( ၂ )
အနုပညာ သင်တန်းဆရာ ဆို သူ တို့ အနက် အချို့ က အမိတို့ အမောင်တို့ အား ထိုင်ရာ မထ “ ဒိုင်း ” ခနဲ ကျော်ကြားအောင် ဖန်တီးပေးနိုင် သ ယောင်ယောင် ငွေ ချူလို ချူလိမ့်မည် ။ လူ ကို မြှူလို မြှူလိမ့်မည် ။ သတိ ကျပ်ကျပ် ထားပေရော့ ။
တချို့ ကျူရှင်ဆရာတွေ ( ကျောင်း စာပညာ လည်း အနုပညာ ထဲ အကျုံး ဝင်တယ်လို့ ဆိုချင် တယ် ။ ) သူတို့ တချို့လည်း ဒီ အတိုင်းပဲ ။ ဒီနေ့ ( ၁၀ ) တန်း ဖြေပြီး နက်ဖြန် ဘီအေ ဘွဲ့ ရတော့ မလောက် အာဝဇ္ဇန်း ရွှင်ကြတယ် ။ အဲ သူတို့ ကတော့ ငွေ မ ဆွယ်ဘူး ။ လူ လူ လူ ။
ထားတော့ ။
တူ ၊ တူမ တို့ အင်မတန် ခက်တယ် ။ အပြော ကောင်းရင် ပါ ချင်တယ် ။ ယုံ လွယ်တယ် ။
ဟေ့ ၊ မင်းတို့ ကို အမေ မွေးလိုက် တုန်းက ဦးနှောက် ပါ မလာဘူးလား ။ ပါတယ် ။ ပါရင် ဘာပြုလို့ အဲသည် ဦးနှောက် နဲ့ မစဉ်းစား ချင်ရတာလဲ ။
မင်းတို့ ကို ထိတ်ထိတ်ကြဲ အနုပညာရှင် တစ်ယောက် ဖြစ် လာအောင် မြေတောင် မြှောက် ပေး မယ် ဆိုတဲ့ သင်တန်းဆရာ ရဲ့ အရည်အချင်း နဲ့ လက်ရှိ အခြေအနေ ကို ပြန် သုံးသပ်မိ ရဲ့ လား ။ သူ ကိုယ်နှိုက် က ဘာ ဖြစ်နေသလဲ ၊ ဘယ် အထိ ပြောင်မြောက် နေသလဲ ၊ သူ့ ကို ကော ဘယ်လောက် အထိ သုံး နေကြသလဲ ၊ အနုပညာ လောက မှာ သူ့ နာမည် ဘယ် အဆင့် မှာ ရှိ သလဲ ။ ပရိသတ် က သူ့ ကို ဘယ်လို မြင်သလဲ ။ မင်း တို့ ကိုယ်နှိုက် ကကော သူ့ အသံ ၊ အဆို ၊ အက ၊ သရုပ်ဆောင် မှုကို နှစ် နှစ်ခြိုက်ခြိုက်ကျေနပ်ရဲ့ လား ။
ဆိုပါတော့ ရုပ်ရှင် ။
ကေသွယ်မိုး တို့ လောက်မှ မ ထင်ရှားသူ တစ်ယောက် က ( သရုပ် မဆောင်တတ်သူ တစ်ယောက် က ) ရုပ်ရှင်ပညာ သင် ပေးတယ် ဆိုရင် ရယ်စရာ ကောင်း မနေဘူးလား ။ အဲ ၊ နောက် တစ်ခု က ကိုယ်တိုင် ကိုယ်ကြပ် ဘာ အခန်း မှ ဝင် ပြီး သရုပ် မဆောင်ဖူးပေမဲ့ ပြ တတ် ၊ သင်တတ်တဲ့ ပညာရှင် မရှိဘူး လား ။ အတော်များများ ရှိတယ် ။ သူ တို့ မှာ အရည်အချင်း လည်း ရှိတယ် ။ နာမည် ရှိတယ် ။ ပရိသတ် လည်း သိ တယ် ။
ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် အတင်း ဒါရိုက်တာ လုပ် ၊ ဒါမှ မဟုတ် အဆွယ် ကောင်းကောင်း နဲ့ သူများ ဆီ က ငွေ ယူ ရိုက် ၊ ဒါရိုက်တာ လုပ် ၊ တစ်ထုပ် တည်း နဲ့ ပြုတ် ။ တချို့ ၂ ထုပ် ၊ ၃ ထုပ် ကြံဖန် ရိုက် ။ တစ်ကား မှ လူမကြိုက် ။ အဲသလို ပုဂ္ဂိုလ် က ကိုယ့် ကို ဆရာ လုပ် သင် နေသလား ဆိုတာ အမေ ပေးထား တဲ့ ဦးနှောက် နဲ့ စဉ်းစား ။
အဲသလို ဟို ယောင်ယောင် သည် ယောင်ယောင် ခေါ်မယ့် သုံးမယ့် သူ မရှိ သူတွေ က မင်းတို့ ကို မင်းသား ၊ မင်းသမီး ဖြစ်စေသတည်း လို့ လုပ် ပေး နိုင်လိမ့်မယ် ထင်ပြီး အဲ ငွေ ပါ ပါ ၊ လူ ပဲ ပါ ပါ ။ ဒါတော့ ကိုယ့် ထိုက် နဲ့ ကိုယ့် ကံပဲ ။ သတိ ကျပ်ကျပ်ထား ။
“ ဆရာ ၊ ကောင်မလေး တစ် ယောက် ဆရာ နဲ့ တွေ့ပါရစေ ဆိုပြီး အောက် မှာ ရောက် နေတယ် ။ လွှတ် လိုက်ရမလား ”
“ နေပါဦးကွ ၊ တစ်ယောက် ဆိုတော့ အဖော် မပါဘူးလား ”
“ ဟင့်အင်း ဆရာ ၊ တစ်ယောက် တည်း ”
သာဓု ဆင်း လိုက်သွားပြီး ၊ ကု,လားထိုင် ပြင် ခိုင်းလိုက်သည် ။
“ ဟေ့ ၊ ဘာပြုလို့ တစ်ယောက် တည်း လျှောက် သွားနေ တာလဲ ၊ အဖော် ကော ”
“ မပါဘူး ဆရာ ”
အသံများ တုန်ခါနေသည် ။
“ နင် အလွန်ဆုံး အသက် ၁၈ နှစ် လောက်ပဲ ရှိဦးမယ် ။ ဘာကြောင့် တစ်ယောက် တည်း လာရ သလဲ ။ မ ကြောက်ဘူးလား ”
“ ဟုတ်ကဲ့ ၊ ခါတိုင်းဆို ကျွန်မ အမြဲ အဖော် နဲ့ သွားပါတယ် ။ ဒီနေ့တော့ အဖော် သူငယ်ချင်း မကြားစေချင်တဲ့ စကားတွေ ဆရာ့ ကို ပြောပြပြီး အကူအညီ တောင်းချင်လို့ ပါ ”
“ ကဲ ၊ ငါလဲ အလုပ် ရှိတယ် ၊ တိုတို ပြောစမ်း ”
သူ စကား အစ ကို ရှာ နေသည် ။
“ ဘာလဲ ၊ ရုပ်ရှင် ဝါသနာပါလို့ လား ”
“ ဟုတ်ပါတယ် ၊ ပထမ က ဆရာ့ ဆီ လာ မလို့ စိတ် ကူးပါသေးတယ် ။ ကြောက်တာနဲ့ ”
“ ဘာ ၊ ဘာကို ကြောက်တာလဲ “
“ ဟို ... ဟုတ်ပါဘူး ၊ ဆရာ အော် ထုတ်မှာ ကြောက်တာပါ ။ တချို့ အတော်များများ ပဲ ပြောကြ ပါ တယ် ။ ဆရာ ဘု ကျတယ် ၊ စိတ် မထင် ရင် ထအော်တယ် ၊ မောင်းထုတ် တယ်ဆိုလို့ ”
“ အေး ၊ ဟုတ်တာ မှန်တာကို ပွင့်ပွင့်လင်းလင်း တဲ့ တိုး ပြောရင် ဘုကျ တယ်လို့ ဘာသာပြန်နေ ကြတယ် ။ ကဲ ဆက်ပြော ၊ ခု ဘာလာ လုပ်သလဲ ။ ဒါဖြင့် ”
“ ဒီလိုပါဆရာ ၊ အငယ် က ရုပ်ရှင် သိပ်ဝါသနာပါ ... ”
“ အငယ် ဆိုတာ မင့် နာမည်လား ”
“ ဟုတ်ပါတယ် ဆရာ ၊ သမီး နာမည် က ငယ်ငယ် ပါ ၊ အဲသလို ဝါသနာ ကြီးတာနဲ့ ကြားလူ တစ်ယောက် ရဲ့ ၊ အဲ အဲဒါ သူ ဆက်သွယ် ပေးတာနဲ့ ဟို ဦး .... ဆီ ရောက်သွားပါ တယ် ”
ငယ်ငယ် က နာမည် ကို ပါ ထုတ် ပြောသည် ။
ထို ဦး ... ဆို သူ ကို သာဓု ကောင်းကောင်း သိထား၍ ထိတ်ခနဲ ရင်တုန်သွားသည် ။
“ ကဲ ၊ အတိုချုပ် ပြောစမ်း ၊ ငယ်ငယ့် ကို သူ ဘာ ပြောသလဲ ၊ ဘာ ...”
“ ဟင့်အင်း ၊ သူ့ မိန်းမ ရော ၊ သမီး ရော အိမ် မှာ ရှိပါတယ် ။ ငယ်ငယ့် ကို ပထမနေ့ က ရုပ်ရှင် သဘောတရားတွေ ပြော ပြပါတယ် ။ နောက်နေ့ တွေ ကျတော့ အမူအရာ လုပ်ခိုင်းပါတယ် ”
“ ဒီနေ့ ထိ သင်ပြနေတာ ဘယ်လောက် ကြာပြီလဲ ”
“ စုစုပေါင်း နှစ်လ အတွင်း ရှစ်ရက် လောက် ရှိပါပြီ ”
“ ပြေပြေလည်လည်ပဲ ၊ မဟုတ်လား ”
“ ဟုတ်ကဲ့ ”
“ နို့ ဘာကိစ္စ ဆရာ့ ဆီ လာတာလဲ ၊ ဟို ပြေလည် နေမှ ပဲ ”
သာဓု က စိတ် အေး သွားသလိုဖြင့် မေး လိုက်၏ ။
“ ဒီလိုပါ ဆရာ ၊ ဟို တစ်နေ့ ကတော့ သူ အိမ် ကို လာ ပါတယ် ။ အဲဒီ အချိန် မှာ ကျောင်း သွား သူ သွား ၊ အ လုပ် သွား တဲ့ လူ သွား ၊ ဈေး သွား သူ သွား နဲ့ ”
“ အေးလေ ၊ အိမ် မှာ ငယ်ငယ် တစ်ယောက် တည်း ရှိတယ် ဆိုပါ တော့ ”
“ ဟုတ်ကဲ့ ရှင့် ”
သာဓု မှာ ချက်ချင်း ရင် ပူရပြန် သည် ။
“ အင်း ... ပြော ”
“ အဲဒါ ။ အဲဒီ ဆရာဦး ... က ရုပ်ရှင်ဇာတ်ညွှန်း တစ်ခု လဲ ပါ လာ တယ် ၊ ဖတ်ကြည့်ပါတဲ့ ၊ အဲဒီ ဇာတ်ကား ထဲ မှာ ဒုတိယ ခေါင်းဆောင် နေရာ က ထည့် ပေး မယ်တဲ့ ”
“ အေးပါဟာ ၊ ငယ်ငယ် ဖတ်ကြည့် ရော ၊ ဇာတ်လမ်း ကြိုက်ကြိုက် မ ကြိုက် ၊ ဒုတိယ ခေါင်းဆောင် လုပ်ရ မယ် ဆိုရင် ကြိုက် ပြီပေါ့ ၊ မဟုတ်လား ”
သူ ငုံ့ တွေကလေး တွေ နေပြီးမှ
“ ဝါသနာ က ကြီးတာကိုး ဆရာ .. ပါ ချင်တာပေါ့ ”
“ ဟဲ့ ၊ နင့်ပြဿနာ က ဒီမှာ ပြီး နေပြီ ပဲ ၊ ငါ့ ဆီ လာတာ အပိုပေါ့ ၊ ငါ က မလုပ်နဲ့ ပြောလဲ နင် နားထောင်မှာ မဟုတ်ဘူး ၊ ဝါသနာအိုးတွေ အကြောင်း ငါ သိတာပေါ့ ”
“ ဒီလို ဟုတ်ပါဘူး ဆရာ ၊ ဆရာ့ အကြံဉာဏ် လိုချင်လို့ လာတာပါ ”
“ ရော ၊ ငါ ပါ ခေါင်းရှုပ် လာပြီ ၊ မြန် မြန်ပြောစမ်း ၊ ဘာတွေ ဖြစ်လာသလဲ ”
“ ဇာတ် ကတော့ မဆိုးပါဘူး ။ အဲဒါ မနေ့က ဆရာ ... လာတယ် ။ အဲ ဆရာ့ ကိုလဲ သူ သိသတဲ့ ၊ သိပ် ခင်တယ်တဲ့ ”
“ အေး ... သိတာပေါ့ ၊ ရုပ်ရှင်သမား ချင်း အနေနဲ့ သိတာပေါ့ ။ ဒါပေမဲ့ သိပ် ခင်တယ်ဆိုတာ မဟုတ်ဘူး ”
ကောင်မလေး ငေး သွားသည် ။
သူ့ အငေး တွင် သာဓု လည်း အလုအယက် တွေး လိုက် မိသည် ။ ထို ဦး ... ကို သာဓု က မောင် ... ဟု ခေါ်သည် ။
သူ အကယ်ဒမီ ရခဲ့ဖူးသည် ။ အရည်အသွေး မဆိုးလှ သော်လည်း လူချင်း တွေ့ လိုက်လျှင် လိမ်ချင် ၊ ကောက်ချင် ၊ ယုတ်မာချင် သည် ကို ဦးစား ပေးတတ်၍ သာဓု ခပ်တန်းတန်း နေ ထားသူ ဖြစ်၏ ။
“ ဆရာ က သိပ် မခင်ဘူး ဆိုတော့ သူ လိမ် ပြောတာ ဖြစ် ”
“ ဟုတ်တယ် ၊ အဲသလို အလိမ်အကောက်တွေကြောင့် ဆရာ သူ့ ကို မခင်တာဘဲ ၊ ကဲ ဆက်ပြော ”
“ ဟုတ်ကဲ့ ဆရာ ၊ အဲ အဲဒါ ၊ အဲဒီ ကား မှာ မင်းသမီး တင် ပေးမယ်တဲ့ ”
သူ အသံ ရပ်သွားသဖြင့်
“ အေး ၊ အဲသလို ထည့် ရိုက် ပေးတဲ့ အတွက် သူ ချိန်းတဲ့ နေရာ ကို ခေါ်ရင် လာ ရမယ်လို့ ကော မပြောဘူးလား ”
ငယ်ငယ် လက်ညှိုး နှစ်ချောင်း ကို လိမ်၍ ငြိမ် နေသည် ။ ဟုတ်မှန်ကြောင်း ဝန်ခံသကဲ့သို့ ။
“ ဒီကောင့် သောက်ကျင့် ဆရာ သိ တယ် ။ အဲ ၊ အကျဉ်း ချုပ် လိုက်ရင် ခု လို ငယ်ငယ် ဆရာ့ ဆီ ကို လာပြီး မရှက်မကြောက် ပြောပြတဲ့ သဘော ကတော့ ငယ်ငယ် မှားသွား မှာ ကြောက်တယ် ၊ ဒီလို မဟုတ်လား ”
“ ဟုတ် ဟုတ်ကဲ့ပါ ဆရာ ၊ ပြီးတော့ သူ က အတည် ယူမယ် လဲ ပြောပါတယ် ”
“ အဲဒါ ခဏ ထားဦး ၊ ပထမ အချက် သူ က ငယ်ငယ့် ကို မင်းသမီး တင်ပေး ချင်တဲ့ ဆန္ဒ တကယ် ရှိပုံ ပေါ်ရဲ့ လား ”
ခွေးတိရစ္ဆာန်မလေး အဖြေရ ကျပ် သွားပုံရသည် ။
“ အေး ပြန်တော့ ။ နောက်တစ်ခါ သူ လာရင် ပြောလိုက် ။ ဒုတိယ မင်းသမီး မဟုတ်ဘူး ၊ တတိယ ပဲ ဖြစ်ဖြစ် ထည့် ရိုက်ပေးပါ ၊ အဲဒီ ကား ရုံ တင်တဲ့ နေ့ မှာ တတိယမယား ပဲ ဖြစ်ရ ဖြစ်ရ ၊ ကြိုက် သလို လိုက်လျောပါ့ မယ်လို့ ကြားလား ”
“ နင့် ပြဿနာ က နင့် ဆီ ငွေတစ် ဆယ် လာချေးတယ် ၊ နက်ဖြန် ပြန်ပေး ပါ့မယ် ဆိုတာလို အေး ၊ ငွေတစ် ဆယ် ကတော့ အရင် ပေးလိုက်ရမှာ ။ နက်ဖြန် ပြန် ရ မရ ဆိုတာတော့ မ သေချာဘူး ”
သူ ခပ်လေးလေး မော့ကြည့် သည် ။
“ ဒါ ဆရာ က စကားလုံး နုနု ကလေး နဲ့ ပြော နေတာ ဘွင်းဘွင်း ဆို ရင် ရုပ်ရှင် ထဲ မှာ ကျောင်းသူ အနေ နဲ့ ရော ပြီး လမ်းလျှောက် ၊ အတန်း ထဲ ရော ထိုင် ၊ ရုပ်ရှင်စကား နဲ့ ဆိုရင် ငယ်ငယ့် ရုပ်ရည် နဲ့ ( ဝေလေ လေ ) အခန်း ပဲ ရမယ် ”
သူ ကြက်သေ သေပြီး မျက်ရည် ပါ ဝေ့ လာပြန်သည် ။
“ ဘာပြုလို့ ငိုတာလဲ ”
“ ငယ်ငယ် ဝမ်းသာလို့ ပါ ဆရာ ”
“ ဝမ်းလဲ သာ ၊ ဆက်ပြီးတော့ လဲ ပျော် ချင်ရင် အဲဒီ အကောင် ဆီ သင်တန်း မတက်နဲ့ တော့ ၊ ရေတိမ် မဟုတ်ဘူး ၊ ဝဲ ထဲ မှာ နစ် သွားလိမ့် မယ် ၊ ဒီလို ကောင်မျိုးတွေ ရုပ်ရှင်လောက ထဲ မှာ အများကြီး ရှိတယ် ၊ သတိ ကျပ်ကျပ်ထား ”
မိငယ် နှုတ်ခမ်း တရွရွ လှုပ် နေသဖြင့်
“ ဘာ ပြောချင်သလဲ ၊ ရဲရဲ ပြောစမ်း ”
“ ငယ်ငယ့် ဝါသနာ ကိုတော့ ”
“ အေးပါ ၊ ဝါသနာ ပါ ချင်ပါ ၊ သေအောင် ပါ ။ အဲ လူ မပါစေ နဲ့ ၊ နို့ နင့် ဝါသနာ က ဘယ်လို အခန်းမျိုး က ပါ ချင်တဲ့ ဝါသနာ လဲ ”
သူ တစ်ချက် ကွက်ခနဲ ပြုံးလိုက်ပြီး မှ
“ ပထမတော့ မင်းသမီး ပဲ လုပ် ချင် တာပေါ့ ဆရာ ၊ ခုတော့ ဆရာ ပြောလို့ မိငယ် သဘောပေါက် ပါပြီ ၊ မိငယ် ရဲ့ အရည်အသွေး က ( ဝေလေလေ ) ဆိုတော့ ”
“ အေး လိပ်စာ ပေးခဲ့ ၊ အနီးအနား မှာ ဖုန်း ရှိလဲ ဖုန်းနံပါတ် ပေးခဲ့ ။ ဆရာ ရိုက်တဲ့ ကား မှာ ဝေလေလေ အခန်း က လိုရင် ခေါ် ခိုင်းလိုက်မယ် ”
သူ အပြည့်အစုံ ရေးပေး သွားသည် ။
“ ဪ ၊ ဟေ့ ၊ ဒီမှာ ကြည့် ၊ ဒါ ဆရာ့ စာရေးစက္ကူ ၊ ဒီ စက္ကူ နဲ့ ဆရာ့ လက်မှတ် ထိုး ခေါ်မှ လိုက် လာ ။ အဖော် တစ်ယောက် ယောက် ပါ ပါစေ ၊ ကဲ ပြန်တော့ ။ ဟိုမှာ မိုးတွေ မည်း လာပြီ ၊ သည်းလိမ့်မယ် ”
••• ••• ••• •••
ယင်း ဆိုခဲ့သည့် မိငယ် ခမျာ သိသိ သာသာကလေး ဘေး ကင်းသွား သည် ။ တစ်ဖက် စကား ကို ယုံ၍ ပုံခဲ့ မိသော ဝါသနာအိုး အတော်များများ လုံးပါး ပါးသွား ကြပြီးလေပြီ ။
အမေ မွေးစဉ် က ပါ လာသော ဦးနှောက် ကို မသုံး ချင်ကြ ။ ကိုယ့် ကိုယ် ကို ဖြစ် နိုင်၏ ။ မဖြစ် နိုင်၏ မ သုံးသပ်ချင်ကြ ။ မှတ်မိသေးသည် ။
ရွှေဈေး တစ်ကျပ်သား ၄၀၀ လောက် ခေတ် က သာဓု ၏ ယောက္ခမကြီး အကြောင်း ။ သာဓု သည် သော်တာဆွေ သေနာကောင် ကင်ပွန်းတပ် သည် ကဲ့သို့ နေ့တစ်ဝက် ညတစ်ဝက် အကောင် ဖြစ်သည့် အတိုင်း ၁၂ နာရီ သာသာတွင် အိပ်ရာ မှ နိုးသည် နှင့် မျက်နှာ ပင် သစ် ချိန် မရ ။ ယောက္ခမ ကြီး အနား ကပ် လာသည် ။
“ ဖိုးသာဓု ၊ ခဏ ” ဟု လက် တို့ ခေါ် သဖြင့် သူ လျှောက်သွားရာ သရက် ပင် အောက် သို့ လိုက် လာပြီး ဆောင့် ကြောင့် ကိုယ်စီ ထိုင်မိကြသည် နှင့် ။
“ အမေ့ အိမ် မှာ ဆရာ တစ်ယောက် ရောက် နေတယ် ”
တစ်ဝင်း တည်း တစ်ခြံ တည်း ဖြစ် သော်လည်း တစ်အိမ် စီ နေကြသဖြင့် -
“ ဘာလုပ်တဲ့ ဆရာလဲ ”
“ အဂ္ဂိရတ် လေ ”
“ အဲဒါ ”
ယောက္ခမကြီး က ပြော ပြသည် မှာ ထို ဆရာ သည် အလွန် စွမ်းကြောင်း ၊ ရွှေ တစ်မတ်သား ကို ငါးမူးသား ဖြစ်အောင် ဖို ထိုး ပေး နိုင်ကြောင်း ၊ သူ ၏ အသိ မိတ်ဆွေများ က ဟုတ်မှန်ကြောင်း မိတ်ဆက် ပေး၍ ပင့်ဖိတ် သော်လည်း အချိန် မကျသေး သဖြင့် မလိုက်နိုင် ။ ယခု နှစ်လကျော် မှ ပင့် နိုင်ခဲ့ ကြောင်း ၊ ရွှေ တစ်ကျပ်သား လောက် စမ်း ကြည့်စေချင် ကြောင်း စီကာပတ်ကုံး ပြော လေတော့သည် ။
“ တစ်ကျပ်သား ကို နှစ်ကျပ်သား ဖြစ်အောင် လုပ် ပေးနိုင်တယ်ပေါ့ ”
“ အေး သိပ်လဲ မကြာပါဘူး ၊ ၉ ရက် အတွင်း ရမယ် တဲ့ ၊ သူ ဖို ထိုးရာ ကို လိုက် စောင့်ကြည့် ပါ တဲ့ ”
“ ဒါဖြင့် ရွှေ တစ်ဆယ်သား ဆိုရင် ကော ”
“ အမယ်လေး နှစ်ဆယ်သား ပွား လာတာပေါ့ ၊ ဆယ့်ငါးကျပ်သား ထား ဦး ၊ နည်းတာ မှတ်လို့ ”
သာဓု ဝမ်း ထဲ တွင် ရယ် နေသည် ။
“ နို့ သေချာရဲ့ လား အမေ ”
“ ဪ ဂွတ္တလစ် က တူမတွေ ပါ လုပ် နေတာပဲဟာ ”
“ ဆရာ ကို ကော ၊ တစ်ကျပ်သား ကို ဘယ်လောက် ပူဇော်ရသလဲ ”
“ ဒါကတော့ ကိုယ် သဒ္ဒါ သလောက်ပေါ့ ကွယ့် ”
“ ဒါနဲ့ ၊ အဲဒီ ဆရာ ကကော ရွှေ ဝယ် ပြီး သူ့ ဟာ သူ ပွား မယူဘူးလား ”
“ အံမယ်လေးလေး ၊ သူ က သစ္စာ ဆို ထားရတာ ၊ ကိုယ့် အတွက် ကိုယ် မ လုပ်ရဘူး ၊ လုပ် တာ နဲ့ မျက်လုံး ကန်းမယ် ”
“ ဪ ... ဪ ”
“ မင်း ဘယ်လောက်သား လောက် စိတ်ကူးသလဲ ”
“ နေပါဦး ၊ သူ့ ဟာ သူ မပွားရဘူး ထားပါတော့ ၊ ဆွေမျိုးတွေတော့ လုပ် ပေးရင် ”
“ ရတယ် ရတယ် ”
“ ဒါဖြင့် အဲဒီ ဆရာ ကို ကျွန်တော် လိုက် ပြောမယ်လေ ”
“ ဘာပြောမှာ တုံး ”
“ ဆရာကြီး ခုလို သူများ အိမ်တွေ လျှောက် လုပ် မနေပါနဲ့တော့ ။ ဆွေမျိုး ဆယ်ယောက် စု ပြီး တစ် ယောက် တစ်ကျပ်သား က စ ပါ ။ တစ်ခါ ထိုး ရင် တစ်ဆယ်သား ဖြစ် ရော ၊ နှစ်ကျပ်သား လောက် ဝေသုံး ၊ နောက်တစ်ခါ ဆယ့်ရှစ်ကျပ်သား ပွား ၊ သုံးဆယ့်ခြောက်ကျပ်သား ဖြစ် ။ အဲဒါ စားစား သောက် သောက် နဲ့ တစ်နှစ် ဆိုရင် အနည်းဆုံး တိုက် တစ်လုံး ကားတစ်စီး စီ အပြင် ရွှေ ချည်း တစ်ယောက် ကို ဆယ်ပိဿာ စီ ရမယ် ၊ ဆယ်နှစ် ဆိုရင် ”
“ တော်တော့ ဖိုးသာဓု ၊ မင်း ကို ပြောလိုက်ရင် ဒါမျိုးချည်းပဲ ၊ ဂွ ဂလန့် ”
ဆောင့်ဆောင့် အောင့်အောင့် ထ သွားချေတော့၏ ။
ယခုလည်း ဤနည်း နှင်နှင် ၊ မင်းသမီး တင်ပေးမည် ဆိုတိုင်း ၊ ယုံ လိုက်ကြသည် ။ ထိပ်တန်း မင်းသား ဖြစ်စေရမည် ဆိုလည်း ဒူး ဖက်၍ ကိုးကွယ်ချင် ကြသည် ။ ထို အပြောသမား က အဘယ် မင်းသမီး အဘယ် မင်းသား ကို အဘယ်သို့ တင် ပေးခဲ့လေ သနည်း ။
ဤသည် ကို မစဉ်းစား ၊ မစုံစမ်း မလေ့လာကြ ။ သာဓု ယောက္ခမ အဂ္ဂိရတ်ဆရာ ကို ယုံ သကဲ့သို့ ပုံချက် ကြသည် ။ ဤ၌ အကြောင်း ဆိုက်၍ အနုပညာဝါသနာအိုး တို့ ၏ ( အထူး သဖြင့် မိန်းကလေး မြီးကောင်ပေါက် ) တို့ ၏ မိဘများ ( ဝါ ) အုပ်ထိန်းသူများ သည် မိမိတို့ သားသမီးများ ကို ဤကိစ္စ ၌ အလို မလိုက်သင့် ။ တစ်ယောက် တည်း မ လွှတ်သင့် ။
မလွှဲသာ၍ သမီးများ စိတ်ဆင်းရဲ မည် စိုး၍ ခွင့်ပြုရန် ကြုံ လာသော် ကိုယ်တိုင် ကိုယ်ကျ ထက်ကြပ် မကွာ ကပ်၍ ( အဖော် ) လိုက် နေရန် လိုသည် ။ ဝါသနာအိုးမလေး တို့ စမ်း ကြည့်ပါ ။ အစ ပထမ တွင် အဖော် မပါဘဲ တက် ကြည့် ၊ စေတနာ က ခွက်တစ်ဆယ် လောက်ဖြင့် ဖြစ်ဖြစ်မြောက်မြောက် သင် ပေးတော့မည် ကဲ့သို့ သင်တန်း ဆရာ ဆို သူ တို့ အနား ကပ် လာကြလိ မ့်မည် ။
“ မင်း က ကျောင်းသူ ဆိုပါတော့ ၊ ကျောင်း သွားတုန်း လမ်း မှာ လူဆိုး တစ်ယောက် က ဟောဒီလို လက်ဆွဲ ပြီး ဟော့ဟော့ရမ်းရမ်း ကြံ ပြီ ဆိုပါ တော့ ”
ထို ထို စကားမျိုးဖြင့် လက်ကလေး ဆွဲလိုက် ၊ ပခုံးလေး ဖက်လိုက် လုပ် ကာ အစ ချီ လိမ့်မည် ။
အိမ်း ၊ နောက်ရက်များ တွင် အစ်မ ၊ အဒေါ် ၊ အမေ ဖြင့် အဖော် ခေါ်သွားကြည့်ပါ ။ ထို ထို ဆရာတို့ သည် အနား လည်း မကပ်ရဲ ၊ စေတနာ တစ်ခွဲသား လည်း ပျောက် ၊ နောက် လည်း ဟုတ်တိ ပတ်တိ သင်ပေး မ ပေး အကဲ စမ်း ကြည့်လျှင် ယင်းတို့ ၏ အနုပညာ ရုပ်လုံး ဖုံးသမျှ ပေါ်လာ လိမ့် မည် ။
သာဓု ရှင်းရှင်း ပြောမည် ။ ပြောင်မြောက်သော အနုပညာသည် တစ်ယောက် ဖြစ် လာအောင် ဝါသနာအိုး တိုင်း ကို သာဓု လုပ် မပေး နိုင် ။ အနုပညာသည် ဖြစ်ရန် အလားအလာ ရှိသော ပါရမီရှင် တို့ ကိုသာ သင် ပေးနိုင်သည် ။
ကျော်ကြားသော အနုပညာရှင် ဖြစ်လာအောင် လုပ်နိုင်သူ မှာ မိမိ ကိုယ် ကို မိမိ လုပ် ယူ ရမည့် ပါရမီရှင် သာဖြစ်သည် ။
ကြည့်ဖူးသူများ မှတ်မိကြပေလိမ့် မည် ။
( အကြင်တို့ လင်မယား ) ။
ထို ဇာတ်ကားတွင် အလုပ်သမား ကု,လားတစ်ယောက် ဆိုဖာခုံများ ဖုန် ခါနေစဉ် သုမောင် နှင့် မေခလာ တို့ က လာ ထိုင်ကြ၍ ...
“ ဒီမှာ အလုပ် မပြီးသေးဘူး ၊ နင် တို့ လာ ထိုင်တယ် ၊ အလုပ် မပြီးရင် ၊ အစ်မ ပြန်ရင် ငါ့ ကို ဆူ လိမ့်မယ် ”
ကု,လားက ဤသို့ အပြော
“ အေးပါ ဦးဒင်္ဂါး ရယ် ၊ အစ်မ မဆူအောင် ကျွန်တော်တို့ လုပ် ပေးပါ မယ် ”
သို့ သုမောင် က ပြန် ပြောပြီးသောအခါ သာဓု က ဦးဒင်္ဂါး အား အရုပ်ကြီးကြီး ကိုယ် တစ်ဝက် ရိုက် မည် ဟု ကင်မရာ ရွှေ့ခိုင်းပြီး
“ ကဲ ဒင်္ဂါး ၊ ( မင်းတို့ ပြော လိုက်ရင် ဒီလိုချည်းပဲ ) လို့ ပြောရမယ်နော် ၊ ပြောကြည့်စမ်း ”
ဒင်္ဂါး ပါးစပ်မှ စကားများ ထွက် မလာ ။ ရွစိ ရွစိ နှုတ်ခမ်းသား လှုပ်နေ သဖြင့် ....
“ ဒင်္ဂါး ပြောစမ်းပါ ၊ ( မင်းတို့ ပြော လိုက်ရင် ဒီလိုချည့်ပဲ ) ”
သူ ကြိုးစား၍ ပြော ရှာသည် ။
“ မင်းတို့ တို့ နော် ၊ ပြောရင်နော် ”
ဤတွင် ရပ် နေပြန်သဖြင့်
“ ဒီမှာ ဒင်္ဂါး ( ဒီလိုချည့်ပဲ ) ပြော စမ်း ”
“ ဒါလိုကျီးပဲ ”
သာဓု သိ လိုက်ပြီ ။ သူ သည် ကု,လားဖြစ်သောကြောင့် သာဓု သင်သော စကား ကို သူ အာ မတွေ့ ဖြစ် နေပုံရသည် ။
“ ကဲ ၊ ကဲ ... ဒင်္ဂါး ပြောတတ်သလို ပြောစမ်း ”
“ မင်း တို့ တို့ နော် ၊ ဒါပဲ ”
ဤလိုသာ ထွက် လာသည် ။ မင်း တို့ တွင် ( တို့ ) ၂ လုံး ထပ် နေပြန်သဖြင့်
“ ကဲ ( မင်းတို့ ပြောရင် ဒါပဲ ) လို့ ပြောစမ်း ”
“ ပြောရင်နော် ဒါပဲ ”
မှား၍ ပြော ပြန်သော်လည်း နောက်ဆုံး ( ဒါပဲ ) မှာ သရုပ် ပါလှသည် ။ မျက်စောင်း လည်း ထိုး ကာ ချာခနဲ လှည့် ထွက်သွားသောကြောင့် သူ့ ( အထာ ) အတိုင်း
“ ကဲ ၊ ကဲ ... ရိုက်မယ်နော် ၊ ( ဒါပဲ ) တစ်ခု တည်း ပြော ၊ သုမောင် တို့ ကို ခုနလို ပဲ ကြည့် နေ ၊ ဆရာ က လက် ပြမှ ပြော ( ဒါပဲ ) ”
ဒါပဲကို သာဓု က ခပ်လေးလေး ဆွဲ ပြော ပြရင်း ထို အတိုင်း ပြောခိုင်း ၊ လှည့်ထွက် သွား ခိုင်းပြီး ရိုက် ချလိုက် သည် ၌
“ အဖေ ၊ ကျွန်တော်တို့ စကားတွေ အလုံး တစ်ရာစီ လောက် ပြော ခဲ့ကြ ပေမဲ့ ဦးဒင်္ဂါး က နှစ်လုံး တည်း နဲ့ စားသွားပြီ ”
“ ဖေကြီး ၊ သမီးတို့ တော့ ဦးဒင်္ဂါး ကို ကြောက် လာပြီ ၊ သူ နဲ့ သရုပ်ဆောင်ရတာ မလွယ် တော့ ဘူး ”
အထက်ပါ စကား ၂ ပိုဒ် ဖြင့် သုမောင် နှင့် မေခလာ တို့ က လက်ဖျား ခါ သွားရသည် အထိ ဒင်္ဂါး က ကျော သွားသည် ။
ထို ဦးဒင်္ဂါး ဆိုသူမှာ သာဓု ၏ ခြံပေါက် မာမီကု,လားဖြစ်လျက် အကွက် ပေါ်တိုင်း ထည့် ၍ ရိုက်ခဲ့ သည် ။ ကု,လားပင် ဖြစ်သော်လည်း အနုပညာပါရမီ ခေသူ မဟုတ် ။
အနှီ ဦးဒင်္ဂါး သည် ပါရမီ ဆိုသည် ကို နားလည်သူ မဟုတ် ။ သူ နားလည်အောင် ပြောပြရန်မှာ လည်း မွေးကင်းစကလေး ကကြီး ၊ ခခွေး သင် သလိုသာ ဖြစ်မည် ။
သို့သော် သူ့ တွင် မွေးသန္ဓေပါ ဗီဇ ၊ ပါရမီ အပြည့် ရှိသည် ။ သဘောလောက် ပြောလျှင် သူ နားလည်သည် ၊ သရုပ် ဆောင် တတ်သည် ။ ကင်မရာ လည်း ဂရုမစိုက် ၊ ဘေးပတ်ဝန်းကျင် ကိုလည်း အရေးမထား ။ သူ လုပ်စရာ ရှိသည် များ ကိုသာ စိတ်ဝင်စားပြီး သဘာဝ အတိုင်း လုပ် သွားလေ့ရှိ သည် ။
ပရိသတ် ကြိုက် သဘာဝ ကျသော သရုပ်ဆောင် အဖြစ် ဒင်္ဂါး ကို သာဓု လုပ် မပေးနိုင် ။ သူ က သာ လုပ် သွား သည် ။ သရုပ် ဆောင်သွားသည် ။ သာဓု က သင် ရုံ မျှသာ သင် ပြနိုင်သည် ။
ထိုနည်းနှင်နှင် သဘင် ၊ ဂီတ ၊ ရုပ်ရှင် အဘယ် နယ် တွင် ဖြစ်စေ ကျော်ကြားလာအောင် သင်ပြ သူ က လုပ် မပေးနိုင် ။ မိမိ ဘာသာ ကြိုးစား ယူ မှ ရ နိုင်မည် ဖြစ်သည် ။ အဆိုကျော် ဖြစ်ရန် ဆရာ က ဆို ပေး၍ မရ ။ ကိုယ်တိုင် သီဆို ရသည် ။ ကြိုးပမ်းရ မည် ။ သို့တိုင်အောင် အသံ က မဟန် ပြန်လျှင် မျှော်မှန်းထားသော ပန်းတိုင် ကို ရောက်မည် မဟုတ် ။ နောက် ဆုတ်လိုက်ရန် သာ ရှိ တော့သည် ။
သာဓု သည် သာဓု နှင့် ရိုက်သော သရုပ်ဆောင်များ ကို အမြဲ အော် နေ ငေါက် နေရသည် ။ ( ကရုဏာဒေါ သော )
“ ဟေ့ ၊ မင်း တို့ လုပ် နိုင်မှ မင်း တို့ နာမည် ရမယ် ။ ဆရာ က သင် ပေးရုံ သာ သင် ပေးနိုင်တာ ၊ ကျော်ကြား အောင် လုပ်ဖို့ က မင်း တို့ ရဲ့ ကြိုးပမ်း မှု အပေါ် တည်တယ် ” ဟူ၍ လည်းကောင်း
“ အေး ၊ အဲဒါပဲ ၊ မင်းတို့ ... ”
( အကြင်တို့ လင်မယား ) မှ အခန်း တစ်ခန်း ဖြစ်သည့် ...
“ ကိုယ့်လင် ကိုယ် တိုင် တာ ဘာဖြစ် သလဲ ” ဟူသော အခန်း အဆုံးသတ်သောအခါ အကြင် ရော မောင်မောင် ပါ စိတ်တိုင်းကျ ကောင်း လှသဖြင့်
“ အဲဒါပဲ ၊ အဲဒါပဲ ၊ ခုန မင်းတို့ နှစ် ယောက်စလုံး သရုပ် ဆောင်လိုက် တာ အင်မတန် ကောင်း တယ် ၊ ဆရာ က ဘယ် လို လုပ် ၊ ဘယ် လို ပြော ဆို ပြီး သင်တယ် ၊ မင်းတို့ က ကြိုးစား တယ် ၊ ကဲ နာမည် ရတော့ မင်းတို့ ပဲ ရမှာ ကွ ( မင်းသား နဲ့ မင်းသမီး က သဘာဝ ကျ လိုက်တာ ) လို့ ဟုတ်လား ”
သူတို့ တွေဝေဝေ ဖြစ်နေ ကြသည် ။ “ ခုန သရုပ် ဆောင် သွားတာကို ( သင်ပြတဲ့ လူ တော်လိုက် တာလို့ ဘယ်သူမှ မပြောဘူး ) လုပ် ပြတဲ့ သရုပ်ဆောင်တွေ ကိုသာ ချီးမွမ်းတာ ကွ ” ဟူ၍ လည်းကောင်း
သာဓု အမြဲ အော်ဟစ် သတိပေး နေရသည် ။ ယခု လည်း ဝါသနာအိုးများ ကို သတိပေးမည် ။
မိမိ ဘာသာ မိမိ လုပ် ယူမှ ရမည့် အနုပညာ အတွက် မည်သူတွေက မည်သို့ ကျော်ကြားအောင် လုပ်ပေး မည် ဟု ဆိုလာလျှင် သတိ ကျပ်ကျပ် ထား ... ။
( ၁ - ၉ - ၈၄ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၈၄
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment