( ၁၀ )
ရုပ်ရှင်သင်တန်းများ နှင့် ပတ်သက်သည့် အကြောင်း ဆောင်းပါး တစ်ကဏ္ဍ ရေး နေစဉ် ရုပ်ရှင်လောက ငွေကြေး အရှုပ်သမားများ ( လိမ်စာနေကြသူများ ) နှင့် ပတ်သက်၍ ...
“ ရေးပါဦး ဆရာ ၊ တဖြည်းဖြည်း ပို ဆိုး လာပြီ ” ဟု ဖုန်း ဆက်သော ကြောင့် မြေး ဖြစ်သူ မင်းသား ပိုး ထ ၍ ဘွားအေကြီး ငွေနှစ်သိန်း နီးပါး ခိုက် နေရသည့် အကြောင်း သာဓု ရေးသား ခဲ့သည် ။
ထို့နောက် တစ်ဖန် မင်းသမီးသစ် တင် ရိုက်လိုသူ တစ်ဦး ရောက် လာ ပြီး ဆွေးနွေး သဖြင့် ကိုယ်တွေ့ ( မင်းသမီးသစ် ) ဒုက္ခ နှစ်ရပ် ကို အမှတ်တရ တင်ပြခဲ့ပြီး ဖြစ်၏ ။
ဆက်လက်၍ ပင် မင်းသား မင်းသမီး သရုပ်ဆောင်တို့ နှင့် စပ်လျဉ်းသည် များ ရေးသားရန် ဟန်ပြင် နေခိုက် ... လမ်း၌ တွေ့ လျှင် နှုတ်ဆက် အလှူ အိမ် တွင် တွေ့ က တစ်ဝိုင်း တည်း ထိုင်စား ၊ စကားများများ ပြော ဖူးခြင်း မရှိသော ရုပ်ရှင်ထုတ်လုပ် ရေးသမား တစ်ဦး ထူးထူးခြားခြား သာဓု ခြံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက် လာသည် ။
ရုပ်ရှင်လောကသား တို့ မည်သည် များသော အားဖြင့် ကိုယ်ကျိုး သည်သာ ပထမ မှ စတုတ္ထ ၊ ပဉ္စမ အထိ ။
ယခု ရောက် လာ သူ မှာ ရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် သူ သည် လည်း သူ ၏ ကိုယ်ကျိုး ကို ရှေ့တန်း တင်၍ လာခြင်း ဖြစ်နိုင်သည် ။ သူ့ အမည် မှာ ဦးဝတင် ။
“ အင်း ဆရာ တော့ ကျွန်တော် မ လာစဖူး အလာ ထူး လို့ အံ့အားသင့် သွားပြီ ထင်တယ် ”
“ ဆရာ အံ့အားသင့် သွားတာကော မင်း မြင် မိသလား ”
ရုတ်တရက် သူ မည်သို့ ဖြေ ရမည် ကို အစ ရှာ မတွေ့ ဖြစ်သွားသည် ။
“ ဒီလိုပေါ့ ကွာ ၊ လူတွေ ဟာ ကိုယ့် အလုပ် ၊ ကိုယ့် ကိစ္စ နဲ့ ရှုပ် နေကြတာပဲ မဟုတ်လား ၊ ကဲ ... ဆို ၊ ခု လာတာလဲ မင့် ကိစ္စ မဟုတ်လား“
“ ဟုတ်ကဲ့ ၊ ကျွန်တော့် ကိစ္စ ဆိုပေမဲ့ အများ နဲ့ လဲ ဆိုင်နေ ၊ ပတ်သက်နေ တာကြောင့် ပြီး ဆရာ ကလဲ ရုပ်ရှင် လောက အကြောင်း ရေးနေတာ မို့ ”
အိမ်း ... သာဓု ၏ အနုဝင်္ကပါ မှာ တစ်ကဏ္ဍ ပြီး ဆုံး မှ နောက် တစ်ခု စ ဟူသကဲ့ သို့ အစဉ်လိုက် ရေး၍ ရတော့မည် မထင် ။ အကြောင်းအရာ ပေါင်းစုံ ၊ ဟိုခုန် ဤခုန် ဖြစ် နေရတော့ မည်မှာ သေချာ နေချေပြီ ။ အထက်ပါ အတိုင်း ပြောနေရင်း က စာတစ်ရွက် နှိုက်ထုတ် နေစဉ် သာဓု စဉ်းစားခွင့် ရလိုက် သည် ။ ယခု လည်း ယခင်လ က ကဏ္ဍ ကို မဆက် နိုင်ဘဲ အခြား အကြောင်းအရာ ပင် ရေးရတော့မည် လော မပြောတတ် ။
သူ စာရွက် ကို သာဓု အား လှမ်း ပေးသည် ။ ပါးစပ် က လည်း စက်သေနတ် ပစ်သလို ပြော လိုက်ချေ သေးသည် ။
“ အဲဒီ စာချုပ် ထဲ ပါတဲ့ သူ ပဲ ဆရာ ၊ ကျွန်တော့် ထုတ်လုပ်ရေး ကုမ္ပဏီ ကို ငှားပြီး ဇာတ်ကား တစ်ကား ရိုက်ပါ တယ် ”
“ နေပါဦး ဖိုးဝတင် သူ က ဒါရိုက်တာ မဟုတ်လား ”
“ ဟုတ်ပါတယ် ဆရာ ၊ ဒါရိုက်တာ လဲ သူ ပဲ ၊ ကုမ္ပဏီ ငှားပြီး ထုတ်လုပ်သူ လုပ်တာလဲ သူ ပဲ ”
“ ဟ ... ကောင်းတာပေါ့ ။ ဒါရိုက်တာ ကိုယ်တိုင် က ဇာတ်ကား ကို ကိုယ်ပိုင် ရိုက်တယ် ဆိုတော့ အပြင်လူ မပါ ဘူး ၊ ရှင်း တာပေါ့ ”
“ မရှင်းဘူး ဆရာ ၊ ခု သူ က ပို ရှုပ်နေ လို့ ဆရာ့ ဆီ လာ တာပါ ။ ပြောပြချင်တာနဲ့ ... ”
“ ဘာလဲကွ ၊ အကြံဉာဏ် တောင်း ဦး မလို့ လား ၊ အခုလ ( ချယ်ရီ ) မှာ ဆရာ ရေး လိုက်တာ မဖတ်ရသေးဘူး လား ၊ အနုဝင်္ကပါ ”
“ ဘာလဲ ဆရာ ၊ အကြံဉာဏ် တောင်း ရင် ဉာဏ် ပူဇော်ခ ပေး ရမယ် ဆိုတာလား ။ ဖတ်ပြီးပါပြီ ။ မနေ့က ပဲ ထွက် လို့ ချက်ချင်း ဝယ် ဖတ်ပြီး ဆရာ့ ဆီ ထွက် လာတာပါ ။ ဆရာ က ဉာဏ် ပူဇော်ခ တောင်း လဲ ပေးဖို့ အသင့်ပါ ဆရာ ”
“ ဟား ၊ ဟား ၊ မင့် ကိုယ်ကျိုးစီးပွား အတွက် မဟုတ်ရင် မတောင်းပါဘူး ကွ ၊ အဲ .. မင်း ပြောတဲ့ ဒါရိုက်တာ ဘယ်သူလဲ ၊ ( ဖိုးဂျင် ) ထင်တယ် ”
“ အသေအချာပဲ ဆရာ ၊ သူ ကျွန်တော့် ထုတ်လုပ်ရေး က နေပြီး ကား တစ်ကား ရိုက်ဖို့ ငှားတယ် ဆရာ ၊ အဲဒါ နောက်ပိုင်း မှာ တဖြည်းဖြည်း ရှုပ် လာပြီ ခင်ဗျ ”
သူ ပြောပြသည် များ မှာ ...
ယင်း ဒါရိုက်တာ ဖိုးဂျင် သည် ထုတ်လုပ်ခွင့် ဇာတ်ကား တစ်ကား အတွက် ၂၅၀၀၀ ကျပ် ပေး၍ ငှား သည် ။ ဇာတ်လမ်း တင်၍ ကျလာ သေအာခါ မင်းသမီး ၊ မင်းသား ၊ စက် အဖွဲ့ ၊ ဇာတ်ရံ စသည် တို့ အား အထိုက်အလျောက် စရန်ငွေ ပေးပြီး ဇာတ်ကား ကို စတင် ရိုက်ကူးသည် ။
ဖိုးဂျင် စတင် ရိုက်ကူးသည် အထိ ကုန်ကျငွေ စုစုပေါင်းမှာ ရှစ်သောင်း ခန့် ဖြစ်လျက် အထက်မြန်မာပြည် အတွက် တစ်သိန်း နှင့် ရောင်းကာ စရန် ငါးသောင်း ယူထားသည် ။ အောက်မြန်မာ ပြည် ၊ ရေး ၊ စစ်တောင်း ၊ မြေနီကုန်း ၊ တာမွေ နှင့် ရန်ကုန်မြို့ တွင် ပြသခွင့်များ ပါ လွှဲပြောင်း ရောင်းချ ၍ စရန် ရထား သရွေ့ မှာ နှစ်သိန်းရှစ်သောင်း ကျော် ဖြစ်ရာ သူ့ စိုက်ငွေ နုတ် သည့် တိုင်အောင် နှစ်သိန်း ကျော် ပို ရနေပြီ ။
ဇာတ်ကား ပြီး သည် အထိ နောက်ထပ် ကုန်ကျသည် မှာ တစ် သိန်းခွဲ ၊ ငါးသောင်း အမြတ်ပေါ် နေရုံ မျှမက သူ လက်လွှဲ ရောင်းချသည့် ရ ရန် ကျန်ငွေ နှစ်သိန်းနီးပါး ထပ် ရပေ ဦးမည် ။ အတိုချုပ်အား ဖြင့် နှစ်သိန်း ခွဲလောက် အမြတ် ပေါ် နေပြီ ။
သို့ပါလျက် လည်း ဖိုးဂျင် သည် လောဘ မသတ်နိုင်သေးဘဲ ဥပမာ - ဦးညို ဆိုသူအား မြေနီကုန်းရုံးများ အတွက် စာချုပ် နှင့် ရောင်းထားပြီး ပါလျက် အခြားသော ကန်ထရိုက် ဦးနီ အား လည်း မြေနီကုန်း အတွက် ပင်ထပ် ရောင်းပြန်သည် ။ တစ်ဖန် မော်လမြိုင် ၊ စစ်တောင်း တစ်လျှောက် မြို့ ခွင်များ အတွက် ဦးဖြူ အား သုံးသောင်း ဖြင့် ရောင်းပြီးဖြစ် သော်လည်း ဦးမဲ အား ထို နှုန်းနှင့် ပင် ထပ် ရောင်း ပြန်၏ ။
ဤကဲ့သို့ နှစ်ဦး ရောင်း ၊ နှစ်ကြိမ် ရောင်း ကိစ္စများ ပေါ်ပေါက်လာ သော အခါ ဆိုင်ရာ ကာယကံရှင် တို့ က ရုပ်ရှင်ကော်ပိုရေးရှင်း ၊ ရုပ်ရှင် တရားရုံး တွင် အမှု ဖွင့် ခြင်းများ ဖြင့် ပြဿနာ ပေါ် လာသော် ဆိုင်ရာ မှ ထို ထုတ်လုပ်ရေးကုမ္ပဏီ ၏ လုပ်ငန်း အဝဝ ဆက် မလုပ်ရန် တားမြစ်ရ တော့၏ ။
ထိုထို ငွေကြေးပြဿနာ မပြေလည် မချင်း ထို ထုတ်လုပ်ရေး မှာ ဇာတ် တင်ခွင့် မရ ၊ ကား ရိုက်ခွင့် မ ရ ၊ အကြီးအကျယ် ဒုက္ခ ရောက် ရချေ တော့သည် ။
ဖိုးဂျင် တွင် ကား လေကလေး တချွန်ချွန် ဖြင့် ငွေနှစ်သိန်း ကျော် ပိုက် ပြီး ဒူးနှံ့ နေသည် ။ ဇာတ်ကား ကို လည်း ပြီးဆုံးအောင် မရိုက် ။ မျက်နှာပြောင် တိုက် ၍ ရုံး တက်သည် ။ အပြုံး ကား မပျက်ချေ ။
အကြောင်းသော်ကား အမှု သည် ငွေကြေး အချေးအငှား အရောင်းအဝယ် သဘော ဖြစ်နေ၍ တရားမ, ကြောင်း အတိုင်း စခန်း သွား နေရသည် ကြောင့် ဖိုးဂျင် မဖြုံ ။
“ အဲဒါ ကျွန်တော် ဘာ လုပ် ရမလဲ ဆရာ ၊ သူ့ အနေ နဲ့ ကတော့ ဒီ ဇာတ်ကား ကို ပြီးပြတ်အောင် ရိုက် ရင် သူ ပိုက်ဆံ ထပ် ကုန်မယ် ၊ ကား ပြီး သွား ရင်လည်း ရောင်း ထားတဲ့ လူ တွေ ကို အပ်ရမှာ ဆိုတော့ သူ ထပ်ပြီး အကုန်ခံ ရိုက်မှာ မဟုတ်တော့ဘူး ။ ဒီ ကား မပြီးသရွေ့လဲ ကျွန်တော်တို့ ဘာ မှ ဆက် လုပ်လို့ မရတော့ဘူး ။ တချို့ ငွေ ပေးထားတဲ့ လူတွေ ကလဲ ကျွန်တော်တို့ ထုတ်လုပ်ရေး နာမည် နဲ့ မို့ ကျွန်တော့် ဆီပဲ အပူ လာ ကပ် နေ ကြတယ် ”
“ ဟ ... ခင်ဗျားတို့ က ဘယ်သူ့ ကို ငွေ ပေးလဲ ။ အဲဒီ ငွေ လက်ခံတဲ့ လူ ။ စာချုပ် တဲ့ လူ ဆီ သွားကြလို့ ပြော လိုက်ပါလား ”
“ ပြောပါတယ် ဆရာ ၊ ခက်တာ က ဖိုးဂျင် ကို ဘယ် ရှာရမှန်း မသိ ဖြစ်နေ ကြတယ် ”
“ ဒါတော့ သူတို့ ကိစ္စပဲ သူတို့ ဘာသာ ကြည့်လုပ် ကြပါစေပေါ့ကွ ”
“ ကျွန်တော် အလုပ် ဆက် လုပ်ဖို့ က ကော ဆရာ ”
“ တစ်နည်းပဲ ရှိတော့တယ် ။ အဲဒီ ဖိုးဂျင် ရိုက်ထားတဲ့ ကား ကို မင်းတို့ က တာဝန် ယူပြီး ဆက်ရိုက် ”
“ ဟာ ... ဆရာရယ် ၊ အဲသလို ဆို အဲဒီ ကား ပြီးသွားရင် အကြွေးရှင် တွေက ကျွန်တော့် ဆီ ဝိုင်းအုံ လာ မှာ ပေါ့ ”
“ အေး ၊ လာမှာ သေချာတယ် ၊ သူတို့ ငွေ ပြန် မရလဲ ရုံး ကနေ ဝရမ်းတွေ ဘာတွေ နဲ့ တားမှာ သေချာတယ် ”
“ ဒုက္ခပါပဲ ဗျာ ”
“ ဒုက္ခ အသာ ထားဦး ၊ အဲဒီ ကား ရိုက်ပြီးသား ၊ ဘယ်လောက် ရှိမယ် ထင်သလဲ ”
“ သိသလောက်တော့ ပေငါးထောင် လောက် အချော ဆက်ပြီးပြီတဲ့ ဆရာ ”
“ ဒါဖြင့် နောက်ထပ် ငွေတစ်သိန်း လောက် အကုန် ခံရလိမ့်မယ် ၊ အဲဒီ တော့ လက်ရှိ အကြွေးရှင်တွေ ကို အစည်းအဝေး ခေါ် တိုင်ပင် ၊ ဒီ အတိုင်း ရုံး တက်နေလို့ ခင်ဗျားတို့ လဲ တစ်ပြား မှ ရမှာ မဟုတ်ဘူး ။ အဲဒီတော့ ဒီ ကား ကို ပြီးအောင် ပြန် ရိုက်မယ် ၊ ငွေ ထပ် ထည့်ကြပါ ၊ ကား ပြီးလို့ ရုံတင်ပြီး တဲ့ အခါ ရတဲ့ ငွေ တွေ ခွဲဝေ ယူကြပါ ။ ရှုံး လဲ ကံ ၊ မြတ် လဲ ကံ သဘော ထားကြပါ ဆိုရင် သူ တို့ စိတ်ဝင်စားကြမှာ ပါ ”
“ အဲဗျာ ၊ ခုန ပြောတဲ့ ရိုက်ပြီးသား ကားပိုင်းတွေ ကလဲ တစ်နေရာ မှာ ပေါင် ထားသတဲ့ ၊ ၃၀၀၀ ကျပ် နဲ့ ”
“ အဲဒါတော့ မင်း က စိုက်ထုတ် ရွေးလိုက်ပေါ့ ။ နောက်ဆုံးကွာ မင်း က တစ်သိန်း လောက် စိုက် လိုက်ရတောင် မနာပါဘူး ၊ ထုတ်လုပ်ရေး ပြန် ပွင့် လာရင် အဲဒါ အမြတ် မဟုတ် လား ”
“ ကျေးဇူးပါပဲ ဆရာ ၊ ဆရာ ပြောတဲ့ အတိုင်း ကျွန်တော် ကြိုးစားပါ့မယ် ။ ပြေလည်ရင် ဆရာ ဆက်ပြီး ရိုက်ပေး ပါလားဗျာ ”
“ ဟေး ... မရဘူး ၊ ငါ အိမ် အဟောင်း မပြင်ဘူးကွ ၊ အသစ် ပဲ ဆောက် ချင်တယ် ”
“ ဟုတ်ကဲ့ ဆရာ ၊ ဪ .. နောက် တစ်ခုလဲ ရှိသေးတယ် ဆရာ ၊ ဖိုးဂျင် လုပ်ပုံပေါ့ ”
သာဓု က ဆက် ပြောရန် မေးဆတ် ပြ လိုက်သဖြင့် ...
“ ဒီကောင် လုပ်ပုံလေ ဆရာ ၊ သူ ငှား ရိုက်တဲ့ ဇာတ်ကား အတွက် ကျွန်တော့် ထုတ်လုပ် ရေး နာမည် နဲ့ ကြော်ငြာ ပြီး ခေါ်တယ်ဗျ ”
“ ဘာခေါ်တာလဲ ”
“ ဪ .. မင်းသားသစ် နှစ်ယောက် ၊ မင်းသမီး သစ် နှစ်ယောက် တဲ့ ဆရာ ”
“ အေး ... ကြော်ငြာပြီး ခေါ်တော့ လျှောက်လွှာတွေ ရောက်လာရော ”
“ လာလိုက်သမှ ဆရာ ၊ ၄၀၀ ကျော် တယ် ၊ အဲဒါ ကျွန်တော် ပြောပြဦး မယ် ၊ ဖိုးဂျင် လုပ်ပုံ ဘယ်လောက် ပိုင်သလဲ ဆို ကြည့် ၊ ရောက်လာတဲ့ စာတွေ ၊ ဓါတ်ပုံတွေ ကို စစ်ဆေး ကြ တယ် ၊ ဥပမာ ဆိုပါတော့ ဆရာ ၊ ဝင်းကြူကြူသင်း ၊ မိဘအမည် ဦးဘိုးကြူ - ဒေါ်ဝင်း ၊ အလုပ်အကိုင် ကျောင်းဆရာ အဲဒါဆို ကောင်မလေး ဘယ်လောက် လှလှ ပယ် တာပဲ ”
“ ဟ ၊ အဲဒါက ဘာဖြစ်လို့ လဲ ”
“ ဒီလိုလေဗျာ ၊ ကျောင်းဆရာ ဆို ကတည်း က ဝင်ငွေ ( နိုးဂွတ် ) မဟုတ် လား ၊ အဲ ဝင်ငွေ နည်းပါး တယ် ဆို ကတည်း က သူတို့ တွက်ကိန်း နဲ့ မကိုက်ဘူးလေ ”
“ ဘာ တွက်ကိန်းလဲကွ ”
“ ဆရာ ကလဲ ဒီလောက ထဲ နေပြီး ဒါမှ မရိပ်မိတော့ ဘူးလား ဆရာ ရယ် ”
“ ဟ ဒီ အရှုပ်အရှက်တွေ ငါ မှ မသိ တာ ”
“ တွက်ကိန်း ဆိုတာ က စပြီး မင်းသမီး မင်းသားသစ် ခေါ်တယ် ဆို ကတည်း က ငွေ ချူဖို့ ခေါ် တာဗျ ၊ မိဘ အုပ်ထိန်းသူ က ကျောင်းဆရာ တို့ ရုံးစာရေးကြီး တို့ ဆို ငွေချူ လို့ ဘယ် ရနိုင်တော့ မလဲ ၊ ( ပယ် ) ပေါ့ ”
“ ဪ ... ဪ ”
“ အင်း ၊ မုန့်တိုက်ပိုင်ရှင် ၊ ဆေးလိပ် ခုံရှင် ၊ ပွဲစားကြီးသား ၊ ရွှေကုန်သည် သား သမီး ဆိုရင် သူ တို့ စာ ပြန်ပါ လေရော ( ပထမ အဆင့် ရွေးချယ်တဲ့ အထဲ ပါနေပြီ ) ပေါ့လေ ”
“ အေး ၊ အဲသည် လို ငွေကြေး တတ် နိုင်တဲ့ လျှောက်ထားသူ ဝါသနာရှင်တွေ ကို လက်ခံ စာ ရေး ပြီး ငွေ တောင်းတယ် ။ ပြီးတော့ ဒီ ငွေတွေ အပိုင် စီး လိုက်ရော ဆိုပါတော့ ။ ဒါက ရိုးရိုးလေး ပဲကွ ”
“ မဟုတ်ဘူး ဆရာ ၊ ခု လုပ်ပုံတွေ က ပိုပြီး ပိရိတယ် ဆရာ ရဲ့ ၊ ခုနပြော သလို ပထမ ရုပ်ရှင် အစမ်း ရိုက်မယ် ဆိုပြီး ဟိုတစ်ခါ ဆရာ ရေး သလိုပေါ့ ဆရာ ဣန္ဒြေ ရရ ကလေး တစ် ယောက် ကို ငွေ ၅၀၀ စီလောက် တောင်း တယ် ၊ အစမ်းရိုက် ဖလင် ဝယ် ဖို့ ဘာညာ အတွက် ကုန်ကျစရိတ် ပေါ့ လေ ”
“ အတိုချုပ်က အဲဒီ ငွေနဲ့ ဗွီဒီယို ရိုက် ၊ ပိုတဲ့ ငွေတွေ ယူ လိုက်ကြတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ ဒါပေမဲ့ ဆရာ စဉ်းစား ကြည့်ပါ ဆရာ ၊ အဲသည် လို လျှောက်လွှာ ခေါ်တဲ့ အထဲ က လူ ၃၀ ပဲ ရွေး တယ် ၊ တစ်ယောက် ၅၀၀ ကျပ် တောင်းတယ် ထားပါ ဆရာ ”
“ အေးလေ ၁၅၀၀၀ ကျပ် ရရော ၊ ဗွီ ဒီယို ငှားခ ၊ ရိုက်ခ ၊ ပြန်ပြခ ၊ စားစရိတ် ၊ ထား ပါတော့ ၃၀၀၀ ကျပ် ၊ အဲ သူတို့ တစ်သောင်း နှစ် ထောင်လောက် အမြတ် ပေါ် ရော ”
“ ဟုတ်ကဲ့ ဆရာ ၊ အဲဒါ ဒီ လူတွေ ရုပ်ရှင်လူရှုပ်တွေ ၊ ၃ - ၄ နှစ် အလုပ် လုပ်လို့ ငွေ ၅၀၀၀ ကျပ် မရနိုင်ဘူး ၊ ခု နည်းက အသာလေး နဲ့ သောင်း ကျော် ပွတာ ခင်ဗျ ”
“ ဝါသနာရှင်တွေ ကလဲ အရမ်း ယုံ ၊ အရမ်း ပေး နေကြတာကိုး ကွ ၊ ဘာ တတ်နိုင်မှာ လဲ ”
“ အဲဒါ ဆရာ ၊ ဗွီဒီယို ရိုက်ပြပြီး နောက် မှ အကြောင်းကြားမယ် ပြော လိုက်တာပဲ ”
“ အင်း ၊ အံမဝင်လို့ သရုပ်ဆောင်မှု မပီပြင်လို့ ဆိုပြီး ...”
“ ဟာ ဆရာ ၊ ဒီထက် သိမ်မွေ့တယ် ဆရာ ရေ ၊ တူမောင် ၊ တူမ ၊ ညီမောင် ၊ ညီမ အလားအလာ အများကြီး ရှိပါ တယ် ။ ဒါပေမဲ့ ခု လောလောဆယ် ရိုက်မယ့် ကား ၊ ဇာတ်လမ်းနဲ့ သရုပ်ဆောင်မှု မှာ မပါနိုင်သော်လဲ စိတ် မလျှော့ပါနဲ့ နောက် ကား အတွက် မျှော်လင့်ချက် အများကြီး ရှိ ပါတယ် ”
“ ဪ ... ဪ နောက် တစ်ခါ ထပ်စားဖို့ ”
“ ဟုတ်ကဲ့ ဆရာ ”
“ နို့ အဲဒီ ဝါသနာအိုးတွေ က မပွက် ကြဘူးလား ”
“ အဲဒါလဲ ပညာ ပါတယ် ဗျ ၊ သူတို့ က ရန်ကုန် က လျှောက်လွှာရှင် ဆို မ ရွေးဘူး ၊ ပဲခူး လောက် ဆိုရင် တောင် စဉ်းစားကြသေးတယ် ။ နေ့ချင်းပြန် ပြဿနာ လုပ် နိုင်တာ ကိုး ။ အဲဒီတော့ ခပ်ဝေးဝေး နယ် က လူတွေ သာ အ ရွေး များ တယ် ၊ လာပြီး ကြိမ်းလား ဆူလား လုပ်ဖို့ က လမ်းစရိတ် တင် ရာကျော် ကုန်မှာ မဟုတ်ဘူး ။ တော်ရုံတန်ရုံ နဲ့ လဲ မလာဖြစ်တော့ ဘူးပေါ့ ဆရာ ”
“ အေး ၊ လောက မှာ မဟုတ်တာ မမှန်တာ လုပ်ချင်လဲ နည်းပရိယာယ် က ရှာ လို့ ရ နေတာကိုး ”
“ တချို့ ထုတ်လုပ်သူတွေ ကုမ္ပဏီ တွေ ဆို အတော် ခံနေရတယ်ဗျ ”
“ ဘာကြောင့် ... ”
“ အဲဒီ တစ်ဆင့် ထုတ်လုပ်သူတွေ က မင်းသားသစ် ရွေးချယ်ပွဲ ၊ မင်းသမီးသစ် တင်ပွဲ ဆိုပြီး သတင်းစာတွေ မှာ ကြော်ငြာပြီး ခေါ် ၊ ငွေတောင်း ၊ အဲ အမည်ခံ ပင်ရင်းက ဘယ် ကုမ္ပဏီ က ဘာ ဇာတ်ကား ဆိုတော့ ”
“ အေး ၊ ဒီကောင်တွေ က ငွေ သုံး ပြီး ရှောင်နေတော့ ပင်ရင်းကုမ္ပဏီ ကို လာ ပွက်ကြရော ဆိုပါတော့ ”
“ ဒီအတိုင်း ဖြစ်နေတာပေါ့ ဆရာ ”
“ တို့ အစ ကတည်း က ငှားခ ရ ပြီး ရော ဆိုပြီး ဘာကြောင့် မျက်နှာလွှဲ ခဲပစ် လုပ်သလဲ ၊ ခံကြပေါ့ ”
( ၁၅ - ၄ - ၈၅ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဇွန် လ ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment