❝ ဖွားဖွား ထ မှ များများ ရ မတဲဲ့ ဗျာ ❞
“ ဟဲ့ ကောင်မလေး တိုးတိုး ပြော ၊ နင် ဟာ ငါ့ တူမလေး အရင်း ခေါက်ခေါက်ကြီး မို့
ပြောတာ ၊ သူများ ဆို ပြောပြပါလိမ့်မယ် စောင့်နေ အားကြီးပဲ ”
ကျွန်တော် ဦးနားဝေး အိမ် ထဲ သို့ ဝင် သွားသောအခါ သူတို့ စကား ပြတ်သွားကြ လေ၏ ။
“ ဟော ... ဦးလေးချမ်းသာ လာပြီ ၊ သူ့ ကို မေး ရဦးမယ် ၊ ဒီမှာ ဦးလေးနားဝေး က
ပြော နေတယ် ၊ ငွေ သုံးသိန်း ရင်းရင် တစ်နှစ် မှာ ၁၅ သိန်း လောက် မြတ်နိုင်သတဲ့ ဟုတ်ပါ့မလား ဦးလေးချမ်းသာ ”
“ မြတ်နိုင်တာပေါ့ ဟ ၊ လုပ်တဲ့ အလုပ် နဲ့ လုပ်တဲ့ လူ ပေါ် မှာ မူတည်တာပဲ ၊ နင့် ကို ဦးနားဝေး က ဘယ်လိုတွေ ပြောပြနေလို့တုံး ”
ကျွန်တော် သူတို့ စကားဝိုင်း ထဲ ဝင် လိုက်သော အခါ ရေးစုံကွက်စုံ သိရလေ၏ ။ ခင်ရွှေရီ ဆိုတာ က ဦးနားဝေး ရဲ့ တူမ ။ ဦးနားဝေး နှမ က မွေးတာ ။ သည် ကောင်မလေး အိမ်ထောင် ကျသွား ၊ ပြည်မြို့ ကို ပါသွား ။ အရက်ဆိုင်ကလေး ဖွင့်ထား ၊ သူ့ ယောက်ျား ပိန်ညှောင်ကောင် က သည်ဘက် မှာ အစ ကတည်း က အားသန် ၊ အရက်ဆိုင် ဆိုတော့
“ လိပ်ဆေး ” ပေါ့ ။ ရောင်းလိုက် သောက်လိုက် ၊ ပထမ တော့ ညနေပိုင်း လောက် ၊ နောက်တော့ နေ့ခင်း ရော ညနေ ပါ ၊ နောက်တော့ တစ်နေကုန် ၊ နောက်ဆုံး အရက် နှင့် မျက်နှာ သစ် လေ၏ ။ ပုလင်း ထဲ ဦးစိုက် ကျသွား ၊ ပုလင်း ထဲ က ပြန်မထွက်နိုင် ၊ အသက် သာ ထွက်သွားလေ၏ ။ ခေတ် အရက် ကောင်းချက် က တော့ ။
ခင်ရွှေရီ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဖြစ် ၊ ကလေး နှစ်ယောက် ကျန်ခဲ့ ။ ယောက်ျား ပုလင်း ထဲ နစ် ၊ အဖြစ် မလှ ၊ သေတော့မယ် ဆိုတာ အကဲခတ် မိတော့ ရွှေကလေး ဝယ်စု ၊ အမေ့ အပ်ထား ၊ အခု ယောက်ျား သေသွားတော့ ရွှေတိုရွှေစကလေးတွေ ဈေးကောင်း ရ ၊ သုံးသိန်း ဆိုလား လက် ထဲ ရ ၊ ပြည် မှာ အရက်ဆိုင် ဆက်ဖွင့် ဖို့ ဆိုတာက မိန်းမသား တစ်ယောက် တည်း မို့ မတင့်တယ် ။ ဒါနဲ့ အောင်လံ ပြန်ရောက် ၊ အခု သူ့ ဦးလေး ဦးနားဝေး နှင့် တိုင်ပင် နေခြင်းပါပဲ ။ ဘာလုပ် စားရင် ကောင်းမလဲပေါ့ ။
“ ငါ က တွက်ပြတယ်ကွ ”
ဦးနားဝေး က စကား ဆက် လေ၏ ။
“ ဘယ်လိုများလဲဗျာ ”
“ သူ့ ငွေ သုံးသိန်း ဆိုပါတော့ကွာ ၊ ငါ က တတ်လို့ တော့ မဟုတ်ဘူး ၊ ငါ့ အိမ်ဘေး က
မောင်ပန်းမောင် လုပ် နေတာကို ကြည့်ပြီး ပြောတာ ”
“ ပန်းမောင် ကွာ ၊ အစက ဘာရှိ မှတ်လို့ ၊ လက်ထဲ ၁ဝဝဝဝ တောင် ပြည့် အောင် မရှိဘူး ၊ အဲဒီ ငွေရင်း ကချောက်ကချက်ကလေး နဲ့ ဝက်ပုတ် နဲ့ အောင်လံ
ခြေကလန် ထိုး နေတာ ”
( ဝက်ပုတ် ဆိုတာ ပြည် - ရန်ကုန် ကားလမ်းမ ပေါ်ရှိ ကုန်စိမ်း အလွန် ထွက် သော ရွာကလေး ၊ ခြေကလန် ထိုးတယ် ဆိုတာ က မပြတ်မလပ် ကူကယ် ခေါက်ကယ် ကုန်ကူး ရောင်းဝယ် နေသည် ကို ဆိုလိုသည် ။ ကျွန်တော်တို့ တောစကား ။ )
“ အဲဒီ အကောင်ကွာ ၊ အခု အိမ်အိုကလေး ကို ဖျက်ပြီး တိုက် ဆောက် နေပြီ ၊
မင်း အမြင် ၊ သူ လုပ်တာ ကိုလည်း ကြည့်ဦး ၊ ငွေရင်း ၁ဝဝဝဝ လောက် က ဖွ ပေးနေတာကွ ”
“ ဘယ်လို ဖွတာလဲဗျာ ”
“ မင်း ကလည်း ကွာ ( ညံ့ရန် ကော ဆိုသော မျက်နှာ နဲ့ ကျွန်တော့် ကို ကြည့် )
ဖွတယ် ဆိုတာ ပွားအောင် လုပ် တာ ကို ပြောတာ ကွ ၊ ရေ ထဲ ဆပ်ပြာ မှုန့် ထည့်
မွှေသလို ဟာမျိုး ဟာ ၊ မွှေတယ် မွှေတယ် ၊ ပွထ လာတယ် ၊ ပွထ လာတယ် ၊ ဖွားဖွား ဖွားဖွား နဲ့ ။ သူ လုပ်တာက ဒီ သဘောကွ ၊ မူလ အရင်း က ၁ဝဝဝဝ ပဲ ထားကွာ ၊ ဒါပေမယ့် ဒီကောင် တကယ် လည်ပတ် နေတာ က လေးငါးသောင်း ဖိုး ကွ ၊ ဟို က ခေါက်ပြန် ပေး အကြွေး ယူတယ် ၊ ( ၁ဝဝဝဝ ရှိ လျှင် ၃ဝဝဝဝ ဖိုး အကြွေး ယူလို့ ရပါ၏ ။ ) ဒီ အောင်လံ မှာ လက်ငင်း လည်း
ရောင်းတယ် ၊ အကြွေး လည်း ပေးတယ် ၊ တစ်လ တစ်လ ကို ၁ဝ ခေါက် ထက် မနည်းဘူး ၊
ဒီကောင် သွား နေတာ ၊ တစ်ခေါက် လေးငါးသောင်းဖိုး ပါတာကွာ ၊ ၁ဝ ခေါက် ဆိုတော့ လေးငါးသိန်း အရင်း ဖြစ် မသွားဘူးလား ၊ တစ်လ တစ်လ ”
“ အင်း ... ဒီလို ဆိုတော့ ”
“ ဒီလိုဆိုတော့ မင်း တွက်ကြည့်လေ ၊ တစ်နှစ် မှာလည်ပတ်ငွေ သိန်း လေးငါးဆယ်
ဖြစ် မသွား ဘူးလား ”
“ တွက်ရေးကို ဗျာ ”
“ ဟေ့ကောင် ... မင်း ကန့်လန့် မတိုက် နဲ့ ”
ကန့်လန့် တိုက်တယ် ဆိုတာ လှေသမားများ မြစ် ကို ကူးတဲ့ အခါ ရွက် ကို တိုက်ရ ဟိုဘက် သည်ဘက် တည့်တည့်ကြီး မဖြတ်ရဘူး ဟု ဆိုလိုပုံရပါ၏ ။
“ ကဲဗျာ ... ခေါင်း ပဲ တိုက် ပါ့မယ် ”
“ မင်း ကွာ ... တော်တော့ မလိုလို နဲ့ ၊ အဲဒီ တစ်နှစ် လည်ပတ် ငွေ ပေါ် မှာ အမြတ်
ပါးပါးကလေး ပဲ ယူဦး ၊ ၁ဝ ရာခိုင်နှုန်း လောက်ပဲ ယူဦး ၊ ဟေ့ကောင် ... တစ်နှစ် ဘယ်လောက် အမြတ် ရမလဲ မင်း တွက်ကြည့် ”
အမှန်ကတော့ ကုန်စိမ်း ဆိုတာ ပါးပါးလေး မြတ်တာ မဟုတ်ပါဘူး ခင်ဗျာ ။
တစ်ကျပ် ဖိုး ရင်း ရင် ငါးမူးဖိုး လောက် မြတ် ၊ အတုံးလိုက် အတစ်လိုက် မြတ်တဲ့ အမျိုး ဗျာ ။
အဲ ... လမ်း မှာ တံတား ကျိုး လို့ ၊ တောင် ပြိုလို့ ကား ကို ရပ်ထား နေရရင် တော့ ပုပ်သိုး သွားနိုင်တာပေါ့လေ ။ ဆယ်ကွေ့ တစ်ကွေ့ ဖြစ်တတ် တာမျိုးပါ ။
ကျွန်တော် စိတ်တွက် တွက် ကြည့်၏ ။ အမယ် ငွေ အရင်းကလေး ၁ဝဝဝဝ အရင်း ခံ ၊ လူ အပင်ပန်း ခံ ရုံ နဲ့ တစ်နှစ် မှာ လေးငါးသိန်း မြတ် နိုင်တာ ကလားဗျာ ။
“ အဲဒါ အရင်းရှင် ကွ ”
“ ဗျာ ဘယ်လို ”
“ အရင်း သေမနေဘဲ အမြဲရှင် နေ လို့ အရင်းရှင် လို့ ပြောတာကွ ၊ ရှင်းရှင်းလေး ရယ်ပါ ၊
မင်း မြန်မာ စကား မတတ်ဘူးလား ”
ဦးနားဝေး ကျွန်တော့် ကို ဆော်ပြီဗျို့ ။
“ ဒါဖြင့် အရင်းသေ ဆိုတာ ရှိဦးမှာပေါ့ ”
“ ဟာ ရှိပါပြီလား မောင် ရာ ၊ အရင်းသေ နေတာ အရင်းသေ ပေါ့ကွာ ”
ဆရာ မောင်စူးစမ်း ကယ်တော် မူပါ ။ ဦးနားဝေး ကို လိုက် မမီတောဘူး ။
“ အရင်းသေ ဆိုတာ ဘယ်လို ဟာမျိုး ”
“ ဘယ်လို ဟာရမလဲကွာ ၊ အိမ် ဆောက်ပြီး ငှား စား တာမျိုး ၊ အတိုး နဲ့ ငွေချေး တာမျိုး ၊
ကုန် လှောင်တာမျိုး ပေါ့ကွ ၊ တို့ အောင်လံ မှာ ဆို ဥပမာ ပဲကြီး လှောင်တယ် ဆိုပါတော့ကွာ ၊
တပေါင်း လပြည့် က တန်ခူး လပြည့် အတွင်း ပဲကြီး ထည့် ၊ ဆေးအုပ် ၊ လေးငါးခြောက်လ ကြာ
ဝါခေါင် ၊ တော်သလင်း ပြန် ထုတ် ၊ ဈေး တက် ရင် စား ရမယ် ၊ ကျရင် ရှုံးမယ် ၊ အမှတ်အသား ရှိတာတော့ သုံးနှစ် တစ်ကြိမ် အတက် ရှိတယ် ”
“ ခင်ရွှေ မှာ ရှိတဲ့ ငွေ ကို ပဲကြီး ဝယ် ကြည့်စမ်း ၊ လှိုင်တုန်း က တစ်တင်း ၅၀၀၀ ၊
ငွေရင်း သုံးသိန်းခွဲ ဆိုတော့ တင်း ... ရမယ် ၊ ၁၀၀ဝ တက်ရင် ၇၀၀၀ဝ ရမယ် ၊ ၂၀၀ဝ ဆို
၁၄၀၀၀ဝ ပေါ့ကွာ ”
“ အတိုး ပေးမယ်ဆို ၁၀ဝ မှာ ငါးကျပ်တိုး တစ်လ ၁၇၅၀၀ ၊ တစ်နှစ် မှာ
နှစ်သိန်းကျော် ရမယ်ကွာ ”
“ အဲ ... ပဲလှော် လှော်မယ် ၊ မုန့်ပဲသရေစာ လုပ် ရောင်းမယ် ၊ ကုန် ကူးမယ်ဆို မတည် ရင်းနှီးငွေ သုံးသိန်းခွဲ ဟာ တစ်နှစ် လည်ပတ်ငွေ သိန်း ၂၀ဝ လောက် ဖြစ်သွားမယ် ၊ ငါးရာခိုင်နှုန်း မြတ်ရင် သိန်း ၂ဝ ရ မယ်ကွာ ”
ငွေ ကို ဖွပေးရမယ် တဲ့ ။ အရင်းရှင် တဲ့ ။ အရင်းသေ တဲ့ ။ ဦးနားဝေး ထံ မှ ကျွန်တော် အများကြီး ရ လိုက်ပါ၏ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment