❝ စမ်းချင်ဦးလေ ❞
▢ မင်းထင် (ရေဆင်း)
ရန်ကုန်မန္တလေး အဆန် အမြန်ရထားတစ်စီးပေါ်တွင် ဖြစ်သည်။ ကိုမောင်သည် အလန်းဇယားမလေး တစ်ယောက်နှင့် ဘေးချင်းကပ်လျက် ထိုင်ခုံတွင် နေရာရသည်။ ခရီးသွားရင်း ပဋိသန္ဓာရစကားဖြင့် အလန်းဇယားမလေးအား စတင် နှုတ်ဆက်လိုက်သည်။
“ဒီခရီးကို မင်းနဲ့အတူ သွားခွင့်ရတာ အတိုင်းမသိ ဝမ်းသာမိပါတယ်”
သို့သော် အလန်းဇယားမလေးဆီက မထင်မှတ်သော တုံ့ပြန်မှုကို ရလိုက်လေသည်။
“ဘာ ..ရှင်နဲ့အတူ ဟော်တယ်လိုက်ဖို့ ခေါ်ရအောင် ကျမကို ဘယ်လိုအစားများ မှတ်နေလဲ”
ရထားပေါ်မှလူများက ကိုမောင်ကို အပျော်မယားလိုက်စားတတ်တဲ့ နှာပူးဟူသော အကြည့်ဖြင့် ဝိုင်းကြည့်သဖြင့် ကိုမောင် ခမျာ အရှက်ရသွားလေသည်။
ခဏအကြာတွင် အလန်းဇယားမလေးမှ...
“တောင်းပန်ပါတယ်ရှင်... ကျမက စိတ်ပညာဘာသာရပ်ကို လေ့လာနေတဲ့သူ တစ်ယောက်ပါ ... ရှင် ထင်မှတ်မထားတဲ့ တုန့်ပြန်မှုမျိုးကို ကျမက ရုတ်တရက် လုပ်လိုက်ရင် ရှင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာ သိချင်လို့ စမ်းသပ်ကြည့်လိုက်တာပါ”
ထိုအခါ ကိုမောင်က လူအားလုံး ကြားလောက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
“ဘာ...တစ်ညကို ငါးသိန်း ပေးရမယ် ဟုတ်လား ... ငါ့ကို အချဉ်များ မှတ်နေလား... ငါ အဲ့လောက် မတုံးသေးဘူးကွ”
ရထားပေါ်မှ လူများက အလန်းဇယားမလေးကို ဘာညာလားဆိုသော အကြည့်ဖြင့် ဝိုင်းကြည့်ကြလေသည်။
▢ မင်းထင် (ရေဆင်း)
📖 ရယ်စရာ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၅
No comments:
Post a Comment