Saturday, July 22, 2023

နင့် ကို ငါ ကြိုက်တယ် ၊ ငါ့ ကို နင် ကြိုက်မလား


 

❝  နင့် ကို ငါ ကြိုက်တယ် ၊ ငါ့ ကို နင် ကြိုက်မလား ❞ 

၂၀၀၂ ခုနှစ် ၊ ဩဂုတ်လ ၃၁ ရက်‌ နေ့ သရက်မြို့ အို‌ကေ မြေပဲဆား‌လှော် ကိုယ်စားလှယ် ‌ဒေါ်ကြည်‌လေး ထံ မှ ပြန် အလာ ပဲ့‌ထောင်လိုင်း‌ ပေါ် မှာ လူငယ် အတွဲ‌လေး ကို တွေ့ရတယ် ခင်ဗျာ့ ။ သူတို့ က ကျွန်‌တော့်‌ ရှေ့ တည့်တည့် က ခုံ‌ပေါ် မှာ လာ ထိုင် ကြတာ ။ ကောင်‌လေး က ‌ကောင်မ‌လေး ရဲ့ မရမ်း‌စေ့‌ရောင် လက်သည်းက‌လေးများ ကို  တယုတယ ရွရွ‌လေး ပွတ်သပ် ။ ‌ကောင်မ‌လေး က ‌ကောင်‌လေး ရဲ့ ရှပ်အင်္ကျီ ကြယ်သီးများ ကို ထိ‌တွေ့  ။ ကယုကယ ချစ်တုံ့တင် စကား‌လေး‌ တွေ  ဖလှယ် လို့ ။ လူငယ် ဘာဝ ။ အင်း မောင်ချမ်းသာ တို့ ကျင်လည် ကျက်စား‌ နေရသည့် ဘ ဝနှင့် ကွာ ဘိခြင်း ။

‌မောင်ချမ်းသာ တို့ ဘဝ က -

“ ဦးချမ်းသာ‌ ရေ လုပ်ကြည့်‌ နေတုန်းပဲ ဗျို့ ၊ အဆင်‌ ပြေမယ်လို့ ခန့်မှန်းရတာပဲ ”

‌မြေပဲလုံးဆန် ‌ဈေးနှုန်း နှစ်ဆ သုံးဆ ဖြစ် သွား‌တော့ ‌မြေပဲဆား‌လှော် ငါးကျပ်တန် ထုပ် မဖြစ် ၊ ၁ဝ ကျပ်တန် လုပ် မရ ။ ဆိုင်ရှင် ဒေါ်ကြည်‌လေး သား ကိုဦး နဲ့ စည်းဝါး ရိုက် ၊ ၂၅၄ ကျပ် တန်‌ အောက်ခံ ထုပ် ဖို့ ညှိ ။ အ‌ခေါက်‌ခေါက် အခါခါ လာ ။ အဖန်ဖန် အထပ်ထပ် ညှိ ၊ အရက် ကို အရောက် ပို့ရမယ့်‌ဈေး ၊ ကိုဦး တို့ က ပြန် ဖြန့်မည့်‌ ဈေး ၊ တဆင့်ခံ က ပြန်လွှတ် ရ မည့်‌ ဈေး ၊ လက်လီဆိုင် က ပြန်‌ ရောင်းရမည့်‌ ဈေး စသည် အားဖြင့် ။

‌လှော် လိုက်ပြီ ။ ထုပ် လိုက်ပြီ ၊ ရောင်းကြည့်‌ နေပြီ ။ ရောင်း‌ နေပြီ ။ အဝယ် လိုက်ရဲ့လား ၊ ဝယ်စားသူ ရဲ့ အမြင် က ဘယ်လိုလဲ ။ တွေးကြည့် မနေနိုင်ဘူး ခင်ဗျာ့ ၊ ပြေးကြည့် ရတယ် ။ ပြေးကြည့် ‌ပြေးကြည့် ၊ မြင်ပြီ မြင်ပြီ ၊ အကဲခပ် လို့ ရပြီ ။ သည်လိုမျိုး ခင်ဗျာ့ ။ အတွဲက‌လေးများ ကဲသို့ နုရွ မ‌နေနိုင်ဘူး ဗျို့ ။ ရေတံခွန်‌ ဇောက်ထိုး ကျ အတင်း ခုန်ချ ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဒုန်းတရကြမ်း ‌လှော်ခတ်ကြရ တာ ဗျို့ ။

“ ဘယ်လို သ‌ဘောရလဲ ကိုချမ်းသာ ကျွန်‌တော်‌ တော့ လွှတ်ချင် ပြီ ”

ဩဂုတ်လ လ ကုန်ပိုင်း ၊ ‌မြေပဲ‌တောင့် အသစ်‌ ပေါ်‌ တော့မည် ၊ ‌ငွေ က ခဏ အား‌နေ သဖြင့် ထည့် ထား‌သော ပဲတီစိမ်းက‌လေး များ ပြန် လွှတ်ရ‌ တော့မည် ။ မ‌အောင့်နိုင်ဘူး ဗျို့ ၊ ‌ငွေအတွက် ဗိုက် က နာ‌ နေပြီ ။

“ လွှတ် လိုက်‌တော့ ကိုစံအုန်း‌ ရေ ”

မတတ်နိုင်ဘူး ၊ နောင်ခါလာ‌ နောင်ခါ‌ဈေး ၊ ရှေ့ လုပ်ငန်းက ရှိ‌သေး ။ ၂၇ ရက်‌ နေ့ က ၆၉၀ဝ နဲ့ လွှတ်လိုက်တယ် ။ ၂၈ ရက်‌ နေ့ ၇၀၀၀ - ၇၂၀ဝ ဖြစ်သွားတယ် ။ ၂၉ ရက်‌ နေ့ ၇၅၀၀ ၊ ၃ဝ ရက်‌နေ့ ၇၆၀၀ ။ အင်း ... မထိုက်‌တော့ လည်း မရ‌ပေဘူး‌ပေါ့ ။

“ ဘယ်လိုလဲ ကိုချမ်းသာ ယူ မှာလား ၊ ခင်ဗျား မယူဘူး ဆို ကို‌မောင်‌မောင် ကို လှမ်း‌ ခေါ် လိုက်‌တော့မယ် ”

ပွဲစား ကိုချစ်ပိန် သည် သူ့ ပွဲရုံ‌ ရောက်လာ‌သော မြေပဲ‌တောင့်များ ကို ကျွန်‌တော့် ကို ရှေးဦး‌ ခေါ် ပြ၏ ။ ဦးစား‌ ပေးသည့် သ‌ဘော ။ ‌မြေပဲအိတ် ကို ပုတ်ကြည့် ၊ မြေပဲ‌တောင့် အနည်း ငယ် ထွင် ကြည့် ၊ ရက်‌စေ့ အသက်ပြည့် ပဲ လား ။ စားရမယ့် ပဲလား ။ အိတ် ထဲ က ပါ သွားမည့် ပဲလား ။

“ ဒီဘက် က ၁ဝ လုံး ကို‌ တော့ ကြိုက်တယ် ၊ ပဲသား ပြည့်တယ် ၊ ဟိုဘက် က ၁၅ လုံး ပုံ ကို‌ တော့ မကြိုက်ဘူး ဗျာ ၊ ၁ဝ ရက်‌ လောက်‌ စောပြီး နုတ် လာတဲ့ ပဲ ၊ အဆန် ထွက် ညံ့မယ် ဗျာ ၊ ပဲသား လည်း နု မယ်ဗျာ ”

ထိုအချိန် တွင် ပဲအဝယ်သမား ‌မောင်စိန်‌သောင်း ကလ ည်း ကျွန်‌တော့် လို ပဲ ပဲများ ကို ထွင်ကြည့်‌ နေပြီ ။ ဆ , ကြည့်‌ နေပြီ ၊ ဝယ်သင့် မဝယ်သင့် ။ သို့‌သော် သူ သည် အလိုက် သိ ပါ၏ ။ ကျွန်‌တော် နှင့် ဆိုင် ထား‌သော‌ကြောင့် ဘာမျှ မ‌ပြော ၊ ခဏ ‌ဘေး‌ရှောင် ထွက်သွား‌ လေ၏ ။ ကျွန်‌တော် နှင့် မတည့် လျှ င်‌တော့ သုတ်မည် ဆိုသည့် သ‌ဘော ။

“ ‌နေဦး ပွဲစား‌ ရေ စဉ်းစား ဦးမယ်ဗျာ ”

‌ရွှေမိုးလက်ဖက်ရည်ဆို င်ဘက် သို့ ထွက်ခဲ့၏ ။ လုပ်‌ဖော်ကိုင်ဖက် ကိုထူး ၊ ကိုဝင်း တို့ နဲ့ ဆုံ ။ ဈေး အ‌နေအထား ကို စဉ်းစား ၊ ပဲ အ‌နေအထား ကို စဉ်းစား ။ မိုး ရွာ မှာလား ၊ ‌နေ ပူ မှာလား ၊ မိုး ရွာ လျှင် ပဲ လှန်း လို့ မရ ၊ ‌နေ ပူ မှ ပဲ လှန်း လို့ ရမည် ။ နှမ်း‌ဈေး က‌ တော့ ဘယ်လိုလဲ ၊ ၄၈၀၀ဝ မှ ပြုတ်ကျ လာ ခဲ့‌သော နှမ်း သည် ‌ဈေး ၃၀၀၀ဝ ‌အောက် သို့ တစ်ရက် ဆင်းသွား ၊ ၃၃၀၀ဝ ပြန် ဖြစ် ၊ စားအုန်းဆီ က‌ ကော ဘယ်လို လဲ ၊ ‌ငွေ‌ ဈေးက‌ ကော ၊ ယ‌နေ့ လက်ရှိ‌ ပေါက်‌ဈေး ၊ နက်ဖြန် ဖြစ်နိုင်မည့် အလားအလာ နောက် တစ်ပတ်ကြာ ဖြစ် လာ နိုင်မည့် အ‌ခြေအ‌နေ ။ ပဲ နဲ့‌ ဈေး က‌ တော့ မဆိုးပါဘူး ၊ ဒါ‌ပေမယ့် ပဲသား က နု လှသဗျာ ။

“ ကဲပါဗျာ ၊ ဆွဲလိုက်ကြ တာ‌ပေါ့ ၊ ‌နောက်မှ ကြည့်ရှင်း ”

ဆုံးဖြတ်ချက် ချပြီး‌ နောက် ကိုချစ်ပိန် ပွဲရုံ ဘက် ပြန်လှည့် ၊ ဗာဒံပင်‌ အောက် တန်းလျား‌လေး မှာ ထိုင် ၊ အဖန်က‌လေး တစ်ကျိုက်‌ သောက် ။

“ ဘယ်လိုလဲ ပွဲစား‌ ဈေး မပြင်‌တော့ဘူးလား ”

“ ကိုချမ်းသာ‌ ရေ အဝယ်‌တော် ‌မောင်ရှူးရှား နဲ့ တည့် သွား တယ် ဗျို့ ၊ ဆိုတဲ့‌ ဈေး ပဲ ”

အဝယ်‌တော် မောင်ရှူးရှား ဆိုတာ ရှူးရှူးရှားရှား ဝူးဝူးဝါးဝါး နဲ့‌ဒေါသ အလွန် ကြီး တတ်လွန်း လို့ သူ့ ကို ‌မောင်ရှူးရှား လို့‌ ခေါ်‌နေကြတာ ။

“ သူ က မျိုး အတွက် ဝယ် တာတဲ့ ဗျို့ ၊ ‌ဈေး‌တောင် မဆစ်ဘူးဗျာ ”

ကဲ ‌ကောင်း‌ရော ၊ ကျွန်‌တော်တို့ က ချိန်ဆ စဉ်းစား‌ နေတုန်း ရှိ‌သေး ၊ သူ က သုတ် သွားပြီ ။ သည်‌နေ့ ကျွန်‌တော် တို့ အ‌ရောင်းအဝယ်‌ လောက မှာ ‌ရှေ့‌နောက် စဉ်းစားချိန် မရ ၊ အိမ်ပြန် မိန်းမ နဲ့ တိုင်ပင်ချိန် မရ ။ ‌ငွေ‌ဈေး ‌ရွှေ‌ဈေး စနည်းနာ‌ နေချိန် မရ ။ ဟန်‌ဆောင် မ‌နေနဲ့ မူ မ‌နေနဲ့ ။ ကြောင်က‌လေး ကဲ့သို့ ညှောင်‌ညှောင် လုပ် မ‌နေနဲ့ ၊ ‌ရောင်း ချင် တယ်‌နော် ဝယ် သူ ကို မလွတ်တမ်း ဖမ်း ၊ ကမန်း ကတမ်း‌ ရောင်းချ ၊ ‌ရောင်း ပြီး မှ တက် သွားလည်း  ခံ‌ပေ‌ ရော့ ။ ဝယ် ချင် တယ်‌နော် ၊ ‌တွေ့‌နေပြီ ၊ အောက်တန်း ကြိုက်တာ‌တွေ မကြိုက်တာ‌တွေ အသာ‌ ဘေးချိတ် ၊ သိမ်းကျုံး ဝယ် ပစ်လိုက် ။ ဝယ်ပြီး မှ ‌ဈေးထိုး ကျ သွား ။ မှား သွားပြီ ၊ သိတယ် ၊ ပြန် ပြင်လို့ မရ ။ အချိန် မရဘူး ဗျာ့ ၊ အချိန် ၊ အ‌ခြေအ‌နေ လု လုပ်ကြရတာ ။ ကျားများ ၊ ခြ‌င်္သေ့ များ‌ တွေ့ရာ သား‌ကောင် မလွတ်တမ်း ဖမ်းအုပ် ကြရ သလို ပါပဲ ဗျာ ။ လုဝယ် ၊ လု‌ရောင်း ၊ ဟန်တာ လည်း ရ ၊ မဟန်တာ လည်း ရ ၊ ဒါ သည်‌နေ့ မောင်ချမ်းသာ တို့ ကျင်လည်‌ နေကြရသည့် လက်‌တွေ့ ဘဝ ။

နင့် ကို ငါ ကြိုက်တယ် ၊
ငါ့ ကို နင် ကြိုက်မလား
ဟား ... ဟား ....
‌အောင့်နိုင်ဘူး
စောင့်နိုင်ဘူး
ဟူး ... ဟူး ... ‌မောပါ့ ။
လူ့ဘဝ
ဆုံလည်သည့် နွား မရပ်နား ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment