❝ ညှိုးသွားသော မိသားစုပန်းခင်းလေး ❞
ကိုထွန်းလင်း တစ်ယောက် နေ့လယ်စာ ထမင်း စားချိန် ရောက်ပြီ မို့ အိမ် ထဲ မှ စက်ဘီး ကို ဆွဲ ထုတ်ရင်း ထပ်ခိုး ပေါ် မှ သမီး ကို လှမ်း မေး လိုက်သည် ။
“ သမီး ဘာဟင်း နဲ့ စား မှာလဲ ၊ အဖေ ဟင်း သွား ဝယ်တော့မယ် ၊ ဆိုင် ထဲ ခဏ လာ နေဦး ”
သမီး ဖြစ်သူ သီတာ က စိတ်ပျက်သော အသံ ဖြင့် -
“ ဝယ်ချင်တာ သာ ဝယ်ခဲ့တော့ အဖေ ရယ် ၊ ဆိုင် က ဟင်းတွေ စား ရတာ ကြာ တော့ စိတ် ပျက်တယ် ”
အိမ် မှာ တစ်နိုင် တစ်ပိုင် နိုင်ငံခြားဆေး နှင့် မိတ္တူဆိုင်လေး ဖွင့် ထားသည် ။ ဇနီး သည် မေ က တော့ လက် ထဲ မှာ ဖုန်း ကိုင်လျက် ပက်လက်ကုလားထိုင် ပေါ် တွင် အိပ် ပျော်နေသည် ။ ဟုတ်ပါသည် ။ ကိုထွန်းလင်း တစ်ယောက် ဆိုင် က ဟင်း ကို ယခုလို ဝယ် မစားခဲ့ဖူးပါ ။
မလွှဲမရှောင်သာ ခရီး ထွက် ပါ မှ ထမင်းဆိုင် ကို ဝင် စားတာ မျိုး သာ ရှိသည် ။ ဟင်း ဝယ် စားသော အိမ်နီးချင်း မိတ်ဆွေ မိသားစုများ ကို ပင် တားမြစ် ဟန့်တားခဲ့ဖူး၏ ။ ယခုတော့ ဖြင့် ကိုယ်တိုင် လမ်းထိပ် က ဒေါ်ညိုထမင်းဆိုင် ကို ဟင်း သွား ဝယ်နေပါပြီ ။
စက်ဘီး ကို လေးကန်စွာ နင်း ရင်း လွန်ခဲ့သော နှစ်လ ခန့် က အိမ် အခြေအနေ ကို ပြန်လည် မြင်ယောင် နေ မိ ပါတော့သည် ။
“ မောင်ရေ ထမင်း စားကြမယ် ၊ သမီးလေး ရော လာတော့ ။ စာအုပ်တွေ ခဏ ဘေး ချ ထားခဲ့ကြတော့ ”
“ အေး … အေး … စားမယ်ကွာ ။ မေ ချက်နေတုန်း ကတည်း က မီးဖို ထဲ က ထွက် လာတဲ့ ဟင်း နံ့ ကြောင့် ထမင်း ဆာနေတာ ”
“ ဒီနေ့ ဈေး ထဲ က နွားနို့ခဲတွေ တွေ့ ခဲ့လို့ မောင့် အကြိုက် ချက်လိုက်တာ ”
သမီး ဖြစ်သူ သီတာ လည်း ထမင်းပွဲ နား ရောက်လာပြီး ...
“ ဟယ် ... သမီး ကြိုက်တဲ့ အားလူးထောင်းကြော် ပါတယ် ၊ စားမယ် စားမယ် ”
မိသားစု ကို အမျိုးမျိုး မထပ်အောင် လိုက်ဖက်စွာ ချက်ကျွေး လုပ်ကိုင် ပေးတတ် သော ဇနီး ကို ကျေးဇူး တင် မိသလို သည်လို ဇနီးမျိုး ကို ရယူခဲ့ရသော မိမိ ကိုယ် ကို လည်း ကျေနပ် နေမိ၏ ။ မေ သည် လွန်စွာ ရိုးသည် ။ လက်ကိုင်ဖုန်း ကို ပင် ခေါ်တတ် ပြောတတ် အောင် မနည်း သင် ပေးရ၏ ။
သူ့ အလုပ် က ထမင်းဟင်း ချက် ၊ ဆွမ်းတော် တင် ၊ တရားခွေ နာ ၊ အိမ်သန့်ရှင်းရေး လုပ် ။ ထမင်းဟင်း ချက် ရင်း သမီး နဲ့စကား ပြော ၊ သမီး က ကူ လုပ်ပေး ။ လန်းဆန်း တဲ့ မိသားစု ပန်းခင်း ဖြစ်၍ နေသည် ။
ထို မိသားစု ပန်းခင်းလေး တစ်စ တစ်စ ညှိုးနွမ်း လာစေခဲ့သည် က ဖေ့ ( စ် ) ဘုတ် က စ သည် ဟု ပြော ရမည်ဖြစ်ပါသည် ။
မေ ဟင်းချက်တာတွေ ကို သမီး က ဂရုမစိုက်အားတော့ ။ မီးဖို ထဲ ကို ပင် မလာတော့ ပါ ။ ဖေ့ ( စ် ) ဘုတ် နှင့် သာ နေ ပါတော့၏ ။
ကျွန်တော် က လည်း ဆိုင် ထဲ က မထွက်တော့ပါ ။ ဈေးဝယ် လာ လျှင် လာ ၊ မလာ လျှင် လည်း ဖေ့ ( စ် ) ဘုတ် ကို သာ ပွတ် လျက်ပါ ။ မေ ဘာ ဟင်း ချက်သည် ဆိုသည် ကို လည်း မသိ ၊ စိတ် လည်း မဝင်စားတော့ပါ ။
မေ မှာ စက်ရုပ် ပမာ ဖြစ် လာသည် ။ ဈေး သွား ၊ ထမင်းဟင်း ချက် ၊ ဆွမ်းတော် တင် ၊ တရားခွေ နာ ၊ သမီး နှင့် လည်း စကား မပြော ဖြစ် ၊ ယောက်ျား နှင့် လည်း ပြောစရာ မရှိ ။ မေးထူး ခေါ်ပြော လောက် သာ ရှိတော့သည် ။ မေ တစ်ယောက် အထီး ကျန် လာ သလို ခံစား လာရ၏ ။ တစ်နေ့ မီးဖို ထဲ မှာ တစ်ယောက် တည်း နေရင်း မျက်ရည် ကျ နေ မိသည် ။
အိမ် ကို ဈေးအပြန် အလည် ဝင် လာတဲ့ မေ့ သူငယ်ချင်း မထွေး က တွေ့ သွား တော့ ...
“ ဟင် သူငယ်ချင်း မေခင် ၊ ဘာလို့ ငို နေတာလဲ ၊ နေ မကောင်းလို့လား ။ ဘာ အခက်အခဲ ရှိလို့လဲ ။ တစ်ယောက် တည်း မခံစားပါနဲ့ ကွာ ။ ကိုထွန်းလင်း နဲ့ သမီး ကို ပြောလေကွာ ၊ ပြောမဖြစ်တဲ့ ပြဿနာ ဆိုရင် လည်း ငါ့ ကို ပြောလေ ”
မေ သည် စိတ်ပျက် အားငယ်စွာ နှင့် မထွေး ကို ကြည့်ပြီး ...
“ သူတို့ ကို ပြောလို့ ဖြစ်မလား ၊ သူတို့ ကြောင့် ပေါ့ ကွာ ... ။ ဟိုတုန်း က ငါ့ အပေါ် ဂရုစိုက်ကြတယ် ၊ ခု ငါ ချက်တဲ့ ဟင်း ချိုတယ် ၊ ငန်တယ် လည်း မပြောကြဘူး ။ အိမ်မှုကိစ္စ တွေ လည်း ဘယ်သူမှ ကူ လုပ် မပေးတော့ဘူး .. ။ ငါ့ ကို ရှိတယ်လို့ မအောက်မေ့ ကြဘူး ၊ ဖုန်းတစ်လုံး စီ နဲ့ အချိန် ကုန်နေကြတာ ”
မေ့ စကား အဆုံး မထွေး က .. တဟားဟား ရယ်မော ကာ ...
“ မင်း ကလဲ ကွာ ၊ တို့ တစ်တွေ အသက် လည်း ငယ် ကြတော့ တာ မဟုတ်ဘူး ၊ သံယောဇဉ် ဆိုတာ နည်းလေ ကောင်းလေ ပဲ မဟုတ်လား . . ။ကိုယ့် ကို ဂရုမစိုက် တဲ့ အချိန် မှာ ဒါ အခွင့်အရေး ရတာပဲလေ ။ ဘာသာရေး ကို ပိုပြီး ဖိ လုပ် ရမယ်လေ ကွာ ”
မထွေး စကား အဆုံး တွင် မေ့ မျက်လုံးများ ဝင်းလက် သွား၏ ။ ရိပ်သာ ဝင်ချင်သည် မှာ ကြာ လေပြီ ။ အိမ် ကို ငဲ့ နေရသည့် အတွက် သူတို့ အတွက် စဉ်းစားပြီး မဝင်ဖြစ်ခြင်း ဖြစ်သည် ။
“ ကျေးဇူး တင် လိုက်တာ မထွေး ရယ် ... ၊ ဒီလို အကြံဉာဏ်မျိုး ကို သတိ ပေး လို့ ”
နောက် တစ်နေ့ တွင် မေ တစ်ယောက် တရားရိပ်သာကျောင်း ဆယ်ရက်စခန်း ဝင် ရန် သွား ပါတော့သည် ။
ယခင် မေ နေထိုင် မကောင်း ဖြစ်လျှင် သားအဖ နှစ်ယောက် မီးဖို ထဲ ဝင်ပြီး တတ်သလောက် မှတ်သလောက် ချက်ကြ ပြုတ်ကြ သည် ။ ယခု မှာ တော့ နှစ်ယောက် သား ဖုန်း ကို သာ ပွတ် နေချိန် များနေသည် မို့ မီးဖို ထဲကို ပင် မဝင်ဖြစ်တော့ပါ ။ မေ ရိပ်သာ မထွက်ခင် ဆိုင် က ဟင်း ကို မလွှဲမရှောင် သာ ဝယ်စား နေရ၏ ။ မေ တစ်ယောက် ရိပ်သာ တွင် သုံးရက် နေပြီး အိမ် ပြန် လာခဲ့သည် ။
မျက်နှာ လည်း မကောင်းပါ ၊ စိတ် အလိုမကျ ဖြစ်လာပုံ ရသည် ။ ကျွန်တော် နဲ့ သမီး က နားမလည် စွာ ဖြင့် မေးမိသည် ။
“ နေ မကောင်းလို့လား မေ ၊ တရား ထိုင်ရတာ မထိုင်နိုင် လို့ လား ”
ကျွန်တော် မေး လိုက် မှ ပင် ပါးပြင် ပေါ် သို့ မျက်ရည်များ လိမ့်ဆင်း လာသည် ။ ထို့နောက် ရှိုက်ကြီးတငင် ငို ချ လိုက် ပါ တော့သည် ။
“ အီးဟီးဟီး ကျွန်မ ဘ၀ က ဆိုးပါတယ် ... ၊ အိမ် က ယောက်ျား နဲ့ သမီး က လည်း ဂရု မစိုက်ကြ ၊ ဖုန်း ပဲ ဂရုစိုက် ကြည့် နေကြ ၊ ပွတ် နေကြတယ် ။ ကျွန်မ ကို ဂရု မစိုက် ကြတော့ဘူး ။ ကြာတော့ ကျွန်မ တစ်ယောက် တည်း အထီး ကျန် သလို ခံစား ရတယ် ၊ ရိပ်သာ ရောက် ပြန်တော့လည်း ဆရာတော် က တော့ အချိန် မှန်မှန် တရား ပြ ပေးပါရဲ့ ။ မသိတာ မရှင်းလင်းတာတွေ ကို လက်ထောက် တရားပြဆရာ ကို မေး ပါတဲ့ ။ အဲဒါ မသိလို့ သွား မေးပါတယ် ၊ ဘာမှ ပြန် မဖြေလို့ ကြည့် လိုက်တော့ ဖုန်း ကို ငုံ့ ပြီး ပွတ် နေတာ ။ ဒါကြောင့် စိတ်ပျက် လို့ ပြန်လာတာ ကဲ ... သိပြီလား ”
မေ့ စကား အဆုံး သားအဖ နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ ပြုံးစိစိ ဖြစ်သွားရလေ၏ ။ မေ့ ကို ကြည့်ပြီး အတော်လေး စိတ် မကောင်း ဖြစ် မိသည် ။
“ ကဲ သမီး .. ၊အမေ့ အတွက် ဖုန်း တစ်လုံး ဝယ် လိုက်တော့ ။ အင်တာနက် ဖွင့် ပုံ ၊ ဖေ့ ( စ် ) ဘုတ် ကြည့် ပုံ ကြည့် နည်း တွေပါ သုံး တတ်အောင် သမီး အမေ ကို သင် ပေးလိုက် ၊ သွား ၊ လမ်းထိပ် က ဖုန်းဆိုင် မှာ ခုပဲ သွား ဝယ် လိုက်တော့ ”
ဖုန်း ဝယ် ပြီး နောက် မေ့ ကို သမီး က အနီးကပ် သင် ပေးလိုက်ရာ မေ သည် အင်တာနက် ဖေ့ ( စ် ) ဘုတ် ကို ကောင်းစွာ သုံးတတ် သွားပါတော့သည် ။ ယခုအခါ မှာ တော့ အိမ်မှုကိစ္စများ ကို အဖေ နှင့် သမီး က အလှည့်ကျ လုပ်ရ၏ ။ မေ က ဖုန်း ကို သာ ငုံ့ ပွတ် နေပါတော့သည် ။ မီးဖို ထဲ လည်း မဝင်တော့ ၊ ထမင်းဟင်း ချက်ပြုတ် ရာ တွင် လည်း မပါတော့ ။ ကိုထွန်းလင်း အတွေးအဆုံး ထမင်းဆိုင် ရှေ့ ရောက် လာသည် ။
••••• ••••• •••••
ဒေါ်ညို က “ ကိုထွန်းလင်း ဘာဟင်း ယူမှာလဲ ” ဟု မေးသည် ။
“ အေးဗျာ .. ၊ နေ့တိုင်း ဝယ် နေတော့ ဟင်း က လည်း ထပ် နေပြီ ဘာ ယူရမလဲ တောင် မသိတော့ဘူး ”
စိတ်ကူး ထဲ ပေါ် ရာ ဟင်းများ ကို မှာ ယူ ပြီး အထုပ်များ ကို ဆွဲ ကာ ဆိုင် ထဲ က အထွက် ဒေါ်ညို လှမ်း ပြော လိုက်တာ က ...
“ ကိုထွန်းလင်း ··· ၊ ဟင်း အပြောင်းအလဲလေး ဖြစ်အောင် ဖေ့ ( စ် ) ဘုတ် ထဲ က ဟင်းချက်နည်းတွေ စမ်းပြီး ချက်စား ကြည့်ပါလား ”
“ ဖေ့ ( စ် ) ဘုတ် ဟုတ်လား ၊ တော်ပါတော့ ဗျာ ”
ကိုထွန်းလင်း တစ်ယောက် ဖေ့ ( စ် ) ဘုတ် ဟူ သော အသံ ကို ပင် မကြားချင်တော့ ။ ဖုန်း ဟန်းဆက်များ ကြော်ငြာ ထားသော ဆိုင်းဘုတ်ကြီး ကို စိတ်ပျက်စွာ ဖြင့် မသိမသာ လှမ်း ကြည့် လိုက် မိ ပါတော့သည် ။
◾ညီမေတ္တာ ( အမရပူရ )
📖 ရသကြယ်ဖြူ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment