( ၃ )
ရှေ့ပိုင်း ဆောင်းပါး တစ်ပုဒ် တွင် “ ခြေတော်တင် ” ဆိုသော စကား တစ်လုံး ပါခဲ့သည် ။ ယင်း စကားလုံး နှင့် ပတ်သက်၍ အဓိပ္ပာယ် လွဲမှား ယူဆမှုများ ရှိ လာနိုင် သဖြင့် ရှင်းပြဖို့ လိုအပ် လာသည် ။
ရှေးမြန်မာဘုရင် တို့ လက်ထက် ဘုရင် နှင့် မင်းညီမင်းသား တို့ တွင် ကိုယ်ပိုင် နှင့် လူသိရှင်ကြား မိဖုရား ၊ သားမယားများ ရှိကြစေကာမူ အပျင်းပြေ အညောင်းဆန့်သည့် သဘော အပျိုတော်ချောချော ကလေးများ ကို ခြေတော် တင် လေ့ ရှိခဲ့ ကြသည် ။
ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် မှာ ကား တိတ်တခိုး အမြှောင် မယားငယ်ကလေးများ အဖြစ် ယာယီ ပျော်ပါးခြင်း ကို စကားလုံး ညက်ညက်ကလေး ဖြင့် တင်စား လိုက်ခြင်း ဟု ဖတ်ရှု မှတ်သားဖူး ၏ ။
ပွင့်ပွင့်လင်းလင်း ဆိုကြပါစို့ ။
( မယားငယ် ထက် နိမ့်သော အပျော် သက်သက် မယား ပြုခြင်း ကို ဆိုလို သည့် ခြေတော် တင်ခြင်း ဖြစ်သည် ။ )
ထိုနည်း လည်းကောင်း ကဲ့သို့ သားကြီးမယားကြီး လက်ရှိ နှင့် ဆရာတို့ က အနုပညာရှင်မကလေးများ ကို အပျော် ခြေတော် တင် လိမ့်မည် ။ သတိ ကျပ်ကျပ်ထား ဟူ သည် ကို ရည်ရွယ် ရေးသား သတိ ပေးခဲ့ရာ၌ ပြည့်ပြည့်စုံစုံ ဖော်မပြလိုက်မိသည် ကား သာဓု အမှား ။ ( ဤတွင် ခြေတော်တင် ပြဿနာ ရှင်းလောက် ပြီ ထင်၏ )
သို့သော် မပြီးသေး မဆုံးသေး ။ ရေး ရပေဦးမည် ။ ရှင်းစရာ လင်းစရာ ကျန်ပေသေးသည် ။ တပည့် က ဆရာ ကို ချစ် နေမိသည် ။ လက် မထပ်ရတော့ ပြီ လော ။ ထပ် ပါ ။ ဆရာ ဖြစ်သူက တပည့် ကို ကြိုက်နေ မိသည် ။ မယူရတော့ပြီ လော ။ ယူ ပါ ။ နှစ်ဖက် သဘောတူ အချစ် မျှ ၍ ယူ ကြ ညားကြ လက်ထပ်ကြ သည် ကို သာဓု ဘာ တစ်ခုမျှ တားမြစ်ပိုင်ခွင့် မရှိ ။
သို့သော် နောက်ကြောင်း ကင်းရ ၊ ရှင်းရ ချေမည် ။ အထူးသဖြင့် ဆရာ သည် လွတ်လပ်သူ တစ်ယောက် အနေအထား တွင် ရှိရန် လိုသည် ။
ဆရာ ဆိုသည် မှာ မတတ်သေး သည့် ပညာ ကို တတ်အောင် ၊ မိုက်ကန်းကန်း ကလေးများ ကို လိမ္မာအောင် ၊ မိမိ သင် ပေးသော ပညာ ဖြင့် ကျော်ကြား ပေါက်ရောက် မြေတောင်မြှောက် ပေးရမည့် အစား ၊ သစ်စိမ်းချိုး ချိုး ချင်နေကြသည် က များ နေသည် ။ တိတ်တခိုး လင်မယားများ မဖြစ် ကြ စေချင် ၊ ပြောင်ပြောင်တင်းတင်း အတိအလင်း ကြေညာ၍ လူသိ နတ်ကြား လက်ထပ် ယူ ကြရန် သာ အဓိက ဖြစ် ချေသည် ။ ဆရာ က ကြိုက် ပြီး တပည့် က လည်း ချစ် နေလျှင် တစ်ယောက် မက ၅၀ ၊ ၁၀၀ ထိ ယူပါ ။ အချင်းချင်း ကျေနပ်ကြ လျှင် ကိစ္စ ပြီးသည် ။ ဗြောင် လက်ထပ် ဝံ့ သော သတ္တိ ကား လို၏ ။
အချို့ မိန်းကလေးများ တော်တော် ခက်သည် ။
တစ်နေ့သော နေ့လယ် ၁၂ နာရီ သာသာ ခန့် သာဓု အိပ်ရာမှ နိုးလျှင် နိုးချင်း ကားသစ်ကလေး တစ်စီး ရပ် ထားသည် ကို တွေ့ ရသဖြင့် တပည့် တစ်ယောက် အား လှမ်း ခေါ်လိုက်၏ ။
သူ တက် လာ လာချင်း ပင် သာဓု က မမေးရသေးမီ ...
“ ဧည့်သည် ရောက် နေတယ် ဆရာ ”
“ အေး ၊ ငါ သိပြီးပြီ ၊ အဲဒီ ကား အပြာ လေးဟာ သူ့ ကားလား ၊ ဒီ ကား ငါ မ မြင်ဖူးဘူး ”
“ ဟုတ်ပါတယ် ဆရာ ၊ လာတဲ့ ဧည့်သည် လဲ ကျွန်တော်တို့ မမြင်ဖူးဘူး ၊ အမျိုးသမီးလေး ဆရာ ။ အဲဒီ ကား ကို သူ ကိုယ်တိုင် မောင်း လာတယ် ”
“ သွားတိုက်ဆေး နှင့် သွားပွတ်တံ ယူချေကွာ ”
နောက် သွား တိုက်ရင်း က ...
“ ဘယ် အရွယ်လောက် လဲ ၊ ဘယ်က တဲ့ လဲ ”
“ အသက် ၂၀ ကျော် လောက် ၊ အစိတ် လောက် ထင်ပါတယ် ၊ ဘယ် ကလဲ မေးလို့ မရဘူး ”
ထိုအခိုက် လှေကား မှ ခြေသံ နှင့် အတူ သူ အပေါ်ထပ် သို့ ရောက်လာ သည် ။ အောက် သို့ ဆင်း၍ စကား ပြောမည့် သာဓု စိတ်ကူး ပျက် သွား ရချေပြီ ။
တစ်ကြိမ်မျှ မလာဖူးဘဲ စွတ်ခနဲ တက် လာသည့် အတွက် သာဓု တစ် ချက် မျက်ခနဲ ဒေါသ ထွက်မိ၏ ။
“ ဘာကိစ္စလဲ ”
“ ပြောပါ့မယ် ဆရာ ၊ ဆရာ့ မျက်နှာ ပြီးအောင် သစ် လိုက်ပါဦး ”
သာဓု ကိစ္စ ပြတ် သည် နှင့် ...
“ မောင်သိန်း အောက် မှာ ကု,လားထိုင် နှစ်လုံး ချ ၊ ရေနွေးကြမ်း ...”
“ ဒီမှာ ပဲ ပြောပါရစေ ဆရာ ၊ အောက် မှာ ဆိုတော့ ဘေးလူတွေ ကြား မှာ စိုးလို့ ပါ ”
မောင်သိန်း က ဝရန်တာ သို့ ခေါက်ကု,လားထိုင် နှစ်လုံး ချပေးပြီး ရေးနွေး တစ်ခွက် ထည့် လာသည် ။
“ တူမ ၊ ရေနွေးကြမ်း သောက်တတ် သလား ”
“ တော်ပါပြီ ဆရာ ”
သို့ ဖြေရင်း က သူ မောင်သိန်း ကို လှည့် ကြည့် သဖြင့် မောင်သိန်း ဆင်း အသွား တွင် ...
“ ရိုင်းတယ်လို့ လဲ မထင်ပါနဲ့ နော် ဆရာ ၊ ရဲတင်းလွန်း အားကြီးတယ်လို့ လဲ ”
“ အဲဒါ ထားပါဦး ၊ မင်း ဘယ်သူလဲ ငါ မသိပါလား ”
“ ဟုတ်ပါတယ် ၊ ဆရာ့ ကို တော့ အဝင်း သိ နေတာ ကြာပါပြီ ။ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ် လောက် က အဝင်း တို့ ကျောင်းဆောင် မှာ စာပေ ဟောပြောပွဲ ... ”
“ ဪ ၊ ဪ ၊ မင်း က .. ”
သူက နှုတ်ခမ်း ကို စုပြုံး ပြုံးလိုက် ပြီးမှ ...
“ ဟုတ်ကဲ့ ၊ မကြာခင် နိုင်ငံခြား ပညာတော်သင် သွားရမယ့် သူ တစ်ယောက် လို့ ပဲ ဆရာ သိ ထားပါတော့ ဆရာ ”
“ လျှို့ဝှက်ရမယ့် အကြောင်း ရှိနေ သလား ”
“ ဟုတ်ကဲ့ပါ ဆရာ ၊ ပြီးတော့ အဝင်း ရဲ့ လျှို့ဝှက်ချက် သာ မက အဝင်း မေးမယ့် ပုဂ္ဂိုလ် ကို လဲ ဆရာ လျှို့ဝှက်ထားဖို့ လိုအပ်ပါလိမ့်မယ် ”
သာဓု စိတ် ထဲတွင် အတော် ကလေး ခုသွားသည် ။
“ နေစမ်းပါဦး ၊ နေရင်ထိုင်းရင်း ငါက ဘာတွေ ကို လျှို့ဝှက်ပြီး ဘယ်သူ့ ကို နှုတ်လုံ နေရမှာ လဲ ။ ရှုပ်ရှုပ်ယှက်ယှက် ပြဿနာတွေ ထဲ ငါ မပါချင်ဘူး ၊ ပြန်တော့ ”
သူ တွေ သွားသေးသည် ။
“ ဆရာ ဟာ လူ တစ်ဖက်သား ကို ကူညီတတ်တယ် ဆိုတဲ့ အကြောင်း အဝင်း ဖတ်ဖူးပါတယ် ၊ အဝင်း ကို ကူညီပါ ဆရာ ”
“ ကဲ ၊ ကဲ ၊ တိုတို နဲ့ လိုရင်း ကို ပြော ”
“ ဆရာ့မိတ်ဆွေ လေ ၊ တက္ကသိုလ် က ( ... ဆရာ ... ) ”
“ အဲဒါ ဘာဖြစ်လဲ ”
“ သူ နဲ့ အဝင်း နဲ့ မေတ္တာ ရှိ နေကြပါ တယ် ”
“ လက်ထပ်ဖို့ နေ့ကောင်း ရက်သာ ရွေး ပေးရမှာ လား ၊ ဒါတွေ ငါ မတတ် ဘူး ၊ ယုံ လဲ မယုံကြည်ဘူး ”
သူက မဝံ့မရဲ ပြုံး လိုက်ပြီးမှ ..
“ အဓိက က ဒါ မဟုတ်ပါဘူး ဆရာ ။ သူ့ မှာ သားကြီး မယားကြီး ရှိနေတယ် ဆိုတဲ့ ကိစ္စ ပါ ”
“ နို့ မင်း က မေတ္တာ ရှိနေပြီ ဆို ၊ သူ့ မယားကြီး ကိစ္စလဲ မင်း စဉ်းစားပြီး သား မို့ မေတ္တာ ရှိ လိုက်တာ မဟုတ် လား ”
စောစောပိုင်း က အပြောအဆို ရဲတင်းဖျတ်လက် သလောက် ယခု ငိုင်ချက်သား ကောင်းနေ သည် ။
“ မင်းတို့ မိန်းကလေးတွေ တော်တော် ခက်တာပဲ ”
“ ဟုတ်ပါလိမ့်မယ် ဆရာ ၊ အချစ် ဆိုတာမျိုး က ... ”
“ ဒါကို ခုတုံး မလုပ်ပါနဲ့ လေ ၊ ကဲ ၊ ကဲ ဆရာ က ဘာ ကူညီရမှာ လဲ ၊ ဖြစ် နိုင်တာ ရှိရင်ပေါ့ ”
“ ဒီလိုပါ ဆရာ ၊ သူ့ သဘောထား ရယ် ၊ သူ့ ရဲ့ စကား ၊ ကတိသစ္စာ စသည် ဖြင့်ပေါ့ ဆရာ ၊ တည်တည်ကြည်ကြည် ရှိရဲ့လား ဆို တာ ”
သာဓု အဖြေရ ကျပ်သွား၏ ။ သာဓု မိတ်ဆွေ ဆရာ ဆို သူ ၏ သဘော သက္ကာယ ကို ကောင်းကောင်း ကြီး သိသည် ။ သို့သော် သူ တို့ အချစ်ကိစ္စ အတွက် သက်သေခံ ထွက်ချက် အဖြစ် ဘာ မျှ မပြောလို ။
“ မဟုတ်ပါဘူး ၊ သူ က ဘာ ကတိ တွေ ပေး ထားလို့ တုံး ”
မျက်လုံးကလေးများ လက်ခနဲ လင်း သွားအောင် လှန်ကြည့် လိုက်ရာ မှ ...
“ ဒါကတော့ ဆရာ ရယ် ။ အချစ် နဲ့ ပတ်သက်တဲ့ ကတိ ပဲ ပေါ့ ။ ဆရာတို့ အဖို့ ကတော့ ရေးရ လွန်း လို့ ရိုးနေ မှာ ပါပဲ ”
“ အင်း ၊ ထားပါတော့လေ ။ မင်း က ကော သူ့ အချစ်ကို မယုံဘူးလား ”
“ သူ့ အချစ် ကို ယုံ ပါတယ် ဆရာ ၊ သူ့ စိတ် ကိုတော့ ... ”
“ အေး ၊ လူ မှာ စိတ် ဟာ အရေးကြီး ဆုံးပဲ ၊ စိတ် ကို စိတ် မချရင် ဘာကိုမှ စိတ်ချလို့ မဖြစ်တော့ဘူး ၊ နေဦး ၊ နေ ဦး ။ သူ့ မှာ သားသမီး သုံးယောက် ရှိ တာ မင်း သိတယ်နော် ”
“ ဟုတ်ကဲ့ ဆရာ ”
“ နို့ ၊ သူ့ မိန်းမ ကို သူ ဘယ်လောက် ချစ်တယ် ဆိုတာကော ရိပ်မိရဲ့ လား ”
သူ ညိတ်ညိတ်ကလေး ခေါင်းညိတ် သည် ။
“ အေး ၊ ဆရာ မေးဦးမယ် ၊ မင်း က ကော အင်း ၊ အချစ် ဆိုတာက ခက် သားပဲလေ ”
သူ ခေါင်းငုံ့ ထားလျက် က မျက်လွှာ လှန်ပြီး နား စွင့် နေသည် ။ မတတ် နိုင် ။ မပြောသင့် သော်လည်း ပြော လိုက်ရချေသည် ။
“ အချစ် နဲ့ ပတ်သက် လာရင် မင်း တို့ မိန်းကလေးတွေ ဟာ ယောက်ျား ထက် စိတ်ဓာတ် ပြင်းတယ် ။ တကယ် ချစ် လာပြီ ဆိုရင် တုံး တိုက်တိုက် ကမ်းတိုက်တိုက် ယောက်ျားတွေ လိုက် ယှဉ်လို့ မရဘူး ၊ ခုလဲ မင်း ဒီ အခြေမျိုး ရောက် နေပြီ ပေါ့ ၊ ဟုတ်လား ၊ အဝင်း ”
သူ သက်ပြင်းကလေး မျဉ်းမျဉ်း ချ လိုက်ပြီးမှ ...
“ မှန်ပါတယ် ဆရာ ဒါပေမဲ့ သူ နဲ့ မ ပေါင်း ရရင် သေ ရပါတော့မယ် အထိ မျိုး တော့ မဟုတ်ပါဘူး ၊ သူ သာ ကတိ တည်မယ် ဆိုရင် ...”
“ ဘာ ကတိလဲ ၊ မင့် ကို ရာသက်ပန် ပေါင်း ပါ့မယ် ဆိုတဲ့ ကတိလား ”
“ ဒါလောက်နဲ့ မလုံလောက်ပါဘူး ဆရာ ”
“ သည့် ပြင် ဘာ ကတိ ပေးထားလို့ လဲ ၊ သူ က ”
“ တကယ် လို့ အဝင်း က သာ လက်ထပ်မယ် ဆိုရင် သူ့ မယားကြီး ကို တရားဝင် ကွာ လိုက် ပါမယ် ဆို တဲ့ ကတိပါ ”
“ အဲသလိုဆို မင်း သူ့ ကို ယူမယ် ပေါ့ ”
“ ယူမယ် ဆရာ ။ ဆရာ့ မိတ်ဆွေ က အဲလိုမျိုး ကတိ ကို တည် နိုင်ပါ့မလား ၊ ဆရာ့ ကို လာ စုံစမ်းတာပါ ။ သူ က လဲ ပြော တယ် ။ မယုံရင် ဆရာ့ ကို စုံစမ်း ကြည့်ပါ တဲ့ ”
“ ဘယ်တုန်း က ပြော တာလဲ ၊ သူ နဲ့ ဆရာ မတွေ့တာ ငါးလ မကတော့ ဘူး ”
“ မနက်က သူ ပြော ပြီး ပြီးချင်း ၊ ဆရာ့ ဆီ ထွက် လာတာပါ ။ သဘော ကတော့ သူ က အရင် လာပြီး စကား သွင်း ထားမှာ စိုးလို့ ”
“ ဟဲ ၊ ဟဲ ၊ မင်း က ဒီလိုတော့ အကင်း ပါးသားပဲ ၊ နို့ တလွဲ ဆံပင်ကောင်း နေတယ် ဆိုတဲ့ စကား ကြား ဖူးရဲ့ နော် ”
ခေါင်းညိတ်ရင်း က ငုံ့ သွားသည် ။
“ အေး ၊ မင်း ဒီနေရာ မှာ တော့ အကင်း ပါး ပြီး ၊ အရေးကြီး တာ ကို မေ့ ထားတယ် ”
“ ဘာကိုပါလိမ့် ဆရာ ”
“ ဒါ ထားဦး ၊ သူ က သူ့ မယားကြီး ကို ကွာ ပေးမယ် ဆိုတာတော့ မယုံမရှိ နဲ့ ဒီ လူ က ပြောရင် ပြောတဲ့ အတိုင်း လုပ် တတ်တယ် ”
သူ့ မျက်နှာကလေး အမည် နှင့် လိုက်အောင် ဝင်း လာသည် ။
“ အဲသလို ဆိုရင် မင်း သူ့ ကို လက်ထပ်မယ် ဆိုတာ သေချာသပေါ့ ဟုတ်လား ”
“ အဝင်းက ကတိ မပျက်ပါဘူး ဆရာ ”
“ အဲ ၊ သူ က မယားကြီး ကို စာချုပ်စာတမ်း နဲ့ ရပ်ရွာ လူကြီးတွေ ရှေ့ မှာ လက်မှတ် ထိုးပြီး တရားဝင် ကွာ လိုက်ပြီ ဆိုပါတော့ ”
သူ စိတ်ဝင်တစား နားစွင့် နေသည် ။
“ အဲဒါ သူ ကတိ တည်တဲ့ သဘောပဲ ။ မင်း ကလဲ သူ က ကတိ တည် လို့ တရားဝင် လက်ထပ် လိုက်ပြီထား ၊ ဒီ အိမ်ထောင်ရေး ကိစ္စ ဒီမှာ ပဲ ပြီးပြီ လို့ မင်း ယူဆ သလား ”
“ သူ ကလဲ အဝင်း ကို ချစ်တယ် ။ အဝင်း ကလဲ သူ့ ကို ချစ်တယ် ၊ နှစ်ယောက် စလုံး လွတ်လွတ် ကင်းကင်း အိမ်ထောင် ထူ ကြတာပဲဆရာ ၊ မပြီး စရာ ကိစ္စ ကျန်ပါသေးလား ”
“ အဲဒါ ဆရာ ပြော တာပေါ့ ၊ မင်း အရေးကြီးတာ ကို အကင်း မပါဘူး လို့ ၊ ဒီမှာ ၊ ဒီမှာ ၊ အဝင်း ၊ မင့် လူ ငါ့ မိတ်ဆွေ က မယားကြီး ကို ကွာရှင်း ပြီး မင်း နဲ့ လက်ထပ် ရော ၊ နောက် ခြောက်လ ၊ တစ်နှစ် အကြာ မှာ သူ့ စာချုပ် ရော သူ့ မယား စာချုပ် ပါ ဆုတ် ပစ် လိုက်ရင် မူလ မယား အတိုင်း ပြန် တရားဝင် သွား တယ် ဆိုတာ မင်း သိသလား ၊ ဒီ အထိ လဲ မ တွေးဘူး မဟုတ်လား ”
သူ လျှပ်ပြက် သလို လက်ခနဲ စိတ် ထိခိုက် သွားဟန် သို့ မျက်ရည် ကလေး စို့ လာသည် ။
“ အင်း ၊ စာချုပ်တွေ ဆုတ်ဆုတ် မ ဆုတ်ဆုတ် ၊ သားသမီးတွေ အကြောင်း ပြုပြီး ဝင်ထွက် သွားလာ စားသောက် ၊ တစ်ည တလေ အပတ်စဉ် အိပ်မယ် ဆိုပါတော့ ၊ အဲဒါ ကိုလဲ ပတ်ဝန်းကျင် က ပြန် ပေါင်းနေတဲ့ သဘော အတည် ပြု ကြမယ် ၊ အဲဒါ သူ ကတိ ပျက်တာ မဟုတ်ဘူးနော် ( ကွာပေးမယ် ) သာ ပြောတာ ( ပြန် မပေါင်းတော့ဘူး ) လို့ မဆိုဘူး ၊ ဘာပဲ ဖြစ်ဖြစ် သူ က သူ့ မယားကြီး ကို ပြန် ပေါင်းဖို့ လွယ် တယ် ၊ အဲ ၊ မင်း က သူ့ ကို ကွာ ပစ်ဖို့ ကျတော့ မလွယ်ပြန်ဘူး ဟ ”
သူ မျက်ရည်များ ဝေကျ လာသည် ။
“ ကောင်းပြီ ၊ သူ့ သားသမီးများ ရှိ ရာကို မသွားရ ၊ မလာရဘူး လို့ မင်း တားမြစ်ရက်ပါ့မလား ၊ အင်း မ ကောင်းဘူးလေ ”
သူ့ လက်ဝါး နှစ်ဖက် တွင် မျက်နှာ မြှုပ် ၍ ကိုယ် အထက်ပိုင်းကလေး တ လှုပ်လှုပ် ခါသွားသည် အထိ မချိတင်ကဲ ဖြစ် နေရှာသည် ။
“ သူ နဲ့ အဲ ၊ အဲ ၊ ဆရာ့ မိတ်ဆွေ နဲ့ မ ပေါင်း ရ ရင် သေရပါတော့မယ် ဆိုတဲ့ အထိ မျိုးတော့ မဟုတ်သေးပါဘူး လို့ ခုန မင်း ပြောတယ် ၊ အဲဒီ တန်ဖိုးရှိတဲ့ စိတ်ဓာတ် နဲ့ ဆရာ ပြောတာတွေ ပေါင်းစပ် ၊ စဉ်းစားပေါ့ ကွယ် ၊ တစ် ဘဝ လုံး အတွက် အဖြေ ပေါ် လာ မှာ ”
သူ ကျုံ့ကျုံ့ကလေး ထိုင်ပြီး သာဓု ကို ကန်တော့ သွားသည် ။
••••• ••••• ••••• •••••
ဤသို့ ခက်သော မိန်းကလေးများ လည်း ရှိ သေးသည် ။ ထို့ထက် ပို၍ ခက်သော အမျိုးသမီး ကလေးများ လည်း အနမတဂ္ဂ ရှိကြလေသေးသည် ။
ယင်းကဲ့သို့သော တပည့်မကလေး များ ကို မူ ဆရာတွေ က သတိ ကျပ်ကျပ် ထား ။
( ၃ - ၁၀ - ၈၄ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
နိုဝင်ဘာ - ၁၉၈၄
📖 အနုဝင်္ကဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment