❝ သင်္ခါရ
❞
ဦးဘိုးမြစ် သည် လွန်စွာ နှမြော တတ်သော မြေ ပိုင်ရှင် သူဌေးကြီး တစ်ယောက် ဖြစ် လေ၏ ။ အစိုးရမင်း တို့ က အလှူခံသည့် အခါ ငွေတစ်သိန်း ၊ နှစ်သိန်း ကို လွယ် ကူစွာ ထည့်နိုင် သဖြင့် ဘွဲ့နာမည်ကြီးများ ကို ရသူ ဖြစ်သော် လည်း ဆင်းရဲသော သူများ အား တစ်ပြား တစ်ချပ် တစ်စွတ်တာ မျှ ပေးလေ့ မရှိချေ ။ ၎င်း ၏ စက္ကရီတေရီ စာ ရေး တစ်ယောက် မှာ လခသုံးဆယ် မျှ ရ လေရာ တစ်ကျပ် ၊ နှစ်ကျပ် စီ လီ ၍ ယူ ရသည့် ပြင် တစ်ရံတစ်ခါ ငွေတောင်း ကြေးတောင်း အလွှတ် ခံရသည့် အခါများ ၌ ၎င်း ငွေများ ထဲ မှ တစ်ကျပ်တစ်ပြား ကို လန်ချားခ လက်ဖက်ရည်ဖိုး အတွက် အသုံးပြုခဲ့ရသည် များ ကို စာရင်း နှင့် တေးမှတ် ပြီး လကုန် သဖြင့် လီ၍ ယူ ရသော လခ အကြွင်းအကျန် ငါးကျပ် ၊ တစ်ဆယ် ထဲ မှ နှိမ်၍ နုတ် လေ့ ရှိ၏ ။ သို့ဖြစ်သော ကြောင့် လခ တိုးတက်၍ မရသော စာရေး မှာ ခိုးဝှက်ခြင်း
ဖြင့် ချမ်းသာ ၍ နေကြောင်း ကို မသိသော သူဌေးကြီး သည် ငါ လွန်စွာ စေ့စပ်သော ယောက်ျားကောင်း တစ်ယောက် ဖြစ်သည် ဟု စိတ် ကျေနပ်၍ နေ လေ၏ ။
၎င်း ၏ စနစ်မှာ လူချင်း သာ ပေါင်းမည် ။ ငွေချင်း မပေါင်း ဟူသော စနစ် ဖြစ်သဖြင့် မိမိ နှင့် အလားတူ စိတ် နေသဘောထား ရှိသော လူ အနည်းငယ် မျှ သာ ခင်မင်သူ ရှိ လေ၏ ။
မယားကြီး နှင့် သားသမီး ရခဲ့သော်လည်း သမင် မွေးရင်းကျားစားရင်း ဆိုဘိ သကဲ့သို့ ဖြစ်ခဲ့လေရာ ယခု ပေါင်းသင်း ၍ နေသော နောက် မိန်းမ နှင့် သားသမီး မရ သဖြင့် လွန်စွာဟန်ကျ ၍ နေလေသတည်း ။
၎င်း သူဌေးကြီး စိတ် ၌ ဟန်ကျ သော်လည်း နေ့စဉ် စာရင်း လုပ် ကာ ဈေးဖိုး တစ်ကျပ် ၊ ငါးမတ် ကို ပင် အလွန် တရာ စစ်ကြော အားကြီး သဖြင့် စိတ်ညစ် ၍ နေရှာသော မယားသည် မခင်စော မှာ ဘိုးသူတော် ကို ချစ်တီး နှင့် မှားသည့် အလား အထင်ကြီး နှင့် ခုတင်ကြီး ပေါ်မှာ အိပ်ရ ရုံ မှ တစ်ပါး မပိုင်သော လက်ဝတ်လက်စားကလေးများ နှင့်သာ တင်းတိမ်ရောင့်ရဲ ၍ နေရလေ၏ ။ ထို လက်ဝတ် လက်စားများ ကို ပင် သူဌေးကြီး သည် မလိုသည့် အခါ ဆန်ကြွေး တောင်းတတ်သည့် လူ ပမာလို စိတ် က တစ်မျိုး ထင်သည့် အခါ ထိုလက်ဝတ်လက်စားများ ကို ဖြုတ် ၍ ထားတတ် သဖြင့် အမြဲ ဝတ်ခွင့် မရဘဲ ထို လက်ဝတ်လက် စားတွေ ကို ကြည့်တိုင်း သင်္ခါရ တရား ကို အောက်မေ့ ဆင် ခြင်မိလေသတည်း ။
ဤ အတ္ထုပ္ပတ္တိ ၏ အစ ဖြစ်သော ည ၌ ကား မိမိ ၏ မောင် ဖြစ်သူ အတွက် နှင့် သူဌေးကြီး ထံ မှ လက်လှည့် သုံး ယူ၍ ပေး ထားသော ငွေအနည်းငယ်မျှ နှင့် ပတ်သက်၍ သူဌေးကြီး က “ နင့် မောင် ဟာ ဘာကောင်းသလဲ ၊ တစ်ခါ ဆက်ဆံ ဆယ်ခါလန် အောင် လုပ်တဲ့ အကောင် ၊ ဆယ်ရက် အတွင်း ပြန် ပေးမယ် ဆိုတဲ့ငွေ ဟာ အခု အရက် နှစ်ဆယ်ကျော် နေပါပကော ။ ဘာပြုလို့ လာပြီး မပေးသေးသလဲ ။ ငါ ငွေ ကို တွင်း ထဲ က နှိုက်ယူရတာ မဟုတ်ဘူး ။ ငယ်ငယ် က ရှာဖွေ လာခဲ့တဲ့ ငွေ ၊ ငါ နင့် တစ်ယောက် သာ ကျွေးနိုင် မယ် ၊ နင့် မောင်တက်ကစီး လုပ်တာ ကိုင်တာ မခံနိုင်ဘူး ” စသည် ဖြင့် ဆူပူလေရာ ၊ မခင်စော က မခံနိုင် သဖြင့် မောင် ဘက် က နေပြီးလျှင် မလွှဲမကင်းသာ လို့ ပေးရကြောင်း ၊ မိမိ ၏ မောင် ဟာ သူတစ်ပါး ငွေ ကို ဘယ်တော့ မှ လိမ် လည်ကောက်ကျစ် သုံးစွဲတတ်သူ မဟုတ်ကြောင်း နှင့် ပြောဆိုရင်း အချင်းစကား များ ကြပြီး နောက် သူဌေးကြီး က ဦးခေါင်း ကို ခြေ နှင့် ခတ် သဖြင့် ပြုတ်၍ ကျသော ဆံစု ကလေးများ ကို ကောက် ယူကာ ဆံထုံး ကို တစ်ပတ်လျှိုရစ် ထုံးပြီး အဖေ လောက် ကြီး တာကြီး ကို လည်း ယူရသေးရဲ့ နှိပ်စက်တာ ကို မခံနိုင်ပါဘူး ။ အားကိုး ရမလား လို့ ယူတာပါ ။ ခုလိုဖြင့် တစ်ယောက် တည်း နေတာက ကောင်း ပါသေးတယ် ဟု ပြောပြီး အထုပ်အပိုးကလေးများ ကို ပြင် ဆင်၍ အိမ် ပေါ် မှ ဆင်း ကာ လှေကား တွင် ဖိနပ် ၌ ကပ်သော ဖုန် တို့ ကို နှင်းဆောင့်ကာ ခါ၍ ချပြီး မြင်းရထား တစ်စီး ကို ခေါ်၍ မိမိ ၏ မောင် အိမ် သို့ ထွက်သွားလေ သတည်း ။
သူဌေးကြီး သည် စကားတစ်လုံး မျှ မပြော ၊ တား လည်း မတား ၊ ခေါ် လည်း မခေါ် ၊ သင်း မပျော်လို့ သွားရင် နက်ဖြန်ခါ ဆန်တစ်လုံး လျော့သေးရဲ့ ၊ သင်း ကို မကျွေးရ တဲ့ ထမင်း ကို ကျောင်း ပို့မယ် ဟု စိတ် က အောက်မေ့ ကာ ဆေးလိပ်တို ကို ပက်လက်ကု,လားထိုင် နံဘေး ရှိ ကြီးသော ထွေးခံကြီး ထဲ သို့ ထည့်ပြီး ဘုရားစင် ရှေ့ သို့သွားကာ ဘုရားကြည်ညိုလေ၏ ။ သူဌေးကြီး သည် ဥပုသ်သီတင်း ဘယ်အခါ မှ လစ်ဟင်းသူ မဟုတ် ၊ ဘုရားတရား လွန်စွာ ကြည်ညို၏ ။ သားမယား နှင့် အခြားဆင်းရဲသားများ အပေါ်၌ စစ်စီ သော်လည်း အစိုးရ ကို ကြည်ညို သလောက် ရတနာသုံးပါး ကို လည်း ကြည်ညိုသူ ဖြစ် လေရာ ရတနာ သုံးပါး နှင့် ပတ်သက်ရာ ၌ နှမြော စုံမက်ခြင်းရှိ သူ မဟုတ် ရက်ရောစွာ လှူဒါန်းလေ့ ရှိ၏ ။
၎င်း ၏ အယူ မှာ ဆင်းရဲသော သူတို့ သည် လူဆိုး လူမိုက်တွေ ဖြစ်ကြောင်း ၊ ၎င်းတို့ အား ပေးကမ်းခြင်း သည် အဆိပ်ပင် ရေ လောင်းသည် နှင့် တူ၏ ။ သားမယား ဆို သည်မှာ မနေနိုင် ၍ ထားရသော လူပိုတွေ ဖြစ်သည် ။ ၎င်းတို့ ကို အလို လိုက် လျှင် ကျေးဇူး မတင်သည် သာမက အမိုက် စော်ကားမည် ။ ငါ သေရင် ငါ့ ပစ္စည်း ကို သူ တစ် ပါး အား ကျွေးမည် ။ ငါ ကဲ့သို့သော အဘိုးအို ကို ယူသော မိန်းမပျို သည် ငါ့ ကို မချစ် ။ ငါ ၏ ပစ္စည်း ကို သာ ချစ် ၍ ယူခြင်း ဖြစ်သည် ။ သို့အတွက် ငါ့ ကို လိမ်လို့ မရကြောင်း ကို သိရအောင် ပြုမှ တော်မည် ဟု စိတ် ၌ စွဲပိုက်၍ ထား လေ၏ ။ ငါ သည် ညောင်ပင် နှင့် တူ၏ ။ ငါ ၏ မိန်းမ
သည် ကား နွယ်ပင် နှင့် တူ၏ ။ ညောင်ပင် သည် ကား မည်သူ ၏ ပတ်ရစ်နွယ်ငုံခြင်းကို မျှ မခံ ။ ညောင်ပင် က သာ အုပ်၏ ။ ငါ သည်ကား အအုပ် ခံမည် မဟုတ် ။ သင်း ဘာသာ လင် နေနေ သားမွေးမွေး ငါ သူဌေးကြီး လိုချင် ရင် လက်ဖျောက် တီးရုံ နဲ့ သင်းတို့လို ဟာမျိုးတွေ ကို တစ်ပြုံ
တစ်ခေါင်းကြီး ရနိုင်သည် ဟူသော အကြောင်းများ ကို ဘုရား ကြည်ညိုရင်း ဆင်ခြင်၍ နေလေ သတည်း ။
ဘုရား ကြည်ညို၍ ပြီးသော အခါ ပုတီး ကို ကိုင် လျက် ပက်လက်ကု,လားထိုင်ပေါ် တွင် ထိုင်ကာ တစ် ကိုယ်တည်း မှေး ၍ နေလေ သတည်း ။
သို့ နေသော အခိုက် တွင် အနီးရှိ စားပွဲ ပေါ် က တယ် လီဖုန်း စကားပြော ဓာတ်ခေါင်းလောင်း သည် ဂျလင်လင် လင်လင် မည် ၍ လာသဖြင့် ကု,လားထိုင် ပေါ် မှ ထပြီး တယ်လီဖုန်း နားကြပ် ကိုကိုင်ကာ နားထောင်ရာတွင် ...
“ ဟယ်လို သူဌေးကြီး ရှိလား ”
“ ဟုတ်ကဲ့ ရှိပါတယ် ၊ ကျုပ် ပါပဲ ဘယ်သူလဲ ”
“ ကျုပ် လေ ကျွန်တော် လေ ။ မသိဘူးလား ”
“ နာမည် ပြောစမ်းပါ ၊ ဘာကိစ္စလဲ ”
“ ကျုပ်လေ မှော်ဘီ က ”
“ သူဌေးကြီး ဘုရား ရှိခိုးပြီးမှ ကိုး ။ ဘုရား တောင် ဖြောင့်ဖြောင့် အာရုံ မပြုနိုင်ပါက လား ”
အင့် .. ဟင် ၊ ဘယ့်နဲ့ မှော်ဘီက နေပြီး တယ်လီဖုန်း နဲ့ စကားပြော ပါလိမ့် မတုံး ။ ဘယ်သူများ ပါလိမ့် ၊ တယ်လီဖုန်း မှော်ဘီ ကို ဆက်သွယ်တယ် လို့ လည်း မကြားမိပါ ကလား ဟု စိတ် ထဲ မှာတွေးရင်း စကား မပြောဘဲ နေလေ၏ ။
“ တောင်တောင်မြောက်မြောက် တွေး မနေနဲ့ သူဌေး ကြီး ၊ ကျုပ် ဆူးလေဘုရား ကို မှော်ဘီ က လာရင်း သူဌေး ကြီး ဆီ လှမ်းပြီး ပြောတာပါ ”
အင့် .. ဟင် ၊ ဘယ့်နှယ်ပါလိမ့် ဟု တွေးပြီး ခင်ဗျား ဘယ်သူလဲ ဟု မေးလေ၏ ။
“ ကျုပ် မှော်ဘီ နတ်ကြီး ပေါ့ ၊ ကိစ္စကလေး ရှိတာ နဲ့ သူဌေးကြီး ကို တွေ့ချင်လို့ပါ ”
အင့် ... ဟင် ၊ ဘယ်က ရူးတူးတူး အကောင် တစ် ယောက် ငါ့ ကို လာပြီး နောက် နေပါလိမ့်ကရို ၊ မဟုတ်ပါ ဘူးလေ ၊ ရူးတယ် ဆိုရမှာ လည်းအခက်ပဲ ၊ ငါ့ စိတ် ထဲ တွေး တာတွေ ကို လည်း သူ သိပြီးဖြစ်နေပါကလား ဟု တွေး လေ၏ ။
“ ကျုပ် မရူးဘူး သူဌေးကြီး ရဲ့ ၊ သူဌေးကြီး ရူးလို့ အခုလိုတွေး တာလား ၊ ကျုပ် လာရမလား ၊ သူဌေးကြီး ကို ပြစရာကလေး တစ်ခု ရှိလို့ပါ ”
“ ဘာများ ပြမလို့လဲ ”
“ အို တကတဲ ပြစရာ ရှိလို့ပေါ့ ၊ မလာစေချင် ရင် လည်း မလာပါဘူး ”
သူဌေးကြီး သည် စဉ်းစား ၍ နေလေ၏ ။ ကြောက် လည်း ကြောက်၏ ။ ထူးဆန်းသော စကား ပြောသူ ကို လည်း တွေ့ချင်၏ ။ ပြစရာ ရှိတယ်ဆိုတဲ့ စကား က လည်း ဘယ်လို အရာများ ကို ပြမလို့ပါလိမ့်မလဲ ။ ငါ့ အား သူဌေး ဖြစ်အောင် မ,မလို့လား ။ ဓားပြတိုက်ဖို့များ ကြံသလား ။ စိတ် ကို သိတတ်တဲ့ မှော်အတတ်များ ကို တော့ တတ်တဲ့လူ များ လည်း ရှိနိုင်တာပဲ ။ သည်လို မှော်အတတ် ကိုတတ်တဲ့ ဓားပြလူဆိုးများ ငါ့ ကို တစ်မျိုးတစ်မည် ကြံလေသလား ။ ကြံ ရင်လည်း ကြောက်စရာ တော့ မရှိပါဘူး ။ ငါ့ မှာ လက်နက် နဲ့ ပဲ ဟုတွေးကာ “ ကိုင်း ... လာချင်လည်း လာတာပေါ့ လေ ။ ကျုပ် မအိပ်သေးဘူး ။ ဘယ်တော့ လာချင်သလဲ ”
“ ခုပေါ့ လေဗျာ လာဆို ဘာလုပ်နေရဦးမှာလဲ ”
“ ကိုင်းလာ ကျုပ် အသင့်ပဲ စောင့်နေတယ် ” ဟုပြော ပြီး နားကြပ် ကို ပြန်၍ ချလေ၏ ။ အိပ်ရာခန်း ထဲ သို့ သွားပြီး ခြောက်လုံးပြူး ကို အိပ်ရာ အောက် က ယူ၍ ကျည်ဆန် များ ထည့် လေ၏ ။ ခြောက်လုံးပြူး ကို ခါး မှာ ထိုးပြီး ကု,လားထိုင် ပေါ် ၌ ထိုင်ကာ စောင့်၍ နေလေ၏ ။
ယီးတီးယားတား မစမ်းနဲ့ ၊ မှော်ဘီနတ် သော ဘာ သော မရှောင်ဘူး ။ နားကင်း ပြုတ် ကျအောင် ပစ်လိုက် မယ် ။ ဂျော့ဘုရင် ပေးတဲ့ခြောက်လုံးပြူး ဘာ မှတ်သလဲ ။
ဂျလင်လင် .... ဂျလင်လင် ... ဂျလင်လင်
“ သူဌေးကြီး ခြောက်လုံးပြူး ကို သူ့ နေရာ မှာ ပြန် ထားလိုက်ပါ ။ ကြောက်စရာ မရှိပါဘူး ။ သူဌေးကြီး ကျုပ် ကို မယုံသင်္ကာ ရှိရင် သူဌေးကြီး အကျိုး ယုတ်မှာပေါ့ လာ တော့မယ်နော် ”
“ ကောင်းပါပြီ ကောင်းပါပြီ ကြွသာကြွပါ ” ဟု ပြောပြီး အသံတိတ် ၍ သွားလေ၏ ။
အင့် ...ဟင် ၊ ဘယ်လိုများ လာပါ့မလဲ ။ နတ် ဖြစ်ရင် ခေါင်းမိုး ကများ ကျ လာမလား ။ ကြောက်စရာကြီးများ ရုပ်ဆောင် ၍ လာ မလား စသည်ဖြင့် တွေးတော ကာ နေ လေသတည်း ။ ၎င်း ၏ စိတ် ၌ ထူးဆန်းသော နတ် ကို မြင် ချင်သော စိတ် နှင့် ကြောက်ရွံ့သော စိတ် ရောပြွမ်းကာ စိတ် ထဲ၌ ကြီးစွာသော လှုပ်ရှားခြင်း ဖြစ်၍ နေလေ သတည်း ။
တစ်ခါတစ်ခါ အထက် က ကျ၍ လာမည်လား ဟု တွေးတော ကာ မျက်နှာကြက် ကို မော်၍ ကြည့်လေ၏ ။ ရုပ်ရှင်ဇာတ်ကားများ ထဲ မှာပေါ်၍ လာတတ် သလို လေ ထဲ မှ ဘွားခနဲ ပေါ်၍လာမည်လားဟု တွေးတောကာ တထိတ်ထိတ် နှင့် တောင်မြောက် လေးပါး ကို ကြည့်လေ ၏ ။ လှေကား မှ သူလို ငါလို တက်၍ လာလိမ့်မလား ဟူ၍ အောက်မေ့လေ၏ ။ ကိုကင်းသမား အပေါက် ကိုကြည့် သလို ကြောက်ရွံ့ကာ ကြည့်လေ၏ ။ နောက် နား မှ အသံ လိုလိုကြားရ သဖြင့် ကျော ထဲ မှာချမ်းစိမ့်စိမ့် ဖြစ်၍ သွားပြီး လှည့်၍ ကြည့်လေရာ ကြောင်နက် တစ်ကောင် ကြွက် ကို လိုက်ရင်း မှောင်ထဲ၌ ပျောက်သွား သည် ကို မြင်လိုက် ရ လေ၏ ။
ယောက်ျား ပဲ ဘာ ကြောက်ရမှာတုံး ဟု စိတ် ကို ပြန်၍ တင်းပြီး ပြတင်းပေါက် ကို ကြည့် လိုက် ရာတွင် မော်တော်ကား တစ်စီး ၏ အသံ လိုလို ကြားရ ပြီးနောက် ပါးလွှာသော တိမ်သကာ ဖြင့် မှိန့်တမှိန် နေသော လရောင် ထဲ တွင် တိမ်လိပ်ပမာ ခပ်မှိုင်းမှိုင်းထွေးလုံး ရစ်ပတ်၍ လာသည် ကို မြင်ရလေ၏ ။
သူဌေးကြီး သည် စိုက်ကာ ကြည့် ၍ နေ လေ၏ ။ ထို တိမ် ထဲ မှ ခေါင်းပေါင်းဖြူ ဖော့လုံးနှင့် တောင်ဝှေး ကို ကိုင်လျက် လောက်စာလုံး ခန့် ရှိသော သျှောင်ကလေး နှင့် အဘိုးကြီး တစ်ယောက် သည် လမ်းပေါ် ၌ လမ်းလျှောက် ၍ လာသလို ပြတင်းပေါက် မှ ဝင်ပြီး သူဌေးကြီး ၏ ရှေ့၌ တောင်ဝှေး ကို ထောက်ကာ သူဌေးကြီး ၏ မျက်နှာ ကို ပြုံးရယ် လျက် ငုံ့ကာ ကြည့်ပြီး “ မာရဲ့ နော် ” ဟု ပြောလေ၏ ။
သူဌေးကြီး သည် ၎င်း၏ မျက်နှာ ကို စိုက်ကာ ကြည့် လျက် အံ့အားသင့် ၍ စကား မပြောချင် အောင် မေး ခိုင် နေ လေ၏ ။
အဘိုးကြီး က ရှေ့သို့ တောင်ဝှေး ကို ထောက်ရင်း ကုန်းကာ ကပ် လာပြီး ရုပ်သေး ခေါင်း လှုပ် သလို လှုပ်ကာ ၊ ကျိုးတိုးကျဲတဲ ဖြစ်နေသော သွားကြား မှ ထွက်ပေါ်သည့် အသံမျိုး နှင့် “ မာရဲ့ မဟုတ်လား ” ဟု ထပ်ကာ မေးပြန် လေရာ သူဌေးကြီးက “ မာပါတယ် ၊ မာပါတယ် ။ ထိုင်ပါ ထိုင်ပါ ” ဟု ပြော၍ မိမိ၏ နေရာ ကို ဖယ်ပေးပြီး အခြား ကု,လားထိုင်တစ်လုံး ကို ဆွဲယူ၍ ထိုင်လေ၏ ။
“ အောင်မယ်မင်း ၊ သူဌေးကြီး နေရာ ကို သိချင်လို့ တယ်လီဖုန်း စာအုပ် ထဲ မှာ ရှာလိုက်ရတာ အင်္ဂလိပ်စာ မတတ်တာ နဲ့ အတော် ကြာသွားတယ် ။ ဒါနဲ့ စတီးတိုက် က စာရေး တစ်ယောက် နဲ့ အခန့်သင့် တွေ့ ပေလို့ မောင် ရယ် တစ်ဆိတ် လောက် ရှာပေးစမ်းပါ ဆိုတော့ မှ သူ က နံပါတ် ကို ရှာပေး လို့ တွေ့ရပေတယ် ။ ဘုရား မှာ လည်း ဘယ်သူမှ မရှိသေး ၊ ဒီလူ တစ်ယောက်ပဲ ဘုရားဖူး လာ တာ နဲ့ အခန့်သင့် သွားတယ် ” ဟု အမြဲရယ် ၍ နေသော မျက်နှာ နှင့် ပြော လေရာ ၊ သူဌေးကြီး သည် အံ့သြ၍ နေ ပြန်လေ၏ ။
“ နို့ ဘာနဲ့ ကြွလာခဲ့သတုံး ခြေလျင် ပဲ လား ”
“ မဟုတ်ပါဘူး မော်တော်ကား တစ်စီး နဲ့တွေ့တာနဲ့ ဘကြီး လိုက်ပါရစေကွယ် ” လို့ ပြောပြီး စီးလိုက်လာရ တယ် ။ “ ခုတင် က ထွက်သွားတဲ့ကားပေါ့ ။ သူဌေးကြီး အိမ် ပေါ် ကို တက်တော့ မှ ခြေလျင် တက်လာရတာပဲ ”
“ နို့ နတ်မင်း ဘာကိစ္စ နဲ့ ကြွလာတာလဲ ”
“ ကိစ္စကတော့ အထူး မဟုတ်ပါဘူး ။ ရှေးက မိတ်ဟောင်းဆွေဟောင်း ဖြစ်ခဲ့တာ နဲ့ တွေ့ချင်လို့ပါပဲ ။ လာလေဗျာ အပြင် ကို ထွက်ပြီး လမ်းလျှောက် ရအောင် သူဌေးမင်း မိန်းမ က တယ် မိုက်သကိုး ” ဟု ပြောရင်း ထ လေ၏ ။ သူဌေးကြီး လည်း မငြင်းဆန်ဘဲ ထလေရာ “ ရော့ .. ရော့ တောင်ဝှေး ကို ကိုင် ” ဟု ပြောကာ ပေးလေ၏ ။
သူဌေးကြီး သည် တောင်ဝှေး ကို ကိုင် လေ၏ ။ ကိုင် လျှင်ကိုင်ချင်း ကိုယ် ပျောက်သွားပြီး နှစ်ယောက်သား ပြတင်းပေါက် အပြင် သို့ ရောက် သွား ကြလေရာ စက္ကန့် အနည်းငယ် အတွင်း အောက် ကို ငုံ့၍ ကြည့် လိုက်လေရာ သူဌေးကြီး သည် နောက်ဆုတ် ပြေးသလို လျင်မြန်စွာ ကျန် ရစ်သော မိမိ ၏ အိမ်ခေါင်မိုး ကို မြင်ရလေ သတည်း ။
မကြာမီ ဆူးလေဘုရား ထီးတော် ၌ ရှိသော ဓာတ်မီး ကို ပတ်ပတ်လည် ၍ သွားကြလေ၏ ။
ထို့နောက် ဗိုလ်တထောင်ဘုရား သို့ ရောက်ပြီး လျှင် မြစ်ရိုးတစ်လျှောက် အပေါ် ၌ လိုက်၍ သွားရာ မြစ် ထဲ ၌ ရှိသော မီးများ နှင့် မြို့ကြီး တစ်မြို့လုံး ရှိ အလင်းရောင် တို့သည် အိုးထိန်းစက် တွင် လည်၍ လှည့်သလို ချာလည် လည်၍ ကျန်ရစ်ကြသည် ကို မြင်ရလေ သတည်း ။
ထို့နောက် မီးရောင်များ သည် တဖြည်းဖြည်း ပျောက်ကွယ်၍ သွားကြလေရာ ရွှေတိဂုံ ကိုယ်တော်ကြီး ၏ မှေးမှိန်သော ဓာတ်မီးရောင်များ ကို သာ မြင်ရလေ၏ ။ နောက် အတန်ငယ် ကြာသောအခါ ထို ဓာတ်မီးရောင်များ လည်း ပျောက်ကွယ် ၍သွားကြ ပြီးလျှင် ရုန်းရင်းဆန်ခတ် အသံ တို့ ကို ကြားရ လေ၏ ။ အောက်သို့ငုံ့၍ ကြည့်လိုက် သော အခါ တောင်လို မောက်လျက် လရောင် ထဲ တွင် ဝင်း ခနဲ လက်ခနဲ ဖျတ်ခနဲ နေသော ပင်လယ်လှိုင်း တို့ ကို မြင်ရ လေ သတည်း ။
ထိုနေရာ ၌ လေသံ မှ တစ်ပါး တစ်စုံတစ်ရာ ကိုမျှ မကြားရချေ ။ အဘိုးကြီး က နောက်သို့ လှည့်ကာ “ ကြောက် သလား ၊ ဘာမှမကြောက်စရာ မရှိပါဘူး ။ ရှေ့မှာ ကြည့်လိုက်စမ်း ၊ မြင်ရရဲ့ လား မီးတောင်ကြီး ကို ၊ တထိန်ထိန် လင်း မနေဘူးလား ” ဟု ပြောလေ၏ ။
သူဌေးကြီး သည် လည်း ပြိုးပြိုး ပြက်ပြက် မိုး မျက်နှာ ကြက် ကို မီး စွဲ၍ နေဟန် ရှိသော အလင်းရောင် တို့ ကို မြင်ရ လျက် အံ့သြ၍ နေလေ၏ ။
အဘိုးကြီး က “ ဒါတွေ တခြားမဟုတ်ဘူး ။ ဟိမဝန္တာ တောင်ထိပ် က ဆီးနှင်းခဲတွေအပေါ် မှာ လရောင် ဟပ်ပြီး နေတာ ၊ ဟောဟို ဘက်မှာ တိဘက်ပြည် ပဲ ၊ မြင်ရဲ့လား ” ဟု ပြ ပြန် လေ၏ ။
သူဌေးကြီး သည် လရောင် ၌ လှုပ်ရှား ၍ နေသော အလင်းတောင်ထွတ် တို့ နှင့် ပြာပြာရစ်ခြုံ မှုန်မှုန်မွှားမွှား တောလိုလို တောင်လိုလို မိုးတိမ်လိုလို မှတ်ထင် ရသော တောင်ကြီးများ ကို မြင်ရလေ၏ ။ ထို တောင်များ သည် လမ်းမီးရထား ပေါ် မှနေ၍ ကြည့်သည့် အခါ တောတောင်တွေ ခုန်ဆိုင်းပြေးသွား၍ နေရစ်ကြ သလို နေရစ်ကြ လေ၏ ။
ထိုကဲ့သို့ သွားရာ တွင် ကမ္ဘာ ၏ အစွန်း မှ စက်လှည်းဘီးကြီး လို နီနီဝင်းဝင်းကြီးပေါ်၍ လာသော နေမင်းကြီး ကို မြင်ရလေ၏ ။ လမင်း သည် မီးယပ်သည် ၏ မျက်နှာ လို ပျော့သော အဆင်း ဖြင့် ညှိုးငယ်စွာ တစ်ဖက်သော ကမ္ဘာအစွန်း ၌ စောင်းလျက် အိမ်နိမ့် ကို ဆင်းရသော မိဖုရား လို မသာမယာဖြစ်၍ နေသည်ကို မြင် ရ လေ သတည်း ။
အဘိုးကြီး က သူဌေးကြီး ကို လှည့်၍ ကြည့်ကာ “ လမင်း ကို ကြည့်စမ်း ၊ ညဉ့်ဦးယံ မှာ ထွန်းလင်းတဲ့ အရောင် နဲ့ တူသေးရဲ့ လား ။ အပျိုရည်ပျောက် အအိုရည် ရောက် နေတာနဲ့ မတူလား သူဌေးကြီး ” ဟု ပြောလေ၏ ။
“ မှန်ပါတယ် နတ်မင်း ၊ အရောင်အဆင်း မရှိတော့ဘူး ”
“ ညဉ့်ဦးယံ မှာ သနပ်ခါး တစ်ကိုယ်လုံး လိမ်းကျံပြီး နံနက်အိပ်ရာ ထ ကာနီး မှာ သနပ်ခါးခြောက် ၍ ကွာပြီး မသာမကြည် ဖြစ်နေတဲ့ မီးယပ်သည် မျက်နှာ နဲ့ မတူဘူး လား ”
“ မှန်ပါတယ် နတ်မင်း ၊ အရောင်အဆင်း ပျောက် ကင်းပြီး ခြောက်သွေ့သွေ့ ဖြစ်ပါတယ် ”
“ အဲ အခု တက်လာတဲ့ နေမင်းလည်း အခု အနေမှာ ကြည့်လိုက်တော့ ပတ္တမြားကျောက် ၏ အဆင်းမျှ မက မီးပုံ လိုဝင်းဝင်း တောက်ပြီး ဟောဟို အထက်နား က တိမ် အတန့်အတန့်ကြီးများ ဟာ ဇမ္ဗူရစ်ရွှေကို မှတ်ပေါ် မှာ တင်ထားတာနဲ့ မတူလား သူဌေးကြီး ရဲ့ ”
“ တူပါတယ် နတ်မင်း ၊ အံ့ဖွယ်သရဲ ထူးကဲတဲ့ ကျက်သရေ အဆင်းပါပဲ ”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ ၊ သို့သော်လည်း သူ လည်း အချိန်ကျ ရင် ကွယ်ရသေးတာပဲနော် ၊ သင်္ခါရသဘော တရား ကို နေ နဲ့ လ က အမြဲ ကောင်းကင် က နေပြီး ပြနေကြရပေတာပဲ ”
“ မှန်ပါတယ် နတ်မင်း ၊ သတ္တဝါတွေ တရားယူကြ ဖို့ရာ ကောင်းကင် က နေပြီး နေ့စဉ် တရားချ နေတာနဲ့ အလွန်တရာ မှ တူလှပါတယ် ”
ထို့နောက် အာကာဝေဟင် ကောင်းကင်ခရီး ဖြင့် အပြင်းနှင် ကြရာ တောကြီးတောင်ကြီးများ ၏ နေ ၌
ပြောင်ဦး လျက် ရှိနေသော သဏ္ဌာန်တို့ သည် တစ်မျိုးပြီး တစ်မျိုး ပေါ်ကာ အံ့ဖွယ်ရာတို့ကို မြင် ရသော သူဌေးကြီး သည် မိမိ ၏ ကိုယ် ကိုယ် လုံးလုံးကြီး မေ့လျော့ကာ ကမ္ဘာသစ် ဘဝသစ် သို့ ကူးပြောင်း ၍ နေသည် ဟု မှတ်ထင် လာ လေ၏ ။
ထိုကဲ့သို့ သွားကြ၍ စိမ်းစိုသော တောတောင်သို့ ကျရောက် လာ လျှင် သွေ့ ခြောက်လျက် သစ်ပင်တို့ ကို မမြင်ရ ၊ ဖြူရော်ရော်အဆင်းရှိသော မြေကြီးများ သည် အိုမင်းမစွမ်း ဖြစ်သည့် ဆံပင်မွေးညင်း ကျွတ်သော ဦးခေါင်း နှင့် တူသော တောင်ကြီး တစ်လုံး နှင့် တောင် ခါးကြီး တွင် ပြိုလဲ ပျက်စီးလျက် ကျောက်တုံးကြီး ကျောက်တောင်ကြီးတွေ ကို ကြဲဖြန့်၍ ထားသည်နှင့် တူ သော နေရာ တစ်ခု ကို မြင်ရလေလျှင် အဘိုးကြီး က “ အဲ သည် နေရာဟာ ကမ္ဘာစစ်ကြီး မဖြစ်မီက အင်မတန် ကြီး ကျယ်ပြီး အင်မတန် စည်ကားတဲ့ မြို့ကြီးပဲ ။ အခု သင်္ခါရ လက်ချက်ကြောင့် အဘယ်ပုံ ဖြစ်နေတယ် ဆိုတာ လာ ကြည့်လိုက်စမ်း သူဌေးကြီး ” ဟု ပြလေ၏ ။
သူဌေးကြီး သည် ထိုနေရာ ကို ကြည့်ကာ လွန်စွာ အံ့သြလျက်တွေးတော၍ မဆုံးနိုင်အောင် ရှိနေလေ သတည်း ။
ထိုကဲ့သို့ ဆက်လက်၍ ကောင်းကင် ခရီး ဖြင့် အပြင်းနှင်၍ သွားရာ ဖြူဖြူဖွေးဖွေးပြောင်ပြောင် နေရောင်ခြည် တွင် တောက်လောင် ၍ နေသော ကျောက်သားအဆင်းနှင့် တူသည့် အဆောက်အအုံကြီး တို့ နှင့် ပြည့်နှက်သော မြို့ကြီး တစ်မြို့ ပေါ်သို့ ရောက်သွား လေ၏ ။
အဘိုးကြီး က “ ကြည့်စမ်း ၊ သည် မြို့ကြီးဟာ လွန် စွာ မကြီးကျယ်ဘူးလား ” ဟု မေးလေ၏ ။ သူဌေးကြီး သည် ကြီးကျယ်ခမ်းနားဆန်းပြားသော ကျောက်သား အတိ ပြီးသော မြို့ကြီး ကို ကြည့်၍ နေစဉ် ၊ ၎င်းမြို့ကြီး ၏ တစ်ဖက်မှ သေးငယ်သော ရေအိုင် လိုလို ပေါ်၍ လာပြီး နောက် ၎င်း ရေအိုင် သည် တဖြည်းဖြည်း ကျယ်၍ လာပြီး လျှင် ၊ ကမ်းတစ်လျှောက် ၌ တဖွေးဖွေးဖြူ ၍ လာပြီးလျှင် ငြိမ်သက်သော ရေသည် တောင်ကြီးတွေ ဖြစ်၍ လာလေ ၏ ။
တဖြည်းဖြည်း ရေများ သည် မြို့လယ် တာလမ်း ပေါ် ၌ ဖွေးဖွေးလှုပ် ၍ တက် လာပြီးလျှင် တိုက်တာ အဆောက်အအုံ တို့ သည် ရေထဲ သို့ လိမ့်ကာ လိမ့်ကာ ဆင်းကြသည် ဟု မှတ်ထင်ရလေ၏ ။ မကြာမီ ရေများ သည် အရှိန် ပြင်း၍ လာကြပြီးလျှင် ကြီးကျယ်သော ကျောက်သား ပကတိ အဆောက်အအုံ များ သည် ကျောက်စရစ်ခဲ ပမာ လိမ့်လဲလွင့်စဉ် ၍ သွားကြ ပြီးနောက် ကြည့်၍ နေသော အခိုက်တွင် တစ်မြို့လုံး ပျောက်ကွယ်၍ ပင်လယ်ပြင် တစ်ပြင် တည်းဖြစ်၍ သွားလေရာ အဘိုးကြီး က “ ယခု မြင်ရတဲ့နေရာဟာ အခြား မဟုတ် ၊ ဥရောပ နှင့် အမေရိကန် စပ် ကမ်းရိုးတန်းကို ခြားပြီး ထားတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြီး ပဲ ၊ အခု ပျောက်ကွယ် သွားတဲ့ မြို့ ဟာ အတ္တလန္တိတ် လို့ ခေါ်တဲ့ အလွန်တရာ ကြီးကျယ် တဲ့ မြို့တော်ကြီး ပဲ ” ဟု ပြောလေရာ သူဌေးကြီး သည် လွန်စွာ အံ့အားသင့်၍ နေလေ၏ ။
ထို့နောက် မဆုံးနိုင်သော ပင်လယ်ပြင် တွင် လေပြင် ခရီး ဖြင့် သွား လေရာ အခြားသော နေရာများ၌ မြင့်မောက်သော တောင်ရိုးတောင်တန်းများ နှင့် စိမ်းစိုညိုမှိုင်းလျက် ရှိသော ကြီးကျယ်သော ကျွန်းကြီးများ သည် မကြာမီ က မြင်ခဲ့ရသော မြို့ကြီး နှင့် အလားတူစွာ ရေ မျို၍ ပျောက် ကွယ်ကြသည် ကို မြင်ရ လေ၏ ။ အချို့သော နေရာများ ၌ တောင်လို မောက်သော လှိုင်းတံပိုးများ ထကြွလှုပ်ရှားလျက် ကြီးကျယ်သော ဝေလငါးကြီးများ နှင့် ကြောက်မက်ဖွယ်ကောင်းသော ရေနဂါး တို့ စစ်ဆင်၍ ကစား သလို မှတ်ထင် ရ လောက်အောင် သောင်းကျန်း ၍ နေရာ မှ မောပန်းကာ ငြိမ်သက်၍ သွားသည့် ပမာ ငြိမ်သက်၍ လာပြီးလျှင် ရုတ်တရက် မီးတောက်မီးလျှံတွေ ပေါ်ထွက် ကာ အဝီစိငရဲမီး သည် ပင်လယ် ကို ခန်းခြောက် အောင် ချက်သကဲ့သို့ မီး နှင့် ရေ စစ်ခင်းကာ တစ်မိုးလုံး လင်းခနဲ မှောင်ခနဲ ဖြစ်ပြီးလျှင် အခိုးအလျှံတွေ ပျောက်ကွယ်၍ သွားသော အခါ၌ ကောင်းကင် ကို မျှော်၍ ကြည့်သော် ကျောက်တောင်ကြီးများ နှင့် ပတ်ဝန်းကျင်၌ ကျွန်းများ ကို မြင်ရလေ၏ ။
ထို့နောက် ဆက်လက်၍ သွားကြရာ ပင်လယ်ကမ်း ရိုးပေါ်သို့ ရောက်လေလျှင် ကျောက်တောင် ကျောက် ကမ်းပါးတို့ကို တအား ရိုက်ခတ်လျက် မိုးချုန်း သလို တအုံးအုံး ဖြစ်၍ နေရာမှ ကမ်း ကို မျိုရန်လာသော လှိုင်း တံပိုးတို့ သည် ခိုင်မာသော ကျောက်သားကမ်းခြေ ကို မမျိုနိုင်မငုံနိုင်သဖြင့် စိတ်လျှော့သည့်အလား ပြင်းထန်သော အဟုန် ဖြင့် နောက်သို့ ဆုတ်ခွာ၍ သွား ကြလေရာ ရေများ ဆုတ်ခွာ၍ သွားသောနေရာများ ၌ အသူတရာ နက်သော ချောက်ကြီးများ နှင့် စုလစ်မွမ်းချွန် အထွတ် အတက်တွေ လို မှတ်ထင်ရသော တောင်ကြီးကမ်းကြီး များ ပေါ်ပေါက်၍ လာသည်ကို မြင်ရလေသတည်း ။
ထိုအခါ အဘိုးကြီး က “ မြေ ကို ရေမျို ၊ ရေ ကို မြေ သောက် ၊ သွေ့ခြောက် တစ်ဖန် ပြောပြန် တစ်လှည့် ၊ ဖြစ်သည် ဓမ္မတာ အိုတဲ့ပြောင်းလဲခြင်း သဘောတရား ဟာ အံ့တစ်ပါးမ ဟုတ်ပေလား သူဌေးကြီး ” ဟု မေးလေ၏ ။
သူဌေးကြီး သည် အတိုင်းမသိ ကြီးလှစွာသော အံ့သြခြင်း နှင့် မိမိ ၏ အောက် ၌ မြင်ရသော လောကဓာတ် ၏ ခမ်းနားခြင်း ကို ကြည့်ကာ စကား ပြန်၍ မပြော နိုင်ဘဲ နေလေသတည်း ။
ထိုမှ တစ်ဖန် ဆက်လက်၍ ကမ်းခြေ ခရီး ဖြင့် နှင်ပြန်လေရာ ပင်လယ် သည် ဝေး၍ ကျန်ရစ်လေလျှင် အလွန်ကြီးကျယ်သော ကျောက်အတိ ပြီးသည့် မြို့ကြီး နှစ်မြို့ နှင့် ညိုညိုမှိုင်းမှိုင်း မြူမင် ဆိုင်းသော တောင်တန်း ကြီး ကို မြင်ကြပြန်လေ၏ ။
မကြာမီ ထို တောင်ထိပ်ကျောက်ဆောင် အထွတ် ပေါ်၌ ရပ်နားကြ ပြီးလျှင် မြို့နှစ်မြို့ကို ကြည့်၍ နေကြ လေ၏ ။
အဘိုးကြီး က “ သည် မြို့မှာရှိတဲ့ လူသတ္တဝါတွေ ဟာ မစင်ဘင်ပုပ် နဲ့ တူတဲ့ လောက စည်းစိမ် ထဲ မှာ ပိုးလောက် တွေ မြူး သလို မြူးပြီး နေကြသည့် အတွက် နတ်များဟာ သူတို့ ၏ အနံ့ဆိုး ၊ ယုတ်မာတဲ့ အခိုး ကို မခံနိုင် သဖြင့် ဖြိုဖျက်ရန် စည်းဝေးဆုံးဖြတ်ထားတဲ့ နေ့ ဟာ ယနေ့ မွန်း တည့် အချိန်ပဲ ။ ကြည့်စမ်း ၊ သူဌေးကြီး ခရီး မဆုံးမီ ပွဲကြီး တစ်ပွဲ ကို ကြည့်ရဦးတော့မှာပဲ ” ဟု ပြော နေဆဲတွင် အနောက်ဘက် မှ ဆန်ကောခန့် ပမာဏ ရှိသော တိမ်စု သည် တက် ပေါ် ၍လာပြီး လျှင် အတောင် ကို ဖြန့်သည့် အလား မည်းချိတ်သော အမိုးကြီး ပမာ မြို့ကြီးနှစ်မြို့ကို လွှမ်းအုပ် လိုက်လေသတည်း ။
ထို့နောက် ညဉ့် ကဲ့သို့ ဖြစ်ကာ မြို့ နှစ်မြို့ ပျောက်ကွယ်၍ သွားပြီးလျှင် လျှပ်ပန်းလျှပ်နွယ် တို့ ပြိုးပြိုးပြက် ကာ လေမိုး ဆင်၍ လာလေရာ ချုန်းထစ် ကြုံးဝါးသော မိုးကြိုးသံ သည် ပြင်းထန်သော အာဏာ နှင့် မြို့ နှစ်မြို့ကို ခြိမ်းခြောက် ဟန် ပြုပြီးနောက် လေသည် တိုး၍ ပြင်းလေ၏ ။ မိုးချုန်းသံ တို့သည် အစ ၌ ရပ်ကာ နားကာ ပေါ်လာ ကြ၏ ။ တဖြည်းဖြည်း ဆက်ကာဆက်ကာ သာ ချုန်း ထစ်ပစ်ခတ် လေ၏ ။ ထို့နောက် တောင်ကြီး ပါ သိမ့်သိမ့် ခါ၍ ပြိုတော့မည့် လက္ခဏာလို မြည်တွန် လှုပ်ရှားသော အသံကြီး လည် ၍ လာပြီးနောက် မြေငလျင် တော်လည်း မိုးကြိုး က သည်း ပြီး လျှင် မြို့အထက် ကောင်းကင် ၌ မီးလုံး ကြီးများ ကူးယှက်ပျံသန်း၍ လာသည် ကို မြင်ရလေ သတည်း ။
မကြာမီ မြို့ကြီး နှစ်မြို့မှ ယမ်းအိုး ပေါက်သလို မီးတောင်ကြီး နှစ်လုံး ဟုန်းခနဲ ပေါက်ထွက် လေရာ
ထောင်သောင်း မက သော လူတို့သည် ဆူကာ ညံကာ တောင်ခြေ သို့ ပြေး၍ လာကြသည်ကို မြင်ရလေ သတည်း ။
မကြာမီ မီးငြိမ်း၍သွားသောအခါ ကြီးကျယ်သော မြို့ကြီး နှစ်မြို့ ၏ နေရာ၌ မျက်စိ အဆုံးမြင်ရသော မည်း နက်သော ရေလှိုင်းတို့ သည် ထကြွသောင်းကျန်း၍ နေ သလို မြင်ရလေ၏ ။
အဘိုးကြီး က “ အင်မတန် ယုတ်မာ ဆိုးသွမ်းသည့် အတွက် မြို့ရွာ လူပါ မီးလောင်တိုက် အသွင်းခံရတဲ့ ဆော်ဒေါ် နှင့် ဂေါ်မော် ဆိုတဲ့ မြို့ နှစ်မြို့ဟာ တခြား မဟုတ်ဘူး ။ သည် မြို့များ ပဲ ။ ကိုင်း သွားကြဦးစို့ ” ဟု ပြောကာ တောင်ဝှေး ကိုပေးပြီး နှစ်ယောက် သား ကောင်းကင်ခရီး ဖြင့် ဆက်လက်၍ သွားကြပြန်လေ သတည်း ။
ထိုကဲ့သို့ သွားရာ သွေ့ခြောက်ပျက်စီး ကျိုးတိုး ကျိတ်ရှိနေသော တောကြီး နှင့်သွေ့ခြောက်သော တောင် တန်းများမှာ ရေပတ်လည်ဝိုင်း၍ နေသည် ကို မြင်ရလေ လျှင် အဘိုးကြီး က “ သည်ကျွန်း ဟာ ရှေး လွန်ခဲ့တဲ့ နှစ် ပေါင်း ၇၀၀၀ ခန့် အခါက အင်မတန် ဘုန်းတန်ခိုး ကြီးကျယ်ပြီး ကမ္ဘာ ကို လက်နက်နဲ့ စိုးမိုး အုပ်ချုပ်ခဲ့တဲ့ အင်္ဂလန်ကျွန်းကြီး ပေါ့ သူဌေးကြီး ရဲ့ ။ ဘယ်လိုပင် လက်နက် စွမ်း သော်လည်း သင်္ခါရ ကိုတော့ ခုခံလို့ မရ ၊ တစ်နေ့ သ၌ ပျက်စီးရခြင်းပဲ ” ဟု ပြောလေ၏ ။
ထိုအခါ သူဌေးကြီး သည် အဘိုးကြီး ၏ အံ့ဖွယ်သော စကား ကို နားထောင်ကာ သင်္ခါရ သင်္ခါရဟူ၍သာ စဉ်းစား၍ နေလေ၏ ။
“ ကိုင်းပြန်ကြစို့ရဲ့ သူဌေးကြီး ။ ကျုပ် တို့ လာလိုက် တာ ခရီး အတော် ကြာပြီ ။ သူဌေးကြီး နေတဲ့ ရန်ကုန်မြို့ တော် ရှိ သေးရဲ့ လား မသိဘူး ။ မရှိရင်လည်း ဘာ ပူစရာ ရှိသလည်းလေ ။ ကျုပ်နဲ့ အတူနေတာပေါ့ ” ဟု အဘိုးကြီး က ပြောလေရာ သူဌေးကြီး က “ ကိစ္စ မရှိပါဘူး နတ်မင်း ။
ဤမျှလောက် အံ့ဖွယ် ရာတွေကို မြင်ရမှ ဖြင့် ကျွန်ုပ် ၏ စည်းစိမ်ကလေးများ ဟာ နှမြောလောက် မယ် မဟုတ်ဘူး ” ဟု ပြော၍ စကား မှအဆုံးမသတ်သေးမီ ကြီးစွာသော ဘုရား ငုတ်တိုကြီး တစ်ခု ၏ ကုန်းပေါ်သို့ ကျရောက်၍ လာကြလေသတည်း ။
“ ဒါ ဘယ်လို အရပ်လဲ နတ်မင်း ”
“ ဒါ ရန်ကုန်မြို့ဟောင်း ပေါ့ ။ ခု မရှိဘူး ၊ အင်္ဂလိပ် မင်းများ လက်အောက် က လွတ်ပြီး နှစ်ပေါင်း ၅၀၀၀ နီးနီး ပြောင်ပြောင်ညီးညီး နဲ့ အလွန်တရာ တန်ခိုး ကြီးခဲ့ တာပေါ့ ။ အခု ဘယ်ပုံ ဖြစ်နေတယ် ဆိုတာကို ကြည့်စမ်း ။ ဇနပုဒ်ရွာငယ် တံငါသည်ကလေးများ သာအနည်းငယ်မျှ အခုတော့နေထိုင် လျက်ရှိကြတော့တာပဲ ”
“ သည် တံငါသည်တွေ က ဘာ လူမျိုးတွေလဲ ”
“ အရိုင်းအစိုင်းတွေ ပေါ့လေ ။ ရှေးက မြန်မာများ ပြော တဲ့စကား အရိပ်အယောင်ကလေးများ တော့ နည်းနည်း ပါးပါး ကျန် ပါသေးရဲ့ ။ သို့သော်လည်း မြန်မာ တော့ မဟုတ်ဘူး ”
“ နို့ မြန်မာလူမျိုးများ က ဘယ်ကို ရောက်သွားကြသလဲ ”
“ နေရာ ရွှေ့သွားကြပြီ ၊ သို့သော်လည်း မြန်မာ စကား တော့ မရှိတော့ဘူး ။ အခုကာလ ကြီးကျယ်လျက်ပါပဲ ” ဟု ပြော၍ နေစဉ် ခပ်လှမ်းလှမ်း ရှိ တောင်ကမူ အပေါ်၌ အဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ကာ ကျောက်ဆောင် တစ်ခု ပေါ်တွင် ဆံပင် ကို ဖားလျားချလျက် ထိုင်၍နေသော အလွန် ဖြူစင် သန့်ရှင်းလှပသော မိန်းမ တစ်ယောက် ၏ သဏ္ဌာန် ကို မြင်ရလေ လျှင် သူဌေးကြီး သည် စိုက်ကာ ကြည့်၍ နေလေ၏ ။ သို့ကြည့်၍ နေလေရာ ထို မိန်းမ သည် ညဉ့်ဦးယံ က အိမ်မှ ဆင်း၍ သွားသော မိမိ ၏ ဇနီးသည် ဖြစ်သည် ကို သိရလေ၏ ။
သူဌေးကြီး သည် သိလျှင် သိချင်း အားရဝမ်းသာ လှမ်း၍ ခေါ်လေ၏ ။ ခေါ်သော်လည်း အလွန် ဣန္ဒြေ ရှိ သောသဏ္ဌာန် သည် သူဌေးကြီး ကို ပြန်၍ မကြည့် ၊ အဝေး ကို ရှု၍သာ နေလေ သတည်း ။
သူဌေးကြီး သည် တောင်ကုန်း ပေါ် မှ ပြေး၍ ဆင်း ကာ မိမိ ၏ မိန်းမ ထိုင်၍ နေသော နေရာ နှင့် မနီးမဝေးသို့ ကပ်သွား ပြီးလျှင် မိမိ ထက် မြင့်သော နေရာ ၌ ထိုင်၍ နေသော မိန်းမ အား ထပ်မံ၍ ခေါ် လေ၏ ။ “ မင်း ငါ့ ကို စိတ်နာ လို့ ပြန်ပြီး မထူးဘဲ နေ သလား ။ ငါ မှားပါပြီကွဲ့ မိန်းမ ရဲ့ ။
ငါ မင်း ကို ဝန်ချဖို့ လာ ပါတယ် ။ တစ်ဆိတ်ကလေး ခေါင်း ငဲ့လို့ ကြည့်စမ်းပါဦး ” ဟု တောင်းပန်လေ၏ ။
ငြိမ်သက်သော သဏ္ဌာန်သည်ကား မလှုပ်မရှား ဘဲနေလေ၏ ။
ထိုအခါ သူဌေးကြီး သည် ရှေ့ကို မတိုးဘဲ မြေပေါ် ၌ ထိုင်ကာ ၊ လက်နှစ်ဖက် ကို ဆန့်ကာ “ မခင်စော ရဲ့ မင်း ဘာပြုလို့ သည်လောက်တောင် စိမ်းကားရတာတုန်းကွဲ့ ။ ငါ ဝန်ချ ပါပြီ ၊ ငါ မှားပါပြီ ၊ ငါ့ ကို မင်း အခွင့် မလွှတ်တော့ ဘူးလား ” ဟု အတန်တန် တောင်းပန်လေရာ မခင်စော သည် ၎င်းကို လှည့်၍ ကြည့်လေ၏ ။ သို့ ပင် လှည့်၍ ကြည့်သော်လည်း သူဌေးကြီး ကို မမှတ်မိ ၊ အနည်းငယ်မျှ မသိသော အမူအရာမျိုး နှင့် မျက်နှာ ကို ပြန်၍ လှည့်သွားပြီး လျှင် မိမိ မျှော်မြဲတိုင်း အဝေး ကို သာ မျှော်၍ နေလေ သတည်း ။
ထိုအခါ သူဌေးကြီး သည် ငိုကြွေးလျက် ပုဆိုးစ နှင့် မျက်နှာ ကို သုတ်ကာ တောင့်တ ချစ်ခင် အလွန်ခင်မင် သော မျက်နှာ နှင့် မခင်စော ကို ထပ်မံ၍ မခေါ်ဘဲ ကြေကွဲသော နှလုံး နှင့် မျက်ရည်တွေ စီးလျက် ကြည့်၍ သာနေ လေရာ အဘိုးကြီး သည် အပါး သို့ ကပ်ကာ ပခုံး ကို ပုတ်လျက် “ သူဌေးကြီး သားမယား လည်း သင်္ခါရ ပဲ ။ စိတ် လည်း သင်္ခါရ ပဲ ။ သတိဉာဏ် ကလည်း သင်္ခါရ ပဲ ။ သူဌေး ကြီး ကို သူ မမှတ်မိဘူး ။ လာ သွားကြစို့ ” ဟု ပြော၍ ဆွဲလေ ရာ သူဌေးကြီး က “ နတ်မင်း ကျွန်ုပ် မလိုက်တော့ဘူး ။ ကျုပ် မယား ကို ကြည့်ရင်း သည် နေရာ မှာ ပိုးပုရွက်ခြစားခံ ပြီး သေတော့မယ် ” ဟု ပြောခိုက်တွင် အဘိုးကြီး က ပခုံး ကို နာနာ ပုတ် ကာ “ ထ .. ထ မဟုတ်တာပဲ ” ဟု တအား ဆွဲ၍ ထူ လိုက်လေရာ သူဌေးကြီး ထ၍ အလာ တွင်
“ ဘယ့်နှယ်လဲ ဦးလေး ရဲ့ ၊ ဦးလေး ဘယ့်နှယ် လုပ် တာလဲ ညကြီး မှာ သည်လိုပဲ မခင်စော ကို တစ်ယောက် တည်း လွှတ် လိုက်တာ ဘာကောင်းသလဲ ထ ပါ ။ အမယ်
လေး သူ့ မှာ တော့ အိပ် နေလိုက်တာ ” ဟု ပြောသော သူဌေးကြီး ၏ သူငယ်ချင်း ဒေါ်ညွန့် ၏ အသံ ကို ကြားရ သဖြင့် သူဌေးကြီး သည် မျက်နှာ ကို ပွတ် ကာ တောင်မြောက် လေး ပါး ကြည့်ပြီး မနည်းကြီး စဉ်းစားပြီး မှ ကု,လားထိုင် မှ ထကာ “ မခင်စော ” ဘယ်မလဲ ဟု မေး လေ လျှင် ဒေါ်ညွန့် က “ အခန်း ထဲ မှာ တော့ အခန်း ထဲ မှာ ” ဟု ပြောသောကြောင့် သူဌေးကြီး သည် ကပျာကယာ ပြေးဝင်၍ လိုက်သွားပြီး သူဌေးကတော် ကို မြင်လျှင် မြင်ချင်း ပွေ့ကာ ခုတင် ပေါ် သို့ တင်ပြီး “ မယ်မင်းကြီးမ နောက် တစ်ခါ သည်လို မလုပ် ပါနဲ့ ။ ငါ့ ကို မင်း သ,တ်မလို့လား ” ဟု ပြောပြီး ...
ထိုနေ့မှ စ၍ သူဌေးကြီး သည် မယား အား သော့ အပ်ပြီး နေ့စဉ်နေ့တိုင်း ဆင်းရဲသားတွေ ကို ပေးကမ်းစွန့် ကြဲ ကာ ဒါန ကုသိုလ် ကို အမြဲ ပြုလျက် စွန့်လွှတ်ခြင်း ၏ အေးချမ်းလှသော သုခစည်းစိမ် ကို အမြဲ ခံစား၍ နေလေ သတည်း ။
◾ပီမိုးနင်း
📖 ကဝိမျက်မှန်မဂ္ဂဇင်း
အတွဲ ( ၂ ) ၊ အမှတ် ( ၃ )
ဇွန် ၊ ၁၉၂၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment