ကိုဘသာ ၏ အစ်မ မစန်းတင် သည် မျက်ကွင်းဟောက်ပက် နှင့် မစန်းတင် အထုပ်အပိုးများ လက် က ကိုင်လျက် သိမ်ငယ်သော အသံ ဖြင့် ...
“ ညီမလေး မကျင် .. အစ်မ နဲ့ ဦးလေး ပြန်တော့မယ် ကွယ် ၊ လမ်းစရိတ်လေး ပေး လိုက်ပါဦး ကွယ် ၊ ပါ လာတဲ့ ပိုက်ဆံ က လည်း ဒီမှာ သုံး လိုက်တာ ကုန်သွားပြီ ”
“ အစ်မ ရယ် ... အစ်မမို့ လမ်းစရိတ် တောင်း ရက်တယ် ၊ ဒီမှာ ဖြင့် ဘာတွေ ဖြစ်နေလဲ ဆိုတာ မမေးဘူး ”
မစန်းတင် လေသံ အနည်းငယ် မြှင့် လျက် ...
“ ဟဲ့ ကောင်မ ... ညည်း ကို ကျုပ် က ဘာမှ မေးနေစရာ မလိုဘူး ၊ ကူငွေတွေ ကို လည်း ညည်း အပိုင်စီး လိုက်တာ တစ်ရွာလုံး သိတယ် ၊ ရှင်းရှင်း ပြောရရင် ငါတို့ တောင် တစ်ဝက် ပိုင်တယ် ”
မကျင် ထဘီ ကို ပြင် ဝတ်လျက် ...
“ ကိုဘသာ .. ရှင် ဘာ ရပ်ကြည့် နေ တာလဲ ၊ ရှင် ဝင် ပြောလေ ၊ ကူငွေတွေ ကို ဝင်ပြီး အမွေခွဲ တယ် ”
မစန်းတင် နှင့် သူ့ ဦးလေး တော်သူ တို့ မှာ တစ်အိမ်လုံး ကို လိုက် ကြည့်ပြီး ...
“ နေ နေ မကျင် ... ငါတို့ ဘာသာ ငါ တို့ ဖြစ်သလို ပြန်တော့မယ် ”
မစန်းတင် ၏ ကြောက်စိတ် ပို လာပြီး အိမ် ပေါ် မှ ကပျာကယာ ပြေးဆင်း သွား လေတော့သည် ။ မကျင် စိတ် ထဲ မှ တစ်ရန် တော့ ရှင်းပြီ ဟု တွေး ကာ တစ်ချက် မဲ့ လိုက်ပြီး ...
“ ဟီး ကိုဘသာ ... ရှင့် ဥစ္စာကြီး က လည်း ဘယ်လို လုပ်ရမှန်းတောင် မသိ တော့ပါဘူးတော် ... ဟီး ဟီး ”
••••• ••••• •••••
ဘသာ နံနက် ၃ နာရီ လောက် မှ ရွာ မှ စွန့်ခွာခဲ့သည် ။ ငချိတ် ကို ည ကတည်း က နှုတ်ဆက်ပြီး ပြီ မို့ နှိုး ပြီး နှုတ် မဆက်တော့။ ငချိတ် ကို တစ်ချက် လှည့် ကြည့် လိုက်သည် ။ မူးမူးရူးရူး နှင့် အိပ် နေသည် မှာ ပိုးလိုး ပက်လက် ။ သူ ချစ်သော ရွာ ကို တာရိုး အတိုင်း သွားရင်း မှ တစ်ချက် လှည့် ကြည့်လိုက်သည် ။ စိတ် ထဲ နင့်ခနဲ ဖြစ်သွားသည် ။
သံယောဇဉ် ဆိုတာ ကိုယ် တွယ် ရင် ကိုယ့် ဒုက္ခ ပဲ ဟု တွေး လိုက်သေးသည် ။ ငါ့ အဖြစ် က ရွာ မှာ နေလို့ မရတဲ့ အဖြစ် ပဲ ။ ရွာသားတွေ ကို ရော ကိုယ့် မိသားစု ပါ စိတ် သောက မပေးလိုတော့ ။ ကိုယ့် ဘဝ နှင့် ကိုယ် ရှိပါစေတော့ ဟု စိတ် ထဲ မှာ ဆုံးဖြတ် လိုက်ပြီး မြို့ဘက် သို့ ဦးတည် ပြီး ထွက်လာ ခဲ့သည် ။
သဟောင်းပြင် ရွာ နား ရောက် တော့ လှည်း တစ်စီး ကို တွေ့၍ မှောင်ကြီး ထဲ မှ အသာ လှမ်း အော် လိုက်သည် ။
“ မြို့ဘက် လိုက်ချင်လို့ ဗျို့ ”
“ လာ လာ ... တက် တက် ... ဆေးရုံ သွားမှာ ကြုံတယ် ”
ဘသာ လှည်း ပေါ် ရောက်တော့ လှည်း ပေါ် တွင် လူနာ ပါမှန်း သိလိုက်သည် ။ လှည်း က တကျီကျီ နှင့် မောင်း နေသည် ။
“ ဘာ ရောဂါလဲ ဗျ ”
ဘသာ က မေး လိုက်သည် ။ လှည်းမောင်း သူ မှ ...
“ ရွာတွေ မှာ ဖြစ်လေ့ ရှိတဲ့ ရောဂါ ပေါ့ ဗျာ ... ငှက်ဖျား ပေါ့ ”
ငှက်ဖျားသမား က တဟီးဟီး နှင့် ငှက်ဖျား တက် နေသည် ။
“ ဘယ် ရွာကတုံး ”
“ တကလှဲ့ က ”
“ ခင်ဗျားတို့ တကလှဲ့ က ဘသာကြီး က အသေထွက်လား ဗျ ၊ ကျုပ်တို့ ဘက် တွေ မှာ တော့ အခု လောလောဆယ် တော်တော် နာမည်ကြီး နေတယ် ”
“ အဲဒါ ခက်တာပေါ့ ဗျ ... လူတွေ က ပေါက်ကရ ပြောလေ တစ်ဖက်လူ က ဒုက္ခ ရောက်လေပဲ ”
“ လူတွေ လည်း တွေးတောစရာ ဖြစ် တယ်လေ ဗျာ ၊ ဒါမျိုးက တစ်သက် နဲ့ တစ်ကိုယ် ကြားမှ မကြားဖူးတာ ၊ ကိုဘသာ က သူတော်ကောင်း ၊ ရေကုသိုလ်ရှင် ၊ အလှူသေးသေးလေး ပဲ ဖြစ်ဖြစ် ရေ ကုသိုလ် ဝင် လုပ်တာပဲ ။
နတ်သိကြားတွေ က များ ရက်လည် တဲ့ အထိ မစောင့်ဘဲ လာ ခေါ်သွားလားမှ မသိတာ ”
“ လူတွေ တစ်ယောက် တစ်မျိုး ပြော တာနဲ့ ကျုပ်တော့ ဘဝ ပျက် တာပဲဗျ ”
“ ခင်ဗျား နဲ့ ဘာ ဆိုင်လို့ လဲဗျ ၊ ခင်ဗျား က ဘသာ မှ မဟုတ်တာ ”
“ ပြော လည်း ယုံမှာ မဟုတ်တော့ ရှင်းပြ နေလည်း အပိုပဲ ၊ ဘယ်သူ့မှ လဲ ရှင်းပြ မနေတော့ပါ ဘူး ၊ ကိုယ့် ဘ ဝနဲ့ ကိုယ် ပဲ ကောင်းပါတယ်ဗျာ ”
နွားလှည်းသမား စိတ် ထဲ တွင် စနိုးစနောင့် ဖြစ် သွားသည် ။ ပေါင် ဘေး နား က လက်နှိပ်ဓာတ်မီး ကို အသာ ယူလျက် ခလုတ် ပေါ် ကို လက်မ လေး တင် ထားသည် ။
“ ဒါနဲ့ ခင်ဗျား က ဘယ်သူတုံး ”
“ ကာယကံရှင် ဘသာ ပေါ့ ဗျာ ”
ဟု ပြောလိုက်သော အခါ နွားလှည်းသမား လက်နှိပ်ဓာတ်မီး နှင့် လှမ်း ထိုး လိုက်သည် ။
“ ဟာ ဘသာ ဘသာ ... ငါ့ လှည်း ပေါ် ပါ လာပြီ ”
လှည်းကြိုး ကို ဆောင့် ဆွဲလျက် လှည်း ရှေ့မှ ခုန်ဆင်း ပြေး သွားသည် ။
“ ဘသာ ငါ့ လှည်း ပေါ် ပါ လာပြီ .. ဘသာ ငါ့ လှည်း ပေါ်ပါ လာပြီ ”
နွားလှည်း မောင်းသူ ဆင်းပြေး သွား သည် ။ ကိုဘသာ လည်း ဘာ ဆက် လုပ် ရမှန်း မသိ။ ကြောင် ပြီး ကြည့် နေရင်း မှ
“ ဒုက္ခပါပဲ ... ဒီ လူမမာ ကို ငါ ပဲ ဆေးရုံ လိုက်ပို့ရမှာ ပဲ ၊ တော်တော်ကြာ လမ်း မှာ တစ်ခုခု ဖြစ် နေရင် ဒုက္ခ ”
ဘသာ လှည်းကြိုး ကို ကိုင်ပြီး ဆက် မောင်း လာသည် ။ လူမမာ ကို လည်း တစ်ချက် တစ်ချက် လှည့် လှည့် ကြည့်ရ သေးသည် ။ တတိယ အကြိမ် လှည့် ကြည့် လိုက်သော အခါ လူမမာ က ငုတ်တုတ် ထ ထိုင် နေသည် ။
“ ဟီး ဟီး ဟီး .. အခု လှည်း မောင်း နေတာ သိန်းဆောင် မဟုတ်ပါဘူး ”
“ ခင်ဗျား သိန်းဆောင် က ဆင်း ပြေး သွားပြီ ”
“ ဘာဖြစ်လို့ ... ဆင်းပြေး သွားတာလဲ ဟင် ”
“ ဘာကြောင့်မှန်း မသိဘူး ... ကျုပ် နာမည် အော်ပြီး ဆင်းပြေး သွားတာပဲ ”
“ ခင်ဗျား နာမည် က ”
“ တကလှဲ့ က ဘသာ ၊ ခင်ဗျား ရော ဆင်း မပြေးနဲ့ဦး ၊ ခင်ဗျား က ငှက်ဖျားသမား ၊ ဆေးရုံ တော့ ကျုပ် လိုက်ပို့ ပေး မှာ ပါဗျာ ... ဟုတ်ပြီလား ”
ဘသာ လှည့် ကြည့် လိုက်သည် ။ ဟောဗျာ ငှက်ဖျားသမား က လည်း ဘယ် အချိန် ဆင်း ပြေး သွားမှန်း တောင် မသိဘူး ။ ဒုက္ခပါ ပဲ ... ဒီ လှည်း ကို ငါ ဘယ်လို စခန်းသွားရပါ့မလဲ။
မှောင် ထဲ မှာ ဘသာ နှင့် လှည်း တစ်စီး ။
ဘသာ လှည်း ပေါ် မှ ဆင်း လိုက်သည် ။ ငှက်ဖျားသမား လည်း မိနစ်ပိုင်း အတွင်း ဘယ်သုတ် သွားပါလိမ့် ဟု ဘသာ တွေးပြီး တာရိုး အတိုင်း အမှောင်ထု ထဲ ဘသာ ဆက် လျှောက်သွားတော့သည် ။
••••• ••••• •••••
“ မင်းတို့ ကံ က နိမ့်လို့ မမြင်တာ ကွ ၊ မနေ့က နေဝင်ရီတရော မှာ ငါ ရေထမ်း ပြီး အပြန် မှာ အုန်းခွံရောင် မြင်းကြီး စီး ပြီး ဘသာကိုယ် မှာ လည်း နတ်ဝတ် တန်ဆာတွေ နဲ့ ဝင်းဝင်း ကို တောက် လို့ ၊ ငါ့ ကို တောင် လက်ပြ သွား သေးတယ် ။ ကန်ပေါင် တစ်လျှောက် ကို ဒုန်းစိုင်းပြီး စီးသွားတာများ လှလိုက် တာ ငပု ရာ ၊ ငါ့ မျက်စိ ထဲ တောင် မထွက်ဘူး ၊ ဘသာ ဘသာ .. မင်း ကတော့ ရက်တောင် မလည်သေးဘဲ နဲ့ ချက်ချင်း ကို ဘဝ ကူးပြောင်း သွား လိုက်တာ ၊ မင်းလို လူမျိုး မဟုတ်ဘူး မဟုတ်ဘူး ... ကန်တော့ ကန်တော့ ... အရှင်ကြီး လို ပုဂ္ဂိုလ်မျိုး ဒီ ကမ္ဘာ မှာ ရှိပါမလားတောင် တွေး မိတယ် ”
“ မင်း ပြောတာ ဖြစ်နိုင်တယ် တင်ဝင်း ၊ ဘသာ ရဲ့ သမိုင်းကြောင်း ကို ငါ အထပ်ထပ် အခါခါ စဉ်းစား ကြည့် မိတာ ၊ ဒီ အရှင်ကြီး ဟာ ငယ်ငယ်လေး ကတည်း က သူတော်ကောင်း အကျင့် ပဲ ကျင့်တယ် ၊ အိမ်ထောင် ပြု တာ တောင် တစ်ရွာလုံး ဝိုင်း လှော် လို့ အရှင်ကြီး အိမ်ထောင် ပြု ဖြစ်တာ ၊ သူတော်ကောင်း အကျင့် ဘယ်လောက် ကျင့်လဲ ... ကလေး မရတာ လက်တွေ့ ပဲ လေကွာ ”
တစ်ချိန်လုံး ငြိမ်နေရာ မှ ငပု ဘသာ နှင့်ပ တ်သက်ပြီး ဝင်ရောက် ဆွေးနွေးသည် ။
“ တို့ ရွာ က နတ်တစ်ပါး ထွက်တယ် ဆိုတာ တော့ ငြင်းလို့ မရတော့ဘူး ။ နေဝင်ရီတရော မှာ ကန်ပေါင် ကို ငါ သွား ချောင်း ဦးမယ် ၊ တို့ ရွာသားတွေ နတ်ကွန်း လုပ်ပြီး ကိုးကွယ်ဖို့ တော့ လို ပြီကွ ”
“ နတ်ကွန်း က တော့ ဟုတ်ပါပြီ ... နတ် နာမည် ဘယ်လိုလုပ် တပ် မလဲ ”
ငပု တွေ သွားသည် ။ တစ်ဝိုင်းလုံး အတွေး ကိုယ်စီ ရှိ သွားကြသည် ။ ကိုတင်ဝင်း က နတ် နာမည် စ ပေးသည် ။
“ ရေနတ် ကွာ ”
“ ဘာဆိုင်လို့ လဲ ”
“ ဟ ... ဆိုင်တာပေါ့ ကွ ၊ အရှင်ကြီး မသေခင် က ရေကုသိုလ် အမြဲ လုပ်တယ် လေကွာ ၊ ရှည်ပါ တယ်ကွာ ... ဘသာနတ် ပဲ ကောင်းတယ် ”
“ ဟုတ်တယ် ... ဘသာနတ် ”
“ ဘသာနတ် ”
“ ဘသာနတ်ကွန်း ”
နာမည် ကိုယ်စီ ပေးဖြစ် သွားကြလေသည် ။
••••• ••••• •••••
ကန်ပေါင် ပတ်လည် တွင် ကိုယ့် အုပ်စု နှင့် ကိုယ် အသီးသီး ချောင်းမြောင်း နေ ကြသည် ။ တစ်ရွာလုံး နီးပါး ရှိမည် ဟု ပင် ထင်ရသည် ။ အချို့က ဗန်း ပေါ် မှာ ရွာထွက် အသီးအနှံများ တင်ရင်း ပူဇော် ပသ ထားကြသည် ။ အချို့က ဖယောင်းတိုင် တွန်းပြီး သစ်ပင်ဘေး ကို အကာအကွယ် ယူထား ကြသည် ။
ရွာသားတွေ လည်း အများအပြား တွေ့ရ သလို လူစိမ်းတွေ လည်း အများ အပြား တွေ့ရသည် ။ တိုက်တိုက်ဆိုင်ဆိုင် ပင် ထိုနေ့ ညပိုင်း ရောက်သည် အထိ လေ ကား အဆက်မပြတ် တိုက်သည် ။ ဖယောင်းတိုင်များ ထွန်းညှိ ၍ မရအောင် လေ ကား တိုက်ခတ် နေသည် ။
“ ဟဲ့ ကောင်မတွေ ... ညည်းတို့ ထဲ က တစ်ယောက် ယောက် မှားတာ ဖြစ်လိမ့်မယ် ၊ တစ်ခါမှ လေ အဲဒီ လောက် မတိုက်ဖူးဘူး ”
ဒေါ်အေးသုန် ၏ တိုးညင်းသော အသံ ထွက် လာသည် ။
“ တို့ ဘက် က ဘာ မှားစရာ ရှိလဲ ၊ သူ့ ကို ပူဇော်တာပဲ ဥစ္စာ ၊ တို့ ရွာသားနတ် က အဲဒီလောက် ပဲ မများ ဘူး ထင် ပါတယ် ဒေါ်သုန် ရယ် ”
“ ဟဲ့ ဟဲ့ ... ငြိမ်ကြစမ်း ၊ ငြိမ်ကြစမ်း ၊ ငါ့ နား ထဲ မြင်းခွာသံ ကြား သလိုလို ပဲ ”
“ ဒေါ်သုန်ကြီး စိတ် စွဲနေလို့ ဖြစ်ပါ လိမ့်မယ် ”
“ အဲဒါကြောင့် ညည်းတို့ နဲ့ အတူ မလာချင်တာ ၊ ပါးစပ် က စည်းကမ်း မရှိ ဘူး ”
အလိုလို မှ ဒေါ်အေးသုန်ကြီး ကြည့် မရသော မငြိမ်းခင် က အသံကျယ်ကြီး ဖြင့် ...
“ ဟဲ့ ဟဲ့ ... ငါ့ နား ထဲ မြင်း အီးပေါက်သံ ကြားတယ် ”
“ ဟား ဟား ဟား ”
ဒေါ်အေးသုန်ကြီး သူ့ ဗန်း ကို ယူပြီး ခေါင်းပေါ် တင် လိုက်သည် ။ ထဘီ တစ်စ ဆွဲလျက် ...
“ ဟဲ့ ... ဘသာနတ် ရေ ... နင့် ကို မရိုမသေ နဲ့ ဝိုင်း လှောင် နေကြတယ် ၊ နင် စီး တဲ့ မြင်း နဲ့ ကြိတ်သ,တ်လိုက်စမ်းပါ ၊ ဒီ ည ပဲ ဒီ ည ပဲ ”
ဟု အသံနက်ကြီး ဖြင့် ကန်ပေါင်ပေါ် တက် ၍ အော် လိုက်လေတော့သည် ။ ကန်ပေါင် မှ စောင့်ဆိုင်း နေကြသော ပရိသတ်များ လည်း ကန်ပေါင် ပေါ် တက်လာ ကြပြီး အသီးသီး အယူအဆ များ ပြောလျက် ပြန်လည် ထွက်ခွာ သွားကြ လေသည် ။
တိုက်ဆိုင်မှုလား မသိ ... ညလယ် လောက် တွင် မငြိမ်းခင်ကြီး စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို ဖြစ်သည် ။ တတ်သိ နားလည်သော ဆရာများ လာရောက် နှင် သော်လည်း မငြိမ်းခင် ၏ အမည် မသိ နတ် ကား မထွက်။ မငြိမ်းခင် ယောက်ျား ကိုမြမောင် လည်း ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်ကာ ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း မသိ။
“ ငါ သိပြီ ငါ သိပြီ ”
မိသေး ကို ဝိုင်းအုံ ကြည့် ကြသည် ။
“ သူ ညနေခင်း က ဘသာနတ် ကို သူ လှောင် သလိုလို ပြောင် သလိုလို လုပ်ခဲ့ တယ်လေ ၊ အဲဒါ နတ် ကိုင်တာ ၊ ဒေါ်အေးသုန်ကြီး က သူ့ ကို ကျိန်စာ တိုက်ခဲ့သေးတယ် လေ ”
“ ဒါဆို ဒေါ်အေးသုန်ကြီး ကို ပြန် ဖြေ ခိုင်း ရင် ရမယ် ထင်တယ် ၊ ကျွန်တော် သွား ခေါ်လိုက်ဦး မယ် ”
မငြိမ်းခင် ယောက်ျား ကိုမြမောင် အပြေး ဆင်း သွားသည် ။ မငြိမ်းခင် က တော့ တဟီးဟီး နှင့် မေးမရ စမ်းမရ ဖြစ် နေသည် ။
“ ငြိမ်းခင် ရယ် ... ညည်း ဝင် တဲ့ နတ် ကို နာမည် ပြောဦးမှ ပေါ့ ”
အုံကြည့် နေကြသော လူများ က ငြိမ်းခင် ကို သိပ် စိတ် မရှည်ချင် ကြတော့။
“ အားလုံး ဖယ်ကြ ... အားလုံး ဖယ်ကြ ”
ကိုမြမောင် ကား ဒေါ်အေးသုန်ကြီး ကို ဦးဆောင် ခေါ် လာပြီး လူအုပ်ကြီး ကို လှမ်း ၍ ဖယ်ခိုင်း လိုက်သည် ။ ဒေါ်အေးသုန်ကြီး ကား နတ်ကတော် ဟန် အပြည့် ဖြင့် မျက်ထောက်ကြီး နီလျက် ။ ပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ် ပြီး ...
“ ဆန် နည်းနည်း သွား ယူလာခဲ့ ”
“ ဟုတ် ဟုတ်ကဲ့ ”
မြမောင် ကသုတ်ကရက် ဖြင့် ပန်းကန်ပြား နှင့် ဆန် အနည်းငယ် ယူ လာသည် ။
“ ကဲ ... အမိုက်မဲ ကို ဗွေ မယူပါနဲ့ ၊ တစ်ခါတလေ မှားတာ ကို ခွင့်လွှတ်ပေး ပါ ၊ အရှင်ကြီး ဘသာ ကို ပင့်ဖိတ်ပါတယ် ၊ စီးတော် မြင်း ခွာ နဲ့ ဖယ်ရှား ပေးတော် မူပါ ၊ ဖယ်ရှား ပေးတော်မူပါ ”
ဒေါ်အေးသုန် ပါးစပ် မှ တတွတ်တွတ် ရွတ်လျက် မငြိမ်းခင် ၏ နား နား သို့ ကပ် လျက် တတွတ် တွတ် ကပ် ပြောပြီး ဝုန်းခနဲ ဖနောင့် ပေါက် လိုက်သည် ။
မငြိမ်းခင် လည်း ဘုန်းခနဲ ထိုင်လျက် မှ လဲကျ သွား လေသည် ။ ဒေါ်အေးသုန် တစ်ချက် ပြုံး လျက် ငြိမ်းခင် မျက်နှာ ကို လက်ဝါး ဖြင့် သပ်ပေး လိုက်ပြီး အောင်မြင်သူ တို့ ၏ မျက်နှာ ဖြင့် ...
“ အရှင်ကြီး ဘသာ ကို ပင့်ဖိတ် ရတာ မြန်သားပဲ ၊ ကဲ ကဲ မြမောင် ... ငါ ပြန်မယ် ”
“ ဟုတ် ... ဟုတ်ကဲ့ ဒေါ်ဒေါ် ”
ဝိုင်းအုံ ကြည့်နေသော ရွာ မှ လူအုပ်ကြီး က တညီတညွတ်တည်း ဒေါ်အေးသုန်ကြီး ကို အရှင် ကြီး ဘသာ ခေါင်းစွဲ ဟု သမုတ်လိုက် ကြပြီး အရှင်ကြီးဘသာနတ် ကို လည်း တညီတညွတ် တည်း ထောက်ခံ လိုက်ကြသည် ။
“ အရှင်ကြီး ဘသာနတ် ”
◾ဗေလုဝ
📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment