❝ အေးချမ်းငယ် ၏ ဖွင့်ဟဝန်ခံချက် ❞
၁ ။
အေးချမ်း ညီမလေး မွေးတဲ့ နေ့ ဟာ အေးချမ်း ဆိုး လာတဲ့ နေ့ပေါ့ ။
ဪ ... ပြောရဦးမယ် ။
အေးချမ်း မှာ ညီအစ်မ သုံးယောက် ရှိသွားပြီ လေ ။ အကြီးဆုံး က မမ “ ချိုစိမ်းလဲ့ ” တဲ့ ။ သူ့ ကို အိမ် မှာ “ ချိုချို ” လို့ပဲ ခေါ်တယ် ။ သမီး ကို တော့ “ အေးချမ်း ” လို့ မှည့်တယ် ။ အဲဒီတုန်းက မမ အဆိုတော် အေးချမ်းမေ မပေါ်သေးဘူး ။ ရန်အောင် ပဲ ပေါ်သေးတယ် ။ ရန်အောင် က တယ်လီဗေးရှင်း မှာ အေးချမ်း ကို ကြည့်ပြီး “ ကလေးရေ ... ” လို့ ဆိုတယ် ။ ပြီးတော့ အေးချမ်း ကို ကြည့်ပြီး ရယ် ပြသေးတယ် ။ “ ချစ်တယ် မီးရယ် ” လို့ လည်း ဆိုသေးတယ် ။ အဲဒီတော့ အေးချမ်း က ကိုယ့် ကိုယ် ကိုယ် မီးကလေ ... မီးကလေ နဲ့ ပြောတော့ ဘွားဘွား နဲ့ မေမေ က ဆူတယ် ။ “ မီးရေ ” လို့ ထည့် ပြောတာ မကြိုက်ဘူး တဲ့ ။
“ ဘာဖြစ်လို့လဲဟင် ..” လို့ အေးချမ်း က မေးတော့ “ ညုတုတု ” နဲ့ မို့ တဲ့ ။ “ ညုတုတု ဆိုတာ ဘာလဲ ” လို့ အေးချမ်း က မေးတော့ “ မရှည်နဲ့” တဲ့ ။ နား မလည်ရင် အသာ နေ တဲ့ ။
အသာ မနေပါဘူး ။ ညုတုတု ဆိုတာ ကို အေးချမ်း လိုက် လိုက် မေး ကြည့်တော့ နွဲ့ တာတဲ့ ။ နွဲ့ တာ ဆိုတာ ဘာလဲ ။ ချွဲတာ တဲ့ ။ အေးချမ်း တစ်ခု မှ နားမလည်ဘူး ။ မမချိုချို က တော့ သီချင်း ဆိုရင် အင်္ကျီပါးပါး ၊ လုံချည်ပျော့ပျော့ ဝတ်ပြီး ဖင် တအား ယမ်း သီချင်း ဆိုတဲ့ မိန်းမတွေ က ပြောတာ မို့ မပြောရတာ တဲ့ ။ ဒါလည်း နား မလည်သေးပါဘူး ။
ခု ချိုချို က ၉ နှစ် ၊ အေးချမ်း က ၅ နှစ် ၊ ညီမလေး က ၃ လ ရှိပြီ ။ ၃ လ ကျော်ပြီး ရက် ၁၀၀ ပြည့်တဲ့ နေ့ မှာ နာမည် ပေး တော့ မှာ တဲ့ ။ သူ က ဗုဒ္ဓဟူးနေ့ မှာ မွေး တာမို့ “ ဆင် ” တဲ့ ။ နာမည်ကို စိန်ယင်းမာ လို့ မှည့် ကြ မှာ တဲ့ ။ “ စိန် ” လို မာပြီး “ စိန် ” လို ဌေးအောင်လို့တဲ့ ။
ဌေးအောင် ... ဟုတ်လား ။
အေးချမ်း တို့ က အရမ်းကြီး မဆင်းရဲပေမဲ့ ချမ်းတော့ မချမ်းသာ ဘူး ။ ဒါကြောင့်မို့ အေးချမ်း တို့ အိမ် နား က ကျောင်း မှာ ပဲ နေ ရတာလေ ။ ချမ်းသာတဲ့ လူတွေ နေတဲ့ ကျောင်း မှာ ဆို ရင် မော်တော်ကား ရှိ ရမယ် ။ မေမေ က စိန်နားကပ် ပန် ရမယ် ။ ကီမိုနိုလုံချည် ၊ အင်္ကျီဝမ်းဆက် ဝတ် ရမယ် ။ မိကျောင်းရေ လက်ကိုင်အိတ် ကိုင် ရမယ် ။ ခုံမြင့်ဖိနပ် နဲ့ ငါးရာ ကျော် တန် ဖိနပ် စီးရမယ် ။ ပြီးတော့ ငါးရာကျော် တန် စတီး ( လ် ) ထမင်း ဘူး ထဲ ကြက်သားဟင်း ၊ ပုစွန်ထုပ်ဟင်း ထည့် ရမယ် ။ ပန်းသီးစိတ် တွေ ၊ လိမ္မော်သီးစိတ် တွေ လည်း ယူ သွားရမယ် ။ တစ်ခါ အိမ် က ရေအိုး ထဲ က ရေ မယူရဘူး ။ သန့်စင်ရေ ယူ သွားရမယ် ။ အဲသလို ယူ သွားနိုင် မှ ကျောင်း ပြောင်း ပေးမယ် တဲ့ ။ မမချိုချို က စိတ် ညစ်သွားတယ် ။ ကျောင်း ပြောင်းချင် လှပြီ တဲ့ ။ ၄ တန်း စာမေးပွဲ ဖြေပြီး ရင် ပြောင်း ချင်တာ တဲ့ ။ ဟိုမှာ က တန်းမြင့် ကျောင်းသား အကောင်းစား ။ ဒီမှာက အလက ကျောင်းသား သူတောင်းစား တဲ့ ။ အဲသလို အိမ်နား က အောင်မျိုးသီဟဇော် က အေးချမ်း တို့ ကို စ,တယ် ။ စ,မှာပေါ့ ။ သူက အဲဒီ ကျောင်းကြီး ကို တောင်းအေ့ကား နဲ့ တစ်လှည့် ၊ ပဂျာရိုကား နဲ့ တစ်လှည့် သွားတာ ။
မေမေ ကတော့ မေမေ့ မှာ စိန်နားကပ် မရှိဘူး ။ ကီမိုနိုဝမ်းဆက် လည်း မရှိဘူး ။ ဖိနပ် ကလည်း ပါးချပ်ချပ်နဲ့ ၆ဝ ကျပ် ပဲ ပေးရတာ ။ ပိုက်ဆံအိတ် ကလည်း မြန်မာပြည် ဖြစ် ၁ဝဝ ကျပ် ပဲ ပေးရတာ ။ အောက် လိုက် တာ မေမေ ရာ ။ အေးချမ်း က ပြောလည်း မေမေ က ဘာမှ ပြန် မပြော ဘူး ။ အကြာကြီး နေမှ ကျောင်း မနေဘဲ အကြော် လည် ရောင်းနေတဲ့ ကလေး တွေ ကို ပြပြီး သမီးတို့ သိပ် ကံ ကောင်း တာပေါ့ တဲ့ ။ သမီးတို့ ကံကောင်း တယ် ။ ဟင် ... ဟုတ်လို့လား ။ သမီး ပုစွန်ထုပ် စားချင်တာ ကြာ လှပြီ ။ ဘယ် မှာ စား ရလို့ လဲ ။ တစ်ခါတုန်းက မေမေ က ပုစွန်ထုပ် နောက် မှ ဝယ်ပေးမယ်နော် ဆိုပြီး ပုစွန်သေးသေးလေးတွေ ဝယ် လာချက်လို့ သမီး အရိုး စူးတယ်လေ ။ အေးချမ်း ငို လိုက်ရတာ ။ အကြာကြီး နေမှ ပျောက် သွား တာ ။
အောင်မျိုးသီဟဇော် က အေးချမ်း ကို အောက်တန်း ကျလိုက်တာ တဲ့ ။ သူ က ပုစွန် ဆိုရင် ထမင်း နဲ့ တောင် မစားဘူး ။ ဒီ အတိုင်း မီးဖုတ် စား တာတဲ့ ။ အသားတွေ လည်း မီးရဲရဲ မှာ “ ကင် ” စားတာတဲ့ ။ ဟိုတယ် မှာ တစ်ယောက် နှစ်ထောင် ဖိုး စား ကြတာ ပုစွန်ချိုချဉ်တွေ မှ အများကြီး စားတာတဲ့ ။ သိပ် ကွာတာပဲ ။ သမီးတို့ စား တဲ့ ဝက်သား နဲ့ အာလူးဟင်း ကို သူ့ အိမ် က “ နစ်ကီ ” တောင် မစားဘူး တဲ့ ။ နစ်ကီ က တစ်နေ့ တစ်နေ့ အမဲသား အများကြီး စားတယ် ။ နွားနို့တွေ လည်း တစ်ပန်းကန် ပြီး တစ် ပန်းကန် သောက်တာ ။ လေဘေးထည် ထဲ က နင့် ဂါဝန်ဖိုး ထက် တန်သေး တယ် တဲ့ ။
၂ ။
အေးချမ်း သိပ်ကို စိတ် ဆိုး သွားတာပဲ ။ အဲသလို စိတ်ဆိုး လာရင် တအား ကုန်း အော် ပစ်တယ် ။ လမ်းပေါ် က ဖုန်တွေ ပေါ် ထိုင် ပစ် လိုက် တယ် ။ အလကား နေရင်း မြက်တွေ ဆွဲ နုတ်ပစ်ပြီး လွှင့် ပစ်တယ် ။
ညီမလေး စိန်ယင်းမာ မွေးတဲ့ နေ့ က ဆိုရင် အဆိုးဆုံး ပဲ ။ သိပ် ကို စိတ် ဆိုးတာ ။ ခဲလုံးတွေ ကောက်ကောက်ပြီး ဓာတ်တိုင်တွေ ကို ပေါက် တယ် ။ ခွေးညို တို့ ကို ပစ်တယ် ။ လမ်းပေါ်က ကလေးလေး မွေးထားတဲ့ ခွေးမကြီး ကို လည်း ပစ်တယ် ။ အေးချမ်း ရဲ့ မေမေ ရဲ့ မေမေ ဘွားဘွား က ပေတံ နဲ့ ရိုက် လည်း လုပ် တာပဲ ။ နာ ပေမဲ့ နာ ပစေပေါ့ ။ အေးချမ်း လုပ်ချင် တာ လုပ် မှာပဲ ။ အေးချမ်း သီချင်း ကို ကုန်းကုန်း အော်ပြီး ဆိုတယ် ။ အား ... အား ... အား ... နဲ့ ။ ဘယ်သူလဲ ၊ ဂလေသံ နဲ့ လို့ မေမေ က ဆေးရုံ မသွား ခင် ဆူ ဖူးတယ် ။ ဖေဖေ ကတော့ မဆူဘူး ။ ရိုက် လည်း မရိုက်ဘူး ။ ဒါပေမဲ့ ခေါ်ရင် မကြားချင်ယောင် ဆောင် နေတယ် ။ ဘာမှလည်း အေးချမ်း တို့ကို လုပ် မပေးဖူးဘူး ။ အလကားပဲ ။ ဦးရန်အောင် နဲ့ ဦးလွင်မိုး နဲ့ ဦးနေဆန်း တို့ ကိုပဲ အဖေ တော် တော့မယ် ။ ဒီတော့ ဖေဖေ က ရယ်တယ် ။ မေမေ တော်ချင်တဲ့ လူ မရှိဘူးလား ဆိုတော့ ဟင့်အင်း မေမေ ကတော့ ဒီ မေမေ ပဲ ။
ခု မေမေ ကလေးလေး မွေးဖို့ သွားပြီ ။
“ မိန်းကလေး ဟယ် ၊ အံ့ရော ။ အပြင် မှာ နှစ်ယောက် ၊ ခုပါနဲ့ ဆို ရင် သုံးယောက် ”
ဘွားဘွား က ပြောတော့ .....
“ ကောင်းတာပေါ့ အန်တီ ရယ် ။ ဗီရို သုံးလုံး ရတာပေါ့ ”
ဧည့်သည် က ပြောသေးတယ် ။
အဲဒါ ဘာ ပြောတာလဲ ။ သမီး တွေ အတွက် ဗီရိုတွေ ဝယ် ပေးမယ် လို့ ပြောတာ တဲ့ ။ ယောက်ျားလေး ရမယ် လို့ ပြောကြတာ မိန်းကလေး ရလို့ ဖေဖေ က စိတ်ရှုပ်တယ် တဲ့ ။ ရှင် တစ်ပါး မှ မပါဘူး ။ အဲဒါ ကိုရင် ကို ပြောတာနော် ။ အေးချမ်း က သီလရှင် ဝတ်ပြီး ရှင် ပြု မှာပေါ့ ။
“ ဒေဝါလီနေ့ မွေးတာ ထူးခြားတယ် ”
“ ဒါပေမဲ့ ရုပ် က တရုတ်လေး လို မျက်စိ မှေးမှေး နဲ့ ”
“ ဟုတ်ပါ့တော် ။ မျောက်တန်ခိုးရှင် ထဲက ဝူကောင်း ရဲ့ ဆရာ ဘုန်း ကြီး နဲ့ တူ လိုက်တာ ”
“ မတူပါဘူး ။ သူ က ညို သေးတယ် ”
ဘွားဘွား က မျက်နှာ ရှုံ့ပြီး ပြောတယ် ။ ဘွားဘွား ရဲ့ မေမေ ရန်ကင်း ဘွားဘွား ကတော့ ...
“ ညိုတာလေး တစ်ယောက်တော့ ပါ ဦးမှ ။ သူ့ ကို ညိုနွဲ့ လို့ ခေါ်မယ် ”
“ ညိုပလုံးပါ ” လို့ ဘွားဘွားလေး က ပြောတယ် ။ သူတို့ ပြော နေကြ တာ ညီမလေး အကြောင်း ချည်းပဲ ။ အေးချမ်း တို့ အကြောင်း လည်း မပါဘူး ။
ဖေဖေ က ပြော သေးတယ် ။
“ မွေးခန်း ထဲ က ဖေဖေ့ အသိ ဆရာဝန်မ ပြောတာ ကတော့ အချင်း စလွယ် နဲ့ မွေး တာတဲ့ ”
“ အချင်းစလွယ် နဲ့ မွေး ရင် ဘာ ဖြစ်တတ်လဲ ဟင် ”
အေးချမ်း က မေး တော့ “ ကောင်းစားတာပေါ့ ” တဲ့ ။
“ ဘယ်လို ကောင်းစားမှာလဲ ”
“ ချမ်းသာ မှာ ”
“ မော်တော်ကား စီးရမလား ၊ ပုစွန်ထုပ် စားရမလား ၊ ဆရာမ ကို သစ်ခွပန်း တစ်ရာတန် ပေးနိုင်မလား ၊ ဂျင်းဘောင်းဘီ ဝတ်နိုင်မလား ၊ ပြိုင်စက်ဘီး စီးရမလား ၊ ရေကူးကန် သွားနိုင်မလား ၊ လေယာဉ်ပျံ ကော စီးရမလား ၊ ဝက်ဝံရုပ် အကြီးကြီး ဖက် အိပ် ရမလား ၊ ဒိန်ခဲတွေ ကို အများ ကြီး စား ရမလား ”
မေမေ က အေးချမ်း ကို ပွေ့ပြီး ဒါတွေ မစားရ ၊ မဝတ်ရလည်း ဘာ ဖြစ်လဲ သမီး ရယ် ။ သမီးလေး အေးချမ်း ကို ဖေဖေ ရယ် ၊ မေမေ ရယ် ၊ ဘွား ဘွား ရယ် ၊ မမ ရယ် အားလုံး က ချစ် ကြတာပဲ ဟာ ”
“ ဟင် ... ဟုတ်ဘဲနဲ့ ”
“ ဘယ့်နှယ် မဟုတ်ရမှာလဲ ။ အေးချမ်း ကို အားလုံးက တကယ် ချစ်တာပါ ”
“ ညီမလေး စိန်ယင်းမာ ကို ပဲ ချစ်တာပါ ။ ခုဆိုရင် မေမေ က သမီး ကို မချစ်တော့ဘူး ”
“ ချစ်ပါတယ် သမီး ရဲ့ ”
“ မချစ်ပါဘူး ”
“ ဒီမှာ ကြည့်စမ်း ။ သမီး အေးချမ်း ငယ်ငယ်တုန်း က မေမေတို့ က ချစ်လွန်းလို့ ထား စရာတောင် မရှိဘူး ။ ဘယ်သွားသွား ၊ ဘယ်လာလာ သမီး ကို ပဲ ပွေ့ချီ သွားတာ ။ ခု စိန်ယင်းမာ လို ကြမ်းပြင် ပေါ် မှာ ဒီအတိုင်း မထားဘူး ။ ခုတင် နဲ့ သိပ်တာ ”
အေးချမ်း က “ ဒါဖြင့် ခု မချစ်တော့ဘူးပေါ့ ” လို့ မေးတယ် ။ မေမေ က “ သိပ်ချစ်တာပေါ့ ” လို့ ဖြေတယ် ။
အလကား ညာတာပါ ။ ညီမလေး မွေး ကတည်း က မေမေ ညီမလေး ကို ပဲ ပွေ့ချီ ထားတာ ၊ နို့ တိုက်နေတာ ၊ ညီမလေး နဲ့ ပဲ အချိန် ကုန်နေတာ ။ အေးချမ်း ညီမလေး ကို မ,ချီ နိုင်တဲ့ အခါ ကားလမ်း ပေါ် မှာ ပစ် ထားလိုက် မယ် ။ သူတို့ မသိအောင်လို့ ပေါ့ ။ ဒါပေမဲ့ ညီမလေး ကို ဘယ်တော့မှ တစ်ယောက် တည်း မတွေ့ရပါဘူး ။ မေမေ ၊ နို့ မဟုတ်ရင် ဘွားဘွား ၊ ဒါမှ မဟုတ်ရင် ရန်ကင်းဘွားဘွား ။ သမီး ညီမလေး ကို ဘာမှ လုပ်လို့ မရပါဘူး ။
၃ ။
ညီမလေး နဲ့ ပတ်သက်ရင် စိတ်ပုပ်တယ် လို့ ဘွားဘွား က ဆူတယ် ။ မေမေ က ပြောတယ် ။
“ စိတ်ထား မကောင်းရင် ကံ ဆိုးမယ် ။ စိတ်ထား ကောင်းရင် ကံ ကောင်းမယ် ” တဲ့ ။
“ ကံ ဆိုတာ ဘာလဲ ”
“ ခု သမီးတို့ အားလုံး ဖြစ် နေတာတွေပေါ့ ။ ဥပမာ ဟိုတလောတုန်း က ညီမလေး ဖျား ရင် ကောင်းမယ်လို့ သမီး ပြောတော့ သမီး ဘာ ဖြစ်သွားလဲ ”
“ သွေးလွန်တုပ်ကွေး ”
“ အဲဒါ ဖေဖေ ကု လိုက်လို့ မသေတာ ။ နို့မဟုတ် သေ နေပြီ ”
“ အေးချမ်း က မသေပါဘူး ၊ အသက် ရှည်မှာ ”
“ ဘယ်သူ ပြောလဲ ”
လို့ မမချိုချို က မေးတယ် ။
“ ဆရာတော် က ပြောတာ ။ သမီး အသက် ၁၀၀ ကျော် အောင် ကြာဆံဟင်း ကျွေး တာ တဲ့ ”
“ ဘာပဲဖြစ်ဖြစ် စိတ် ကောင်းကောင်း ထားရင် အေးချမ်း လှ လာမယ် ၊ စာတော် လာမယ် ၊ ချမ်းသာ လာမယ် ။ ခုတောင် “ အလတ်မလေးက အလှ ဆုံး ၊ ဘိုမလေးလိုပဲ ” ပြောကြတာ မဟုတ်လား ။ မျက်နှာလေး လည်း ချို တယ် ၊ စူပုပ်ပြီး မနေဘူး ၊ မမချိုချို လိုလည်း ပါးစပ် မစွာတော့ သွားလေး တွေက သိပ် လှတာပဲ ။ ပြုံးအလှပိုင်ရှင် တောင် ဖြစ် လာနိုင်တယ် ”
“ ဘာလဲ .. ပြုံးအလှပိုင်ရှင် ”
“ ပြုံး ရင် သွားလေး ပေါ်ပြီး လှ တာပေါ့ ”
အေးချမ်း က လှတယ် တဲ့ ။ ညီမလေး က ရုပ်ဆိုးတယ် တဲ့ ။ အားလုံး က ညီမလေး ကို အကြီးမလေး နှစ်ယောက် လို မလှဘူး လို့ ချည်း ပြော ကြ တာ ။ ငိုရင် အသံအကျယ်ကြီး ။ မမချိုချို က သူ့ ကို “ စိန်အာပြဲ ” လို့ မှည့် တယ် ။ သူ့ ငိုသံ နားထောင်တဲ့ လူတွေ က သူ ကြီး လာရင် အဆိုတော် ဖြစ် မှာ တဲ့ ။ သူ အဆိုတော် ဖြစ် ရင် အားလုံး က ထွက်ပြေး မှာ သေချာတယ် ။ မေမေ က တော့ “ အာပြဲပါးစပ်လေး လာစမ်း ” လို့ ခဏခဏ နမ်းတယ် ။ အေးချမ်း ငယ်ငယ်တုန်း က မေမေ ဒီလိုပဲ နမ်း သလား မေးရင် မေမေ က “ နမ်းတာပေါ့ ။ သိပ် နမ်းတာပေါ့ ” လို့ ညာ ပြောမယ် ။
ညီမလေး ကို အေးချမ်း သိပ် အမြင် ကတ်တာပဲ ။ ဒါကြောင့် လူကြီး တွေ အလစ်ပဲ အေးချမ်း ချောင်း နေတာ ။ ငရုတ်သီးစိမ်း ကို ချိုးပြီး သူ့ ပါးစပ် ထဲ ခွံ့ ထည့် မလို့ ။ ဒီအကြောင်း မမချိုချို ကို တောင် မပြောဘူး ။ တိုင်မှာ စိုးလို့ ။ အေးချမ်း ငယ်ငယ်တုန်း ကလည်း သူ ဒီလို လုပ်ချင် လုပ် မှာ ။ အသာနေ ။
ဒါပေမဲ့ မရပါဘူး ။ အေးချမ်း လက် ထဲက ငရုတ်သီး ကို မေမေ တွေ့ သွားတယ် ။
“ ငရုတ်သီး ဘာ လုပ်မလို့လဲ သမီး ”
“ သမီး ဘာမှ မလုပ်ပါဘူး ”
“ မှန်မှန် ပြောနော် ။ လိမ် မပြော မှ မေမေ ချစ်မှာ ”
“ ဒီ ငရုတ်သီး ကို ညီမလေး ပါးစပ် ထဲ ထည့် မလို့ မဟုတ်ပါဘူး ”
မေမေ စိတ်ဆိုး သွားမလား လို့ အေးချမ်း က ကြောက် နေတုန်း မေမေ က ဘွားဘွား ကို လှမ်း ကြည့်ပြီး ရယ် နေတယ် ။ ငရုတ်သီး ကို လည်း မေမေ ယူ လိုက်ပြီ ။ ဘွားဘွား က ..
“ ကြည့် ... ကလေးတွေ ဟာ မလိမ်တတ်ဘူး ”
“ သူ လိမ် နေတာပဲ မေမေ ရဲ့ ”
“ ဒါပေမဲ့ ဖြူစင်ရိုးဖြောင့်တဲ့ အကျင့် ရှိတော့ လိမ် ချင် သော်လည်း အလိမ် မတတ်ဘူး ”
“ ဖြူစင် မှ တော့ လိမ် ချင် ပါ့မလား မေမေ ရယ် ”
“ ဒါ ကလေး ရဲ့ ခံစားချက် တစ်ခုပဲ ။ လိမ်တယ် ဆိုတာ ထက် သူ လုပ် ချင်တာကို လုပ်ခွင့် မရတဲ့ အတွက် အပြစ် ပေါ့ အောင် ပြောတာလေ ။ ဒါ ကလေးတွေ ရဲ့ သနားစရာ ကောင်းတဲ့ အချက် တစ်ခုပဲ ။ သူ ဟာ လူကြီး တွေ လို အပြစ် ကို မဖုံးကွယ်တတ်ဘူး ”
အေးချမ်း သူတို့ ပြော တာတွေ နားမလည်ပါဘူး ။ ငို ပဲ ငို ချင်နေ တယ် ။ မေမေ က အဲဒါ သိပြီး အေးချမ်း ကို လှမ်း ဖက် လိုက်တယ် ။ အေးချမ်း က မေမေ့ ရင်ခွင် ထဲ မျက်နှာ အပ်ပြီး ငို လိုက်ရော ။ ပြီးတော့ အေးချမ်း ရဲ့ ရင်ဘတ် အထဲ ထဲ က တိုးတိုးလေး ပြောလိုက်တယ် ။
“ မေမေ ... သမီး ကို ညီမလေး ထက် ပို ချစ်ပါနော် ” လို့ ။
၄ ။
အေးချမ်း ရဲ့ မေမေ က သူ့ သမီးလတ် အေးချမ်း ကြီးပြင်း လာ တဲ့ တစ်နေ့ ဖတ်ဖို့ ဆိုပြီး ကဗျာလေး တစ်ပုဒ် လက်တည့်စမ်း ရေး ထားခဲ့ သေးတယ် ။
လောကလူသစ်
တစ်ဖြစ်ဆန်းလာ
အရုဏ်မှာ
ချိုသာလှ မိခင်အပြုံးနွေး
သမီးအေးချမ်း မျက်လုံးတွေကို
ရွှန်းလက်စေတယ်
နှလုံးနီးကပ် ရင်ချင်းထပ်လို့
အေးချမ်းငယ်ရဲ့
ဖြူစင်မှုကို
ဘယ်သူ တုနိုင်သလဲ ။
ဒီ ကဗျာ ကို အေးချမ်း ဖတ်ခွင့် ရလာ တဲ့ တစ်နေ့ မှာ အေးချမ်း ဟာ ခုလောက်ထိ ဆိုးသွမ်း လာမယ် မဟုတ်ပါဘူး ။
◾ခင်ဆွေဦး
📖 မဟေသီမဂ္ဂဇင်း
ဧပြီ ၊ ၁၉၉၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment