❝ အမေ ၏ အစ်ကို ❞
( ၁ )
လူ အတော် များများ သိပြီးကြပြီ ဖြစ်သော ပုံပြင် တစ်ခု ရှိလေသည် ။
“ မိန်းမရေ ငါ နောက်ဖေး ခြံထဲ ငရုတ်သီး ခူးဖို့ သွား လိုက်ဦးမယ် ”
အကြင် ယောက်ျား သည် အကြင် မိန်းမ အား အထက်ပါ အတိုင်း ပြောဆိုပြီး အိမ် နောက်ဖေး သို့ ဆင်းသွား လေသည် ။ ထိုအချိန် မှ စ၍ အကြင် ယောက်ျား သည် သုံးနှစ် တိတိ ကြာသော အခါမှ ပြန် ရောက်လာသည် ။ ထိုအခါ မယား ဖြစ်သူ က အိမ်ဝ မှ ဆီး၍ စိတ်ဆိုး မာန်ဆိုး ကြိမ်းမောင်း လေသည် ။
“ ဟင် .. ခြံ ထဲ ငရုတ်သီး သွားခူးတာ သုံးနှစ်တောင် ကြာသလား ”
ယောက်ျား ဖြစ်သူ က ပြုံးလျက် ဤသို့ ပြန် ဖြေ လေသည် ။
“ မဟုတ်ပါဘူးကွယ် ၊ ငါ ငရုတ်သီး ခူးနေတုန်း နောက်ဖေး ခြံပေါက်ဝ က နေ ငါ့ မိတ်ဆွေ တစ်ယောက် ရောက် လာပြီး ဟေ့ ... ကိုရင်ဝဏ္ဏ တို့ အညာဘက် ကို ခရီး ထွက်စရာ ရှိလို့ ၊ အဲဒါ ကိုရင် အပျင်းပြေ လိုက်ခဲ့ပါလား ဆိုတာနဲ့ ငါ လည်း လိုက်သွား မိတယ်ကွယ် ” ဟူသတတ် ။
( ၂ )
ကျွန်တော့် အမေ ၏ အစ်ကိုကြီး သည် ဒေါက်တာဦးမြင့် ဖြစ် ပါသည် ။
ဘဘ သည် ပုဇွန်တောင် အိုးဖိုရပ် တွင် ဒေါ်မမကြီး ( ကျွန်တော် ၏ ကြီးတော် ) နှင့် အိမ်ထောင် ကျပြီး မောင်သိန်းတိုး ဆိုသော ကလေး တစ်ယောက် ရရှိ ခဲ့ပါသည် ။
ထိုစဉ်က သူ့ အသက် ( ၂၀ ) မျှ လောက်သာ ရှိပါလိမ့် ဦးမည် ။
တစ်နေ့သ၌ ဘဘ သည် အပေါင်းအသင်းများ နှင့် အတူ မော်လမြိုင်bသို့ အလည် သွားဦးမည် ဆိုပြီး အိမ် မှ ထွက်သွား လေရာ အနှစ် ( ၂၀ ) ကျော် မျှ ကြာ မှ ရန်ကုန် သို့ တစ်ခေါက် ပြန်ရောက် လာပါလေတော့ သတည်း ။
ဘဘ သည် မျက်နှာ မပြရဲ၍ လား မသိ ။ ပုဇွန်တောင် အိုးဖို မှ မူလ ဒေါ်မမကြီး အိမ် သို့ လုံးဝ မသွားတော့ဘဲ ကျွန်တော် တို့ အိမ် ( ကျွန်တော့် အမေအိမ် ) သို့ ရောက်ရှိ လာလေသည် ။
သူ သည် မော်လမြိုင်မြို့ တွင် ဒေါ်သန်းတင် ( အမေသန်း ) နှင့် အိမ်ထောင် ကျ ပြန်ပါသည် တဲ့ ။
အမေသန်း နှင့် လည်းကောင်း ၊ အမေနှင်း နှင့် လည်းကောင်း ထပ်မံ၍ အိမ်ထောင် ကျပြန် ပါသည် တဲ့ ။
အမေသန်း နှင့် လည်းကောင်း ၊ အမေနှင်း နှင့် လည်းကောင်း သားသမီးများ ထွန်းကားပါသည် တဲ့ ။
ယင်းကိစ္စ နှင့် ပတ်သက်၍ အမေ့ မမကြီး ၊ အမေသန်း နှင့် အမေနှင်း တို့ သည် ဆက်ဆံရေး အခြေအနေများ တင်းမာ ကုန်ကြတော့သည် ။ ထို့အတူ သူတို့နှင့် ဆက်နွှယ် နေကြသည့် သားသမီးများ သည် လည်း လမ်းတွေ့ ပါးရိုက် ၊ နားရိုက် မရှိရုံ တမည် ရှိတော့သည် ။ ကျွန်တော်တို့ မြန်မာ လို ဆိုလျှင် “ ကျောင်းတော် က ရန်စ ” အင်္ဂလိပ် လို ဆိုလျှင် ( Ancient Grudge ) သို့မဟုတ် ( Family ) ဟု ခေါ် လေသည် ။
ဤသို့အားဖြင့် အစဉ်အဆက် ဖြစ်ခဲ့သော ပြဿနာ မှ စ၍ ဤကဲ့သို့ တငွေ့ငွေ့ လောင်နေသည် ။
သို့ရာတွင် ဖွဲမီး သည် ပို၍ ကြာရှည်ခံမည့် အလျောက် ထမင်းဟင်း ချက်သည် မှ အစ ပေါက်စီ ပေါင်းသည် အထိ လူသုံးများသော ၊ ကျော်ကြားသော စူပါစတား စွမ်းအင် ကို ဖြစ်စေခဲ့ လေသည် ။
ထိုနည်းတူ ထို ဖွဲမီး ဖြင့် ကြော်လှော်ချက်ပြုတ် ဖုတ်ကင် ရသော စားသောက်ဖွယ်ရာ တို့သည်လည်း တငွေ့ငွေ့ လောင်ကျွမ်း နေသော ဖွဲမီးနှင့် အတူ တပူပူ တစာစာ ဖြစ်ရသည် မှာ ဓမ္မတာ ဖြစ်လေသည် ။
ထို စားသောက်ဖွယ်ရာ တို့တွင် ပေါက်စီ သော် လည်းကောင်း ၊ အာပြဲခြောက် သော် လည်းကောင်း ၊ ချဉ်ရေဟင်း သော် လည်းကောင်း ဘာပဲ ဖြစ်ဖြစ် လက်ညှိုး ထိုး ပြပါ ဟု ဆိုလျှင် ကျွန်တော့် မိသားစု ကို သာ လက်ညှိုး ထိုး ပြရမည် ဖြစ်လေသည် ။
အဘယ့်ကြောင့် ဆိုသော် မြန်မာစကား ၌ စကား ရှိသည် ။ “ အဖျားခတ် ခံရခြင်း ” ဆိုသော သဘော အတိုင်း ဖြစ်သောကြောင့် ဖြစ်၏ ။
ဤမျှလောက် ပြော ပြလျှင် လူကြီးမင်း တို့ သဘော ပေါက်လာပြီ ထင် ပါသည် ။ ဆက်လက်၍ လိုအပ်သည်များ ကို တင်ပြ ပါမည် ခင်ဗျား ။
( ၃ )
စကား ကြုံတုန်း ပြောရ ဦးမည် ။ ဘဘ သည် ရန်ကုန် ရောက် လျှင် ကျွန်တော့် အဖေ ထံ ခဏ ဖြစ်ဖြစ် ဝင် တတ်သည် ။
ပြီးတော့ ကျွန်တော့် အား မြို့ ထဲ သို့ ကား ဖြင့် လိုက်လံ မောင်း ပို့ရန် အကူအညီ တောင်း တတ်သည် ။
“ ဟေ့ .. ဗလကြီး မင်း မှာ ပိုက်ဆံ ပါလားကွ ” ဟု လမ်းလယ်ကောင် ရောက် မှ ပြော တတ်သည် ။ ကျွန်တော် ၏ အိတ် ထဲ တွင် လည်း အများဆုံး ပါမှ အစိတ်သုံးဆယ် ဖြစ်လေရာ ငါ့ အဘ တော့ ငါ့ ကို နှိပ်စက်ပြီ ဟူသော စိတ်ဖြင့် စိုးရိမ် ပူပန်မိသည် ။ သူ လိုချင်သော ငွေကြေး မှာ ရာဂဏန်း ဖြစ် နေလျှင် ကျွန်တော် ဘယ့်နှယ် လုပ်ရပါမည်နည်း ။
သို့ရာတွင် အဘ သည် အလွန်တရာ မှ သဘော ကောင်းသော ဆရာဝန် တစ်ယောက် ဖြစ်ပါသည် ။ ကိုယ့်တူ ၊ ကိုယ့်သား ရယ်လို့ အတင်စီး မခံတတ်ပေ ။ ငါ က သာ ပေးမည် ။ ငါ က သာ ကျွေးမည် ဟု စိတ်ကူး ရှိပုံ ရသည် ။
သို့ရာတွင် တစ်ခါတစ်ရံ ၌ မူ လူကြီး မိဘ တို့ ၏ သဘာဝ အတိုင်း မိမိ ၏ သားသမီး ၊ တူ - တူမများ ထံ မှ “ ဟဲ့ … ငါ့ ကို ဟိုဟာ ဝယ် ကျွေးစမ်း ၊ ဒီဟာ ဝယ် ကျွေးစမ်း ” လုပ်တတ် လေသည် ။
စောစောက ပြော သလို “ မင်း မှာ ပိုက်ဆံ ပါသလား ” ဟု သူ ပြောစဉ် က သူ သည် မော်လမြိုင်မြို့ တွင် လျှမ်းလျှမ်းတောက် ဆရာဝန်ကြီး တစ်ဦး ဖြစ်နေ လေသည် ။
ထို့ကြောင့် အကယ်၍ များ သူ က ရာ နှင့် ချီ၍ ငွေ တောင်းခဲ့လျှင် ကျွန်တော် ဒုက္ခ ရောက် မည်မှာ သေချာ လေသည် ။
ပြီးတော့ အဘ သည် အပေးအကမ်း အလွန် ရက်ရောသူ ဖြစ်ပါသည် ။ ဥပမာ မော်တော်ဆိုင်ကယ် တစ်စီး ထိုင်းထိုင်းဖြင့် မော်လမြိုင်မြို့ ပေါ် တွင် သူ လမ်းသလား နေစဉ်ကာလ ။
တစ်နေ့သ၌ သံဖြူဇရပ် သို့ ဆေး ကုပေးရန် မော်တော်ဆိုင်ကယ် ဖြင့် မော်လမြိုင်မြို့ သို့ အသွား သူ့ မိတ်ဆွေ တစ်ဦး က “ ဟေ့ ... မောင်မြင့် ၊ မင်း ဆိုင်ကယ် တယ် ကောင်းပါလားကွ ၊ ငါ တောင် ကြိုက်တယ် ” ဟု ပြော လေရာ သူ ဆေးကုခြင်း ကိစ္စများ ပြီးသည် နှင့် ထို မော်တော်ဆိုင်ကယ် ကို သူ ၏ မိတ်ဆွေ အား “ ကဲ ... ဒါဖြင့်လည်း မင်း ယူတော့ကွာ ” ဟု ပြောပြောဆိုဆို ပေးလျက် မော်လမြိုင် သို့ ဘတ်စ်ကား ဖြင့် ပြန်လာခဲ့ သည် ဟူ သတည်း ။
နောက် တစ်ခု ။ ဘဘ သည် မော်လမြိုင်မြို့ တွင် ဒေါက်တာမြင့် ဒေါက်တာမြင့် ဟု နာမည် ကြီးခဲ့ရာ သူ့ တွင် ဆေးခန်း ၊ တိုက်ခန်း တစ်ခု ရှိလေသည် ။ ထို တိုက်ခန်း ရှေ့ တွင် စက်ဘီး ၊ ဆိုက်ကား ပြင်သော အိန္ဒိယ အမျိုးသား တစ်ဦး ရှိရာ သူ သည် ဘဘ ၏ ဆေးခန်း ရှေ့ ပလက်ဖောင်း ပေါ် တွင် သူ ၏ လုပ်ငန်း ကို လုပ်ကိုင် ရ လေသည် ။
စာဖတ်သူ ကျေးဇူးရှင်များ သိတန်ကောင်း ပါသည် ။ တစ်ရံရော အခါတွင် သဲကန္တာရ တစ်ခု အတွင်း၌ အအေးဓာတ် လွန်ကဲ နေလေရာ လူ တစ်ယောက် သည် မိမိ ၏ ယာယီတဲ အတွင်း ၌ ဝင်၍ ရာသီဥတုဒဏ် ကို ကာကွယ် နေလေသည် တဲ့ ။ သူ့ တွင် အစေအပါး ဖြစ်သော ကုလားအုတ် တစ်ကောင် ပါ လာလေသည် တဲ့ ။
ကုလားအုတ် သည် အပြင်ဘက် တွင် အေးချမ်းလှသည် နှင့် သခင် ဖြစ်သူအား မိမိ ၏ ဦးခေါင်းကလေး တဲ အတွင်း လျှိုထားခွင့် ပေးရန် တောင်းပန်လေသည် တဲ့ ။ သခင် က လည်း တဲ အတွင်း လျှိုထား ခွင့် ပြုလိုက်သည် တဲ့ ။ ထိုမှ တစ်ဆင့် ကုလားအုတ် သည် လည်ပင်းကလေး ဝင်ပါရစေ ။ ခြေထောက်ကလေး ဝင်ပါရစေ မှ ဘာညာ ၊ ဘာညာ ဝင်ပါစေ အထိ နောက်ဆုံး သူ့ တစ်ကိုယ်လုံး တဲ အတွင်း သို့ ရောက်သွား လေတော့သည် ။ သည့်ထက် နောက်ဆုံးတွင် ကား သခင် ဖြစ်သူ ကို ပင်လျှင် တဲ အတွင်း မှ ကန္တာရ အပြင်ဘက် ဆီ သို့ ကန်ထုတ် လိုက်သည် ဟူ သတည်း ။
ဤ ပုံပြင်ကလေး ကဲ့သို့ပင် ဖြစ်လေသည် ၊ ကျွန်တော့် ဘဘ သည် အားနာ၍ ခါးပါ ဆိုသလို -
ကျွန်တော် နောက်ဆုံး အခေါက် ဆိုသလို ဤသို့ ပြောရပေမည် ။
ဘဘ မဆုံးခင် မော်လမြိုင် သို့ ရောက်သော အခါ ဘဘ ၏ ဆေးခန်း တွင် ဘဘ ကို မတွေ့ရ တော့ဘဲ ထို အိန္ဒိယ အမျိုးသား ၏ စက်ဘီးပြင်ဆိုင်ကြီး ဖြစ်နေ လေသည် ကို သာ တွေ့ရ လေတော့သည် ။
( ၄ )
ကျွန်တော့် အား စာသမား အချင်းချင်း က လည်းကောင်း ၊ စာ ဖတ်သူများ က လည်းကောင်း ( တစ်ခါ လာ လည်း သူ့ အဖေ အကြောင်း ၊ တစ်ခါ လာလည်း သူ့ အမေ အကြောင်း ၊ သူ့ ခယ်မတွေ အကြောင်း ၊ သူ့ အမျိုးတွေ အကြောင်း ) စသည် စသည် ဝေဖန် ပိုင်းခြား ခဲ့ကြဖူးပါသည် ။
ကျွန်တော့် အမြင်တော့ မူ ကျွန်တော် ယခု ပြောပြ နေသည်မှာ ကျွန်တော့် ဘဘ အကြောင်း ကို မဟုတ်ဘဲ အလွန် အင်မတန် သဘောကောင်း တတ်သော လူကြီး တစ်ယောက် အကြောင်း ကို သာ ပြောပြ နေခြင်း ဖြစ်ပါသည် ။ ယခုကဲ့သို့ ကျွန်တော့် ဘဘ အကြောင်း ကို ရေးရခြင်း မှာ လည်း ဥပမာ ပေး၍ ရေးသားခြင်း သာ ဖြစ် ပါသည် ။
( ၅ )
ဟိုး ... ကနဦးက ကျွန်တော် ပြောခဲ့သော ကျွန်တော် ၏ ကြီးတော်များ ဖြစ်ကြသော အမေ ဒေါ်မမကြီး ၊ အမေသန်း ၊ အမေဒေါ်နှင်း တို့ သည် ဘဘ နှင့် ပတ်သက်၍ မိသားစု အစဉ်အဆက် ပဋိပက္ခ ရေရှည် ဖြစ်လာခဲ့ကြ ရာ မှ ပြန်လည် သင့်မြတ်စရာ အကြောင်း ဖန် လာခဲ့ပါသည် ။ ဤသည်မှာ ကျွန်တော် ပြော လိုသော ဝတ္ထု ဇာတ်သိမ်းပိုင်း ဖြစ်ပါသည် ။
တစ်လောက ဘဘ ဆုံး ပါသည် ။
( ၆ )
ဘဘ ဆုံးပါးရာ မော်လမြိုင် ဆီ သို့ ဘဘ နှင့် အမေ ဒေါ်မမကြီး တို့ ၏ သား ကိုသိန်းတိုး သည် အရဲ စွန့်၍ ရောက်ရှိ သွားလေ တော့သည် ။
သူ သည် အမေသန်း နှင့် လည်းကောင်း ၊ အမေသန်း ၏ သားသမီးများ ၊ ( သူ ၏ ညီ - ညီမများ ) အဖေတူ အမေကွဲ မောင်နှမများ နှင့် လည်းကောင်း ။
သူ သည် အမေနှင်း နှင့် လည်းကောင်း ၊ အမေနှင်း ၏ သားသမီးများ ( သူ ၏ ညီ - ညီမများ ) အဖေတူ အမေကွဲ မောင်နှမများ နှင့် လည်းကောင်း ။
ကစ်ဆင်ဂျား ကဲ့သို့ လွန်းပျံ ဆက်သွယ်၍ ငြိမ်းချမ်းရေး ပြု လေရာ ဘဘ ၏ အသုဘ ချသည့် နေ့မှစ သုံးဦး သုံးဖလှယ် ဇနီးများ ၊ သားသမီးများ ပြေလည် သွားကြသည် ဟု သိရှိရ လေသည် ။
( ၇ )
ဘဘ သည် အားလုံး ကောင်းရာကောင်းကျိုး အတွက် သေပေးလိုက်သည် ဟု ကျွန်တော် ထင် ပါသည် ။
◾သုမောင်
📖 ရုပ်ရှင်အောင်လံ
ဖေဖော်ဝါရီလ ၊ ၁၉၈၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment