❝ ကိုပီတိ နှင့် ပီတိသစ် ❞
( ၁ )
“ မယုံကြည်ရင် နေ ၊ မ စော်ကား နဲ့ ၊ သိပ် အသိ ခက် ၊ သိပ် လျှို့ဝှက် တဲ့ လောက ၊ ကောင်းကျိုး သာ နှောင့်နှေး ရင် နှောင့်နှေး မယ် ၊ ဆိုးကျိုး ကတော့ ဒင်း ခ နဲ နေအောင် ပေးလိုက်တာ ”
ဘုရား ... ဘုရား ... ဘာများပါလိမ့် ၊ ပွဲကြည် ... ပွဲကြည် ၊ မကြံအပ် မစည်ရာ ဘာ ရည်ရွယ်ချက် နဲ့ ဘယ်လို ပုဂ္ဂိုလ်ကို များ အိမ် ပေါ် ပင့် လာပါလိမ့် ။
ခွေး ကတက် က နေ အသာ လှမ်း ကြည့်လိုက်တော့ ပိန်ပါးပါး ၊ မျက်နှာ ရှည်ရှည် နဲ့ ဘီး ဆံထုံးကြီး ထိပ် တည့်တည့် ထုံး လို့ ၊ ဆံထုံး မှာ နှင်းဆီပန်း နီရဲရဲ ကြီး ပန် ထားတဲ့ အသက် ငါးဆယ် အရွယ် မိန်းမ ကြီး ကို တွေ့လိုက်တယ် ။
သူ့ ရှေ့မှာ ဒူးလေး တုပ် ၊ ပခုံး လေး ချ ၊ ခေါင်းလေး ငုံ့ လို့ ရိုကျိုး ခံ နေ တဲ့ အသွင် နဲ့ မ ပွဲကြည် ။
အဘွားကြီး သူ့ ရှေ့ လင် ဗန်း ထဲက ကွမ်းယာ ကို ကောက် ဝါး ပြီး ကြေးနန်း ကြိုး ကို တုတ် နဲ့ရိုက် တဲ့ အသံ မျိုးနဲ့ စကား ဆက် တယ် ။
“ လူ သည်းခံ ပေမယ့် ပုဂ္ဂိုလ် သည်း မခံဘူး သမီး ရဲ့ ၊ ပုဂ္ဂိုလ် သည်းခံ သော် ငြား လည်း နတ် က သည်းမခံ ပြန် ဘူး ၊ နတ် က သည်းခံ သော် ငြား လည်း ဓာတ် က သည်း မခံပြန် ဘူး ”
“ ဪ ... အဆင့်ဆင့် သည်း မ ခံတမ်း ကစား နေကြတာ ကိုး ”
“ သည်းမခံ တော့ ဘာဖြစ်လဲ တဲ့ ၊ ဝင် မယ့် လာဘ် ပိတ် က ရော ၊ လာဘ် ပိတ် တော့ စီးပွား ကျ က ရော ၊ စီးပွား ကျ တော့ စိတ် ထွေ ရော ၊ စိတ် ထွေ တော့ အိမ်ထောင်ရေး အက် ကြောင်း ထင် လာ က ရော ၊ အိမ်ထောင်ရေး အက် ကြောင်း ထင် တော့ လာဘ် ပိတ် က ရော ၊ အရာရာ ဟာ စီးပွားရေး ဝင် ရိုး ပေါ် မှာ လည်ပတ် နေရတာ မဟုတ် လား ကွယ့် ”
“ မှန် ... မှန်လိုက်တာ အမေရယ် ၊ သမီး တို့ မှာ အဲလို ဖြစ်နေပါတယ် ၊ ကယ် များ ကယ် နိုင်ရင် ဖြင့် ...”
သွားပြီ ၊ အဘွားကြီး ရဲ့ လေစီးကြောင်း ထဲ မှာ ပွဲကြည် တ ရွတ် ဆွဲပြီး မျော ပါ သွားပြီ ။
အူ လှ အ , လှ ချည် လား ဟား စီးပွား ကျ ရအောင် နင် တောင်း စားနေ ရသလား ။
သဘင်သည် ဝါတွင်း ပွဲ ပါး တာ ဆယ့်သုံး နှစ် ပေါင်း လာတဲ့ အတွေ့အကြုံ နဲ့ နင် မသိဘူး လား ဟဲ့ ။
ပွဲ က တဲ့ အ တတ် တစ်ခုတည်း တတ်တဲ့ ၊ လူပြက် ကို ယူထား မှ တော့ နှစ်စဉ် ဖြတ်သန်း ရတဲ့ သည် ကြား ကာလလေး ကိုတော့ နင် နား လည် ပါးနပ်စွာ ရင်ဆိုင် ရမှာပေါ့ ။ ကို ပီတိ အ သာ ရပ်ပြီး နား စွ င့် လိုက်တယ် ။
“ ဘာ နေ့ သမီး တုံး ”
“ တနင်္လာပါ အ မေ ၊ အိမ်ထောင် ဦးစီး ကျွန်မ ခင်ပွန်း က အင်္ဂါသား ပါ ”
“ အင်္ဂါ … အင်္ဂါ ... အင်း .. ဟုတ်ပြီ ... ဟုတ်ပြီ ၊ ဪ ဒီလိုလား ၊ အင်း ... အင်း ... ဪ ... ဟော် ... ဟော် ... ”
မိန်းမ ကြီး မျက်စိ စုံ မှိတ် ပြီး ပြုံး လိုက် ၊ ရယ် လိုက် ၊ တည် လိုက် ၊ မဲ့ လိုက် ၊ အမူအရာ စုံ နဲ့ အာမေဍိတ် မျိုးစုံ ရွတ် နေတယ် ၊ ခေါင်းခါလိုက် ခေါင်းညိတ် လိုက် ကလည်း ခဏခဏ ၊ ပြီးမှ မျက်လုံး ကြောင် ကြီးတွေ နဲ့ မပွဲကြည် ကို စိုက် ကြည့် ပြီး ...
“ အင်္ဂါသား ၊ လူမိုက် ၊ ယောက်ျား ပီပီ ကတိ မတည် တဲ့ အကောင် ၊ လူလူချင်း မပြောနဲ့ ၊ နတ် တောင် လှည့်ဖြားတယ် ၊ ရိုးရာ လဲ မေ့တယ် ၊ ဒါ ကြောင့် ဒဏ်ခတ်ထား တာ ဟဲ့ ”
ကြာရင် ငါ လိမ် ထားတာတွေ ပေါ် တော့မှာ ဘဲ ။
အခြေအနေ ကောင်း တုန်း လူ ယောင် ဝင် ပြ မှ ။
ကိုပီတိ လှစ် ခနဲ လှမ်း ဝင်လိုက် ရင်း ...
“ အဟမ်း .. ”
“ လာစမ်းဟေ့ ... ညီ ဘွား ၊ ယောက်ျား ပဲ ကွာ ... ဘာ ပြု လို့ ကတိ ပေးပြီး မ ဆောင်ရွက် ရတာလဲ ဟ ”
“ ကျွန်တော် မှားပါတယ် အမေ ရယ် ”
" ဟိတ် ... မင်း နဲ့ စကား ပြောနေတာ ပခန်း ကွ .. ပခန်း ”
လေ ကြုံ စီး ချလိုက် မှ လေ လမ်းကြောင်း မှား နေ ရသေး ကွာ ..
“ ဟုတ် .. ဟုတ်ကဲ့ ... အစ်ကိုကြီး ၊ ကျွန်တော် မှားပါတယ် ”
မပွဲကြည် မျက်စောင်း ရောက် မလာခင် အချိန်မီ ဝန်ခံ လိုက်ရ တယ် ။
“ အေး ... သောက်ပွဲ ကျင်းပရမယ် ကွ ၊ ကြက်ဖို ကြက်မ နဲ့ အနီ တစ်လုံး ၊ အုန်း ငှက်ပျော စုံ ကန်တော့ပွဲ ပေး ဟေ့ ”
ဟား ... အနည်းဆုံး ထောင် ဂဏန်း ကပ် သွား ပါ ပေါ့ လား ။
ချွေးစေး တွေ ပြန်လာပြီး က တုန်ကယင် ဖြစ်လာတဲ့ ကိုပီတိ ကို အကဲခတ် ရင်း ...
“ အောင် မာ ... မင်း တောင် ငွေ လာပါ ပ ကော လား ၊ ပဋ္ဌာန်း ဆက်ရှိ သ ဟေ့ ၊ မင်း ကို စောင့် ရှောက် နေ တဲ့ ပုဂ္ဂိုလ်တွေ ကို ငါ ပြ စမ်း မယ် ၊ မျက်စိမှိတ် ထား စမ်း ... ဟုတ်ပြီ ”
ကယောင်ကတမ်း နဲ့ မျက်စိမှိတ် လိုက်တဲ့ ကို ပီတိ န ဖူး ကို လက် နဲ့ ထိ ပြီး တွတ်တွတ် တွတ်တွတ် ရွတ် နေရင်း က ...
“ ဘာ မြင်သလဲ ဟေ့ ... ညီ ဘွား ”
“ သိုက် ကို မြင် နေရပါပြီ ခင်ဗျ ”
“ ဘုရား သိုက် လား ၊ သိ ကြား သိုက် လား ၊ ဥစ္စာ သိုက် လား ကွ ”
“ ဘီအီးဒီ အောင်သိုက် ပါ ခင်ဗျ ... ဟီး ... ဟီး ... ဟီး .. ဟီး ”
( ၂ )
“ တော် က သာ ပြောင် စရာ လှောင် စရာတွေ လုပ်နေ ၊ အ မေ က သူတို့ လောက မှာ နာမည် တစ်လုံး နဲ့ နေတာ သိရဲ့လား ၊ ဓာတ် ပိုင် ၊ နတ် ပိုင် ၊ သိဒ္ဓိမြိုင် ဆိုရင် နတ်ကတော် တိုင်း လေးစား ရတာ ၊ တောင် ပြုန်း နဲ့ ရတနာ့ဂူ နှစ်ပွဲ လိုက် သွားတာ မှာ ကျုပ် အကုန် သိခဲ့ ရတာပဲ ၊ ကနားစီး ၊ နတ် ထိန်း မှန်သမျှ အမေမြိုင့် တပည့် သား မြေး တွေ ချ ည့် ”
မပွဲကြည် စကား ကို ရပ်ပြီး ကန်တော့ပွဲ ဆက် ပြင် တယ် ။ ကိုပီတိ ရေဆေး ထားတဲ့ ဘိလပ် ရည် ပုလင်း တွေ လှမ်း ပေး ရင်း
“ ငါ ကလဲ လှောင်တာ မဟုတ်ပါဘူး ဟာ ၊ ကြောက်ကြောက် နဲ့ ကိုးရိုးကားရား တွေ ဖြစ် ကုန် တာပါ ၊ နောက် ဒီလို မဖြစ်အောင် ငါ ဆင်ခြင် ပါ့မယ် ဟာ ”
လေ ပျော့ ကလေးနဲ့ တောင်းပန်ရင်း မပွဲကြည် မျက်နှာ ကို လှမ်း ကြည့် လိုက်တယ် ။
မဆန့်ကျင် နဲ့ ပီတိ ၊ ထိပ်တိုက် ရင်ဆိုင် မတွေ့ မိ စေ နဲ့ ၊ မင်း အ ပြော အဆို အနေအထိုင် တွေ ပြုပြင် ထား ၊ ပွဲ မရှိတဲ့ ကာလ မှာ သူ ဟာ ယာယီ အိမ်ထောင် ဦးစီး ဖြစ်သွားပြီ ။
ဆရာ့ ဂုဏ်ရည် သိဒ္ဓိကြည် ဆိုတဲ့ နာမည် တစ်လုံး နဲ့ နတ် လောက မှာ တောက်ကြွား စ ပြုလာတဲ့ သူ့ ဝင်ငွေ ကို မင်း မှီခို နေရတုန်း ဘာ အမှု ပွေလာ ပွေလာ ရိုးရာ နှောက်ထားတာ ဟေ့ ... ဆိုတဲ့ ဟောချက် တစ်ခုတည်း နဲ့ ဖလား ထဲ မှာ ကန်တော့ကြေး ... ရေစင်ဖိုးတွေ လျှံလျှံလာပြီး မင်း တို့ ထမင်းအိုး ဟင်းအိုးတွေ ဆီ စီးကျ နေတာ နော်။
“ သဘင်သည် က ဖြစ်တဲ့ နတ်ကတော် ဆိုတော့ ငွေတောင်းတဲ့ နေရာ မှာ ဓားပြ က အမေ ခေါ် လောက်ပါရဲ့ကွာ ”
“ အပြော ကလဲ မိုက်ပေတယ် ၊ မင်း များ သင်ပေး ထားတာလား ”
သူ့ သူငယ်ချင်းတွေ အိမ် လာ လည်တုန်း မပွဲကြည် အလုပ် လုပ်နေတာ ကြည့်ပြီး ဝေဖန် သွားကြသံတွေ ကို ကြားယောင် နေ ပြန်တယ်။
တကယ်တော့ မပွဲကြည် ကိုယ်တိုင် က သည် ခွင်ထဲ မှာ ကိုပီတိ အဝင် မခံပါဘူး။
အစခပ်သိမ်း အမေမြိုင် ရဲ့ သွန်သင်ချက်တွေချည့်ပါ။
“ညည်း ဒီ အလုပ် ကို လုပ်စားတော့မယ် ဆိုရင် အဟော အပြော ကို ခွဲခြား နားလည်ရမယ် ၊ အဟော ဆိုတာ ဖြစ်ပျက်လာတဲ့ ကိစ္စ ၊ ဖြစ်နေဆဲ ကိစ္စ နဲ့ ဖြစ်ပြီးသားကိစ္စ ကို တိုက်ဆိုင် သွားလို့ ဟုတ် နေရင်
ယုံကြည်မယ် ၊ ဖြစ်လာမယ့် ကိစ္စ ကတော့ ထား ပါတော့ ၊ အေး ... အဲဒီ ဟောချက်တွေကို ဖုံးနိုင် ၊ ကာနိုင် မှန်နိုင်အောင် ထောက်ကူ ပေးတာ အပြောပဲ ၊ ဟောချက် နဲ့ ပြောကွက်ကို မျှမျှတတ သုံးတတ်ရမယ် အေ့ ၊ နတ် ကို ချည့် အား မကိုး နဲ့ ၊ လူ ကလဲ လုံးပန်း တတ်ရသေးတယ် ၊ တို့ ဆီ ကို အမေး လာတယ် ဆိုရင် ဆယ်ယောက် မှာ ရှစ်ယောက် က မိန်းမ ဘဲ ၊ ယောက်ျား ဆိုတာက မိန်းမ နဲ့ နွှယ် မှ ပါလာတတ်တာမျိုး ၊ ဒီနေရာမယ် လူကဲ ကလဲ ခတ်တတ်ဦးမှ ၊ လက်အုပ်ကြီး ချီပြီး တုန်ပြနေရုံ နဲ့ အထင် မကြီးလောက်သေးဘူး ၊ လာတဲ့ မိန်းမ ဟာ စီးပွား ပျက်လား ၊ အိမ်ထောင် ပျက်လား ခွဲခြား တတ် ရတယ် ၊ ငွေပူ နဲ့ လင်ပူ က လွဲရင် ဘယ် မိန်းမ မှ ဗေဒင် တို့ နတ် တို့ ဆီ ကို မလာဘူး ၊ မှတ်ထား မိပွဲကြည် စီးပွား ကျ တဲ့ မိန်းမ က နတ်မေး လာရင် အခြယ်အသ ၊ အဝတ်အစား ဆင်ဆင်ပြင်ပြင် ရှိတတ်ပေမယ့် ရည်းစား ပူ အိမ်ထောင် ပူ ကျတော့ အခြယ်အသ ကို မရှိတော့ဘူး ၊ ဖရိုဖရဲ ဖြစ်ကတတ်ဆန်း ပဲ ၊ ဒီနေရာမယ် အကြီး ပူ အငယ် ပူ ဆိုတာ ရှိလာပြန်ရော ၊ ဟဲ့ ... သေနာမ ရယ် မနေနဲ့ ၊ ငါ အကောင်း ပြောတာ ၊ ဒါမျိုးတွေ ညည်း တစ်ချိန် မတွေ့ တစ်ချိန် တွေ့ရမှာ ၊ ဥစ္စာပျောက် လောက်ကတော့ အို ... ကြင်ရာဥဒကေ ၊ ကြာကန်သုဝနေ လင်္ကာလေး ကျက်ပြီး ချိန်ဆ ဟောပေါ့အေ ရယ် .. အာဝဇ္ဇန်း တော့ မြိုင်နေ ဝေနေအောင် ကျင့်ပေတော့ မချော ၊ ကိုင်း ... မောလှသအေ ... ဘိလပ်ရည်လေး တစ်လုံး ဖောက်စမ်း ”
အဲသလို လက်ထပ် သင်ကြား ပေးတဲ့ ကျေးဇူး ၊ အပူသယ် ကို ခေါ်လာ တတ် တဲ့ ကျေးဇူး ၊ နှစ်လပြတ် နတ်ကတော် အတတ်သင် ပညာ ပေး ကျေးဇူးတွေ ကို တစ်လ တစ်ကြိမ် လောက်တော့ မှန်မှန် ဆပ်နိုင် ခဲ့ သလို ကိုပီတိ လည်း လူရွှင်တော် စင်စစ် က နတ်စုခံ ၊ နတ်အစေအပါး ဖြစ်မှန်း မသိ ဖြစ်လာရတော့တာပါပဲ ၊ အုန်း ၊ ငှက်ပျော ၊ ပန်း ၊ ဖယောင်းတိုင် ၊ အမွှေးတိုင် အဆုံး နတ်ဝေယျာဝစ္စတွေ
ဆောင်ရွက် လာရ ပါ တော့တယ်။
ကတော် သက်ကလေး နည်းနည်း ရ လာတဲ့ မပွဲကြည် ဟာ လည်း စီးကရက်ကလေး တမြမြ ၊ ကွမ်းကလေး တမြုံ့မြုံ့ နဲ့ သနပ်ခါးပါးကွက် နဲ့ ခန့်ညားချင်တိုင်း ခန့်ညား နေပါပြီ ၊ ကိုပီတိ က တော့ သူ့ ချစ်ဇနီး ကတော် လား မြောက် လာတဲ့ အလှအပ ကို ကြည့်ရင်း ...
“ အင်း ... ဆိုက္ကား စီးပြီး ည ခရီး ထွက်ဖို့ ကောင်းနေပြီ ” လို့ မကြားတကြား ချီးမွမ်းလေ့ ရှိတယ်။
“ ဟိုဘက် ရပ်ကွက် ထဲ က ဖိုးတေတို့များ ခုနစ်ပွဲရေစင် သောက်ပြီး ကနားစီး လုပ် နေလိုက်တာ ၊ ပိုက်ဆံ ကို တင်းကျမ်းပဲ တဲ့ ၊ ကနား မရှိတဲ့ အချိန် ဆိုက္ကားနင်း တဲ့ ၊ တော်လဲ ပွဲ အားတုန်း အဲဒီလိုမျိုး ...”
“ တော်စမ်းပါဟာ ... ငါ့ ဟာ ငါ နေစမ်းပါရစေ ၊ ဘယ့်နှယ် လူပြက် ကနေ မာမီ ဖြစ်အောင် စည်းရုံး နေရတာလဲ ”
“ ကျုပ် က စေတနာ နဲ့ ပြောတဲ့ဥစ္စာ ၊ မလုပ်ချင်လဲ နေပေါ့ ”
“မလုပ်ချင်လို့ ပြောတာ မဟုတ်ဘူးဟ ၊ ငါ့ ဥပဓိ နဲ့ အဲဒီ အဝတ် အစားတွေ နဲ့ လိုက်ဖက်၏ ၊ မလိုက်ဖက်၏ ဝေဖန်ကြည့်ဦး ၊ အခုတောင် ငါ့ လူတွေ က ကဲ့ရဲ့ကုန်ကြပြီ ၊ ရေစင်ဖိုး နဲ့ အသက်ရှင် နေရတာပါ တို့ ၊ ဒုက္ခသည် ရှိသရွေ့ ထမင်း မရှားပါဘူး တို့ ၊ နား ကို လျှံနေ ”
“ အို ... ကိုယ့် ပညာ နဲ့ ကိုယ် ရှာ စားတာ ဘာဖြစ်လဲ ”
“ မတရားလို့ပေါ့ ၊ ရေစင်ဖိုး ငါးမတ် သာ ကြားဖူးပါတယ် ၊ နင့် လက်ထက် ကျ မှ သုံးဆယ့်ခုနစ်မင်း မို့ သုံးဆယ့်ခုနစ်ကျပ် ဆက် ရတယ် လို့ နှစ်ဆယ်တန် ပစ္စည်းပျောက် လို့ လာ မေးရင် တောင် ဆယ့်ခုနစ်ကျပ် ရှုံး နေပြီ ”
“ အမေပွဲ ... အမေပွဲ ”
တိုက်ပွဲအခြေအနေ တင်းမာစ မှာ အမောတကာ ခေါ် ရင်း အိမ်ပေါ် ကို ပြေး တက်လာတဲ့ စန်းရီ ကို တွေ့ လိုက်ရတာကြောင့် တုန့်ပြန်လု ဆဲဆဲ မပွဲကြည် ပါးစပ် အဟောင်းသား နဲ့ ငေါင်ငေါင်ကြီး ဖြစ်နေတယ် ။
“ အမေပွဲ ... ဟိုဘက် လမ်း ထဲ က အစ်မကြီး နှစ်ယောက် မြေ ရောင်းချင်လို့ မေးပေးပါ ဆိုတာနဲ့ ခေါ် လာခဲ့တယ် ”
မပွဲကြည် ရဲ့ မျက်လုံးတွေ ဟာ သားကောင် ကို မြင်တဲ့ ကျား တစ်ကောင် ရဲ့ အသွင် ဖြစ်သွားပြီး ...
“ခေါ်လိုက်လေ စန်းရီ... ကူညီရတာပေါ့ ”
မရှေးမနှောင်းပဲ အိမ် ပေါ် ကို အသားဖြူဖြူဝဝ မျက်နှာ အစ်ဖောင်းဖောင် နှုတ်ခမ်း ထူတွဲတွဲ မိန်းမကြီး နှစ်ယောက် တက် လာတယ်။
“ သူ က ဒေါ်ကျင် ၊ သူ က ဒေါ်လွမ်း လေ ၊ သူတို့ ဝင်း က နှစ်ဝင်းတွဲ ၊ အဲဒါ ရောင်းချင်တာ ၊ ထိုင်း နေလို့ အမေပွဲ ရဲ့”
မပွဲကြည် ဖယောင်းတိုင် တွေ မီးညှိ ရာ က နောက်လှည့် မကြည့်ဘဲ ...
“ သိန်း နှစ်ဆယ်စီ ရချင်တာ မဟုတ်လား ”
မိန်းမကြီး နှစ်ယောက် ယိမ်းက လိုက်သလို မျက်နှာချင်း ဆိုင် သွားတယ် ။ ဒေါ်ကျင် ဆိုတဲ့ ဖြူအစ်အစ်ကြီး က မျက်ခွံ ဖောင်းဖောင်းကြီးတွေ ပိတ်သွားအောင် ပြုံးဖြဲဖြဲ လုပ်ရင်း ..
“ ဟုတ်ပါလယ် စင့် ... အဲလာ ... မြန်မြန်လေး ”
မပွဲကြည် ခေါင်း ညိတ်ပြီး လက်အုပ်ချီ ၊ ပါးစပ် က တိုးတိုး ရွတ် ၊ လက်အုပ် နဲ့ ဖြောင်းဖြောင်း မြည်အောင် ရိုက် ၊ ခေါင်းတွေ တုန် ၊ မျက်စိ စုံ မှိတ် ထား ရင်း...
“ဟား ... ဟား .. ဟား ခလုတ် ထိ မှ အမိ တ ၊ ပုတ်ထဲ က ဓားမ က ထ ပဲ့ မှ ကယ်တင်ရှင် ကို တမ်းတ ၊ နင် တို့ ဘာ ကတိ ပျက်ထားသလဲ ၊ ဘာ ကတိ တွေ ပေးထားသလဲ ၊ ဟေ့ ... စားဖို့ မရှိ လျော်ဖို့ တော့ ရှိရမယ် ”
မိန်းမကြီး နှစ်ယောက် ထိတ်ထိတ်လန့်လန့် ဖြစ် လာတယ်။ ခဏ စဉ်းစားပြီးမှ...
“ တောင်ပြုံး မှာ ဝတ်လဲသော် စက်ပါ့မယ် ဆိုလာ ”
မပွဲကြည် က လက် ကာ ပြတယ်။
ခေါင်းညိတ် ပြတယ်။
ပြီးမှ ...
“ အဲဒါ လုပ်လိုက် ၊ ဟောဒီ အစွဲရှင် ရဲ့ နေအိမ်နန်း မှာ ဆက်စမ်း ၊ ပြီးတော့ သောက်ပွဲ ကျင်းစမ်း ၊ နင် တို့ အရောင်းအဝယ် ကို သုံးလ သုံးရက် အတွင်း အောင်မြင် ရင် သုံးရက် ကနား ပေးရမယ် ၊ ကတိပေး မလွယ် နဲ့ နော် ၊ စဉ်းစားပြီး မှ ဖြေ ၊ ပွဲဦးမင်းကြီး ကွ ၊ ပခန်းကျော် ကြားဖူးတယ် မဟုတ်လား ၊ နင် တို့ နဲ့ ငါ နဲ့ လောင်းမယ် ၊ နင် တို့ က သိန်းဂဏန်း ဆယ်ချီ ရချင်တာ ဆိုတော့ ကန်စွန်းရွက် နဲ့ လဲရင်
ဆန်ကွဲ ပဲ ရ မှာ ရွှေ နဲ့ သွား မှ ပတ္တမြား ပိုင်တော့ မှာပေါ့ ၊ ကိုင်း ... ရေစင်ဖိုး သုံးထောင့် ခုနစ်ရာ နဲ့ တစ်မတ် စီ ဆက်စမ်း ”
ကိုပီတိ မျက်လုံးတွေ ပြာ သွားပြီး ရင် တွေ တလှပ်လှပ် ခုန် လာတယ် ။
ရက်စက်လှချည်လား ၊
နွှာလှချည်လား ။
သူ့ စိုးရိမ်စိတ် အမှိုက်သရိုက်တွေ ဟာ မိန်းမကြီး နှစ်ယောက် အပြိုင် ထုတ် ပေးလိုက်တဲ့ ငွေစက္ကူ အထပ်လိုက် တွေ အောက် မှာ ပြားပြားဝပ် သွားပြီး ဝတ်လဲတော်ဖိုး ၊ ရေစင်ဖိုး ၊ သောက်ပွဲ ၊ ကန်တော့ ပွဲဖိုး မပွဲကြည် ရှေ့မှာ အထပ်လိုက် အထပ်လိုက် ၊ ငွေစက္ကူတွေ ။
“ သုံးလ ၊ သုံးရက် နော် မှတ်သွား ၊ ပါဠိ ရတဲ့ တရား ၊ ဇာတိ ပြတဲ့ စကား ကွ ၊ များများ ပေးဖို့ နည်းနည်း ပြောမယ် ၊ နင်တို့ ရိုးရာ ကို ကန်တော့ပူဇော်ပါ ၊ မေတ္တာ ပို့ပါ ၊ လိုချင်လို့ ပေး ရဲတဲ့ နင် တို့ သတ္တိ တော့ ယုံပြီ ၊ ငါ့ ဘက် ကလဲ စောင့် သာကြည့် ကြပေတော့ ၊ ဝါး ... ဟား ... ဟား ”
တုန်တုန်ယင်ယင် နဲ့ ကိုကြီးကျော် ထွက် သွားပြီး မပွဲကြည် မျက်နှာ ကို လက်ကိုင်ပဝါ နဲ့ ပွတ်ရင်း အံဩသွားတဲ့ မျက်နှာ နဲ့ ..
“ ဟယ် .. ပိုက်ဆံတွေ အများကြီး ဘာ လုပ်ကြတာလဲ ”
“ ဦးမီးကျော် စက်ပေးပါ ၊ ဝတ်လဲတော် စက်ပေးပါ ၊ ဒါက မမပွဲ အတွက် သတ်သတ် ကန်တော့တာပါ ”
ဟား ... ထပ် ပေးပြန်ပြီ ဟေ့ ၊ အမေပွဲ တို့ ရွှေ ၊ ငွေ ဝဲဂယက် ထဲ ကျ နေပါပေါ့လား။
ရက်ရောလိုက်ကြာတာ။
ပိုက်ဆံတွေများ ကောက်ရ နေ သလိုပါပဲ။
ခဏ အလာပသလ္လာပ စကား ပြောပြီး စန်းရီ နဲ့ မိန်းမကြီး နှစ်ယောက် ပြန် သွားတယ်။
မပွဲကြည် ငွေစက္ကူ အထပ်လိုက် တွေ ကို သိမ်းရင်း ...
“ တောက် ... တောင်း လိုက်တာ နည်းတောင် သွားပြီ ”
“ ဟ ... ငါ့ စိတ် ထဲ မှာ များလွန်း လို့ အားတောင် နာ နေတာ ”
“ အို ... ဘာ အားနာ ရမလဲ ၊ သူတို့ ပေါချောင်ကောင်း ဈေး နဲ့ မြေကွက်တွေ ကို နှိမ်ဝယ် ၊ ဆယ့်လေးငါးဆ တင် ရောင်း ၊ ဒီလို လုပ်စား နေကြတာ ၊ အခုလဲ ဟိုဘက် လမ်း ထဲက ကိုဘဌေး တို့ မြေ ကို ငါးသိန်း စီ နဲ့ ဝယ်ပြီး ပြန်ရောင်း နေတာတော့ ၊ ကိုဘဌေး တို့ ကတော့ မြို့သစ် ရွှေ့ သွားပြီလေ ၊ ဒါကြောင့် အကွက် ဆိုက်တုန်း ဖိ တွယ် လိုက်ရတာ ”
“ ဟင် ...”
“ မဟင် နဲ့ ကိုပီတိ ၊ စီးပွားရေး ချင်းတော့ ဘယ်လို မှ ပြိုင်လို့ ရမှာ မဟုတ်တော့ဘူး ၊ ဒီတော့ ကိုယ့် နည်း နဲ့ ကိုယ် ပြန်ပြီး ဖဲ့ရ လု ယူ ရတော့ တာပဲ ၊ ထောင်မြင် ၊ ရာစွန့် လောဘသမားတွေ မြင်တယ် မဟုတ်လား ၊ ဈေးတောင် မဆစ်ဘူး ၊ တောင်း သလောက် ပက်ခနဲ ၊ ပက်ခနဲ ပဲ ”
“ ဟ ... အဲဒါ ပခန်းဦးမင်းကျော် က တောင်းတာ မဟုတ်ဘူးလား ၊ ငါ ကတော့ အဟုတ် မှတ် ...”
စကားတွေ တစ်ဝက် တစ်ပျက် နဲ့ ရပ် သွားတယ် ။
မပွဲကြည် မျက်စောင်း ထိုး လိုက်လို့ပါ ။
သူ့ စကား နဲ့ သူ့ လုပ်ရပ် တွေ ကြောင့် မပွဲကြည် ရဲ့ မျက်စောင်း ဟာ ကိုပီတိ ရင် ထဲ မှာ ပီတိသစ်ကလေး တစ်ခု ဂယက် ထ ချမ်းမြေ့သွား စေတာတော့ အမှန်ပါပဲ ။
◾ချစ်စရာ
📖 ကိုပီတိ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment