Sunday, January 15, 2023

ဆေးနည်းကောင်း


 

❝ ဆေးနည်းကောင်း ❞

ဇနီး ဖြစ် သူ က ယောက်ျား အရက်သမား ကို ကွာရှင်း မှ ဖြစ်တော့မည် ဟု ဆုံးဖြစ်ချက် ချ လိုက်ရာ အိမ်နီးနားချင်း တစ်ယောက် က နောက် တစ်ကြိမ် ခန့် အခွင့်အရေး ပေးလိုက် ပါဦး ဟု ဖျောင်းဖျ ကြသည် ။

“ ရှင် သူ ကို ဆူညံ ပူညံ လုပ်မဲ့ အစား ကောင်းကောင်းမွန်မွန် ဆက်ဆံ ကြည့်ပါဦး ”

ဟု အိမ်နီးချင်းများ က ဆိုကြသည် ။

နောက် တစ်နေ့ ည တွင် ယောက်ျား ဖြစ်သူ သည် လူမှန်း သူမှန်း မသိ အောင် မူး ပြီး အိမ် ကို ဒယီးဒယိုင် ဖြင့် ပြန် ရောက် လာသည် ။ မိန်းမ ဖြစ် သူ က သူ့ ကို အရင် လို ဆူညံ ပူညံ မလုပ်တော့ ဘဲ သူ့ အတွက် လက်ဖက်ရည် တစ်ခွက် ဖျော် ပေးသည် ။ ခြေထောက် တွေ ကို နွေးထွေး အောင် လုပ် ပေးသည် ။ အင်္ကျီ နှင့် လည်စည်း ကို ပါ ချွတ် ပေး ပြီး ဆံပင်တွေ ကို ပွတ်သပ် ပေးသည် ။

“ မောင်၊ ကျွန်မတို့ အိပ်ရာ ဝင် ကြရအောင် ”

ဟု ဇနီး က ချိုသာစွာ ပြော သည် ။

“ အေး ... ကောင်းသားပဲ ၊ ကိုယ် အိမ် ပြန်ရင် အိမ် က မယားကြီး က ကုလားထိုင် ပေါ် မှာ ပဲ အိပ် ခိုင်း မှာ ”

ဟု ယောက်ျား ဖြစ် သူ က အာလေး လျှာလေး ဖြင့် ပြောသည် ။

◾ညီသစ်

📖 ဘုံဆိုင်ထဲက ဟာသများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment