ဒေါ်အေးသုန် ပရိသတ် ကြား ထဲ မှ မသိမသာ အကဲခတ် လိုက်သည် ။ ကက်ဆက် ထဲ မှ နတ်ဒိုး သံများ က လည်း လူတွေ ၏ စိတ် ကို တက်ကြွစေရန် တွန်းအား ပေးသလို ဖြစ်နေသည် ။ နတ်ကတော် မကျင် ကား ကုလားထိုင် ပေါ် တွင် ထိုင် ရင်း ဒူး တဆတ်ဆတ် ၊ ခေါင်း တခါခါ လက်ညှိုး နှစ်ချောင်း ကို ဟိုဘက် ဒီဘက် ထောက်ရင်း ဟောချက် ထုတ်နေသည် ။
ဒူး ထောက်ပြီး လက်အုပ် ချီသည့် အမျိုးသမီးကြီး ၏ လက်တွင် လက်ကောက်များ က တဝင်းဝင်း ။ လည်ပင်း မှာ လည်း ဆွဲကြိုး က ကြီး လိုက်တာ ဘယ်လောက်သား မှန်း တောင် မသိဘူး ။ မကျင် တို့ တော့ ခွင် ပဲ ဟု ဒေါ်အေးသုန် ပရိသတ် ထဲ မှ တိုးဝှေ့ ရင်း တွေးမိ လိုက်သည် ။
အမွှေးနံ့သာနံ့များ က လည်း လှိုင် လို့ ။ နတ်ကတော် ချင်း တော့ ခြေ မြင်သည် ။ ဒါတွေနဲ့ မကျင် ဖမ်းစား ထားတာကိုး။ ဒေါ်အေးသုန် စိတ် ထဲ မှ တွေးမိလိုက်သည် ။
“ ဟဲ့ ... ငါ က တရားဘာဝနာ နဲ့ နေ ချင်တာ ၊ ကိုကြီးကျော် က သူ့ ဘေးနား မှာ ငါ့ ကို ခေါ်ထား တယ်လေ ၊ သူ က အရက်သောက် ကြက်တိုက် ဆိုတော့ သူ နဲ့ သိပ် မကိုက်ဘူးဟ ”
“ အရှင်ကြီး ဘသာ ဝင် နေပြီနဲ့ တူတယ် ”
ဒေါ်အေးသုန် ဘေး မှ မိန်းမ တစ်ယောက် က ထင်မြင်ချက် ပေးသည် ။ ဒေါ်အေးသုန် မကျင် ကို စိုက်ကြည့်နေသည် ။
“ ဒါပေမဲ့ သိတယ် မဟုတ်လား ... သူ လည်း သာသနာ ပြုနေတာ ၊ ငါ က လည်း သာသနာ ပြု ချင်နေတယ် ဆိုတော့ ၊ ကိုကြီးကျော် ကို တော့ ငါ့ ရဲ့ အစ်ကိုရင်း လို ပါပဲ ၊ ကဲ ကဲ ... ငါ့ အစ်ကို ကို ငါ ပင့် လိုက်ဦးမယ် ၊ ဟဲ့ ကောင်မတွေ လောင်းကြေး ထပ် ထားကြစမ်း ”
မကျင် လက် ထဲ တွင် ၇၅ ကျပ်တန် များ ပလူပျံ နေသည် ။ ၇၅ ကျပ်တန် တစ်ရွက် ကို ရွာထဲ က မိပုန်း ကို လှမ်း ပစ် ပေး လိုက်သည် ။ ဘာကြောင့် မကျင် မိပုန်း ကိုမှ ရွေး ပေးရသလဲ ဟု ဒေါ်အေးသုန် စဉ်းစား နေသည် ။ ဟုတ်ပြီ ။
မိပုန်း က အရက် ရောင်းတာ ၊ လူပေါင်းစုံ နဲ့ ဆက်ဆံမှု အများ ဆုံး ဆိုတော့။ ဒါ လူရင်းရွေး တာပဲ ။ မိပုန်း ပါးစပ် က မှန် တယ် မှန်တယ် ဟု မပြောဘဲ တော့ မနေ နိုင် ... ပြောမည် ။ မကျင် နာမည်ကြီး ခြင်း တစ်မျိုးပဲ ဟု တွေးရင်း တစ်ချက် ပြုံး လိုက်သည် ။ လေးစားပါတယ် မကျင် ရယ် ဟု ပါးစပ် က ပြောပြီး လူအုပ် ကြား ထဲ မှ ဒေါ်အေးသုန် ထွက်လာသည် ။
တစ်ရွာလုံး လိုလို နတ်ကတော် မကျင် နား မှာ ဝိုင်း နေကြသည် ။ ဝိုင်း နေ မှာ ပေါ့ .. မကျင် က လည်း လက်ပစ်ကြေး တွေ စွန့်ကြဲ နေမှ တော့ မဝိုင်း ခံနိုင်ပါ့ မလား ။
“ နည်းစနစ်တွေ ကောင်းလှချည်လား နောက် မှ ပေါက်တဲ့ ရွှေကြာကျင် ရယ် ”
ဒေါ်အေးသုန် မကျင် ကို ကျိတ် ချီးကျူး လိုက်သည် ။
••••• ••••• •••••
ကောင်းကင် တစ်ပြင်လုံး နီရဲ နေသည် ။ ကျေးလက်နေ ပြည်သူများ အဖို့ မိုးသက်မုန်တိုင်း ကျရောက်တော့မည် ကို ကြိုတင် သိနေကြသည် ။ ကြို သိသည့် အတိုင်း ပြင်ဆင်စရာ ရှိတာများ ပြင်ဆင် နေကြသည် ။
“ ကိုအေးငွေ ရေ ... လေ ပါ ပါမယ် ထင်တယ် ”
“ ကျွန်တော် လည်း ထင်တယ် ၊ သိမ်း စရာ ရှိတာ သိမ်းထားကြရအောင် မကျင် ”
ကိုအေးငွေ သွက်သွက်လက်လက် ဖြင့် မိုး မစိုရန် သိမ်းဆည်း နေသည် ။ မိုး ချည်း ပဲ သွန်ချလိုက် သလို ရွာချ လိုက် သည် ။ မကျင် လည်း ဝိုင်း ကူသိမ်း သော်လည်း ရေ စိုတာသာ အဖတ် တင် သည် ။ ခရီး မတွင် ၊ ကိုအေးငွေ က ယောက်ျား အား သန်သန်မာမာ မို့
အလေးအပင်များ ကို ပင် မိုးထဲ ရေထဲ ကြားထဲ က အတင်း မ ပြီး သိမ်းသည် ။ လေ က လေးဖက် လေးတန် ညှပ် တိုက် လာသည် ။ လေ ကြမ်းလာသည် မို့ မကျင် ကြောက်စိတ် ဝင်လာသည် ။ ဒီ နေရာ မှာ ကိုအေးငွေ သာ မရှိရင် သူ မလွယ် ဟု အပြေးအလွှား တွေးလိုက် သေးသည် ။ တကယ့် အရေးအကြောင်း ဆို အိမ် မှာ ယောက်ျားသား တစ်ယောက် ရှိ ကို ရှိရမည်။
“ မကျင်ရေ ... မိုး လွတ်မယ့် နေရာမှာ သွား ထိုင်နေ ၊ ဘာမှ မလုပ်နဲ့ ၊ တစ်ကိုယ်လုံး ရွှဲလို့ ၊ သွား ... အေးအေးလူလူ ထိုင်နေ ”
ကိုအေးငွေ ၏ ကြင်နာမှု အသံ မကျင် ပထမ ဦးဆုံး ကြား လိုက်ရသည့် မိုးထဲ ရေထဲ လေပြင်း တွေ ကြား ထဲ မှာ ကြည်နူးမှု ဖြစ် သွားသည် ။ ငြိမ်သက် နေသော နှလုံးသားလေး
လှုပ်လှုပ်ရွရွ တော့ ဖြစ် သွားသည် ။ ထဘီ က ရေစို နေသည် မို့ ကိုယ်လုံးကိုယ်ပေါက် အကြွင်းအကျန် အလှများ က ဖွင့်ထွက် နေသည် ။ ကိုအေးငွေ မကြာခဏ ခိုး ကြည့်နေသည် ။ ဒါကို မကျင် သိသည် ။ ကိုအေးငွေ ဘာကြောင့်မှန်း မသိ ရင်တွေ တုန်နေသည် ။ မကျင် အနား သို့
အသာအယာ ကပ် သွားသည် ။ မကျင် က မျက်လွှာလေး လှန် ကြည့်လိုက်သည် ။
“ မကျင် ”
“ ရှင် ”
“ ထဘီ လဲ လိုက်ပါလား ၊ အအေးပတ် နေဦးမယ် ”
“ ဟုတ် ဟုတ်ကဲ့ ”
မကျင် အခန်း ထဲ သို့ ဝင် သွားသည် ။ ကိုအေးငွေ အတန်ကြာ လေပြင်း အခြေအနေ ကို အကဲခတ် လိုက်သည် ။ လေပြင်းကား အဆက်မပြတ် မိုးသီးမိုးပေါက်များ ပင် ကျ နေပြီ ထင်ရသည် ။ ကိုအေးငွေ သက်ပြင်း အချီကြီး ချပြီး မကျင် ထဘီ လဲ ရာ အခန်း ထဲ သို့ ဝင် သွားသည် ။
“ ဝုန်း ဝုန်း ”
လေပြင်း က တစ်ချက် ဆောင့် တိုက် လိုက်သည် ။ အိမ်ဝိုင်း ထဲ မှာ လည်း ရေ တွေ က ပြည့် လို့ ။ မကျင် ထဘီ လဲ နေစဉ် ကိုအေးငွေ ကို အခန်းဝ တွင် တွေ့ လိုက်ရသည် မို့ အရမ်း အံ့အားသင့် သွား သည် ။ သူ ဘာများ ပြောမှာ ပါလဲ ပေါ့ ။ အနား ကို တစ်လှမ်း ချင်း တိုးလာသည် ။ ထဘီ လဲ မည့် တန်းလန်းကြီး မို့ ထဘီ ကို ကမန်းကတန်း လဲ လိုက်သည် ။ လဲ လိုက်ပြီး ကိုအေးငွေ ကို မျက်နှာ မူ လိုက် သည် ။
“ ကိုအေးငွေ ဘာ ပြောမလို့ လဲဟင် ”
“ မေးစရာ လိုသေးလို့ လား ကျင်ကျင် ရယ် ”
ကိုအေးငွေ ပြော လည်း ပြော ၊ ပခုံး လည်း လက် နှစ်ဖက် ဖြင့် လှမ်း ဖက် လိုက်သည် ။ ရင်ချင်း အပ် လိုက်သည် ။ မကျင် ဘက် မှ အသက်ရှူသံ ပြင်းပြင်း ကို ကြား လိုက်ရသည် ။ ကိုအေးငွေ နှင့် ထပ်တူ ရင်ခုန်သံ ။
“ ကျင်ကျင် ”
“ ဟင် ပြော ”
“ ချစ်တယ် ”
“ သိပါတယ် ... တစ်ချိန် ဒီ စကားမျိုး ပြောမယ် ဆိုတာ ”
“ မတ်တတ်ကြီး ကျင်ကျင် ရယ် ”
မကျင် ညွှတ်ကျ သွားသည် ။ ကိုအေးငွေ ကား အလိုက်သင့် ။
“ ဝုန်း ဝုန်း ”
ကောင်းကင် က မိုးသက်မုန်တိုင်း တို့ သည် ချစ်ခြင်း ထောက်ပံ့မှု ကိရိယာ တစ်ခု ဖြစ်မှန်း မသိ ဖြစ်သွား လေ တော့သည် ။
••••• ••••• •••••
တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ် နေကြသည် ။ ရွာထိပ် ညောင်ပင်ကြီး ဆီ ကို အလုအယက် ပြေးလွှား နေကြသည် ။ တချို့ဆို ကလေး ကို ခါးထစ် ခွင်ပြီး ထဘီ စွန်တောင်ဆွဲ ၍ ခပ်သုတ်သုတ် သွား နေကြသည် ။
“ ကိုဘသာကြီး မသေဘူး တဲ့ တော် ”
အသွား လူတွေ ကို အပြန် လူတွေ က လှမ်း အော် ပြောနေကြသည် ။
“ မဖြစ်နိုင်ဘူး ဟယ် ”
အချို့ က မယုံ ။ ရွာထိပ် ညောင်ပင် တွင် အဖြူအမည်း ဓာတ်ပုံ တစ်ပုံ ။ ကိုဘသာ စားပွဲထိုးလုပ် နေသည့်ပုံ ဖြစ်သည် ။ ခိုး ရိုက် ထားတာမို့ ဓာတ်ပုံ က သိပ် မပီပြင် ။ ကိုဘသာ ပုံ တော့ ဟုတ်သည် ။ ဓာတ်ပုံ ဘေး တွင် မားမားမတ်မတ် ရပ်ပြီး အောင်ပွဲရ ပုဂ္ဂိုလ်ကြီး ဂိုက်ဖမ်း နေသူမှာ လူကြီးကိုအုန်း ဆောင် နှင့် မှေးမှိ န် သွား ရှာသော နတ်ကတော် အေးသုန် ။ သူ့ ဘေး တွင် စပါးပွဲစား မောင်ကြိုင် ။ တစ်ယောက် တစ်ပေါက် ထင်ကြေး ပေး နေကြသည် ။
“ ပုံ က ကိုဘသာ ပုံ မဖြစ်နိုင်ပါဘူး ”
“ ဟဲ့ နတ် ဆိုတာ ကိုယ်ယောင် ပြလို့ ရ သလို ကိုယ်ယောင် ဖျောက်လို့ လည်း ရတယ် ”
“ ကိုဘသာ မှ ကိုဘသာ ပုံ ပါ ။ သူ ဘယ်လို ဖြစ်လို့ မသေတာ ပါ လိမ့် ”
“ တကယ် မသေဘူး ဆိုရင် သူ့ မိန်းမ ဆီ သူ ပြန်လာမှာ ပေါ့ ”
“ ဒါဆိုရင် အရှင်ကြီး ဘသာ ဆိုတာ ”
“ အသေကြီးဘသာ ပေါ့ ဟယ် ”
အမျိုးမျိုး ထင်ကြေး ပေး နေကြသည် ။ တချို့က ဓာတ်ပုံ ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ နေကြသည် ။ တချို့က ခေါင်း တညိတ်ညိတ်။
အရက်ပုန်း ရောင်းသည့် မိပုန်း ကတော့ လက်အုပ်လေး ချီပြီး ဓာတ်ပုံ ကို ကန်တော့ လိုက် ၊ ပါးစပ် က လည်း တတွတ်တွတ် ရွတ်ဆို နေသည် ။
“ ဟဲ့ မိပုန်း ... ဓာတ်ပုံ ကို ကန်တော့ လို့ အရက် ပို မရောင်းရဘူး ”
ရွာလူကြီး ကိုအုန်းဆောင် စကား ကို မိပုန်း မကြိုက် ။ မျက်စောင်း တစ်ချက် လှည့် ထိုးလိုက်ပြီး ...
“ ဒီ လူကြီး ပြုတ် ကို မပြုတ်သေးဘူး ၊ အရှင်ကြီး ကို ကောင်းကောင်း စော်ကား ၊ ရှင့် ကို လာဘ်စားမှု နဲ့ အရှင်ကြီး က ထောင် ထဲ ထည့် လိမ့်မယ် ”
မိပုန်း မကြားတကြား ပြောပြော ထွက်ထွက် ထွက် သွားသည် ။
မကျင် ခေါင်း ကို မြွေပေါက် ခံ လိုက်ရ သည် ။ မြွေ က နှစ်ကောင် ။ တစ်ကောင် က လူကြီးအုန်းဆောင် ၊ နောက် တစ်ယောက် က နတ်ကတော် အေးသုန် ။
မကျင် အိမ်ပေါက်ဝ တွင် ငိုင် နေသည် ။ ပန်းရန်အေးငွေ အပြင် က ပြန် လာပြီး မကျင် အနား ကို မသိမသာ ကပ် သွားသည် ။ ပြောမည့် ဟန် ပြင် လိုက်သည် ။
“ ကျွန်မ အားလုံး သိပြီးပြီ ကိုအေးငွေ ”
မကျင် စကား ကြောင့် ကိုအေးငွေ တိုင်လေး ကို မှီလိုက်သည် ။
“ လူ တစ်ယောက် နာမည်ကြီး လာပြီ ဆိုရင် အနှောင့်အယှက် က ဖြစ်လာမှာ ပဲ ၊ သစ်ပင် မြင့် လေ လေတိုက် ခံရမှာ ပဲ ၊ ဒီ လေ က ဘယ်က တိုက် တဲ့ လေ ဆိုတာ ကျွန်မ သိတယ် ၊ မစားရတဲ့ အမဲ သဲ နဲ့ ဝိုင်း ပက် ကြတာ ၊ ဒီ သတင်းဟာ ကျွန်မ သွားမယ့် လမ်း မှာ မဟာ
အနှောင့်အယှက်ကြီး ပဲ ကိုအေးငွေ ၊ ကာယကံရှင် နဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ လိုက်တာ က ပို ကောင်းမယ်ထင်တယ် ၊ တကယ် သက်ရှိ ထင်ရှား ရှိနေသေးတယ် ဆိုရင် ကျွန်မ တို့ နတ်နန်းတွေ ဟာ မီးရှို့ ပစ်ရုံပဲ ရှိ တော့တယ် ”
မကျင် ကို ပန်းရန်အေးငွေ စိုက် ကြည့် နေရင်း မှ သနား သွားသည် ။ ဟုတ် သည် ။ သူတို့ နှစ်ယောက် လျှောက် လှမ်းမည့် အနာဂတ် သည် လှပ နေသည် မှာ အမှန် ။ ခုတော့ အနာဂတ် ကား မှုန်ဝါးဝါး ။
“ မောင်ကြိုင် ကို ကျွန်တော် အနီးကပ် မေး ကြည့်တော့ သူ လည်း စပါး ကိစ္စ နဲ့ သွားရင်း ကိုဘသာ ရှိတဲ့ မြို့ ကို ရောက် သွားတာ တဲ့ ၊ လက်ဖက်ရည် ဝင် သောက်ရင်း နဲ့ ကိုဘသာ စားပွဲထိုး နေ တာ ကို တွေ့လိုက်တာ တဲ့ ၊ သူ့ ကို တောင် မသိချင်ယောင် ဆောင်နေတာတဲ့ ၊
မောင်ကြိုင် က ကိုဘသာ လက် ကို ကိုင် ကြည့် လိုက်သေးတယ် တဲ့ ၊ အင်ကြင်းမြိုင်မြို့ မှာ တဲ့ ၊ လရောင်တင် လက်ဖက်ရည်ဆိုင် မှာ သူ ရှိတယ်တဲ့ .. ၊ သူ လည်း ဘာ စိတ်ကူး ပေါက်သွားတယ် မသိဘူး တဲ့ အဲဒီ မြို့ က ဓာတ်ပုံဆရာ ကို ခေါ်ပြီး ကိုဘသာ ပုံ ခိုး ရိုက်ခဲ့တာ တဲ့ ၊ သူ ပြောတဲ့ သဘော က တော့ ကိုဘသာ မသေဘူး ဆိုတာကို ရွာ က လူတွေ သိစေချင်တဲ့ ဆန္ဒ တဲ့ ၊ ကိုအုန်းဆောင် ကို အဲဒီ ဓာတ်ပုံ ပြ လိုက်တာ တဲ့ ”
“ ဒါတွေဟာ အုန်းဆောင် နဲ့ အေးသုန် စနက်တွေ ပါ ကိုအေးငွေ ရယ် ၊ ကျွန်မ တို့ ကိုဘသာ နဲ့ အမြန်ဆုံး တွေ့ပြီး လက်ဦးမှု ရအောင် ယူကြမယ် ”
“ ကောင်းပါတယ် အကျင် ”
အေးငွေ မကျင် အနား ကို ကပ်ပြီး ပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ် လိုက်သည် ။ နောက်ပြီး ...
“ ရွှတ် ရွှတ် ”
အလစ်အငိုက် ပါးလေး ကို နှစ်ချက် ဆင့် နမ်း လိုက်သည် ။
••••• ••••• •••••
မကျင် ကိုဘသာ ကို ဘဝဇာတ်လမ်း စုံ ခင်းပြ လိုက်သည် ။ ရက်မလည် ဖြစ်သည် မှ အစ နောက်ဆုံး အရှင်ကြီး ဘသာ နတ်နန်း အထိ ။ ကိုဘသာ ငြိမ် သက်စွာ နားထောင် နေသည် ။ ပြီးမှ ..
“ မိုက်လိုက်တာ မကျင် ရယ် ”
ထို စကား သာ ပြောနိုင်ပြီး ပြန်လည် ငြိမ်သက် သွားသည် ။ ကိုဘသာ ၏ အခြေအနေ ကို ကြည့်ပြီး မကျင် ဆက် ပြောသည် ။
“ ကျွန်မ က လူတွေ ယုံကြည်အောင် နည်းမျိုးစုံ သုံးပြီး တည်ဆောက် ထား တာပါ ကိုဘသာ ရယ် ၊ ကိုဘသာ သက်ရှိ ထင်ရှား ရှိတယ် ဆိုတာ တစ်နေ့ မဟုတ် တစ်နေ့ ရွာနီးချုပ်စပ် သိသွား ရင် ကျွန်မ ရဲ့ လက်ရှိ အလုပ်အကိုင်တွေ အားလုံး ပျက်စီးသွားမယ် ကိုဘသာ ”
“ မကျင် ”
“ ရှင် ”
“ မင်း အခု ငါ နဲ့ ပထမဦးဆုံး စ တွေ့ တာပါ ။ ကိုဘသာ မသေရင် ကျွန်မ ဆီ ဘာဖြစ် လို့ ပြန်မလာတာလဲ နေနိုင် လိုက်တာ ကိုဘသာ ရယ် .. ဒီ စကား တွေ ပဲ မင်း ပြောရမှာ ၊ ခုဟာ က စ တွေ့ ကတည်း က ပြောလိုက်တာ မင်း တစ်ကိုယ်ကောင်း တွေ ပဲ ”
“ ဪ ... အဲဒီ စကား ကို နောက်မှ ပြောမလို့ စီစဉ် ပြီးသားပါ ၊ ဘဝ ရပ်တည်ရေး ရှေ့တန်း ရောက် သွားလို့ ပါ ကိုဘသာ ရယ် ၊ ဒါကို စိတ်ဆိုး သွားတာလား ... စိတ် မဆိုးနဲ့ဦး ၊ ခုနက စကား ကို ပြန် ဆက်ရအောင် ၊ ကိုဘသာ ဒီ မြို့က ထပ်ပြီး စွန့်ခွာစေချင်တယ် ၊ အဲ ဒါ ကျွန်မ ရဲ့ နောက်ဆုံး တောင်းဆိုမှုပဲ ”
ကိုဘသာ မကျင် ကို ကရုဏာ သက်စွာ ကြည့် လိုက်သည် ။ ထို့နောက် စကား ကို ဖြည်းညင်းစွာ တစ်လုံးချင်း ထွက် လာသည် ။
“ လူတွေ ရဲ့ ယုံကြည်မှု ကို အလွဲသုံးစား မလုပ်ပါ နဲ့ မကျင် ရယ် ၊ သံသရာ လည်း မကောင်း ပါ ဘူး ၊ ကိုးကွယ်မှုတွေ လမ်းမှား ရောက်သွား နိုင်ပါတယ် ။ လူတိုင်း မှာ အယူ ဆိုတာ ရှိပါတယ် ၊ အဲဒီ လူတွေ ရဲ့ အယူ ကို မှန်ကန်တဲ့ တရားဓမ္မ နဲ့ အေးအောင် လုပ်ပေးပါ ၊ မသန့်ရှင်း တဲ့ ထမင်း ကို မစားပါ နဲ့ ၊ သန့်သန့်ရှင်းရှင်း ရ တဲ့ ငွေကြေးနဲ့ ပဲ ဘဝ တစ်ခု ကို ရပ်တည်ပါ ၊ ငါ ဒါပဲ ပြောနိုင်ပါတယ် မကျင် ရယ် ”
“ အခု အချိန်မှာ တရား မချပါနဲ့ ကိုဘသာ ၊ ကျွန်မ အတွက် နောက်ဆုံး ငဲ့ကွက် တဲ့ အနေနဲ့ ကိုဘသာ တခြား ဝေးတဲ့ မြို့ တစ်မြို့ မှာ ဘဝ တစ်ခု ထူထောင် ပေးပါ ။ စကား မစပ် ကိုဘသာ နောက် အိမ်ထောင် ပြုလိုက်ပြီလား ”
မကျင် ၏ မေးခွန်း ကို မဖြေတော့ ။ ဖြေရန် မလိုတော့ ဟု ကိုဘသာ စိတ် ထဲ တွေး လိုက်သည် ။ သိကြားမင်း ဆင်း ပြီး နားချ တောင် ရမည့် လူ မဟုတ်တော့ မှန်း ကိုဘသာ ရိပ်မိသွားသည် ။
သူ့ ထိုက် နဲ့ သူ့ ကံ နေပါစေတော့ ဟု ကိုဘသာ စိတ် ထဲ တွေး လိုက်သည် ။
“ အခု အချိန်မှာ တော့ ဒါတွေ မမေးပါနဲ့ မကျင် ၊ ငါ ဘဝသစ် စတာ ကြာ ပါ ပြီ ၊ အရာ အားလုံး ကို ငါ ပြည်ဖုံးကား ချလိုက်ပါပြီ ”
မကျင် အသံ ကို ချိန်း လိုက်သည် ။ ဆို့နစ်ကြေကွဲသော လုပ်သံကြီး ဖြင့် ...
“ ကျွန်မ က တော့ ကိုဘသာ မရှိတော့ တဲ့ အချိန် က စပြီး ရင် ထဲ မှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထား တာ ၊ တစ်ပင်ဆို တစ်ပင် ပါပဲ ကိုဘသာ ရယ် ”
မကျင် မျက်ရည် ကို မနည်း ညှစ်ထုတ်လိုက်သည် ။
“ ကျွန်မ သွားတော့မယ် ကိုဘသာ ၊ လောက မှာ အသက် ရှင်လျက် နဲ့ သေသွား တဲ့ စိတ်ခံစားမှု မျိုး ခံစား ကြရတာ ဒီ ကမ္ဘာ မှာ ကျွန်မ တို့ နှစ်ယောက် လောက် ပဲ ရှိမယ် ထင်တယ်နော် ကိုဘသာ ရယ် ၊ ကျွန်မ သွားတော့မယ် ”
မကျင် ၏ သစ်လွင်တောက်ပသော ဝတ်စားဆင်ယင်မှုကို နောက်ကျော ဘက် မှ ကိုဘသာ ကြည့် လိုက်သည် ။ ခေါင်း ကို အဓိပ္ပာယ် ပါပါ တဆတ်ဆတ် ညိတ် လိုက်ပြီး လက်ဖက်ရည်ဆိုင် ဘက် သို့ ခြေလှမ်း ပြင် လိုက်သည် ။
မသီဝင်း က ကိုဘသာ ဆိုင် ထဲ ပြန်ဝင် လာတာ ကို စိတ်ပူစွာ ဖြင့် လှမ်း ကြည့် လိုက်သည် ။ ကိုဘသာ ဘာ ဖြစ်လာတာ လဲ ဆိုသည့် စိတ် ပူမှုမျိုး ။
••••• ••••• •••••
ဆိုင် သိမ်းပြီးချိန် ၊
နေရာ မသီဝင်း အခန်းထဲ ။
“ ကိုဘသာ ဘက် က အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်ပြီပေါ့ နော် ”
“ ကျွန်တော် ဒီ ဆိုင် ကို စ ရောက် ကတည်း က ရှင်းပြီးပါပြီ အဝင်း ရယ် ”
“ ဒီနေ့ ကျွန်မ အရမ်း ပျော်တာပဲ ကိုဘသာ ရယ် ”
“ ဘာဖြစ်လို့ လဲ ဟင် အဝင်း ”
“ ဟင် ... လူမေ့ကြီး ၊ ဒီနေ့ပဲ ကိုဘသာ နဲ့ ကျွန်မ ရပ်ကွက် တရားရုံး မှာ လက်ထပ် လိုက်ကြတယ်လေ ”
“ တရားမဝင်သေးပါဘူး ”
“ ဘာဖြစ်လို့ ”
“ အရာ မမြောက်သေး လို့ ”
“ သွား ... လူပုံ က အေးပုံအေးပန်း နဲ့ ဒါမျိုး ကျတော့ တတ်သား ”
“ အဝင်း က လည်း ကွာ ”
“ နေဦး ... ဆိုင်တံခါး မပိတ်ရသေးဘူး ”
“ ရပါတယ် ... အဖျော်ဆရာတွေ ပိတ် လိမ့်မယ် ”
“ နပေါဦး ဆို ”
“ လက်ထပ် ပြီးပြီပဲ ဥစ္စာ ”
“ ကဲ ကဲ ... ပြော မရတော့လဲ ”
အသံများ တိတ်ဆိတ် သွားကြသည် ။ အဖျော်ဆရာ နှင့် စားပွဲထိုးများ က အပေါ်ထပ် က အသံ ကို နားစွင့် နေကြသည် ။
“ အဝင်း ”
“ ပြော ”
“ တစ်ခုလောက် တောင်းဆိုချင် လို့ ”
“ ဟင် ... လောဘ က လည်း ကြီး လိုက်တာ ”
“ အဲဒါ ပြောတာ မဟုတ်ဘူး ”
“ ဘယ်ဟာလဲ ”
“ ဒီ အနီး တစ်ဝိုက် မှာ အလှူအတန်း ပဲ ဖြစ်ဖြစ် နာရေး ကိစ္စ ပဲ ဖြစ်ဖြစ် ကိုဘသာ ရေ လှူချင် တယ် ”
“ ဘယ်လို လှူချင်တာလဲ ”
“ ကိုယ့် ခွန်အား နဲ့ ရေ လှူချင်တာ ”
“ ကောင်းတဲ့ အလုပ်ပဲ ... အဝင်း က ကန့်ကွက်စရာ ဘာ ရှိလို့ လဲ ”
“ ဒါမှ ငါ့ မိန်းမ ကွ ”
“ ဟီး ဟီး ”
“ ဟား ဟား ”
“ ကောင်လေးတွေ ရှိတယ် ၊ သူတို့ မအိပ်သေးဘူး ”
“ တော်ပြီလေကွာ ”
“ ဟီး ဟား ... မလုပ် နဲ့ ယားတယ် ”
ပြီး၏ ။
ဗေလုဝ
၁၆ - ၇ - ၁၂
၂၇ - ၇ - ၁၂ တွင် သား လရောင်သက္ကရာဇ် လေးနှစ် မပြည့်မီ ( ၁၁ ) ရက် အလို၌ ပြီး၏ ။
◾ဗေလုဝ
📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment