Wednesday, July 27, 2022

ဘာကြီးလဲ ( ၁၇ )


 သာမန်ပုထုဇဉ်များ ဖြင့် ဖွဲ့စည်းထားသော လောက တွင် ဖြစ်ချင်တာ နှင့် ဖြစ်နေတာသည် တစ်မျိုးစီ ဖြစ်၍ နေချင်လည်း နေမည် ဖြစ်သည် ။ သို့သော် မည်သို့ပင် ဖြစ်စေကာမူ ထိုသို့ ဖြစ်ရသော အကြောင်းတရား ကလည်း ရှိနေခဲ့တာ သေချာသည် ။


ကိုကို သည် သူ ရောက်သင့်သော အချိန် ထက် လေးလစာ နောက်ကျပြီးမှ မြန်မာနိုင်ငံ သို့ ပြန်ရောက်ခဲ့သည် ။


ရောက်ရောက်ချင်း နေ့မှာပင် ကိုကို က သူမ ထံ သို့ ဖုန်း ဆက်ပါသည် ။ တစ်ရက် နှစ်ရက် လောက် နေပြီး သူ အနား ယူပြီး ရှေ့ အစီအစဉ်တွေ ကို သူ အကြမ်းဖျင်း ဆွဲပြီးမှ လမင်း နှင့် တွေ့မည် ဟု ကြို၍ အကြောင်း ကြားထားသည် ။


ဒီနေ့ သည် ကိုကို ချိန်းထားသော နေ့ ဖြစ်သည် ။


လမင်း ကလည်း ကိုကို မရှိခိုက် ကုမ္ပဏီ ၏ အပြောင်းအလဲများ အတွက် တိကျသော အစီရင်ခံစာ နှင့် တိကျသော ငွေကြေး ရှင်းတမ်း ကို ထုတ်ပြီး အသေအချာ စီစစ်ပြီး ဖြစ်ပါသည် ။


မောင်နှမတွေ ချစ်ခြင်း သည် ကုမ္ပဏီစည်းကမ်း ၏ အပြင်ဘက် တွင် ရင်ထဲ ရှိသမျှ ချစ်ခွင့် ရှိပါသည် ။ သို့သော် ထို ချစ်ခြင်း ကို ကုမ္ပဏီစည်းကမ်း နှင့် ရောထွေးပစ် ၍ မရ ။ အဲဒါ သူတို့ မောင်နှမ အခု ထိ လိုက်နာခဲ့သော စည်းကမ်း ဖြစ်သည် ။ ကိုကို သည် လမင်း ၏ လူမှုရေး အစီရင်ခံစာ ( ဝန်ထမ်းများ နှင့် ) ငွေကြေး အစီအရင်ခံစာ တို့ကို ခင်မေရာ ဖတ်ပြသမျှ အသေအချာ အာရုံစိုက် နားထောင်ပါသည် ။ အားလုံး ပြီးဆုံးသွားတော့မှ ကိုကို က သူ့ စာအုပ် ထဲ မှာ မှတ်စရာ ရှိတာတွေ ကို မှတ်သည် ။ ပြီးတော့ မှ ... 


“ ညိုမောင့် ရဲ့ နောက်ဆုံး အစီအစဉ် ကို သိချင်တယ် ” 


“ ဒါဆိုရင် ညီမလေး ပြော တာထက် ၊ ခင်လေး ပြောတာ ပို တိကျလိမ့်မယ် ၊ ညီမလေး ခင်လေး ကို ခေါ် ပေးပါ့မယ် ၊ ခင်လေး မရောက်ခင် ညီမလေး သိချင်တာတွေလည်း ရှိသေးတယ် ကိုကို ၊ ကဲ .. ခင်မေရာ သွားလို့ ရပြီနော် ” 


လမင်း ၏ ယဉ်ကျေးစွာ နှင့် အပြုံး ကို ခင်မေရာ လိုက်နာရန် မှ တစ်ပါး အခြား နည်းလမ်း မရှိပါ ။ ခင်မေရာ ထွက်သွားတော့ မှ  ... 


“ မြသဇင် က ဘာဖြစ်တာလဲ ကိုကို ၊ ကိုကို့ ကို ညည်းငွေ့တာလား ၊ ညီမလေး ရဲ့အကျိုးစီးပွား ကို သူ က ဆောင်ရွက် မပေးနိုင်တာလား ” 


ကိုကို သည် လမင်း ၏ စကား ကို အတော်ကြီး ကို သတိထား ဖြေဖို့ ကြိုးစားနေတာ တွေ့ရသည် ။ ကိုကို သည် ငယ်စဉ် ကတည်း က တစ်ပါးသူ ထိခိုက်မည့် ကိစ္စကို အလွန် ရှောင်ချင်သူ ဖြစ်သည် ။ အခုလည်း ကိုကို သည် ထို အခြေအနေတွင် ရောက်နေမှန်း လမင်း သိပါသည် ။ လမင်း ကိုကို့ ကို သနားပါသည် ။ သို့သော် အမှန်အတိုင်း လည်း သိချင် နေပါသည် ။


“ သူ ကိုကို့ ကို ပြော လိုက်တဲ့ စကားတွေ ထက် သူ ကိုကို့ ကို မပြောလိုက်တဲ့ စကားတွေ ကို ကိုကို သိသမျှ ပြောပြမယ် ညီမလေး ” 


“ ပြောပါ ... ကိုကို ညီမလေး ကလည်း အဲဒီ စကား ကို ပဲ စိတ်ဝင်စားတယ် ” 


ကိုကို သည် နူတ်ခမ်း ကို သပ်သည် ။ ပြီးတော့ ခေါင်း ကို ဖြည်းဖြည်းချင်း ခါသည် ။


“ ကိုကို ဟာ စီးပွားရေး အတွက် သူ့ အပေါ်မှာ မှီခိုနေတယ် လို့ သူ က ထင် နေတယ် ညီမလေး ၊ ဒါပေမယ့် သူ အဲဒါ ကို ကူညီချင်တယ် ၊ ဘာကြောင့်လဲ ဆိုတော့ ကိုကို က တစ်ချိန် ကျရင် သူ့ ကို လက်ထပ်မယ် ဆိုတာ သူ သိ နေလို့ပဲ ” 


“ အဲဒါ ညီမလေး နားလည်တယ် ကိုကို ” 


“ အခု ကိစ္စ ကျတော့ ကိုကို့ အကျိုးစီးပွား မဟုတ်ဘဲ ညီမလေး ရဲ့အကျိုးစီးပွား ဖြစ်နေတယ် ၊ သူ ကိုကို့ ကို မပြောဘဲ ချန်ထားတဲ့ စကား ကတော့ ရှင့် အတွက်တင် မဟုတ်ဘူး ၊ ရှင့် ညီမ အတွက်ပါ ကျွန်မ ကို အသုံးချ နေတယ် ဆိုတဲ့ စကားပဲ ၊ အဲဒီ စကားကို သူ ထုတ်မပြောဘူး နော် ၊ အဲဒီ စကား ကို သူ ထုတ်မပြောတဲ့ အတွက် သူ နဲ့ ကိုကို နဲ့ စေ့စပ်ရေး ဟာ ပျက်ဖို့ အကြောင်း အထိ ရောက်သွားပြီ ညီမလေး ” 


ကိုကို ၏ နာကျည်းသော စကားသံ ဆုံးတော့ လမင်း အရှေ့က ခုံ ကို လက်ဝါးဖြင့် ' ဖြန်း ' ခနဲ ရိုက်ပြီး ထ ရပ်သည် ။


“ ကိုကို က သူ့ ကို စိန် မခေါ် ခဲ့ဘူးလား ၊ ဂျပန် မှာ သူ့ အပြင် ကိုကို အသိတွေ အများကြီး ရှိတယ် မဟုတ်လား ၊ ပြီးတော့ သူ့တို့ မိသားစု ဂျပန် မှာ အခြေ ချဖို့ ကိုကို ကပဲ စီစဉ်ပေးခဲ့တာ မဟုတ်လား ၊ ဪ ... သူ က အခုတော့ ဒါတွေ မေ့ပြီပေါ့လေ ” 


“ ညီမလေး အဲဒီ ကိစ္စတွေ တော်ကြစို့ ၊ ကိုကို သူ နဲ့ ဘာမှ မပတ်သတ်တော့ဘူး လို့ တရားဝင် ပြောခဲ့ပြီးပြီ ၊ အဲဒီတော့ ဒီလောက် ကိစ္စလေးတွေ ကို ပြော မနေနဲ့တော့ ၊ ကိုကို ညီမလေး ဖြစ်ချင်တာကို ရအောင် လုပ်ပေးဖို့ အတွက် အဆက်အသွယ် ကောင်းကောင်း ရှာနေတာနဲ့ ဒီလောက် ကြာသွားတာ ၊ ကိုကို ဆုံးဖြတ်ပြီးပြီ ညီမလေး ” 


“ အဆက်အသွယ် က ရခဲ့ပြီလား ” 


“ နောက် တစ်ခေါက် ပြန် သွားရဦးမယ် ၊ အဲဒီအခါ ကျရင်တော့ ကိုကို့ အတွက် အတွင်းရေးမှုး တစ်ယောက် လိုတယ် ...  ညီမလေး ကိုယ့် မန်နေဂျာ ဆိုပါတော့ အဲဒါ မရှိရင် သူတို့ နဲ့ စကား ပြောရတာ တော်တော် ခက်တယ် ညီမလေး ” 


“ ညီမလေး စီစဉ်ပေးပါ့မယ် ”  


“ ခင်မေရာ ဆိုရင် ကော ညီမလေး ” 


“ ကိုကို မလော နဲ့ လေ ၊ ညီမလေး က ကိုကို့ အကြောင်း လည်း သိ ၊ သူတို့ အကြောင်း လည်း သိပါ ၊ ကိုကို ဆုံးဖြတ်ချက် ကို ညီမလေး အရမ်း ဝမ်းသာပါတယ် ၊ တန်ဖိုးလည်း ထားတယ် ၊ ချစ်သူ နဲ့ ညီမ ...  ၊ ညီမ အပေါ် ထားတဲ့ စေတနာပဲ ကိုကို့ အတွက် လည်း ညီမလေး အဆင်ပြေအောင် စီစဉ်မယ် ဆိုတာ ကိုကို ယုံပါ ၊ ကဲ ...  ညိုမောင့် အကြောင်း နားထောင် ရအောင် ” 


ခင်လေး ရောက် မလာခင် ညိုမောင် ကုမ္ပဏီ တွင် ဖြစ်ခဲ့သော ကိစ္စတွေ ကို လမင်း က ချစ်မင်းစိုး ကို ပြောပြသည် ။ လမင်း က ရယ်ရယ်မောမော ပြောပြ နေသလောက် ချစ်မင်း မျက်နှာ မှာ က အရယ်အပြုံး သိပ် မရှိလှပါ ။ လမင်းစိုး လုပ်ခဲ့သော ကိစ္စ ကို ချစ်မင်းစိုး သိပ် သဘော တူချင်ပုံ မရပါ ။


“ ညီမလေး လုပ်ရပ် က ကုမ္ပဏီ တစ်ခု ရဲ့ ဥပဒေ နဲ့မညီဘူး ၊ ခံစားချက်တွေ သိပ် ဆန်လွန်း အားကြီးနေတယ် ၊ ညိုမောင့် ကို ပေးတဲ့ အပြစ်တွေ က လည်း ထုံးစံ မဟုတ်တာတွေ ဖြစ်နေတယ် ၊ညီမလေး ရဲ့ စိတ် က ညိုမောင် နဲ့ ပတ်သတ်ပြီး မူလ နေရာ ပျောက်နေတယ် ၊ ညီမလေး နဲ့ ညိုမောင် ဟာ ကုမ္ပဏီပိုင်ရှင် နဲ့လက်အောက်ငယ်သား လုံးဝ မဟုတ်ဘူး ဖြစ်နေတယ် လို့ ကိုကို ထင်တယ် ” 


ချစ်မင်းစိုး စကား ကြောင့် လမင်းစိုး မျက်နှာ တစ်ခုလုံး နီရဲနေသည် ။ သူ ညိုမောင် နှင့် ပတ်သတ်၍ ဒေါသ ကို ပြခဲ့ပါသည် ။ သို့သော် ထိရောက်သော အပြစ် ကိုတော့ မပေးခဲ့မိတာကို ကိုကို က ချက်ချင်း တွေ့ သွားခြင်း ဖြစ်သည် ။


“ ကိုကို ပြောတာ ညီမလေး ဝန်ခံပါတယ် ၊ သူ့ကို လမင်း အလုပ် ထုတ်ဖို့ အထိ စဉ်းစားပါသေးတယ် ၊ ဒါပေမယ့် သူ ဟာ ကိုကို့ ခွင့်ပြုချက် နဲ့ ဝင်ထားတဲ့ သူ မို့ ကိုကို မရှိချိန်မှာ လုပ် လိုက်ရင် မကာင်းလို့ပါ ”  


“ ထားပါတော့လေ ” 


“ ပြီးတော့ ညီမလေး သူ့ အကြောင်းတွေ ကို စုံစမ်းတော့ Reception  မှာ ရယ်ကြတယ် ဆိုတာက ညီမလေး ကို ကား တွန်းပေးတာ ပြော လို့ ရယ်တာ မဟုတ်ဘူးတဲ့ ၊ ညီမလေး ကို ဘယ်လို ခေါ်ရမလဲ ဆိုတော့ သူဇာ တို့က GM လို့ ခေါ်ရမယ် ဆိုတော့ သူက ' မ GM ' လို့ ခေါ် တာကို သဘော ကျပြီး သူတို့ က ညီမလေး အခန်း ကို ကြည့်ပြီး ရယ်ကြတာတဲ့ ” 


“ ဖုန်း ကရော ... ” 


“ အဲဒါတော့ စုံစမ်းလို့ မရဘူး ၊ သူ က ဘယ်သူ့ ကို မှ မပြောဘူး ” 


ထိုအချိန်တွင် ခင်လေး ရောက်လာပြီး ညိုမောင့် ၏  Computer မှတ်တမ်းများ ကို ကြည့်သည် ။ လေးလ အတွင်း တိုးတက်မှု ရလဒ်ကောင်းတွေ ဖြစ်နေသည် ။


“ အရမ်း ကြိုးစားတယ် မမ ၊ သူ ဘာကို ဖြစ်ဖြစ် အရမ်း တတ် ချင်နေတယ် ၊ ကုမ္ပဏီ တစ်ခုလုံး က Section File တွေ ကို အကုန် ဖွင့်ပြီး သိသင့်တာတွေ သူ မှတ်တယ် ၊ နားမလည်တာ ရှိရင် ခင်လေး ကို မေးတယ် ၊ တစ်ချို့ ကိစ္စတွေ ခင်လေး သူ့ ကို ခိုင်းကြည့်တာ အဆင်ပြေတယ် မမ ” 


“ သူ့အတွက် ဘယ် Subject တွေ လိုဦးမလဲ ” 


“ Programing  အပိုင်းတော့ သူ သိပ် မသိသေးဘူး မမ ” 


“ ကောင်းပြီ ခင်လေး ၊ ညိုမောင့် ကို ဒီအပတ် ပြီးအောင် သင်ပြီး ရင် ရပ် လိုက်တော့ ၊ သူ့ ကို Section တစ်ခု မှာ ပြန် ချထား မှာ ။ မခင်လေး က ညိုမောင့် ကို စနေ ၊ တနင်္ဂနွေ မှာ ကျန်တာတွေ သင် ပေးရမယ် ဟုတ်ပြီလား ” 


“ ဟုတ်ကဲ့ပါ ဆရာ ” 


ခင်လေး ချစ်မင်းစိုး ကို အရိုအသေ ပြုပြီး ထွက်သွားသည် ။


“ ညိုမောင့် ကို တခြား Section တွေ ကို မပို့နဲ့ဦး ကိုကို ၊ သူ့ ကို Reception မှာ ပဲ ပြန် ခန့် ထားရမယ် ၊ သူ့ မူလ ရာထူး ကို ပြန် ပေးတယ်ပေါ့ ၊ အဲဒီထက် တစ်ဆင့် မြင့်တဲ့ ရာထူး ကို တန်း ပေးလိုက်ရင် ဝန်ထမ်းတွေ စိတ် ထဲမှာ တစ်မျိုး တွေး ကြလိမ့်မယ် ” 


“ ဟုတ်တာပေါ့ ညီမလေး တွေးတာ မှန်တယ် ၊ လူ ခေါ် ဖို့ ကိစ္စလည်း ညီမလေး ပဲ စီစဉ်ပါ ၊ ကိုကို တစ်ပတ် လောက် ဘာမှ မလုပ်ချင်သေးဘူး ကွာ ၊ ရုံး ကိုတော့ လာမယ် ၊ မနက်ပိုင်း ပေါ့ ၊ ပြန်ရောက်လာပြီး ကုမ္ပဏီ ကို ပစ်ထားတယ် ဆိုတာ ကို တော့ အပြော မခံချင်လို့ပါ ၊ ကိုကို ဝင်စာ ကို တို့ ယုံလောက်ပေါ့ ဟုတ်ပြီလား ” 


အသည်း ကွဲ လာသော ကိုကို့ ကို လမင်း နားလည်ပေးရမည် ဖြစ်သည် ။ မြသဇင် နှင့် ကိုကို သည် ၅ နှစ် နီးပါး ချစ်သူ တွေ ဖြစ်ခဲ့ကြပြီးမှ အခုလို ပြဿနာ ဖြစ်ကြခြင်း ဖြစ်သည် ။ လမင်းစိုး စိတ် အထင် ကတော့ မြသဇင် သည် ဂျပန် မှာ မျက်စိပွင့် နားပွင့် ဖြစ်သွားသောအခါ ကိုကို့ ကို ငြီးငွေ့လိမ့်မည် ။ ပြီးတော့ ကိုကို ကလည်း တစ်နှစ် မှ တစ်ခေါက် နှစ်ခေါက် သာ သွားရသဖြင့် အနေ ဝေးတာလည်း ပါမည် ။ အနေ ဝေးတော့ မီးဝေး ချိပ်မာ ဖြစ်သွားဟန် တူသည် ။


ညိုမောင့် ကို မူလ Reception တွင် ပြန် ခန့်စာ ကို ရေးပြီး ဝန်ထမ်းရေးရာဌာန သို့ ပို့သည် ။ ပြီးတော့ Diary ထဲမှာ Share member များ နှင့် တွေ့ရန် ဟု ရေးသည် ။ ပြီးတော့ လမင်းစိုး သည် အကြာကြီး တစ်ခု ခု ကို စဉ်းစား နေခဲ့သည် ။ သူ့ အတွက်တော့ မဟုတ် ။ ကိုကို့ အတွက် ဖြစ်ပါသည် ။


ညိုမောင် recrption ကို ပြန် ရောက်သဖြင့် အားလုံး ဝမ်းသာ နေကြသည် ။ recrption သည်လည်း ဝင်စာ ထွက်စာများ စာရင်း ကို လက် ဖြင့် ရေးမှတ်ခြင်း မဟုတ်တော့ဘဲ ကွန်ပျူတာ နှင့် သာ မှတ်တမ်း တင်သည် ။ ညိုမောင် သည် ထို အလုပ် ကို လုပ် ရပြီး ရုံးဆင်း ရုံးတက် လက်မှတ် ကိုလည်း ကိုင် ရသည် ။


recrption မှာ သူဇာ မရှိတော့ ။ သူဇာ က အိမ်သုံးလျှပ်စစ်ပစ္စည်း ဖြန့်ဖြူးရေးဌာန သို့ ရောက် သွားသည် ။ ပထမ မန္တလေး ရုံးခွဲဌာန သို့ ပို့မည် ဟု သတင်း ထွက်နေပြီးတော့မှ ရန်ကုန် တွင် ပြန် ကျခြင်း ဖြစ်သည် ။


ထိုကြောင့် ရာထူး တစ်ဆင့် တိုး ဖြင့် ဌာန ပြောင်း သွားသော သူဇာ နှင့် မူလရာထူး ကို ပြန်ရောက်သော ညိုမောင် တို့ လခ ထုတ်လျှင် ကျွေး ရမည် ဖြစ်သည် ။ ထို့ကြောင့် ညိုမောင် သည် သူ ရသည့် လခ ခုနှစ်သောင်း ထဲ မှ အဆောင်လခ ၊ ကားခ နှင့် ထမင်းစရိတ် ကို ဖယ် ရသည် ။ ဒါတွေက ဒီနေ့ ပြန်တာ နှင့် ရှင်းရမည့် ငွေ ဖြစ်သည် ။ သူတို့ ကို သွား ထိ ၍ မရ ။


အဆောင်လခ က တစ်သောင်း ၊ ထမင်းဖိုး က တစ်နေ့ တစ်ထောင့်ငါးရာ နှင့် ဆယ့်ကိုးရက်စာ နှစ်သောင်း ရှစ်ထောင်ငါးရာ ။ ကားခ က အသွားအပြန် ရှစ်ထောင့်ရှစ်ရာ ချန် ထားရမည် ။ ထို ငွေ သည်ပင် လေးသောင်းခုနှစ်ထောင် ရှိနေပြီ ။ အမေ နှင့် ဆရာတော် ကို တစ်သောင်းစီ လှမ်း ကန်တော့ဖို့ မဖြစ်နိုင်တော့ ။ သူ့ မှာ လက်ကျန်ငွေ က နှစ်သောင်း သုံးထောင် သာကျန် တော့သည် ။ ထို့ကြောင့် ဆရာတော် နှင့် အမေ့ ကို လခဦး အနေဖြင့် ရှစ်ထောင် ဆီ သာ ကန်တော့ နိုင်တော့သည် ။ ကားခ ရှစ်ထောင့်ရှစ်ရာ နှင့် ပေါင်းလျှင် ကျပ် ( ၁၅၈ဝဝ ) သာ ရှိတော့၏ ။ ထို့ကြောင့် သူဇာ နှင့် တစ်ယောက် တစ်ဝက် ဒကာ ခံရန် ညှိနှိုင်း ပြီး မှ ရီရီထွေး တို့ ကို ကျွေးရသည် ။ ဆရာ ကိုသက်ဝင်း က သူတို့ အကြောင်း ကို သိနေသည့် နှယ် မစားပါ ဟု အကြိမ်ကြိမ် ငြင်း နေသောကြောင့် သူတို့ အတင်း ခေါ်ပြီး ကြေးအိုး တိုက်ကြရသည် ။


ထို ကြေးအိုး တိုက်သည့် ပွဲ တွင် ဆရာကိုသက်ဝင်း က ညိုမောင့် ကို စကား တစ်ခွန်း ပြောသည် ။


“ မင်း ...  လမင်းစိုး ကို ခွင့်လွှတ်တဲ့ နည်း နဲ့ နိုင်အောင် တိုက်ခိုက် နိုင်တာ ငါ သိပ် သဘောကျတယ် ညိုမောင် ” 


ဆရာ့ စကား ကြောင့် ညိုမောင် တော်တော် အံ့ဩသွားသည် ။


“ မင်း ကသာ တုံ့ပြန်မှု ပြင်းထန်မယ် ဆိုရင် မင်း ဒီ အလုပ်က ထွက် သွားရလောက်ပြီ ” 


“ ကျွန်တော် နားမလည်ဘူး ဆရာ ” 


“ အေး ...  နားမလည်ပေမယ့် မင်း လုပ်ခဲ့ပြီးပါပြီ ၊ မင်း ကို နေ့ခင်းဘက် ကွန်ပျူတာ သင်ပေးတာ ၊ ဒီနေရာ ပြန် ထားတာတွေ က မင်း ရဲ့ အနိုင်တွေ ပေါ့ ကွ ” 


“ အာ ...  ဆရာ ဒီ ကိစ္စ ကို ဘယ်လို လုပ် သိတာလဲ ဆရာ ” 


“ မင်း ရဲ့ ကွန်ပျူတာ ဆရာမ ခင်လေး က ငါ့ တပည့် အရင်းပါ ကွ ” 


ညိုမောင် အိမ် ပြန်လာသည့် လမ်း တစ်လျှောက် တွင် စဉ်းစား လာခဲ့သည် ။ ဆရာ က သူ လမင်းစိုး ကို နိုင်ခဲ့သည် ဟု ပြောသည် ။ သို့သော် သူ သိရသမျှ အားလုံးမှာတော့ သူ သည် လမင်းစိုး ကို နိုင်ခဲ့တာ တစ်ခု မှ မရှိဟုထင်သည် ။


ပွင့်ပွင့်လင်းလင်း ပြောရလျှင်တော့ သူ လမင်းစိုး ကို ချစ်သည် ။


ဒါပေမယ့် သူ့ အချစ် က ' ချစ်သည် ' ဟု သိပြီး ကတည်း က စိတ် ထဲ တွင် မည်သူမျှ မသိရသော ကမ္ဘာလေး တစ်ခု ကိုပါ ညိုမောင် ဖန်တီးခဲ့သည် ။ သူ သည် လမင်းစိုး ကို ဘယ်လို ဘယ်လောက် ပဲ ချစ်ချစ် ထို အချစ် ကို ပိုင်ဆိုင်နိုင်စရာ အကြောင်း မရှိ ဆိုတာ လမင်းစိုး ကို ချစ်သော သူ့ အသိ ကိုယ်တိုင် က နားလည် ထားသည် ။


ထို့ကြောင့် လမင်းစိုး သူ့ အပေါ် မှာ မည်သို့ပင် သဘောထားစေ သူ့ မှာ ခွင့်လွတ်နိုင်သော နေရာကလေး တစ်ခုတော့ ဘယ်သူ မှ မသိဘဲ ရှိနေသည် ။ ဆရာ ပြောသော မင်း နိုင်တယ် ဆိုသော စကား မှာ ထိုနေရာကလေး ကို ဆရာ က မသိသဖြင့် ပြောခြင်းသာ ဖြစ်ရမည် ဟု သူ သိသွားသည် ။


ညိုမောင် လမင်းစိုး ကို အရမ်း ချစ်ပါသည် ။ ဒီ ရုံး ထဲ မှာ ရော ။ လမင်းစိုး ၏ စီးပွားရေး လူမှုရေး အသိုင်းအဝိုင်း ထဲ မှာ ရော လမင်းစိုး ကို ချစ်သူတွေ များစွာ ရှိနိုင်ပါသည် ။ သို့သော် လူ အသီးသီး ထဲ တွင် သူ သည် အသံ အတိတ်ဆုံး လမင်းစိုး ကို ချစ်သူ ဖြစ်ပါသည် ။


သူ့ ဘဝ သည် အလွန် တန်လှ သော်သော့် လို မိန်းကလေးမျိုး နှင့် သာ ထိုက်တန်ပါသည် ။ သူ သော်သော့် ကို ချစ်သည် ဟု တွေးလိုက်လျှင် သွေးသားလည်ပတ်မှု မြန်ဆန်လာသည် ။ မျှော်လင့်ချက် သည် သူ နှင့် လက်တစ်ကမ်းစာ အကွာအဝေး မှာ ရပ်နေသလို ထင် ရ၏ ။ သူ သော်သော့် ကို ချစ်သည့် အတွက် အရာရာ သည် သူ့ အပြောအဆို ၊ သူ့ အနေအထိုင် ပေါ်တွင် သက်ရောက်မှု နှင့် တန်ပြန်သက်ရောက်မှု ရှိသည် ။


သော်သော် က သူ့ ကို ဟင်း တစ်တုံးလောက် ပို ထည့် ပေးလိုက်လျှင် ကိုဇော် တို့ အဖွဲ့ က အသံတွေ ဆူညံပြီး ထွက် လာတက်သည် ။ သူ က အလုပ် အပြန် နို့ဆီခွက်ဖြင့် လုပ်သော နို့ကြက်ဥပူတင်း ကို ဝယ် လာပြီး သော်သော့် ကို ပေးလျှင် မော်မော် က လည်း သူ့ အတွက် ပါသည့် တိုင် ကိုဇော် တို့ နှင့် ရော၍ အော်ကြ ဟစ်ကြသည် ။


တစ်ခါတစ်ရံ ထမင်းဆိုင် တွင် ထမင်း စားပြီး အထ ထီး မေ့ကျန်ခဲ့သဖြင့် သော်သော် က အူယားဖားယား လိုက် ပေးလျှင် သူ့ သူငယ်ချင်းတွေ က အသံသေး အသံကြောင် ဖြင့် ဝိုင်း အော်ကြသည် ။ နောက်တစ်နေ့ ထမင်းစားချိန် သို့ ရောက်လျှင် သူ့ ကို ထီး မမေ့ဖို့ အကြိမ် တစ်သန်း လောက် ပြော တတ်ကြသည် ။ ထိုအချိန်တွင် သော်သော် သည် ဟင်း ကို ခပ်ရင်း ထမင်း ကို ပြင်ရင်း မျက်နှာ က ရဲ နေတက်၏ ။


ဒီတော့ သူ တောင်းပန်ဖို့ လိုပြီ ဟု ယူဆပြီး သော်သော် ဈေး အပြန် မှာ သော်သော် ဆွဲ လာသော ခြင်းတောင်း ကို ကူ ဆွဲပေးရင်း တောင်းပန်ရသည် ။


“ သော်သော် ကိုဇော် တို့ ကိုတိုးလွင် တို့ စ တာ ကို စိတ် မဆိုးပါနဲ့နော် ၊ ကျွန်တော် လည်း သူတို့ ကို နောက် မစဖို့ တောင်းပန် ခိုင်းထားပါတယ် ၊ စိတ် မဆိုးပါနဲ့ နော် သော်သော် ” 


သော်သော် ခဏတော့ တိတ်ဆိတ်၍ နေသည် ။


ထိုသို့ တိတ်ဆိတ်နေသော အချိန် တွင် သော်သော့် မျက်ဝန်း မှာ မျက်ရည်တွေ ဝိုင်း၍ လာသည် ဟု သူ ထင်သည် ။


မည်သူမှ မရောက်ဖူးသေးသည့် ကျွန်းကလေး တစ်ခု ကို ပင်လယ်ရေတွေ ဝိုင်းထားသလိုမျိုး သော်သော် ၏ မျက်ဆံနက်ကလေး ကို မျက်ရည်တွေ ဝိုင်း၍ ထားသည် ။


မျက်ရည် ၏ အင်အား သည် ထိုထက် အား ကောင်းလာလျှင် သော်သော့်မျက်ဆံနက်ကလေး ကို ဖုံးအုပ် သွားတော့မည် ။ ဒါဆိုလျှင် ပါးပြင် ပေါ် သို့ မျက်ရည် ကျ လာတော့မည် ။


ညိုမောင့် ရင်ထဲ လှိုက်ခနဲ တစ်ချက် ဖြစ်သွားပြီး ရင်ခုန်သံတွေလည်း ပူးကပ်၍ ကုန်သည် ။


“ သော်သော် ” 


ညိုမောင် အထိတ်တလန့် ခေါ်သော အသံ ဖြစ်ပါသည် ။


“ ရပါတယ် ကိုညိုမောင် သော်သော့် ဆီ မှာ အမြဲတမ်း စားဖြစ်နေတဲ့ လူတွေ က စ ရင် သော်သော် ခံနေရ စမြဲပါ ၊ ကြက်မြစ်ကြက်သည်း ဆိုလို့ အသည်းတုံး ကို အရင် စ ထည့်လည်း သော်သော့် ကို အဲဒီ လူ နဲ့ စကြတာပဲ ၊ ကြက်ရိုးဟင်း ဆို လို့ အတောင်ပံတွေ ထည့်ပေးရင်လည်း စ ကြတာပဲ ၊ တစ်ခါတလေ ကျတော့ သော်သော့် ကိုယ် သော်သော် သိပ် ဝမ်းနည်းတယ် ၊ အဲဒီလို စ တဲ့ လူတွေ ကို သော်သော် ရန် မတွေ့ရဲဘူးလေ ၊ ပြန် ပြောရင် ဖောက်သည် ပျက်မှာပေါ့ ၊ သော်သော် ဟာ မြားပစ်ကွင်း က မြားပစ် တဲ့ စက်ဝိုင်း လိုပါပဲ ၊ သူတို့ လေ့ကျင့်ကြတာပါ ၊ သော်သော် က ငြင်းဆန်ခွင့် မရှိဘူး ၊ဒါကြောင့် သော်သော် အလုပ် ပြောင်းချင်တာပေါ့ ၊ ကိုညိုမောင် လည်း ဝမ်းနည်း မနေပါနဲ့ ” 


သော်သော် နှင့် သူ့ အကြား တွင် ထိုသို့ ဘဝ ဆန်သော ခံစားဆက်နွယ်မှုများ လည်း ရှိပါသည် ။ထို့ကြောင့် သော်သော် နှင့် သူ သည် ဘဝ ဆန်သည် ။ လက်တွေ့ ဆန်သည် ။ နီးစပ် နိုင်သည် ။


လမင်းစိုး ကတော့ သူ့ ဘဝ အတွက် စိတ် ဖြေစရာ အိမ်မက် တစ်ခု ဖြစ်သည် ။ လူ တစ်ယောက် မှာ အဲဒီလို အခွင့်အရေးမျိုး ရှိသည် မဟုတ်လား ။


◾  နီကိုရဲ


📖  ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment