❝ ခယ်မလေး ❞
“ ကဲ .. မင်း ဘာများ လျှောက်ထားလိုသလဲ ”
စစ်ကိုင်း စက်ရှင် တရားသူကြီး ၏ မေးမြန်း လိုက်သော အသံ သည် အစိုးရ ရှေ့နေကြီးများ ၊ အဆက်ဆာ လူကြီးများ ၊ နားထောင်လာသူ တို့ ကို ပါ တိတ်စေ ဟု အမိန့် ပေးလိုက် သကဲ့သို့ ရှိလေ၏ ။ လူသတ်မှု ကျူးလွန်သော တရားခံ မိန်းမ ကား အသက် ၂၄ နှစ် ခန့် ရှိ၍ ရုပ်ရည် သန့်ပြန့်သူကလေး ဖြစ် သဖြင့် ဘယ့်နှယ် ဖြစ်လာရတာလဲ ၊ သနားစရာ ကောင်းပါဘိ ၊ ရုပ်ကလေး က ချောသနဲ့ ဟု တစ်ယောက် တစ်ပါးစပ် ပြောရာ မှ ပရိသတ်လူထု ပြည့်ညပ် နေခြင်း ဖြစ်လေ၏ ။
အသက် ၂၀ ရွယ် တစ်ယောက် ၊ ၁၆ နှစ်ရွယ် တစ်ယောက် မိန်းမပျိုကလေး နှင့် တူသူ တို့မှာ ကလေးငယ် ၂ ယောက် ၊ ၃ ယောက် နှင့် မျက်ရည် စို၍ ငိုယိုကာ နားထောင် နေကြရာ ၊ တရားခံ မိန်းမ နှင့် မျက်နှာ ပုံပန်း တူ သည်ကို ထောက်၍ တရားခံမ နှင့် ညီအစ်မ တော်လိမ့်မည် ဟု အတပ် ပြောဆို ကြလေ၏ ။ ရှပ်အင်္ကျီ လက်တို ၊ ဘောင်းဘီအပြာအတို ကို ဝတ်ဆင် ထားသော ၆ နှစ် ခန့် အရွယ် သူငယ်ကလေး တစ်ယောက် သည် စစ်တန်းလျား ရှိရာသို့ “ မေမေ ... မေမေ ” ဟု အော်ကာ ပြေး သဖြင့် “ လူကလေး မသွားနဲ့ ၊ ဒေါ်လေး ဆီ လာ ” ဟု ယခင် မိန်းမငယ်များ က ဆွဲထား ကြ သဖြင့် ၊ “ လွှတ် .. လွှတ် .. မေမေ့ ဆီ သွားမယ် ... လွှတ်ပါဗျ ၊ မေမေ ဒီကို လာခဲ့ပါဗျ ၊ ခင်ဗျား က ဘာပြုလို့ ဟိုမှာ ရပ် နေရတာလဲ ” ဟု အော်ဟစ် နေရှာခြင်းကား ပရိသတ်တို့ ၏ စိတ် ကို ပင် ထိခိုက် စေလေ၏ ။
တရားခံ မိန်းမ လည်း သား ကို စောင်းငဲ့ ကြည့်ရှုကာ မျက်ရည်တွေ ဝိုင်းရာ က အံကြိတ် ၍ တင်းမာ လိုက်ဟန် ရှိလေ၏ ။ ပရိသတ် တို့ ကား အစိုးရရှေ့နေကြီး ၏ လျှောက်လဲချက် ၊ တရားခံ ရှေ့နေ ၏ လျှောက်လဲချက် ကို ကြားသိကြပြီး ဖြစ်လေ၏ ။ သေသူ ကို တရားခံ မ သ,တ်ကြောင်း သက်သေလက်နက် အစ ခပ်သိမ်း အထင်အရှား ဖြစ်၍ နေလေ၏ ။ တရားခံမ ၏ ရှေ့နေ က ပင် လျှင် အကြောင်းပြ ငြင်းကွယ်နိုင်ခြင်း မရှိ သဖြင့် တရားခံမ ပင် သေသူ အား သ,တ်ခဲ့သည်မှာ မငြင်းဆို နိုင်ကြောင်း ။
သို့ရာတွင် နာကြည်းစရာ အချက်များ ရှိခြင်း ၊ ငယ်ရွယ်သူ ဖြစ်ခြင်း တို့ ကြောင့် ပြစ်မှု ကျူးလွန်ကာ စိတ်အလျောက် ပြုမူခဲ့ဟန် တူကြောင်း အရှင် တရားသူကြီးမင်း က သာ ထောက်ထားညှာတာ ၍ စီရင်ချက် ချပါမည့် အကြောင်းသာ လျှောက်လဲ နိုင်လေ၏ ။
ထို့ကြောင့်ပင် ပရိသတ်တို့ မှာ သေသူ က သူ နှင့် ဘာတော်သလဲ ၊ တယ် ရက်စက်တဲ့ မိန်းကလေးပဲ ၊ ဟာ ... နာစရာ ရှိလို့ သ,တ်တာပေါ့ ။ တရားသူကြီး က တော့ အရင် ကိုထီးပြန် လို မဟုတ်ဘူး ၊ သနားတတ်ပါ ရဲ့ စသည်ဖြင့် ပြောဆို ရင်း နားစွင့် နေလေ၏ ။ တရားသူကြီး ၏ မျက်မှန်အရောင် သည် အလင်းရောင် နှင့် ဟပ်ကာ တလက်လက် ဖြစ်၍ နေလေ၏ ။ တရားသူကြီး ရှေ့ ၌ ရှိသော လက်နှိပ်စက် တွင် ညှပ် ထားသည့် စာရွက်ကလေး မှာ လေတိုက် သဖြင့် တဖျပ်ဖျပ် မြည်ကာ လှုပ်၍ နေလေ၏ ။
တရားသူကြီး အထက် မှ ဆွဲယပ်ပန်ကာ သည် စက်သီး မှ ကျွီကျွီ မြည် လျက် လှုပ်ယမ်းနေလေ၏ ။ တရားသူကြီး သည် ခံ့ညားတည်ငြိမ်သော ဣန္ဒြေ ဖြင့် မယ်မင်း ဘာများ လျှောက်ထားလိုသလဲ ဟု နောက် တစ်ကြိမ် ဆင့်၍ မေး လိုက်ရာ များစွာ လျှောက်ထား စရာ ရှိပါသည် ဟု ကြည်လင် ပြတ်သားသော အသံ ကို ကြား လိုက်သည် တစ်ပြိုင်နက် ပရိသတ်တို့သည် ရှေ့သို့ တိုးသူ တိုး ၊ ဟိုးဟိုး တိတ်ကြ ဟု စကားများသူ တို့ အား မာန်မဲသူ က မာန် နှင့် တစ်ဖန် ဆိတ်ငြိမ် သွား ကာ မိန်းကလေး ၏ လျှောက်ထားချက် ကို သာ နားစွင့် နေကြရလေ၏ ။
တရားခံမ က လျှောက်လဲသည် မှာ ...
ဘုရား ကျွန်မ သည် သေသူ ကိုအောင်တင် နှင့် အုန်းတောရွာ မိဘအိမ် မှာ လူကြီးစုံရာ နဲ့ တောင်းရမ်း လက်ထပ် ခဲ့ပါသည် ။ ထိုစဉ်အခါ က ကျွန်မ မှာ အသက် ၁၈ နှစ် မျှ ဖြစ် သေး၍ ညီမ အလတ် စောမေ မှာ အသက် ၁၄ နှစ် အရွယ် ဆံတောက်ကလေး နှင့် ဖြစ်ပါသည် ။ ညီမ အထွေးဆုံး စောရွှေ မှာ အသက် ၁၀ နှစ်ရွယ် သျှောင်ထုံးကလေး နှင့် ဖြစ်ပါသည် ။ ကျွန်မတို့ မင်္ဂလာဆောင် တဲ့ နှစ် အုန်းတော တွင် ကျောက်ကြီး ရောဂါ ဖြစ်ပြီး မိဘ နှစ်ပါးစလုံး ကျောက်ကြီးရောဂါ နှင့် ကွန်လွန်ကြပါသည် ။
ကျွန်မတို့ မှာ ခိုကိုးရာမဲ့ ဖြစ် သဖြင့် ညီအစ်မ နှစ်ယောက် နှင့် အတူ တစ်အိမ် ထဲ မှာ နေရပါသည် ။ ကိုအောင်တင် မှာ မြေတိုင်းစာရေးကြီး ၊ ကျွန်မ ထက် ၁၇ နှစ် ခန့် ကြီးပါသည် ။ ညီမကလေးများ က လည်း သူ့ ကို အစ်ကိုကြီး ဟု ခေါ်ကာ ခင်မင်ကြ ၊ ရိုသေကြ ပါသည် ။
( ၆ နှစ် အရွယ် ကလေး ကို လက်ညှိုး ညွန်လျက် ) ကျွန်မ ၁၉ နှစ် အရွယ် မှာ မောင်ထွေး ကို မွေးဖွား ပါသည် ။ အဲသည် အခါမှာ တော က ဝမ်းဆွဲလက်သည် နဲ့ တကွ ညီမ စောမေ ၊ စောရွှေကလေး ပါ ဝိုင်းဝန်း ပြုစုကြပါသည် ။
ကျွန်မ နှင့် ညီအစ်မ နှစ်ဦး မှာ မီးနေခန်း တွင် အိပ်ကြရာ ၊ ကိုအောင်တင် မှာ အပြင်ခန်း က မီးနေ စောင့်နေပါသည် ။ စောမေ က ချက်ပြုတ် လုပ်ကိုင်ပြီး ခယ်မ နှစ်ယောက် နှင့် ခဲအို ပါ အတူတူ ထမင်း စားသောက်ကြပါသည် ။ သူ့ ကို မယုံသည် တစ်ကြောင်း ၊ ခယ်မ နှင့် ခဲအို ဆို ဖြစ်တတ်သည် တစ်ကြောင်း ကြောင့် ကျွန်မ သည် အလစ်မခံ အမြဲ စောင့်ကြပ် ကြည့်ရှုပါသည် ။ သူ က လည်း လူရိုး အစ်ကိုကြီး ပမာ ဆုံးမ တန်သည့် နေရာ မှာ ဆုံးမ ၊ မာန်မဲ၍ ခပ်တည်တည် နေသဖြင့် ကျွန်မ ကိုယ် ကျွန်မ အပြစ် တင် မိပါသည် ။ ငါ့ ယောက်ျား က လူရိုး ပဲ ၊ အတည်သား ပဲ ၊ ငါ က သာ သဘော သေး သလို ဖြစ်နေတာပါ ဟု အောက်မေ့မိ ပါသည် ။
တစ်နေ့ မှာ တော့ ကျွန်မ သည် ကျွန်မတို့ အိမ်ခန်း တွင်း ဝင် သွားရာ ကိုအောင်တင် မှာ ထရံပေါက် တစ်ခု က စွဲစွဲမြဲမြဲ ဇွဲသန်သန် နှင့် ချောင်း ကြည့် နေသည် ကို မြင်ရပါသည် ။ ကျွန်မ မြင်သော အခါ မျက်နှာ ပျက် လျက် ထရံ တွင် ထိုးထားသော အပ် ရှာ သလို ရှက်ကိုးရှက်ကန်းနှင့် ပြုလုပ် နေပါသည် ။ ကျွန်မ လည်း သူ ရှက်သွားမှာ စိုးလို့ ဘာ ရှာတာလဲ ၊ အပ် က အရှေ့ဘက် ထရံ မှာ ထိုး ထားတယ် ဟု ပြော လိုက်ပါသည် ။
ညီမများ အိပ်သော အခန်း နှင့် ကျွန်မ တို့ အခန်း မှာ ဝါးထရံ တစ်ခု သာ ခြား ပါသည် ။ ကျွန်မ လည်း စကားဖာပြီး စောမေ အခန်း ထဲ ဝင်သွားတဲ့ အခါ မိန်းကလေး မို့ လူသူ လည်း မရှိ ၊ အခန်းတံခါး ပိတ် ထဘီရင်ရှား နှင့် သနပ်ခါး ခြေဆုံး ခေါင်းဆုံး လိမ်း နေသည်ကို တွေ့ရပါသည် ။ ထိုအခါ ကတည်းက ငါ့ ယောက်ျား မရိုးဘူး ၊ ခယ်မကလေး ကို ဒီလို ချောင်းကြည့် တာ ဟာ တစ်နေ့ နေ့ စိတ် ဖောက်ပြားပြီး တစ်ခု ခု ဖြစ်လိမ့်မည် ဟု အမြဲ တွေးနေ ပါသည် ။
ကျွန်မ မီးတွင်း က ထွက် ပြီး နောက် ညီမများ လည်း သူတို့ အခန်း တွင် သူတို့ အိပ်ကြပါသည် ။ ကိုအောင်တင် လည်း ကျွန်မ တို့ အခန်း တွင် အိပ် ပါသည် ။ တစ်နေ့ မနက် မှာ ညီမ စောမေ ထမင်းချက် ရာ မှ ငိုရှိုက် နေသည် ကို တွေ့ရပါသည် ။ ကျွန်မ ၏ အသည်းနှလုံး မည်သို့ ဖြစ်သွားသည် မသိပါ ။ စောမေ ဘာဖြစ်တာလဲ ဟု အထပ်ထပ် မေးသောအခါ သာ၍ပင် ငို ပါသည် ။ ကျွန်မ အတန်တန် မေးသော အခါ ည သန်းခေါင်ကျော် လောက် အခန်း တံခါး ကို ဘယ်လို နည်း နှင့် ဖွင့် ဝင်သည် မသိ ၊ ဝင်ရောက် လာပြီး ကျွန်မ ကို ... အော်မယ် လုပ် တော့ ပါးစပ် ကို လက် နှင့် ပိတ် ၊ ဓားမြှောင် နဲ့ ရင်ဝ ထောက်ပြီး ကျွန်မ ငိုငိုရီရီ နဲ့နေတုန်း အတင်း ကျူးလွန်သွားတယ် ဟု ရှိုက်ကြီး တငင် ငို ၍ ပြောပါသည် ။
ကျွန်မ မှာ မီးဖိုချောင် က ထင်းခုတ်ဓားမ ကို ပင် ကိုင် မိပါသည် ။ သို့ရာတွင် သူ ကွင်းဆင်း သွားသဖြင့် ညနေ ကျ မှ ခုတ်သ,တ်မည် ဟု စိတ်ပိုင်း ထားရာ ညနေပိုင်း ရောက်သော အခါ သူ့ မျက်နှာ မြင်လျှင် ကျွန်မ မှာ အစိမ်းလိုက် ဝါးစားချင် စိတ် ပေါက် သော်လည်း ညီမကလေး အတွက် လူသိရှင်ကြား ဖြစ် အရှက်ကွဲရ ချေရဲ့လို့ အတင်း ချုပ်တည်း နေလိုက်ရ ပါသည် ။ ထိုစဉ်အခါ က သာ သ,တ်ဖြစ်ခဲ့ရင် ကျွန်မတို့ ဒီ အဖြစ်မျိုး ရောက်ကြမည် မထင်ပါ ။
ညတွင် သူ့ ကို မေးရန် ကြံစည် ပြီး မှ ၊ ဟယ် မသိယောင် ဆောင် နေပြီး ညီမ ကို သာ ဆုံးမမယ် ဟု အခန်းတံခါး လက်ယှက် ပြုတ်နေတာ တွေ ၊ သူခိုး လာရင် ခက်တယ်လို့ စကား ဖာပြီး အသစ် ပြင်ဆင် တပ် လိုက်ရပါသည် ။
ကျွန်မ ဟာ မိန်းမ ဖြစ် သော်လည်း ယောက်ျား ကောင်း မိန်းမ တစ်သောင်း ယူနိုင်တယ် ဆိုတဲ့ စကား အတိုင်း ဒီ့ပြင် မိန်းမ ဘယ်လောက် ယူယူ အရေး မကြီးပါဘူး ။ အခုတော့ ညီမ ကို ယူ ၊ အရပ် ထဲ က လည်း လက်ညှိုးထိုး ကဲ့ရဲ့ကြ နှင့် ကြိုးဆွဲချ သေမယ် ကြံဖူးပါသည် ။ ကံမကုန် သေး၍ ကြိုး ပြတ်ပြီး အသက်ရှင် ခဲ့ပါသည် ။ ကျွန်မ စိတ်မချမ်း သာ လျှင် ညီမ စိတ်ချမ်းသာမည် မဟုတ်ပါ ။ ကိုင်း ... ညီမ .. ညည်း ဘာမှ စိတ်မညစ်လေ နဲ့ ၊ ဖြစ်လေရာ ဘဝ ပျော်ရတာပေါ့ ။ စိတ်ညစ် နေလို့ အကြောင်း မထူးဘူး ၊ စိတ်ချမ်းသာအော င်သာ နေ ၊ ကိုယ်လေးလက်ဝန် ရှိတဲ့ လူ ဆိုတာ စိတ် မညစ်ကောင်းဘူး ဟု ဆုံးမ အားပေးရ ပါတော့သည် ။
ကျွန်မ၏ မျက်ခုံးများ မှာ နေ့စဉ် မို့၍ပင် နေပါ တော့သည် ။ ကြာသော အခါ အရပ် ထဲ ကလည်း ခယ်မ ကို ခဲအို က ကြံ မိုး က မမှန် စသည့် ကဲ့ရဲ့မှုများ ရိုးသွားပြီး မြေတိုင်းစာရေး တစ်ယောက် မယား နှစ်ယောက် နှင့် ဟူသော စကား သာ ကျန်ရစ်ပါ တော့သည် ။ ညီမ စောမေ လည်း နေ့လ စေ့သော အခါ သမီး မိန်းကလေး တစ်ယောက် ဖွားမြင် သဖြင့် ကျွန်မပင် စောင့်ရှောက် ပြုစုရပါသည် ။ ညီအစ်မ နှစ်ယောက် သူ့ မယား အဖြစ် ထင်ထင်ရှားရှား ပင် နေကြရ ပါတော့သည် ။ ကျွန်မတို့ ညီအစ်မ သည် ကံတူ အကျိုးပေး ဖြစ်ခဲ့သည် ဟု အောက်မေ့စရာ ဖြစ်၍ နေပါသည် ။
ထိုအချိန် မှာ စောရွှေ ဟာ ၁၂ နှစ် အရွယ် ရောက်ရှိ၍ နေပါသည် ။ ထိုအခိုက် “ မမ ဒါတွေ ပြောမနေနဲ့ ရှက်စရာကြီး ” ဟု အော် လိုက်သော အသံ ကို ကြားကြ သဖြင့် ပရိသတ်တို့ သည် လှည့်၍ ကြည့်ကြ လေ၏ ။ တရားခံမ သည် ကား မကြား သကဲ့သို့ စကား ကို ဆက်လက် ပြောဆို လျက် ရှိလေ၏ ။
“ ကာလ မိန်းကလေးများ ၁၂ နှစ် အရွယ် ဆိုလျှင် တစ်မျိုး ကြီးထွား စ ပြုလာပါသည် ။ . စောရွှေ မှာ ၁ဝနှစ်ရွယ် ကတည်း က ကိုအောင်တင် နှင့် လည်ပင်းဖက် ကာ အရောတဝင် နေလာကြ သော်လည်း ကလေးရယ် လို့ ဂ ရုမစိုက်ခဲ့ကြပါ ။ ၁၂ နှစ် အရွယ် ရောက် ပြန်လည်း ထိုကဲ့သို့ ရောရောဝင်ဝင် နေထိုင်ကြပါသည် ။ ဒီအခါ မှာ စောရွှေ ကို အပေါ်အင်္ကျီ တွင် မက အတွင်းခံ ရှင်မီးကလေးများ ဝတ်ပေး မှ ကြည့်၍ တင့်တယ် နေပါသည် ။ ကိုအောင်တင် ရဲ့ အကျင့်အကြံ သိ လို့ “ စောရွှေ ... နင် ကိုအောင်တင် နဲ့ ရောရောဝင်ဝင် မနေနဲ့ ၊ ကလေး ဆိုပေမယ့် ... ” ကျွန်မ ထင်ရာတွေ စိတ်ပေါက်ပေါက် နှင့် ပြောမိပါသည် ။
ထိုသို့ ပြောဆိုမိသည် မှာ တစ်နည်း အားဖြင့် လူမှုရေး ကို စောရွှေ အား နားလည် စေ သကဲ့သို့ ရှိသွားပါသည် ။ သို့နှင့် ကျွန်မ မှာ သားယောက်ျား ၂ ခါလည် ကျော် တစ်ယောက် ၊ သမီး မိန်းမ နို့စို့ တစ်ယောက် ၊ စောမေ မှာ သမီး မိန်းမ တစ်ယောက် ရရှိသော အချိန် သို့ တိုင် ရောက်ခဲ့ ပါသည် ။ စောရွှေ မှာ အသက် ၁၃ နှစ် ရွယ် ၊ ဦးစွန်းဖုတ် သျှောင်တုံး က အုပ်လုံး မျှ မသိမ်းရ သေးပါ ။ လူကောင် ထွားကျိုင်း စိုပြည် အပျိုရည် ဝင်စ ဖြစ်ပါသည် ။
တစ်နေ့တော့ ကျွန်မ နှင့် စောမေ ဘုန်းကြီးကျောင်း ဥပုသ်စောင့် သွားကြပါသည် ။ ကိုအောင်တင် လည်း စစ်ကိုင်း သို့ ရွှေဘို က ကားကြုံ နှင့် လိုက်၍ သွားပါသည် ။ ထိုနေ့မှာ ကျွန်မ ဥပုသ်စောင့် ၍ မဖြစ် ။ အောက် မျက်ခမ်း တဆတ်ဆတ် လှုပ်ပါသည် ။ ကျွန်မ သာ မဟုတ် ၊ ညီမ စောမေ လည်း မျက်ခမ်း လှုပ်ကြောင်း ပြောပါသည် ။ ကျောင်း တွင် နေ့လယ်စာ စားသောက်ပြီး ပန်းကန် ဆေးသောအခါ ပန်းကန်ပြား အထပ်လိုက် စောမေ လက် က လွတ်ကျ ၍ ကွဲပါသည် ။ ကွဲပစေ .. ညီမ .. ကွဲပစေ ၊ အသစ် ရချင်လို့ပဲ ဟု ညီမ စိတ်မညစ်အောင် ပြော လိုက်ရပါသည် ။
ကျွန်မ တို့ မှာ ဘာမျှ တွေးတောဖွယ် မရှိ ။ အိမ် တွင် ညီမ အထွေး စောရွှေ စောင့် ရစ်၏ ။ ကိုအောင်တင် လည်း စစ်ကိုင်း သွားတာပဲ ဟု ပြော ရ၏ ။ သို့ရာတွင် ကိုအောင်တင် စစ်ကိုင်း သွား ရာ မှ တစ်စုံတစ်ရာ ဖြစ်ဖို့ နိမိတ် ပြလေသလား ဟု တွေးတော စိုးရိမ်မိပါသည် ။ ဒါနဲ့ ကျွန်မ တို့ ညနေစောင်း အောင် နေလို့ မဖြစ်ကြဘဲ မွန်းလွဲ ၂ နာရီခန့် မှာ ကျောင်း မှ ပြန်ခဲ့ကြပါသည် ။ ကိုအောင်တင် လည်း မိုးချုပ် မှ ပြန် ရောက်မယ် ပြောတယ် ။ အိမ်ကို စောစော ရောက်တာ ကောင်းတယ် လို့ စကား ပြောရင်း ကျောင်းပေါက် အထွက် ခလုတ်တိုက် လဲ သဖြင့် ကျွန်မ ခေါင်း ပေါ် က ဆွမ်းတောင်း ဖရိုဖရဲ ကျကွဲ နေသဖြင့် စုဆောင်း ကောက်ယူ ပါသည် ။
ကျွန်မတို့ သည် အကြီးအကျယ် တစ်စုံတစ်ရာ ဖြစ်နိုင်ဖွယ် အကြောင်း တစ်စုံတစ်ရာ တွေး၍ မရ ။ ကိုအောင်တင် တစ်ခု ခု ဖြစ်လျှင် ကျောင်း တွင် သတင်း ကြားဖို့ မော်တော်ကား တွေ ဥဒဟို သွားနေတာပဲ ဟု စိတ် ဖြေကာ ညီအစ်မ နှစ်ယောက် ရွာ ထဲသို့ ဝင်ရောက် ကာ အိမ် ပေါက် မှ လှေကားရင်း သို့ ရောက်ရှိ နေကြပါသည် ။
လှေကား ဖိနပ်ချွတ် တွင် နံနက် တုန်း က ကိုအောင်တင် စီး သွားသော ဖိနပ် ချွတ် ထားသည်ကို မြင်ရသော အခါ ကျွန်မ မှာ ခေါင်း ကြီး၍ သွားပါသည် ။ စောမေ အား ဖိနပ် လက်ညှိုး ထိုး ကာ အသံ မထွက်ရန် လက် ပြ လျက် ခြေသံ မကြားအောင် အိမ် ပေါ် သို့ တက် ၍ သွားပါသည် ။ ကျွန်မတို့ အခန်း ထဲ သို့ ကြည့်လိုက်မိသော အခါ ကျွန် မမှာ မတ်တတ် က လဲ မသွားစေရန် မနည်း သတိ ထား လိုက်ရပါသည် ။ ကျွန်မ ၏ အသည်းနှလုံး ကို ဆွဲထုတ် ယူပစ် လိုက်ခြင်း ခံရ သကဲ့သို့ မှတ်ထင် မိပါသည် ။
အကြောင်းမှာ ကိုအောင်တင် နှင့် စောရွှေ သည် စောင်ပါး တစ်ထည် တည်း ၂ ယောက် ခြုံပြီး တစ်ယောက် လည်ပင်း တစ်ယောက် ဖက် နေကြသောကြောင့် ဖြစ်ပါသည် ။ ကျွန်မ မကြည့်ရက် နိုင်ပြီး ဝင်၍ ဆူ ရမှာလည်း အရှက် ကွဲမည် စိုး ၊ အပေါက်ဝ က အသာ လှည့် လာရာ ဖိနပ်ချွတ် တွင် မူးမေ့ လဲကျ သွားပါ သေးသည် ။ ညီမ စောမေက ဘာ ဖြစ်သလဲ ... ဘာဖြစ်သလဲ ဟု ... အပြေး တက်လာ၍ အခန်း ထဲ မှ စောရွှေ နှင့် ကိုအောင်တင် ပြေးထွက်လာကာ ဘာဖြစ်သလဲ ဟု မေးကြ ပါသည် ။ ကျွန်မ သည် နေ ပူ လို့ ခေါင်း မူး ပြီး လဲတာပဲ လို့ ပြောလိုက်ရ ပါသည် ။ စောရွှေ မှာ ကလေး ဖြစ်၍ သူ့ ကိုယ် ကို ဘာ ပြုပြင်ရမည် ၊ ဘာ ဟန်ဆောင်ရမည် မသိရှာပါ ။ ကလေး အရွယ် ဆိုတာ သိတတ်သော ယောက်ျားတွေ က စည်းစောင့် မှ ကောင်းမွန်နိုင်သည် ကို ကျွန်မ အမြဲ ယုံကြည် ပါသည် ။
မသိ မလိမ္မာသေးတဲ့ မိန်းမငယ် ကို လက်ပွန်းတတီး နေပြီး ဖောက်ပြားသော လူများ ဟာ အလွန် ဆိုးဝါးသည် ဟု ကျွန်မ ယူဆပြီး အောင်တင် ကို ချစ်စိတ် လုံးလုံး မရှိတော့ပါ ။ စောရွှေ အား သွား နင့်ဖို့. ညစာချက် လို့ ပြောပြီး ကိုအောင်တင် ကို ခေါ်လျက် ရှင် မို့ လုပ်ရက်လေတယ် ။ ညီ မတစ်ယောက် ကို ယူလို့ မှ အား မရနိုင် ၊ ဆံပင် မှ မသိမ်းရသေးတဲ့ ဦးစွန်းဖုတ်မ ကို ရှင် ကြံရက်ပေရဲ့ လို့ သူ့ ကျော ကို ထု လိုက် ၊ လူးလိမ့် ငိုလိုက် နှင့် ကျွန်မ စိတ် ရှိသမျှ အချိန် အတော်ကြာ ပြုမူ မိပါသည် ။ ကိုအောင်တင် မှာ ဘာ တစ်ခွန်း မှ ပြန်လှန် မပြောဘဲ မှိုင်ငေးကြီး ဖြစ်၍ နေပါသည် ။
ဒါနဲ့ ဒီလိုနှင့် မဖြစ်ဘူး ဆိုပြီး စောရွှေ လည်း ၆ တန်း အောင်ပြီး တာ ကြောင့် စစ်ကိုင်း ဆရာဖြစ်သင် နော်မန်ကျောင်း ကို အသက် ၁၅ နှစ် လို့ လိမ်ပြီး ပို့ လိုက်ရပါသည် ။ စောရွှေ ကို လည်း ညည်း အသက် ငယ်လှသေးတယ် ၊ ခဲအို နဲ့ ဆိုတာ လူကြား ရှက်စရာကြီး ။ ညည်း ရုပ်ကလေး က ချောပါဘိ နဲ့ ရွယ်တူတွေ ၊ ဂုဏ်ရှိတာတွေ အများကြီး ရနိုင်တယ် ။ ငါ့ ညီမ ဆရာ ဖြစ်အောင် ကြိုးစား ။ ဆရာမကလေး ဖြစ် လာတော့ သိပ် ဂုဏ်ရှိတယ် ဟု ပြောဆိုရာ မျက်ရည်ကလေး တလည်လည် နှင့် ကျွန် မမှားပါပြီ ၊ အစ်ကိုကြီး က အတင်းချည်းမို့ ကျွန်မ ရှက်ကြောက် အားနာပြီး သူ့ အလို ကို လိုက်ရပါတယ် ဟု ပြောသော အခါ ကျွန်မ မှာ ချုံးပွဲချ ၍ ငိုရ ပြန်ပါသည် ။
ထို့နောက် ဆရာဖြစ် စာအုပ် ၊ အဝတ်အစားများ ဝယ်ခြမ်း ပေးပြီး စစ်ကိုင်း ဆရာဖြစ်သင်ကျောင်း သို့ ပို့ လိုက်ရပါသည် ။ ကလေး ဆိုတာ စိတ် တစ်မျိုး ဖြစ်သဖြင့် ကျောင်းသူ ၁၄ - ၅ နှစ် ရွယ် တွေ နှင့် စာ သင်ရ ၊ တပျော်တပါးကြီး သွားကြ လာကြ ဒရိန်းပြရ နှင့် နောက်က အကြောင်းတွေ မေ့ပျောက် ပြီး စိုစိုပြည်ပြည် ဝဝဖြိုးဖြိုး ဖြစ်၍ လာပါသည် ။ ပါးစုံကလေးများ ထွက် လျက် အထူး ချစ်စရာ ကောင်းသဖြင့် ငါ့ ညီမလေး က ဟင်းခွက်ထဲ မစင်ကျ သလို မသန့်မရှင်း ဖြစ်ခဲ့ရလေခြင်း ဟု ယူကျုံးမရ ဖြစ်မိပါသည် ။
နော်မန်ကျောင်း တွင် တစ်နှစ် သင်ပြီး အသက် ၁၄ နှစ် အရွယ် မှာ စောရွှေ ကျောင်း ထွက်ရပါသည် ။ ကျွန်မ လည်း ခဲအို နှင့် မနီးရင် တော်ပြီ လို့ သူ့ အတွက် အလုပ် ရရန် မြန်မာစာသင်ကျောင်း ရှိ သမျှ စုံစမ်းပါသည် ။ အထူးလည်း စောင့်ရှောက် ကြပါသည် ။ ထိုကဲ့သို့ စောင့်ရှောက် သည့် လက် တွင်း က ပင် ကိုအောင်တင် နှင့် ဖြစ်ပြန် ပါသည် ။
မိန်းကလေးများ တစ်ခါ စွန်းငြိဖူး လျှင် အဆက် မပြတ်ကြောင်း ကို ခိုင်မာသော သက်သေ အထောက်အထား ဖြစ်ပါသည် ။ သည်လောက် ကံတူ အကျိုးပေး ဖြစ်လှတာ မထူးတော့ဘူး ဟု ဘုရား ... ကျွန်မတို့ လည်း ဇွတ်မှိတ် ရပါ တော့သည် ။ ကျွန်မတို့ အကြီး နှစ်ယောက် ကား ညီမချင်း ဖြစ်၍ မျိုသိပ် ဖုံးဖိ ထားနိုင်သဖြင့် တစ်နှစ်ခန့် ကြာသော် လည်း ရပ်ရွာ က မရိပ်မိပါ ။ နောက်အခါများ ၌ ကိုအောင်တင် သည် ထန်းရည်များ သောက်စား မူးယစ် လာတတ်ပါသည် ။ ကျွန်မတို့ အစ်မ အကြီး နှစ်ယောက် ကို လည်း အပြစ် မရှိ အပြစ်ရှာ ၍ ခဏခဏ အရိုက်အနှက် ခံရပါသည် ။ သားမယား အမူအရာမျိုး ပြုလိုက် နှင့် အိမ်နီးချင်း တို့ ရိပ်မိ သွားပြီး ခဲများ နှင့်ပင် အပေါက် ခံရ ပါသည် ။ တစ်ခါတစ်ရံ စောရွှေ နှင့် စစ်ကိုင်း သို့ ပင် စုံတွဲ သွားရဲ နေသည် ကို ကျွန်မတို့ ဘာမှ မပြောဝံ့ကြ ၊ အသာ ကြည့် နေရပါသည် ။
မယား က ၃ ယောက် ၊ ကလေး က များ ၊ အလုပ် က မြေတိုင်းစာရေး မျှ ဖြစ်၍ ကျွန်မ တို့ အိမ် မှာ ငွေကြေး ကျပ်တည်းခြင်း ပြောဖို့ မလိုပါ ။ သူ လည်း တစ်ခါတစ်ခါ မှိုင်တွေချ နေပါသည် ။ တစ်ညနေ မှာ ငွေ အတွက် သွား ရှာဦးမည် ဟု စောရွှေ နှင့် ကိုအောင်တင် စစ်ကိုင်း သို့ ကား နှင့် ထွက်၍ သွားကြပါသည် ။ သန်းခေါင် လောက် မှ စပယ်ရှယ် ကား နှင့် ပြန် လာရာ ကိုအောင်တင် စစ်ကိုင်း တွင် နေရစ်၍ စောရွှေ တစ်ယောက် တည်း တွေ့ရပါသည် ။
စောရွှေ သည် ကျူကျူ ပါ အောင် ငိုလျက် ၊ ကိုအောင်တင် က တရုတ် တစ်ယောက် နှင့် ရိုက်နှက် ပိုက်ဆံ အရှာ ခိုင်း၍ တစ်ခါ ငိုငိုရီရီ နှင့် ပျော်ပါးခဲ့ ရကြောင်း ၊ သူ နှင့် နှစ်ယောက်တည်း စစ်ကိုင်း တွင် နေရအောင် နှူးနှပ် နေ သဖြင့် ဟုတ်ကဲ့ ဆိုပြီး ညတွင်းချင်း ကြံဖန် ထွက်ပြေး ခဲ့ရကြောင်းများ ပြောပြရာ ကျွန်မ စိတ် ဘယ်လို ဖြစ်မည် ကို တရားသူကြီးမင်း ချင့်ချိန် နိုင်လိမ့်မည် ဟု ယုံကြည်ပါသည် ။
ထိုည ကတည်း က သူ့ ကို သ,တ်ဖို့ ပိုင်းဖြတ် ပြီး တစ်ညလုံး အိပ် မပျော်ပါ ။ သူ လည်း အုန်းတော သို့ မပေါ်လာ သဖြင့် လိုက်လံ စုံစမ်းရာ ပျူကန်ဘုံဆိုင် တွင် ထန်းရည်သောက် ပျော်ပါး နေတုန်း ဓား နှင့် တစ်ချက်တည်း ခုတ်သ,တ် လိုက်ခြင်း ဖြစ်ပါသည် ဘုရား ဟု စကား ဆုံးလျှင် ပရိသတ် တို့ သည် စုပ်သတ် ညည်းတွား လိုက်ကြလေ၏ ။
တရားသူကြီး လည်း “ မယ်မင်း သည် ပြစ်မှု ကျူးလွန်သည် ကား မှန်၏ ။ ဖြစ်ပျက်သော အကြောင်း က ပြစ်မှု ကျူးလွန်လောက် အောင် ဖြစ်သည် တစ်ကြောင်း ၊ မိန်းမသား ဖြစ်သည် တစ်ကြောင်း ကြောင့် ညှာတာ ၍ ထောင်ဒဏ် ၅ နှစ် ” ဟု အမိန့် ချ လိုက်သည် နှင့် တစ်ပြိုင်နက် ကံကောင်းသည် ဟူသော လူများ အသံ ၊ “ အမယ်လေး ... အစ်မ ရဲ့ ” ဟု ငိုကြသော အသံများ ဖြင့် ရုံးခန်း တစ်ခုလုံး ဆူညံ သွားလေသည် ။
◾မဟာဆွေ
📖 ရုပ်ရှင်လမ်းညွန်
၁၉၃၄ ၊ ဧပြီလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment