Wednesday, October 25, 2023

စာရေးတဲ့ ဆရာ တောင် အိမ် မလာရအောင်


 ❝ စာရေးတဲ့ ဆရာ တောင် အိမ် မလာရအောင် ❞


အချိန် က မိုးနံ့ မိုးငွေ့ ရ နေတဲ့ အချိန် ။ တိတ်ဆိတ် နေတဲ့ တိမ် တစ်အုပ် က ကျွန်တော် နဲ့ ကောင်မလေး ခေါင်း ပေါ် မှာ ၊ မိုးသား ကြား ထဲ က ဖြာထွက် နေတဲ့ နေ မို့လား မသိဘူး ။ ပူ လိုက်တာ ။


နေ ကို မျက်နှာ မူ လိုက်တော့ ကျွန်တော် တို့ နှစ်ယောက် စလုံး အရိပ် က အနောက် ဘက် ရောက် သွားတယ် ။ မဆီမဆိုင် လက်ပံသား ဓား နဲ့ ချိုင် ဆိုတဲ့ စကား လို ပဲ ။ ‘ ရန်သူ့ အရိပ် က အေးမြတယ် ’ လို့ ကျွန်တော် က တွေး လိုက်မိ ၊ တကယ်တော့ အဲဒီလို ဟုတ်ရဲ့လား ။


လမ်း ပေါ် မှာ ကျွန်တော့် ထက် အသက် ၂ဝ ငယ် တဲ့ ကောင်မလေး က “ လူ ဘယ်လို ဖြစ်လာတာလဲဟင် ” လို့ အင်တာဗျူး လုပ်တော့ ကျွန်တော့် မှာ ဖတ်မှတ် လေ့လာ ထားသမျှ စိတ်ရှည်ရှည် နဲ့ ပြောပြရတော့ တာပေါ့ ။


ဘဝ အာမခံချက် မရှိလို့ ၊ အရွယ်လွန် ရွေ့လျား စာရေးဆရာ မို့ သူကလေး အိမ် ကို ကျွန်တော့် မှာ သွားခွင့် မရှိ ။ “ စာရေးတဲ့ ဆရာတောင် အိမ် မလာရအောင် ” သူ့ အမေ က တားမြစ် ထားလေရဲ့ ။ ဟုတ်တယ်ဗျာ ။ လေဘာတီ မမြရင် သီချင်း လိုပဲ ။


“ စာ ရေးတဲ့ ဆရာ တောင် အိမ် မလာရအောင် ” အခုတော့ ကျွန်တော် တို့ နှစ်ယောက် စလုံး လမ်း ပေါ် မှာ ။ စာရေးဆရာ ဘဝ ဆိုတာ အပို ဒုလ္လဘတရား ဖြစ်တယ် ဆိုရင် လူ ဖြစ် ရတာ လည်း တကယ့် နဂို ဒုလ္လဘတရား စစ်စစ် ဖြစ်ကြောင်း နှိုက်နှိုက်ချွတ်ချွတ် သိချင်တဲ့ ကောင်မလေး ကို စိတ်ရှည် လက်ရှည် ပြောပြရတော့မယ် ။


“ ပဋိသန္ဓေ စိတ်ကလေး နဲ့ မိဘ နှစ်ပါး သွေးသား ပေါင်းစပ် မိတဲ့ အခါ အမိဝမ်း ထဲ က ရှေးဦး ကလလ ရေကြည်ကလေး ( အလွန်မတန် အန္တရာယ် များ ပါတယ် ။ လူ ဖြစ်ဖို့ တယ် ခက်ပါလား ) အဲဒီ ရေကြည်လေး ကို ပိုးတွေ စား သွားရင် သေမယ် ။ မစဉ်းစားရဲ စရာပဲ ။ ဒီ ရေကြည်ကလေး တဖြည်းဖြည်း ခုနစ်ရက် စေ့တော့ ရေကြည်ကလေး က နေ အမြှုပ်ကလေး အဖြစ် ပြောင်း သွားတယ် ။ ဒီ အမြှုပ်ကလေး ဟာ ငါ ကိုယ်တိုင် ပါ ပဲ ။ ခုန ပြောတဲ့ ပဋိသန္ဓေ စိတ်ကလေး ပေါ့ ။ အဲဒီ ‘ ငါ ’ ကို ပိုး စားသွားရင် ဒါမှ မဟုတ် ‘ ငါ ’ ဆိုတဲ့ စိတ်ကလေး အမေ က အပူစာ ၊ အအေးစာတွေ စား ၊ တားဆေးတွေ သောက် လိုက်ရင် အဲဒီ ‘ ငါ ’ ကလေး ပျောက် သွားမယ် ။ အသက် အန္တရာယ် များ လိုက်တာ ။ လူ့ ဘဝ မရောက်ခင် သေသွားတဲ့ “ ငါ ” ကလေးတွေ မရေ မတွက်နိုင်ဘူး ”


ကောင်မလေး က တရားပွဲ မှာ ဓမ္မကထိ က ကို တရားထောက် က စကား ထောက် ပေး သလို တစ်ခါ တစ်ခါ လိုက် ပြောနေလေရဲ့ ။


“ တချို့ က သွေးရိုး သားရိုး သေပြီး ၊ တချို့ကျ ဖျက်ချ ခံရလို့ သေ တာ နော် ”


“ အေး ... ဟုတ်တယ် ။ အဲဒီ အမြှုပ်ကလေး ခုနစ်ရက် ပြည့် တော့ တဖြည်းဖြည်း အသားတုံးကလေး ဖြစ် သွား ၊ တဖြည်းဖြည်း ကြီးထွားလာ ၊ ခုနစ်ပတ် ၂၈ ရက်သား ရ ပြီးနောက် အသားတုံးလေး ။ ခုနစ်ရက် ပြည့် တော့ လက် နှစ်ဖက် ၊ ခြေ နှစ်ဖက် ၊ ဦးခေါင်းလေး ၊ ခက်မ ငါးဖြာ ပေါ်လာ ။ တဖြည်းဖြည်း ရက် အနေ နဲ့ တွက် ကြည့်တော့ ၂၉၄ ရက် မှာ ဆံပင် ၊ မွေးညင်း ၊ ခြေသည်း လက်သည်းလေးတွေ ပေါက် လာပြီ ။ လူ နဲ့ တူ လာပြီ ။ လူ ပုံသဏ္ဌာန် နဲ့ တူဖို့ အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ရ ။ အမေ့ ဗိုက် ထဲ မှာ သေဖို့ အကြောင်းတွေ က လည်း များ လိုက်တာ ။ အမိ ဝမ်းခေါင်း ထဲ မှာ နေ ရတော့ ‘ ငါ ’ ကလေး ရဲ့ ခေါင်း ပေါ် မှာ ခွေးအန်ဖတ် နဲ့ တူ တဲ့ အစာသစ်အိမ်ကြီး ၊ ‘ ငါ ’ ရဲ့ အောက် က လည်း မစင်ဘင်ပုပ် အစာဟောင်းကြီး နံ လိုက်တာ ။ ချက်ချင်း ထ ပြေး ချင် လည်း ပြေး လို့ မရ ။ အမိ ဝမ်းခေါင်း က လည်း ကျဉ်းကျဉ်းလေး ။ အလင်းရောင် မရှိ ။ မည်းမည်းမှောင် ၊ မစင် ထဲ ရောက် ၊ လောက် လိုပဲ ။ ဘာ လေသန့် မျှ မရ ။ ညောင်း လို့ လမ်း လျှောက် မဖြစ် ။ ကိုယ်လက် မဆန့် နိုင် ။ ဇာတိ ဒုက္ခတွေ ဆက် လာ ပြန်ပြီ ”


“ ဗွီဒီယို ရိုက် ထားရင် သိပ်ကြည့် ကောင်း မှာပဲ နော် ”


“ အေး ... သေချာ နားထောင် ”


“ အမေ့ ကျောကုန်း ဘက် မျက်နှာ မူ ၊ မေးဖျားလေး ကို လက်ကလေး ထဲ ဆုပ် ၊ ဒူးနှစ်ခု ကြားထဲ ခေါင်းလေး ထား ။ ဘာနဲ့ တူသလဲ ဆိုတော့ သစ်ပင်ငုတ်တို ပေါ်  မျောက်အိုကလေး ကုပ် ထိုင် နေသလို ။ မလွတ်လပ် လိုက်တဲ့ ဘဝ ။ ဘယ်မှာ စိတ်ချမ်းသာ နိုင်ပါ့မလဲ ။ အမိ ဝမ်း ထဲ မှာ လွတ်လွတ်လပ်လပ် မနေရ ။ သိပ်ပြီး စိတ်ဆင်းရဲ ရတဲ့ အထဲ ကိုယ်ဝန် ကို မစောင့်ရှောက် တတ်တဲ့ ၊ ဗဟုသုတ မရှိတဲ့ အမေ မျိုး နဲ့ တိုး မိရင် အင်မတန် ပူ တဲ့ ဆေး ၊ အစားအသောက် စား ရင် သေလောက်အောင် ခံစား ရတယ် ။ အမေ က ရေခဲမုန့် စား လိုက်ရင် ဆတ်ဆတ်တုန် အေး တော့တာပဲ ။ ဒီလို အပူမိ ၊ အအေးမိ သေခဲ့တဲ့ သူတွေ မနည်းတော့ဘူး ။ အမေ့ ဝမ်း ထဲ ကိုးလ ကျော် ဆယ်လ အောင်း ခဲ့ရတာ ၊ ထောင် ကျတာ ထက် ဆိုး ၊ ဒုက္ခ ရောက်ပုံ ပြောမကုန် ။ ပြော မယုံ ကြုံ မှ သိ ဆိုပေမဲ့ ကြုံတုန်း သိခဲ့ကြ ၊ နောက် မေ့ သွားလို့ မမှတ်မိတော့ဘူး ”


“ ဖွား ခါနီး ဘယ်လို ဖြစ် လဲ ဆိုတော့ ကမ္မဇလေ လှုပ်တဲ့ အခါ ငုတ်တုတ် ထိုင် နေရာ က ဗြုန်း ဆို ကျွမ်း ထိုး ပြီး ခေါင်း က အောက်စိုက် ကျသွား ။ လန့် လိုက်ပုံ ၊ ဒုက္ခ ရောက်ပုံ ။ အဲဒီ ဒုက္ခ ကြောင့် ဘဝ ဟောင်း က အကြောင်း တွေ မေ့ကုန် ။ ဘာဆို ဘာမျှ မမှတ်မိတော့ဘူး လို့ ရှေး လူကြီးတွေ က ပြောကြ တာ ပဲ ”


🚩 “ သံတိုင် ကြား ထဲက ဆင်ပြောင်ကြီး တိုးထွက် လာသလို နာလိုက်ပုံများ မပြောပါနဲ့ တော့ ။ ငရဲ ကျ သလို ခံစားရ ၊ ဒုက္ခ ကြီး လှပါလား ။ ဒီလိုနဲ့ အပြင် ရောက် လာ ၊ အသား က နုနုလေး ၊ နီနီတွေးတွေးလေး ဆိုတော့ လေ က တိုက် ၊ လူကြီးတွေ က အဝတ်ကြမ်းကြီးတွေ နဲ့ ကိုင် ၊ အပ် နဲ့ ဝိုင်းဆွ နေ သလား အောက်မေ့ ရ ။ နာလိုက်တဲ့ ဖြစ်ခြင်း ။ မနေနိုင်တော့ အူဝဲ ... အူဝဲ နဲ့ အသံကုန် ဟစ်ငို ။ မိဘဆွေမျိုးတွေ က ကလေး က တေး ဆိုတယ် မှတ် ။ သူတို့ ဝမ်းသာ လေ ဒုက္ခ ရောက် ရ လေ ။ ပါးစပ် က မပြောတတ် ခင် အလို မကျတိုင်း ငိုပြ ၊ မှက် ၊ ခြင် ၊ ကြမ်းပိုး ကိုက် ငို ၊ နို့ ဆာ ငို ၊ မစင်ကျင်ကြီး ပေ ငို ၊ လက်ခြေတွေ က နု တော့ ဘာမျှ မလုပ်နိုင် ။ နာ လို့ နာတယ် ၊ ကိုက် လို့ ကိုက်တယ် ၊ ညောင်း လို့ ညောင်းတယ် မပြောတတ် ။ ဒါကြောင့် ဇာတိပိ ဒုက္ခာ လို့ လူတွေ ပါဠိစကား နဲ့ အလွယ် ပြော နေတာ ။ တကယ် က မလွယ်တဲ့ အဖြစ်ကြီး ။ လူ ဖြစ်ဖို့ လွယ်တယ် မထင် နဲ့ ”


တကယ်တော့ ကျွန်တော့် အသက် အပိုင်းအခြား အရ ရွှေဘိုဘုန်းဝေ ဆို တဲ့ စာရေးဆရာ ရဲ့ ဘဝ နိဒါန်း သွယ်တန်း ကြည့်သောအခါ သံဝေဂ ဆောင်းပါး ဖတ်ပြီး ကောင်မလေး မေး တာ ကို ဒီလို တစ်ဆင့် ခံ ပြန် ပြောပြ နိုင် တာပေါ့ ။ ကျွန်တော် သိလွန်း တတ်လွန်း လှ လို့ တော့ မဟုတ်ပါဘူး ။


လမ်းချိုးကွေ့ တစ်ခု ရောက် တော့ ကောင်မလေး လည်း သူ့ အိမ် သူ ပြန်တော့ မယ် ။ ကျွန်တော် လည်း စာအုပ်ဆိုင် ဘက် သွားဖို့ လမ်း အခွဲ ၊ ဈေးတောင်း ခေါင်းရွက် မိန်းမကြီးတွေ တောပိုင်း ကို ပြန် ဖို့ စကားတွေ ဖောင်ဖွဲ့ လို့ လမ်းလျှောက် သွား နေ ကြလေ ရဲ့ ။ သူတို့ ကို မြင်တော့ “ ရှင်မ ရွာအပြန် ” ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာရနံ့ သင်းတဲ့ စကားပြေ တစ်ခု စမ်းသပ်ပြုစု ဖို့ စဉ်းစားရင်း လူ ဖြစ်ရတာ ဟာ ဒုလ္လဘတရား တစ်ခု ဆိုရင် စာရေးဆရာ ဖြစ်ရတာ အပို ဒုလ္လဘတစ်ခု ပါလား ဆိုတာ ခြွင်းချက် မရှိ လက်ခံ ပြီး စာအုပ်ဆိုင် ဘက် ကို ကျွန်တော် ပျော်ပျော်ကြီး ချီတက် သွားမိတယ် ။


ကောင်မလေး အမေ က စာရေးဆရာ မို့ သဘော မတူဘူး ဆိုလည်း ရှိပါစေတော့ ။ ကျွန်တော် မမှုတော့ဘူး ။ လူ ဖြစ်ရတဲ့ ဘဝ နဲ့ စာရေးဆရာ ဖြစ် ရတဲ့ ဘဝ နှစ်ခု ကြား မှာ ‘ ဟန်ချက်ညီ ယိမ်းနွဲ့ မယ်  ’ ။


ကျွန်တော့် ရဲ့ မြင်ဆရာ စာရေးဆရာကြီး ဦးသိန်းဖေမြင့် က ‘ When I become a man , I will be a novelist if I can ’ လို့ ရေးခဲ့ သလို ။


ကောင်မလေး အမေ က “ စာ ရေးတဲ့ ဆရာတောင် အိမ် မလာရအောင် ” လို့ အထပ်ထပ် အခါခါ တားမြစ်ပါစေ ။ နောင် ဘဝ မှာ လူ ဖြစ်ခွင့် ရ ရင်လည်း ကျွန်တော် ဟာ စာရေးဆရာ ပဲ ဖြစ်ချင် ပါတယ် ။


◾ကိုဆွေ 


📖 Icon မဂ္ဂဇင်း

      ဒီဇင်ဘာ ၊ ၂၀၁၀


🚩 သံကောက်ပေါက် = သော့ပေါက် ( မူရင်း အဘိဓမ္မာ စကား )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment