❝ တစ်ခုသော နေဝင်ဆည်းဆာ ❞
ကျွန်တော် တို့ မြို့ က ပန်းချီဆရာ နှင့် ဓာတ်ပုံပညာရှင် လူ တစ်စု အတူတကွ ပုဂံ သို့ လေး ငါးရက် ကြာ ခရီးထွက် ကြသည် ။ ကျွန်တော်တို့ ပန်းချီဆရာများ က ပုဂံ ရှုခင်း ကို အမြင် ပုံစံ အမျိုးမျိုး ဖြင့် ပန်းချီ ရေး ကြသလို ဓာတ်ပုံပညာရှင်များ ကလည်း စိတ်ကြိုက် ရှုခင်းရှုကွက်တွေ ရှာ ၍ ဓာတ်ပုံ ရိုက် ယူ ကြသည် ။ တစ်ညနေ တွင် ကျွန်တော်တို့ လူစု သဗ္ဗညုဘုရားကြီး ၏ အထက် ပစ္စယံ ပေါ် က နေ ၍ ပုဂံ နေဝင်ချိန် ကို စောင့် ကြည့်ကြရင်း ဓာတ်ပုံ ရိုက်ကြ ၊ ပန်းချီ ရေးကြ နှင့် အချိန် လု ကာ အလုပ် လုပ် ကြရသည် ။ ထို နေရာ တွင် နိုင်ငံခြားသား တစ်ချို့ လည်း ရောက် နေကြ၍ ကင်မရာ အမျိုးမျိုး နှင့် ပုဂံမြို့ဟောင်း ၏ နေဝင်ဆည်းဆာ အလှ ကို မှတ်တမ်း ဓာတ်ပုံတွေ ရိုက်ယူ ကြသည် ။
ဧရာဝတီမြစ် အနောက် ဘက် မှာ ကမ်းပါးစောက်ကြီးများ နှင့် တွန့်ခေါက်ကျောရိုး ရှိသော တန့်ကြည့်တောင်တန်း သည် မြစ်ကြောင်း နှင့် အပြိုင် တောင်ဘက် သို့ ဆန့်တန်း နိမ့်ဆင်း သွားသည် ။ တောင်ရိုး ကို လွန်၍ အနောက်ဘက် သို့ နေလုံး တဖြည်း ဖြည်း ကျဆင်းသွား ပုံ မှာ တကယ်လည်း ကြည့်၍ လှသည် ။ ဝိုင်းဝိုင်းစက်စက် နေလုံးကြီး သည် လိမ္မော်ရောင်ဝါဝင်း နေရာ မှ ပန်းရောင်ရင့် ပြီးတော့ ကြက်သွေးရောင်ရဲရဲ အဆင့် ဆင့် ပြောင်းလဲ သွားသည် ။
တောင်ထိပ် တွင် မေး တင် နေသည့် နေလုံးနီနီ ကို ကြည့် ရသည် မှာ ကတ္တီပါခင်း ကလပ်ပေါ် က ပတ္တမြားလုံးကြီး အသွင် စိတ် က ထင် သော် ရ၏ ။ တောင်ရိုး အထက် ၌ မိုးကုတ်စက်ဝိုင်းခြမ်း သည် နေရောင်ရဲရဲ နှင့် လင်းလက် နေသည် ။ တစ်ခဏ အကြာ နေလုံး ကျဆင်းသွားသည် နှင့် တောင်ရိပ် သည် လည်း မှိုင်းညိုနက်မှောင် အရောင် ပြောင်းသွားသည် ။ အထက် တွင် မိုးတိမ်လွှာ ဖြူပါးပါး ရှိ နေရာ အောက်ဘက် က မီးမောင်း ထိုးထား သလို နေရောင်ခြည် ဖြာတက် ၍ တိမ်လွှာ အရောင် တောက်ပ နေသည် ။ တိမ်လွှာရောင်ပြန် က ပုဂံမြို့ဟောင်းပေါ် သို့ တစ်ပြိုင်နက် ဖြန့်ကျက် ကျဆင်း လာသည် ။ စေတီ အဆူဆူ နှင့် ပုဂံရှုခင်း သည် လည်း ခဏချင်း ဝင်းလက် သွား၏ ။ တန့်ကြည့်တောင် စွယ်တော်ရှင်စေတီကြီး သည် လင်းလက် နေသော မိုးကောင်ကင် ကို နောက်ခံ ပြုလျက် တောင်ထွတ် ပေါ် ထီးထီးမားမား ရပ်တည် နေတော် မူသည် ။ ရွှေရောင် ဖြင့်လည်း ဝင်း နေ၏ ။ ဧရာဝတီမြစ် ရေပြင် ပေါ် ၌ တောင်ရိပ်နှင့် တိမ်ရောင် တို့ မှောင်တစ်ကွက် လင်း တစ်ကွက် ဖြစ်လျက် မြင် ရသည် မှာ လည်း တစ်မျိုး စွဲမက်ဖွယ် ကောင်း၏ ။ ပုဂံ နေဝင်ချိန် ဆည်းဆာ သည် ရှုမြင်ရသူ တို့ စွဲငြိ လောက်အောင် အမှန်ပင် လှ လေသည် ။
ကျွန်တော် သည် ဒိဋ္ဌဓမ္မ အမြင် အာရုံ ကို မပျောက်ပျက်အောင် မှတ်သား၍ ကင်းဗတ်ပိတ်စ ပေါ် တွင် ကပျာကယာ ပုံကြမ်းလောင်း ယူ ခဲ့သည် ။ ပုဂံခရီးစဉ် မှာ စိတ်ကြိုက် ပန်းချီကား တချို့ ကို ရလာခဲ့သည် ။ “ ပုံဂံနေဝင်ဆည်းဆာ ” ( Bagan Sunset Scene ) အမည် ပေးထားသော ပုံကားချပ် မှာ ကျွန်တော် အားရ အကျေနပ်ဆုံး ပုံ တစ်ခု ဖြစ်သည် ။
ကျွန်တော့် ပန်းချီကားများ ကို ရန်ကုန် က မိတ်ဆွေ တစ်ယောက် ၏ အရောင်းပြခန်း တွင် တင် ထား ပေးသည် ။ မကြာမီ “ ပုဂံနေဝင်ဆည်းဆာ ” ကို ရောင်း ရသည် ။ သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ယောက် က ဝယ်ယူ သွားကြောင်း ကျွန်တော့် ကို မိတ်ဆွေ က ပြောပြသည် ။
ထို့နောက် ကာလ အားဖြင့် ငါးနှစ် ခန့် လွန်လာ၏ ။
••••• ••••• •••••
တစ်နေ့ တွင် ကျွန်တော့် တူမ တစ်ယောက် အလုပ် နှင့် စစ်ကိုင်းမြို့ မှာ ရောက် နေ၍ ကျွန်တော့် ကို အလည် လာရန် လှမ်းခေါ်သည် ။ သူ့ အိမ် မှာ အေးအေးဆေးဆေး ပန်းချီ လာဆွဲ နေဖို့ ပြော သည် ။ ထို တူမ နှင့် ကျွန်တော် မှာ ငယ်စဉ် က အတူ နေခဲ့၍ ကျွန်တော့် ကို အင်မတန် ခင်သည် ။ ကျွန်တော် ပန်းချီ ရေးဆွဲသည် ကို လည်း စိတ်ဝင် စားသည် ။
ကျောင်း အားလျှင် ကျွန်တော် နှင့် အတူ အပြင် ထွက် ၍ ပန်းချီ ဆွဲ သွားရာ နောက် တကောက်ကောက် လိုက်လေ့ ရှိသည် ။ သူ ကိုယ်တိုင် ပန်းချီ မဆွဲတတ်ပါ ။ သို့သော် ပန်းချီကား တစ်ချပ် ကို တစိမ့်စိမ့် ကြည့် တတ်သည် ။ သူ မြင်သမျှ ကို လည်း ဆွေးနွေး ပြောပြတတ်သည် ။ ယခု ထို တူမ က ကျွန်တော့် ကို ဖိတ်ခေါ် ရာ တွင် “ ဦးလေး အံ့ဩဖို့ ပြစရာ တစ်ခု လည်း ရှိတယ် ” ဟု ဆိုပါသည် ။
မကြာမီ စစ်ကိုင်းမြို့ ကို ကျွန်တော် ရောက် သွားသည် ။ တူမ အိမ် မှာ အေးအေးဆေးဆေး နေ၍ စစ်ကိုင်းမြို့ ကို လှည့်လည် ကြည့်ရှု ရင်း ပန်းချီ ရေးကွက် လိုက် ရှာသည် ။ တကယ်တော့ ရေးမည် ဆိုလျှင် တမင် လိုက်ရှာ နေဖို့ပင် မလိုပါ ။ မြို့အနီးတွင် ကောင်းမှုတော်စေတီကြီး ရှိသည် ။ စေတီ အဆူဆူ နှင့် စစ်ကိုင်းတောင်ရိုး မှာ ဥမင်တွေ ၊ ချောင်တွေ ၊ သာသနာ့အဆောက်အဦတွေ ရှိသည် ။ ဧရာတီမြစ် ကို ဖြတ်ကူး ၍ အင်းဝ ဘက် သို့ သွား နိုင်သည် ။ ပန်းချီ ရေး စရာ အကွက်အကွင်းတွေ အများကြီး ရှိသည် ပဲ ။ တစ်ရက် မှာတော့ တူမ နှင့် မန္တလေး ကို သွား ကြသည် ။ မဟာမုနိဘုရားကြီး ကို ဦးစွာ ဝင်၍ ဖူးမြော်သည် ။ ထိုနောက် နန်းရှေ့ မှာ ရှိသော တူမ ၏ အသိ တစ်ယောက် အိမ် သို့ ကျွန်တော်တို့ ရောက် သွားကြသည် ။ ခြံကျယ် ဝင်းကျယ် နှင့် နှစ်ထပ်တိုက်တစ်လုံး တွင် သူ့ အသိ အမျိုးသမီး နှင့် ယောက်ျား ကို တွေ့ ရသည် ။ တူမ ၏ အသိမိန်းကလေး မှာ အချောအလှ တစ်ယောက် ဖြစ်သည် ။ သူ့ ကို ကျွန်တော် မြင်ဖူး သိဖူး သူ တစ်ဦး ဖြစ်လိမ့်မည် ဟု လည်း စိတ်ထဲ က တွေး မိသည် ။
ကျယ်ဝန်း၍ သန့်ရှင်းသားနားသော ဧည့်ခန်း ထဲ ဝင်၍ ထိုင်လိုက် သည် နှင့် မျက်နှာချင်းဆိုင် နံရံ ပေါ် က ပန်းချီကားကြီး တစ်ချပ် ကို ထင်းခနဲ ကျွန်တော် မြင် လိုက်ရသည် ။ ကျွန်တော့် စိတ် ထဲ ရုတ်တရက် မျက်ကနဲ ဝမ်းသာ သွားသည် ။ လွန်ခဲ့သော ငါးနှစ်ကျော် က ကျွန်တော် ရေးဆွဲခဲ့သော “ ပုဂံနေဝင်ဆည်းဆာ ” ကို တွေ့မြင် လိုက်ရသောကြောင့် ဖြစ်၏ ။ ပန်းချီကား ရှေ့ကို ကျွန်တော် အလိုလိုရောက် သွားသည် ။ ဟိုတုန်းက ပုဂံ မှာ ရှုမြင် ခံစားရသော စိတ်လှုပ်ရှားမှု တွေ ယခု တစ်ဖန်ပြန်လည် ပေါ်ပေါက် လာကြသည် ။ ပန်းချီကား ရှေ့ မှာ ရပ်လျက် အံ့ဩဝမ်းသာ ဖြစ်နေသည့် ကျွန်တော့် ကို ကြည့်၍ တူမ ဖြစ်သူ နှင့် မိတ်ဆွေ လင်မယား တို့ က သဘောကျ နေကြသည် ။
“ ကျွန်မ လည်း ပန်းချီ ဝါသနာ ပါတယ် ။ ပန်းချီကား လှလှတွေ သိပ် ဆွဲတတ် ချင်တာ ။ ပန်းချီကား လှ တာ မြင်ရင် စိတ် ကအလိုလို ပျော် လာတာပဲ ။ ဒီ ကား ကို ရန်ကုန် မှာ တွေ့ တုန်း က ကြိုက်တာ နဲ့ တစ်ခါတည်း ဝယ် လာတာ ”
ဟု တူမ မိတ်ဆွေ က ပြော ပြသည် ။
“ လှ တဲ့ သူ က လှ တာ ကို ကြိုက်တာ သဘာဝ ပဲ သမီး ရဲ့ ”
ဟု ကျွန်တော် က ရယ်စရာ စကား လုပ်၍ ပြောလိုက်မိသည် ။
တူမ မိတ်ဆွေ က
“ ဦးလေး ပြောတာ ဟုတ်လိမ့်မယ် ။ ဒါကြောင့်လည်း ဒီပန်းချီကား ကို မြင်တော့ ကျွန်မ မေမေ က လည်း အင်မတန် သဘော ကျ ပါတယ် ”
ဟု ရင်းနှီးခင်မင်သော လေသံ အပြည့် ဖြင့် ပြန် ပြောလာသည် ။
ကျွန်တော် က သူ့ စကား ကို ကောင်းစွာ နား မရှင်း ဘဲ ဖြစ်သွားသည် ။
“ ဘယ်လိုကြောင့်လဲကွယ် ”
ဟု ကျွန်တော် က ဆက်၍ မေးလိုက်၏ ။ သူ က ချက်ချင်း အဖြေ မပေးသေးဘဲ သူ့ အခန်းထဲ ဝင် သွားပြီးနောက် ခဏ အကြာ၌ ပြန် ထွက်လာသည် ။ ပြီးတော့ ကျွန်တော် ရှိရာ အရောက် လာ ၍ သူ့ မှာ ပါ လာသည့် ရုပ်ပုံကားချပ် တစ်ခု ကို ကျွန်တော့် လက်ထဲ ထိုး ထည့်ပေး၏ ။ စက္ကူကားချပ် မှာ အတန်ပင် ဟောင်းနွမ်း နေပြီ ။ သို့သော် ရုပ်ပုံ မှာ မပျက် မစီး ၊ အကောင်း ပကတိ ရှိ သေး၏ ။ ကျွန်တော် အသေအချာ ကြည့်လိုက်တော့ ကားချပ် မှာ မိန်းကလေး လှလှချောချောတစ်ယောက် သွားလေးများ ပေါ်အောင် ပြုံးရယ် နေသည် ကို ခဲ ဖြင့် ကောက်ကြောင်းဖော် ၍ ရေးဆွဲ ထားသော ပန်းချီ ပုံဖြစ် နေ၏ ။ ပထမ တော့ တူမမိတ်ဆွေ မိန်းကလေး ၏ ငယ်ရုပ်ပုံ ဟု ကျွန်တော် ထင်လိုက်သည် ။ နောက်မှ ရုပ်ပုံဘေးနား က လက်ရေး သေးသေးမျှင်မျှင် နှင့် “ တင်မောင်သန်း ” ဟု အမည် ရေးထားသည်ကို တွေ့ လိုက်ရ၍ ကျွန်တော့် နှုတ်ဖျားမှ “ ဟယ် ” ခနဲ အသံ ထွက် သွားသည် ။ ရုပ်ပုံကို ကြည့်ရင်း ကျွန်တော် မယုံနိုင် အောင် အံ့သြ သွား၏ ။ စိတ်ထဲ က လည်း ဝမ်းနည်း ဝမ်းသာ ဖြစ် လိုက်လေသည် ။
“ ဦးလေး အံ့ဩသွားသလား ၊ အဲ့ဒါ ကျွန်မ ရဲ့ မေမေ့ ပုံ လေ ။ “ ပုဂံဆည်းဆာ ” ပန်းချီကား ကို ကျွန်မ ဝယ် လာ တုန်း က ကားချပ် ပေါ် က ပန်းချီဆရာ ရဲ့ နာမည် ကို မေမေ က အသေအချာ ကြည့်ပြီး “ ဪ တင်မောင်သန်း ပဲ ကိုး ” လို့ အသံ ထွက် လို့ ပြော လိုက်တယ် ။ ကျွန်မ က “ ပန်းချီဆရာကို မေမေ သိ လို့လား ” မေးကြည့်တော့ “ သိတာပေါ့ သမီးရယ် ” လို့ တိုးတိုးညင်းညင်း ပြောပါတယ် ။ ပြီးတော့ သူ့ သေတ္တာထဲ က အဲဒီ ပုံလေး ထုတ် ယူ လာပြီး ကျွန်မ ကို ပေးတယ် ။ “ အဲဒါ ကျောင်းသား တုန်း က မေမေ့ ကို တင်မောင်သန်း ရေး ပေးတာ လို့ လည်း ဖွင့်ပြောတယ် ။ မေမေ က အဲဒီ ရုပ်ပုံကားချပ် ကို နှစ်ပေါင်း ၄ဝ ကျော် ကြာလာတဲ့ အထိ မပျောက်အောင် သိမ်း ထားခဲ့တာ ”
ကျွန်တော် တစ်ခဏ တော့ ငေးငေးငိုင်ငိုင် ဖြစ် သွားသည် ။ ရုတ်တရက် ဘာ ပြန် ပြောရမှန်းမသိ ဖြစ်နေ၏ ။ ခဏကြာ မှ
“ သမီး မေမေ အခု ဘယ်မှာလဲ ။ ကျန်းမာ ရဲ့မဟုတ်လား ”
ဟု မေးမြန်း ရသည် ။
“ မေမေ ကျန်းမာပါတယ် ။ ဒီမှာတော့ မရှိဘူး ။ ပြီးတော့ မေမေက သူ့ ဆီ ဧည့်သည်တွေ နဲ့ လာတာ မကြိုက်ဘူး ။ ဒါပေမဲ့ ဦးလေး ကို တော့ မေမေ က တွေ့ချင် မှာ ပါ ”
“ အေးကွယ် ၊ တို့များ ဟာ အင်မတန် ခင် ကြတဲ့ ငယ်သူငယ်ချင်းတွေပါ ”
ညနေ မမှောင်ခင် မန္တလေး မှ ကျွန်တော် တို့ ပြန် လာကြသည် ။ တူမ ဖြစ်သူ က သူတို့ နှစ်ဦး တက္ကသိုလ် နေတုန်း မှာ အသိ ဖြစ် ခဲ့ကြကြောင်း ၊ ယခု သူ စစ်ကိုင်း ပြန် ရောက်လာပြီးနောက် သူ နှင့် ပြန် တွေ့ရ၍ မန္တလေး က သူ့ အိမ် မှာ ကျွန်တော့် ပန်းချီကား ကို တွေ့ရသော အခါ ကျွန်တော် နှင့် သူ့ မိခင် အကြောင်း ကို ဆက်စပ် သိရှိ လာကြကြောင်း ပြောပြသည် ။ ပြီးတော့ သူ က ဆက်ပြော သေးသည် ။
“ ဦးလေး အံ့ဩဖို့ ပြစရာ ရှိတယ် ဆိုတာ တခြား မဟုတ်ဘူး ။ ဦးလေး ငယ်ငယ် က ရေးပေး ထားတဲ့ သူ့ အမေ ဒေါ်သန်းသန်းရဲ့ ပန်းချီ ပုံ ”
“ ဟုတ်တယ် ၊ သန်းသန်း ငယ်ငယ်က အင်မတန် လှတယ် ။ သူ့အစ်မ စန်းစန်း လည်း လှ တာပဲ ။ သန်းသန်း ရယ် ၊ ဦးလေး နဲ့ ဦးလေး သူငယ်ချင်း ယောက်ျားလေး နှစ်ယောက် ရယ် ဟာ အင်မတန် ခင်ကြတယ် ။ သန်းသန်း တို့ မိဘများ က
တို့ မြို့ မှာ တော့ လူချမ်းသာတွေ ကွယ့် ။ ကျောင်း တုန်း က တို့ သူငယ်ချင်း သုံးယောက် က သန်းသန်း ကို စာ ပေးဖူးတယ် ။ တစ်ယောက် နဲ့ တစ်ယောက်လည်း ဖွင့် မပြောကြ လို့ မသိကြဘူး ။ တစ် ညနေ ကျောင်းဆင်း တော့ သန်းသန်း က “ ဟဲ့ကောင်တွေ ၊ နင်တို့ ကို ငါ မုန့်ကျွေးမယ် ။ လာ လိုက်ခဲ့ကြ ” လို့ ခေါ်တယ် ။ ဦးလေး တို့ သုံးယောက် က ဝမ်းသာအယ်လဲ လိုက် သွားကြတာ ။ တကယ်လည်း သူ က မုန့် ကျွေးပါတယ် ။ အဲ မုန့် ကျွေးပြီး ပြီးတော့ တို့ သုံးယောက် ရဲ့စာတွေကို အကုန် ဖတ် ပြီးပြီ ။ ဒီလို စာတွေ အများကြီး ငါ ရဖူးတယ် ။ နင်တို့ စာတွေက ဘာမှ လည်းမဟုတ်ဘူး ။ ငါ လှတာ ကို ပဲ အကောင်း လုပ် ရေး နေကြတာလို့ ပွင့်ပွင့်လင်းလင်း ပြောတယ် ။ တို့ လည်း ရယ်ရယ်မောမော နဲ့ ကိုယ့် ဟာ ကိုယ် ပြန် ယူ လာကြရတယ် ။ သန်းသန်း ဟာ ပြောရလောက်အောင် စိတ်ထားလည်း ကောင်းတယ် ”
ကျွန်တော် တို့ ငယ်ငယ် က အကြောင်း တစ်ခု ကို တူမ ဖြစ်သူ သိအောင် ပြော ပြလိုက်သည် ။
မကြာခင် တစ်ရက် မှာ တူမမိတ်ဆွေ လင်မယား က ကျွန်တော် တို့ ကို ကား နှင့် လာခေါ် ပြီး နောက် မင်းကွန်း ဘက်ကို ပို့ ပေးသည် ။ သီလရှင်ကျောင်း တစ်ကျောင်း ကို ကျွန်တော် တို့ ရောက် သွားကြ၏ ။ တူမ မိတ်ဆွေ က သူ့မိခင် သန်းသန်း ဆိုတာ မှန်ပါသည် ။ သို့သော် ကျွန်တော် တွေ့ ရ သည်မှာ သန်းသန်းမဟုတ် ။ သီလရှင် မသုနန္ဒာ ဖြစ်နေလေ၏ ။
“ နင် တကယ် တော်တဲ့ ပန်းချီဆရာကြီး ဖြစ် နေတာ သိရ လို့ ဝမ်းသာပါတယ် တင်မောင်သန်းရယ် ”
ဟု သူ က စတင် နှုတ်ဆက်၏ ။
“ ငါ့ ရဲ့ ပန်းချီပုံတွေ ကို ကြည့်ပြီး လူတွေ ကို ကြည်နူး ဝမ်းသာ ဖြစ်စေချင်တာ ဟာ ငါ့ ဆန္ဒ ပါ ပဲ ”
ဟု ကျွန်တော် က ပြောပြသည် ။ ပြီးတော့ မှ သူ သီလရှင် ဝတ် ရသည့် စိတ်ကူး ဖြစ်လာပုံ ကို စုံစမ်း ကြည့် သည် ။
“ နင့် ဘဝ မှာ အစစ အရာရာပြည့်စုံ တာ ကို ငါ သိတယ် ။ ဘယ်လို ကြောင့် လောကီ ကို ငြီးငွေ့ သွားသလဲ ဆိုတာ ပဲ ငါ သိချင်တာ ”
“ ရိုးရိုးသားသား ဖြစ်ရတာမို့ မအံ့ဩလောက်ပါဘူး ။ တစ်ခုပဲ ပြောစရာ ရှိတာက ကိုယ် မြင်ရတွေ့ရ တဲ့ အဖြစ်အပျက် တွေ အပေါ် မှာ သတိထား ဆင်ခြင် မိတာ ကို ပဲ ပြော ရမှာပါ ။ တို့ ရဲ့ မိဘ တွေ ချမ်းသာ လို့ ငါတို့ညီအစ်မ ချမ်းသာ လာ ကြတာ နင် သိတယ် ။ နောက် ဘဝ များမှာ ရော ဒီလို ပြည့်စုံ ဖို့ သေချာတာ မဟုတ်ဘူး ။ အတိတ် က ကာမာဝစရ ကုသိုလ် အကျိုး ပေး လို့ ခု ဘဝ မှာ ပစ္စည်းဥစ္စာ ရော ၊ ရုပ်ရည် ပါ လို့ ညီအစ်မ မှာ လာပြီး ပြည့်စုံ ရတာ ။ ဒါပေမဲ့ တင်မောင်သန်း ရယ် နင်စဉ်းစား ကြည့်စမ်းပါ ။ တို့ များ လှတယ် ဆိုတာ ဘုရား လက်ထက်တော် က ခေမာမိဖုရား တို့ လောက် ၊ ဇနပဒကလျာဏီ မင်းသမီး တို့ လောက် လှ နိုင်လို့လား ။ မာဂဏ္ဍီ ပုဏ္ဏားကြီး ကို မြတ်စွာဘုရား မိန့်တော် မူ တာ ရှိတယ် ။ ပုဏ္ဏားကြီး က သူ့ သမီး လှလွန်း ချောလွန်း လို့ သာမန် ယောက်ျား နဲ့ မပေးစားနိုင်ဘူး ။ ဘုန်းကံ ကြီးမား တဲ့ ယောက်ျား နဲ့ ပေးစားမယ် ဆိုပြီး လိုက် ရှာလို့ ဘုရား ကို တွေ့တဲ့ အခါ အင်မတန် သဘောကျပြီး သူ့ သမီး ကို အလုပ်အကျွေး အဖြစ် နဲ့ လက်ခံ ဖို့ အပ်နှံ တော့တယ် ။ ဒီအခါ မှာ ဘုရားရှင် က “ ကျင်ကြီး ကျင်ငယ်တွေ အပြည့် ရှိ တဲ့ သင့် ရဲ့ သမီး ကို ငါ ဘုရား ခြေဖျား နဲ့ တောင် မထိ လို ဘူး ” လို့ မိန့်တော်မူတယ် ”
“ ဘုရား မိန့်တော် မူ တာ မှန်လိုက်တာနော် ။ ငါ့ အစ်မ အစာအိမ် ရောဂါ ဖြစ်လို့ ဆေးရုံ တက်ပြီး ခွဲ ရတယ် ။ ရောဂါ ဆိုး လွန်းလို့ ခုတင် ပေါ်မှာ ပိုက်တွေ တန်းလန်း နဲ့ သတိမရ တစ်ချက် ရ တစ်ချက် ဖြစ်နေ တဲ့ ငါ့ အစ်မ ခမျာ ပင်ပန်းလိုက်တာ ။
နောက်ဆုံး မှာ ရောဂါ မပျောက် ဘဲ သူ့ ကိုယ်က ရုပ် အဆင်း အလှ တွေ သာ ဖရိုဖရဲ ပြောင်းလဲ ဖောက်ပြန်ကုန် ကြတယ် ။ မကြာဘူး ၊ ငါ့ အစ်မ မှာ အရိုး ငေါက်တောက် ၊ မျက်ကွင်း ဟောက်ပက် နဲ့ ဆိုးရွား လိုက် တဲ့ ရုပ် ခန္ဓာ ၊ လူသာ သေ သွားရော
ဘယ်လို မှ ကြည့် မလှပါဘူး ။ ပိုက်ဆံ ရှိ လို့ ဆေးဝါးတွေ အပြည့်အစုံ နဲ့ ကုတာပဲ ။ မရပါဘူး ။ အဲဒီနောက် ငါ့ ယောက်ျား သွားရင်း လာရင်း ရုတ်တရက် ဖျတ်ခနဲ သေသွားတယ် ။ သူ့ ကျတော့ ဆေး ကုသ ဖို့ အချိန်လေး တောင် မရလိုက်ဘူး ။ ဒီ အတိုင်း ကြည့်နေလိုက်ရတယ် ။ ဘယ်လောက်များ အံ့သြဖို့ ကောင်း သလဲ ။ သူတို့ နှစ်ယောက် က ငါ့ ကို တရားပြ သွား ကြတယ်လို့ ယူဆ လိုက်မိတယ် ။ အဲဒါတွေ စဉ်းစား ကြည့် လိုက်တော့ ကိုယ် အပိုင် မရှိ တာ ကို အရှိ လုပ် နေရတဲ့ ဘဝ ကို အကြောက်တရား နဲ့ မြင် လာတယ် ။ ဘာ တစ်ခု မှ မမြဲတဲ့ သင်္ခါရ ဓမ္မ ကို နားလည် လာတယ် ။ ကိုယ့် အသက် ကို တွက်ကြည့် ပြီး ငါ ဟာ အချိန်မရွေး သေ နိုင်တဲ့ အရွယ်ပါကလား လို့ သတိ ထား မိတယ် ။ အဲဒီ နောက် ငါ့ ဘဝ ရဲ့ နောက်ဆုံး ကျန် နေသေးတဲ့ အချိန်ပိုင်းလေး မှာ ငါ အချည်းနှီး အသေ မခံသင့်ဘူး လို့ အသိ တစ်ခု ရ လိုက်တာ နဲ့ လောကီ က လွတ်အောင် ထွက် ခဲ့တာပဲ ။ လောကုတ္တရာ ကုသိုလ် ဆိုတာ သေချာ တိကျ တဲ့ အကျိုးပေးမှု ရှိတယ် မဟုတ်လား ။ သီလရှင်ဝတ် နဲ့ ဆိုတော့ ပလိဗောဓ နည်းတယ် ။ လူတွေ အများ နဲ့ ဝေးဝေးရှင်းရှင်း နေ နိုင်တယ် ။ တရားဓမ္မ အားထုတ်ဖို့ အချိန် ပို ရတယ် ။ ဒါပါပဲ တင်မောင်သန်း ရယ် ”
မင်းကွန်း က ပြန် လာတော့ ငါ လည်း အသက် မငယ်တော့ပါလား ဟု မိမိ ကိုယ် ကို တွက်ဆမိသည် ။ အမှန် ပြော ရလျှင် သန်းသန်း ရော ၊ ကျွန်တော် ပါ ဘဝ နေဝင်ချိန် ကို ရောက်လာကြပြီ ၊ ဘဝ ဆိုသည် မှာ အဖြစ်နှေးကွေး ပေ မဲ့ အပျက် မှာ မြန်ဆန် သည် ။ ဒီသဘောတရား ကို သန်းသန်း က တော့ သတိ ရှိ သူ ဖြစ်၍ အချိန်မီ အခါမီ အမှန် မြင် လိုက်ပြီး ၊ သူ သည် ကိုယ့် ဘဝ နေဝင်ချိန် ကို အကောင်းဆုံး အလှဆုံး ဖြစ် အောင် ပြင်ဆင် ထား နှင့်သည် ။ ယခု အတိုင်း ဆိုလျှင် သူ့ အဖို့ တကယ် ကျေနပ်စရာ ကောင်း၍ သူ့ ဘဝ တကယ်လည်း လှသည် ။ သန်းသန်း ၏ ရုပ် အလှ ကို တစ်ခါ က ကျွန်တော်
ကောက်ကြောင်း ချ ၍ ပေါ်လွင် အောင် ရုပ်ပုံ ရေးဆွဲ ဖော်ပြ နိုင်ခဲ့သည် ။ ပုဂံမြို့ ၏ နေဝင်ဆည်းဆာ အလှ ကို ရှုကြည့် မဝအောင် ကျွန်တော် အရအမိ ဆေး ရေး ၍ ပန်းချီ ပုံ ဖော် ပြနိုင်ခဲ့သည် မှာ လည်း အမှန်ပင် ဖြစ်သည် ။ သို့သော် ယခု အခါ သန်းသန်း ၏ နူးညံ့သိမ်မွေ့သော ဘဝ ဆည်းဆာအလှ ကို ပေါ်လွင်အောင် ကျွန်တော် မည်သို့မျှ ဆေး ရေး၍ ပုံဖော် ပြနိုင်စွမ်း မရှိသည် ကို တော့ အမှန်အတိုင်း ဝန်ခံခဲ့ရပါမည် ။
◾မောင်လူခင်
📖 Health For All
၂၀၀၉ ခု ၊ ဇူလိုင်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment