Sunday, January 22, 2023

လွတ်လပ်စိတ် သိုင်း ပြိုင်ပွဲ


 ❝ လွတ်လပ်စိတ် သိုင်း ပြိုင်ပွဲ❞


ပထမ ဆုံး သတိ ထား မိ တာ က တော့ နှင်းယုဝေ ရဲ့ မျက်နှာထိ မျက်နှာထား ပါပဲ ။ ကျွန်မ က လေးတွေ ကို နွေရာသီ မှာ ပန်းချီ သင် ပေးနေ တာ နှစ် အတော် ကြာခဲ့ပြီ ။ သမီး နှင်းယုဝေ လောက် မျက်နှာကြော တင်း တဲ့ ကလေး တစ်ယောက် မှ မတွေ့ဖူး သေးဘူး ။ ပြီးတော့ နှင်းယုဝေ က ပန်းချီသင်တန်း ကို ဒီ နှစ် မှ လာ တက် တဲ့ တပည့် အသစ် ။


အစ က ဒီ ကလေး မျက်နှာ မရွှင်ပျ ပါလား ၊ ခပ်တည်တည် နေတတ် တာ သူ့ အကျင့် ပဲ ထင်ပါ ရဲ့ လို့ ထင် မိတယ် ။ သင်တန်း စ လို့ တတိယ မြောက် နေ့ မှ စပို့ရှပ် အကောင်းစား ပိတောက် ရောင် ဝတ် ထားတဲ့ အသားဖြူဖြူ နဲ့ ဘောင်းဘီ အရှည် အဖြူဝတ် လူ တစ်ယောက် သမီး နဲ့ အ တူ ပါ လာတယ် ။ ရုပ်ချင်း တော်တော် တူ နေ ကတည်း က ဒီလူ ဘယ်သူ ဆိုတာ သိ လိုက် ပြီးသား ။


သူ့ အဖေ လိုက်လာ တာ ဟာ နှင်းယုဝေ ကို ပိုပြီး အာရုံ စိုက်စရာ ဖြစ် လာ တယ် ။


“ သမီး ရေး တဲ့ လူပုံတွေ က အချိုး မကျဘူး ၊ ဒါကြောင့် အချိုး ကျအောင် သင် ပေးပါဆရာမ ”


တဲ့  ။ သူ့ အဖေ က တောင်းဆို နေပါ ပေါ့လား ။ အနား က သမီး လုပ် သူ က တော့ သူ့ အဖေ ဒီလို ပြောတာ ကို ရှက်ရွံ့အားနာ နေတယ် ထင်ပါရဲ့  ။ ခေါင်းကလေး ငုံ့ ထား ရှာတယ် ။ 


“ သမီး အသက် ဘယ် နှနှစ် ရှိပြီလဲ ”


 လို့ သမီး ကို ကြည့်ပြီး မေး တော့ “ ရှစ်နှစ်ပါ ကျောင်း ဖွင့် ရင် သုံးတန်း တက် ရမယ် ”


 တဲ့ သမီး ကိုယ်စား သူ့ အဖေ က ဝင် ဖြေတယ် ။ အတွေ့အကြုံ အရ တော့ ဒီ ကလေးတွေ အတွက် အချိုးအစား ဆို တာ ရှေ့တန်း တင် ရမယ့် ပြဿနာ မဟုတ်ဘူး ။


“ အစ်ကိုကြီး ရဲ့ သမီး ရေးတဲ့ ပန်းချီကားတွေ ဟာ သူ့ အသက်အရွယ် နဲ့ သူ ကောင်း နေတာပဲ ။ ကျွန်မ ကလေးတွေ ရေး တာ နေ့တိုင်း ကြည့်ပေး စစ် ပေးတယ် ။ သူ့ မှာ ဘာ ချို့ယွင်းချက် ရှိ နေ လို့ လဲ ”


“ ဟုတ်တယ် အိမ် မှာ လည်း သူ အမြဲ ရေးနေ တာ ၊ သူ ဝါသနာပါ လို့ ကျွန်တော်တို့ အားပေး တာ သူ ရေးတဲ့ ပုံတွေ ဟာ အချိုးအစား မကိုက် ဘူး ၊ လူပုံ ၊ လူပုံ က တော့ အချိုးအစား ကျကျ ရေး နိုင်အောင် သင် ပေးပါ ”


ကျွန်မ စိတ် ထဲ မှာ တင် ပဲ ပြုံး လိုက် မိတယ် ။


တစ်ခါတုန်း က ပန်းချီ ဝါသနာ ပါတဲ့ ကလေး တစ်ယောက် ကို မိဘတွေ က မြေတောင် မြှောက် ပေးကြ ပုံ ကို ပြေး သတိ ရ မိတယ် ။ ပထမ ဆုံး ကလေး ကို ကျွန်မ ရဲ့ ပန်းချီကျောင်း ပို့တယ် ။ နောက်တော့ နိုင်ငံတော် ပန်းချီကျောင်း က ပန်းချီဆရာ တစ်ဦး ကို အိမ် ခေါ် သင်တယ် ။ ပန်းချီ ကျောင်း က သင်ရိုး အတိုင်း သူ့ ကို သင် ပေးပါ တဲ့  ။ သူ့ ကလေး က ဉာဏ် ကောင်းပြီး ထူးချွန် လို့ လိုက်နိုင် ပါတယ် တဲ့  ။ အဲဒီ ကလေး ဟာ လည်း သုံးတန်း ကျောင်းသား ပါ ပဲ ။


အခု လည်း ပုံစံ တူ နေပါပြီ ။ အသက် နဲ့ မလိုက် အောင် ကလေး ကို တတ် စေ ချင်တဲ့ မိဘ မျိုး ဟာ သူတို့ ရဲ့ ဉာဏ် ကို အထင် ကြီးတယ် ။ များ များ သင် နိုင်လေ ကောင်းလေ လို့ ယူဆ တယ် ။ ကလေး ရဲ့ ထက်မြက် တဲ့ ဉာဏ်ရည် က နေ လူကြီး ရေးတဲ့ ပန်းချီ မျိုး ထွက်ပေါ် လာအောင် ငွေ အား လူ အား နဲ့ ဖိ လိုက်ကြတာ ဟာ သိုက်ဆရာ တွေ လို ဥစ္စာ ရ နိုးနိုး နဲ့ မြေကြီး ကို ရေ ထင်ပြီး ကူး နေကြပါပကော ။


“ သမီး တဖြည်းဖြည်း နဲ့ ပုံမှန် တိုးတက် သွား မှာ ပါ ။ ကျွန်မ ဂရု စိုက်ပါတယ်  ။ အရွယ် ငယ်တဲ့ အချိန် မှာ သူ့ အရွယ် နဲ့ ကိုက်ညီ တဲ့ ပုံစံ တွေ ရမှာ ပဲ ။ အတန်းကြီး အသက်ကြီး တဲ့ အခါ အလို လို ရ သွား ပါလိမ့်မယ် ။ ကလေး ပန်းချီ ဆိုတာ ... ”


ကျွန်မ က ကလေးပန်းချီ ဆိုတာ လို့ စ လိုက်  တာ ရှိ သေးတယ် ။ သူ က “ နေ နေ ... ဆရာမ ရပါတယ် ။ ကျွန်တော် လည်း အချိန် မရလို့ သွား လိုက်ဦးမယ် ။ ကလေး ကို အချိုးကျကျ ရေးတတ် စေချင် တာပါ ”


 တဲ့  ။


ဪ ... အမှန်ကတော့ ကိုယ့် သမီး ရဲ့ ဉာဏ်ရည်ဉာဏ်သွေး နဲ့ စိတ်နေ စိတ်ထား တွေ က သမီး က ပန်းချီ ရေးပြီး ပြောပြ နေတာပါ ။ ဒါတွေ ကို သမီး တို့ မိဘတွေ က မြင်အောင် မကြည့်ကြတာလေ ။


ဘာတွေလဲ မသိဘူး ။ ရေး တော့ ရေး နေတာ ပဲ ၊ ကိုယ် က လည်း နား မလည်တော့ တစ်အိမ် လုံး လည်း ရှုပ်ပွ ညစ်ပေ နေတော့တာ တွေ့က ရာ နဲ့ ခြစ် ခြစ် နေလို့ ရိုက် ယူရတယ် ... တဲ့  ။ မိဘ တွေ က နံရံတွေ ၊ ကြမ်းပြင်တွေ ၊ စာအုပ်တွေ ညစ်ပတ် ပေရေ ကုန် မှာ စိုးရိမ်ပြီး ကလေး ကို အရုပ် မရေးရအောင် ဟန့်တား ထား ကြတယ် ။


အဲဒါ မှားတယ် ။


ဒီလို ဟန့်တား တာ ကလေး ရဲ့ အခန်းကဏ္ဍ ၊ သူ့ အစွမ်းအစ ကို ခြေဖျက် ရာ ရောက်တယ် ။ ကလေး ရဲ့ အစွမ်းသတ္တိတွေ က တုံး ကုန် ၊ ဆွံ့ အ ကုန် ကြတယ် ။ ကလေး ခမျာ သူ့ ကိုယ် သူ ယုံကြည်မှု နည်း သွား ပြီလေ ။


ကိုယ့် သားသမီး ကို ဆရာဝန် ဖြစ် စေချင်သူ ပဲ ဖြစ်ဖြစ် ၊ အင်ဂျင်နီယာ ဖြစ်စေ ချင် သူပဲ ဖြစ်ဖြစ် တချို့က အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ် စေ ချင်ကြတယ် ။ ကြီး လာ ရင် ဘာကြီးပဲ ဖြစ်စေ ချင်ပါစေ ကလေး မှာ ကိုယ်ပိုင် အတွေးအခေါ် ရှိဖို့  ၊ ကိုယ်တိုင် ဆုံးဖြတ် တတ် ဖို့ သဘာဝ ကို ကြည့်မြင် တတ်ဖို့ ခံစားစရာတွေ ကို ခံစား တတ်ဖို့ အရေး ကြီးတယ် ။ ဒီလို အကျင့်ကောင်း တွေ ရ ဖို့ ကလေးတွေ ကို ပန်းချီ ရေး ကြ ပါစေလို့ ကျွန်မ တိုက်တွန်း တာ ။ ပန်းချီ ရေး တဲ့ ကလေး ဟာ ကိုယ်ပိုင် ထိုးထွင်း တီထွင် ချင်တယ် ။ အခက်အခဲ ကို ရင်ဆိုင် ဖြေရှင်း တတ် တယ် ။ အလှအပ ၊ အကောင်းအဆိုး ကို ခွဲခြား သိ တတ်တယ် ။ ဒီလို အသိဉာဏ် တွေ ဟာ ဘဝ တစ်သက်စာ အရေး ကြီး တယ်လေ ။ 


သမီး နှင်းယုဝေ ပန်းချီ ရေးနေ ပုံ ကို ကြည့်ရ တာ ပြင်ပ ပယောဂ အနှောင့်အယှက် တွေ ဖိစီး ခံ နေရတယ် ထင်ပါရဲ့  ။ သူ့ ခမျာ အဲဒီ အနှော က်အယှက်တွေ ကို လုံးထွေး သတ်ပုတ် နေရသ လိုပဲ ၊ နဂို က မှ ခပ်တည်တည် မျက်နှာလေး မှာ မျက်မှောင် ကုတ် လိုက် ၊ နှုတ်ခမ်းလေး မဆို သ လောက် စူ သွားလိုက် သက်ပြင်း ချ လိုက်နဲ့  ။


ကလေးတွေ က သူတို့ ဒီနေ့ ပျော်ပျော်ပါးပါး ရေး ကြတဲ့ ပန်းချီကားတွေ ရေး ပြီးလို့ ကျွန်မ ကို ပြ ပြီး တချို့ အိမ် ကို တောင် မှ ပြန် ကုန်ကြပြီ ။ နှင်းယုဝေ က တော့ ကျားကုတ် ကျားခဲ အား စိုက် ရေး နေ တုန်းပဲ ၊ အပေါ် နှုတ်ခမ်း အထက် နား ဆီ မှာ ချွေးစလေး တောင် ဥ လို့  ။


သူ့ ပန်းချီကား လာ ပြတော့ ကျွန်မ လည်း သေချာချာ ကြည့်တာပဲ ဒါပေမဲ့ သိပ် သဘော မပေါက်ဘူး ။


“ ဘာ ပုံ ရေးထားသလဲ သမီး ”


သူ့ မျက်လုံးရွဲကြီးတွေ ပေါ်အောင် မျက်ခွံ လှန် ကြည့်ရင်း နဲ့ ဆရာမ ဖြစ်ပြီး ဒါတောင် မှ မသိ ရ ကောင်းလား ဆိုတဲ့ အကြည့် နဲ့ လေ ။ နှင်းယုဝေ ရှင်းတော့ လည်း လင်း သွား တာပါပဲ ။


“ ဒါ သိုင်းပြိုင်ပွဲ ရေး ထားတာ ”


မိန်းကလေး တန်မဲ့ သူ ရွေးချယ်တဲ့ အကြောင်းအရာ ကို ကြည့်ပြီး အံ့ဩ မိတယ် ။ သူ့ ကို တစ် လှည့် ပန်းချီကား ကို တစ် လှည့် တစ်ပြန် စီ ကြည့် မိတယ် ။ ဒီပြင် မိန်းကလေးတွေ မိသားစု ပန်းခြံ ထဲ လည်ပတ်ကြ ပုံ ၊ စူပါမားကတ် သွားကြ ပုံ ၊ သီတင်းကျွတ် မီးပူဇော်ကြ ပုံ ၊ ဘုရားဖူး ထွက်ကြပုံတွေ ရေး ကြ ချိန် မှာ နှင်းယုဝေ က သိုင်းပြိင်ပွဲ တဲ့ ။


“ ဟောဒါလေးတွေ က ရော ”


လေးထောင့်ကွက်လေး တွေ ထဲ က ခေါင်းပြတ်လေးတွေ နဲ့ တူ တဲ့ ခေါင်း မည်းမည်းလေး တွေ က ဘာတွေလဲ လို့  မေး ကြည့်တော့ ...


“ ဒါ အရင် နှစ်တွေ က သိုင်းပြိုင်ပွဲ တွေ မှာ ဆု ရ ခဲ့သူ တွေ ရဲ့ ဓာတ်ပုံတွေ ဆရာမ ရဲ့ ”


ကျွန်မ အံ့သြ သဘောကျ မိ လို့ မဆုံးခင် မှာ သမီး နှင်းယုဝေ က ဆက် ပြော လိုက်သေးတယ် ။


“ ဒီလို ဂုဏ်ပြု ထားတော့ ပြိုင်ပွဲ ဝင် တဲ့ လူ တွေ ပို ကြိုးစားကြတာပေါ့ ”


ကျွန်မ အတွက် တော့ သူ ပြောပြမှ သိ ရတဲ့ ဗဟုသုတ ပါ ။ ငါ တစ်ခါ မှ အခု လို မတွေး မိဘူး လို့ ကျန်တဲ့ ကလေးတွေ ရှေ့ မှာ ချီးကျူး တော့ သူ့ ခပ်တည်တည် မျက်နှာလေး မှာ ရှက်စနိုး နဲ့ ပြုံးယောင် သန်းတယ် ဆို ရုံလေး ။


နှင်းယုဝေ ရေး လေ့ ရှိတဲ့ ပန်းချီကားတွေ မှာ အကွက်တွေ ပါလေ့ ရှိကြတယ် ။ ကျွန်မ က သူ့ ကို ဒီ အကွက်တွေ ကို ဖျောက်ပြီး ရေး စေချင်တ ယ် ။ ပြီးတော့ သင်တန်း မှာ သူ နေထိုင်ပုံ က သိပ် တည်ငြိမ် လွန်းတယ် ။ သီးခြား ဆန် လွန်းတယ် ။ သူ့ အနားဝန်းကျင် က ကလေးတွေ တွန်းထိုး ဆော့ ကြ ရင်လည်း သူ က ဟေ့ ဘာ ၊ ညာ လည်း မပြောဘူး ။ မစွာဘူး ။ ဂရု မစိုက်တာ  ။ သူ့ ပန်းချီကား ထဲ မှာ စိတ် နှစ် ထားတဲ့ သမာဓိ အား ကောင်းတဲ့ ပန်းချီ ဆရာမကြီး တစ်ယောက် နဲ့ တူတယ် ။ ကလေးတစ်ယောက် နဲ့ မတူဘူး ။


“ ဒီလို ပန်းချီကားမျိုး မဟုတ်ဘဲ ပျော်ရွှင်စရာ ကောင်း တဲ့ ပန်းချီ ကား မျိုး ရေးပါဦး လား ”


သမီးလေး က တုတ်တုတ် မှ မလှုပ် သလို ခေါင်းလည်း မညိတ် ၊ အင်း လည်း မဆိုဘူး ၊ ဟုတ်ကဲ့ ဆိုတာ အဝေး ကြီး ။


နောက် တစ်နေ့ မနက် မှာ ရေးပြီး လာ ပြတဲ့ ပန်းချီကား ကျ ပြန် တော့လည်း ကျွန်မ အံ့သြချီး ကျူး ရပြန်တာပါပဲ ။ စစ်တပ် နှစ်တပ် တိုက်ပွဲ ဖြစ်နေကြတာတဲ့  ။


တိုက် ကြ တာမှ ဘက် နှစ်ဖက် အင် နဲ့ အား နဲ့ ကို မီးကုန် ယမ်းကုန် တိုက်နေကြပုံ ရေး လာတယ် ။ စစ်သည် အင်အား နှစ်ဖက် စလုံး အများကြီး လို့ ရေး ပြချင်တော့ နှင်းယုဝေ က စစ်သားတွေ ရဲ့ အရွယ် ကို ကြီး ရာ က တဖြည်းဖြည်း ငယ် ပစ် လိုက်သေးတယ် ။ တိုက်ပွဲ ပြင်းထန် ကြောင်း သိ သာ အောင် လိမ္မော်ရောင် တွေ အနီရောင် တွေ ရဲရဲတောက် နေအောင် ရေးခြယ် ဖော် ရ လာ ပြီ ။


ကျွန်မ က တော့ သမီး နှင်းယုဝေ မှာ အစွမ်း အစ ရှိတယ် ဆို တာ သေသေချာချာ ယုံကြည်တယ် ။ သူများ ထက် ထူးခြားမယ့် ကလေး ဆိုတာ သူ့ ‘ ဇ ’ မှာ ပြ နေတယ် ။ ဒါကြောင့် သူ ဘာလုပ် လဲ ဘာတွေ ဘယ်လို ရေး မလဲ သိချင် စိတ် နဲ့ စောင့်ကြည့် မိတယ် ။


ကလေးတွေ ရေးပြီး ပြ လာတဲ့ ကားတွေ ကို အသေအချာ ကြည့်တယ် ။ ကျွန်မ စဉ်းစားတယ် ။


နား မလည်ရင် မေး တယ် ။ သူတို့ အဖြေ ရဲ့ မှတ်ချက် ကိုတော့ တကယ် ကောင်းရင် ကောင်းတယ် လို့ ချီးကျူး ပေး လိုက်တယ် ။ မကောင်းသေး ရင် လည်း အကြိုက် လိုက် မပြောဘူး ။ အားမရ သေးဘူး ။ ကြိုးစားဦး ၊ သတ္တိ ရှိရှိ ရဲရဲ နဲ့ သာ ရေး လို့ ပြော လိုက်တယ် ။ ကျွန်မ က အပိုတွေ မပြော သလို သူတို့ က လည်း အပိုတွေ မလုပ် ဘူး ။ ရိုးရိုး ပဲ ။ သူတို့ အစွမ်း ဖော်ထုတ် ခိုင်းရုံ သက်သက် ပဲ ။ နောက်ပိုင်း ရေးတဲ့ ပန်းချီကားတွေ ကျ တော့ အဆင်ပြေ သွားပြီ ။ သူတို့ က လည်း ကျွန်မ ကို ချွေး ကျအောင် ပုစ္ဆာ ထုတ်တယ် ။ ကျွန်မ က အသက် အောင့်ပြီး ဖြေ ရတဲ့ သူ ။ ပုစ္ဆာ ကောင်း ရင် သူတို့ ကို ချိုချဉ် ၊ မုန့် ၊ နှုတ်ဆု တစ်ခု ခုတော့ ဆုချ ဂုဏ်ပြု ရတာပဲ ။


မိဘတွေ သားသမီး ကို ချစ်ကြတာ ထုံးစံ ပါ ပဲ ။ အပြစ် မဟုတ်ပါဘူး ။ တချို့ကတော့ လွန်ကဲ တဲ့ ချစ်ခြင်း နဲ့ ချစ်ကြတယ် ။ ဒါပေမဲ့ ချစ်ပုံ ချစ်နည်း လည်း မှားတော့ ချစ်ရာ မရောက်ဘူး ။ သား သမီး တွေ မှာ  ပန်းချီ ဝါသနာ ပါတဲ့ အစွမ်းအစ ပြ ရင် မိဘတွေ က ပန်းချီပစ္စည်းတွေ ၊ ပန်းချီရေး တဲ့ စာအုပ်တွေ ၊ အရောင်ခြယ်တဲ့ စာအုပ်တွေ ဝယ် ပေးကြတယ် ။ တစ်ဆင့်ပြီး တစ်ဆင့် ပုံသေနည်း နဲ့ ပန်းချီ ရေးနည်း သင် တဲ့ စာအုပ်တွေ ပါ ပါတာပေါ့ ။ 


တချို့ စာအုပ်တွေ ပန်းချီ ပစ္စည်းတွေ က ဈေး ကြီး လေတော့ ပုံအော ဝယ်ပေး လိုက်လို့ ပိုက်ဆံ တော်တော် ကုန် သွားရင် သူတို့ တာဝန် ကျေပြီ လို့ ယူဆ ပြီး ကျေနပ် သွားကြတယ် ။ ဟုတ်လှပြီ ထင် သွားကြတယ် ။ တချို့က ပုံ ရေးတဲ့ ကိရိယာတွေ ပါ ထည့် ရောင်း လိုက်ကြလို့ ဝယ်ပေးကြသေးတယ် ။


ဒါမျိုး လုပ်ဖို့ မကောင်းဘူး ။ ကျွန်မ အား မပေးဘူး ။


ကလေးတွေ ရဲ့ နုနယ်တဲ့ အသိဉာဏ် မှာ ထိ ခိုက် တတ်တယ် ။ သူတို့ စဉ်းစား တွေးတော ရာ မှာ အကန့်အသတ် တွေ ဖြစ် ကုန်တယ် ။ အနှော င့်အယှက် တွေ ဖြစ် တာပေါ့ ။ ဒါကို မိဘတွေ မ သိ ရှာဘူး ။


ဥပမာ အိမ်တစ်လုံး ရေးမယ် ဆိုရင် ပေတံ နဲ့ ပဲ ဆွဲတယ် ။ ပေတံ မပါရင် အိမ် ကို မရေး တတ် တော့ဘူး ။ နည်းလမ်း ပြတဲ့ စာအုပ် မှာ ပေတံ နဲ့ ရေးဆွဲ နည်း အဆင့်ဆင့် နမူနာ ပြ ထားတာလေ ။ ဒီ အတွေ့အကြုံ ရှိတဲ့ ကလေး က နှေးကွေး သွားပြီး ကိုယ့် အား ကိုယ် မကိုး တတ် တော့ဘူး ။ တီထွင် ရေးနိုင်စွမ်း နည်း သွားပြီး ဖော်မြူလာ နဲ့ ကြီးပြင်း ရ တဲ့ ဖော်မြူလာ ကလေး ဖြစ် သွားပြီ ။


မိဘတွေ က အဲဒီ စာအုပ်တွေ ပစ္စည်းတွေ နဲ့ အိမ် မှာ ဇွတ် အရေး ခိုင်းတယ်  ။ တချို့က ကလေး ပျော် မှ ရေး တောင် မဟုတ်ဘူး  ။ ဘယ် နှ နာရီ ကနေ ဘယ် နှနာရီ အထိ ပန်းချီ ရေး ရမယ် ဆိုပြီး ကျောင်းစာ သင် သလို ကန့်သတ် ကြသေး တယ် ။ မိဘ ကို ကြောက်တော့ နေ့တိုင်း နှစ်နာရီ ဖြင့် နှစ်နာရီ ရေး ရ ရှာသတဲ့  ။ အဲဒီလို ကလေး တွေ က သင်တန်း ရောက်တဲ့ အချိန် မှာ ပန်းချီ ရေး ရင် အကွက်တွေ နဲ့ ချည်း ရေးလေ့ ရှိတယ် ။ အခု နောက်ပိုင်း ဒီလို ကလေးတွေ အတွေ့ရ များ တယ် ။


ပြီးတော့ လူပြိန်းကြိုက် ပန်းချီကားတွေ အရောင် စုံ ရင် လှတာပဲ ဆိုတဲ့ ပန်းချီကားတွေ ကို ကူး အရေး ခိုင်း တတ် ကြသေးတယ် ။


“ ဒီ လူ ကို ကြိုး နဲ့ ခပ်တင်းတင်း တုပ်လာခဲ့ တာ လမ်း တစ်လျှောက်လုံး လည်း ရိုက် လာခဲ့ တာ  ။ လက်သီး နဲ့ လည်း ထိုးတယ် ။ ဆိုက်ကစ် လည်း ကစ် လာခဲ့တယ် ။ ဟောဒီ ရေဖလား က သူ သတ ိမေ့ရင် ပြန် သတိ ရအောင် ပက်ဖို့ ရေ တွေ ပါ တယ် ။ သတိ ရပြီ ဆိုရင် ဟို လူ့ လက် ထဲ မှာ ဓား တွေ့လား ။ အဲဒီ ဓား နဲ့ ထိုး မှာ ။ ဓား က အဆင်သင့် ၊ ဟိုဟာ က မြစ် ။ ရေ တွေ အများကြီး ဓား နဲ့ ထိုး ပြီး ရင် ဒီ လူ ကို မြစ် ရေ ထဲ ကန် ချ မှာ ”


ဖြစ်စဉ်ပြ ရေးနည်း မျိုး ရေးပြီး ပါးစပ် နဲ့ ရှင်း ပြတာ နား ထောင်ရင်း သူ့ ပန်းချီကား ကြည့်ရင်း ကျွန်မ အံ့ဩ မိစေတယ် ။ တယ်လည်း ကြောက်စရာ ကောင်းတဲ့ စိတ်ကူး ပါလား ၊ တော်ရုံကလေး ဒါမျိုး စဉ်းစား ပါ့ မလား ။ သူ့ စိတ် မှာ အမာရွတ် တစ်ခု ခု ရှိတန် ကောင်းရဲ့  ။


“ သမီးရယ် ဆရာမ ဖြင့် သမီး ပုံ ကြည့်ပြီး ကြက်သီး ကို ထ သွားတာပဲ ။ ပျော်စရာ ကောင်း တာ ရေး ဦး လေ ”


နှင်းယုဝေ မျက်နှာ က ခပ်တည်တည် မဟုတ် တော့ဘူး ။ ရယ် တယ် ။


သူ့ အိမ် က ဝယ်ပေး ထားတဲ့ အရုပ်စာအုပ် နဲ့ တီဗွီ က ရတဲ့ မြင်ဆရာတွေ က တစ်ဆင့် ရုပ်ပုံ တွေ သမီး ခပ်သွက်သွက် ရေးနိုင် လာပြီ ။ မြင်ဖူး တဲ့ အရုပ်ကားတွေ ထဲ က နေ ပြန် စဉ်းစား ရေးဆွဲ တဲ့ ဆောင်းတွင်းကာလ ဆို တဲ့ ပန်းချီကား ဟာ ဝင်ရိုးစွန်း က အက်စကီးမိုး ဇာတ်ကောင် နဲ့ ရေးတယ် ။


လူ တစ်ယောက် ကို လုပ်ကြံပုံ ရေး ပြီးတော့ အဝတ် လျှော် နေ လှန်း တဲ့ ပုံ နောက် တစ်နေ့ ရေး ပြန်တယ် ။ ဖြေဆေး သဘော လား မသိဘူး ။ ဒါပေမဲ့ အိမ် က ဝယ် ပေး ထားတဲ့ စာအုပ်တွေ ရဲ့ မြင်ကွင်းတွေ ထဲ က တရွေ့ရွေ့ ထွက် လာပြီ ။ ဝမ်းသာစရာပဲ ။


တိုက်ပွဲ ဆိုတဲ့ ပန်းချီကား က တော့ ပန်းချီဆရာမလေး ကို မလေးစားဘဲ မနေနိုင်ဘူး ။ ဟိုဘက် ဒီဘက် နှစ်အုပ်စု ပြိုင်ပြီး လူစုံ တက်စုံ ရင်ဆိုင် နေ လိုက်ကြတာ အမေရိကန် သမိုင်း ထဲ က လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင် နေ ကြပုံ ကို သတိ ရစေတယ် ။ သူ သာ ကြီး လာရင် ရာဇဝင် နိပါတ်တော်များ ရေး ဦး မှာ လေလား ။


နှင်းယုဝေ နောက်ပိုင်း ရေး တဲ့ ပန်းချီကား တွေ မှာ လိုသလောက် ပဲ လုပ်တယ် ။ မလို တာ မ လုပ်ဘူး ။ ဖြတ်ညှပ်ကပ် လုပ် ရတဲ့ လေ့ကျင့်ခန်းတွေ မှာ လည်း လောဘ မကြီးဘူး ။ ခေါင်းအေးအေး နဲ့ လိုတာလေးတွေ ပဲ အကောင်းဆုံး လုပ်ပြ သွားတယ် ။


သူ ရဲ့ အေးစက် တည်ငြိမ်တဲ့ အမူအရာ ကို ကျွန်မ နားလည် လာပြီ ။ အစွမ်း သတ္တိ ရှိသူလေး မို့ ကျွန်မ ရဲ့ နွေးထွေး ဂရုစိုက်မှုတွေ က သူ့ အစွမ်း သတ္တိ စိတ်ကူးဆန်းတွေ ကို မြေတောင် မြှောက်ပေး မိ ရက် သား ။


ကလေးတွေ မှာ အရောင်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင် သတ်မှတ်ချက်တွေ ရှိတယ် ။ သူတို့ ရဲ့ သတ်မှတ်ချက် ကို ပြင်ဆင်ပေးမယ် ဆိုရင် သူတို့ မနှစ်သက်ကြဘူး ။ သူတို့ ပြ နေတာ ကို နားလည် အောင် မကြည့်ဘဲ ကိုယ် ပြောတာ ကို ပဲ ဇွတ် နား အထောင် ခိုင်း နေ သလိုမျိုး ။ ဒီတော့ ဘယ်လို လုပ် အောင်မြင်မှု ရ မလဲ ။ ခုတ်ရာ တခြား ရှရာ တခြား သင်ပြမှု ကို ပဲ လူတွေ က သိကြတယ်  ။ ပညာ လည်း တတ် ၊ ငွေကြေး လည်း ချမ်းသာ ပညာ ကို လည်း အစွမ်းကုန် တတ်စေ ချင်တဲ့ မိဘတွေ က ပန်းချီ ဝါသနာ ပါ တဲ့ ကလေး ကို ပြုစု ပျိုးထောင် ဖို့ အကြံ ကြီးကြီး ကြံ ကြတယ် ။ အဲဒါ က တော့ ၇ နှစ် ၊ ၈နှစ် အရွယ် ကလေ ကို နိုင်ငံတော် ပန်းချီကျောင်း က သင်ရိုး အတိုင်း သင် ပေး ချင် ကြ တာ ပါပဲ ။ လူ့ ခန္ဓာ အချိုးအစား တွေ ကိုက်ညီ အောင် အနီး အဝေး စနစ်တွေ နဲ့ ရှုမျှော် ခင်း တွေ ရေး နိုင်အောင် တတ်စေ ချင် ကြတယ် ။ 


မိဘ တစ်ဦး က သူ စာ ထဲ မှာ ဖတ်ဖူးတယ် ။ ကမ္ဘာကျော် ပန်းချီ ဆရာ ပီကာဆို ဟာ အသက် ( ၁၃ ) နှစ် သား မှာ ပုံသဏ္ဌာန် အချိုးအစား နဲ့ ပတ်သက် ပြီး သင်ရိုး ကုန် ခဲ့ပြီတဲ့  ။ ၇ နှစ် ၊ ၈ နှစ် သမီး ကို ၁၃နှစ် သား ပီကာဆို ထက် သာစေ ချင် ရော့ သလား ။


ကလေးတွေ မှာ အစွမ်းအစ ကိုယ်စီ ရှိ ကြတ ယ် ။ ဒီ အစွမ်းအစတွေ ကို မြေတောင် မြှောက် ပြု စု ရ မှာ ကျွန်မ အလုပ် ။ မြေတောင် မြှောက် ပေး ပြုစု ရမှာ ကျွန်မ အလုပ် ။ မြေတောင် မြှောက် ရုံ တင် မကဘူး ။ ပေါင်း ပါ သင် ရသေးတယ် ။ သူ တို့ လေး တွေ အားလုံး ပန်းချီဆရာ ၊ ပန်းချီဆရာမ ဖြစ် လာ ချင် မှ ဖြစ် လာ မှာ ပါ ။ ဒါပေမဲ့ သူ တို့ ရှင်သန် ကြီးထွားရာ ဘဝ အသီးသီး မှာ အညွန့် တလူလူ နဲ့ ရှင်သန်ဖို့ ကျွန်မ ဘဝ တစ်သက် စာ ပြင်ဆင် ပေး နေတာပါ ။


ဒီနှစ် ကျောင်းဆင်း ပန်းချီပြပွဲ ကို ကျွန်မ ခမ်းခမ်းနားနား လုပ်တယ် ။ သင်တန်းသား တစ်ယောက် ရဲ့ ပန်းချီကား မှ မကျန်စေရဘူး ဆိုတာ ကျွန်မတို့ သင်တန်း ရဲ့ မူ လေ ။ နံရံတွေ မှာ သုံးထပ်သား ဘုတ်ပြား တွေ မှာ ချိတ်ဆွဲ ထားတဲ့ ပန်းချီတွေ ဟာ အရောင်တွေ စုံလို့  ၊ စိုလို့  ၊ တောက်တောက်ကြွားကြွားတွေ လည်း ရှိ  ၊ ရိုးရိုးကုပ်ကုပ် အရောင်တွေ လည်း ပါ တာပေါ့ ။ ကျွန်မ သားသမီးတွေ ရဲ့ အစွမ်းသတ္တိတွေ တင်ပြတဲ့ ဧရာမ အော်ပရာကြီး ပေါ့ ။ 


ကျောင်းဆင်း ပြပွဲ ကို ကလေးတွေ အားလုံး ပျော်ရွှင်ရွှင် တက်တက်ကြွကြွ လာ အားပေး ကြ တယ် ။ မြို့ ထဲ က ပန်းချီဝါသနာရှင်တွေ ၊ ကျောင်းသား မိဘတွေ က လည်း ပါ တာပေါ့ ။ နှင်းယုဝေ ရဲ့ ဖခင် ကို တော့ မတွေ့ရ ပါဘူး ။ သမီးလေး ရဲ့ ဆန်းကြယ် နက်နဲစွာ တွေးခေါ် ရေးဆွဲ ထား တဲ့ ပန်းချီကားတွေ ကို လာပြီး မခံစား ခဲ့ဘူး ။ သ မီး မှာ အဖော် တစ်ယောက် တော့ ပါ လေရဲ့  ။ အမေ ပဲ ထင်ပါ ရဲ့  ။ ဪ ... ဪ ... ဒါ သမီး ရေး တာ လား ၊ အင်း ... အင်း လှသားပဲ ဆိုတဲ့ ခပ်ပေါ့ ပေါ့ မှတ်ချက်လေးတွေ ပေးပြီး ပြန် သွားတယ် ။ သမီး ကို ချစ် ပေမယ့် သမီး အတွက် အချိန် မပေး နိုင်ဘူး ၊ စိတ် မဝင်စားတာ လည်း ဖြစ် နိုင်တယ် ။


နှင်းယုဝေ တစ်ယောက် ပြပွဲ သုံးရက် စလုံး ပြုံးရွှင်ကြည်မွေ့ နေ တာ တွေ့ လိုက် ရတယ် ။ သူ ငယ်ချင်းတွေ အတူ ခုန်ပေါက် ပြေးလွှားပြီး ပန်းချီကား တွေ ကြား မှာ ရယ်မော နေ လိုက်တာ ကျွန်မ ရင်ထဲ မှာ ကြည်နူး လို့ မဆုံးဘူး ။


ပန်းချီဆရာကလေး တွေ ၊ ပန်းချီဆရာမလေး တွေ ရဲ့ ဦးခေါင်း ထက် မှာ အဖိုး ထိုက်တန် တဲ့ ကျေနပ် အားရမှု သရဖူတွေ ကိုယ်စီ နဲ့  ။ နှင်းယုဝေ ဒါကြောင့် ရယ်မော ပျော်ရွှင် နေတာ ။


မိမိ ကိုယ် မိမိ ကျေနပ်တယ် ဆိုတာ အလွန် တန်ဖိုး ရှိပါတယ် ။


ကလေးတွေ ဟာ မိဘတွေ ရဲ့ ခေါက်ရိုး ကျိုး နေ တဲ့ သမားရိုးကျ စိတ်ကူးတွေ ၊ ဖော်မြူလာ ဆန်တဲ့ ပန်းချီ ရေးနည်းတွေ ၊ စိတ်ကူး ကို ကန့်သတ် ထားတဲ့ အရောင်ခြယ် စာအုပ်တွေ သိုင်းပြို င်ပွဲ ကျင်းပ နေကြ ရတယ် ။


ကျွန်မ ရဲ့ တပည့်လေးတွေ ရဲ့ ဓာတ်ပုံ တွေ ပြိုင်ပွဲခန်း မှာ ချိတ်ဆွဲ နိုင် ခဲ့ပြီ ။


◾ ညီပုလေး


ဖခင် + မိခင် 

( လူထုဦးလှ ) + ( လူထုဒေါ်အမာ )


📖 စာပေမျိုးဆက်များ စာပေစုစည်းမှု


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment