❝ ဖောက်ထွက် ❞
“ မောင်ရေ ... မှိုတွေ ထွက်နေပြီ ”
ဝါဆိုလ ၏ တစ်ခုသော နံနက်ခင်း တွင် ကျွန်တော့် မိန်းမ သည် ရွှင်လန်း ဝမ်းမြောက်စွာ သတင်း လာ ပို့ လေ၏ ။
“ မှိုတွေ ပေါက်နေပြီ လို့ ပြောစမ်းပါကွာ ၊ မင်းဟာ ... ”
“ ဟင် ... မောင် က လည်း မှို က ပေါက်လာတာ မှ မဟုတ်တာ ၊ မြေကြီး ထဲ ကထွက် လာတာကြီး ကို ၊ မယုံ လာကြည့် ”
“ ဟောဗျာ ... ဝေါဟာရ ထွင် တဲ့ ပညာရှိမ နဲ့ တွေ့နေပြီ ၊ မှန်းစမ်း ဘယ်မှာလဲ ”
သူ ခေါ်ရာ လိုက်ခဲ့ ၊ ကျွန်တော် တို့ အိမ် နောက် က ခြတောင်ပို့ မှာ ၊ နှစ်စဉ်ဝါဆိုလ တိုင်း ပေါက် နေကျ တောင်ပို့မှိုကျင်းကြီး ခင်ဗျာ ။ တွေ့ပါပြီ ၊ မှိုတွေ ဖွေးလို့ ။ သူ ပြောတဲ့အတိုင်းပဲ ဗျာ ၊ မှိုတွေ မြေကြီးထဲ က တိုးထွက် လာ တာ ။ မြင်ဖူးကြမှာပေါ့ ။ မှို ပေါက်တာ ။ မှို ဆိုတာ ဒုံးပျံထိပ်ဖူး လို အဖျား က ခပ် ချွန်ချွန် ၊ မြေကြီး ထဲ က အတင်း တိုးထွက် ၊ အပြင် ရောက် မှ အပွင့် က ကား လာ ၊ ဟော ... ထီးကြီး ဖွင့် လိုက်သလို ပဲ ဗျာ ။ ကျွန်တော် တို့ မှိုကျင်း က မှိုတွေ တစ်ခါ ပေါက် ၁၀၀ - ၁၅ဝ ဗျာ ။ ကျွန်တော့် မိန်းမ မှို ရတဲ့ မျက်နှာ နဲ့ ဟို အိမ် ပို့ သည် အိမ် ပို့ ဝေငှ ချက်စား ၊ အဲသည် နေ့များ ဆို သူ့ မျက်နှာ ချိုလို့ ရွှင်လို့ ဗျာ ။
မြေကြီး ထဲ က မှိုတွေ တိုးထွက်လာတာ နဲ့ ဥ ထဲ က ကြက်လေး ဖောက် ထွက်လာတာ သဘာဝချင်း တူတယ် ဗျာ့ ၊ ကြက်ကလေးတွေ ပေါက် တာကို ကျွန်တော် အကြိမ် များစွာမြင် ဖူးတယ် ။ ဥ ထဲ က ဝါဝါအနှစ်ကလေး က ကြက်ကလေး ဖြစ်လာ ၊ အတောင်ပံလေး တွေ နဲ့ အမွေးလေး တွေ ပေါက် လာ ၊ ဟော ... သူ့ ရက် စေ့ တော့ ကြက်ကလေး က ကြက်ဥ အခွံ ကို သူ့ နှုတ်သီး ချွန်ချွန်ကလေး နဲ့ ထိုးဖောက်တော့ တာပဲ ဗျို့ ၊ ပထမ အရာကလေး ဖြစ် ၊နောက် အက် လာ ၊ မကြာဘူးဗျို့ ကြက်ဥအခွံ က ထက်ပိုင်း ကွဲ ပြီး ကြက်ကလေး အပြင် ရောက် လာတော့တာပဲ ဗျာ ၊ အပြင် ရောက်စ ကြက်ကလေးများ အပ်ဂလီးချက်ကင် ( ugly chicken ) အရမ်း အရုပ်ဆိုးတာ ဗျာ ၊ ပေစုတ် နေတာပဲ ။ ပြင်ပ လေ နဲ့ တွေ့ ထိ ၊ အမွေးနုလေး တွေ ဖွာ လာ ၊ နာရီပိုင်း အတွင်း လှလှကလေး ဖြစ်လာတော့တာ ပဲ ။ ကြက်ကလေး ယူ နမ်း ကြည့် ၊ ညှပ်ညှပ် နဲ့ တကယ့် ချစ်စရာလေးဗျာ ။
“ ဒီ မှို နဲ့ ကြက် ဟာ လူဘဝ တော်တော် အတု ယူ ဖို့ ကောင်းတယ်ကွ ”
“ လာပြီ ဖျက်မြင်း ၊ ကဲ ... ဉာဏ်ကြီးရှင် ဦးနားဝေး လုပ်စမ်းပါဦး ၊ ဘယ်လို အတု ယူ ဖို့ကောင်းတာလဲ ဗျာ ”
ကပ်တီးမူးလဲ ဦးနားဝေ သည် ရေနွေးကြမ်း ဖန်ဖန်ကလေး ကို အားရပါးရ ကျိုတ် ချ လိုက်ပြီးနောက် ( ဦးနားဝေး က အလကား ရ အကုန် တွယ်တဲ့ လူစား ဗျာ့ ၊ ဒါပေမယ့် ဦးနှောက် က တော့ မဆိုးဘူး )
“ ငါ အဲဒါ စဉ်းစားမိ နေတာ ကြာပြီကွ ”
“ စဉ်းစားရုံပဲလား ဗျာ ။ အကောင်အထည် မဖော်ဘူးလား ”
“ မင်း လည်း ငါ့ အကြောင်း သိသားနဲ့ ”
“ မှန်တယ် ၊ သူ ဘယ်တော့မှ လက်ကြော မတင်းဘူး ၊ ခြေကြော လည်း မတင်းဘူး ၊ပျင်းဖို့ ပဲ တတ်တယ် ”
“ ပျင်းတာ မဟုတ်ပါဘူးကွာ ၊ မလုပ်ဖြစ်တာပါ ”
ကျွန်တော်တို့ နှစ်ယောက် လေကြော ရှည် ကြလေ၏ ။ တယ်လီဖုန်း ထဲ မှာ ဆိုရင်တော့ မီတာ တော်တော် တက် မှာ ၊ ကွန်ပျုတာ ကို လှည့်စား လို့ မရဘူး ။
“ လူတွေ ဟာ မွေးလာကြတုန်း က အတူတူ ပဲ ကွ ၊ ဘယ်သူမှ အပို ပါ မလာဘူး ”
“ အပို ပါ မလာလို့ တော်သေးတာပေါ့ ဗျာ ၊ အပိုပါ လာရင် ဒုက္ခ များ ကုန်တော့မှာပေါ့ ၊ ဥပမာ ဗျာ ပါးစပ် တစ်ပေါက် အပို ပါလာပြီ ဆိုပါတော့ အရမ်းစား အရမ်းစား ... ”
“ ဟေ့ကောင် ... မင်း ပါးစပ် ပိတ်ထားစမ်း ”
ဦးနားဝေး က ငေါက်၍ ကျွန်တော့် ပါးစပ် ကို ဘရိတ်အုပ် လိုက်လေ၏ ။ ဒက်စတော့ ။
“ ဒီမှာ စကား အကောင်း ပြော နေတယ် ။ နားထောင် ”
“ ဟုတ်ကဲ့ ”
ကျွန်တော် မျက်နှာပိုးသတ်လိုက် ရ၏ ။ ဆရာ့ ရှေ့ရောက် ကျောင်းသားကလေး ကဲ့သို့ ။
“ အမေ မွေး တုန်း က ခြေ နှစ်ချောင်း ၊ လက် နှစ်ဖက် ၊ ဦးခေါင်း တစ်လုံး ကွ ၊ ဒါပေမယ့်တချို့ လူတွေ က ကြီးလာတော့ လူလား မြောက်လာတော့ လက်တွေ ခြေတွေ ပွား လာတယ် ”
“ ဟာဗျာ ... မဟုတ်က ဟုတ်က ”
“ ဥပမာ တင်စားတာကွ ၊ တကယ်တော့ ဘယ် ပွားထွက်လာမလဲ ဟာ ”
“ အင်း ... ဆိုပါဦး ”
“ ဒီလိုကွာ ... ခပ်ထူထူ လူတွေ ထဲ က ခပ်ချွန်ချွန် လူတွေ က အတင်း ကုန်းရုန်း ဖောက်ထွက် ၊ ဉာဏ် ရှိသလို လှော်ခတ်ကြတော့ ၊ လုပ်ငန်းတွေ က တစ်ခု နှစ်ခု ဖြစ် ၊တစ်နေရာ က နှစ်နေရာ ဖြစ် ၊ တချို့များ ကွာ မိမိ ဇာတိ မြို့ရွာ မှာ လည်း လုပ်ငန်းတွေ နဲ့ ပြည့် ၊ရန်ကုန် ၊ မန္တလေး ၊ မော်လမြိုင် လို မြို့ကြီးတွေ မှာ လည်း လုပ်ငန်းခွဲ တွေ ထောင် ”
“ သဘောပေါက်ပြီ ဦးနားဝေး ”
သည်တစ်ခါ တော့ ဦးနားဝေး စကား မှန်သဗျာ ၊ ဟုတ်တာပေါ့ဗျာ ၊ သည် ဟိုတယ် လုပ်ငန်း ကို ပဲ ၊ သည် စားသောက်ဆိုင် လုပ်ငန်း ကို ပဲ ၊ သည် မော်တော်ကား လုပ်ငန်း ကို ပဲ ကိုယ့်ပြည် ကိုယ်ရွာ မှာ သာ မက အမေရိကန် မှာ ၊ ဂျပန် မှာ ၊ တောင်ကိုရီးယား မှာ ၊ စင်္ကာပူ မှာ စသည် အားဖြင့် လုပ်ငန်းခွဲ ထူထောင်ကြတာဗျာ့ ၊ သူတို့ အတိုင်းအတာ နဲ့ သူတို့ပေါ့ နော် ။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ သူ လို ငါ လို မနေဘဲ အတင်း ဖောက်ထွက်ကြလို့ ပေါ့ဗျာ ။
“ ဟား ... ဟား ... ဒါကြောင့် အချို့များ လက်တွေ ခြေထောက်တွေ ပွား လာတယ် လို့ ပြောတာ ကွ ”
“ တော်ပါတော့ ဦးနာဝေး ရယ် ”
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment