❝ ရဲတိုက်ဆောက်သူ ❞
[ ဧရာဝတီမြစ် ဟာ မြန်မာနိုင်ငံ အတွက် အသက်သွေးကြောမကြီး ဖြစ်ပါတယ် ။ ဧရာဝတီ ကို အမှီပြုပြီး မြန်မာ ပြည်သူလူထု သန်းပေါင်း များစွာ ရှင်သန် နေထိုင် ကြရတယ် ။ ဧရာဝတီ ကြောင့် စိုက်ပျိုးရေးနိုင်ငံအဖြစ် ရပ်တည်နေ တာ ဖြစ်ပါတယ် ။ ကုန်စည်ပို့ဆောင်ရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ သစ်ထုတ်လုပ် ရေးစတဲ့ မြန်မာ့စီးပွားရေး အတွက် လည်း ဧရာဝတီ က အရေးကြီးတယ် ။ ဧရာဝတီ ဟာ မြန်မာပြည် အတွက် မရှိမဖြစ် မြစ် တစ်စင်းပါ ။ ဧရာဝတီ မရှိ ရင် မြန်မာပြည် လည်း မရပ်တည် နိုင်ပါဘူး ။
ကျေးဇူး ကြီးမားလှတဲ့ ဧရာဝတီမြစ် ရဲ့ အလှ ကို အသိအမှတ် ပြုတဲ့ အနေနဲ့ ကျွန်တော်တို့ ခရီး တစ်ခု စီစဉ်ခဲ့ကြတယ် ။ ခရီးဖော် ထဲ မှာ လူငယ် သတင်းစာဆရာ အယ်ဒီတာတွေ ပါတယ် ၊ ရုပ်ရှင်ဗီဒီယို ကင်မရာဆရာတွေ ပါတယ် ၊ ဓာတ်ပုံဆရာတွေ ပါတယ် ။ မန္တလေး မှ ဗန်းမော် အထိ သင်္ဘော နဲ့ ဧရာဝတီ မြစ်ကြောင်း အတိုင်း အစုန် အဆန် သွားတယ် ။ မြစ်ကြောင်း တစ်လျှောက် က မြို့ရွာ သောင်ကမ်းတွေ ကို လေ့လာ တယ် ။ ဧရာဝတီ လင်းပိုင် နဲ့ ငှက်ပေါင်းစုံ ကို မှတ်တမ်း တင်တယ် ။
အဲသည် ခရီးစဉ် မှာ ခရီးဖော် အဖြစ် ဆာတိုရီ ဗီဒီယိုရုပ်ရှင် အဖွဲ့သားတွေ ပါတယ် ။ မှတ်တမ်းရုပ်ရှင်ကားတွေ ရိုက်တဲ့ ကင်မရာဆရာ ကိုတေဇာဝင်းထွန်း ၊ ဒါရိုက်တာ ရီဇော် ၊ ရုပ်ရှင်မင်းသား ရဲတိုက် တို့ လည်း ပါတယ် ။
သင်္ဘော အမိုး ပေါ် မှာ ရှုမျှော်ခင်း ကြည့်ဖို့ သီးခြား နေရာ ရှိတယ် ။ မိုးကာဖျင် မိုး ထားတဲ့ အရိပ် မှာ ကူရှင် ခင်းထားတဲ့ ပက်လက်ကုလားထိုင် မှာ သက်သောင့်သက်သာ ထိုင် ရင်း မြစ်မင်းဧရာ ရဲ့အလှပေါင်းစုံ ကို ကြည့် နိုင်တယ် ။ မိတ်ဆွေချင်း စကား ဖောင် ဖွဲ့ နိုင်ကြတယ် ။
ရဲတိုက် ကို သတိထား ကြည့်တဲ့ အခါ ဗီဒီယိုကင်မရာ တစ်လုံး နဲ့ သဘာဝအလှ အပတွေ ကို မှတ်တမ်း တင် နေတာ ၊ စာအုပ် တစ်အုပ် ကို ဖတ် နေတာ မျိုး တွေ့ရတာ ပို များတယ် ။ သူ ဖတ်တဲ့ စာအုပ်တွေ ကလည်း လေးနက် တဲ့ စာကောင်း ပေကောင်းတွေ ဖြစ်တာ တွေ့ရတယ် ။ သူ နဲ့ စကားစမြည် ပြော ကြည့် တော့ လည်း ဘဝအမြင်တွေ က လေးစားစရာ ကောင်းတယ် ။
သူ့ ဘဝ ကို မေး ကြည့်တော့ တောင်ကြီးမြို့ မှာ မွေးတယ် ။ ဖခင် က စီးပွားရေး လုပ်ငန်းရှင် ။ သူ ၁၁ နှစ်သား မှာ သူ့ မိခင် ဆုံးပါးတယ် ။ သူတို့ညီအစ်ကို သုံးယောက် ပြင်ဦးလွင် က ဘော်ဒါဆောင် မှာ နေကြရတယ် ။ ရဲတိုက် က စာ တော် တော့ ဘော်ဒါ ဆောင်ပိုင်ရှင် က သူ့ အဆောင် အတွက် ကြော်ငြာကောင်း ဖြစ်ဖို့ စာတွေ တွန်း သင်တယ် ၊ စာတွေ ဖိကျက် ခိုင်းတယ် ။ မရောက်သေး တဲ့ အတန်း က စာတွေ ကို ကြို သင်တယ် ။
သူ့ ဖခင် က တစ်အိုး တစ်အိမ် ထပ် ထူထောင် လိုက်တယ် ။
ဖိအား ပေါင်းစုံ ဒဏ် မခံနိုင်ဘဲ ပြင်ဦးလွင် ကို စွန့်ခွာပြီး တောင်ကြီး ကို ရဲတိုက် ပြန် ခဲ့တယ် ။ ဆယ်တန်း တစ်နှစ် ကျတယ် ။ ဒုတိယနှစ် ဖြေဖို့ စာ ကျက်ရင်း ကျန်းမာရေး က ဖောက်ပြန် လာတယ် ။ ရဲတိုက် ရင်ဆိုင် ခဲ့ ရတဲ့ ဘဝ အကွေ့တွေ ကို ကျွန်တော် စိတ်ဝင်တစား နားထောင် နေမိတယ် ။ ]
••••• ••••• •••••
ဆယ်တန်း ဒုတိယနှစ် ကို မဖြေဘဲ ကျွန်တော် လွှတ်လိုက်တယ် ။ တစ်သက် လုံး စာ ကို ပဲ စိတ်ဝင်စားပြီး စာ ပဲ လုပ်ခဲ့တာ ။ ဆယ်တန်း မှာ All D ( ဘာသာစုံ ဂုဏ်ထူး ) ရဖို့ ရည်မှန်းချက် ထားခဲ့ပေမဲ့ ဆယ်တန်းစာမေးပွဲ ကို တကယ် ဖြေတဲ့ အခါ အောင်မှတ် ရရုံ နဲ့ ပဲ ကျေနပ်ခဲ့တယ် ။
ဆယ်တန်း အောင် ပြီးတော့ အိမ် က စီးပွားရေး အလုပ် ကို ဝင် လုပ်တယ် ။ တက္ကသိုလ်ပညာရေး ကို လည်း ကျွန်တော် လွှတ် လိုက်ပြီ ။ အဝေးသင် ပဲ ယူ လိုက်တော့ တယ် ။ Business Management ယူတယ် ။
အဖေ က ကန်ထရိုက် အဆောက်အအုံတွေ ဆောက်တယ် ။ သစ် လုပ်တယ် ။ အဲဒီ အလုပ် ကို ဝင် လုပ်တာ တစ်နှစ်ခွဲ လောက် ကြာ တယ် ။ တော ထဲ ကို သစ်ကားတွေ နဲ့ လိုက်တယ် ။ တော်တော်လည်း ကျင်ကျင်လည်လည် ရှိ လာပြီ ၊ ကျွမ်းကျွမ်းဝင်ဝင် လည်း ရှိလာပြီး ပိုက်ဆံ ရှာနိုင်ပြီ ဆိုတဲ့ အချိန် မှာ အဲသည် အလုပ် ကို အရမ်း စိတ် ကုန် သွားတယ် ။ မလုပ်ချင် တော့ဘူး ။
ဘာလို့လဲ ဆိုတော့ နိစ္စဓူဝ ဆက်ဆံ ရတာ က ဂိတ်ကြေးဆက်ကြေး တောင်း တဲ့ လူတွေ နဲ့ ။ ကျွန်တော် နဲ့ ဘယ်လို မှ အဆင် မပြေဘူး ။ ကျွန်တော် က အေးအေးဆေးဆေး ၊ အေးအေးလူလူ နေ ချင်တာ ။
ကိုယ့် ဟာ ကိုယ် ဘာ လုပ်ချင်တာလဲ ပြန် မေးတယ် ။ အချိန် ယူ ပြီး စဉ်းစား တယ် ။
ကျွန်တော် ငယ်ငယ် ကတည်း က ဝါသနာ ပါတဲ့ အလုပ် တော်တော် ရှားတယ် ။ ဘောလုံးကန် တာ လည်း ဝါသနာ မပါဘူး ၊ ဂီတာ တီး တာ လည်း ဝါသနာ မပါဘူး ။ ဘာမှ မည်မည်ရရ ဝါသနာ ပါ ခဲ့တာ မရှိတော့ ဘာ လုပ်ရမလဲ သေသေချာချာ စဉ်းစားတယ် ။
ကျွန်တော် ငယ်ငယ် က ရုပ်ရှင်ကားတွေ အရမ်း ကြည့်တယ် ။ ကာတွန်းတွေ အရမ်း ဖတ်တယ် ။ ဝတ္ထုတွေ အရမ်း ဖတ်တယ် ။ အတွေးအခေါ် နဲ့ ပတ်သက် တဲ့ စာအုပ် တွေ ကြိုက်တယ် ။ ကိုယ့် ဟာ ကိုယ် တစ်ယောက် တည်း လုပ်ရတဲ့ အလုပ် မျိုး ကြိုက် တယ် ။ ပန်းချီ ဆွဲတယ် ။
အဲဒီ ထဲ က ငါ ဘာ ဝါသနာ ပါလဲပေါ့ ။ အဲဒီ အရွယ် ဆိုတော့ အဟောင်းကြီး တွေ လည်း သိပ် မလုပ်ချင်ဘူး ။ တကယ် စူးစူးစိုက်စိုက် လုပ်လို့ ရမဲ့ အလုပ် ဘာ ရှိသလဲ စဉ်းစားတယ် ။
စဉ်းစား လိုက်တော့ ရုပ်ရှင် ကို ကြိုက်တယ် ။ ရုပ်ရှင် ထဲ မှာ မင်းသား ဖြစ် ချင်တာ လား ဆိုတော့ မဟုတ်ဘူး ။ ဇာတ်ကား တစ်ကား ဖြစ်ဖို့ အတွက် နောက်ကွယ် က ဖန်းတီး တာ ကို ပို စိတ်ဝင်စားတယ် ။
ဘယ်မှာ သတိထား မိသလဲ ဆိုတော့ ရုပ်ရှင်ဇာတ်ကား ကြည့် ပြီးရင် ဘယ်တော့ မှ ဇာတ်လမ်း မမှတ်မိဘူး ။ မင်းသား က မင်းသမီး ကို ဘယ် နေရာ မှာ ဘာ စကားလုံး ပြော လိုက်သလဲ ဆိုတာလည်း သတိ မထားမိဘူး ။ ဘယ်လို အမူအရာ မျိုး နဲ့ သရုပ်ဆောင် သလဲ ဆိုတာ လည်း မမှတ်မိဘူး ။
ဇာတ်ကား တစ်ကား ကို ဘယ်လို ရိုက်သလဲ ဆိုတာ တစ်ကြိမ် တစ်ခါမျှ လည်း မမြင်ဖူးဘဲ နဲ့ စိတ် ထဲ မှာ မှန်း ကြည့်တယ် ။
ကိုယ် ဝါသနာ ပါတာ ရှာရင်း နဲ့ ကျွန်တော် တကယ် ဝါသနာ ပါတာ တစ်ခု တွေ့ မိတယ် ။ ပုံစံငယ် ဆောက် တာ ။ ရုပ်ရှင်ပြကွက်တွေ မှာ ပတ်ဝန်းကျင် ရဲ့ taste ရ အောင် ၊ ဥပမာ ၁၉၄၀ ခုနှစ် လောက် က ရန်ကုန်မြို့အကြောင်း ရိုက်တယ် ဆိုရင် အဲဒီ အချိန် က အဆောက်အအုံတွေ ဒီဇိုင်း အတိုင်း ပုံစံငယ်လေးတွေ ဆောက်တယ် ။
ကျွန်တော် ပထမဦးဆုံး ဆောက်ခဲ့တာ က ရဲတိုက်လေး တစ်လုံး ။ ကျွန်တော် အလုပ် လုပ်လို့ ရတဲ့ ပိုက်ဆံ နဲ့ ဆောက်တာ ။ အပြီး မသတ်သေးဘူး ။ မျက်နှာစာ ပဲ ပြီး သေးတယ် ။
အဲဒီတော့ ရုပ်ရှင် လမ်းကြောင်း ကို ရွေး လိုက်တယ် ။ အိမ် က ထွက်ဖို့ စဉ်းစားတယ် ။ မိဘ မျိုးရိုး ထဲ မှာ အနုပညာ နဲ့ ပတ်သက်တာ မရှိဘူး ။ အဖေ က ရှေ့နေ တစ်ဖြစ်လဲ စီးပွားရေး လုပ်ငန်းရှင် ။ အမေ က လူရည်ချွန် နှစ်ထပ်ကွမ်း ရခဲ့တဲ့ ကျောင်းဆရာမ ။ အဘိုး ဆိုရင် လည်း ပညာမင်းကြီး ပေါ့ ၊ ဦးထွန်းအုံ ။ မိဘတွေ က တော့ ကျွန်တော့် ကို ပညာရေး နဲ့ ပတ်သက်တဲ့ လမ်း ကို ပဲ လျှောက် စေ ချင်တယ် ။
ဒါနဲ့ ကျွန်တော် ညာ တယ် ။ အိုင်တီ ပရိုဂရမ်မင်း ဘာသာရပ် ကို ရန်ကုန် သွား တက်မယ် ၊ ခွင့် ပေးပါပေါ့ ။
သွားခွင့် ရတယ် ။ ရန်ကုန် ရောက်တော့ ပရိုဂရမ်မင်း မတက် ဘဲ အက် ( ဖ် ) အေအီး တက်တယ် ။ ရုပ်ရှင် နဲ့ ပတ်သက်ပြီး filmmaking နဲ့ ဗီဒီယို အက်ဒီတင်း ကို သင်ပေး တဲ့ မြန်မာပြည် မှာ ပထမဆုံး ကျောင်း ပေါ့ ။ တစ်နှစ် ကျော် တက် ရတယ် ။ ပရိုဂရမ်မင်း ကျောင်းစရိတ် နဲ့ လေးဆ လောက် ကွာ တော့ အိမ် က ပေးတဲ့ ငွေ နဲ့ မလောက် ဘူး ။ ကျောင်း မပြီးခင် မှာ ကျွန်တာ် အလုပ် ဝင် လုပ် ရတယ် ။ ဦးအောင်ကိုလတ် ဆီ မှာ ရိုက်ကူးရေး crew ပေါ့ ။ ကျောင်း ကသင်တဲ့ ဟာတွေ လက်တွေ့ လုပ်ခွင့် ရတယ် ။ ကျောင်း က တော့ ကျောင်း ခေါ်ချိန် အပြည့် မတက်လို့ ဆိုပြီး ဒီပလိုမာ မပေးဘူး ။
ဦးအောင်ကိုလတ် ဆီ မှာ နှစ်နှစ် လောက် အလုပ် လုပ် ပြီးတဲ့ အချိန် မှာ စားဝတ် နေရေး ကျပ်တည်း လာတယ် ။ အဖေ က လည်း ကျွန်တော် အိုင်တီ မတက်ဘဲ FAE တက် တယ် ၊ ဒီပလိုမာ ရ မသွားဘူး ဆိုတာ သိ သွားတော့ အကုန် ဖြတ် တောက်ပစ် လိုက်လို့ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ် ရမယ့် အနေအထား ရောက် သွားတယ် ။ ကျွန်တော် ရှာ တဲ့ ပိုက်ဆံ နဲ့ ကျွန်တော် နေ ဖို့ မလုံလောက်ဘူး ။
အနုပညာ အသိုင်းအဝိုင်း ထဲ က ဦးအောင်ကိုလတ် ဆီ လာတဲ့ လူတွေ က မော်ဒယ် လုပ်ပါလားလို့ အကြိမ်ပေါင်း များစွာ ပြောဖူးပေမယ့် စိတ် မဝင်စားဘူး ။ အသက်မွေး ဖို့ ငွေ လို နေတဲ့ အချိန် ။ အဲဒီ အချိန် မှာ မော်ဒယ်တွေ က လည်း ခေတ် ကောင်း တယ် ။ ရှိုး တစ်ခု လျှောက် ရင် တစ်သောင်း နှစ်သောင်း ရတဲ့ အချိန် မို့ မော်ဒယ်လုပ် မယ်လို့ တစ်ထိုင် တည်း ဆုံးဖြတ်ချက် ချ လိုက်တယ် ။
ထမင်းဆိုင် မှာ နေ့လယ်စာ ထမင်း စား နေရင်း ငါ ဘာ လုပ် ရရင် ကောင်းမှာ လဲ စဉ်းစားတာ ။ ကျွန်တော့် အခြေအနေ က အဆောင် ရှေ့ က ထမင်းဆိုင် မှာ မနက် မိုးလင်း မှာ breakfast မစားဘူး ။ ၁းဝဝ နာရီ ၂းဝဝ နာရီ လောက် မှာ မနက်စာ ၊ နေ့လယ်စာ ၊ ညစာ ပေါင်း စားတယ် ။
ထမင်းဆိုင် က ထပြီး မတင်မိုးလွင် ရဲ့ မော်ဒယ်သင်တန်း ကို သွားတယ် ။ အဲဒီမှာ ပုံစံ ဖြည့်ရတယ် ။ ( ပြုံးလျက် ) အနုပညာ အမည် ဆိုတဲ့ အကွက် ကို ချန်ထားပြီး ကျန်တာ ကို ဖြည့် သွားတယ် ။ နောက် ကျွန်တော် ဆောက် ခဲ့တဲ့ ရဲတိုက်လေး ကို သတိ ရတယ် ။ မပြီးသေးတဲ့ ဟာလေး ကို ဆက် ဆောက်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရဲတိုက် လို့ ပေး လိုက်တာ ။ ကျွန်တော့် နာမည်ရင်း က လင်းထွန်းဦး ပါ ။
မတင်မိုးလွင် ဆီ မှာ သင်တန်း တက်ပြီး မော်ဒယ် လောက မှာ ကျင်လည်တယ် ။ ရှိုး နှစ်ကြိမ် ပဲ လျှောက် ဖူးတယ် ။ ဆက် မလျှောက်ချင်တော့ဘူး ။ ဒါ ကျွန်တော် လုပ်ချင် တဲ့ အလုပ် မဟုတ်မှန်း သိ လာတယ် ။
ဒီလိုနဲ့ ဘာမှ မလုပ်ဘဲ သုံးလ လောက် ကြာတယ် ။ ဘာ ဆက်လုပ် ရမယ် ဆိုတာ လက်ဆုပ် လက်ကိုင် လည်း မရှိဘူး ။ လမ်းကြောင်း လည်း မရှိဘူး ။ တောင်ကြီး လည်း မပြန်ချင်ဘူး ။ ဒါပေမဲ့ တောင်ကြီး ပြန် ပြီး နောက် တစ်ကြိမ် ကြိုးစားရမှာ လား လို့ စဉ်းစား နေ မိပြီ ။
ကျွန်တော် ပထမဆုံး လျှောက် လိုက်မိတဲ့ ရှိုးပွဲ ကို ဗျူတီမဂ္ဂဇင်း က ကိုမျိုးဇော် ( ဒါရိုက်တာရီဇော် ) က လာကြည့် တယ် ။ မဂ္ဂဇင်း မှာ ထည့်ဖို့ ဓာတ်ပုံ ရိုက်ဖို့ လိုတော့ လိုက်လာတယ် ။ ဗျူတီမဂ္ဂဇင်း အီမိုးရှင်း ကဏ္ဍ အတွက် နှစ်ကြိမ် လောက် ဓာတ်ပုံ ရိုက် တယ် ။ ပြီးတော့ ရုပ်ရှင် သရုပ်ဆောင် လုပ်ချင်သလား လို့ မေး တယ် ။
ရိုးရိုးသားသား ပြော ရရင် အဲဒီ အချိန် အထိ သရုပ်ဆောင် လုပ် ဖို့ စိတ်ကူး မရှိဘူး ။ မော်ဒယ်လုပ် နေတုန်း က တော့ ပေါ်ပြူလာလေး ဖြစ် လာ ရင် ကြော်ငြာ ရိုက် တဲ့ လမ်း ကြောင်း ပေါ် ရောက်သွား နိုင်တယ် လို့ တော့ တွေး ဖူးတယ် ။ မော်ဒယ် တကယ် ဝင် လုပ် ရတဲ့ ရည်ရွယ်ချက် က ရှိုး လျှောက်လို့ ရတဲ့ ပိုက်ဆံ ကို လိုချင်တာ ။
ကျွန်တော် မျှော်လင့် ထား တာ မဟုတ်တဲ့ သရုပ်ဆောင် လမ်းကြောင်း က တစ်ဆင့် ကျွန်တော် ဖြစ်ချင်တာ ကို သွား ခွင့် ရ နိုင်တယ် ။ သရုပ်ဆောင် လုပ်ရင်း နဲ့ အတွေ့အကြုံ ရ လာတဲ့ အခါ directing ဘက် ကူးနိုင်တယ် ။ ရုပ်ရှင် နဲ့ ပတ်သက်ပြီး အရင် ကျွန်တော်တို့ နိုင်ငံ မှာ မရှိသေးတဲ့ Director of photography ရှိ လာပြီ ။ စီနီမာတိုဂရပ်ဖီ ပေါ် လာပြီ ။ အဲဒီလို အသစ် တစ်ခု ခု လုပ်ဖို့ အခွင့်အရေး ရ နိုင်တယ် လို့ တွေး မိပြီး သရုပ်ဆောင် လုပ်မယ် လို့ ဆုံးဖြတ် လိုက်တယ် ။
အမှောင်ငွေ့ရနံ့ ကို အိန္ဒြာကျော်ဇင် နဲ့ တွဲပြီး ပုပ္ပားတောင် မှာ ပထမဦးဆုံး သွား ရိုက်တယ် ။ ကျွန်တော် ငယ်ငယ် ကတည်း က သိခဲ့တာ က ဘယ်အရာ ပဲ လုပ်လုပ် confidence ( ယုံကြည်မှု ) ပါရင် ပိုပြီး ခရီး ရောက်တယ် ။ အဲဒီ ကား မှာ ရ ခဲ့တဲ့ ယုံကြည်မှု ဟာ နောက် ကားတွေ အတွက် အဆင် ပြေ သွားတယ် ။ ဆာတိုရီ ( ဗီဒီယို ရုပ်ရှင်ထုတ်လုပ်ရေး ) နဲ့ ဆယ်ကား လောက် ရိုက်ဖြစ် သွားပြီ ။
◾ကျော်ရင်မြင့်
📖 အရောင်အသွေးစုံစုံ
ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment