အောင်ပြည့် ကြောင့် သာဓု တွင် ပြဿနာ တစ်ရပ် နှင့် လက်ထပ်ရသ လို ဖြစ်နေ ချေပြီ ။
အကြောင်းသည် ကား ...
သူ ( အောင်ပြည့် ) တာဝန် ယူ ထားရသော ချယ်ရီမဂ္ဂဇင်း အတွက် ပွဲဦး ထွက် အနေ ဖြင့် သာဓု ရေးနည်း ဟူသော “ အရှင်ကြီး ” ဝတ္ထု ရေး ပေး လိုက် အပြီး နောက် တစ်လ အတွက် ဝတ္ထု မရေးနိုင် ဖြစ် နေချိန် ...
“ ဆရာ ဝတ္ထု မရေးနိုင်လဲ တစ်မျက်နှာ ၊ နှစ်မျက်နှာ စာ လောက် ဖြစ်ဖြစ် ဆောင်းပါးလေး တော့ ရေးပေးပါ ဆရာ ၊ ဘာ အကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ”
သာဓု စဉ်းစား၏ ။ အဘယ်မည် သော အကြောင်းအရာ ကို ရေးလျှင် ကောင်းမည်နည်း ။ စီးကရက် သုံးလေး ဖွာ မျှ အကြာ တွင် ကောက်ကာ ငင်ကာ ...
“ ရုပ်ရှင် အကြောင်းကော ဆရာ ”
သာဓု အဖို့ လွယ် နေသော အကြောင်းအရာ ဖြစ်၍ ...
“ အေး ... ကောင်းသားပဲ ”
“ နာမည် ခေါင်းစီး ဘယ်လို တပ်မလဲ ဆရာ ၊ ကျွန်တော် ပန်းချီ အပ် လိုက်တော့မယ် ”
“ မင်း ဟာ ကလဲ လောလှချေလားကွ ”
“ မလောလို့ မရဘူးဆရာ ၊ ဆရာ လဲ မဂ္ဂဇင်း ထုတ်ခဲ့ဖူးတာ ၊ ဆရာသိသား နဲ့ ၊ ဩ ... ဆရာ ... “ အနုပညာ ဝင်္ကပါ မှာ ” ဆိုရင်ကော ... ”
သာဓု ကို ဗိုလ် ခန့်ပြီး သူ က ချည်း ရှေ့မှ ချီတက် နေ သဖြင့် ...
“ နေဦးကွာ ၊ ဆရာ စဉ်းစားဦး မယ် ... ”
သူ ဆေးလိပ် တစ်လိပ် ထုတ်သည် ။ သာဓု က စီးကရက် ပေးသည် ကို မယူ ၊ သနပ်ဖက် ကို သာ သူ နှစ်သက်ပုံ ရသည် ။
“ ဟေ့ ... ဒီလို လုပ်ကွာ ၊ ( ပညာ ) တို့ ၊ ( မှာ ) တို့ ဖြုတ်လိုက် ၊ ( အနု ဝင်္ကပါ ) ပေါ့ ။ ဒါတောင် ဆရာ့ အာဘော် ၊ ဆရာ့ အရေးအသား နဲ့ ၊ ပျော့ သလိုလိုပဲ ... ”
“ ဒီအတိုင်း ကောင်းပါတယ် ဆရာ ”
“ အေးလေ ... ထားပေါ့ ”
သို့နှင့် အနုဝင်္ကပါ ကို စ ရေးလိုက် မိရာ မှ လစဉ် လိုလို အပူ ကပ်လေ တော့၏ ။ လဆန်း ( ၁ ) ရက် ၊ ( ၂ ) ရက် လောက် ဆိုလျှင် ထွက်ပြီး စာအုပ် နှင့် စာမူခ ပို့ရင်း နောက်လ အတွက် ဆောင်းပါး တောင်း တော့၏ ။
အမှန်အားဖြင့် အနုဝင်္ကပါ ကို လစဉ် ပင်တိုင် ရေးရန် လုံးဝ စိတ် မကူး ခဲ့ ။ ရေးချင်ချင် ရှိလာက ၊ ရေးမည် ။ စိတ် မပါသော် မရေး ။
ထို အတိုင်း ၊ သဘော ထားခဲ့ သော်လည်း နောက်ပိုင်းတွင် မူ အောင်ပြည့် တို့ နားပူနားဆာ လုပ် ကြသည် ထက် ၊ သာဓု ၏ စာရှု ပရိသတ် တို့ က စာ အားဖြင့် လည်းကောင်း ၊ ဖုန်း ဆက်၍ တစ်သွယ် ၊ အသံ ကျယ်ကျယ် တောင်းဆို လာကြသည် ကို လေးစားသော အား ဖြင့် ...
မရေးဘဲ မနေသာ သည့် ပြဿနာ တစ်ရပ် ဖြင့် လက်ထပ် လိုက်ရဘိသို့ နေ ကောင်းကောင်း ၊ မ
ကောင်းကောင်း ရေးရရန် သာ ရှိနေ ချေပြီ ။
ယခုလ တွင် လည်း ..
“ ဆရာရေ .. လုပ်ပါဦး ၊ ဒီ နေ့ ( ၉ )ရက် ရှိနေပြီ ... ” ဟု ဖုန်း ဆက်၍ စာမူ ပူဆာသည် ။
“ အေး ... ဒီမှာ ငါ ဘာ ဖြစ် နေသလဲ ဆိုတာ မင်း မသိဘူး ။ နေ ကောင်းရဲ့ လား မမေးဘူး ၊ ဆောင်းပါး က အရင် တောင်း နေတယ် ”
“ ဟာ ... ဆရာ ဘာဖြစ်လဲ ။ တစ်နေ့ကပဲ ဆရာ အကောင်း ”
“ အေး ... မနေ့က မနက် အိပ်ရာ က နိုး တော့ ညာဘက် ခြေဖမိုး က ကျဉ် ပြီး ဘာဖြစ်တယ် မသိဘူး ၊ နာလိုက် တာ အပ် နဲ့ ထိုး သလိုပဲကွ ၊ ခြေမ တောင် လှုပ်လို့ မရဘူး ”
“ ဟောဗျာ ...”
“ အေး ... ဆရာလဲ တစ်ခါမှ ဒီလို မ ဖြစ်ဖူးဘူး ၊ အိမ်သာ တက် မလို့ လှေကား က ဆင်းတာ လေးထစ် လောက် နင်း ရသေးတယ် ။ မျက်ရည် လည် အောင် ကို နာ တယ် ”
“ အဲ ... အဲဒါ ကျွန်တော် ဘာလုပ် ပေး ရမလဲ ဆရာ ၊ ဟို ... ဟို ... ဆေးခန်း တို့ ဘာတို့ ကော မပြဘူးလား ”
“ တရုတ်ဆေးခန်း တစ်ခုတော့ သွား ပြတယ် ၊ သူပြောတော့ ( လေး ဘက်နာ ) ဖြစ်ချင်လို့ စ တာပဲတဲ့ ။ ဆေး စည်းပေး လိုက်လေရဲ့ ၊ အဲ ... ည က တော့ အိပ်လို့ ရပါတယ် ၊ ဒီနေ့ ထိတော့ ရှင်းရှင်း မသက်သာ သေးဘူး ”
“ ကျွန်တော် လာခဲ့မယ်လေ ”
“ မင်း လာတော့ မင်း က ဘာ နားလည်လို့ လဲ စာမူ ပဲ တောင်းတတ်တဲ့ အကောင် ”
အောင်ပြည့် အသံ ငြိမ်နေ သဖြင့် ..
“ ဟေ့ နီးစပ်ရာ မေးကြည့် ဘာ ဆေး နဲ့ ဘယ်လို လုပ်ရင် ကောင်းမလဲ ပေါ့ ၊ ဟုတ်လား ၊ ပြီးရင် ဖုန်း ပြန် ဆက် ... ”
ရယ်သံ သဲ့သဲ့ဖြင့် အောင်ပြည့် က အထွန့် တက် သေးသည် ။
“ စာမူ တော့ ရမယ်နော် ဆရာ ”
“ ကာလနာလေး ၊ အေး စာရှုသူတွေ အတွက် တော့ အတတ်နိုင်ဆုံး ကြိုးစားမယ် ၊ ဖျားဖျား နာနာ ... အဲ ..တစ်ခုတော့ ရှိတယ် ။ စိတ် မပါရင် စာ မကောင်းဘူး ၊ စာကောင်း ပုံ မရရင် ဆရာ မရေးဘူး ”
••••• ••••• ••••• •••••
ခြေနာကလေး သက်သာနေဆဲ တက်သုတ် ကြဲ ၍ ရေး လိုက် ပြန် ချေ၏ ။
အနုပညာသည် တစ်ယောက် ဟူ၍ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာရန် အားကျုံး ရုန်းကန် ကြိုးစားနေကြသည့် တစ်သစ်စကလေးများ ၏ အရေး ဘေးဆီးရန်ကာ စာများ ရေး နေခဲ့ရာ မှ ယနေ့ သော် နိုင်ငံကျော် နေပြီဖြစ် သော အနုပညာရှင်တို့ ၏ ရင်ဆို့စရာများ တွေးမိ လာသည် ။
ကြားဖောက်၍ ထောက်ပြ ရပေဦး မည် ။
သာဓု တွင် ကြိုတင်၍ သိ နေသော အသိစိတ်ဓာတ်ကလေး တစ်ခု ရှိ နေသည် ။ ပါရမီလော စိတ်ပညာ ဓာတ်လော သာဓု အမည် မတပ် တတ် ။ အလေးအနက် လည်း ထားခဲ့ ခြင်း မရှိ ။
ယင်း ထူးခြားချက် မှာ ဆိုကြပါစို့ ။ အချိန်ကြာမြင့်စွာ ကင်းကွာနေခဲ့သူ မိတ်ဆွေ သို့မဟုတ် သားချင်း ထဲ မှ တစ်ဦးတစ်ယောက် ကို စိတ် မကူးပါ ဘဲ လျက် ဖျတ်ခနဲ သတိ ရလိုက်လျှင် မကြာမီ ( အလွန်ဆုံး တစ်ပတ် အတွင်း ) ထိုလူ ရောက် လာတတ်၏ ။
တစ်ဖန် သာဓု အပြင် သွားရန် အိမ် ပေါ် က ဆင်းသည် ။ မော်တော်ကားဘီး ကို လည်းကောင်း ၊ ကားမောင်းလိုင်စင် ကို လည်းကောင်း ၊ သတိ ရ လိုက်လျှင် ကားဘီးများ ကို စ၍ ငဲ့ စစ်ဆေးရတော့သည် ။ ချက်ချင်း အပြစ် တွေ့ တတ်သည် ။ အပိုဘီး လေ လျော့ နေသည် ။ ပေါက် နေသည် ကို တွေ့ရ ၏ ။
စပယ်ယာဘီး လေ လျော့၍ အရေး မကြီး ။ တပ်ထားသော ဘီးများ ကောင်း နေသည် ကို အားကိုး၍ မောင်း ထွက် သွားလျှင် ရသည့် တိုင် အပိုဘီး ကို လေထိုး အပေါက်ဖာ ကိစ္စ ပထမ လုပ်လျှင် လုပ် သို့မဟုတ် ဘီး ပေါက်မည် သေချာ၏ ။
လိုင်စင်စာအုပ် သတိ ရ ပါလျက် ယူ မသွားလျှင် ယာဉ်ထိန်းရဲ က စစ် တော့၏ ။
သာဓု ကိုယ်ရေး သာ မဟုတ် ။ တပည့် သားသမီးများ ကိစ္စ လည်း အလိုလို ကြို သိနေတတ် သေးသည် ။ “ဟေ့ မင်းတို့ အင်္ကျီလုံချည် လှမ်း တာတွေက ဂရု စိုက်ကြကွာ ” ဟု သာဓု ပြောပါလျက် အမှတ် မထင် နေ လိုက်ကြသော် မကြာမီ လုံချည် လူ ရုပ် သွားသံ ကြား ရတော့၏ ။
မကြာသေးမီကပင် သုမောင် တို့ မိသားစု ည ၁၀ နာရီ ထိုး လုနီး မှ ကား ပေါ် တက်ကြသဖြင့် သာဓု က မေးရာ ကလေးများက ရေခဲမုန့် ပူဆာ ၍ ဟု အဖြေ ပေးသည် ။ “ အေး ဖြည်းဖြည်းမောင်း ၊ ကလေး တွေကို ရင်ခွင်ထဲ ဖက်ထား ” နှစ်ယောက်စလုံး ကို လွှတ်ခနဲ မှာ လိုက်မိသည် ။ စိတ်ထဲ တွင် ထင့် သွား သည် ။ သူတို့ ပြန် မလာ မချင်း စောင့်နေရာ ၁၂ နာရီ လောက် တွင် မှ လေးဘီး အငှားကား နှင့် ပြန် လာကြသည် ။
ထိတ်လန့်တကြား သိ လိုက်ရသည် ကား ဦးဝိစာရလမ်း တွင် ဆိုက္ကား က ( မဝင်ရ ) လမ်း ဝင် လာ၍ အရှောင် လိုက် တွင် သုမောင် ကား တစ်ပတ် လိ မ့်သွားသည် ။
“ အဲဒါ အဖေရယ် အဖေ ပြော လိုက် တာ နဲ့ ကလေးတွေ ကို သမီး တအား ဖက် ထားတာ ။ သူ ကလဲ သိပ် မောင်း တယ် အဖေ ရဲ့ ။ သမီး တို့ ဆို တာ ကား ထဲ မှာ ဆီးဖြူသီး လိမ့် သလိုပဲ ။ ကံကောင်းချင်တော့ ကား က ဘေးစောင်း ထောင်လျက် ရပ် သွား တယ် ”
တစ်ယောက် မျှ အထိအခိုက် မရှိ ။ သုမောင် သာ အနည်းငယ် ဒူး အောင့် သွားသည် ။
ဤမျှ ဆို က လုံလောက်ပါ ချေပြီ ။ ထို ( ဤမျှ ) ကဲ့သို့ပင်လော မပြော တတ် ။ ဤ ဆောင်းပါး ရေး နေခဲ့၍ ( ကြားဖောက် ထောက် ပြရပေဦး မည် ) မရောက်မီ တွင် တယ်လီဖုန်း လာ သည် ဆို၍ သွား ပြောသည် ။
တိုက်တိုက်ဆိုင်ဆိုင် ( အနု ဝင်္ကပါ ) ရေးနေဆဲ ၌ ...
ရုပ်ရှင်လောက မှ နာမည် ရ လုလု မင်းသမီးကလေး တစ်ဦး မယားများ များ ဒါရိုက်တာ နှင့် လိုက် ပြေး
ကြောင်း သတင်း ပို့သည့် တယ်လီဖုန်း ဖြစ်ချေ၏ ။
သာဓု ရင် နာ သွားသည် ။
အထူးသဖြင့် တစ်နေ့ နေ့ တွင် တောက်ပြောင် လာမည့် အနုပညာရှင်ကလေး ဖြစ်၍ သမီး တစ်ယောက် ဆုံးရှုံးဘိ သို့ ခံစား လိုက်ရသည် ။
ထိုနေ့ က ည ၉ နာရီ အထိ စာ မ ရေးနိုင် ။
ငယ်ရွယ်သူ မနူးမနပ် က ပူးကပ် လာသည့် တိုင် ကြီး သူ က ဆင်ခြင်ရမည် ။ အထူးအားဖြင့် သားကြီး မယားကြီး ရှိနေသူ က သစ္စာ ရှိရ ချိမ့် မည် ။
“ အနုပညာ ” ကို မျက်နှာ ထောက်သင့်သည် ။ မိမိတို့ ကိုယ်နှိုက် က အနုပညာရှင်များ ဖြစ် သောကြောင့် အနုပညာ သိက္ခာ ကို တန်ဖိုး ထားသင့်ကြ ပါ လျက် ။
••••• ••••• ••••• •••••
လွန်ခဲ့သော ဖဆပလ ခေတ် ၏ နှစ် တစ်နှစ် က ရုပ်ရှင် နှင့် ပတ်သက်ခြင်း မရှိသော ကိစ္စ တစ်ခု ဖြင့် သာဓု ပုသိမ် သို့ ရောက်ခဲ့ချေသည် ။ မသွားမီ ပုသိမ် မှ မိတ်ဆွေ တစ်ဦး ထံ သို့ ( အစိုးရဂေဟာ ) ဘန်ဂလို တွင် တည်းခိုခွင့် စီစဉ် ထားရန် အကြောင်း ကြားထား၏ ။ သာဓု တို့ အဖွဲ့ မှာ လေးယောက် ဖြစ်လျက် ပုသိမ်မြို့ သို့ သင်္ဘော ဆိုက် ရန် နီးကပ် လာသော အခါ မော်တော်ကလေး တစ်စင်း ကပ် လာပြီး သင်္ဘောမာလိန်မှူး ၊ စာရေး ကြီး စသူ တို့ နှင့် တစ်စုံတစ်ရာ ဆွေးနွေးကြ သည် ဟု သိရသည် ။
၄၅ မိနစ် ခန့် ကြာသော အခါ သင်္ဘော သည် ကပ်နေကျ ဗောတံတားဆိပ် တွင် မကပ်ဘဲ မလှမ်းမကမ်းရှိ တံတားဟောင်း တစ်ခု တွင် ကပ်မည် ဖြစ်ကြောင်း ခရီးသည် ချင်း ပြောနေကြ၏ ။
“ ဆရာ ၊ ကျွန်တော်တို့ တွေ ဟို ဘက်တံတား မှာ ဆင်း ရမယ် တဲ့ ”
တပည့် တစ်ဦး က လာ ပြော သဖြင့် ...
“ အဲဒါ ဘာဖြစ်လဲ ၊ ကပ် တဲ့ နေရာ ဆင်း ရမှာ ပေါ့ ”
“ ဒီလိုလေ ၊ ဦးသာဓု ရဲ့ ၊ ခါတိုင်း ကပ်တဲ့ ဗောတံတား မှာ ဝန်ကြီးချုပ် သင်္ဘော ဆိုက်မယ်ဆို လို့ ”
“ သြ .. ”
ဤတွင် မှ သာဓု မျက်လုံး ကစား လိုက် မိရာ အထက်ပါ မိတ်ဆွေက လက်ညှိုး ညွှန်ပြ ရင်း ...
“ ခါတိုင်း ဆိုက်တာ ဟိုဘက် တံတားလေ ... ”
သာဓု လှမ်း ကြည့် လိုက်သောအခါ ...
ထို တံတား သို့ ဝန်ကြီးချုပ် သင်္ဘော ကပ်မည် ဆို၍ ထင်၏ ။ ရောင်စုံ ကြက်လျှာအလံကလေးများ ကြိုး နှင့် သီချုပ်ပြီး ဗောတံတား တစ်ခုလုံး ဝေ နေအောင် ချိတ် ဆွဲ သည် ။ နိုင်ငံတော်အလံများ လည်း တလူလူ လွင့် နေသည် ။ ကြိုဆိုရန် လာသည် ဟု ထင် ရသော ပရိသတ် လည်း ငါးရာခန့် ထက် မနည်း တလှုပ်လှုပ် တရွရွ ဖြစ် နေကြသည် ကို တွေ့ရ သည် ။
သာဓု တို့ သင်္ဘော ထို တံတား နှင့် နီး လာသောအခါ အဆိုပါ ပရိသတ် များ ပို၍ လှုပ်ရှား လာ သည် ။ အချို့ တို့ လည်း သင်္ဘော ကပ်မည့် ဆိပ်ခံ ဗော ဆီ သို့ ပြေး ဆင်းလာကြ သဖြင့် ရဲ များ က တား နေရ သည် ။ မနိုင်မနင်း ဖြစ် နေသည် ။
“ ကျွန်တော် တို့ သင်္ဘော မှာ ဝန်ကြီးချုပ် ပါတယ် ထင်လို့ များ လားမသိဘူး ”
သာဓု အဖော် ပုသိမ်သား က ပြုံး နေသည် ။ ဘာမျှ မဖြေ ။
နောက် သာဓု တို့ သင်္ဘော သည် ယင်း ဗောတံတား ကို ကျော်သွားပြီး အခြား တံတားအို ဆီ ကပ်မည် ပြုသောအခါ စောစော က တံတား မှ ပရိသတ်အုပ်ကြီး သည် တံတားအို ဘက် သို့ အလုအယက် ပြေး လာကြ
ပြန်သည် ။ သာဓု ခေါင်း ရှုပ်သွား၏ ။ ဘာမျှ ဆက် မတွေးတော့ဘဲ သင်္ဘော မှ ဆင်း ရန်သာ အသင့် ပြင်နေ လိုက်၏ ။
သင်္ဘော မှ ဆင်းလာကြသော အခါ ပရိသတ် သည် ၄၀၀ ခန့် ရှိလိမ့်မည် ဟု မှန်း၍ ရသည် ။ ဝန်ကြီးချုပ် ဗောတံတား တွင် ကား ခေါင်းပေါင်း စ ထောင်ထောင် ၂၀ ကျော် လောက် နှင့် ရိုးရိုးအရပ် သား ၅၀ ခန့်သာ ကျန်တော့သည် ကို လှမ်း မြင်ရ၏ ။
သာဓု မှာ နား လေးသူ ဖြစ်၍ “ ပါလဲ မပါဘူး ” ဟူသည် လောက် သာ သူ တို့ ပြောသံ ကြား ရလျက် ထိုထို ပရိသတ် တို့ သည် မကျေနပ်သေးသော အမူအရာ ဖြင့် သင်္ဘော မှ ဆင်းလာ သူ များ ကို တမျှော် မျှော် စောင့် ကြည့် နေကြသေးသည် ။
လူတန်းစား ပေါင်းစုံ တရုတ် ကပြားများ လည်း ပါသည် ။ မြန်မာ မူစလင်ရော ကရင်အမျိုးသား အမျိုးသမီးတို့ လည်း ပါသည် ။ အရွယ် ကလည်း အရွယ် စုံ ။
သူတို့ သည် ဝန်ကြီးချုပ် ကို ကြိုရန် လာသူများ မဟုတ်တန်ရာ ။ မမြင်ဖူး၍ ၊ ကြည့် လို၍ လာ ကြဟန် တူသည် ။
သာဓု တို့ တည်းခို မည့် ဘန်ဂလို သို့ ရောက်သည် ဆို လျှင်ပင် အခန်း သော့ ကိုင်၍ စောင့် နေသူ ပုသိမ်မြို့ခံ မိတ်ဆွေ က စ,ကာ စကား ကို အဓိက ထား၍ စတင် လေချေတော့သည် ။
“ အဲဒါ ထားပါဦး ။ ဝန်ကြီးချုပ် က ဘယ် အချိန် လာမှာ လဲ ၊ သီးသန့် သင်္ဘော နဲ့ လား ”
“ ဟား ... ဟား .. ဆရာ လဲ ၊ အဲဒါ အသာ ထားပါဦး ၊ ဘယ့်နှယ် ဒီနေ့ သင်္ဘောဆိပ် မှာ အတော် ခေါင်း ရှုပ်ခဲ့ တယ် မဟုတ်လား ”
“ ခေါင်း ရှုပ်တယ်တော့ မဟုတ်ပါ ဘူးဗျာ ၊ နည်းနည်း ယောင်ချာချာ ပေါ့ ။ ပရိသတ် ကလဲ ကျွန်တော် တို့ သင်္ဘော မှာ ဝန်ကြီးချုပ် ပါတယ် ထင်ပြီး ဟိုဘက် တံတား ကနေ ပြေး လာ လိုက်တာ ”
“ ဟဲ ... ဟဲ .. အဲဒီ ပရိသတ် က ဝန်ကြီးချုပ် လာ ကြိုတာ မဟုတ်ဘူး ဆရာ ရဲ့ ”
ပြောရင်းက ဆက်ရယ်ကာ ...
“ အဲ ... အဲ ... ဆရာ့ နား က ကိုဘရင် ပေါ့ ၊ ဆရာ တို့ ကြိုဖို့ သူ ရန်ကုန် ကို ထွက် အလာမှာ ပုသိမ် က
သတင်းထောက်တွေ ကို သတင်း လွှင့် ခဲ့တယ်လေ ၊ ဒီနေ့ ဒီရက် မှာ ဆရာ နဲ့ ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ ကား ရိုက် လာ ကြလိမ့်မယ် လို့ ”
ဤတွင် မှ သင်္ဘော ပေါ် ထိ ကိုဘရင် ပြုံး သည် ကို မြင်ယောင် လာသည် ။ သူ့ ကို လှည့် အကြည့် တွင် ပြုံး ပြပြန် သေး၏ ။
“ အဲဒါကြောင့် လူတွေ က ခါတိုင်း နေရာမှာ ပဲ သင်္ဘော ဆိုက်မယ် ထင် ပြီး စောင့် နေကြတာ ”
“ ခင်ဗျားက ဒီ ဘန်ဂလို ရောက် နေ ပြီး ဘယ်လိုလုပ် သိသလဲ ”
“ ဪ ... ဆရာ့နှယ် ၊ ကျွန်တော် လဲ ဆရာတို့ မျှော်ရင်း သင်္ဘောဆိပ် ရောက်ခဲ့ သေးတာပဲဟာ ၊ ဆရာတို့ သင်္ဘော ကို အဝေး က မြင် မှ ကျွန်တော် ဘန်ဂလို မှာ လုပ်စရာ ၊ စီမံစရာတွေ လုပ် ဖို့ ထွက်လာ ခဲ့တာ
ပေါ့ ”
သာဓု ကိုဘရင် ကို တစ်ချက် လှည့် ကြည့်လိုက်ရာ ယခု လည်း သူ အပြုံး မပျက်သေး ။
“ လူတွေ မောအောင် တော်တော် လုပ်တာကိုး ... ကိုဘရင် က ”
“ ကျွန်တော် မလုပ်ပေါင်ပါဗျာ ၊ သတင်းထောက်တွေ ကို လက်ထောက် ချခဲ့တာ ၊ အဲ ... သူတို့ က တစ်ဆင့် သတင်း လွှင့် လို့ ”
“ ဒီလို ... ဒီလိုတော့ ဖြစ်မယ် ဆရာ ဆိုတာ ကိုဘရင် သိတယ် မဟုတ် လား ”
သူ ပြုံးနေပြန်၏ ။
“ အဲဒါပဲ ဆရာ ရဲ့ ၊ ဆရာတို့ နဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါ မယ် ထင်လို့ ပရိသတ် က လာ ကြိုကြ တာ ”
“ လာ ကြည့်ကြတာ ဆိုပါဗျာ ... ”
“ နှစ်မျိုးစလုံး ပေါင်းလိုက်ရင် ကော ”
ကိုဘရင် က ကြား ထောက်သည် ။
“ ရပါတယ်လေ ၊ ဖြစ်လဲ ဖြစ် နိုင်ပါ တယ် ”
( ၄ - ၁၁ - ၈၄ )
◾ သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဒီဇင်ဘာ ၈၄
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment