ရေနံမြေ သည် မိုးတွင်း ယာကွင်း နှင့် တူသည် ။ ယာ ကွင်း ၌ မိုးတွင်း မှာ မှိုတွေ အရမ်းမဲ့ ပေါက်ရောက် နေသလို ရေနံမြေ မှာ လည်း ရေနံတွင်း တွေ အစီအရီ သည် တစ်တွင်း ၊ ဟို တစ်စု ဣန္ဒြေရရ တည်ငြိမ်စွာ ရပ်လျက် ရှိကြသည် ။ လွတ်လပ်ခြင်း နေအရုဏ် ကို ရှေးရှုသည့် မိုးသောက်ယံ ကြယ်နီကြီး ထွက်ပေါ်ပြီး ကမ္ဘာ ကို အားသစ် လောင်း နေ သည့် နံနက်ခင်းလေညှင်း သည် လည်း သင်းလိုက် ပြင်းလိုက်နှင့် အဆက် မပြတ် ။ နု ၏ ဆံပင် ... အင်္ကျီအဖျား နှင့် လုံချည် အနား သည် လေ သင့်ရာ ဘက် သို့ တလွင့်လွင့် လိုက် နေကြသည် ။ ပူနွေးသည့် မျက်ရည်စု တို့ သည် နု ၏ မျက်လုံး အစုံ မှ ဒလဟော ကျဆင်း နေကြသည် ။ သည် ကမ္ဘာမြေပြင် မှာ နု အချစ်ကြင်ဆုံး ကိုကျော်မောင် ။ ချစ်စရာ နောင် တစ်နေ့ မှာ ဖြင့် ပျော်မွေ့အောင် ကိုကျော်မောင် နှင့် ဖွဲ့ နှောင်ကာ မေတ္တာ ဆက်မည် ဟု နု အားခဲ ထားခဲ့သည် ။ သို့ ပေမဲ့ အချစ်ဘုံဆောင် ဘုံနန်းဆီ သို့ ရည်မှန်းကာ ကူးစဉ် တွင်းမှာ ပင် လေပြင်းမုန်တိုင်း ကြုံလာ ဖျက်သည် မို့ ခက်မှု ပွေ၍ ပူဗျာ ဝေတော့သည် ။ နု သည် ကျော်မောင့် အချစ် ကို ဆက်ခံ မယူလိုတော့ ။ ချစ်လျက် နှင့် ခွာတော့မည် ဟု ကြိုး ကြိုးစားစား ဆုံးဖြတ် ထားလိုက်ပြီးပြီ ။ လူရမ်းကား တစ်စု က သူ့ ကို ပြုချင်တိုင်း ပြုပြီးပြီ ။ သူ့ ကိုယ် မှာ မသန့်ရှင်း မစင်ကြယ်တော့ ကျော်မောင် လို လူကောင်း တစ်ယောက် ကို လှည့်စား၍ မချစ်ရက် ။
နု သည် ရေနံတွင်း အောက် သို့ ငုံ့ ကြည့်သည် ။ သို့ သော် မှုန်မပြေ အလင်းရောင် သည် မြင့်မားလှသည့် ရေနံ တွင်း အောက် အထိ ကို မြင်အောင် မစွမ်းဆောင်နိုင်ပါ ။ အမှောင်ထု မျက်နှာပြင် ကသာ နု ကို ဆီး၍ မျက်နှာချင်း ဆိုင် သည် ။ မမြင်ရသောကြောင့် တော်တော့သည် ။ မြင်သာ မြင်ရလျှင် နက်ဝှမ်းသည့် ချောက်ကမ္ဘား အတွင်း မှ ကျောက်တုံးကျောက်ခဲ ၊ သံတုံးသံခဲတွေ ကို အသည်းအူတုံလောက် အောင် တွေ့ ရပေမည် ။ နု သည် ဘုရားရှင် ကို မှန်း ၍ ဝတ်ပြု သည် ။
ဘဝသံသရာ ဖြစ်လေရာ တွင် သည်အဖြစ် ဆိုး နှင့် ကင်းလွတ်ပါစေသား ၊ လှိုက်လှဲသော ဆုတောင်းသံ အဆုံး ၌ နု သည် သူ့ ကိုယ် သူ လေထုအတွင်း သို့ ပစ်ချလိုက်မည် အပြု “ နု .. နု သမီး မရှိရင် အမေ နေဖြစ် မလား ဟင် .. အမေ နဲ့ နု မောင် ကို သေအောင် သတ်ပြီး မှ နု သည်လို လုပ်ချင် လုပ်ပါတော့ ” နွမ်းနယ်ဖျော့တော့ အားအင် ရော့လှစွာ ဖြင့် နု အမေ သဏ္ဌာန် သည် နု ၏ စိတ်အာရုံ ဝယ် ထင်မြင် လာ ကာ ကြေကွဲစရာ ပြောရှာ သယောင်ယောင် ..
နု သည် လေထု အတွင်း မှ တစ်ဆင့် သေမင်းခံတွင်းဝ သို့ ကျရောက် မသွားတော့ နု က သေ ရမှာ ဖြင့် နည်းနည်း မှ မကြောက် မိ ။ သည် ဒဏ်ရာဆိုးကြီး နှင့် အသက် ရှင် နေရခြင်း ထက် သေမင်းလက်တွင်း ဆင်းရသည် က ကောင်းသေး သည် ဟု ယုံကြည်ထားသည် ။ ဒါပေမဲ့ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်စွာ အိပ်ရာ ထက် မှာ လဲ နေသည့် ရောဂါ သည် မိခင် ၊ ပုလုကွေးလေး လူရေးလူစ ဘာတစ်ခု မှ မသိ ရှာသေးသည့် အကလေး မောင်ငယ် အသွယ်သွယ်သော သံယောဇဉ်ကြိုးတွေ က အမျှင်မပြတ် မလှုပ်သာအောင် တုပ်နှောင် ထားသည် ။ မြင့်မြင့်မားမား သည် ရေနံတွင်း ထိပ် ဖျား မှ နုသည် တရွေ့ရွေ့ သက်ဆင်း လာသည် ။ ရေနံတွင်း ထိပ်ဖျား ကို ယောက်ျား တိုင်း တောင် မှ မတက် ဝံ့ကြ ။ သို့ ပေမဲ့ နု မှာတော့ စိတ်အား အလျောက် ထိပ်ဖျား ပင် ရောက်ခဲ့ သည် ။ တစ်ကိုယ်စာ သံလှေကားကလေး တိတိကျကျ ကြီး မတ်စောက်စွာ တပ်ဆင် ထားရာ ကြောက်စရာ
ကောင်းလွန်း သော်လည်း အဆုံး ဘဝ က နု က လားလားမျှ မဖြုံ ။
လေပြေအတွင်း မှ ခပ်ပြင်းပြင်း ကြိုင်နေသော ရေနံ အနံ့ သည် နု ၏ နှာခေါင်းတွင်း သို့ ကျွမ်းပစ်၍ သက်ဆင်း သွားသည် ။
••••• ••••• ••••• •••••
“ ကိုကျော်မောင် ”
လှိုက်လှဲစွာ ခေါ် လိုက်သော နု အသံ ကြောင့် ကျော်မောင် သည် ရုတ်တရက် လှည့်ကြည့် လိုက်ရာ မျက်ရည်လည်ရွဲ နှင့် နု ကို တဲဝ ၌ ရပ်လျက် တွေ့ ရသည် ။
“ အို ... နု ... လာလေ ... ဘယ့်နှယ် မျက်နှာ မကောင်းပါလား ။ ဘာဖြစ်လာတုန်း .. ဟင်း ... ”
ကျော်မောင် သည် ပျာပျာသလဲ ပြောရင်း နု ၏ မလှုပ် တလှုပ် အမူအရာ ကို အားမလို အားမရ ဖြစ်လျက် ယုယစွာ လက်မောင်း ကို ဆွဲကိုင် ခေါ်ငင် ၍ ကွပ်ပျစ်ပေါ် တွင် ထိုင် စေ သည် ။
“ နု ဘာဖြစ်လာတုန်း ဟင် ပြောစမ်းပါဦး ”
ကျော်မောင် အမေး မှာ နု ကို ငိုချင်ရက် လက်တို့ ဆို သလို ဖြစ်စေသည် ။ နု သည် ချုပ်တည်း ထားရသမျှ အဆွေး နာ ကို အစွမ်းကုန် ဖွင့်ထုတ် လိုက်သည် ။ ကျော်မောင့် ပေါင် ပေါ်သို့ မျက်နှာ မှောက် ကာ လှိုက်လှိုက်လှဲလှဲ ငိုကြွေးတော့ သည် ။
“ အို .. နု ဘာဖြစ်တာလဲ နု ရဲ့ ။ ဘာလို့ ငိုရတာ လဲဟင် ... အဒေါ် ... အဒေါ် ”
ကျော်မောင် စိတ် ထဲ မှာ နု အမေ ဆုံးသောကြောင့် ဟု ထင်သည် ။ သို့သော် မမေးရက်သဖြင့် စကား ထစ် နေလေ သည် ။
“ မဟုတ်ဘူး ကိုကျော်မောင် ၊ မဟုတ်ဘူး နု အမေ သေ တာ မဟုတ်ဘူး ၊ နု သေ တာ ၊ နု ရေတိမ် မှာ နစ်တာ ”
နု သည် ခေါင်း မဖော်ဘဲ ပြင်းထန်စွာ ငိုရှိုက်ရင်း က ပင် ပြောသည် ။
အချိန်မှာ နံနက်ခင်း ၈ နာရီ လောက် ဖြစ်သည် ။ ကျော်မောင့် အမေ နှင့် ညီကလေး ဈေးဝယ် သွားနေ၍ ကျော်မောင် တစ်ယောက် တည်း ရှိစဉ် ဖြစ်သည် ။
“ နု ဘယ့်နှယ် စကားတွေ ပြော နေတာလဲ ။ ကျုပ် နား မလည်ပါလား ။ ရှင်းရှင်း ပြော လိုက်စမ်းပါ နု ရယ် ။ ကျုပ် စိတ် ထဲ မှာ အနေရ ခက်လွန်းလို့ ”
ကျော်မောင် သည် နု ၏ ပခုံး နှစ်ဖက် ကို မ ၍ ထိုင် စေကာ မေး မြန်းသည် ။ ကျော်မောင် မှာ အတော် စိတ်ဒုက္ခ ရောက်လျက် ထူပူ နေသည် ။ အသက်လောက် ချစ်သူ ၏ သည် အဖြစ်မျိုး ကို သည်လိုပဲ တွေ့ ရလျှင် ကျော်မောင် အတိုင်း ပဲ မည်သူ မဆို ဖြစ်လိမ့် မည် ။
“ ကိုကျော်မောင် နု ကို ချစ်တယ်နော် ”
“ မေး မှ မေးရက်ပလေတယ် နု ရယ် ၊ ကျုပ် နု အပေါ် မှာ ဘယ်လောက်တောင် ချစ်တယ် ဆိုတာ နု အသိသားနဲ့များ ၊ ကျုပ် တော့ အံ့သြ မဆုံးဘူး ”
ကျော်မောင် သည် တအံ့တ ဩပြောသည် ။ နုကား တလှိုက်လှိုက်နှင့် ရှိုက်နေသည် ။
“ ကိုကျော်မောင် နု ကို မချစ်နဲ့ တော့ ။ မုန်းလိုက် ၊ မုန်း လိုက် ... နု ဟာ အရင် က လို ချစ်ဖို့ မကောင်းတော့ဘူး ”
စိတ် ဖောက်ပြန်နေသူ လို ချောက်ချားတုန်လှုပ်စွာ ပြောပြီးသည့် အဆုံး ၌ နု သည် ကျော်မောင့် ရင်ခွင် တွင် မျက်နှာ အပ်၍ အတင်း ငို တော့သည် ။ ကျော်မောင် ကား ကြား လိုက်သည် ကိုပင် မယုံနိုင် ။ နု က သူ့ ကို နှစ်နှစ်ကာကာ ချစ်ခဲ့သည် ကို အသိ ။ မည်သည့် နည်းနှင့်မျှ နု က မုန်းလိမ့်မည် မယူဆခဲ့ ။ သို့ပေမဲ့ ယခု နု စကား မှာ ထူးဆန်းလွန်းသည် ။ ထူးဆန်းရုံ မျှ မက ကျော်မောင် အဖို့ ၂၄ လက်မ အမြောက်ကြီး နှင့် အပစ် ခံရသလိုလည်း ဖြစ်သည် ။
“ ဘယ်လို ပြောတာလဲ နု ရယ် ။ ကျုပ် ကို ရူးအောင် လုပ် နေတာလား ။ ကျုပ် ဟာ နု ကို ဘယ်တော့မှ မမုန်းဘူး ။ နောင် ဘဝ ထိ အောင် မမုန်းဘူး ၊ ကျုပ် အချစ် ကို နု က နှယ်နှယ်ရရ ပေါ့ပေါ့ဆဆ ထင် နေသလား ဟုတ်လား ။ ကျုပ် နု ကို ချစ်တဲ့ အချစ် ဟာ ပေါ့ပေါ့ဆဆ မဟုတ်ဘူး ၊ ဟောသ လို တကယ့် အချစ် ဧရာမ အချစ် ”
ကျော်မောင် သည် ပြောပြောဆိုဆို နု ၏ ကျော့ကျော့ ရှင်းသော ခန္ဓာကိုယ်ကလေး ကို တအား ဖျစ်ညှစ် ပိုက်ထွေး ကာ မျက်နှာ တစ်ပြင်လုံးကို အတင်း နမ်းလေသည် ။ နု မှာ ကျော်မောင့် ရင်ခွင် အတွင်း ဝယ် မျက်နှာကလေး မော့မော့ နှင့် ကော့ရော့ ဖြစ်နေသည် ။
“ လွှတ် လွှတ် ကိုကျော်မောင် လွှတ် အို ပြောမရဘူး လား လွှတ်ပါဆို ။ ကဲ ဒါလောက်တောင် ပြောမရရင် ”
နု စကား အဆုံးမှာ ဖြန်းခနဲ အတော်ကလေး ပြင်းထန်သည့် အသံ ထွက်ပေါ် လာသည် ။ ကျော်မောင် သည် နု ကို ဖြည်း ညင်းစွာ လွှတ်၍ သူ့ ဘယ်ဘက် ပါး ကို ညာ လက် နှင့် ပွတ် သပ်ရင်း ဝမ်းနည်းသော အသွင်ဖြင့် နု အား ကြည့်နေသည် ။ နု က တအား ရိုက်ပေမဲ့ သည်လောက်တောင် မနာပါ ။ သို့ပေမဲ့ နု ၏ ပြုမူပုံ ရက်စက်လွန်း သဖြင့်သာ သူ့ ပါး သူ ပွတ် သပ်မိခြင်း ဖြစ်သည် ။
“ နု ရယ် ကိုယ့် ချစ်သူ တစ်ယောက် ရဲ့ ဒီလောက်ကလေး အပြုအမူတောင် မှ သည်းမခံ နိုင်ဘူးလား ကွယ် ”
ကျော်မောင် အသံ မှာ အတော် ကို စိတ်ထိခိုက်ရာမှ ပေါ် ထွက်လာသည့် အသံ ဖြစ် လေသည် ။
“ အို ကိုကျော်မောင် နု မှားပြီ ၊ မှားပြီ ။ နု စိတ်တွေ ဖောက်ပြန်ပြီး ဖြစ်ချင်ရာ ဖြစ်ကုန်ပြီ ။ နု ကို စိတ် မဆိုးပါနဲ့ နော် ကိုကျော်မောင် ၊ နု သေ မှ အေး မှာပါ ။ နု ကို သေအောင် သတ် လိုက်စမ်းပါ ။ ကိုကျော်မောင် ရယ် ”
နု သည် မျက်နှာ ကို လက်နှစ်ဖက်ဖြင့် အုပ်၍ တရှုံ့ရှုံ့ ငိုကြွေးသည် ။ ထို့ကြောင့် သူမ ၏ နူးညံ့ ပြည့်ဖြိုးသော ပခုံးကလေး နှစ်ခု မှာ နိမ့်တုံမြင့်တုံ လှုပ်ရှားနေသည် ။ ပခုံးကလေး နှစ်ခု ကို ကျော် မောင် က ညင်သာစွာ ဖက်ကိုင်ရင်း နု ကို ရင်ခွင် ထဲ သို့ ဆွဲ သွင်းလိုက်သည် ။
“ ဘာဖြစ်တာလဲ နု ရယ် ၊ စိတ် မကောင်းအောင် မလုပ်ပါနဲ့ ။ တိတ်စမ်းပါ အလကား ငို နေတယ် ”
ကျော်မောင် သည် နု ကို ကလေး ချော့ သလို ချော့ ရင်း ပါးချင်း အပ်ထားသည် ။ ခဏမျှ မိန်းမော နေပြီးနောက် နု သည် ကျော်မောင့် ရင်ခွင် အတွင်း မှ ဖြည်းညှင်းစွာ ရုန်း ထွက်လေသည် ။
“ နု ကို မချစ်နဲ့ တော့ ကိုကျော်မောင် ရယ် ”
နု အသံ မှာ အားနည်းလှသည် ။
“ ဘာလို့ မချစ်ရမှာလဲ နုရဲ့ ။ ချစ်မယ် ဒါထက်တောင် ပိုချစ်ဦးမယ် ”
ကျော်မောင်သည် အားမလို အားမရသံကြီး ဖြင့် ပြော လေသည် ။
“ မဟုတ်ဘူး ကိုကျော်မောင် ၊ နု အကြောင်း ကို ကိုကျော်မောင် မသိလို့ သိပ် ချစ်နေတာ ။ သိရင် နည်းနည်း ကလေး မှ ချစ်စရာ ကောင်းမှာ မဟုတ်ဘူး ဆိုတာ ကိုကျော်မောင် သိမယ် ။ နု လေ ... နု ... နု ဟာ အရင် နဲ့ မတူတော့ဘူး ။ ည က .. ည က ”
နု သည် အလွန် ကြေကွဲစရာ ကောင်းသော “ တစ်ညတွင် ” ဇာတ်လမ်း ကို မချိတရိ နှင့် စိတ်ဝေဒနာ အမျိုးမျိုး ခံစားရင်း ပြောပြ ရှာသည် ။
“ ဟင်း ... ခွေးမျိုးတွေ ၊ ခွေးလိုကောင်တွေ ၊ ကိုယ့် အမျိုးသမီးကလေး တစ်ယောက် ရယ် လို့ စောင့်ရှောက်မယ် ၊ ကူညီမယ် မရှိဘူး ၊ သူတို့ ကိုယ်တိုင် က စော်ကား ကြတယ် ။ ဖျက်ဆီးကြတယ် ”
နု စကား အဆုံး တွင် ကျော်မောင် ၏ ဒေါသအိုး ပေါက် ကွဲကာ ပြောလိုက်သည့် စကား ဖြစ်သည် ။ ကျော်မောင် သည် ခက်တရော်သော မျက်နှာ ဖြင့် အံကြိတ် လျက် သောင်းကျန်း ဆူပူနေသည့် ဒေါသမှိုင်း အတွင်းဝယ် တွေဝေ နေသည် ။
နု ကား ဖြေမဆည်နိုင်အောင် လွမ်းအား ပိုလို့ ကြွယ် တော့သည် ။
“ နု ... နု အားမငယ်ပါနဲ့ နု ရယ် ။ ဖြစ်ပြီးတာ ဘယ် တတ်နိုင်မလဲ ၊ နု က လော်လီဖောက်ပြား လို့ ဖြစ်ရတာ မှ မဟုတ်ဘဲ ။ လောကကြီး ကို က မကောင်းလို့ ဖြစ်ရတာ ။ ကျုပ် ဟာ နု ကို မမုန်းဘူး ၊ ပို ချစ်တဲ့ အပြင် သနားတောင် သနားသေးတယ် ။ နောက်ပြီးတော့ ကျုပ် က နု ကို ချစ်တာ ဟာ အပျို ဆိုတဲ့ ပညတ်ကလေး ကို ချစ်တာ မဟုတ်ဘူး ။ အစစ အရာရာ လိမ္မာ သိတတ်တဲ့ ၊ မြင့်မြတ်တဲ့ စိတ်ဓာတ် ကိန်းအောင်း ရှိတဲ့ မိန်းမမြတ်ကလေး တစ်ဦး အနေနဲ့ ချစ်တာ ။ ကျုပ် နု ကို ချစ်တာပဲ ။ သတီ လည်း သတီ ပါတယ် ။ ကျုပ် သဘောထား မသေးပါဘူး ။ တကယ့် ယောက်ျား အစစ်ပါ ။ ဒါကြောင့် ဖြစ်ပြီးသား ကို နု မေ့လိုက်တော့ ။ နောက် ကိုသာ ဘာလုပ်လုပ် ကျုပ် ကို တိုင်ပင် ”
ကျော်မောင် သည် တည်ငြိမ်သော အသံ ဖြင့် တကယ့် ကြည်ညိုဖွယ် ဆရာသမားကြီး တစ်ဦး ကဲ့သို့ ပြောဆို ဆုံးမနေသည် ။ သူ ပြောတဲ့ စကား အတိုင်းပင် သူ သည် တကယ် ကို နု ကို အချစ် မပြယ် ။ ဟိုတုန်းက စင်စင်ကြယ်ကြယ် လိုပင် သဘော ထားနိုင်သည် ။ သို့သော် သူ့ စိတ် နာချက်ကား အဆင်မပြေသော လောက နှင့် လူတန်းစေ့ရုံမျှ စိတ်ဓာတ် ကောင်း မရှိကြသော လူတွေ ဖြစ်သည် ။
“ နု မငိုပါနဲ့ကွယ် တိတ်ပါ ။ ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့ ။ မေ့ပစ်လိုက်ပါ ။ စိတ် ထဲ မှာ စွဲ ထားရင် ဒုက္ခ ရောက်သထက် ရောက် မှာပေါ့ ”
“ ကိုကျော်မောင် အချစ် မပြယ်ပေမဲ့ နု လက်မခံနိုင်ဘူး ကိုကျော်မောင် ။ ကိုကျော်မောင် သဘောထား ကြီးမှန်း ၊ မေတ္တာစစ် နဲ့ အချစ်ကြီး မှန်း သိရလေလေ နု ရဲ့ မသန့်ရှင်း မစင်ကြယ်တဲ့ ဘဝ ကို မအပ်ရက်လေလေ ပဲ ။ နု ရဲ့ ဘဝ ဟာ ကိုကျော်မောင် နဲ့ မထိုက်တန်တော့ဘူး ”
နု သည် အတိုင်းပဲ စွဲမြဲယုံကြည်ချက် ပြုထားသည် ။ ကျော်မောင့် ကို တော့ အ သက် နှင့် ထပ်တူ ချစ်ပါသည် ။ သို့ပေမဲ့ သေ မှ ပျောက်မည့် ဒဏ်ရာ ဆိုးကြီးကြောင့် ချစ်လျက် နှင့် ခွာရတော့မည် ။
“ အို .. နု ကလဲကွယ် ဒါလောက် အယူ မသီးစမ်းပါနဲ့ ။ ဟောင်းဟောင်း သစ်သစ် အချစ် သာ ပဓာနပါ ။ နု ကျုပ် ကို အရင်က လို ပဲ ချစ် မယ် နော် ။ မင်္ဂလာ မရှိတဲ့ စကားတွေ မပြောနဲ့တော့ ဟုတ်လား ”
ကျော်မောင် သည် နု စိတ်ပြေပျောက် ချမ်းမြေ့ စေရန် နှစ်သိမ့်ဖွယ် ပြောရင်း နု ကို ညင်သာ စွာ ဖက်၍ နဖူးပြင်ကလေး ကို ကြူကြူမွှေး လိုက်သည် ။ နု သည် ရုတ်တရက် ကျော်မောင် ၏ ရင်ဘတ် ကို တွန်းချ လိုက်ရာ ကျော်မောင် မှာ နောက်သို့ ယိမ်းယိုင်သွားသည် ။ နု သည် လျင်မြန် ဖျတ်လတ် စွာ ကိုယ် ကို မတ်မတ် ရပ် လိုက် သည် ။
“ ကိုကျော်မောင် ကို နု ဟာ အသက် ထက် ချစ်တယ် ။ ဒါပေမဲ့ နု တို့ ကံမကောင်း လို့ ဒီ ဘဝ မှာ ဒီတင်ပဲ ရပ်တော့ ။ ကိုကျော်မောင် နု အပေါ် အချစ် ဖြတ်လိုက်တော့ ”
နု သည် ငိုသံပါပါ လှုပ်ရှားသော အသံ ဖြင့် ပြောပြောဆိုဆို တဲ အပြင် သို့ ပြေး ထွက်သွားလေသည် ။ ကျော်မောင် သည် ရုတ်တရက် ကြက်သေ မောနေရာ က ထိတ်လန့်တကြား ခေါ် လိုက်သည် ။
“ အို .. နု ... နု ... ကျုပ် ပြောပြမယ် ”
နု ကား မကြားယောင်တကား ။
••••• ••••• ••••• •••••
“ ကြုံလေ - ဘုံဗွေ - ဆော်ထွေမှိုင်မိရင်း ကံ - ကံငယ် ခေလို့သာ - ကြုံရလေခြင်း ”
နု စိတ် မှာ သည်အတိုင်းပဲ ဖြစ် သည် ။ စိတ် ထဲ မှာ သာမဟုတ် နု ဖြစ်စဉ်ကလည်း သည်အတိုင်း ပါပဲ ။ မင်းသား လုပ်သည့် နှစ်မှ သံဆန်း ပေါ် သလို မလိုက်ချင် လိုက်ချင် မလွှဲသာ လွန်း၍ တစ်ကြိမ်တည်း စွန့် စွန့်စားစား လိုက်ခဲ့မိသည် တွင် မှ ကံ ဆိုးလွန်းသည် ။ နု ကား မှောင်ထု အတွင်း ကျွမ်းပြန် ကျခဲ့သည် ။ ဦးစောက်ကျွမ်းပြန် ကျသည် နှင့် အညီ ဒဏ်ရာ ကလည်း ပြင်းထန်ပါဘိ တောင်း ၊ သေ မှ ပင် ပျောက်မည့် ဒဏ်ရာ ဖြစ်ပါသည် ။
ဖြေပါသော်လည်း မပြေနိုင်ဘဲ နှင့် နု ခမျာမှာ အသည်း ကျွမ်းမျှ ပင်ပန်းရ ရှာသည် ။ ( ဒုက္ခ ဟူသည် လာသည့် အခါ ၌ တစ်ဦး တည်း မလာတတ် ၊ လမ်း ၌ တွေ့သမျှ အပေါင်း အဖော် ဒုက္ခတွေ ကိုပါ သိမ်းကျုံး ခေါ်ငင် လာ တတ်သည် ) ဟု ဆရာကြီး ပီမိုးနင်း ပြောခဲ့သည် မှာ တကယ် ဟုတ်လှ သည် ။ နု အဖြစ် က ထင်ထင်ရှားရှား သက်သေ ပြနေသည် မဟုတ်ပါလော ။
နု အလုပ် ပျက် သည် မှာ သုံးလေးရက် ရှိသွားပြီ ။ ငွေ တစ်ပြား မှ မရှိသည့် အထဲ တွင် သူ့ အမေ က အလွန် နေဆိုး ၍ စားစရာ ၊ ဆေးကုစရာ က လည်း လုံးလုံး မရှိ ။ ဒီ ဒုက္ခဘေး ဆိုးကြီး မှ လွတ်ရန်မှာ ငွေ ရှိ မှ ဖြစ်မည် ။ နု အဖို့ ဘယ် က ငွေ ရမည်နည်း ။ ခက်သည် ၊ နု ငိုသည် ။ နု လို နုနယ်ပျိုရွယ်သူ ကလေး တစ်ဦး သည် သည်လောက် ဆိုးဝါးသည့် အဖြစ် ဒဏ် ကို ဘယ်သို့ ခံနိုင်ပါမည်နည်း ။
နု သည် မျက်ရည် ပြည့်လျှံစွာ ဖြင့် ပင် အဝေး သို့ မျှော် နေသည် ။ အဝေး ရှိ ရေနံတွင်းကြီးတွေ ဣန္ဒြေရရ မတုန် လှုပ် ရပ်တည် နေနိုင် သလောက် နု စိတ်ကား မတည်ငြိမ် ၊ မိုးသား တိမ်လိပ်တွေ တရိပ်ရိပ် လှုပ်ရှား ပြေးလွှား နေသည် နှင့် အမျှ သူ့ စိတ် က ပြောင်းလဲ နေသည် ။ နု သည် ငွေ ရမှု ကို စဉ်းစား နေသည် ။ ငွေ ထုတ်မည် က လည်း ခြောက်ရက် လောက် လိုသေးသည် ။ ငွေ ရအောင်ဖြင့် ဘယ်လိုမှ မကြံတတ် ။ ရသည့် နည်းနှင့် ရှာ ရအောင် လူ ကလည်း တစ်ခါ သေဖူး ၍ ပျဉ်ဖိုး နားလည်ခဲ့ပြီ ။ ခက်သည် ၊ ခက်သမှ အလွန် ပဲ ခက်ပါသည် ။
နု သည် အစ်ကိုကြီး ဟူသည့် နောက်ပိုးရူးကြီး ကူလီ ခေါင်း ကို အမှတ် ရလာသည် ။ သူ့ ဆီ သွား ပြောရလျှင် ငွေ ရမည်တော့ မုချ ။ သို့ပေမဲ့ စိတ်ဓာတ် မရိုးသားသူ ဖြစ်၍ စိတ် မချရ ။ နု သည် ရီဝေ နေသည် ။ သွားသင့် မသွားသင့် တွေး ချင့် နေသည် ။
“ မမရေ .. ထမင်း ကျက်ပလား ကျွန်တော် ဆာလှပြီ ”
နု မောင် သည် ဘယ်က ဆော့ကစား လာသည် မသိ ၊ ချွေးရွှဲရွှဲစိုလျက် နှင့်ပင် အမော မပြေသေးသံဖြင့် ပြောလေ သည် ။ ထို စကား သည် နု အား မိုးကြိုး ပစ်ခွင်း သလောက် တုန်လှုပ်စေသည် ။ နု မောင်ကလေး မှာ မသိတတ်သေး သည့် အရွယ် ။ စားချိန် ဆိုလျှင် စား ချင်သည် ။ အိပ်ချိန် ဆို လျှင် အိပ်၍ အားလပ်လျှင် ကစားမည် ။
သည်ကလေး စားချိန် မှာ စားဖို့ ၊ ဝတ်ချိန် မှာ ဝတ်ဖို့ ၊ ပျော်ရွှင်ချိန် မှာ ပျော်ရွှင်ဖို့ နှင့် တစ်သက်လျာ တက်လမ်း အဖို့ ပညာ သင်ကြားရေး မှာ အုပ်ထိန်းသူ တာဝန် ဖြစ်သည် ။
“ မောင်လေးရေ ထမင်းကြမ်း စားချည်ကွယ် ။ ညစာ ဖို့ မမ အခုမှ ဈေး သွား မလို့ မောင်လေး ထမင်း စား ပြီးတော့ ဘယ်မှ မလည်နဲ့ နော် အမေ့ အနား မှာ နေ ကြားလား ”
“ ဟုတ်ကဲ့ မမ ”
သည် ထမင်းကြမ်း မှာ မနက်က နု မစား ၍ ကျန်တော့ သည် ။ သို့မဟုတ်လျှင် နု မောင် စားရမည် မဟုတ် ။ “ လသာ သာ အမင်္ဂလာ ညဆိုး ” နောက် တွင် နု စိတ်ကြည်လင်မှု မရှိခဲ့ ။ အအိပ်ပျက် ၊ အစားပျက် နှင့် စိတ်ပျက် လက်ပျက် ဖြစ် နေသည် ။ ထို့ကြောင့်ပင် နု မှာ အနည်းငယ် ချုံး သွား သည် ။ မျက်တွင်းကလေး ချိုင့် ၍ နားထင် ကျနေသည် ။
နု သည် ကူလီခေါင်း အိမ် ဆီသို့ ထွက် ခဲ့သည် ။ သွား ရပေမဲ့ စိတ် ကတော့ ခပ်လေးလေး ။ စိတ် လေး ပေမဲ့ လည်း မတတ်နိုင် ။ ဘယ် ဒုက္ခမျိုး လာလာ ကျောပိုး၍ ခံတော့မည် ။ မခံ၍ လည်း မဖြစ် စားသောက် နေထိုင်ရေး က ကြီးလေးပါ ဘိသည် ။
◾ဌေးမောင်
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၁၂
၁၉၄၈ ၊ မေ
#ကိုအောင်နိုင်ဦး
.