Thursday, January 19, 2023

အမောင်း ခံရသူ က ကျွန်တော် ပါ


 

❝  အမောင်း ခံရသူ က ကျွန်တော် ပါ ❞        

“ ကို‌အောင်မျိုးသန့် လား ”

“ ဟုတ်တယ် အန်ကယ် ၊ အန်ကယ် မ‌နေ့ က ဖုန်း ဆက်‌ သေးတယ် ဆို ၊ ကျွန်‌တော် မ‌နေ့ က အလုပ် အ‌ရေး ကြီး‌ နေ လို့ အပြင် ထွက်‌ နေတာ နဲ့ အန်ကယ် နဲ့ လွဲသွားတာ ”

“ ‌အေးကွ ... ငါ မ‌နေ့ က ဆက်‌ သေးတယ် ၊ မင်း နဲ့ မ‌တွေဘူး ၊ ဒီ‌နေ့‌ တော့ ( တနင်္ဂနွေ ) အိမ် မှာ ရှိ‌ လောက်တယ် ဆိုပြီး လှမ်းဆက် လိုက်တာ ။ ဒီလို ကွာ မင်းတို့ အပ်ထား တဲ့ ပဲကြီး‌တွေ ဈေး ကြိုက်တာ နဲ့ ‌ငွေ လည်း လက်ငင်း ရတာနဲ့ ၂၇ ရက်‌ နေ့ က ထုတ် လိုက်တယ် ၊ ပဲကြီးဖိုး‌ ငွေ ကို ဘဏ် မှာ ထည့် ထားတယ် ၊ အဲဒီ‌ ငွေ ကို  ဘာ ဆက် လုပ် ရမလဲ ၊ မင်း ဆီ ပို့‌ ပေး ရမလား ၊ ဒီမှာပဲ ထား ရမှာလား ၊ အဲဒီ ဘက် က အစီအစဉ် ကို သိချင်လို့ ”

“ ခဏ‌လေး‌ နော် အန်ကယ် ၊ ကျွန်‌တော် သွယ်သွယ် နဲ့ တိုင်ပင် လိုက်ဦးမယ် ( မိန်းမ နဲ့ တိုင်ပင် လိုက်ပါဦးမယ် ) ”

ဖုန်း ကို ခဏ ကိုင်ထား သွယ်သွယ် အသံ ထွက်လာ ။

“ အယ် ... သွယ်သွယ် လား ‌ပြော ၊ ‌ငွေ ကို ဘာ ဆက် လုပ်ရမလဲ ”

“ ဦးတို့‌ အောင်လံ မှာ ဘာ ဝယ် ရင် ရ မလဲ ”

“ ခု အချိန် ( ၂၀၀၂ ဇွန်လ ) မှာ‌ တော့ ဘာ သီးနှံ မှ မ‌ပေါ်‌သေးဘူး ၊ နောက်  ၁၀ ရက်
အကြာ ( ဇူလိုင်လ ၁၀ ) ရက် မှာ‌ တော့ ပဲတီစိမ်း‌ ပေါ် မယ် ၊ ဒါ‌ပေမယ့်  ပဲတီစိမ်း က ‌ပေါ်‌ ပေါ်ချင်း ဝယ်လို့ မ‌ကောင်း‌သေးဘူး ၊ အစိုဓာတ်ရှိတယ် ၊ အ‌ရောင်‌ ဖျော့ တယ် ”

“ ဘာ ဆက် လုပ်ရင်‌ကောင်းမလဲ ၊ ဦး စဉ်းစား ထားတာ ရှိလား ”

“ ‌ငွေ‌တွေ သေ‌နေမယ့် အတူ တူ‌ တော့ တစ်‌ယောက်‌ ယောက် ကို ပေး သုံးထား ရင်
ကောင်းမယ်ထင်တယ် ၊ အတိုး ရတာ‌ပေါ့ ”

“ အင်း ... ဟုတ်ပြီ ၊ ဦးအဆင်‌ ပြေသလို ကြည့် စီစဉ်လိုက်ပါ ”

“ ဟုတ်ပြီ ... သမီး ၊ ၂၀၀၁ ခုနှစ် ဇူလိုင်လ ၁ ရက် တနင်္လာနေ့ ရက်စွဲ နဲ့
မှတ်ထား‌နော် ၊ ‌ငွေ အ‌မောင့် ကို လည်း မှတ်မိတယ် မဟုတ်လား ”

“ သမီး မှတ် ထားလိုက်မယ် ”

တစ်ဖက် မှ ဖုန်း ချသွား၏ ။ ကျွန်‌တော့် တူ‌တော်‌မောင် မောင်‌အောင်မျိုးသန့် က
သူ့‌ မော်‌တော်ဆိုင်ကယ် ‌ရောင်း လို့ရ တဲ့‌ ငွေက‌လေး ကို  တိုးပွား‌အောင် လုပ်‌ပေးပါ ဆိုပြီး ပို့ လိုက်လို့ ကျွန်‌တော် က  ပဲကြီး ဝယ် ထည့်‌ပေးတယ် ခင်ဗျာ ။ ပဲကြီး လှိုင် တုန်း က ။ အခု  ဝါဆို ဝါ‌ခေါင် ပဲကြီး‌ ဈေး‌ မြောက် လာ‌တော့ ပြန် ထုတ်‌ ပေးလိုက်တယ် ။ ငွေ ပြန် ၍ ပေါ်သွားပြီ ။ အခု သည်‌ ငွေ ကိုပဲ ဆက်ပြီး ၊ တိုး‌အောင် ပွား‌အောင် လှော်ခတ် ရဦးမှာ ၊ ဒါ စီးပွား‌ရေး ပဲ‌ လေ ။

ငွေလက် ထဲ‌ ရောက်‌နေပြီ ၊ ဘယ်သူ‌တွေ ယူ သုံးကြဦးမလဲ ။ ကျွန်‌တော် တို့ စီးပွား‌ရေး ‌လောက မှာ သူ တစ်ပါး က ယုံကြည်လို့ အပ်နှံ ထား‌သော‌ ငွေ ကို မှန်မှန်ကန်ကန် ပြုမှု‌ ဆောင်ရွက် ရပါသည် ။ ရောင်း၍ ရ‌သော‌ ငွေ ကို နေ့စွဲ ရက်စွဲ စာရင်းဇယား နဲ့ တစ်ကွ အတိအကျ‌ ပေးရပါသည် ။ အပ်နှံ ထား‌ သော‌ ငွေ အ‌ပေါ် ရက်စွဲ အမှတ်အသား ဖြင့် အတိုး တွက်‌ ပေး ရပါသည် ။ ဒါ ထုံးစံ ။ ယုံမှတ် အပ်နှံထား‌သော အလုပ် ၊ ယုံမှတ် အပ်နှံ‌သော‌ ငွေ အတွက် တစ်စွန်းတစ်စ မျှ မသမာမှု မပြုရပါ ။ တစ်ကျပ် တစ်ပြား လိမ် မိ ရုံ ဖြင့် နာမည် ပျက် သွားနိုင်ပါသည် ။ “ ဒီလူ အလကားပါကွာ ၊ ငွေ‌ရေး‌ကြေး‌ရေး စိတ် မချရဘူး ၊ ကလိမ်ကကျစ်ပါကွာ ” ဟု အ‌ပြော ခံရခြင်း သည် ဓား နဲ့ ထိုး အသ,တ် ခံရတာထက် ပို ဆိုးပါသည် ။

ဓား နဲ့ ထိုး သ,တ်တာ က တစ်ကြိမ် ပဲ သေ ပါတယ် ။ နာမည် ပျက် တာ က မ‌သေမချင်း အကြိမ်ကြိမ် အဖန်ဖန်‌ သေပါသည် ။ ဒါ‌ကြောင့် နာမည် မပျက်‌အောင် အလွန် ဂရု စိုက်ရပါသည် ။ လူ ကို ယုံကြည်ပြီ ဆို လျှင် အလုပ် ကို ယုံ ပါသည် ။ ‌ငွေ ကို ယုံ ပါသည် ။ သိန်း ၃၀ ၊ သိန်း ၅ဝ ကို ကြွပ်ကြွပ်အိတ် နဲ့ ထည့်ပြီး သည် အတိုင်း ‌ပေးကြယူကြ သည် ကို မကြာခဏ တွေ့ ရပါ၏ ။ တစ်ဖက် လူ သိက္ခာ ကျမည် စိုး၍ ထို‌ ပေးသူ ၏ ရှေ့ မှာ မစစ်ပါ ။ ထို သူ ကွယ်ရာ မှာ လည်း မစစ်ပါ ။ သည် အတိုင်း သိမ်း ထားလိုက်ပါသည် ။ ဒါဟာ လူ ကို ယုံ လို့ပါပဲ ။

ဟင်း ... ဟင်း ... မယုံလို့က‌ တော့ လက်ညှိုး ကို တံ‌တွေး ဆွတ် တဲ့ ပြီး သူ့‌ ရှေ့ မှာ တစ်ရွက် ချင်း စစ်‌ တော့ မှာပါ ။ အစစ် ခံ ရ တာဟာ ရှက်စရာ ။

ကဲ ... ‌ငွေ‌ တွေ လက် ထဲ‌ ရောက်‌ နေပြီ ။ လုပ်‌ဖော်ကိုင်ဘက်များနဲ့  ခွဲ‌ဝေ သုံးကြမည် ။ ခွဲခြမ်း ခွဲခြမ်း မလုပ် ။ ‌ဝေစား မျှစား‌ ပေါ့ဗျာ ။ အဲသည်‌ နေ့ က ခွဲတမ်း ချ လိုက်‌တော့ ကျွန်‌တော် က ငါးသိန်း တာဝန် ယူ ရတယ် ။ ‌ငွေ ငါးသိန်း ယူ ပြီးပြီ ။ အတိုး ဆိုတာ က  အပျင်းသည်း ပြီး အိပ်‌မော ကျ‌ နေတတ်သည့် အမျိုး မဟုတ်ပါ ။

“ ကဲ ...  သားတို့ ရ‌ပေါက်ရလမ်း‌လေး‌ တွေ စစ်စစ်‌ပေါက်‌ပေါက် ရှာ ကြစမ်းကွာ ၊ သူ့ အတွက် အတိုး‌ ပေးဖို့ လည်း ရ‌အောင် ကိုယ့် အတွက်က‌လေး လည်း နည်းနည်း ကျန်‌ လေ‌အောင် ... ”

သည်လိုပဲ ခင်ဗျာ့ ၊ အတိုး နဲ့‌ ချေးယူ ထားတဲ့‌ ငွေ ကိုယ့် လက် ထဲ‌ ရောက်‌ နေပြီ ဆို တက်သုတ် နှင် ရတယ် (‌ လှေ စကား ) ရပ် ထား ‌အောင်း ထား လို့ မဖြစ်ဘူးဗျာ့ ။ ( အတိုး က မီတာ တက်‌ နေပြီ  မရပ်မနား ) အမှန် က‌ တော့ ‌ချေး‌ငွေ ဆို တာ  လိုအပ်တယ် ခင်ဗျာ့ ၊ ဒါမှ ပေါ့ မ‌နေ မှာ ။ သူ က ‌မောင်းနှင်အား‌ လေ ဗျာ ။

“ အိပ် မ‌နေ နဲ့ ၊ အပျင်း သည်း မ‌နေနဲ့ ၊ ‌ငေး မ‌နေနဲ့ ၊ မြန်မြန် လှုပ်ရှား‌လော့ ”

‌ချေး‌ငွေ က အမိန့်‌ ပေး‌ နေတာ ခင်ဗျာ ။ အဆင်း လှည်း ရုန်းရတဲ့ နွား လို ပဲ
‌နှေး‌ နေ လို့ က‌ တော့ တံ‌ကောက်ခွက် ကို လှည်းဘီး က တက် နင်း သွား မှာ ။ ( တံ‌ကောက်ခွက် ကို လှည်းဖ‌နောင့် ကြိတ် ထား‌သော ဒဏ်ရာများ နဲ့ နွားဖျင်းများ ကို ) ‌တွေ့မြင်ဖူးကြပါလိမ့်မည် ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment