Friday, January 20, 2023

သင်းကွဲငှက် ရဲ့ အလွမ်းတေး တစ်ပုဒ်


 

❝ သင်းကွဲငှက် ရဲ့ အလွမ်းတေး တစ်ပုဒ် ❞

ယခု ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း မှာ ထူးခြားတာလေးတွေ ကြုံ ရသည်  ။ မျှော်လင့် မထားသော သူများ ထံ မှ အသံတွေ ကြား လိုက်ရခြင်း ဖြစ်သည်  ။ လူချင်း မတွေ့ ရ မဆုံ ရ သည် မှာ ကာလ အား ဖြင့် နှစ် ပေါင်း ( ၄၀ ) နီးပါး မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် မိတ်ဆွေများ ဖြစ် နေ ပြန်သည်  ။ ကိုကံညွန့် ကို တော့ ငယ်သူငယ်ချင်း ဟု ပြော၍ ရသည်  ။

ရန်ကုန်မြို့ ရှိ စိန်ဂျွန်း ဒိုင်အိုစီစင် ယောက်ျား ကလေးများ အထက်တန်းကျောင်း ပဉ္စမတန်း ( E ) မှာ ကျွန်တော် တို့ စတင် ၍ ဆုံစည်းခဲ့ကြရသော ငယ်ပေါင်း တစ်ယောက် ဖြစ်သည်  ။ ကျောင်း မှာ တုန်း က တော့ သူ့ ကို တခြား သူငယ်ချင်းများ နည်းတူ ကံညွန့် ဟု ကျွန်တော် ခေါ် မိ ခဲ့ ပေလိမ့် မည် ။ သည် မနက် မှာ သူ က ဖုန်း ဆက် သဖြင့် ၊ အံ့အားတသင့် ဖြစ်သွား မိ ချိန်တွင် မူ ကျွန်တော့် စိတ် ထဲ က ကိုကံညွန့် ဟု ခေါ်ချင် လာ သဖြင့် “ ဟုတ်ကဲ့ ” “ ကျွန်တော် ” “ ကိုကံညွန့် ”
စသော စကားလုံးများ အလိုလို သုံးမိ လျက် သား ဖြစ်သွားသည်  ။ သူ ကတော့ ငယ်ဘဝ တုန်းက ထုံးစံ အတိုင်း မပြောင်းလဲ ဘဲ “ ဟေ့ကောင် ” “ မင်း ” “ ငါ ” စသဖြင့် ပြော နေသည်  ။ စကား စမြည် ပြောနေရင်း ကျွန်တော် က သူ့ အသက် ကို လှမ်း မေးတော့ ထင်သည့် အတိုင်း ကျွန်တော့် ထက် သုံးနှစ် ကြီး နေ သဖြင့် ကိုကံညွန့် ဟု သူ့ကို ခေါ် လိုက်တာ မမှားမှန်း သိ လိုက်ရသည်  ။

ငယ်ငယ် ကတည်း က ကျွန်တော့် ပင်ကို သဘာဝ အတိုင်း ပြုံးပြုံးရယ်ရယ် နေတတ် ပြီး မစပ်စုတတ် သဖြင့် ကျွန်တော့် ဖုန်းနံပါတ် ဘယ်က ရ သလဲ ဘယ်သူ့ ဆီ က ရ လို့ ဆက်တာလဲ ဟု လ ည်း သူ့ ကို မမေးမိတော့ပေ ။ သူ့ မှာ တစ်နည်းနည်း ဖြင့် ကျွန်တော့် ဖုန်းနံပါတ် ရှိပြီ ဖြစ်၍ သာ ခုလို လှမ်း ဆက်နေပြီမို့ အထူးအထွေ မေးနေစရာ မလိုအပ်တော့ ဟု ကျွန်တော် ထင်သည်  ။ တကယ် တော့ သူ က ငယ်သူငယ်ချင်း သံယောဇဉ် ကြောင့် လှမ်း ဆက် သွယ်ခြင်း မျှ သာ ။ တခြား အကြောင်းအရာ ဘာ မှ မရှိ ။ ကျွန်တော့် ကို သံယောဇဉ် ရှိ နေခြင်း က ပင် ကျေးဇူး တင်စရာ ကောင်း နေ ပြန်သည်  ။

“ ငါ အခု တောင်ငူ က နေ လှမ်း ဆက် နေတာကွ ”

“ ဟုတ်လား ၊ အလုပ် က ပင်စင် ယူတာ ကြာပြီ မဟုတ်လား ”

“ အေးကွ ၊ ပင်စင် ယူပြီး တောင်ငူ မှာ နေတယ် လေ ၊ ရန်ကုန် မှာ လည်း အိမ် ရှိတော့ တစ်ခါ တလေ ရန်ကုန် ကို လည်း ရောက် ပါတယ် ၊ ရန်ကုန် ရောက် ရင် မင်း နဲ့ ဆုံကြမယ်လေ ”

“ ဟုတ်ကဲ့ပါ ကိုကံညွန့် ”

“ ဒါနဲ့ မင်း ဟိုကောင်တွေ နဲ့ တွေ့သေးလား ”

“ ဘယ်သူတွေလဲ အစ်ကို ”

“ ဟိုကောင်တွေ ကွာ ၊ ပက်ထရစ်အောင်မင်း တို့ ခေါင်းကြီးကျော်ငြိမ်း တို့ လေကွာ ”

“ သူတို့ နဲ့ လည်း အဆက်အသွယ် ပြတ်နေ တာကြာပြီဗျ ”

“ အေးကွာ ၊ ဒီကောင်တွေ နဲ့ လည်း ပြန် ဆုံချ င်သေးတယ် ၊ ဘဆွေ တို့ အောင်မြင် တို့ တော့ မရှိရှာကြတော့ဘူး လို့ သတင်း ကြားတာ ပဲ ”

“ ကိုကံညွန့် က မှ သူငယ်ချင်းတွေ အကြောင်း သာရေးနာရေး ကြား သေးတယ် ၊ ကျွန်တော် ဆို ရင် ဘယ်သူတွေ ဘယ်မှာ နေလို့ ဘာတွေ ဖြစ် နေပြီ မှန်းတောင် မသိတာ ကြာပါပြီဗျာ ”

“ အေး ... အေး ၊ ဒါပဲနော် ။ ငါ ရန်ကုန် ရောက်ရင် မင်း ကို လှမ်း ဆက် လိုက်မယ် ။ ဟုတ်လား ”

သူ နှင့် သည် လောက်သာ ပြော လိုက်ရသည်  ။ မီးရထားဌာန မှာ သူ အလုပ် လုပ်ခဲ့တာ လောက်တော့ သိထား သဖြင့် ပင်စင် ယူတာ ကြာပြီ မဟုတ်လား ဆိုတာ ကျွန်တော် မေး လိုက်မိခြင်း ပင် ။ လူချင်း တွေ့ မှ ပဲ ရှေးဟောင်းနှောင်းဖြစ် လေး တွေ ပြောကြရပေလိမ့်မည် ။ သူ့ အပြင် ယခု သြဂုတ်လ အတွင်း တွင် မှတ်မှတ်ရရ ကျွန်တော့် ကို ဖုန်း လှမ်း ဆက်သူ တွေ ရှိ ခဲ့သေးသည် ။

သူတို့ သည် လည်း ဟိုနေရာ သည်နေရာ က တစ်ဆင့် ကျွန်တော့် ဖုန်းနံပါတ် ကို စုံစမ်း မေးမြ န်းပြီး ရ လို့ ဖုန်း လှမ်း ဆက်ကြတာ ဖြစ်ပါလိမ့်မည် ။ သူတို့ ကို လည်း စိတ် ထဲ က ကျေးဇူး တင် မိ သည်  ။ ကျွန်တော့် အပေါ် မှာ သံယောဇဉ် မကုန် ကြသေးဘူးပဲ ။ ကျွန်တော့် ဘက် က သာ သူတို့ ကို အဆက်အစပ် ပြတ်တောက်နေတာ ကြာခဲ့ပြီပဲ ။

သူတို့ ထဲ မှာ လည်း ကျွန်တော့် ထက် အသက် ကြီး သူ ၊ ငယ် သူ ၊ အရွယ် တူ စသဖြင့် ရှိရာ ဖုန်း လှမ်း ဆက်ချိန်မှာ “ လေသံ ”

ချင်း မတူ ကွဲပြားခဲ့သည်  ။ တစ်ရက် မှာ ဖုန်းဆက် လာ သူ ထံ မှ အသံ က ဤသို့ ဖြစ်သည်  ။

“ ငါ့ အသံ ကို မှတ်မိရဲ့ လား ”

တဲ့  ။

ဘယ်သူမှန်းလည်း မသိ ။

“ ဘယ်သူလဲ ဗျာ ... မမှတ်မိလို့ ပါ ”

ဟု ကျွန်တော် ဝန်ခံ လိုက်ရသည်  ။

“ မြသွင် လေ ကွာ ၊ ၇၃ ခုနှစ် တုန်း က တရုတ် သင်္ဘောကြီး မှာ အတူ တူ နေခဲ့ကြတဲ့ မြသွင် လေကွာ ”

“ ဪ ... မှတ်မိပြီ အစ်ကို ၊ မှတ်မိပြီ ... အဲဒီတုန်း က ပျော်စရာ ကြီး နော် အစ်ကို ၊ ဟိုဗျာ ကိုခင်မောင်မြင့်ကြီး တို့  ၊ ကိုသန်းထွန်း တို့ နဲ့ အတူ လေဗျာ ”

“ အေး ... ဟုတ်တယ် ၊ အဲဒီတုန်း က ခဏခဏ မင်း က ငါတို့ ကို စားသောက်ဆိုင်ကြီးတွေ ခေါ် သွားပြီး ပြုစုကျွေးမွေး ခဲ့ တာ တွေ သတိ ရ တယ်ကွ ၊ မင်း က တော့ တကယ့် ကို လူပျော် လေး ပါပဲကွာ ”

“ အစ်ကို ပြော မှ ပဲ ကျွန်တော့် စိတ် ထဲ တရေး ရေး ပြန် မြင်မိတော့တယ် ဗျာ ၊ ရန်ကုန် က နေပြီး အစ်ကို တို့ ကျွန်တော် တို့ ကို ပုသိမ် အထိ ၃၁၂ ဆိုတဲ့ သင်္ဘော က ခေါ်သွားတာ လေ ။ တစ်ည လုံး ကျွန်တော် တို့ စကားဝိုင်း ဖွဲ့လိုက် ၊ အိပ် လိုက် နဲ့ ပဲ နောက်နေ့ မိုး လင်းတော့ ပုသိမ် ကို ရောက် သွားကြတာလေ ”

“ အေး ... ဟုတ်တယ်လေကွာ ၊ ဟို ရောက် တော့ ငဝန်မြစ် ထဲ မှာ ကျောက်ချ ထားတဲ့ တရုတ်သင်္ဘောကြီး ပေါ် ငါတို့ တွေ တက်ကြရတာပဲ ၊ ပြီးတော့မှ ပင်လယ် ထဲ က နေပြီး  အဲ့ဒီ သင်္ဘောကြီး ကို ရန်ကုန် ရောက်အောင် မောင်း ယူလာ ကြတာလေ ကွာ ”

ကိုမြသွင် ပြော မှ ကျွန်တော့် စိတ် ထဲ ရယ်စရာ ပြုံးစရာ လေး တစ်ခု ကွက်ခနဲ သတိ ရ လိုက်မိ၏ ။ တရုတ်သင်္ဘောကြီး ကို တာဝန်ယူ ခုတ်မောင်းခဲ့ကြ ရာတွင် ရေယာဉ်မှူး အဖြစ် ဦးကျော်စန်း ၊ ဒုတိယ ရေယာဉ်မှူး ဦးအောင်ရွှေ ၊ ပဲ့နင်းမှူး က ဦးတင်ရွှေ ၊ ပဲ့ထိန်း နှင့် တခြား ကုန်းပတ် ဆိုင်ရာ တာဝန် ကို တော့ ကိုမြသွင် တို့ အုပ်စု က တာဝန် ယူ ရ၏ ။ အင်ဂျင်စက်ခန်း မှာ အင်ဂျင်နီယာ ဦးအေးကျော် နှင့် ကျွန်တော် နှစ်ယောက် တည်း သာ ။ စက်ခန်း ထဲ မှာ ရေး ထား သမျှ စာတွေ က လည်း ကျွန်တော် တို့ မ ဖတ် တတ်သော “ ဘူးသီးငါးပေါင်းကြော် ” ပုံစံ ၊ “  တရုတ်စာ ” များ သာ တည်း ။ အင်ဂျင်စက် မောင်းရာတွင် ဆရာ တပည့် နှစ်ယောက် အတွ က် ထူးထူးခြားခြား အခက်အခဲ မရှိလှ ။ အဆိုပါ သင်္ဘောကြီး ၏ ထူးခြားချက် က “ အက်ဖ်အို ” ခေါ် ဆီမည်းမည်းချွဲချွဲကြီး များ ကို ဒီဇယ်ဆီ ဖြစ် အောင် ‘ ပျူရီဖာယာ ’ ခေါ် စက် တစ်မျိုး ဖြင့် နောက် တစ်ဆင့် ပြုလုပ် ပြီး မှ အင်ဂျင်စက်ကြီးများ မီးစက်များ ကို မောင်းနှင်ရခြင်း ဖြစ် နေ ပြန်၏ ။ ဤသို့ ပြောင်းလဲ ရာ တွင် သင်္ကေတ အဖြစ် လမ်းညွှန် ရေးထားသော တရုတ်စာများ ကို ကျွန်တော် မဖတ်တတ် ။ စိတ်မှန်း နှင့် ရမ်းသန်းပြီး ခလုတ် အနီရောင်လေး တစ်ခု ကို နှိပ် လိုက်မိ၏ ။ ကျွန်တော့် ဆရာ အင်ဂျင်နီယာကြီး ပေါ် သို့ ပိုက် တစ်ခု ဆီ မှ အက်ဖ်အို ဆီတွေ ကျ လာပြီး တစ်ကိုယ်လုံး မည်း သွား ပါတော့၏ ။ ကမန်းကတန်း ခလုတ် ပိတ်ပြီး သူ့ တစ်ကိုယ်လုံး အဝတ်စုတ် ၊ ဆပ်ပြာ ၊ ရေတွေ နှင့် သန့်ရှင်းရေး လုပ် လိုက်ရ၏ ။ နောက်ထပ် ပိုက်လိုင်း တစ်လိုင်း ၊ ခလုတ် တစ်ခု ကို စမ်းသပ် ကြည့်တော့မှ လမ်းကြောင်း မှန်သွားပါ၏ ။ ဆရာ တပည့် နှစ်ယောက် ရယ်မော နိုင်ကြပါတော့၏ ။

ယခု ကိုမြသွင် နှင့် ဖုန်း ပြောနေရင်း အဲ့ဒီတုန်း က ရှုခင်း ကို ပြန်လည် မြင်ယောင် မိပြီး ပြုံးမိ ပါသေးသည်  ။ မှတ်မှတ်ရရ ရန်ကုန် ရောက်ပြီး မကြာမီ ဝမ်းနည်းကြေကွဲ စရာ ကြုံ ရတာ လည်း ရှိသေး၏ ။

“ ကိုမြသွင် ရေ ၊ ကျွန်တော် မှတ်မိတာ ရှိသေးတယ် ဗျ ”

“ ပြောပါဦး ”

“ တစ်ရက် ဗျာ ၊ ကိုခင်မောင်မြင့်ကြီး က ရန်ကုန် ကမ္ဘာအေးဘုရားလမ်း မှာ သူ့ အမျိုးတွေ ရဲ့ အလှူ ရှိလို့ သင်္ဘော က နေပြီး သွားတာလေ ”

“ အေး ... ဟုတ်ပါရဲ့ ကွာ ၊ လမ်းဖြတ် ကူး ရင်း ဒီကောင်ကြီး မတော်တဆ ကား အက်ဆီးဒင့် ဖြစ်ပြီး ဆုံးတာလေကွာ ”

ဖုန်း ပြောနေရင်း ကျွန်တော်တို့ ရုတ်တရက် အသံ တိတ်သွားသည်  ။ လွမ်းစရာ ထဲ က ကြေ ကွဲစရာ အတိတ် မဟုတ်လား ။ နောက်မှ စကား ပြန် စ ရင်း သူ ကျွန်တော့် ဆီ ဖုန်း လှမ်းဆက် နေသည့် နေရာ ကို ပါ သိ လိုက်ရ၏ ။ သူ့ မွေးရ ပ် မြေ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ ၊ မော်ကျွန်းမြို့နယ် ၊ ချောင်းကြီးရွာ မှ လှမ်း ဆက်နေတာ တဲ့  ။ ကျွန်တော့် ကို မမေ့နိုင်သေးသည့် သူ ၏ သံယောဇဉ် ပါ တကား ။ သြဂုတ်လ ထဲ မှာ ပဲ မ ထင်မှတ် ဘဲ မျှော်လင့် မထားဘဲ ကျွန်တော့် ဆီ ဖုန်း လှမ်း ဆက်ကြ ပြန်သူ တွေ ကတော့ အရွယ်ချင်း မတိမ်းမယိမ်း လုပ်ဖော်ကိုင်ဖက် ရောင်းရင်း များ ထဲ မှ ကိုခင်မောင်ဝင်း ၊ ကိုစောလွင် ၊ ကိုလှသိန်း နှင့် ကိုထွန်း အောင်ကျော် ။ သူ တို့ ဖုန်း ဆက်တော့ မှ ကျွန်တော့် ဘက် က လူမှုရေး ကိစ္စ တော်တော်များများ အဆက်အသွယ် ပြတ်ကာ ပျက်ကွက် နေပါလား ဆိုတာ သတိ ထား လိုက် မိသည်  ။ ကြုံတုန်း ကြုံခိုက်မို့ ထင်၏ ။ သူတို့ တ တွေ လက်ကိုင်ဖုန်း တစ်လုံး တည်း ကို တစ်ယောက် တစ်လှည့် လက်ပြောင်း ကာ လှမ်း ဆက်နေကြပုံ ရသည်  ။

“ ကိုခင်မောင်အေး နှစ်နှစ်ပြည့် ဆွမ်းကျွေး အလှူအိမ် က နေပြီး လှမ်း ဆက်နေတာဗျ ”

ဒါက ကိုခင်မောင်ဝင်း ၏ အသံ ။

“ သူက ရာသက်ပန် ရဟန်း ဝတ် နေရင်း ပျံလွန်တော်မူ သွားတာလေ ”

ဒါကတော့ ကိုထွန်းအောင်ကျော် ၏ အသံ ။

“ မောင်မောင်မြင့်လေး ဆုံး သွား တာ လည်း သုံးနှစ် ပြည့်တော့မယ် ဗျ ”

ကိုလှသိန်း ပြော လိုက်တာ လည်း ကျွန်တော် ကြားရသည်  ။

ကျွန်တော်တို့ လူဟောင်းတွေ ထဲ မှာ လည်း တဖြုတ်ဖြုတ် ကြွေ ကုန်ပြီလေ ၊ အမေရိကန် တင်မြင့်ကြီး ဈာပန တုန်း က လည်း ကျွန်တော်တို့ ဆုံ မိကြပါ သေးသည်  ။

ကိုစောလွင် ပြောပြတာလည်း ငိုင်ငိုင်တွေတွေ ဖြင့် ကျွန်တော် နား စွင့် လိုက်ရသေးသည်  ။ ဪ .. သူတို့ တတွေ က တော့ ဒီ အသက်အရွ ယ် ဒီ အချိန်အထိ အချင်းချင်း နီးနီးကပ်ကပ် ရှိ နေကြတုန်းပါ ပဲ လား ။ သူတို့ နှင့် ဖုန်း ပြောပြီး နောက် သူတို့ ဆက် သည့် ဖုန်းနံပါတ် ကို ကျွန်တော် မှတ်ထား လိုက်သည် ။ ကိုခင်မောင်ဝင်း  ဖုန်းနံပါတ် ပါ ။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် ကာလ ။ ပြန် သတိ ရ လာမိသည်  ။ ထိုစဉ် က ကို ခင်မောင်ဝင်း နှင့် ကျွန်တော် သင်္ဘောငယ်လေး တစ်စီး မှာ အင်ဂျင်စက်ခန်း အလုပ်တွေ အတူ တူ လုပ်ခဲ့ ဖူးသည်  ။ သူ ပြောင်းရွှေ့ သွားပြီး နောက်ပိုင်း ကိုစောလွင် နှင့် လက်တွဲ ခဲ့ ရသည်  ။ မျက်မှန် အမြဲ တပ်ဆင် ထားရသော ကိုထွန်းအောင်ကျော် နှင့် တော့ စက်မှုလက်မှုသင်တန်း တစ်ခု ကို အတူတကွ တက်ခဲ့ဖူးကြသည်  ။

ကျွန်တော့် ထက် အသက် ငယ်သော ညီငယ် ကိုလှသိန်း နှင့် တော့ အတူ တကွ မနေခဲ့ရသော် လည်း တစ်ခါတစ်ရံ မှာ သင်္ဘောချင်း ဘေးချင်း ယှဉ်ကာ ရပ်နား မိကြလျှင် အားလပ်ရက်တွေ မှာ အတူ လျှောက်လည်ခဲ့ကြ ဖူးသည်  ။ အချိန် ရခိုက် မှာ သူတို့ က နာရေး ကိစ္စ သုံးခု ပြောသွား သမျှ ရဟန်းဝတ် ဖြင့် ပင် ပျံလွန်တော်မူသွား ရှာသော ဦးဇင်း ကိုခင်မောင်လေး ကတော့ သင်္ဘော တစ်စီး မှာ သူ နှင့် ကျွန်တော် တာဝန် အပြောင်းအလဲ လုပ်ခဲ့ဖူး သူ ။ သူ့ ကို စက်ခန်း နှင့် ပတ်သက် သမျှ လွှဲပြောင်း စရာ ရှိတာ လွှဲပြောင်း ပြီး မြိတ်မြို့ မှ လေယာဉ် နှင့် ရန်ကုန် ၊ ရန်ကုန် မှ မော်လမြိုင် သို့ ကျွန်တော် ပြန် လာပြီး မကြာမီ အဆိုပါ သင်္ဘော နှင့် ထားဝယ် ၊ ဟိန္နဲ ၊ ကန်ပေါက် ဘက် သို့ သူ ခရီး ထွက်ရကြောင်း သတင်း ကြားရသည်  ။ သူ့ သင်္ဘော မှာ ပါ လာသော လူငယ်လေး နှစ်ယောက် ကန်ပေါက် သို့ ရောက်တော့ တစ်ည မှာ နှလုံးသားရေးရာ ကိစ္စ တစ်ခု အတွက် အချင်းချင်း အမြင် မကြည်လင် ဖြစ်ကြရာ မှ မထင်မှတ် ဘဲ လူသတ်မှု အထိ ဖြစ် သွားခဲ့ရပုံ သတင်းဆိုး ကို လည်း ကြားခဲ့ရ ဖူးသည်  ။ အလုပ် မှ ပင်စင် ယူပြီး ကိုခင်မောင်လေး သာသနာ့ဘောင် ကို အပြီးတိုင် ဝင် သွား ပြီ ဆိုတာ လည်း ကြား ခဲ့ရသည်  ။

ခုတော့ သူ မရှိရှာတော့ပြီ ။ သူတို့ တတွေ ဖုန်း ထဲ မှ တဆင့် ပြောပြသည့် “ မောင်မောင်မြင့်လေး ”  ဆိုသူ မှာ လည်း သင်္ဘောကြီး တစ်စီး မှာ ကျွန်တော် နှင့် လက်တွဲ ခဲ့ရ ဖူးသော လူငယ်လေး ပါ ။ စက်မှုလက်မှုပညာ တော် သူ လည်း ဖြစ်သည်  ။ သို့သော် အပျော် လွန်ပြီး ဘဝ အဖော်မွန် အပေါ် မှာ တာဝန် သိပ် မကျေ နိုင်ခဲ့ ရှာ ပဲ ၊ သား တွေ သမီး တွေ ကို ပါ ထားရစ်ကာ ကွယ်လွန် သွား ရှာ ကြောင်း လည်း ကြား လိုက် ရပြန်သည်  ။ သူ တို့ ပြောသည့် နောက်ထပ် နာရေး ကိစ္စ ထဲ က အမေရိကန် တင်မြင့်ကြီး သည် လည်း အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ပါ ပဲ ။ အမြဲတမ်း ဘိုဆန်ဆန် နေတတ် ၊ ပြောတတ် သည့် လူပျော် လူနောက်ကြီး တစ်ယောက် မို့ ၊ အားလုံး က ချစ် စနိုး နှင့် သူ့ နာမည် ရှေ့ မှာ “ အမေရိကန် ” ဟု ဝိသေသ ပြု ကာ ခေါ် ခဲ့ကြခြင်း ပင် ။

သူ နှင့် ကျွန်တော် လည်း စက်မှုလက်မှု သင်တန်း တက်ဖော် တက်ဖက် တွေ ပါ ။ တစ်ဆောင် တည်း ၊ တစ်ခန်း တည်း အတူ နေရင်း သူ့ ဂီတာ လက်သံ နှင့် အတူ သူ ကြိုက်တဲ့ သီချင်းလေး တချို့ ကျွန်တော် ပျော်ပျော်ပါးပါး သီဆို ပေးခဲ့ ရ တာ လည်း အမှတ်တရတွေ ပါ ပဲ ။ ပိုပြီး အမှတ်တရ ဖြစ်စရာ တစ်ခု က တော့ သူ ရုပ်ရှင် အလွန် ကြို က်တတ်ပုံ ပါပဲ ။ တစ်ခါ မှာ တော့ သူ့ ညီလေး တစ်ယောက် ရောဂါ အသည်းအသန် နဲ့ မို့ သူ က ဆေးရုံ စောင့် ပေးခဲ့ရသည်  ။ သူ ကြည့်ချင် သည့် နိုင်ငံခြား ရုပ်ရှင်ကား ကလည်း သမ္မတရုံ မှာ နောက်ဆုံး နေ့ ။ မအောင့်နိုင်တော့ သည့် အဆုံး မှာ  ၊ ဖျတ်ခနဲ ရုပ်ရှင်ရုံ ထဲ သူ ရောက်သွားသည်  ။ ဆေးရုံ သို့ သူ ပြန်လာတော့ ခုတင် သာ တွေ့ ရ တော့သည် ။ သည် လို နှင့် သူ့ ညီလေး ဈာပန မြေချ သည့် အချိန် မှာ ပင် သူ့ဆွေမျိုးသားချင်း တစ်ယောက် ထံ မှ အသံ တိုးတိုးလေး တစ်သံ သူ ကြား လိုက်ရပါသည် တဲ့  ။

“ သားလိမ်မာလေး ၊ ပညာတတ်ကလေး ၊ သွားပေဦးတော့ ကလေး ရေ ၊ သားလေး ရေ ဟိုကောင်ကြီး ပဲ သား ကိုယ်စား သေ လိုက်ပါတော့လားကွယ် ” တဲ့  ။ အမေရိကန်တင်မြင့်ကြီး ပြန် ပြောပြသည့် သူ့ ကိုယ်တွေ့ ဟာသလေး ။ တင်မြင့်ကြီး က လည်း သူ မဆုံးခင်အထိ နှစ်စဉ် မပျက် ခရစ္စမတ် ရက် ရောက်တို င်း ငယ်ပေါင်းတွေ ကို လှမ်း ဖိတ်ပြီး တွေ့ဆုံ လေ့ ရှိပါသည် တဲ့  ။ ကျွန်တော် နှင့် တော့ မချိတ် မိခဲ့ကြပေ ။ ခုမှ ဟိုက သည်က တိုက်တိုက်ဆိုင်ဆိုင် ဖုန်းတွေ ပြိုင်ပြီး ဆက် နေကြသလို မျိုး ကျွန်တော် နှင့် ပြန် ချိတ် မိကြခြင်းပါပေ ။

သင်းကွဲငှက် တစ်ကောင် ကို သူတို့ က ပြန် ဆက်သွယ် ကြခြင်းပါ လား ။ သူတို့ ဆီ က တစ်ဆင့် ရင် နှင့် အမျှ ခင်မင်ခဲ့ရသူ တချို့ တိမ်းပါး ပျောက်ကွယ် သွား ကြပြီ ဆို သည် ကို ကြား ရပြ န်တော့ လည်း ရင်ထဲ ဆွေးရပြန်သည် ပေါ့ ။

◾ဆောင်းဝင်းလတ်

📖 ခေတ်သစ်အလင်္ကာ ဝတ္ထုတိုပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment