❝ လူမျိုးနော် ၏ “ မအိုမီ ၊ မနာမီ ၊ မသေမီ ” “ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” နှင့် လူ့သဘာဝအဖွဲ့ ❞
ဝတ္ထု တွင် လူ သည် အဓိက ကျသည် ။ လူ့ သဘော ၊ လူ့ မနော ကို လည်း တွေ့နိုင်သည် ။ စာဖတ်သူ သည် အပြင်လောက ( တကယ့် လောက ) တွင် တွေ့ရ သော လူ့ အကြောင်း ကို ဝတ္ထု ထဲ ၌ ဖတ်ရလျှင် ကျေနပ် နှစ်သက်သည် ။ တစ်ခါတစ်ရံ ကိုယ် နှင့် တူသော လူအကြောင်း ကို ဝတ္ထု ထဲ တွင် ရှာဖွေ တွေ့ရှိ တတ်သည် ။ ထိုအခါမှာ လည်း သဘောကျ နှစ်သက်ရသည် ။ ဦးကျော်မောင် ၊ ဦးမောင်မောင်ညွန့် တို့ ၏ မြန်မာဝတ္ထုတို တွင် “ ၁၉၃ဝ ပြည့်နှစ် တစ်ဝိုက် တွင် လူ ၏ သဘော ကို စစ်ကြောသော ဝတ္ထုတို များစွာ ပေါ်ထွက် လာပါသည် ။ လူ သည် လောကသား မျှ သာ ဖြစ်သည် ။ လူ တွင် ဒေါသ ၊ မာန ၊ အာဃာတ ၊ အတ္တတွေ ရှိသလို တွယ်တာတတ်ခြင်း ၊ မြတ်နိုးတတ်ခြင်း ၊ အစစ်အမှန် ကို ရှာတတ်ခြင်း ၊ လူ့ တာဝန် ကို ထမ်းဆောင်တတ်ခြင်း တို့ လည်း ရှိတတ်သည် ဟု လူ ကို လူ လို မြင်သော ဝတ္ထုတိုများ ပေါ်ထွက် လာပါသည် ” ဟု ဆိုထားပါသည် ။
ထို အချက် က ဝတ္ထု တွင် လူ့သဘာဝ အဖွဲ့ ပီပြင် လျှင် ဝတ္ထုကောင်း ဖြစ်နိုင် ကြောင်း ဖော်ပြ နေပါသည် ။ ဦးပုည ၏ ဝတ္ထုများ သည် လူ့ သဘာဝ အဖွဲ့ အားကောင်း သောကြောင့် ကျော်ကြားခြင်း ဖြစ်သည် ဟု ဖတ်ဖူးသည် ။ “ သူ့မယား ” ဝတ္ထုတို တွင် ဇော်ဂျီ ၏ လူ့သဘာဝ အဖွဲ့ စွမ်းရည် ကို တွေ့နိုင် သလို သိန်းဖေမြင့် ၏ “ ငါ့လင် နှင့် ငါ့ငွေ ” ဝတ္ထုတို မှာ လည်း လူ ကို လူတန်းစား အမြင် ဖြင့် ခွဲခြား မြင်ထားသည် ။ “ ဆရာအို ပြဿနာ ” မှာ လည်း လူ့ သဘာဝ ကို ဖော်ပြ ထားသည် ။ ထို ဝတ္ထုတိုများ သည် ၁၉၃ဝ ပြည့်နှစ် တစ်ဝိုက် က ဝတ္ထုတိုများ ဖြစ်သော် လည်း ယနေ့ အထိ စံပြု နေ ရသော ဝတ္ထုတိုများ ဖြစ်သည် ။
◾မအိုမီ ၊ မနာမီ ၊ မသေမီ နှင့် အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း
“ မအိုမီ ၊ မနာမီ ၊ မသေမီ ” ဝတ္ထုတို မှာ ၁၉၈၃ ခုနှစ် ၊ နိုဝင်ဘာလ ထုတ် ရှုမဝ မဂ္ဂဇင်း မှ ဖြစ်ပြီး “ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” မှာ ၁၉၈၄ ခုနှစ် ၊ စက်တင်ဘာလ ထုတ် ရှုမဝ မဂ္ဂဇင်း မှ ဖြစ်ပါသည် ။
“ မအိုမီ ၊ မနာမီ ၊ မသေမီ ” ဝတ္ထုတို ကို ကိုယ်တိုင် ပြောသူ မှာ မန္တလေး ဆေးတက္ကသိုလ် မှ ဆေးကျောင်းသားလေး တစ်ယောက် ဖြစ်သည် ။ အခြား ဇာတ်ဆောင် တို့ ၏ ကိုယ်နှုတ် အမူအရာ တို့ ကို အမြင် အကြား အတိုင်း ရေး ထား သည် ။ ဆေးကျောင်းသားလေး သည် ဆေးရုံ ပေါ် မှ လူနာများ ကို တွေ့ နေရ သည် ။ သမားတော် ဆရာဝန်ကြီး ကွယ်လွန်သည် ကို လည်း တွေ့ရသည် ။ ဆေး ကျောင်းသားများ ဘိုးဘွားရိပ်သာ တွင် သွားရောက် လုပ်အားပေး ရင်း လူအို တွေ ကို တွေ့ရသည် ။ ထိုသို့ တွေ့စဉ် အခိုက်အတန့် တွင် အိုနာသေဘေး ကို ထိတ်လန့် ကြောက်ရွံ့ မိသည် ။ လူ့ဘဝ တိုတိုလေး တွင် ဆင်းရဲဒုက္ခ များ လှကြောင်း တရား သံဝေဂ ရ မိသည် ။ ဤမျှနှင့် မပြီးသေးပါ ။ အဆောင် ပြန် ရောက်သော အခါ ရေးမိုးချိုး ၊ အဝတ်အစားလဲ ၊ ရေမွှေး ဆွတ်ပြီး ချစ်သူ ရှိရာ သစ္စာဆောင် သို့ ဆိုင်ကယ်လေး နှင့် မြူးမြူးကြွကြွ ထွက်လာပုံ နှင့် အဆုံးသတ်ထားသည် ။
“ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” ဝတ္ထုတို ကို ဓမ္မဓိဋ္ဌာန် ရှုထောင့် ( objective point of view ) မှ ရေး ထားသည် ။ စာရေးဆရာ က အပြင် မှ နေ၍ ဇာတ်ဆောင် တို့ ကို ကိုင်တွယ်သည် ။ အမှတ် ( ၁ ) ဘတ်စ်ကားပြာ ကို စီး ၍ ဆေးကျောင်း တက်ရန် လာသော မင်းဇော် သည် ဘူတာကြီး မှတ်တိုင် ၌ ကားရပ် ထားစဉ် အနာကြီးရောဂါ အကြောင်း စဉ်းစား လာခဲ့သည် ။ အိမ်ထောင် ပြုခါနီး သူငယ်ချင်း ကို မှ အနာကြီးရောဂါ ဖြစ်လာပုံကို တွေး ပြီး “ ရက်စက်လှချေလား ဘဝဇာတ်ဆရာ ရယ် ” ဟု ရေရွတ် မိပါသည် ။
ဇာတ်ဆောင် မင်းဇော် သည် “ ဝသုန်ဇော် ” ဟူသော ကလောင် အမည် ဖြင့် “ အနာဂတ်အတွက် မွေးဖွားကြစို့ ” ကဗျာ ရေးရာ ကဗျာဆု ရ ခဲ့သည် ။ ဆေးကျောင်း ၏ ငွေရတုသဘင် အထိမ်းအမှတ် နှစ်လည် မဂ္ဂဇင်း ထဲ တွင် လှလှပပ ဖော်ပြ ခံခဲ့ရသည် ။ မဟာကရုဏာရှင်များ ၊ အများအကျိုးအတွက် ကိုယ်ကျိုး စွန့်လွှတ်ခဲ့သော ကမ္ဘာကျော် ဆရာဝန် လေးဦး ၏ ကြည်ညို လေးစား အားကျ ဖွယ်ရာ လုပ်ဆောင်ချက်များ ကို ထုတ်ဖော် ချီးကျူးရင်း သမား တို့ လျှောက် ရမည့် လမ်းမှန် ကို ညွှန်ပြ ထားသည့် ကဗျာ ဖြစ်သည် ။ ဤကဲ့သို့ သော ဇာတ်ဆောင် မင်းဇော် သည် အနာကြီးရောဂါကု ဆေးရုံ ထဲ သို့ လေ့လာရန် သွားသော အခါ လိုက်လံ ရှင်းပြသော ဆရာဝန် ကို သတိထား မိသည် ။ ထို ဆရာဝန် က ဤ ဆေးရုံ အတွက် အခြေအနေ ပေးပြီး ဝါသနာ ပါ လျှင် အမှုထမ်း လုပ်ရန် ဖိတ်ခေါ်သည် ။ မွန်မြတ် သော်လည်း တကယ့် လက်တွေ့ ဝင် လုပ်ဖို့ စိတ် ပါသူ မရှိ သလောက် ရှားကြောင်း ပြောသည် ။ ထို ဆရာဝန် သည် ထို ဆေးရုံ မှာ အနှစ် နှစ်ဆယ် လောက် အမှုထမ်းသက် ရှိပြီး ဖြစ်ကြောင်း ၊ ဆရာဝန် ၏ လက်ကလေးများ တိုဝင် နေ သည် ကို မင်းဇော် မြင် ရကြောင်း ၊ ဇာတ်ဆောင် မင်းဇော် ၏ အမြင်အတွေး ဖြင့် ပြသည် ။ မင်းဇော် အနေ နှင့် ပရဟိတ စိတ်ဓာတ် တော်တော်တန်တန် ရှိသော် ငြားလည်း ထို ဆရာဝန် လို လူမသိ သူမသိ ကိုယ်ကျိုး စွန့် အနစ်နာ ခံဖို့ မဖြစ်နိုင် သေးကြောင်း တွေးမိပုံ နှင့် ဝတ္ထုတို ကို အဆုံးသတ် ထားသည် ။
◾မအိုမီ ၊ မနာမီ ၊ မသေမီ မှ ဇာတ်ဆော င်၏ အတွေ့ အမြင် နှင့် စိတ် အမူအရာ
“ တစ်ခန်းလုံး တွင် ရှိသူ လူနာများ ကို မြင်တွေ့ နေရသည် မှာ နည်းနည်းမျှ စိတ်ချမ်းသာစရာ မကောင်း ၊ ဒီ အခန်းက ကင်ဆာရောဂါသည်များ ချည်း သတ်သတ် ထားသော အခန်း ဖြစ်သည် ။ ခွဲစိတ်ကုသသောနည်း ၊ ဆေးဝါးဖြင့် ကုသသောနည်း စသည် တို့ ဖြင့် ကုသ ၍ သက်သာမှု ၊ ပျောက်ကင်းမှု လုံးလုံး လျားလျား မရရှိသေးသော လူနာများ ကို နောက်ဆုံး မျှော်လင့်ချက် အနေ ဖြင့် ဓာတ်ရောင်ခြည် ပေး၍ ကုသသည် မဟုတ်လား ။ သားအိမ်ကင်ဆာ ၊ သိုင်းရွိုက် ကင်ဆာ ။ အို .. များ မှ များ လှတဲ့ ကင်ဆာတွေ လေ ။ စိတ်ပျက်စရာ ကောင်း လိုက်တာ ”
နာခြင်း ကို ကင်ဆာလူနာများ ဖြင့် ဖော်ပြပြီး ဇာတ်ဆောင် ၏ စိတ် အခြေ အနေ ကို တစ်ဆက် တည်း ဖော်ပြ လိုက်သည် ။
ထို့နောက် ဇာတ်ဆောင် သည် သူငယ်ချင်းမ တစ်ဦး ၏ ဦးလေး ဖြစ်သူ အဆုတ်ကင်ဆာရောဂါသည် ထံ သတင်းမေး ရောက်ခဲ့ရာ အိပ်ရာ ထက် တွင် မျှော်လင့်ချက် မဲ့စွာ ဖြင့် လဲလျောင်း နေသော လူနာ ၏ မျက်တွင်းဟောက်ပက် ၊ အရိုးငေါငေါ နှင့် မာတောင့်တောင့် သွေးပြန်ကြောများ ကို အတိုင်းသား မြင်နေရ ကြောင်း ဖော်ပြပြီး -
“ ဦးလေး သက်သာတယ်နော် ” ဟု မျက်မြင် အခြေအနေ ကို မသိကျိုးကျွန် ပြုကာ ပဋိသန္ဓာရ စကား ကို ခြောက်သွေ့လေးလံစွာ ဆိုလိုက်သောအခါ -
“ အေး ... မဆိုးပါဘူး အရင်က ထက် တော်တော်လေး သက်သာ လာတယ်ကွ ” ဟု ပြန် ဖြေသည် ။
“ ကျွန်တော်တို့ ကတော့ အသည်းနှလုံး ရှိသော လူသား တစ်ဦး အနေ အထား ၌ ရောဂါသည် ကို ခင်ဗျား အဆုတ်ကင်ဆာ ဖြစ်နေတယ် ။ အလွန်ဆုံး နေရလှ ခြောက်လ ပဲ ဟု ဘယ်မှာ အမှန်အတိုင်း ပြောရက်ပါ မည်နည်း ။ လူ ဆိုသည်မှာ မျှော်လင့်ချက် ဖြင့် အသက်ရှင် နေရသော သတ္တဝါ တစ်ခု မဟုတ်ပါ လား ။ တွေးရင်း တွေးရင်း နာခြင်းတရား ကို စိတ် နှလုံး ဝယ် စက်ဆုပ် လာပါ သည် ” ဟူသော ဇာတ်ဆော င်၏ အတွေး မှ ခံစားမှု ဆီ ရုတ်ခြည်း ကူးပြောင်း သွားပုံ မှာ “ အကယ်၍ နောင် တစ်ချိန် ၌ သည်လို အနေအထားမျိုး မှာ များ ကျွန်တော် ရောက်ရှိ နေခဲ့လျှင် ခံစားရသော ဝေဒနာ က လည်း မသေရုံ တစ်မည် လေး တိုး၍ တိုး၍ ဆိုးရွား လာမည် ။ အသက်ကလေး လည်း ခန္ဓာကိုယ် မှ မထွက်ခွာသည် ဆိုရုံလေး ၊ ယဲ့ယဲ့မျှင်မျှင်လေး ဖုတ်လှိုက်ဖုတ်လှိုက် ရှိနေမည် ။ ကဲ ... ဘယ်လောက်များ ဆိုးဝါး စိတ်ကုန်စရာ ကောင်းလိုက်ပါသလဲ ” ဟူ၍ ဖြစ်သည် ။ ဇာတ်ဆောင် ၏ စိတ် အမူအရာ သည် စာဖတ်သူ ထံ ကူးစက် သွား စေသည် ။
ဇာတ်ဆောင် ၏ ကျောင်းနေဖက် သူငယ်ချင်း တစ်ဦး မတော်တဆ ကားတိုက်မှု ဖြစ်ပြီး ခါး ရှိ ကျောရိုးနာ့ဗ်ပိုင်းကြီး တုံးတိ ပြတ် သွားခဲ့သည့် အကြောင်း ကို -
“ အတွေ့အထိ ကို မသိရှိ တော့ ၊ ဆီး အလိုအလျောက် သွား၍ မရတော့ ၊ ဝမ်း အလိုအလျောက် သူ့ ဘာသာ သူ သွား၍ မရတော့ ၊ ရှင်လျက် နှင့် သေနေ ရသော ဘဝ လေ ၊ ရင်ထဲဝယ် အာမခံချက် မရှိသော လူ့ ဘဝ ကို တွေး မိကာ အားငယ်မိ သလိုလို ဖြစ်လာသည် ။ “ စိတ်ပျက်စရာ ကောင်း လိုက်တာ ” ဟူသော စကားပြော ပုံစံ အရေးအသားများ ညှပ် ပြသည် ။ စိတ်တွင်း ပြော စကားများ ဖြစ်သည် ။ ထို့နောက် ဦးနှောက်သွေးကြော ပိတ်၍ သေဆုံး သွားရသော မျက်စိ အထူးကု ဆရာဝန်ကြီး ၏ ရုပ်ကလာပ် ကို ကြည့်ကာ ဇာတ်ဆောင် သည် လူသား တို့ အကြောင်း ကို တွေးတော ဆင်ခြင်သည် ။
“ သည်လိုနှင့် တစ်ဦး ပြီး တစ်ဦး ၊ တစ်ယောက် ပြီး တစ်ယောက် လူ့ လောကကြီး ကို နှုတ်ဆက် ထွက်ခွာသွားရမည် မဟုတ်ပါလား ၊ ကျွန်တော်တို့ လူသားတိုင်း လိုလိုသည် မိမိ ကိုယ် မိမိ လက်ရှိ အနေအထား ထက် ပိုပိုမိုမို ထင်ထား ၊ တွက်ထား တတ်ကြသည် မဟုတ်ပါလား ။ သူ့ အတ္တ နှင့် ငါ့ အတ္တ တို့ အားပြိုင် ရင်ဆိုင်မိ ရာမှ ပဋိပက္ခ အရွယ်အစား မျိုးစုံ တို့သည် မလိုလားအပ်စွာ ရှင်သန် ပေါက်ဖွားလာရခြင်း ဖြစ်ပေသည် ” ဟူသော မနောကံ အတွေး က စာဖတ်သူ ကို လိုက်လံ တွေးတောမိ စေသည် ။ နာခြင်း နှင့် သေခြင်း ကို ဆေးရုံ ရောက်သွားသခိုက် တွဲ ပြပြီး အိုခြင်း ၏ သဘော ကို ဘိုးဘွားရိပ်သာ ရောက်သွား သော အခါ အဘိုး ၊ အဘွားများ ၏ ပုံသဏ္ဌာန် ဖြင့် ဖော်ပြသည် ။
“ တွန့်လိမ် နေသော ပါးရေ ၊ မှုန်ရီဝေသီ နေသော မျက်လုံး ၊ တုန်ယင် နှေးကွေး နေသော လှုပ်ရှားမှု ၊ အရေပြား ပေါ် မှ မှဲ့ နှင့် အစက်အပြောက်များ အစရှိသည် တို့ ကို ကိုယ်စီ ကိုယ်င ပိုင်ဆိုင် ထား ကြသော အဘိုး ၊ အဘွား တို့ သည် လေးနက် တည်ကြည်သော အသံ တို့ ဖြင့် တညီတညွတ်တည်း ဝတ်ပြု နေကြ သည် ” ဟူ၍ ဖြစ်သည် ။ ထို့နောက် ဇာတ်ဆောင် ၏ အတွေး ကို ဆက်လက် ဖော်ပြသည် ။
“ နောင် အနှစ်လေးဆယ် လောက် တွင် ဒီလို နေရာမျိုးသို့ ကျွန်တော် မရောက်နိုင် ဟု မပြောနိုင်ပါ ။ တွေးရင်း တွေးရင်း မှ အိုခြင်းတရား ကို ထိတ်လန့် ကြောက်ရွံ့လာမိ၏ ” ဟူသော ဇာတ်ဆောင် ၏ အတွေး နှင့် အကြောက်တရား သည် စာဖတ်သူ ထံ သို့ တိုက်ရိုက် ကူးစက် သွားစေသည် ။ ဒုက္ခ ကို တွေ့တုန်း တွေ့ခိုက် တရားသံဝေဂ ရပြီး မျက်ကွယ် သွားသည် နှင့် မေ့မေ့ပျောက်ပျောက် ရှိသွား တတ်သော လူ့ သဘော ကို အဆောင် ရောက်သော အခါ ရေမိုးချိုး ၊ အဝတ်အစား လဲ ၊ အသားနားဆုံး ပြင်ဆင်ပြီး ချစ်သူ ရှိရာ သစ္စာဆောင် ဆီ ထွက်လာပုံ နှင့် ပြသည် ။
လူ့ သဘာဝ ကို “ မအိုမီ ၊ မနာမီ ၊ မသေမီ တွင် တော့ တော်စတွိုင်း ၏ ပျားရည်စက်များ ကို တရှိုက်မက်မက် လျှာ ဖြင့် လျက်နေရဦးမည် မဟုတ်ပါလား ” ဟု “ အပြော ” ဖြင့် ဖော်ပြသည် ။ ဤ ဝတ္ထု သည် စာရေးဆရာ အောင်သင်း ၏ အကြိုက်ဆုံး ဝတ္ထုတို များ တွင် ပါဝင်သည် ။ ဇာတ်ဆောင် ၏ အတွေ့ ကို စာဖတ်သူ မြင်အောင် သရုပ် ဖော်သည် ။ ထို့နောက် ဇာတ်ဆောင် ၏ ခံစားချက် ကို စိတ်တွင်း အပြော ( interior monologue ) ဖြင့် ဖော်ပြသည် ။ လူ့ သဘာဝ သရုပ် ကို ဖော်ပြသော ဝတ္ထုတို ဖြစ်သည် ။ သာမန် လူအများစု ၏ သဘာဝ ကို ပေါ်လွင်သည် ။
ဖြစ်ရပ်တွေ ကို တစ်ခုစီ ချိတ်ဆက် တင်ပြပြီး ပေးချင်သော ဝေဒနာ ရောက် အောင် ပို့ဆောင် သွားသည် ။ ဇာတ်ဆောင် မင်းဇော် သည် ကျောင်း သွားရင်း ဘတ်စ်ကား ပေါ် မှနေ၍ သူတောင်းစားလေး နှစ်ယောက် ကို တွေ့သည် ။ ပိုက်ဆံ ပေး လိုက်ပြီး မှ သူတို့ မိခင် မှာ အနာကြီးရောဂါသည် ဖြစ် နေသည် ကို တွေ့ရ၍ ထို ရောဂါ နှင့် ဝေဒနာရှင်တို့ အကြောင်း ကို စဉ်းစားရင်း ကျောင်း ရောက် လာ သည် ။ အနာကြီးရောဂါသည် မိခင် ၏ သရုပ် ကို -
“ တိမ်စွဲနေဟန် တူသော မျက်စိ နှစ်လုံး ကြောင့် တောင်ဝှေး ကို အားပြုရင်း စမ်းတဝါးဝါး ဖြင့် ကလေးငယ် နှစ်ဦး နောက်မှ တကောက်ကောက် လိုက် နေရ ရှာသည် ။ မြင်းကုန်းနှီး လို ပုံပျက်ပန်းပျက် ဖြစ် နေသော နှာခေါင်း ၊ ငုံးစိစိ ငုတ်တိုတို ဖြစ်ကာ မလှမပ မညီမညာ ဖြစ်နေသော ခြေချောင်း လက်ချောင်း များ အစရှိသည် တို့ ကို ကြည့်ပြီး နှစ်ရှည်လများ ရောဂါ ထင်ထင်ရှားရှား ဖြစ်နေလျက် က ဆေးဝါး ကုသမှု ပြတ်တောင်း ပြတ်တောင်း ခံယူသူ တစ်ဦး ဖြစ်ပေလိမ့်မည် ”
ဟု ဇာတ်ဆောင် ၏ အမြင် နှင့် အတွေး ကို ပေါင်းစပ်ကာ ဖော်ပြသည် ။ ထို့နောက် သူ့ သူငယ်ချင်း တွင် ထို ရောဂါ စွဲကပ်စ ပြု နေကြောင်း ကို သိ သော်လည်း မပြောရက် ၍ မြွေမသေ တုတ် မကျိုး ဆုတ်သာ တက်သာ ဖြစ် အောင် ပြော သည် ။ ဘယ်လို ဒုက္ခ ၊ ဘယ်လို ရောဂါမျိုးပဲ ဖြစ်ဖြစ် ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ မကြုံသေး သရွေ့တော့ ဘေးနား က နေ အားပေး ရသည် မှာ ဘာမှ မပင်ပန်း ကြောင်း ဖော်ပြ ရာ ရောက်သည် ။
နောက် တစ်ပိုင်း တွင် မင်းဇော် ကဗျာဆု ယူပုံ နှင့်တကွ မင်းဇော် ၏ ဆန္ဒ ၊ မင်းဇော် ၏ ဆုံးဖြတ်ချက် တို့ ကို ဖော်ပြသည် ။ ပထမဆု ရသော မင်းဇော် ၏ ကဗျာ မှာ လူသားများ အတွက် မိမိ ဘဝ ကို မြှုပ်နှံ ခဲ့ကြသော ဆရာဝန်များ ဖြစ်ကြသည့် အဲလ်ဘတ်ရိုက်ဇာ ၊ ချေဂွေဗားရား ၊ ဂျိုဆေးရီဇော် ၊ နော်မန်ဗက်သွန်း တို့ကို ကိုယ်တိုင် လည်း ဦးညွှတ်၍ အများ ကို လည်း ဦးညွှတ် အားကျ စေလိုခြင်း ဖြစ်သည် ။
“ သူ့ ဘဝ တစ်ခုလုံးကို ပြည်သူ့ အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တွင် မြှုပ်နှံပြီး ဦးဆွေးဆံမြည့် လုပ်ကိုင် သွားဖို့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်သည် ။ အထူးသဖြင့် တော်ရုံတန်ရုံ ဆရာဝန် တစ်ယောက် မလုပ်နိုင်သော အလုပ်မျိုး ၊ မကျင့်ကြံနိုင်သော စိတ်ထား မြင့်မြတ်မှုမျိုး တို့ ဖြင့် ထူးထူးခြားခြား တီထွင် လုပ်ဆောင်သွားမည် ဖြစ်၏ ” ဟူ၍ မင်းဇော် ၏ ဘဝ ရည်မှန်းချက် နှင့် ဆန္ဒ ကို အကျယ် ဖော်ပြသည် ။
နောက်ဆုံး ဖော်ပြသည့် အပိုင်း သည် ဝတ္ထုတို ၏ အသက် ဖြစ်သည် ။ ရသမျိုးစုံ ခံစားရသော အခန်း လည်း ဖြစ်ကြောင်း ဆရာအောင်သင်း က သုံးသပ် ထားပါသည် ။ စာရေးသူ သည် တစ်ခါတစ်ရံ မင်းဇော် နေရာ မှ ဝင်၍ သူ ပြောချင်သည့် အရာ ကို ပြော သွားသည် ။
“ ဆရာဝန် က လူနာ ကို ကြည့်ဖို့ ပြနေ သော်လည်း သူတို့ တစ်တွေ က မူ လူနာ ထက် ဆရာဝန် ကို ပို၍ စိတ်ဝင်စားစွာ ကြည့်နေ မိတော့သည် ။ လူနာ ၏ ပခုံး ကို ကြင်နာစွာ ကိုင်တွယ်၍ ဖက်လှဲတကင်း ရင်းနှီး ချစ်ကြည်သော အပြုအမူ ၊ အပြောအဆိုများ ကို ထမင်းစား ရေသောက် သလို လုပ်ပြ ၊ ကိုင်ပြ နေသည် ။
လူနာ က တစ်ယောက် လည်း မဟုတ် ၊ နှစ်ယောက် လည်း မဟုတ် ၊ တစ်ယောက် ပြီး တစ်ယောက် အယောက် များစွာ မဟုတ်လား ။ ပြီးတော့ ဆေးရုံ တက်ပြီး ကုသမှု ခံယူ နေသူများမို့ ရောဂါ ရင့်နေသူများ ချည်း သာ ဖြစ်သည် ။ ပုံပျက် ပန်းပျက် နှာခေါင်း ၊ နီရဲထွတ်ပွ နေသော မျက်နှာ ၊ ကြမ်းတမ်း ခြောက် သယောင်းသော အသားအရေ ၊ အတိုအရှည် မညီညာသော ခြေချောင်း လက် ချောင်းများ ၊ မရေတွက် နိုင် လောက်သည့် အဖြူကွက် ပုစုခရုများ ၊ နှာခေါင်းသံ ပါသည့် စကား ပြောသံ ၊ ပျက် နေသည့် မျက်စိများ ၊ ရွဲ့စောင်း နေသည့် မျက်နှာ ခင်း ” ဟူ၍ ဇာတ်ဆောင် ၏ အမြင် မှ တစ်ဆင့် အနာကြီး ရောဂါသည် တို့ ၏ သရုပ် ကို ပုံဖော်ပြသည် ။
ထို့နောက် ပရဟိတ လုပ်ချင်စိတ် ရှိ သော်လည်း သည်လို နေရာမျိုး တွင် ကိုယ်ကျိုး စွန့်ရန် မဝံ့ရဲကြသည့် လူသားတို့ ၏ သဘာဝ ကို -
“ ဆေးကျောင်းသား တစ်ယောက် ဖြစ် သော်လည်း ခုလိုမျိုး သက်ရှိ အနိဋ္ဌာရုံတွေ ကို တစ်ပြုံတစ်ခေါင်းကြီး ခပ်ကြာကြာ စုဝေး တွေ့မြင်ရသည် နှင့် အမျှ မင်းဇော် တစ်ယောက် ပင် ပျို့အန်ချင် သလို ၊ အဖျား တက်ချင် သလို ဖြစ်လာ ရ တော့၏ ။ ရှေ့ နား က ကျောင်းသူမလေး တချို့ လည်း လက်ကိုင်ပဝါ ကို မသိ မသာ ထုတ် ကာ နှပ်ညှစ် သလိုလို ဘာလိုလို လုပ်နေပါလား ” ဟူ၍ ဖော်ပြ သည် ။
ထို သာမန် လူတို့ ၏ သဘာဝ ကို ပြပြီး အဆင့်မြင့် လူ ၏ သဘာဝ ကို ဖော်ပြသည် ။ တာဝန်ခံ ဆရာဝန် က သူ့ လူနာများ ကို အခန်း ထဲ မှ ခေါ်ထုတ် သွားပြီး တစ်ခဏ အတွင်း မှာ ပင် ပြန်လည် ရောက်ရှိ လာကာ ဆေးကျောင်းသားတွေ ကို စကား ပြောသည် ။
“ မပြန်ခင် မင်း တို့ စိတ် ထဲ မရှင်းတာ ၊ သိချင်တာတွေ ရှိရင် မေးနိုင်ပါ တယ် ။ ဘယ်သူ မေးချင်သေးလဲ ”
မင်းဇော် သည် ထိုင်ခုံ မှ အလိုလို ထ ရပ် လိုက်မိသည် ။
“ ဆရာ ကျွန်တော် တစ်ခု မေးပါရစေ ၊ စပ်စုရာများ ကျနေမလား မသိဘူး ၊ ဆရာ ရဲ့ ကိုယ်ရေးကိုယ်တာ နဲ့ ပတ်သက်လို့ လုပ်ငန်းပိုင်း ကိစ္စလေး တစ်ခု သိချင်လို့ပါ ”
“ မေးပါ တပည့်ရယ် ၊ ဆရာ မကွယ်မဝှက် ဖြေပါ့မယ် ”
“ ဟို ... ဟို ဒီလိုပါ ဆရာ ၊ စိတ် မရှိနဲ့နော် ဆရာ ၊ ဆရာ့ ရဲ့လက်ချောင်း ကလေးတွေ တချို့တလေ တို နေတာ ကျွန်တော် သတိထား ... ”
“ ဪ ... ဒါလား အေးလေကွာ ၊ ဆရာ က လည်း အနှစ် နှစ်ဆယ် လောက် ဒီလို လူတွေ နဲ့ လက်ပွန်းတတီး နေလာခဲ့တော့ ဒီ ရောဂါ ကူးတော့တာ ပေါ့ ။ အစတုန်း က တော့ ဆေးတွေ ဘာတွေ သောက် သေးတာပေါ့ ကွာ ။ နောက် တော့ လည်း သောက်တဲ့ ဆေးပမာဏ ထက် ထိတွေ့ ကိုင်တွယ် နေရတဲ့ လူနာ အရေအတွက် နဲ့ ရောဂါပိုး ပမာဏ သိပ် မမျှမတ ဖြစ်သွားတော့ ဒီလို ဖြစ်လာ တော့တာပေါ့ ။ ကိုယ် ဝါသနာ ပါတဲ့ အလုပ် တစ်ခု ကို လုပ် မှ တော့ နစ်နာ ဆုံးရှုံးမှု ဆိုတာ အထိုက်အလျောက် တော့ ရှိကောင်း ရှိနိုင်တာပေါ့ကွာ ။ အများအကျိုး အတွက် အသက်အသွေးတွေ ကို တောင် အမှတ် မထားဘဲ စွန့်လွှတ်ခဲ့ကြတဲ့ သူတွေ နဲ့ နှိုင်းစာ လိုက်ရင် ဆရာ့ စွန့်လွှတ်မှု ဟာ အသေးအဖွဲ ပါ တပည့် ရယ် ”
မင်းဇော် သည် သူ့ ကိုယ် သူ အရုပ်ကြိုးပြတ် လဲကျ မသွားရလေအောင် အတော်ကြီး ကြိုးစား၍ ထိန်းသိမ်း လိုက်ရသည် ။
ထိုနေရာ တွင် “ သူ ” ဟူသော တတိယ နာမ်စား ကြောင့် စာရေးသူ နှင့် ဇာတ်ဆောင် ပူးတုံခွာတုံ ဖြစ်နေသည့် သဘော ကို တွေ့ရသည် ။ တာဝန်ခံ ဆရာဝန် ၏ ပြောစကားများ နှင့် လုပ်ရပ်သည် အလွန် လိုက်ဖက် ဆီလျော်သော ဖန်တီးမှု ဖြစ်သည် ။ စာဖတ်သူ ကို ရသ ခံစားမှု ပေးစွမ်း နိုင်သော စကားများ လည်း ဖြစ်သည် ။
ဆရာအောင်သင်း က -
“ လူမျိုးနော် ၏ ဝတ္ထု ဆင်ပုံ ၊ စကား ဖွဲ့စည်းပုံ မှာ ကဗျာငွေ့ သန်း သော် လည်း သူ သည် ဘဝ သရုပ်မှန် ဝတ္ထုဆရာ စစ်စစ် ဖြစ်ချေသည် ။ သူ ၏ ဝတ္ထုသည် လူငယ် တို့ ၏ ကျော်ကြား လိုသော သဘာဝ ကို လည်း ဖော်ပြသည် ။ လူ့ လောက ကို အကြွင်းမဲ့ ချစ် တတ်သော သူတို့ ၏ မြင့်မြတ်မှု ကို လည်း ဖော်ပြသည် ။ တိတ်တိတ်ပုန်း သူရဲကောင်းများ ကို လည်း ဖော်ပြသည် ။ ပြည်တွင်း က သူရဲကောင်း ဆရာဝန်များ ကို လည်း အသိအမှတ် ပြုကြပါဦး ” ဟု သတိပေး ရာ ရောက်သည် ။
အားလုံးကို ခြုံလိုက် လျှင် လူ့ အကြောင်းနှင့် လူ့ ထက် အဆင့်မြင့်သော အဆင့်မြင့် လူတို့အကြောင်း ဖြစ်သည် ။ ဝတ္ထု နှစ်ပုဒ်လုံး တွင် ဇာတ်ဆောင် သည် တစ်ချိန် ချိန် တွင် ဆရာဝန် ဖြစ် လာမည့် ဆေးကျောင်းသားများ ဖြစ်သည် ။ ၄င်းတို့ သည် သာမန် ဆေးကျောင်းသား ထက် အမြင်အကြား အပေါ် ဆင်ခြင် နိုင်စွမ်း ရှိသော သူများ ဖြစ်ကြောင်း ဖော်ပြရာ ရောက်သည် ။
သို့သော် အသိအမြင် နှင့် ဆန္ဒ ၊ ခံယူချက် တို့ နောက် လိုက်ပါ မလာသည့် သဘော ကို ညွှန်ပြ နေသည် ။ လူ ထက် မြင့်သော လူ တို့သ ည် စကြဝဠာကြီး ထဲ တွင် လက်ချိုး ရေတွက်၍ ရအောင် နည်းပါးလှကြောင်း ၊ တော်ရုံတန်ရုံ ပရဟိတစိတ် နှင့် လူ ထက် အဆင့်မြင့် သော အဆင့်မြင့် လူ မဖြစ်နိုင်ကြောင်း ထောက်ပြရာ လည်း ရောက်သည် ။
၁၉၈၃ - ၈၄ ခုနှစ်က ရေးသား ခဲ့သော ဝတ္ထုတို ဖြစ် သော်လည်း ဟောင်းနွမ်း မသွားဘဲ ( ခေတ် ကို ကျော်ဖြတ်နိုင်သော ) ဝတ္ထုတို ဖြစ်သည် ။ လူ့ သဘာဝအဖွဲ့ အားကောင်းသော ဝတ္ထုတို များ ဖြစ်သည် ။ သာမန်လူ နှင့် အဆင့်မြင့်လူ တို့ ၏ သဘော သဘာဝ ကို ပေါ်လွင်အောင် ရေးဖွဲ့ နိုင်လျှင် ဝတ္ထုကောင်း ဖြစ်နိုင်သည် ။ ထို့ကြောင့် ဝတ္ထု တွင် လူ့ သဘာဝ အဖွဲ့ သည် ခေတ်မီ နေဆဲ အတတ်ပညာ သဘော ကို လှစ်ပြ နေသည် ။
◾ရာသက်ပန် ( တောင်ငူဆောင် )
📖 မြန်မာသစ် ရသစုံ မဂ္ဂဇင်း
အမှတ် ၂၄
ဇူလိုင်လ ၊ ၂၀၁၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment