❝ ချစ်မိုးကြီး သည်းပါလေ ❞
ကျွန်တော် ကား မြန်မာစာ နှင့် ဘွဲ့ ရ ထား ပေမဲ့ လုံးကြီးပေါက်လှ ဆိုသော စကား ကို အပေါ်ယံ အတွေး နှင့် ရေးရေး သာ သိ၏ ။ တစ်နေ့ မှာ တော့ မိန်းကလေး တစ်ယောက် မိုး မိပြီး တစ်ကိုယ်လုံး ရွှဲနစ် နေတာ မြင် မှ အကုသိုလ် မနောကံ နှင့် သဘော အမှန် ပေါက် တော့သည် ။ ထဘီတိုတို ရေစိုစို ၊ ခြေသလုံးတွေ က ဝါးပိုး မျှစ်စို့တုံးကြီးတွေ လို ဖွေးဥ နုဖပ် ၊ အင်္ကျီ ရေစို က အသားကပ် အဲဒီတော့ မှ အလုံးကြီး တာ က ဒီလို ၊ အပေါက် အဆက် လှတာ က ဟိုလို ကိုး လို့ သိ တော့သည် ။ ရဲရဲ လည်း မကြည့်ဝံ့ ။ ထို မိန်းမ ကား အနေ က ရိုင်းရိုင်း ၊ အပြော က ရှူးဒိုင်းဒိုင်း ၊ တုတ်ထိုး အိုးကွဲ ဗျ ။ ထို မိန်းမကြမ်း ကို မှ ကျွန်တော် က အရမ်း အရမ်း ချစ် မိသည် ။
သူ ၏ ချစ်သွေးရောင်ရွှန်း မျက်ဝန်းများ ကြောင့် သူ ကျွန်တော့် ကို ချစ် မှာ ပဲ လို့ ထင်မိသည် ။ တစ်ရွာတည်း မှာ အတူ ကြီး လာ ၊ ပြောမနာ ဆဲမနာ တွေ ပါ ။
မြင်ပါများ တော့ လှ ၊ ခင်ပါများ တော့ စ ၊ နီးပါများ တော့ ရွ လာ သော ကျွန်တော် သည် တစ်နေ့ မှာ တော့ သိမ်မွေ့ နူးညံ့ခြင်း အလျှင်း ကင်းစွာ ရည်းစားစကား ပြောမိ လိုက်ပါလေရော ။ ကျွန်တော် ကား မိန်းမ တို့ ၏ အထာ ၊ အညှာ ၊ မာယာ ဆိုတာတွေ မသိ ။ ဗဟုသုတ မရှိ ။ အဝေးသင် ဆိုတော့ ပညာ က အဝင် သေး သည် ။ စာမေးပွဲ နီး မှ အနီးကပ် တစ်လ တက် ၊ ဒါ ကျက် ဆို ကျက် ပြီး ဖြေ ။ ဒီလိုနှင့် ရ ထားသည့် ဘွဲ့ရ ပညာ မတတ် ကောင် ။ လူမိုက် က ကျွန်တော် ၊ အဖော် က ဝစီကံ ။ အနား ဘယ်သူ ရှိ မရှိ ဘေးဘီ မကြည့် ၊ ကိုယ့် စကား ဘယ် ရောက်လို့ ဘယ် ပေါက်မှန်း မသိဘဲ စွတ် တင် လိုက်သည် ။
“ နင် နဲ့ ငါ အတူ နေချင် လိုက်တာ ဟယ် ”
ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိသည့် ရည်းစား စကား လဲ နော် ။ မိန်းကလေး တစ်ယောက် ဒီလို အပြော ခံရတာ ဘယ်လို ခံစားရမလဲ ။ ကျွန်တော် အဝိဇ္ဇာ ငတုံး လုံးလုံး မသိ ။ သူ့ ခမျာ မျက်နှာ ကြီး ရဲ ကာ လက်ဝါး ကို မြှောက်ပြီး ပြန် ပြောသည် ။
“ နင် ဘာ စကား ပြော တာ လဲ ၊ ဒီမှာ တွေ့လား လက် ဝါး ၊ အမရာ ဒေဝီ လက်ဝါး မဟုတ်ဘူး ပါးကျွတ်ကျွတ် ကျိုး ၊ သွားတွေ ယိုးဒယား ရောက်သွားမယ် ”
ကိုင်း ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိသည့် မေတ္တာ စကား လဲ နော် ။ ယောက်ျားလေး တစ်ယောက် ဒီလို အပြော ခံရတာ ဘယ်လို ခံစားရ မလဲ ။ ကျွန်တော် အဝိဇ္ဇာ ငတုံး လုံးလုံးကြီး အရှက် ကွဲ ၊ မျက်နှာကြီး ရဲ ၊ အသည်းထဲ သံချွန်ကြီး ရိုက် သွင်း သလို စူးနစ် ၊ ရင်ဘတ် ကို တင်းပုတ်ကြီး နှင့် ထု သလို မူးယစ် သွား ပါတော့သည် ။
အကြီးအကျယ် ကုက္ကုစ္စ နောင်တ ရ သွားသော ကျွန်တော် သည် ထိုနေ့ မှ စ၍ ယောက်ျား တို့ ၏ မာန ကို လုံးဝ လုံးဝ ခဝါ မချတော့ဘဲ ဘယ် မိန်းမ ကို မှ မချစ် ၊ ဣတ္ထိယ အားလုံး ကို ဘလက်လစ် ( စ ) လုပ် လိုက်၏ ။
ကျန်တာ ခွင့်လွှတ်ပြီး မိန်းမ ကိစ္စ လုံးဝ လက် မခံ သော ကရင် ၊ ဗမာ ရောနှော နေထိုင် ကြသော ကျွန်တော် တို့ နယ် မှာ မိန်းမတွေ ကို ဘလက်လစ် ( စ ) လုပ်ထားသော ကျွန်တော့် ကို အားလုံး က လေးစား ဝှိုက်လစ် ( စ ) ပေးပြီး သူကြီး တင် ကြလေ၏ ။ ဒီမှာ ဥက္ကဋ္ဌ ၊ အုပ်ချုပ်ရေးမှူး တို့ မခေါ် ။ နံပါတ် ဝမ်း ဆို သူကြီး ပဲ ခေါ်ကြ တယ် ။ ကျွန်တော် လည်း သူကြီး ဖြစ် ရော တစ်နယ်လုံး ဒုက္ခ ရောက် တော့သည် ။
••••• ••••• •••••
ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း သြဘာ နိမိတ်ထွန်း တဲ့ ပြည်မြန်မာ မှာ ရေ ကြီးပြီး ဒုက္ခ ရောက် တာ မဆန်းပါဘူး ။ ရေ ငတ် ပြီး မတ်တတ် က လဲ မတတ် အားပြတ် ကုန်တာတော့
သတင်းစာ မှာ အကျယ်တဝင့် မပါ တော့ လူ သိ နည်းသည် ။ အဲဒါက ၂ဝ၁ဝ ပြည့်နှစ် မတ်လ နှင့် မေလ ကြား ၊ အဆိုးရွားဆုံး ကတော့ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ၊ ထိပ်ဆုံး က တော့ သူကြီးလေး ကျွန်တော် အုပ်ချုပ် သည့် ရွာ ။
မြက်တွေ ဆို ခြောက် သွေ့ ၊ အမှုန့် ဖြစ် လေ ထဲ လွင့်ကုန်၏ ။ မြေကြီး ပပ်ကြားကွဲ ကို ငုံ့ ကြည့်လျှင် ငရဲသား ခေါင်း လှမ်း တွေ့ ရ မတတ် ဗျာ ။ ဒီမှာ က ရေတွင်း ၊ အဝီစိ တွင်း တူး ၍ ရေချို မရနိုင် ။ ရေကန် တွေ ခန်းခြောက် ကုန် ပြီ ။ တချို့ ရွာ တွေ ရေလက် ကျန်လေး ခိုး ခပ် မှာ စိုးလို့ ရေ ကန် ကို ကင်းချ ထား ရသည် ။ နာရေး တောင် ရေ ခွဲတမ်း နှစ်ပီပါ ပဲ ရ၏ ။ ရေ ဝ အောင် မသောက်ရ တော့ပါ ။ ရွာ ရေကန် ရေခန်း သွားပြီ ။
ရွာသားတွေ ရေ ရရှိရေး သူကြီးလေး ကျွန်တော့် တာဝန် ။ ခက်တာ က ထွန်စက် နှင့် ထွေလာ ။ ဒီနား လေးငါးရွာ မှာ ထွန်စက် ရှိတာ က တစ်စီး ၊ ပိုင်ရှင် က သီးနှံ ရုံ သူဌေးမ ။ မိုး မကျခင် ဝေါမြို့ မှ သူဌေးသား နှင့် ကြောင်းလမ်း တော့မည့် ထို ရွှေခင် ငွေခင်မ ကို ကျွန်တော် က အောက်ကျ မခံနိုင်။ ဒီတော့ လူကြီး ထဲ ပါသည့် ဖထီး စောနော်တန် ကို ခေါ်ပြီး သူကြီး အာဏာ သုံး ရသည် ။
“ ဖထီး ရော့ ငွေ သုံး သိန်း ၊ ဒါ ကျွန်တော့် ကိုယ်ပိုင် ငွေ ၊ ဒီ ငွေ ကို ဖထီးတူမ ကို စရန် ပေးပြီး ထွန်စက် ငှားခဲ့ ။ မိုး မကျ မချင်း ရေ သယ်မယ် ပြော ၊ ငွေ အတင်အကျ နောက် မှ ရှင်းမယ် ။ ထွန်စက် နဲ့ ထွေလာ နက်ဖြန်မနက် လေးနာရီ စက် မောင်းပါ ကျွန်တော့် အိမ် အရောက် ပို့ လို့ ပြော ”
••••• ••••• •••••
ဝေါ ၊ ပဲခူး ၊ ဒိုက်ဦး သုံး မြို့နယ် ဆုံ ရာ မှာ ရှိသည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော ကို ပတ်ထားသည့် ပကိုင်တာ လမ်းကြီး အတိုင်း ကျွန်တော် တို့ ထွန်စက် ချီတက် ခဲ့သည် ။ ဦးတည်ရာ ကတော့ ဒိုက်ဦး ကော်မှုန့် စက်ရုံ ။ ဘာ မိတ်ဆက် စကား မျှ မပြောခင် ကျွန်တော် စက်ရုံမှူး ကို ပြားပြားဝပ် ကန်တော့ လိုက်၏ ။ ပြီးမှ အကျိုးအကြောင်း ပြော ပြ အကူအညီ တောင်းတော့ ဂါလန် တစ်ထောင်ဆံ့ အဖုံး ပါ ပိတ်လို့ ရတဲ့ သံရေ တိုင်ကီကြီး ငှား လိုက်သည် ။ သူ ကိုယ်တိုင် ဦးစီးပြီး ရေပိုက်ကြီး ဖွင့် ရေ ထည့် ပေး လိုက်သည့် အပြင် နေ့စဉ် ရေ လိုသလောက် လာ ယူခွင့် ပြု လိုက်၏ ။
ကျွန်တော်တို့ ရေထွန်စက်ကြီး ကို တစ်ရွာလုံး က ထွက် ကြို ကြ၏ ။ ဒါပေမဲ့ အဲဒီ အဲမှာ ကျွန်တော့် ပါး ကို လက် ရွယ် ထားသည့် ကောင်မ မပါ ။ ကလေးတွေ က ကလို့ ခုန်လို့ ။ လူတွေ အား လုံး တပြုံး ပြုံး ။ ကျွန်တော့် ရင် ထဲ မှာ ပီတိ ပြုံး ဆို့ပြီး မျက်ရည် စို့ မိသည် ။ ဘာ သွား တွေးမိလဲ ဆိုလျှင် ငါ လည်း အမေစု လို လူထု ရဲ့ ကြိုဆို တာ ခံ ရတယ် ဆိုပြီး ရင် ထဲ က ဘဝင် အပြင် ထွက် ကောင်းကင် ပေါ် တက် နေလေ ရဲ့ ။ ရွာသားတွေ ရေ ဝ အောင် သောက် ရပြီ ။ ထမင်း ဟင်း ချက်ဖို့ ရေရပြီ ။ ဘ ဝမှာ ဒီ တစ်ခါ လောက် ပျော်တာ မရှိပါ ။
••••• ••••• •••••
ကျွန်တော် ဦးစီးပြီး ဒိုက်ဦး ကော်မှုန့်စက်ရုံ က နေ့စဉ် ရေသယ် ဝေငှ နေ ကြောင်း ၊ စက်ရုံနား ရွာများ ထွန်စက်ပိုင်ရှင် တွေ ပါ ကုသိုလ်ပြု ရေလာ လှူကြ ကြောင်း ၊ မိမိ ရွာ သာ မက အခြား ရေ ရှားရွာ များ အားလုံး ကို ရေ မပြတ်အောင် စီမံ ပေး နေကြောင်း သတင်းကောင်း ဟိုးဟိုးကျော် တော့သည် ။
စစ်တောင်းမြစ်ကမ်းပါး က ရွာ တစ်ရွာ ကို ရေ သွား ပို့ တော့ အဘွားကြီး တစ်ယောက် က ကျွန်တော့် ကို အားရပါးရ ဖက်ပြီး ရှိုက်ကြီး တငင် ငို ရှာသည် ။ ရွာသူရွာသား ကလေးများ ပါ မြေကြီး ပေါ် ထိုင် ဝိုင်း ကန်တော့ တော့ ရင်တွေ လှိုက်ဖို ဘယ်လို မှ ဖြေ မဆည်နိုင် မျက်ရည် ဖြိုင်ဖြို င်ကျမိသည် ။
ဒီလိုနှင့် တစ်ပတ် လောက် ကြာတော့ ကျွန်တော့် ဂုဏ်သတင်း ဟာ လူ့ဘုံ က ကျော် ဖောက် တိရစ္ဆာန်ဘုံ ထိ ရောက် သွားလေ ရဲ့ ။ အဲဒီ နေ့ က ဒိုက်ဦး နှင့် ပဲခူး နယ်စပ် တာဆုံ ရွာ ကနေ အလျား ဆယ့်လေး မိုင်ခွဲ ရှိသည့် မိုးယွန်းကြီးအင်း ကို ပတ် ထားသည့် ပကိုင်တာကြီး အတိုင်း ပြန် အလာ ဘိုတဲစုရွာ ရောက် တော့ ထွန် စက် ဘယ်လို မှ မောင်း မရ အောင် ကျွဲ ၊ နွားတွေ က တားဆီး ပိတ်ဆို့ ထားတော့၏ ။ ကျွဲ ၊ နွား ဟာ ဘယ်ခါမျှ အတူ မတွဲ ပေမဲ့ ရေ ငတ် လာတော့ မခွဲ စတမ်း စည်းလုံး နေလေရဲ့ ။ တချို့ကောင် တွေ က ထွေလာ ပေါ် ရှေ့လက် ကို ခုန်တင် ၊ ညံ့ ညံ့ နှင့် အသံ ပေး ရေ တောင်း ကြ၏ ။ ကျွဲ တစ်ကောင် က ကျွန်တော့် ပုဆိုးစ ကို ကိုက်ဆွဲ ပြီး ထွန်စက် ပေါ် က ဆွဲချ တယ် ဗျာ ။ ကျွန်တော့် ရင် မှာ ဆို့နင့် နေသည် ။ ဒါနှင့် အနီးအနား တဲတွေ က ပုံးတွေ ၊ ခွက်တွေ ၊ ဒန်အိုးတွေ ပါ ငှားပြီး ချ တိုက် လိုက်တာ ရေဂါလန် တစ်ထောင် တက်တက် ပြောင် ရော ။ နောက်ကြောင်း ပြန် ရေ သယ် ရသည် ။
••••• ••••• •••••
မေလ ဆန်းပြီ ။ မိုးရိပ် မိုး ယောင် က မမြင် ။ အထက် နှင့် အောက် နှစ်ခွင် ပါ ပေါင်းရင် ရပ် ဆယ်ခွင် ဆယ်တိုင်း မှာ နေ နှစ်စင်း ပြိုင်တူ ထွက် နေသလိုပဲ ။ ဘယ် ကြည့်ကြည့် တံလျှပ် တွေ က တဖျပ်ဖျပ် ။ ပူ လိုက် တာ ကလည်း ဘွိုင်လာအိုး ထဲ ထိုင် နေရ သလို ။ သစ်ပင် မှန် သမျှ အရိုး ပြိုင်း ပြိုင်း ။ ဒီနှစ် ကျွန်တော်တို့ ရွာ ကို သိကြားမင်း မဆင်း ။
သင်္ကြန် ပြီး လျှင် ရေသယ် ထွန်စက် ငှား ထား သည့် ပွဲရုံ ပိုင်ရှင် နော်အဲလေး နှင့် ဝေါ က သူဌေးသား ကြောင်းလမ်း မည့် ကိစ္စ လည်း ရက် ရွှေ့ ထား ရသည် ။ တစ်နယ်လုံး ရေ ပြတ် နေတာ သင်းတို့ ကိစ္စ ဘယ်သူ မျှ စိတ် မဝင်စား ။
ပြောမကောင်း ဆိုမကောင်း ပေလူးပေကန် သားတော်မောင် အတွက် ဖခင် သူဌေး က ဟာလာစက် ၊ ဆီစက် ၊ တိုက်တစ်လုံး ၊ ရွှေ တစ်ကိုယ် ဆင် အပြင် ၊ စိန် နားကပ်ကြီး ပါ တင်တောင်း မည့် သတင်း ထွက် နေသည် ။ ရေ အကျိုး က ကျွန်တော့် သာ မပေး တာ ထွန်စက် ကို ကြေးငွေ နှင့် ငှား သည့် နော်အဲလေး ကို တော့ သူဌေးကတော် ဖြစ် အောင် အကျိုး ပေး လေပြီ ။ မနေ့ က တင် ထွေလာဂျီလေး တစ်စင်း အပြည့် ရေသန့်ဘူးတွေ ပို့ လိုက်သည် ။ နော်အဲလေး သူဌေးမလောင်း က ဘယ်လို စိတ် ကောင်း ဝင်သည် မသိ ။ အဲဒီ ရေသန့်ဘူးတွေ အားလုံး ကို လုံးဝ ကိုင် တောင် မကြည့်ဘဲ ဘုန်းကြီးကျောင်း တွေ နှင့် သက်ကြီးရွယ်အိုတွေ ကို ဝေ လှူ လိုက်တယ် ။
••••• ••••• •••••
၂ဝ၁ဝ ပြည့်နှစ် မေလ ၂၁ ရက် နေ့ ညနေခင်း ။ တစ်နယ်လုံး လူတွေ ၏ “ ဟေး ” ဆို သည့် အော်သံကြီး က ပြိုင်တူ ထွက် လာ တာများ မြေတောင် တုန်ခါ သွား မတတ် ။ အားလုံး မျှော်လင့် နေကြသည့် ချစ်မိုးကြီး ရုတ်တရက် ဝုန်းဒိုင်းကြဲ ရွာ ချ လိုက်သည် ။ အိမ် ရှိ သမျှ အိုးခွက် ပန်းကန် ၊ သောက်ရေခွက် ပါ မကျန် ရေ ခံ ကြသည် ။ ကလေးလူကြီး အကုန် အင်္ကျီ တောင် မချွတ်ဘဲ မိုးရေ ထဲ ပြေး ထွက် ၊ ခုန်ပေါက် ပျော် ပါး ပြေးလွှား ကြ၏ ။
ကျွန်တော် ဂုဏ် သရေရှိ သူကြီးမင်း လည်း စိတ် နှင့် ကိုယ် လွတ် ထွက် သွားပြီး မိုး ရေ ထဲ ပြေးထွက် လာခဲ့၏ ။ အပျော် လွန်ပြီး စိတ်ကူး တည့် ရာ ရွာလယ် လမ်း အတိုင်း ပြေး ထွက် လာရာ ကျွန်တော့် နောက်မှ ကလေးတွေ တစ်အုပ်ကြီး ဆူညံအော်ဟစ် လိုက်ပြေး လာ ကြသည် ။ ရှေ့ မှာ လည်း မိန်းမ တစ်ယောက် မျက်နှာချင်း ဆိုင် ပြေး လာ သည် ။ မနိုင်မနင်း ကိုယ်ထည်ကြီး နှင့် ။ နော်အဲလေး ပါ လား ။ နှစ်ယောက်သား မျက်နှာချင်း ဆိုင် မိတော့ မောနေ ကြပြီ ။ သူ ကျွန်တော့် ကို မောဟိုက်သံကြီး နှင့် ပြောသည် ။
“ ပျော် ပျော်လိုက်တာ ဟယ် ၊ ငါ အရမ်း ပျော်တာပဲ နောက်ပြီးတော့ ”
“ နောက်ပြီးတော့ ဘာ ဖြစ်လဲ ”
“ ငါ နင့် ကို အရမ်း လေးစားတယ် ၊ နင် တာဝန် ကျေတယ် ”
“ ရပါတယ် ဟာ ၊ နင် ထွန်စက် ငှား လို့ လည်း အလုပ် ဖြစ်တာပါ ။ နင့် ထွန်စက်ဖိုး ဘယ်လောက် ထပ် ပေးရမလဲ တွက်ထား ”
“ မလိုပါဘူး ။ နင့် စရန် သုံးသိန်း ငါ ကိုင်တောင် မကြည့်ဘူး ။ ဖထီး ဆီ မှာ ပြန် ယူ ။ နင့် မာန ကို သိလို့ အဲဒီ ကတည်း က ငါ ပြန် မပေးတာ ”
ဒီလို တော့ လည်း သူဌေးကတော်လောင်း စိတ်ကောင်း အ ရှိသား လို့ တွေးမိ သည် ။ နှစ်ယောက်လုံး ရွှဲနစ် နေပြီ ။ မိုး က လည်း သဲကြီးမဲ ကြီး ။ မိုးသံ လေသံတွေ ကြား က သူ့ စကား -
“ ကားတွေ ၊ ထွန်စက် တွေ ရှိလျက် နဲ့ ဘယ်ရွာ ကို မှ ရေ တစ်ခေါက် လှူဖော် မရတဲ့ အတ္တသူဌေး ရဲ့ ချွေးမ ငါ မလုပ် ဘူး ။ ငါ့ ရွာသားတွေ အတွက် မပါ ၊ ငါ့ အတွက် ရေသန့်ဘူး တွေ ပေး လိုက်တဲ့ သူဌေးသား မယား ငါ အဖြစ် မခံ နိုင်ဘူး ။ စေ့စပ်ပွဲ ဖျက် လိုက်ပြီ ၊ အပါး က လည်း သဘော တူတယ် ”
ကျွန်တော့် ရင်ထဲ ဗုံး တစ်လုံး ကွဲ ဝုန်းခနဲ ဖြစ်သွား သည် ။ သူ့ ကို စကား ပြောချင် သည် ၊ အသံ က မထွက် ။ သူ ကျွန်တော့် ကို ကြည့် နေသည် ။ ဖိုဖိုလှိုက်လှိုက် ရှိုက်ရှိုက်စို့စို့ မျက်ဝန်းညို့ညို့ တွေ နှင့် သူ ကျွန်တော့် ကို ကြည့် နေသည် ။ သူ့ လက်ဝါး မြှောက်ပြီး ကျွန်တော့်ကို ရွယ်သည် ။ ဘာ သဘောလဲ ။ တစ်ချိန် က သူ့ စကား ။ အမရာဒေဝီ လက်ဝါး မဟုတ်ဘူး ၊ ပါးကျွတ်ကျွတ် ကျိုး ၊ သွားတွေ ယိုးဒယား ရောက်သွားမယ် ဆိုသည့် တစ်ချိန်က သူ့ စကား ။ ဒီ ဘလက်လစ် ( စ ) ချစ်သော လုံးကြီး ပေါက်လှ ကရင်မ ကား ကျွန်တော် ၏ ရင်ဘတ် ချစ်သူ ။ ရေ အကျိုး ဆယ်ပါး တဲ့ ။ သမ္မာဒေဝနတ် များ က ကျွန်တော့် အား စွမ်းအား တစ်ခု ပေး နေ သလား ။ ကျွန်တော် သူ့ လက် ကို ရုတ်တရက် ဖမ်း အဆုပ် ဝုန်းခနဲ မိုးခြိမ်းသံကြီး နှင့် အတူ လျှပ်စီး တစ်ချက် ဝင်းလက် သွားသည် ။
နှစ်ယောက်သား လက် တွဲလို့ မိုးရေ ထဲ မှာ ပြေး ကြ သည် ။ ဦးတည်ချက် မရှိ ။ ကမ္ဘာမြေ အဆုံး ပြေးမည် ။ မိုးကုပ်စက်ဝိုင်း အရောက် ပြေးမည် ။ မိုးစက်တွေ က တဖွဲဖွဲ ၊ လူတွေ လည်း စိုရွှဲ ၊ နှစ်ယောက်သား ပါးပြင် ထက် မှာ တော့ မျက်ရည်စက် လား ၊ မိုးစက် လား ခွဲခြားဖို့ ခက်ခဲ ။ အချစ် ဆိုတာ လည်း နားလည် ရန် နက်နဲ ၊ မာယာ တွေ ရစ်ဝဲ နေတတ်ပါလား နော် ။
◾ကျိုက်စကော ခင်စိုး
📖 အမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၂၀၁၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment