❝ အဝိဇ္ဇာ အကြောင်းကြောင့် ❞
ပထမ သော် ဤမျှ ကြီးကျယ်သော ရန်ပွဲကြီး ဖြစ်လိမ့် မည်ဟု မထင်မိ ။ သာမန် ခွန်းကြီးခွန်းငယ် ဆဲဆို ရုံ မျှ နှင့် ကိစ္စ ပြတ်ကာ ဘေးဘီ က ဝိုင်း ဆွဲကာ ဖျောင်းဖျတာ နှင့် မီးသေ သွားလိမ့်မည် ဟု သန်းတင် က ထင်စား မိ ရှာလေ သည် ။
သူတို့ နှစ်ယောက် စလုံး ကို ဘယ်သူမှ ပြောလို့ လည်း မရ ၊ ဖျန်လို့ လည်း မရ ၊ ဆွဲလို့ လည်း မရ ။ တစ်ယောက် က သူ့ အိမ်တွင်း က ၊ တစ်ယောက် က အိမ်ဝင်း အပြင် မှ လက်ညှိုး တငေါက်ငေါက် ထိုးကာ ဆဲရေး ရန်ထောင် နေ ကြသည် ။ ဆဲလိုက်ကြသည် မှာ လည်း ကြားဝံ့စရာ မရှိ အောင် မိုးမွှန် နေသည် ။ ထဘီတိုတို ကို ခါးစောင်း မှာ ပင့်တင်ကြ လျက် ...
လူတွေ က လည်း မျောက်ပွဲ ကြည့် သလို ဝိုင်းအုံ ကာ သာ ကြည့် နေ ကြသည် ။ သန်းတင် က မျက်နှာပူပူ နှင့် မလှမ်းမကမ်း က လက်ဖက်ရည်ဆိုင် တွင် ငူတူတူကြီး သာ ထိုင် နေ မိသည် ။ လူ က တော့ လုံးဝ မလှုပ် ၊ ကျောက်ရုပ် သဖွယ် ငုတ်တုတ်သာ ငြိမ် နေ တော့သည် ။
“ ဟ ... သန်းတင် ရ ၊ ကြားကောင်းလို့လား ဟေ … ။ ဘာ ငိုင်နေတာတုံး ၊ ဝင် ဖျန်လေကွာ ”
ဘကြီးညို က အရေး ထဲ သန်းတင် အနီး သို့ ကပျာ ကယာ လျှောက် လာကာ အမောတကော နှင့် ပြောလိုက် လေသည် ။ သန်းတင် က မျက်နှာထား ပျက်ပျက် နှင့် ညို မှိုင်း ကာ ...
“ ဘယ်နှယ် လုပ်မလဲဗျာ ၊ ပြောလို့ မှ မရကြဘဲ ”
“ ဒီအတိုင်း ကြည့် နေ မှာလားကွ ၊ မင်း တကယ် ခက် တာကိုး ”
“ ဒီအတိုင်း မကြည့်လို့ ဘယ်လို လုပ်မလဲ ဘကြီး ရ ။ ဒါလောက် သောက်ရှက် မရှိ ရန်ဖြစ်ချင်ကြတဲ့ ဟာတွေ ဖြစ်ကြပစေဗျာ ... ကျွန်တော် တော့ စိတ်ရှုပ်တယ် ”
“ အံမယ် ….. မင်း က ခုမှ စိတ်ရှုပ်တယ်လေး ဘာလေးနဲ့ ၊ ဒါ ဘယ်သူ ရှို့တဲ့ မီး လဲ ကွ ။ ငါ့လခွေး တဲ့ ၊ ဘယ်သူ မပြု မိမိမှု မောင် ”
သန်းတင် က ရင် ကို ပင့်၍ သက်ပြင်းရှည်ကြီး တစ်ချက် ချပြီး ...
“ ကျွန်တော့် အပြစ်တွေ ကျွန်တော် သိပါတယ်ဗျာ ၊ သိလို့ လည်း အထပ်ထပ် ဝန်ချ တောင်းပန် ပြီးပြီ ။ နှစ် ယောက် စလုံး ကို လည်း ဖျောင်းဖျ ပြီးပြီ ။ အေးအေး ဆေးဆေး ဖြေရှင်းကြပါ ဆိုတာလည်း မရ ”
“ ဟ ... ဒါမျိုး အေးအေးဆေးဆေး ဖြေရှင်းလို့ ရ မလား ခွေးသားရ ။ ဘယ် မိန်းမ သည်းခံ မတုံး ။ ပြီးတော့ ကြည့်ရတာ နှစ်ယောက် စလုံး ငါးစင်ရိုင်း ချည်း ပဲ ။ တစ်ခါတည်း ဆူးတောင် ဖြန့် နေ လိုက်ကြတာ ၊ စွာလိုက် ကြတာ အလွန်ပဲ ”
“ ဒါကြောင့်မို့ ပေါ့ ဗျာ ၊ ပြောလို့ မရတာ နဲ့ ဒီ အတိုင်း ကို ထိုင် ကြည့် နေရတာ ”
ထိုအခိုက် ရန်ပွဲ မှာ ပြင်းထန်သည် ထက် ပြင်းထန် လာ လေသည် ။ တစ်ဦး က သတ္တိ ရှိ လျှင် ဝင်း ထဲ ဝင်ခဲ့ဟု စိန် ခေါ်သည် ။ တစ်ဦး က လည်း မိုက်ရင် အပြင် ထွက်ခဲ့ ဟု ခေါ်ထုတ်သည် ။ ထဘီ ကို တိုနိုင် သမျှ အတိုဆုံး ဝတ်ကြကာ လက်မောင်း မှ အင်္ကျီစများ ကို ပင့် တင်ကြ လေသည် ။
ဘေး မှ ဝိုင်း ဟန့်တား ဆွဲကြလည်း မရ ။ သည်တော့ အားလုံး က ကြည့် ကောင်းကောင်း နှင့် လွှတ်ထား သလို ဖြစ် နေသည် ။
“ သန်းတင် ရ ၊ ထစမ်း လေကွာ ။ ခင်ထွေး ကို ဖြစ်ဖြစ် အတင်း ဆွဲခေါ်သွား စမ်းကွာ ။ လူ ကြား မကောင်း သူကြား မကောင်း နဲ့ ”
သန်းတင် က အေးတိအေးစက် နှင့် ငေးကြည့် နေရာ မှ ....
“ အမယ်လေး ဘကြီး ရာ ၊ ကျားမြီး တော့ မဆွဲပါရစေနဲ့ ” ဟု အထိတ်တလန့် ဖြေ လိုက်လေသည် ။
“ ဒါဖြင့်လည်း ရင်နု ကို ဖြစ်ဖြစ် အိမ်ထဲ ခေါ်သွင်းကွာ ”
“ အဲဒါ သာ မလုပ်ရဲသေးဗျ ”
သန်းတင် က ခေါင်းသာ အတွင် ကုတ် နေတော့သည် ။
“ တယ်…သောက်ဂွတော့ ဖြစ်ကုန်တော့မှာပဲ ။ ဒီကောင် ဟာ ဖင် မနိုင်ဘဲ ပဲကြီးဟင်း စားတဲ့ ကောင်လေး ကိုး ။ ရင်နု နဲ့ မင်း ဖြစ်နေတာ ကို ခင်ထွေး ဘယ်လို သိ သွားတာ လဲ ”
“ ဟို စုန်းမကြီး ဒေါ်ခင်ရွှေ နှောက် တာပေါ့ ဗျာ ။ သူ့ ဆီ က ရင်နု အတွက် မိန်းမကွင်း နီလာလက်စွပ်လေး တစ် ကွင်း အကြွေး သွား ဝယ် မိတာ ငါးပါး ကို မှောက်တာပဲ ကျွန်တော် က လည်း တပေါင်းလ ထဲ ပေးမယ် ပြောပြီး ငွေ မလည်တာ နဲ့ ကတိ ပျက် သွားမိတယ် ။ အဲဒီတော့ ဒီ ဆပ်စလူးမကြီး က ခင်ထွေး ဆီသွားပြီး ညည်း ယိုးဒယားဘတ် ကြိုး ဆွဲပြီး လက်စွပ် အကြွေး မပေးတာ တရားလား ဘာ လား နဲ့ ခင်ထွေး က လည်း ဘယ် က လက်စွပ် လဲ ဘာလဲ ပေါ့ ”
“ ကောင်းရောကွာ ... တယ်ကောင်း ”
ဘကြီးညို က ကွမ်းတံတွေး ပစ်ကနဲ ထွေးပစ်ကာ ချီး ကျူးထောမနာ ပြု လိုက် လေသည် ။
“ ခင်ထွေး က လည်း ကျွန်တော် ထင် တာ ထက် ပါး သေး ၊ နီလာလက်စွပ် ကိစ္စ ကျွန်တော့် ကို တစ်ခွန်း မှ မမေးဘူး ။ ရင်နု အိမ် မရ အရ စုံစမ်းပြီး ဖမ်းတာပေါ့ ဗျာ ။ အခုတော့ မြင်တဲ့ အတိုင်း ပဲ ”
“ သေတော့မှာပဲ ၊ မြာ နှစ်ပွေ ကြား ဗျာများတဲ့ ကောင် ဆွဲကြိုးချ သေတယ် ဆိုတာ ဒီလိုဟာမျိုးပဲ ” ဟု ဘကြီးညို က မြည်တွန်တောက်တီး လုပ် နေသည် ။
သည်တော့ သန်းတင် က သက်ပြင်းရှည်ကြီး ချပြန်ကာ ..
“ ကြမ္မာ ငင်ချင်တော့ ဘယ်လို ဖြစ်တယ် မသိပေါင် ဗျာ ”
“ လူမတန် ကံချပါ မောင် ”
“ ဒါတော့ ဟုတ်ပါတယ်လေ ၊ ခင်ထွေး ကို လည်း သနား တာ ပဲ ။ ရင်နု ကို လည်း မပစ်နိုင် နဲ့ ၊ ဘယ်လို စီစဉ် ရမယ် တောင် မသိဘူး ”
“ ခင်ထွေး က တော့ သနားစရာ ပါ ကွာ ။ သူ့ မှာ ဘာ အပြစ် ရှိသတုံး ၊ ကောင်မလေး ငါ့ လာ တိုင် တာ ငိုကြီးချက်မ နဲ့ ”
“ ခင်ထွေး မှာ ဘာ အပြစ် မှ မရှိပါဘူး ဆိုဗျာ ၊ အပြစ် မရှိပါဘူး ။ ဖန် ပြောက်ချိန် တန်တော့ ဖန်ပြောက် တာပေါ့ ၊ လောကတံထွာ ပဲ ”
“ ဘာတဲ့ ”
“ ဖန်ပြောက် - ဖောက်ပြန် တာ ပေါ့ ဗျာ ”
"ဟား .... ဟား .... ဟား .... ခွေးမသားလေး ”
( ၂ )
ခင်ထွေး နှင့် ဆယ်နှစ် ဆယ်မိုး ပေါင်းသင်း လာခဲ့ ပြီး နောက် အပြစ်ရယ် ဟု မည်မည်ရရ ရှာ မတွေ့ပါ ။ ကောင်မလေး သည် ငယ်ပေါင်း လည်း ဖြစ်ကာ သူ့ ထက် ခုနစ်နှစ် ခန့် ငယ်သည် ။ အသား ညိုစိမ့်စိမ့် ၊ တောင့်တင်း သော ကိုယ်ဟန် နှင့် တင့်တယ်သော ရုပ် အဆင်း လည်း ရှိသည် ။ ရုပ်ရည် က လည်း နုပျို ဖျတ်လတ် သဖြင့် သန်းတင် အသက် ၃၅ နှစ် အရွယ် တွင် အသက် ၂၈ နှစ် သာ ရှိ သေးသော ခင်ထွေး နှင့် တူဝရီး ပမာ ရုပ် က ကွာခြား လေ သေးသည် ။
ခင်ထွေး က အလိမ္မာလေး လည်း ရှိသည် ။ စိတ်ဆတ် သော်လည်း မိမိ အပေါ် ကျိုးနွံစိတ် ရှိလေသည် ။ စီး တဲ့ ရေ ဆယ် တဲ့ ကန်သင်း ဟူ၍ အစုအဆောင်း တော်သည့် အပြင် အိမ်မှုကိစ္စ ၌ လည်း မပျင်းမရိ သိမ်းထုပ် သေချာသည် ။ သား နှင့် သမီး အပေါ် ၌ လည်း အုပ်အုပ်စီးစီး ရှိသည် ။ ကျန်းမာရေး နှင့် ပြည့်စုံကာ အပြုအစု လည်း တော်သည် ။ သည်တော့ ဘာ လိုလေသေး သနည်း ။
သန်းတင် အဖို့ လိုသေးတာ တစ်ခု က မိမိ ဘာသာ မိမိ မကျန်းမာဘူး ဟု စိတ်စွဲ လာရာမှ ခင်ထွေးအပေါ် နှမ အရင်း ထက် မပိုသော စိတ် နှင့် နေ လာသည် ။ ငြီး တာ လိုလို ဘာလိုလို လည်း ဖြစ်မိသည် ။ သို့နှင့် ၃၅ နှစ် မရောက်မီ ဆံစ တစ်စနှစ်စ ဖြူသည် နှင့် ပုတီး စိပ်ရင်း တောထွက် ချင် သလိုလို ၊ ဘုန်းကြီး ဝတ် ချင် သလိုလို ခင် ထွေး အား လေသံ ပစ် မိသည် ။
ဤတွင် ခင်ထွေး က ..
“ ကလေးတွေ ကြီးပါစေဦး အစ်ကို ရယ် ၊ ကလေး လက် လွတ်တော့ အစ်ကို့ သဘော ပေါ့ ။ ဒီတော့ မိထွေး က ရေပူရေချမ်း တောင် ကမ်းလှမ်း မှာပါ ” ဟု အသာ တကြည် ဆို ရှာသည် ။
သန်းတင် စိတ်ရင်း ၌ တကယ် လည်း ခင်ထွေး အပေါ် ၌ နှမအရင်း ပမာ သံယောဇဉ် တွယ်လျက် လောကီစိတ် လည်း ပြတ်သလို နှင့် နေ့ည သံသရာတွေ ရှည် နေသည် ။ ခင်ထွေး က မူ အပြုံး မပျက် စိတ်ရှည်လက်ရှည် ပင် လင် ယောက်ျား အလို ကျ ကျိုးနွံ မြဲ ပင်တည်း ။ ချီးမွမ်းစရာ တစ်ချက် က ခင်ထွေး မှာ စောင်း နှင့် ကင်းကွာသော စောင်းသမား လက် ကဲ့သို့ မဟုတ်မူဘဲ မဖောက်မပြား နေနေ သော ဖြူစင်သည့် အကျင့် ရှိခြင်း ပင်တည်း ။
သို့နှင့် ဗြုန်းစားကြီး ‘ ရင်နု ’ နှင့် ဖြစ် လာရသော ကိစ္စ တွင် ကား ခင်ထွေး မှာ ဆောက်တည် ရာ မရ ဖြစ်ရှာ လေ တော့သည် ။
“ အစ်ကို ပြောတော့ ဘုန်းကြီး ဝတ်မယ် ဆို ။ အမလေး ဘုရား ဖြစ်မယ့် အုတ်ခဲကြီး ရဲ့ ၊ မကျန်းမာဘူး ဆိုတော့ ကျုပ် က တော့ အဟုတ် အောက်မေ့လို့ ”
သည့်နောက် ကောင်မလေး က မပြောအပ်တာတွေ ကို ခရေစေ့တွင်းကျ အော်ကြီး ဟစ်ကျယ် ပြောရင်း ငို မဆုံးတော့ ပေ ။
“ ရှူး တိုးတိုးကွ ၊ အိမ်နားနီးချင်းတွေ ကြား ရင် ရှက် စရာကြီး ”
“ အလို တော် လုပ်ပုံကတော့ ရှက်စရာ မကောင်းဘူးလား ကြောင်သူတော်ကြီး ရဲ့ ”
ဆီးကင်း ပမာဏ မျက်ရည်ပေါက်ကြီးများ ကျလာ ၍ မဆုံးနိုင်အောင် ငိုကြွေး နေ ပြန်သည် ။
“ ငါ မှားပါတယ် ခင်ထွေးရယ် .... ငါ မှားမိပါတယ် ”
“ အံမယ်လေး မှားရုံ နဲ့ ပြီး သလား တော့ ။ ပြီးတော့ ဒီ ကောင်မ က ကျုပ် ထက် ဘယ်လောက်များ ပို လှလို့လဲ ။ ကျုပ် ထက် နှစ်နှစ် လည်း ကြီးဆို ၊ ပိန် လိုက်တာ က လည်း အရိုးချည်း ပဲ ကျုပ် မြင်ပြီးပါပြီ အုတ်ခဲကြီး ရဲ့ ”
“ ဒါတွေ ပြောမနေပါနဲ့ ကွာ ၊ ငါ့ ကို မင်း ပေးချင်တဲ့ အပြစ် သာပေးပါ ။ မင်း ပေးတဲ့ အပြစ် ငါ ကြည်ကြည်ဖြူဖြူ လက်ခံပါ့မယ် ခင်ထွေး ရာ ”
“ ကျုပ် အပြစ် ပေးလို့ ဘာ လုပ်ရမှာတုံးတော့ ၊ တော် တို့ ဘာသာ တော်တို့ ကမြင်း ပြီး ကျုပ် က ဘာ အပြစ် ပေး ရမှာတုန်း ။ ဒီမယ် ကိုသန်းတင် ရဲ့ ၊ တော့် လို ဆို ကျုပ် လည်း လင် တစ်ယောက် ခေါင်း ခေါက် ယူနိုင်သပေါ့ တော် ။ ကျုပ် က တော့် ထက် တောင် ရုပ်သန့်သေး ၊ နုပျိုသေး ။ ကျုပ် လို မိန်းမမျိုး လိုချင်တဲ့ သူတွေ အပုံ ၊ ဒါပေမဲ့ ကျုပ် က မဆော့တဲ့ မိန်းမ ဆိုတော့ ဘယ်လို နေလဲ တော် အသိပါ တော့် ”
“ အေးလေ .... ၊ ငါ မှားပါတယ်လို့ ဝန်ခံနေပြီ မဟုတ် လား ”
“ ကျုပ် လင် ဘယ်လို နေနေ ကျုပ် သိက္ခာ ရှိရှိ နေခဲ့တာ ၊ တော် က သာ တော် က သာ ဟီးဟီး ”
ခင်ထွေး ၏ ငိုချင်း ကား ဆုံးခန်း မတိုင်သေး ၊ မသာအိမ် မှာ ငိုဘိ သကဲ့သို့ ဖြစ်နေသော ကြောင့် ....
“ တော်တော့ဆိုကွာ ...မင်း ငိုပုံ က ငါ သေသလိုပဲ ”
“ အမယ်လေး သေသွားတာ မှ ကောင်း သေးတယ် ။ ကျုပ် က တော့ ကို လူကောင်း သူကောင်း မှတ်လို့ ပြုစု ခဲ့ ရတာ ၊ ဒီလိုပုံ ဆိုရင် တော် သေပါစေလို့ ကျုပ် ဆုတောင်း တော့ မှာပေါ့ ”
“ ဆုတောင်းကွာ ၊ မြန်မြန် ဆုတောင်း ။ သေတာပဲ အေးတယ် ၊ တယ် နားပူတဲ့ မိန်းမ ”
“ ကျုပ် နားပူတယ် ဟုတ်လား ။ လင်ခိုးမ မိန်းမရွှင် ပါးစပ် လို တော့ ကျုပ် က မြှူ မနေနိုင်ဘူး တော့် ။ ကျုပ် ပလီ မပြောတတ်ဘူး တော့် ” ဟု ခင်ထွေး က သူ့ ရင်ဘတ် သူ လက် နှင့် စုံ ထုကာ ရန်ထောင် ရင်း ငို နေပြန်သည် ။
ဘယ်လို ချော့ချော့ မပျော့တော့ သော ခင်ထွေး ကို သည် အတိုင်း လက်ပိုက် ကာ တစ်ည လုံး ငုတ်တုတ် ထိုင် ကြည့် နေရသည် ။ ခင်ထွေး က လည်း စက်သေနက် ပစ် သလို ပြောစရာ စကား ဟူသရွေ့ ကို တစ်ခွန်း တစ်ပါဒ မကျန် အောင် ပြော မဆုံးပြီတည်း ။
( ၃ )
ပန်းရံဆရာ ဘဝ နှင့် မိန်းကလေး အလုပ်သမား အမြောက်အမြား ကို ဆက်ဆံရ သော်လည်း ဘယ် မိန်းမ ကို မှ မရိုးမသား မဆက်ဆံဖူးပါ ။ တည်တည်တံ့တံ့ နှင့် လိပ်ပြာ သန့်ရှင်းစွာ ဆက်ဆံသည် ကို အများ အသိ ။
ထို့ကြောင့် အလုပ်သမား အားလုံး က ပင် သူ့ ကို ရို သေ လေးစားကြသည် ။ တစ်နေ့ လျှင် ၁ဝိ စား ပန်းရံ ခေါင်းဆောင် ဘဝ နှင့် သိက္ခာ ရှိရှိ နေခဲ့လေသည် ။
သနပ်ခါး ပါးကွက်ကျားများ နှင့် နုပျို စိုလန်းသော မျက်နှာလေးများ ကို သော် လည်းကောင်း ၊ ကိုယ်ကာယ ကို သော် လည်းကောင်း မျက်စိ တည့်တည့် ရောက်လာ လျှင် မြင်မိ ရှုကြည့်မိ သည် မှာ အမှန်ပင် ။ သို့သော် စိတ် ထဲ ကြာရှည် စွဲမြဲ မထား ။ စိတ် ထဲ ၌ သာယာသည် ၊ ချစ်သည် ၊ ကြိုက်သည် လည်း မရှိလှပေ ။
အဲ … သူ့ ရဲ့ ‘ မသိစိတ် ’ တွင်တော့ ဒီ သူငယ်မ အလှ များ သည် ခင်ထွေး အလှ ထက် ပို၍ ဆန်းသစ် နေလေ မည်လား မပြောတတ်ပေ ။
ရင်နု ကို ပန်းရံ အလုပ်သမကလေး အနေ နှင့် စတင် တွေ့ ရစဉ် က မြူးကြွ နေဟန် မြင်ရသည် ။ တစ်ခုလပ် မလေး ရင်နုကို ပိန်ပိန်ပါးပါး မျိုးမျိုးဖျတ်ဖျတ် နှင့် မြင် တွေ့ နေရသည် ။ မျက်နှာထား က ရွှင်ကြည်လျက် အပြုံး ရိပ် က သူ့ နှုတ်ခမ်းများ တွင် အစဉ်သဖြင့် နားခို လို့ နေ သည် ။
ဘယ်လောက်ပင် ချွေး စို့အောင် မောမော သီချင်း ဆို မပျက်ပေ ။ ထို့ပြင် ခရာသံလေး နှင့် “ ချစ်ခရီးဘဝ တာ လမ်းတစ်လျှောက် တွင် အတူတူ တတွဲတွဲ နေချင် ၊ ချစ် မငြီးရပါ ဝမ်းမြောက်ရွှင် ၊ မူမကွဲ အမြဲ မသွေအစဉ် ၊ သူ့ စိတ်နေ သဘောထား သိရ ခက်တယ်ရှင် ” ဆိုသည့် သီချင်းမျိုး ကို ကတ်ကတ်သတ်သတ် ရလည်း ရ၍ စိတ်ပါ လက်ပါ သီဆို လေသည် ။
တိုက် နံရံများ ကို ပန်းရံအချောကိုင် ရင်း သာယာချို အေးသော တေးသီသံ ကို မကြားချင်၍ ရမလား ။ စိမ်း ၍ ချော နေသော သမံသလင်း ကိုင်သော အခါ၌ သော်လည်း ကောင်း ၊ ကျောက်ပြား စီကာ အင်္ဂတေ နှင့် ဆက် ၍ ဆေးမှုန့်အဖြူ သုတ်လိမ်းကာ ပွတ်တိုက်သော အခါ၌ သော် လည်းကောင်း ၊ အေးအေးဆေးဆေး စိတ်ကူးစိတ်သန်း နှင့် နေသော အခါ ရင်နု ၏ တေးသံ က ပျံ့လွင့် လာခဲ့လေ သည် ။
ရင်နု က ဘိလပ်မြေ သယ် လာပြီး မိမိ အား ဒယ်အိုး ကို ကမ်းပေး လိုက်သော အခါ ဒယ်လက် ကိုင် ကို တော်တော် နှင့် မလွှတ်သော ရင်နု လက်ကလေးများ ကို ထိတွေ့ လိုက်ရသည် ဆိုလျှင် ရင် ထဲ တွင် နွေးကနဲ ဖြစ်သွား မိလေ သည် ။ ခင်ထွေး ၏ လက်ကလေးများ သည် ရင်နု ထက် နူးညံ့ သော်လည်း မကြာခဏ ကိုင်ဖူးသည် ဖြစ်သော ကြောင့် နွေးသော အတွေ့ ကို ထိုမျှ ဤမျှ မပေးတော့ပေ ။ ထို့ထက် ရင်နု က ဒယ်အိုးရွက်လျက် မိမိ အနီး ရောက် လျှင် အုတ်ခဲကျိုး တက် နင်းမိကာ ယိုင်လဲ မလို ဖြစ် ပြီး ‘ အမေ့ ’ ဟု မိမိ လက်မောင်းအိုး ကို အားပြု လိုက်သည့် အခါ တဒိတ်ဒိတ် နှင့် နှလုံးသွေး တိုးသံ ကို ပင် ကြားမိပါ သေးရဲ့ ။ မိမိ က ပြန်၍ သူ့ ကိုယ်လေး ကို ထိန်းပေး လိုက်ရ သော အခါ ဆိုစရာ မရှိပေပြီ ။
ရင်နု က ကိုယ် ကို လှုပ်ကာ ခပ်သဲ့သဲ့လေး ရယ်မော လိုက်သော အခါ ရင်နု အား မသိမသာ ငေး၍ ကြည့် နေ မိသည် ။ သန်းတင် က သတိ ကြီးစွာ နှင့် ရင်နုအား ကမန်းကတန်း လွှတ်လိုက် သောအခါ မျက်လုံးရွဲကြီး နှင့် မျက်စောင်း ထေ့ ကာ ....
“ တကတဲ ဆရာကိုသန်းတင်ကြီး က လူများ အနူအဝဲ ကျနေတာပဲ ” ဟု နှုတ်ခမ်း စူကာ ရန်ထောင် နေ တတ် သည် ။
ပြီးနောက် သူ့ ကိုယ် က သနပ်ခါးနံ့ က တခြား မိန်းမလေးတွေ လိမ်းကျံ သလို ရွှံ့စေး နှင့် ရောထား သလို စေးထန်းထန်း ဝါကျင့်ကျင့် အရောင် ရှိသော သနပ်ခါး ရနံ့မျိုး မဟုတ် ၊ ရှင်မတောင်သနပ်ခါး တွင် နံ့သာဖြူရနံ့ က စွက် လျက် သင်းပျံ့ နေသည် ။ ခေါင်း ထက် မှ သနပ်ခါး ပန်းရနံ့ က လည်း သူ့ ကိုယ် နံ့ ကို အထောက်အကူ ပြု သယောင်ယောင် ။
ဒီတော့ မယား ခင်ထွေး နှင့် ခေတ္တ စခန်းချ ခဲ့သော အချစ်စိတ် ( ဝါ ) တပ်မက်စိတ် တို့ သည် ဖြိုးဖြိုးဝေလျက် ရင်နု အပေါ်၌ တစ်ပါးသော ယောက်ျားတို့ ၏ စိတ်လှုပ် ရှားမှု ထက် ပို လာ ရသည် ကို ဝန်ခံရ မလို ဖြစ် နေလေ သည် ။ နဂိုက မိန်းမ လိုက်စား တတ်သူ မဟုတ်သော် လည်း ရင်နု အပေါ်၌ စိတ်ဝင်စား မှန်း မသိ ဝင်စား လာ သည် မှာ မိမိ တတ်နိုင်သော ကိစ္စ မဟုတ် ဟု ကိုယ့် ဘာသာ ကိုယ် ထုချေ မိသေးသည် ။
ပုထုဇဉ် သန္တာန် တွင် ပုထုဇဉ်စိတ် ပဲ ပေါ် ရမည် ။ တခြား ဘာစိတ် မှ ပေါ်မည် မဟုတ်သည် ကို ခပ်စောစော က သတိ မထားခဲ့မိပါ ။ ခင်ထွေး ကို မေတ္တာ မပျက်ပါ ဘဲ လျက် မီး ဝေး ချိတ် ပမာ ဖြစ်ခဲ့ရသော စိတ်တို့ သည် တစ်ပါးသော မီး နှင့် တွေ့ထိ ရသော အခါ ပို၍ပင် အရည် ပျော် လာလေသည် ။ သို့ကြောင့် သူ့ လို မယား လက်ရှိ အလုပ်သမားများ ထက် မိမိ ၏ လှုပ်ရှား ဖောက်ပြားမှု ထုထည် ပို၍ ကြီးနေသည် ဟု တွေးထင် မိ လာသည် ။ သို့သော် နောက်ကျ ခဲ့လေပြီ တကား ။
ရင်နု နေ မကောင်း သဖြင့် တစ်ရက်တလေ မလာ သည် ကို ပင် ဘယ်လို နေမထိ ထိုင်မထိ ဖြစ်မှန်း မသိ ။ နောက်ရက် တွင် တော့ ရင်နု ၏ မိတ်ဆွေရောင်းရင်း လုပ်ဖော်များ က ...
“ ရင်နု ရေ ... ၊ ညည်း လူကြီး တော့ ဈာန် လျှောပြီဟေ့ ”
“ ဘာတုံး အေ့ ... ညည်းတို့ ဥစ္စာ က ”
“ ဆရာကိုသန်းတင်ကြီး ပေါ့ ၊ ညည်း မနေ့ က မလာလို့ ဒေါင်းတောက် နေတာပဲ ။ သူ့ မျက်လုံးတွေ က ကျီးကန်း တောင်းမှောက် ပဲ ၊ ညည်း ကို ရှာတာ ”
“ အဲဒါ ဘာဖြစ်သလဲ ” ရင်နု က မထူးမဆန်း သလို မေး လိုက်လေသည် ။
“ အဲဒါ ဘာဖြစ်ရမလဲ ၊ သူ့ ကြည့် တော့လည်း ထေရ်ကြီး ဝါကြီး ရတဲ့ သူ လို မျက်နှာကြီး တည်တည် နဲ့ ။ ညည်း ကြောင့် ဈာန် လျှော နေတာပေါ့ အေ့ ”
“ အိုး ... ဈာန် လျှော ရအောင် သူ က ရဟန္တာဈာန်ပျံ မှ မဟုတ်တာ အေ ၊ ဘာသား နဲ့ ထုတာ မို့ တုံး ”
“ ကောင်မ … ညည်း က သန်းတင် ကို ဘာတွေ သွား လုပ်သတုံး ”
“ မလုပ်ရပါဘူး တော် ”
“ ညည်း သူ့ အနား ကပ်ကပ် ပြီး လေ ”
“ ဘုရားစူး ”
“ ငါ ....နည်းနည်း ပျော်ချင်လို့ သွား စ တာပါ အေ ၊ ဒါလောက် ဣန္ဒြေ ကြီး တဲ့ လူကြီး ဘယ်လို နေမလဲလို့ ကြည့် ချင်လို့ ”
“ မနေ့က နေ့လယ် ငါတို့ ထမင်း စား နေတုန်း တစ်သက်လုံး ဆင်း မလာဖူးတဲ့ လူ က စပါးရော ဖွဲရော နဲ့ မညွန့်တင် တို့ ထမင်း စား ကောင်းရဲ့နော် တဲ့ ။ ဟုတ်ကဲ့ ဆရာ လို့ ဆိုတော့ အဖော်တွေ နဲ့ စားတော့ ပျော်စရာကြီး ပဲ တဲ့ ။ ငါ ကပဲ ပါရမီ ဖြည့်ချင်တာ နဲ့ ဒါတောင် ရင်နု မလာ လို့ ၊ လာရင် ပိုတောင် ပျော်ရဦးမယ် လို့ စကား လမ်း ကြောင်း ပေး လိုက်ရော ၊ ဟီ ... ဟီ ... ”
ညွန့်တင် က ရူးတူးတူး မျက်နှာထား နှင့် ရယ် နေ ရာ ရင်နု နှင့် အဖော် တစ်စု က ညွန့်တင် အား ဝိုင်း ထု ကြပြီး ရယ်မော မဆုံး ဖြစ်နေ ကြ၏ ။
တသောသော နှင့် မိန်းကလေး တစ်သိုက် ရယ်မော သံ သည် သန်းတင် နား ထဲ ပျံ့လွင့် လာ လေသည် ။ မိန်းကလေးများ ပြောဆိုသံ တစ်စွန်းတစ်စ လည်း ကြားမိ သော အခါ သန်းတင် မှာ မျက်နှာ ကို တစ်ဖက် သို့ လှည့် နေ လိုက်လေသည် ။
သို့နှင့် ရင်နု က ဆတ်ကော့ လတ်ကော့ ၊ မိမိ ကလည်း ခင်ထွေး နှင့် အမြင် နီးပြီး ခရီးဝေး သခိုက် မို့ မရှောင်သာ သော လမ်းမြှောင် ကြား တွင် ညား ရသော ဇာတ်လမ်း ကို က မိ လျက်သား ဖြစ် နေမိလေသည် ။
ခင်ထွေး က ဒီ အကြောင်းတွေ ကို ကြားသိရသည် နှင့် …
“ ကျုပ် တော် ပြောသလို တော့် အပေါ် ရိုးရိုးသားသား နေ မိတာ မှားပါပေါ့လား တော့ ၊ ဒီလိုမှန်း သိရင် ကျုပ် ရင်နု လို ဆတ်ကော့ လတ်ကော့ မနေရပါလား ။ ကျုပ် ခု ဆတ်ကော့ လတ်ကော့ နေ တော့မယ် တော် ရဲ့ ၊ တော် ရင်နု နဲ့ သွား ပေါင်းချေ ၊ ကျုပ် လည်း တစ်ယောက် ယူ မယ် ။ ဘာမှတ်သလဲ ” ဟု မိုက်စကားတွေ ပြောကာ နဖူး ရှေ့ မှ ဆံပင် တွေ ဖြတ် ၊ နှုတ်ခမ်းဆိုး ၊ ပါးဆိုး ၊ ယိုးဒယားဘော်လီ ဝတ်လျက် သန်းတင် မခံချင် အောင် ရုပ်ရှင်များ ပွဲ ဆက် ကြည့် နေ တတ်လေသည် ။
ဘယ်လိုမှ ချော့ ပြောလည်း မရ ၊ ကြာတော့ အမြင်ကတ် လာသည် နှင့် ...
“ အေး ….. မင်း ကြည့်ရတာ တစ်နေ့တခြား အပျက် နဲ့ တူလာပြီ ” ဟု ဆိုမိရုံ ရှိသေး ခင်ထွေးက ကက်ကက်လန်လန် ....
“ တော် … အပျက် ယူ ထားတယ် မဟုတ်လား ။ ကျုပ် ဘာသာ ကျုပ် အပျက် ဖြစ်ဖြစ် အပျော် ဖြစ်ဖြစ် တော် နဲ့ မဆိုင် ၊ တော့် အပျက် ကို သာ အော်ဒါ မလိုက် အောင် သွား ဆုံးမ ချေ ။ ကျုပ် မျက်နှာ ကို တော့ သေသေ ချာချာ ကြည့်ထား ၊ ရင်နု လို အစား မဟုတ်ဘူး ။ ကျုပ် ဘာသာ ကျုပ် လင် တစ်ယောက် ကို ခေါင်းခေါက် ယူ နိုင်တဲ့ တစ်နေ့ တော့် ကို ကွာမယ် ၊ ဒါပဲ ပြောမယ် ”
သည်တော့ သန်းတင် က စိတ်ဆင်းရဲခြင်း မက ဆင်းရဲ ပြီး မီးဖို ထဲ က ‘ ဓား ’ တစ်လက် ကိုယူ ကာ ခင်ထွေး အား ကမ်းပေး ရင်း ပြော လိုက်၏ ။
“ မင်း ... ဘာဘာညာညာတွေ လုပ် မနေ နဲ့ ၊ ငါ့ ကို မကြည့်ချင် ရင် သ,တ်လိုက် ။ ရော့ .... ခု သ,တ် ... ဟေ့ .... ခု ချက်ချင်း သ,တ်လိုက်ပါ ။ ရော့လေ ... ဟေ့ ... ခင်ထွေး ... ”
ခင်ထွေး က သန်းတင် အား ဆတ်ခနဲ မော့ ကြည့် လျက် မျက်ရည်ရစ်ဝိုင်း နေသော သန်းတင် ၏ မျက်လုံး များ ကို မြင်ရသောအခါ သန်းတင် ၏ လက် ထဲ မှ သားလှီးဓားဦးချွန် ကို ဆတ်ခနဲ လှမ်း ယူလိုက်သည် ။ ထို့ နောက် အိမ်ကြမ်း ကို အား နှင့် အဖန်ဖန် ထိုး စိုက်ကာ စိုက်ကာ …
“ တော့် ကို ကျုပ် သ,တ်ပါ့မလား တော် ။ ဘယ်တော့မှ မသ,တ်ဘူး တော် က သာ ကျုပ် ကို သ,တ်နေတာ သ,တ် နေတာ ။ ဖြည်းဖြည်းချင်း ညှဉ်းသ,တ်နေတာပါ တော် ၊ တော့် စကား ကို စဉ်းစဉ်းစားစား ပြောပါ ။ တော့်ကို ကျုပ် မကြည့်ချင်ဘဲ ရှိမလား ၊ တော် သာ ကျုပ် ကို မကြည့်ချင် လို့ ရင်နု ကို ယူ တာ မဟုတ်လား ” ဟု ပြောရင်း ငိုကြွေး နေ ပြန်သည် ။
ကြမ်းပြင် ပေါ် သို့ အားကုန် စိုက်ချ လိုက်သော ဓား သည် ဖျောင်းကနဲ ကျိုးသွား တော့သည် ။
( ၄ )
ယခုလည်း ....
ဤမျှထိုမျှ ကြီးကျယ်သော ရန်ပွဲကြီး တစ်ခု ဖြစ်လာ လေသည် ။
ခါနွေဆန်းစ တွင် နံနက်ခင်း သည် ရွှေရောင် နေခြည်မျှင် အောက် ဝယ် လန်းဆန်းလတ်ဆတ် နေသည် ။ ဈေးတန်း အစ မှ ပန်းတို့ သည် ရေစက်များ တွဲလွဲ ခို နေ သည် ။ မေမြို့ ၊ ဂန္ဓမာ ၊ ဖြူဝါ နှင်းဆီ ရောင်စုံ တို့ သည် မျက်စိပသာဒ တွင် ကြည်လင် အေးမြစရာ ဖြစ် ပေသည် ။
သို့သော် ခင်ထွေး နှင့် ရင်နု တို့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံ မှာ ကား မသက်ဆိုင်သူ တို့ အဖို့ ရယ်ဖွယ် ဖြစ် သော်လည်း သက်ဆိုင်သူ အဖို့ နား မချမ်းသာစရာ ပင် တည်း ။ သန်းတင် က သွား၍ ဖျန်ရ ကောင်းနိုး ၊ လက်ဖက်ရည်ဆိုင် မှ တိတ်တဆိတ် လစ် သွားရ ကောင်းနိုး နဲ့ စိတ် ထဲ ဇဝေဇဝါ ဖြစ် ဆဲ ...
“ ဟေ့ ....သ,တ်ကုန်ကြပဟ သန်းတင် ၊ သွားစမ်း မြန်မြန် သွားစမ်း ... ”
ဘယ်လိုက ဘယ်လို ဖြစ်တယ် မသိ ၊ ရင်နု က ဝင်း အပြင် ထွက် လာ ကာ ခင်ထွေး နှင့် နပန်း လုံးကြ လေသည် ။ တစ်ယောက် ဆံပင် တစ်ယောက် ဆွဲ ကာ ကုတ်ကြ ၊ ဖဲ့ကြ သည် ။ ခင်ထွေး က ခွန်အား ကြီး သလို ရင်နု ကလည်း သန်စွမ်း သည် ။
အင်္ကျီများ စုတ်ပြဲ ကာ မြင်မကောင်း ၊ ရှုမကောင်း ။ ကာလသား အချို့ ကတော့ မူ မြင်ကောင်း ရှုကောင်း သည့် ပမာ အရိပ်ပြပွဲ ကြည့် သလို မက်မက်စွဲစွဲ အာရုံခံ ကြည့် နေကြသည် ။ သဲခင်း ထား သော မြေ က လည်း နပန်းသ,တ် ရန် နေရာ အသင့် လို ဖြစ် နေသည် ။
ရင်နု က ထဘီ ကျွတ် သွားသဖြင့် ကပျာကယာ ထဘီ ကောက် ဆဲ ခင်ထွေး က သူ့ ကိုယ်လုံး တုတ်တုတ် နှင့် ပစ်တိုက် လိုက် လေသည် ။ နှစ်ယောက် စလုံး သဲပြင် ပေါ် တွင် လိမ့် နေ ကြ ပြန်သည် ။
ဤတွင် သန်းတင် သည် ကယ်တင်ရှင် သူရဲကောင်း ကြီး ပမာ ရန် ဖြစ်သူ နှစ်ဦး ရှေ့ ဘွားကနဲ ပေါ် လာလေ သည် ။ သူ ပါ မယား နှစ်ယောက် ကြား လုံးထွေး လုံးထွေး နှင့် ဖြစ်နေသည် ။ ရင်နု အိမ်သားများ ကလည်း မရှိ ။ ခင်ထွေး ကလည်း အဖော် မပါ တစ်ကိုယ်တည်း လာ မိုက်ပြခြင်း ဖြစ်သည် ။ မဆိုင်သူများ ကလည်း တော်ပါ တော့ သာ ပြောသည် ၊ ဝင် မဆွဲရဲကြ ။
ဘကြီးညို က လည်း မိန်းမသားများ ဖြစ်သဖြင့် နှုတ် က သာ တော်တော့ ပြောသည် ။ ကိုယ်ထိ လက်ရောက် မဖျန် ဝံ့ ။
“ ဟယ် ... ကမြင်းမတွေ ၊ တော်ပါ ဆိုတာ မရဘူး ”
သန်းတင် က မျက်နှာ တစ်ခုလုံး နီရဲ ကာ စိတ် တို လာ လေသည် ။ ရှက် လည်း ရှက်သည် ။ ဒေါသ လည်း ထွက် သည် ။ ရှက်ဒေါသ နှင့် လမ်းလျှောက်ရင်း တမေ့တမော ငေး နေသော အဘိုးကြီး တစ်ဦး ထံ မှ ချယ်ရီသားတုတ်ကောက် ကို အတင်း ဆွဲယူ ကာ မယား နှစ်ယောက် စလုံး ကို စိတ်ပေါက်ပေါက် နှင့် ရိုက်သည် ။ အဘိုးကြီး က သန်းတင် နောက် လိုက် ကာ .....
“ ကျုပ် တုတ် ကျိုးပါမယ်.… ကျုပ် တုတ် ကျိုးပါ မယ် ” ဟု အတင်း ဆွဲ လုသည် ။ မရ ။ အဘိုးကြီး ပါ ရန် ဖြစ်သူတွေ ကြား ထဲ လုံးထွေး လုံးထွေး ဖြစ်နေ ပြန်သည် ။
ရင်နု က သူ့ လက်ဖျား ကို တုတ်ချက် ထိသွား သဖြင့် အသည်း ခိုက်အောင် နာ လေသည် ။ ခင်ထွေး က လည်း ညို့သကျည်း ကို တုတ်စာ မိ ၍ သူ့ ဒေါသ သည် သန်းတင် ဆီ သို့ ပြောင်း သွား လေသည် ။ ရင်နု က လည်း သန်းတင် ကို ဒေါသ ထွက်သည် ။
“ နင် သူများ သားပျိုသမီးပျို ယူပြီးတော့ ကောင်းကောင်း မထားဘူး ၊ နင် ကမြင်းပြီး နင် က ပဲ ရိုက် ရတယ် ရှိသေး ”
ရင်နု က ဆိုဆဲ၏ ။ ခင်ထွေး က လည်း “ တော် ကျုပ် ကို ဘယ်တုန်းက ရိုက်ဖူးသလဲ ဟင် ၊ တော့် ဘာသာ တော် ကမြင်းပြီး ... ” ဟု ပြောပြောဆိုဆို သန်းတင် ၏ ပါး ကို လှမ်း ရိုက်သည် ။ သန်းတင် က ရှောင်ဆဲ ရင်နု က လှမ်း ရိုက် ပြန်သည် ။ နှစ်ယောက် သား ဝိုင်းပြီး သန်းတင် ကို သတ်ကြ ပုတ်ကြ ပြန်သည် ။ သန်းတင် လက် မှ ချယ်ရီ တုတ်ကောက် အလွတ် တုတ်ကောက် ပိုင်ရှင် လူကြီး က ကပျာကသီ သူ့ တုတ်ကောက်ကို ကောက်ယူ ကာ ပြေးပြီး လူအုပ်များ ကြားထဲ ပျောက်ကွယ် သွားလေသည် ။
သန်းတင် နှင့် မယား နှစ်ယောက် သတ်ကြ ပုတ်ကြ ဆဲ ရင်နု က သံဖြူဆိုင် မှ ဂေါ်ပြားတစ်ခု ပြေး ယူကာ သန်းတင်ခေါင်း ကို ရိုက် လိုက်သည် ။ သန်းတင် ခေါင်း မှ သွေး များ ဖြာခနဲ စီးဆင်း လာသောအခါ ဖျန်မည့် သူများ ပြေး လာကြ သော်လည်း ခင်ထွေး က သန်းတင် ၏ အရှိုက် ကို လက်သီး နှင့် ထိုးမိပြီး ဖြစ်သည် ။ သန်းတင် သည် မြေ ပေါ် တွင် ငှက်ပျောပင်ရင်း မှ ဖြတ် လိုက်သည့် ပမာ ရုတ်ခြည်း ပြိုလဲ လေသည် ။
ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ် နေသော အခြေအနေ တွင် သန်းတင် အား ပွေ့ထူ ကာ နှာ နှပ် သူ နှပ် ၊ ယပ် ခတ် သူ ခတ် နှင့် သန်းတင် က တုတ်တုတ်မျှ မလှုပ်တော့ ။ ခင်ထွေး က သန်းတင် ၏ လက် ကို ကိုင် ကာ “ အမယ်လေး … ကျုပ် လင် သေပါပြီတော့ ” ဟု ငို လေသည် ။ ရင်နု က လည်း မျက်ရည်များ ကျ နေသည် ။
များမကြာမီ ပင် ကားဥဩရှည်ကြီး ဆွဲသံ နှင့် အတူ လူနာတင်ကား ရောက် လာ လေသည် ။ လူနာထမ်းစင် ပေါ် သို့ တင် ပေးသော အခါမှ သန်းတင် က သူ့ မျက်တောင် ကို မသိမသာ ခတ် လိုက် လေသည် ။ မျက်စိ ကို တော့ မဖွင့် ပေ ။ ဖွင့် လည်း မဖွင့်ချင် ပါ ။ သည် အတိုင်း ပင် နေချင် ပါ သည် ။ ဒဏ်ရာ ဒဏ်ချက် က တော့ မပြောပ လောက်ပါ ။ လောလောဆယ် သေချင်စိတ် သာ ရှိသည် ။
ဆွဲကြိုးချ မသေရဲ လို့ သာပါ ။ ခုနေ ဒီ အတိုင်း သေ သွားမည် ဆိုလျှင် ရဲရဲဝံ့ဝံ့ပင် သေချင်ပါသည် ။ တရား ကျ ၍ မဟုတ်ဘဲ စိတ် ညစ် သောကြောင့် သေခြင်းတရား ကို သွေးအေးအေး နှင့် ရင်ဆိုင်ရဲ လေသည် ။ သေမင်း ကို မြင်ရဦး တော့ လည်း မကြောက်မရွံ့ နောက် မတွန့်ဘဲ သူ က ပင် ဦးဆောင်လက်ယပ် ခေါ်မည် ထင်ပါသည် ။ ။
◾ခင်ဆွေဦး
📖 ငွေတာရီ မဂ္ဂဇင်း
အမှတ် ၁၂ဝ ၊
၁၉၇၀ ခု ၊ ဇွန်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment