိ သည် ။ လူ ၆၀ လောက် ဆိုရင်တော့ မကြာလှပါဘူး ။ အလွန်ဆုံး တစ်နာရီပေါ့ ။
“ ဝူ ” ခနဲ ဥဩသံ သည် ခွေးအူသံ လို ပေါ်ထွက်လာပြီး အဆုံး ၌ အချက်ပေး သံချောင်းခေါက်သံတွေ တဒေါင်ဒေါင် နှင့် အဆက်မပြတ် တစ်မြို့လုံး ဆူညံ သွားသည် ။
“ လေယာဉ်ပျံ ၊ လေယာဉ်ပျံ ၊ စက်သေနတ်လေယာဉ်ပျံ ... အရမ်း မပြေးကြနဲ့ ”
ကမ်းနား တစ်လျှောက်မှ စက်သေနတ် ပစ်သံ ကို ပြင်းထန်စွာ ကြားရသည် ။ ဂျပန်မြို့စောင့်တပ် ကလည်း စက် အမြောက်ကလေးများ ၊ လေယာဉ်ပျံ ပစ် အမြောက်ကြီးများ နှင့် တဒိန်းဒိန်း ၊ တဒိုင်းဒိုင်း ပစ်ခတ် တိုက်ခတ်သည် ။ လေယာဉ် ပျံ က လည်း ပစ်တုံးပါပဲ ။
“ ပြေးနိုင်မှ လွတ်စေမယ် ဟေ့ ” ဟူသည့် တာနောယက္ခ ဘီလူး ကြုံးဝါးသံ ကို ကြားရ သလို နု တို့ လူထုကြီး မှာ ခြေ ဦး နှင့် ဒူး တည့်ရာ ပြေးလွှား ကြသည် ။ လူတွေ မှာ အများ ကြီး ဖြစ်၍ တိုက်မိ ခိုက်မိ လဲကြပြုကြသည် ။ တခြား လူတွေ အဝေးကြီး ရှိ ချောင်းရိုး အထိ ပြေး ကြသော်လည်း နု မှာ မပြေးပါ ။ အိမ် ၏ ခပ်လှမ်းလှမ်းကလေး မှ ကုက္ကိုပင် အောက် ရပ် နေပါသည် ။ နု ကား မပြေးနိုင်၍ လည်း မဟုတ်ပါ ။ သို့ပါလျက် ဘာကြောင့် သူများတွေ လို မပြေးသနည်း ။ မတိမ်း ရှောင်သနည်း ။ ကိုယ့် အသက် ကို ပေယျာလကံ ပြု သနည်း ။
တခြား အကြောင်းတွေ ကြောင့် မဟုတ်ပါ ၊ ရေနံဆီ ကို လိုချင်လွန်း၍ ဖြစ်ပါသည် ။ လေကြောင်းရန် အေးချမ်း သည့် ဥဩ မှုတ်လျှင် အနီးဆုံး နေရာ ရောက် နေလျက် ရှေ့ အကျဆုံး နေရာ ကို တန်းစီ ရမည် ။ ဤသို့ ဆိုလျှင် ရေနံဆီ မြန်မြန် ရ နိုင်သည် ။ ရေနံဆီကလေး တစ်ဂါလံ ရ ပါမည့် အကြောင်း အသက်သွေးခဲ ပင် စွန့် ရ သလော ။ သည်လို ဆိုတော့ ( ရေနံ တစ်စက် သွေး တစ်စက် ) ဆိုတာ အမှန်ပေါ့ ။
ဟုတ်လည်း ဟုတ်ပါသည် ။ ရေနံဆီ မှာ တကယ်ပင် လိုအပ်လှပါသည် ။ မှောင်မှောင်စမ်းစမ်း တွင် အကန်း လို နေ ရသည် ။ ညမှု ညတာ လိုအပ်၍ မှ မီး မထွန်းရ ။ အထူးသဖြင့် နု မှာ တော့ သူ့ အမေ ရောဂါသည်ကြီး အတွက် ပို၍ လိုချင် ခြင်း ဖြစ်သည် ။ ည အချိန်မတော် ညဉ့်နက် သန်းခေါင် ရောဂါ ထ ၊ အလင်းရောင် က မရှိ နှင့် အဖြစ်ဆိုး မှာ နု ကို ရေနံဆီ မရမနေအောင် ကြိုးစားရန် အားပေး နေခြင်း ဖြစ်တော့ သည် ။
လေကြောင်းရန် ဘေးကင်း ဥဩ မှုတ်ပြီ ၊ အချက်ပေး သံချောင်းတွေ ကလည်း အေးဆေးပြီ ဖြစ်ကြောင်း ဟစ်ကြွေး နေသည် ။
တော်ပါသေးရဲ့ ၊ လေယာဉ်ပျံ မြန်မြန် ပြန်သွားသည် မှာ အကယ်၍ သာ မြို့ပေါ် တက်လာလို့ နု တို့ လူထုကြီး ကို မြင် လိုက်မယ် ဆိုရင် ပစ် လိုက် မယ့် စက်သေနတ် ၊ သေလိုက် မယ့် လူတွေ ။
သူ့ ထက်ငါ အပြေးအလွှား နေရာလု တန်းစီကြ သည် ။ နု ဝမ်းသာသည် ။ သူ့ ရှေ့ မှာ ခုနက လို လူ ၆၀ လောက် မရှိတော့ ။ ၂၀ လောက် ရှိပေလိမ့်မယ် ။ ရေနံဆီ ရလိမ့်မည် ။ ထို့ကြောင့်ပင် နု ကြည်နူးလှသည် တကား ။ နု သည် အင်္ကျီ အိတ် ထဲမှ လက်မှတ် နှင့် ပိုက်ဆံ ကို ထုတ် ၍ ဘယ်ဘက် လက် ၌ ကျစ်ကျစ်ပါအောင် ဆုပ် ထားလိုက် သည် ။ သူ ရကာ နီးပြီ ၊ သူ့ ရှေ့ မှာ နှစ်ဦး သုံးဦး သာ ရှိ တော့ သည် ။ နု ရှေ့က လူ အတွက် တစ်ဂါလံဝင် ခွက် အတွင်း သို့ စည် ထဲမှ ထည့် ရာတွင် အပြည့် မရ နှစ်ပုလင်း နီးနီးလောက် လျော့ နေသည် ။
“ ရေနံဆီ ကုန်ပြီ ”
ရေနံဆီ ထုတ်သမား က သူ့ အလုပ် ပြီးမြောက်၍ လွတ်လပ်သွား သဖြင့် ကျေနပ်စွာ ခပ်ကျယ်ကျယ် ကြွေးကြော်လိုက်သည် ။
လူထုကြီး မှာ ဝမ်းထဲ ၌ ဟာ သွားသည် ။ အထူးသ ဖြင့် နု မှာတော့ ထိုင်ပြီးတော့သာ ငို လိုက်ချင်သည် ။ ရလု ရခင် မိမိ အလှည့် ရောက် မှ ရေနံဆီ ကုန် သွားသည် ။ ဒါ လောက်တောင် ကံ ဆိုး လှသည် ။ မျှော်လင့်ခြင်း ကင်း၍ နု မှာ အား ငယ် သွားသည် ။ ငယ် လည်း ငယ်လောက် စရာ ပင် ။ သူ့ အဖြစ် မှာ တကယ် ကို ဆိုးလှပါသည် ။
နု တို့ လူထုကြီး အတွင်းမှာ ရေနံ တူးဖော်ရန် အတွက် ကိရိယာ တန်ဆာပလာတွေ လုပ် ပေးရသည့် အလုပ်သမား တွေ ပါသည် ။ ပေပေါင်း အရာအထောင် နက်ဝန်းလှ သည့် မြေထုကြီး အတွင်း မှ ရေနံစိမ်းတွေ ကို တူးဖော် စုပ်ယူပေး သည့် အလုပ်သမားတွေ လည်း ပါသည် ။ ထို ရေနံစိမ်း ကုန် ရိုင်းတွေ ကို ဓာတ်ဆီ ၊ စက်ဆီ ၊ ဖယောင်း ၊ ကတ္တရာစေး စသည့် အမျိုးမျိုး အသုံးဝင်သော ကုန်ချောတွေ ဖြစ်အောင် လုပ်သည့် အလုပ်သမားတွေ လည်း ပါသည့် အပြင် ထို ကုန်ချောတွေ ကို စနစ်ကျ သုံးစွဲရအောင် မပျောက်ပျက် ရအောင် ထိန်းသိမ်း စောင့်ရှောက်ရသည့် သယ်ယူပို့ဆောင် ရသည့် အလုပ်သမားတွေ လည်း ပါသေးသည် ။ နိုင်ငံတော် အတွက် သို့မဟုတ် လူ့ လောက တိုးတက်မှု အတွက် ဤ ရွေ့ဤမျှ အသုံးဝင် တန်ဖိုးရှိသော ရေနံမြေ မှ ရေနံအလုပ် သမားတွေ မှာ ထိုရွေ့ ထိုမျှ အောက်ကျ နောက်ကျ ဖြစ်ကာ တန်ဖိုး မရှိ လူ့အခွင့်အရေးတွေ ဆုံးရှုံး နေသည် ။
အကယ်၍သာ ဤသို့ မဟုတ်လျှင် ရေနံအလုပ် သမားတွေ သူတို့ အလုပ် လုပ် သလောက် စွမ်းအား ထုတ် သလောက်သာ အကျိုး ခံစားရမည် ဆိုလျှင်တော့ ရေနံမြေ ဟာ လောက နိဗ္ဗာန်ကြီး ပေါ့ ။
မျှော်လင့်ချက် ကုန်ဆုံးပြီ ဖြစ်သဖြင့် နု တို့ လူထုကြီး အသီးသီး အသက အသက ပြန် ကုန်ကြပြီ ။ မပြန်၍ လည်း မဖြစ်တော့ပါ ။ ရေနံဆီ ကုန်ပြီ မဟုတ်လား ။
••• ••• ••• •••
ရေနံကိုယ်စားလှယ် အိမ် အတွင်း မှ အမိုး နှင့် ကုန် တင် မော်တော်ကားကြီး သည် သံစုံကြူးရင်း ထွက်လာသည် ။
အကယ်၍သာ အမိုး မပါဘိမူ ရေနံဆီ ( ပေပါ ) စည် ကြီး ငါးလုံး ကို တွေ့မြင်ကြရ ပေမည် ။ ကိုယ်စားလှယ် သည် ကုမ္ပဏီ က ရေနံဆီ ၁၀ ပေပါ ( စည် ) ထုတ်ပေးသည် ကို ၅ ပေပါ အား လုံလုံခြုံခြုံ ဝှက် ထားသည် ။ ကျန် ၅ ပေပါ တွင် ရေ နှစ်ပေပါ ရော၍ မြို့သူမြို့သား အလုပ်သမား တွေ ကို ထုတ် ပေးသည် ။
တကယ်ဆို တော့ ကိုယ်စားလှယ်တွေ အတွက် အမြတ်အစွန်း ပေး ထားပြီးသားပဲ ။ ဒါနှင့်များတောင် လောဘ ကြီး လွန်းသည် ။ မစားသင့်သည့် အစာကို စားရက် လေသည် ။ ချွေးတွေ သွေးတွေ နှင့် ရင်းနှီးပြီး ပင်ပန်းကြီးစွာ လုပ်ရသည့် တိုင်းရင်းသား အလုပ်သမားတွေ အပေါ် ခေါင်းပုံ ဖြတ်ရက်လေသည် ။ ရေနံကိုယ်စားလှယ် က သူ ခိုးဝှက် ထားသည့် ရေနံဆီတွေ ကို မိုင်ပေါင်းများစွာ ကွာဝေးသည့် ရေနံ ရှားပါးသည့် ရေနံဈေး ကောင်းသည့် နေရာများ သို့ သွား ရောင်းမည် ။ သူခိုးဈေးကြီး ဖွင့်မည် ။ ဒါမှ အမြတ်အ စွန်းငွေ တွေ မရေမတွက် နိုင်အောင် အများကြီး ရမည် ။ ငွေ တွေ မရေမတွက်နိုင် အများကြီး ရမှ လည်း စည်းစိမ်ခံစားမှု အဝဝကို စံစား ယစ်မူးတော် မူ ရမည် ။ သို့ပေမင့် သူတို့ မလုပ် သူတွေ အကျိုးခံစား စည်းစိမ်ယစ်မူး နေချိန်မှာပင် အလုပ် သမား ကျေးဇူးရှင် လုပ်သူတွေ မှာ ဖြင့် တကတဲ အမြဲ ငရဲ ပမာ လူချင်း မတူရှာဘဲ ဒုက္ခဘုံ မှာ ဝဲလှည့် လို့ နေရှာသည် ။
“ ဪ .. သမီး နု ပြန်ခဲ့ပေါ့ ကိုး ”
နု အမေ သည် ရေနံဆီပုံးကလေး ကို လက် တစ်ဖက် မှ ဆွဲ ကိုင်ရင်း ငြိမ့်ငြိမ့်ကလေး ပြန် လာသည့် နု ကို တဲ ဝ ဆီ မှ ဆီး၍ နှုတ်ဆက်လေသည် ။
“ ဟုတ်တယ် အမေ ၊ ရေနံဆီ လည်း မရခဲ့ပါဘူး ၊ ကုန် သွားလို့ ၊ တစ်နေ့လယ်လုံး အဆင်းရဲ ခံရတာ ၊ အလကားပါပဲ ”
နု ၏ အသံ မှာ ကြေကွဲဖွယ် ကောင်းအောင်ပင် တုန်လှုပ်လှိုက်လှဲ နေသည် ကို ကြား နိုင်သည် ။ နု လို ပင် နု အမေ လည်း အတော် ဝမ်းနည်း သွားသည် ။ သို့ပေမင့် ပို၍ နု စိတ် မကောင်းမည် စိုးသောကြောင့် ကြိုးစား ကာ ဣန္ဒြေ ဆောင် ထားရှာသည် ။
“ ကုန်သွားလို့ မရတာတော့ လည်း ဘယ် တတ်နိုင်ပါ့ မလဲ နု ရယ် ။ နောက် တစ်ပတ် ကျတော့ ရ ရောပေါ့ ”
နု ၏ အမေ မှာ နု ကို အလွန် ချစ်ရှာသည် ။ ကိုးလ လွယ် ဆယ်လ ဖွား ရုံတင်မျှ မ က သူ့ မှီခို အားထားရာ ကျေးဇူးရှင်ကြီး မရှိသည့် နောက် တွင် သူ့ တာဝန် ၊ သူ့ တစ်အိမ်ထောင် တာဝန် ကို နု ပင် စိတ်ရှည်လက်ရှည် ထမ်းဆောင် နေရှာသည် ။ ယုယုယယ ခယဝတ်တွား ပြုစုရှာသည် ။ ဘယ်နေရာ ဘယ်ဌာန မှ ဆုံးမစရာ မလို ၊ အလွန် သိတတ် သည် ။ သူ့ ကိုယ် သူ စောင့်ထိန်း တတ်သည် ။ သမီး တစ်ယောက် ဆို ဆို စလောက်ပင် အားထား ရသည် ။ အလိမ္မာ တုံး ရှုမငြီး သော သမီးချော နု ပါတကား ။
ဤသည်ကြောင့် ပင် နု ကို ချစ်သနား မဆုံး ၊ နု ပင်ပင် ပမ်းပမ်း ဆင်းဆင်းရဲရဲ အောက်ကျ နောက်ကျ အလုပ် လုပ် နေသည် ကို မရှုရက် ၊ မမြင်ချင် ၊ မမြင်ချင် မရှုရက် ပေမဲ့လည်း မတတ်နိုင် ၊ မလွှဲသာတော့ ဥပေက္ခာ ပြု ရသည် ။
“ ရေနံဆီ က တစ်ခါ တစ်ခါ ဆို ထုတ် က ထုတ်ဖြစ်ခဲ ပါဘိနဲ့ ။ မရလိုက်တာ သိပ် ဆိုးတာပဲ ” နု သည် မကျေမချမ်း သံကလေး နှင့် ထပ် တွန့်၍ ပြော လိုက်သေးသည် ။
ညနေ လေးနာရီ ထိုးပြီ ဖြစ်သဖြင့် နု သည် ညစာ အတွက် ချက်ပြုတ်ရေး ကို စိုင်းပြင်းနေရလေသည် ။ နု သည် ဆန်ကော အတွင်း မှ ဆန် ကို ထမင်းအိုး ထဲ သို့ လောင်း ထည့် နေသည် ။ ဆန် မှာ တော်တော် ကို ဆိုးသည် ။ နီဝါကြောင်ကြား ဖွဲနုများ နှင့် စပါးလုံးတွေ ကလည်း ပါ လိုက်သေး သည် ။ ဆန် မကောင်းသောကြောင့် ချက် ၍ လည်း မကောင်း ၊ စား ၍ လည်း မကောင်းပေ ။
ထောင်သားများ မှာ အလွန် ဆိုးသော လုံးတီးဆန် ကို စား ရသည် ဟု နု ကြားဖူးသည် ။ သို့ပေမင့် ထောင်သားများ ဆန် မှာ နု တို့ စားနေရသော ဆန် ထက် ဖြင့် ပို၍ မဆိုးနိုင် ။ သည် ဆန် က သာ ပို ဆိုးချင် ဆိုးမည်ဟု နု စိတ် က အောက် မေ့သည် ။ နု စိတ် က အောက်မေ့သည် မှာ လည်း မမှားပေ ။ တကယ်ပင် နု ယူဆချက် အတိုင်းသာ ဖြစ်ပါသည် ။ မြန်မာပြည် ဟာ ကမ္ဘာ ပေါ် မှာ ဆန် အများဆုံး ထွက် တဲ့ တိုင်းပြည် ပါ ပဲ ။ ဒါပေမဲ့ သည် ဆန်တွေ ဟာ နု တို့ အတွက် မဟုတ်ပါ ။ အလုပ် မလုပ်သူတွေ ၊ ကိုယ်ကျိုး ရှာသူတွေ ၊ နိုင်ငံခြားသား တွေ အတွက် သာ ဖြစ်ပါသည် ။
( နောက် တစ်ပိုင်း ဆက်ရန် )
◾ဌေးမောင်
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၁၂
၁၉၄၈ ၊ မေ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment