( ၁၂ )
“ အနုဝင်္ကပါ ” ကို “ အကြမ်း ဝင်္ကပါ ” ဟူ၍ လည်းကောင်း “ ဒေါသ ၀င်္ကပါ ” ဟူ၍ တစ်နည်း “ သေခြင်းဆိုး ဝင်္ကပါ ” ဟူ၍ တစ်ဖုံ တစ်စုံ တစ်ရာ နာမည် ထိပ်စီး ပြောင်းရ ကောင်းလေ မည်လား မသိ ။
သာဓု အလွန် ဒေါသ ထွက် ရသည် ။ အကြီးအကျယ် စိတ် ဆိုး ရင်း ရေး နေ ရသည် ။
အမှန်ကမူ လုံးဝ ဘာမျှ မရေးဘဲ နေ လိုက်လျှင် ပို ကောင်းချေမည် ဖြစ် သော်လည်း သေခြင်းဆိုး အယ်ဒီတာတွေ ၊ စာပြင်ဆရာတွေ ၊ ပန်းချီဆရာ တွေ ကို သောက်မြင်ကတ် သည် ထက် စာရှုပရိသတ် ကို တစ်ဖက် က ငဲ့ ရသေးသည် ။ စင်စစ်အားဖြင့် လည်း သာဓု သည် ဤ အခန်းဆက် ဆောင်းပါး စသည် လစဉ် တာဝန် ရှိသော အလုပ် ကို မ လုပ်လို ၊ ဝတ္ထုတိုလေး ရေး ပေးလိုက် ၊ မရေး ချင် သည့် လ လွတ်လပ်စွာ အနား ယူ လိုက်ဖြင့် အချုပ်အချယ် ကင်းကင်း နေ လိုသည် ။
သို့တိုင် သားကြီး တစ်ယောက် လို ချစ်နေရသော အောင်ပြည့် ( သေ, ခြင်းဆိုးအယ်ဒီတာ ) ၏ အတုပ် အနှောင် မိ ကာ ယခု ထိ မှန်မှန် ရေး ပေး နေရသည် ။ မရေးချင် လည်း ရေး ၊ ရေးချင် လည်း ရေး ၊ အချိန် တန် လျှင် တယ်လီဖုန်း သံ ညံ လာတော့သည် ။ ဆောင်းပါး တောင်းသံ ။
ကောင်းသည် ဟု ပရိသတ် က ဂုဏ်ပြု လျှင် သာဓု စိတ်ပါ၍ ဒီလ, သိပ် မနိပ် ဆိုက သာဓု စိတ် မကြည်သာ၍ ရေးချင် စိတ် မရှိ တရှိ ။
အိမ်း ... ယခု လ ။
( ဆရာရေ့ နှစ်ပတ်လည် အထူးထုတ် နော် ၊ ကောင်းကောင်း လေးနဲ့ .. ဟဲ ... ဟဲ စောစောလေး ပေးပါဗျ )
အမှတ် ( ၁၂ ) အတွက် ပေးပြီး သည် နှင့် သြဂုတ်လ အထူး အတွက် သွက်သွက်လော တောင်းချေ တော့သည် ။ သာဓု က လည်း စိတ်ကလေး ကြည် နေခိုက် ၊ ရေးချင်စိတ် ဖွား နေခိုက် ၊ အကြောင်းအရာ လည်း အသင့် ရှိနေခိုက် ဖြစ်၍ အမှတ် ( ၁၁ ) ( ၁၂ ) ကို ပြန် ဖတ်ရန် လှန် လိုက်သည် ။
အမှန်အတိုင်း ဆိုမူ သာဓု သည် စာမူ တစ်ခုခု ရေး ပြီးလျှင် ပြန်ဖတ် ။ ပြန်ပြင် လုပ်ရမည် လောက် စိတ် မပါသော အလုပ် ၊ အခြား မရှိ ။ သို့သော် ( စာ ) ကို သာဓု လေးစားသည် ။ တပည့် သားသမီး တစ်ယောက် ယောက် ကို စာမူ ဖတ် ခိုင်းသည် ။ စာမှား စာကျန် နှင့် အဓိပ္ပာယ်, မရှင်းသည် ကို ထောက်ပြ ခိုင်းသည် ။ ခိုင်းစရာ လူ မ ရှိသည် နှင့် ကြုံသော် သာဓု ပင် ပြန် ဖတ်ရသည် ။ သေချင်စော် နံ ရသည် ။ “ အနုဝင်္ကပါ ” တွင် မူ အစ မှ ယခု အထိ ( သားကြီး ရေ ကြည့် လုပ်လိုက်ကွာ ) ဟု အောင်ပြည့် ကို တာဝန် တင် ရသည် ။
အကြောင်းအရာ ထပ် သွား မည် စိုး၍ အမှတ် ( ၁၁ ) ကို ပြန် ဖတ်မိသည် တွင် မှ ခွေးတိ,ရစ္ဆာန် အောင်ပြည့် ၏ အမှား ကို “ ဘွား ” ခနဲ တွေ့ ချေတော့သည် ။
ယင်း ချယ်ရီ အမှတ် ( ၁၁ ) အနုဝင်္ကပါ တွင် ရုပ်ရှင် ထုတ်လုပ်ရေး မှတ်ပုံတင် ကို ( ဆီ စာအုပ် ငှား သကဲ့သို့ ) ငှားစား နေကြသည် နှင့် ပတ်သက်၍ သာဓု မြက်မြက်ကလေး ရေး လိုက်ပြီး အဆုံးသတ် တွင် ဤလို ခပ်ပေါ့ပေါ့ ငှားစား နေ၍ မဖြစ်သင့်သော ပြဿနာများ ပေါ်ရသည် ကို ...
“ အေး ၊ ဒီ ကောင်တွေ ငွေ သုံးပြီး ရှောင် နေတော့ ပင်ရင်းကုမ္ပဏီ ကို လာ ပွက်ကြရော ဆိုပါတော့ ”
“ ဒီအတိုင်း ဖြစ်နေတာပေါ့ ဆရာ ”
“ နို့ ... အစ ကတည်း က ငှားခ ရ ပြီး ရော ဆိုပြီး ဘာကြောင့် မျက်နှာလွှဲ ခဲ ပစ် လုပ်သလဲ ခံကြပေါ့ ”
စသည် ဖြင့် နိဂုံး ချုပ် လိုက်ပါလျက် မဂ္ဂဇင်း ထဲ တွင် မူ အထက်ပါ အပိုဒ် အစ ( နို့ ... ) အစား ( တို့ ) ဟု မှားယွင်း ရိုက်နှိပ်ထား သောကြောင့် သာဓု ( ဒိုင်း ) ခနဲ ဒေါသ ထွက် ရချေတော့သည် ။ ပါးစပ် ကလည်း တဖျစ်တောက်တောက် ဆဲဆို နေမိ ချေ၏ ။
အထက်ပါ အမည်း နှင့် စီထား သော စာပိုဒ် ကို ပြန် ဖတ် ကြည့်ကြပါ ကုန် ။ ( နို့ ) နေရာ တွင် ( တို့ ) ဖြင့် အစားထိုး ဖတ်ကြည့်ကြပါကုန် ...
“ တို့ အစ ကတည်း က ငှားခ ရပြီး ရော ဆိုပြီး .. ”
ဤ အထိ တွင် အဓိပ္ပာယ် ကောက်ချက် ချကြည့်ပါ ။ ငှားခ ရ ပြီးရော ဆိုသည့် ငှားစားကြသူများ အထဲ တွင် သာဓု ပါ ပါနေသည့် သဘော သက်ရောက် သွားချေပြီ ။ တစ်ဖန်
“ ဘာကြောင့် မျက်နှာလွှဲ ခဲပစ် လုပ် သလဲ ခံကြပေါ့ ... ”
ရှူပါ ။ ဤ ဝါကျ မှာ သာဓု က ငှား စားသူများ ကို ပြောသည့် လေသံ ဖြစ် ရာ အထက်ပါ ဝါကျ နှင့် ဆက်လိုက် သော် ဇောက်ထိုးမိုးမျှော် မှား နေသည် ။
ဤ အမှား ကို ခွေ!,း မသား အောင်ပြည့် မသိ သလော ။ သေ,ချ င်းဆိုး စာစီ ဆရာ ၊ ကာလနာ စာပြင် ဆရာတို့ မြန်မာစာ အဆက်အစပ် မတတ် ကြ ၍ မဟုတ်တန်ရာ ၊ ပေါ့ဆဆ လုပ် ကြသည့် သောက်ကျင့် ပါနေကြဟန် တူ၏ ။ တစ်ခါကလည်း သူတို့ ပင် မှား ကြသေးသည် ။
အဒေါ်ကြီးတစ်ယောက် နှင့် စကား ပြောရာ တွင် သာဓု က ...
“ အဲ - အဲ - ဆိုပါဦး ”
ဟု ပြောသည့် သဘော ရေး လိုက်သည် ကို ..
“ ဟဲ ... ဟဲ ... ဆိုပါဦး ”
ယင်းကဲ့သို့ မှားစီ ရိုက်နှိပ် လေရာ .. သာဓု က ပင် သွား ဖြဲ၍ ( ဟဲ ... ဟဲ ) လိုက်သလို ပေါကြောင် ကြောင် ဖြစ် သွားရသည် ။ ချက်ချင်း ဖုန်း ကောက်ဆက် လိုက်သောအခါ အောင်ပြည့် က လည်း ( ဆောရီးဆရာ ... ဟဲ ... ဟဲ ) လိုက်ချေသေးသည် ။ မသာလေး ...။
ဤလို ဆောရီးမျိုး ကား ခံရပေါင်း များ ချေပြီ ။ အကြောင်းအရာပေါင်း လည်း မရေတွက် နိုင် အောင် စုံ လှ ချေပြီ ။ မေ့ကုန်ပြီ က များ သည် ။ အချို့အချို့သော အမှားများ ကို ခွင့် လွှတ် နိုင်ဖွယ် ရှိသော်လည်း ဤ ဆောင်းပါး အစ၌ ( နို့ ) နှင့် ( တို့ ... ) မှားသည့် အဖြစ် ကို ကား သာဓု သည်း မခံနိုင် ။ စာရှုသူ ပြန် ဖတ်ကြည့် ပါ ။ အဓိပ္ပာယ် ပါစင်အောင် လွဲ နေသည် ကို တွေ့ရပါလိမ့်မည် ။
သာမန်ကာ လျှံကာ အား ဖြင့် စာစီ ဆရာတို့ က စာ မေ့ကျန်ခဲ့ခြင်း ၊ ပို သွားခြင်း ၊ သတ်ပုံမှားခြင်း တို့ ကို စာ ရှုသူတို့ က ပြင်ဆင် ဖတ်ရှုလေ့ ရှိကြ သည် ။ သို့သော် ... ဝတ္ထု တစ်ပုဒ် ၌
“ ည က ရှင် ... တစ်ညလုံး မအိပ်ရ ဘူး မိုးစင်စင် လင်းရော ... ”
“ အကြောင်း က ... ”
“ ဟာ ... မိုးသဲသဲမဲမဲ ရွာ နေတုန်း ကျွန်မ သမီးလေး လင်နောက် လိုက် သွား တယ်လေ ... ”
“ အဲ ... အဲ ... အဲဒါ ကျွန်တော် မလို့ပဲ ... ”
အမှန် မှာ ( ကျွန်တော် မေးမလို့ ) ဟု ရေးရန် ဖြစ်သော်လည်း စာရေးဆရာ က ( မေး ) စာလုံး ကျန်ခဲ့ သဖြင့် ( ကျွန်တော် မလို့ ဖြစ်သွားရာ ) သမီး လင်နောက် လိုက်သည် ကို အိမ်နီးချင်း က ( မ,စ, ) လိုက်သလို အဓိပ္ပာယ် ပွင့် သွား ချေတော့သည် ။
ဤလို ကိစ္စမျိုး၌ စာစီဆရာ အကင်း ပါးရန် လိုသည် ။ ဗဟု သုတ ကြွယ်သင့်သည် ။ အထူးသဖြင့် စာပြင်ဆရာ အယ်ဒီတာ တို့ က ပို လျှင် နုတ် လိုအပ် က ဖြည့် စသည့် စာပေဉာဏ်ကလေး ကွန့်မြူးစေ ချင် သည် ။ ဤသည် မျိုး ကို ဝတ္ထု ဖတ်ခါ စ တို့ ( ပြင် ) ဖတ်ရန် လွယ်ကူလှမည် မ ထင် ။
တစ်ကြိမ် က ကြုံခဲ့ရချေသေးသည် ။ သာဓု ၏ ရုပ်ရှင်စက်အဖွဲ့ ကို အငှား ယူ ရိုက်ပြီး ငွေ ၄၀၀၀ ကျော် မပေး သောကြောင့် သာဓု က ရုပ်ရှင်ကောင်စီ သို့ တိုင်လျက် ထို ငွေများ တောင်း ပေးရန် မေတ္တာရပ်ခံသည် ။ ငွေ ပေးရမည့် သူ က အကြောင်း အမျိုးမျိုး ပြပြီး ရက်ချိန်း သာ တောင်း နေခဲ့သည် ။
သုံးလေးလခန့် ကြာသော အခါ သာဓု သည် ရုပ်ရှင်ကောင်စီအသစ် ဖွဲ့ ရာ တွင် အဖွဲ့ဝင် အဖြစ် ပါ သွားလေ ရာ ထိုငွေကြေးငွေ ကိစ္စ ( ပြဿနာ ပြေလည်ရေးအဖွဲ့ ) ဆပ်ကော်မတီ အနေ ဖြင့် သာဓု က ပင် ပြန် စစ်ဆေးရ မည့် ကိန်း ဆိုက်လာသည် ။
သဘော အဓိပ္ပာယ် မှာ သာဓု ၏ ငွေ ရလိုမှု ကို သာဓု က ပင် တရားသူကြီး လုပ်ပြီး စစ်ဆေး အမိန့် ချရ ချေတော့ မည် ၊ မကောင်း ၊ လုံးဝ မသင့်လျော် သောကြောင့် အနီးကပ်ဆုံး စည်း ကော်မတီ အစည်းအဝေး တွင် ...
( သာဓု တိုင်တန်း ထားသော ငွေကြေးပြဿနာ ကိစ္စ ကို ပြန်လည် ရုပ်သိမ်းပါကြောင်း ။ )
စသည် ဖြင့် စာ ရေးပြီး အဆို တစ်ရပ် အဖြစ် တင်သွင်းလိုက် ရာတွင် နောက်တစ်ကြိမ် အစည်းအဝေး ၌ ထိုမှတ်တမ်း ထွက် လာသော အခါ ..
( ဦးသာဓု ကိုင် ထားသော ကြေးငွေ ကိစ္စ ကို ဦးသာဓု က ပြန်လည် ရုပ်သိမ်း ... )
အစ ရှိသည် ဖြင့် ကြီးကျယ် ခမ်းနားစွာ ( စာ အမှား ) ဖြင့် ရင်ဆိုင် လိုက်ရချေသည် ။
စာရှုသူ လေ့လာကြည့်ပါ ။ ( တိုင် ) ထားသော အမှု နှင့် ( ကိုင် ) ထားသော အမှု ။ ထို နှစ်ခု ၏ အဓိပ္ပာယ် ခြားနားချက် အဘယ်မျှ ပိုးစိုးပက်စက် ဖြစ် သွား ပါသနည်း ။ စာရှုသူ သိ ပါသည် ။
တော်ပါသေး၏ ။ အစည်းအဝေး မှတ်တမ်း တွင် မှား သဖြင့် အဖွဲ့ဝင် ( ၁၅ ) ဦး သာ သိ လိုက်ကြသည် ။ သတင်းစာ တွင် သာ မှား ချေက ... ( မြတ်စွာဘုရား ... )
စာ မှားမည် ကို သာဓု အလွန် ကြောက်သည် ။ စိုးရိမ်မှု ပိုသည် ဆို ပါစို့ ... ။
ထို့ကြောင့် ပင် သာဓု ဘာ ရေးရေး ၊ မင်ခံစက္ကူဖြင့် မိတ္တူ ထား၍ ရေးသည် ချည်း ဖြစ်၏ ။ စာမျက်နှာ နံပါတ် ကို အထူး ဂရုစိုက် သည် ။ မ ကြိုက်၍ ဆုတ်ပစ်သော စာမျက်နှာ သည် ( ၁၉ ) ဖြစ်ပါက နောက် ဆက် ရေးသော စာမျက်နှာ ( ၂၀ ) ထိပ် တွင် စာမျက်နှာ ( ၁၈ ) မှ အဆက် ဟု မင်နီ ဖြင့် ဖော်ပြရ မှ ကျေနပ် စိတ်ချသည် မှာ သာဓု ဝါသနာ ။
စာလုံးပေါင်း ကိစ္စများ လည်း အရေးကြီး ကြီး သလို ပို၍ ရှင်း စေရန် ဘေးနား တွင် ထပ်ဆင့် ရေးပြ လေ့ ရှိ၏ ။
“ ကိုယ့် မယား ကိုယ် ချစ်တာ ”
နှင့် ( ကိုယ့် မယား ကို ချစ်တာ ) အဓိပ္ပာယ် ကွဲပြားသကဲ့သို့
“ သွား ... ခိုင်းတာလုပ် ”
နှင့် ( သွား ခိုင်းတာလုပ် ) သည် လည်း အလွန် ခြားနားလှသည် ။ အတော်များများ သော စာစီဆရာ တို့ ( စာပြင်ဆရာတို့ နှင့် အယ်ဒီတာ တို့ အပါအဝင် ) ဉာဏ်သစ်လောင်း သော မွမ်းမံသင်တန်း လော တစ်ခုခု ကား လုပ်သင့်ကြပြီ ထင်၏ ။
တစ်ခါတစ်ရံ ဤလို ( ... ) မျဉ်း စက်ကလေးက အဘယ်မျှ တာ သွား သည် ကို အလေးအနက် စဉ်းစားကြ စေချင်သည် ။
“ မောင် ... နွဲ့ မေးနေတယ် လေ ”
(မောင်နွဲ့ မေးနေတယ်လေ ) အချို့ နေရာများ တွင် ပုဒ်ကြီး ပုဒ်ကလေး တို့ က ဝင် ရှုပ်ကြ ပြန်သေး သည် ။
“ နေမကောင်းဘူးလို့ တော့ ပြော တယ် ၊ အင်း ၊ ဒါပေမဲ့ ထူထူ ၊ ထောင် ထောင်ပါပဲ ”
(ဟ ၊ ဟုတ်မှ လဲ လုပ်ပါကွာ ။ ) ( ခက်တာ ၊ ပဲကျွန်မ ၊ မပြောချင် ဘူး ) ဖတ်ရသည့် အရသာ ပျက် လှ သည် ။ ရေး ပြ ရလျှင် ကျမ်း တစ်စောင် ပေတစ်ဖွဲ့ အထိ ချဲ့နိုင်စရာ ရှိ သည် ။
ရှိသေး၏ ။ စာ တစ်ကြောင်း အဆုံး တွင် တစ်လုံးတည်း ကပ် ၍ ( မုန့် ) ဟု စီကာ နောက် တစ်ကြောင်းတွင် မှ ( ဟင်းခါး ) ဆက် စီလေ့ ရှိကြလေသော ကြောင့် ( လမ်းထိပ် မှ မုန့် ) ( ဟင်းခါး ဆိုင် ) ဟု ဖတ် ရသည် မှာ ထောင့် နေ ချေတော့သည် ။
အကယ်တိ ( ဒေါ်တင်ပြုံး ၏ အုန်းနို့ခေါက်ဆွဲ ) ကို စီရာ တွင် ( ဒေါ် တင်ပြုံး ၏ အုန်း ) တွင် ဆုံးသွားသည် ဆိုပါစို့ ၊ နောက် တစ်ကြောင်း တွင် ကား ( နို့ခေါက်ဆွဲ ) ဖြင့် ပြန် စ, စီရ လေတော့မည် ။ ကြည့် မကောင်း ဖတ်၍ လည်း မကောင်းတော့ပါချေ ။ ထို့အတူ ပမာအားဖြင့် သာဓု ငယ် စဉ်က ဖတ်သိခဲ့ဖူးသော ဘုရင် တစ်ပါး နှင့် သခွား ယာတောရှင်တစ် ဦး အကြောင်း ဆိုပါစို့ ... ။ ဘုရင် တောလည် ထွက်ရင်း သခွားယာတော တဲ အတွင်း ဝင် အပန်းဖြေ စဉ် ...
“ အလို သခွာယာတောရှင် ၊ ဘောက်မယ့်ကြောင့် မော်မဖူးတာ တုံး ... ”
“ မှန်လှပါဘုရား ... ကျွန်တော်မျိုးကြီး မျက်မွေးထော်ထော် ၊ မော်မကြည့် လို့ ပါဘုရား ”
ဤလို ရေးလိုက်သည် ဆိုပါစို့ ၊ စာစီဆရာ က ..
( ထော် နှင့် မော် ) အကြားတွင် ( ၊ ) ပုဒ် ကလေးမခံဘဲ ( ထော် နှင့် ထော် ) ကြား တွင် မှား ၍ ( ၊ ) ပုဒ်ကလေး ခံပြီး စီ လိုက်ပါက စာပြင်ဆရာ နှင့် အယ်ဒီတာ တို့ ကလည်း ထိုအတိုင်း လွှတ်လိုက် ချေ က ...
တစ်ဖန် ဖတ်ရှုသူ ကလည်း ( ၊ ) ပုဒ် ကလေး ကန့် ထားသဖြင့် ( ထော် ) တွင် ခေတ္တ ဆိုင်းပြီး မှ ဆက်ဖတ်ချေသော် ...
အိမ်း ၊ စာစီ ရာ ပုဒ်ဖြတ် ရာ တွင် အ ဘယ်မျှ အရေး ကြီးသည် ကား ရှင်း လောက်ပေပြီ ။
တစ်ကြိမ်ကလည်း စာ ( ၄ ) လုံး ပြုတ် ကျန်ခဲ့သဖြင့် ဝတ္ထုတစ်ပုဒ် လုံး ပျက် သွားခဲ့ဖူး၏ ။
သာဓု သည် ( လူ မှန်ရင် နှစ်ကျပ် ခွဲ ) ဟူသော ဝတ္ထု တစ်ပုဒ် ရေး လိုက် ရာတွင် အတိုချုပ် အားဖြင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မှ ကပ္ပိယကြီး တစ်ဦး သည် သူ့ ရှေ့တွင် စီးပွားရေး ကျပ်တည်း ကြောင်း ၊ ငွေ ရေး မပြေလည်ကြောင်း ၊ ပိုက်ဆံ မရှိကြောင်း ပြောသံ ကြားသည် နှင့် ...
“ ဒီလောက်တောင်ပဲလားဗျာ ... လူ မှန်ရင် နှစ်ကျပ်ခွဲ လောက်တော့ ချမ်းသာ ကြပါသေးတယ် ”
ဟူသော စကား ကို အမြဲ ပြောလေ့ရှိ၏ ။
တစ်ဖန် ထိုကပ္ပိယကြီး သည် လကွယ်နေ့ ညတိုင်း ကျောင်းထောင့် တစ်နေရာ ညောင်ပင်ကြီး အောက် သို့ သွား၍ မြေ ကို တူးဆွကာ သူ မြှုပ် ထားသော အုန်းမှုတ်ခွက် ကို ယူ၍ ယူ၍ ကြည့်လေ့ ရှိ၏ ။
ထို အုန်းမှုတ်ခွက် ထဲ တွင် အကြွေ စေ့များ နှစ်ကျပ်ခွဲဖိုး တိတိ ရှိ၏ ။ ရေတွက် ကြည့်၏ ။ ပြန်မြှုပ် ထားခဲ့၏ ။ ထို လှုပ်ရှားမှုကို ဘုန်းကြီးကျောင်းသားကလေးများ က အကဲခတ် စောင့်ကြည့်ပြီး ကပ္ပိယကြီး အလစ် တွင် သွားရောက် တူးဖော် ကြည့်ကြပြီး အားလုံး ဝေယူ ကာ အုန်းမှုတ်ခွက် ကို လွှင့် ပစ် လိုက်၏ ။
နောက် လကွယ် တစ်နေ့ ကပ္ပိယ ကြီး သွား ကြည့် သောအခါ မြေတွင်း ဟောက်ပက် သာ တွေ့ရသောကြာင့် ...
နောင်အခါ သူ့ ရှေ့ ၌ ငွေ မရှိ ကြောင်း ညည်းကြ ၊ ပြောကြ သောအခါ ...
“ အေးဗျာ ... ပိုက်ဆံများ မရှိဘူး ဆို တဲ့ နောက် အုန်းမှုတ်ခွက် ပါ မရှိ တော့ဘူး ”
ဟူ၍ သာ ပြောလေတော့ သတည်း ။
သာဓု ၏ “ လူ မှန်ရင် နှစ်ကျပ်ခွဲ ” ဝတ္ထု အဆုံးသတ် မှာ အထက်ပါ အတိုင်း ဖြစ်သော် လည်း စာစီဆရာ တို့ က ( အုန်းမှုတ်ခွက်ပါ ) ဟူသော စာ ( ၄ )လုံး မေ့ချန် စီ လိုက်လျက် စာပြင် အယ်ဒီတာ တို့ က လည်း ဤ အတိုင်း ရိုက် ချ လိုက်ကြ သောကြောင့် ဝတ္ထုအဆုံး သတ်မှာ ... “ အေးဗျာ ၊ ပိုက်ဆံများ မရှိဘူးဆို တဲ့ နောက် မရှိတော့ပါဘူး ”
ဟူ၍ ဖြစ်သွားရာ ဝတ္ထု တစ်ပုဒ် လုံး ပျက် ရ ချေ တော့သည် ။
စာရှုသူတို့ လေ့လာကြည့်ကြပါ ကုန် ။ အထက်ပါ ဝတ္ထု ကလေး ကို ပြန် ဖတ်ကြည့် ကြပါကုန် ။ အဘယ်မျှ တန်ဖိုး ကျသွား ပါသနည်း ။
“ အုန်းမှုတ်ခွက် ပါ ”
ဟူသည် စာ ( ၄ ) လုံး ပါ မှ သာ လျှင် စာ အရသာ ရှိပြီး ဖတ်သူ လည်း ပြုံး မိ မည် ။ မှတ်မှတ်ရရ လည်း စိတ်ထဲ စွဲသွား မည် ။ အကြောင်း ဆိုက် တိုင်း ပြော စရာ အချက်ကလေး ရ လိုက်ကြမည် ။
ယင်း “အုန်းမှုတ်ခွက် ပါ ” ပြုတ်ကျခဲ့သည် ကြောင့် ဝတ္ထု ပျက်ရုံ မက ရေး သူ ပါ ပေါချာချာ ဖြစ် သွားရချေ တော့သည် ။
ပန်းချီဆရာ တို့ လည်း ထိုနည်း နှင်နှင် ၊ ပေါ့ပေါ့တန်တန် လုပ်တတ် ကြပြန် ကြသေးသည် ။
ယင်း ဝတ္ထု တွင် ပင် ကပ္ပိယကြီး သည် ပိတ်ဖြူပုဆိုး ၊ ပိတ်ဖြူ တဘက် ပတ်ထားသည် ဟု ဆို ထားပါလျက် ( ပန်းချီဆရာ က ကပ္ပိယကြီး အား လည်ကတုံးရှပ် လက်ရှည် ဝတ် ပေး ထားသည် ။ ကျောင်းသားကလေး များ က ချောင်း ၍ အကဲခတ်ပုံ ဖော်ပြသင့်ပါ လျက် ကပ္ပိယ ထက် အသက် ကြီး ရင့်သော လူကြီးများ က လူမိုက် ကြည့် ကြည့် နေ ပုံ ဆွဲ လိုက် သည် ။
စင်စစ် ဝတ္ထုတို - ရှည် ဆောင်းပါး စသည် များ အတွက် ပန်းချီ ရေးရန် သူတို့ အား ( စာမူ ) ပါ ပေး၍ ပန်းချီ အပ် ကြပါလျက် သေသေချာချာ မ ဖတ်ချင်ကြ ၊ ဖြစ်ကတတ်ဆန်းကြ သည် ။
တစ်ကြိမ် က လည်း သာဓု သည် ဝတ္ထုတစ်ပုဒ် တွင် ကားဒရိုင်ဘာလေး တစ်ယောက် နှင့် အိမ်ဖော်မကလေး တစ်ဦး တို့ အဝတ်အစား အဖာအထေး ခပ်နည်းနည်း နှင့် သွား ရင်း လာရင်း ချစ်ကြိုက် သွားရာ မှ နောက်ဆုံး လူကြီးချင်း စေ့စပ်တောင်းဆိုရန် သဘောတူ ဆွေးနွေး ကြကာ အသီးသီး ရင်ဆိုင် ဆုံစည်း ကြသည် တွင် မှ သူတို့ နှစ်ယောက် စလုံး ငွေကြေး ကြွယ်ဝသူ နှင့် အရာရှိ သားသမီးများ ဖြစ် နေကြကြောင်း ( လှည့်ကွက် ) ကလေးဖြင့် ရေး လိုက်ရာ ...
ပန်းချီဆရာ မသာကောင် က ဒရိုင်ဘာ ရော အိမ်ဖော်မကလေး ကိုပါ အဖိုးတန် အဝတ်အစား စိန်ရွှေပါ ဆင် ပေး လိုက်သောကြောင့် ဝတ္ထု မြှုပ်ကွက် မှာ မဖတ်ရသေး မီ က ဖော်ပြထား သလို ဖြစ် သွားရချေသည် ။
အကြိမ်ကြိမ် ဆိုသလို ပင် ဝတ္ထု ထဲ ၌ အသက် ၄၀ ခန့်အရွယ် လူပျို ကြီး ဟု ဆိုထားပါလျက် ၆၀ - ၇၀ ရွယ် ဖြစ် လို ဖြစ် ။ အသက် ၅၀ ရွယ် အမျိုးသမီး ကို ၂၅ အရွယ် ဆွဲ လို ဆွဲ ၊ အလွန် စိတ်ပျက် စရာ ကောင်း လှ သည် ။
အလွန် မကြာသေးသော တစ်ချိန် က သာဓု သည် လေးဘီးတိုင်စီ ကို မူတည်ပြီး ရေး ခဲ့သော ဝတ္ထု တစ်ပုဒ် တွင် ပန်းချီ သေခြင်း,ဆိုး က သုံးဘီးကားစုတ် ပုံ ဖြင့် သရုပ်ဖော် လိုက်ချေ၏ ။
အချို့ ပန်းချီငကြောင် တို့ လည်း ရှိ သေးသည် ။ ဝီလီဂျစ်ကား ကို ဘေး တံခါး တပ်ပေးထားသည် ။ လက်ကိုင်ခလုတ် နှင့် အကျအန ၊ အဘယ်မျှ ပေါ့ဆကြသည် ကို သူတို့ ပင် သိကြမည် မထင် ။
မြန်မာ ပန်းချီဆရာအများ စု ( ဆောင်းပါး ၊ ဝတ္ထု သရုပ်ဖော် ) ခွေးကောင်တို့ သည် နိုင်ငံခြား ရုပ်ရှင် ၊ မဂ္ဂဇင်း ၊ ဂျာနယ်များ မှ ပုံများ ကို သာ ပုံတူ ကူးလျက် မြန်မာ အဝတ်အစား ဆင် ပေး တတ်ကြသည် ။ တစ်ခါတစ်ရံ မြန်မာ ဆင်ယင်မှုမျိုး လည်း မဟုတ် ၊ နိုင်ငံခြား အဝတ်အစား လည်း မဟုတ်သော ကမောက်ကမ အဝတ်အစား ဖြင့် ပုံ ဖော် ကြ ပြန်သေးသည် ။
နိုင်ငံခြား ပုံတူ ကူး လို က ကူးယူ ရေးဆွဲပါ ။ သို့သော် မြန်မာ နှင့် တူစေ ချင်သည် ။ ပီပြင်စေချင်သည် ။ ယခု မူ မြန်မာဝတ္ထု အမည် နှင့် မြန်မာ စာရေးဆရာ အမည် နှင့် ။ သို့သော် ပန်းချီ က ဥရောပတိုက်သား နှာခေါင်းချွန်ချွန် မျက်တွင်းချိုင့်ချိုင့် တွေ နှင့် ဖြစ် နေသည် က များ သည် ။
မြန်မာ ယောက်ျား ၊ မိန်းမကြီး ငယ် ရွယ်စုံ ပုံ ၂၀ စီ လောက် မျက်လုံး နှာတံ ၊ နှုတ်ခမ်း စသည် ဖြ င့် ဓာတ်ပုံ ရိုက်ထားပြီး နိုင်ငံခြားပုံ များ မှ အနေအထား ဟန် ကို ယူ လျက် မြန်မာ နှာခေါင်း ၊ မျက်လုံး ၊ ပါးစပ် တပ် ပေးလျှင် မြန်မာ မဆန်နိုင်ပါ သလော ။
ယခုသော် မြန်မာ စာရေးဆရာ ရေး သော မြန်မာ ဇာတ်ကောင်များ ပါ သည့် မြန်မာ့ဝတ္ထု စာအုပ် အဖြစ် နိုင်ငံခြားသားများ ကို ပြဝံ့ စရာ မရှိအောင် ပုံ ပျက် လွန်းလှသည် ။ လွယ် လွယ် ကူး ချ၍ ရသော ဘောင်းဘီ ချည်း ဝတ် ပေးနေကြသည် ။ အမျိုးသမီးအင်္ကျီ ဘလောက် ( စ် ) နှင့် ဆံပင် အကောက် အတွန့် တွေ သာ လွှမ်းမိုး နေသည် ။
“ ဟေ့ ပန်းချီကောင်တွေ ၊ မင်းတို့ လှန်လှော နေကြတဲ့ နိုင်ငံခြားစာအုပ် တွေ မှာ ကြည့်စမ်း ၊ ယုတ်စွအဆုံး အဲဒီထဲ ပါတဲ့ ကာတွန်းတွေ ကြည့် ၊ အိန္ဒိယ အကြောင်း ရေးရင် တကယ့် အိန္ဒိယ ၊ တရုတ် ဆို တကယ့် တရုတ် ၊ အာရပ် ဆို အာရပ်ရုပ် ၊ ရုရှား နဲ့ ပြင်သစ် တောင် လူမျိုးစရိုက် အဝတ်အစား ပါ ခွဲခြားပြီး တူ အောင် ရေးဆွဲ ထားကြတယ် ၊ တွေ့တယ် မဟုတ်လား ”
“ တို့ မြန်မာ ရွှေပန်းချီ တို့ ကတော့ ဘောက်မယ့်ကြောင့် မြန်မာ ဝတ္ထု ထဲ က မြန်မာ ဇာတ်လိုက် တွေ ကို မြန်မာ နဲ့ တူအောင် မဆွဲကြ တာလဲ ၊ မဆွဲချင် ကြတာလဲ ၊ မဆွဲနိုင် ကြတာလား ၊ မ ဆွဲတတ် ကြ တာလား ”
“ ဟေ့ ၊ ပန်းချီမျိုးမြင့် တို့ ၊ ငွေကြည် တို့ မင်း တို့ ကို ဝေဖန်ရကောင်းလား ဆိုပြီး ငါ့ ကို ဒေါပွ နေရင် နောက် သင်္ကြန် အနုဝင်္ကပါ ကဏ္ဍ အတွက် ငါ့ ပုံ ဆွဲတဲ့ အခါ မဟာဗန္ဓုလ အဝတ်အစား နဲ့ ခါး မှာ လက်ပစ်ဗုံး တွေ ချိတ် ထားပြီး ပခုံး မှာ အေကေ ဖော်တီဆဲဗင်း လွယ်ထား ၊ လက် တစ်ဖက် တစ်ချက် မှာ ကလောင် နဲ့ စုတ်တံ ကိုင် ဆင်းလာတဲ့ သိကြားမင်း ဆန်ဆန် ရေးဆွဲ ၊ အုပ် ထည့် လိုက် ပေါ့ကွာ ၊ စီးကရက် နဲ့ လွယ်အိတ် လဲ မမေ့ကြနဲ့ ဦး ”
( ၂ - ၇ - ၈၅ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဩဂုတ် ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment