Saturday, July 29, 2023

အောင်သင်း ၏ အမှာစာ


 ❝ အောင်သင်း ၏ အမှာစာ ❞


သဘင်မဂ္ဂဇင်း တွင် ၁၉၈၃ အောက်တိုဘာလ မှ စတင်၍ ၁၉၈၄ အောက်တိုဘာလ ထိ နှစ်ဆယ့်ငါးလ ( နှစ်နှစ်ကျော် ) တစ်လ မပျက် “ အကြိုက်ဆုံး ဝတ္ထုတို ” ကဏ္ဍ ကို ရေးခဲ့ပါသည် ။ ကျွန်တော် ၏ ကြိုးပမ်းမှု ကို အထူး မပြောလိုပါ ။ ဤ စာအုပ် ကို သေချာ ဖတ်ကြည့် လျှင် တွေ့ကြရပါ လိမ့်မည် ။


၁၉၈၄ ဒီဇင်ဘာလ သဘင် မဂ္ဂဇင်း တွင် နှစ်ချုပ် အစီရင်ခံစာ ကို ကျွန်တော် ရေးလိုက်ခဲ့ပါ သေးသည် ။ ထို အစီရင်ခံစာ ကို လည်း ထည့်သွင်း ဖော်ပြ လိုက်ပါသည် ။ ယခု ကျွန်တော် ပြန်ပြီး ဖတ်ကြည့် လိုက်သော အခါ အတန်အသင့် ထောင့် စုံပေသား ဟု စာဖတ်ပရိသတ် အပေါ် အလေးထား ခဲ့သည့် မိမိ ၏ အာရုံ ကို ကျေနပ်ခြင်း ဖြစ်မိပါသည် ။


ယခု ထုတ်ဝေမည့် ဝတ္ထုတိုပေါင်း ၂၄ ပုဒ် ကို တစ်ဝက် စီ ခွဲ၍ နှစ်အုပ် ထုတ်မည် ဖြစ်ရာ တစ်တွဲ လျှင် ၁၂ ပုဒ် ၊ ကျွန်တော် ၏ သုံးသပ်ချက် ပါ လျှင် ၂၄ ပုဒ် ပါမည် ဖြစ်ပါသည် ။


ဝတ္ထု တစ်ပုဒ် လျှင် သရုပ်ဖော် ပန်းချီ တစ်ပုံစီ နှင့် ဖော်ပြ လိုက်လျှင် ကောင်းမည် ထင်သော ကြောင့် ကြိုးစား ကြည့် လိုက်ပါသေးသည် ။ သို့သော် မလွယ်လှ သောကြောင့် လက်လျှော့ လိုက်ရပါသည် ။ တစ်ဖန် စာရေးဆရာ တို့ ၏ ဓာတ်ပုံ ၊ အတ္ထုပ္ပတ္တိတိုများ ကို ထည့် နိုင်ရန် ကြိုးပမ်း ပါ သေးသည် ။ ယခု ဤစာ ကို ရေးနေသည့် အချိန် ထိ အောင် အတ္ထုပ္ပတ္တိ ကို လူစေ့ မရရှိသေး ပါ ။ ထို့ကြောင့် ဒုတိယတွဲ ထုတ်ဝေသော အခါတွင် မှ ( ပြည့်စုံလျှင် ) ထည့်သွင်း ဖော်ပြ လိုက်ရပါတော့မည် ။


ဤ စာအုပ် ကို ဤသို့ ထုတ်ဝေ နိုင်အောင် ကူညီခဲ့သော အမျိုးသား စာကြည့်တိုက် ဝန်ထမ်းများ အား လည်းကောင်း ၊ ပထမဦးစွာ ကြိုးပမ်း စုဆောင်း ခဲ့သည့် တပည့် မောင်ကျော်သန်း ( ရေတမာစာပေ ) အား လည်းကောင်း ၊ နေပူ မိုးရွာ မရှောင် ပြေးလိုက် လွှားလိုက် အပင်ပန်း ခံ ရှာ ပေးသော ( မျိုးမြန်မာ စာပေတိုက် ) က တပည့်မလေး “ အင်ကြင်းခိုင် ” အား လည်းကောင်း ကျေးဇူး စကား ဆို လိုက်ရပါသည် ။


◾အောင်သင်း 

     ၃ - ၉ - ၉ရ

     

📖 အကြိုက်ဆုံး ဝတ္ထုတိုများ နှင့် သုံးသပ်ချက်များ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment