Wednesday, October 21, 2026

ညနေ


❝ ညနေ ❞
▢ ကိုစိမ်းလန်း (သုံးခွ)

အချိန်မီ လက်ကျန်လေး ကုန်ဖို့ အသံကို မြှင့်အော်လိုက်သည်။

“အဲဒီက ပဲထောပတ်ပြုတ်”

ညနေခင်း ပဲထောပတ်ပြုတ် ရောင်းတာက ဆင်းရဲသား ရပ်ကွက်လေးမို့ အဆင်ပြေသည်။ သားလေး ကျောင်းစရိတ် အတွက် အပိုဝင်ငွေလေး ရသည်။ ခုတစ်လော မိုးဆက်တိုက် ရွာနေသဖြင့် သိပ်ရောင်းမကောင်းလှ။ ရပ်ကွက်ထဲ လည်ရောင်းပြီး အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ သားလေး ထွက်မျှော်နေတာ တွေ့ရသည်။ မအေကို တွေ့တော့ သားမျက်နှာလေး ဝင်းပသွားသည်။ တောင်းကို ဖွင့်ရင်း ကျန်နေသည့် ပဲပြုတ်တွေကို ဇွန်းနှင့် မွှေနေစဉ်-

“သားက အမေ ရောင်းကောင်းပါစေ ဆုတောင်းနေတာ”

သားလေးအသံ နားထဲမှာ ချိုလိုက်တာ။

“အို ... လိမ္မာလိုက်တဲ့ အမေ့သားလေး” 

သားလေးကို ကြည်နူးစွာ ကြည့်လိုက်သည်။

“နေ့တိုင်း ကျန်လာတဲ့ ပဲပြုတ်တွေ သား မစားချင်တော့ဘူး အမေ” 

“ဟေ...” 

▢  ကိုစိမ်းလန်း (သုံးခွ)
📖 မဟေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၂၀

No comments:

Post a Comment