❝ ခြောက်ခန်းသွားသော ပင်လယ်ရေ ❞
“ အဖေ ဆန် ကုန်သွားပြီ ညနေ အတွက် မကျန်တော့ဘူး ”
ဆိုတဲ့ သမီးကြီး စကားသံ က နား ထဲ ဝင် လာပြန်တယ် ။ နား ကို ပိတ် မျက်လုံး ကို မှိတ် ကာ နှောင့်ယှက်လာသော အာရုံ တို့ ကို ကြိုးပမ်းဖျောက်ဖျက် အပြီး မျက်လုံး ကို ဖွင့် ကြည့်လိုက်တော့ ကျုပ် မျက်လုံးတွေ က ဘုရားစင် အောက်ခြေ သစ်သားဘောင် မှာ ကပ်ထားတဲ့ စာတန်းလေး ကို ဖတ် မိတယ် ။
••• ••• ••• •••
ကျုပ် ရင် ထဲ မှာ သိပ် ကို တင်းကျပ် နေတယ် ။ ကျုပ် ရရှိခဲ့တဲ့ အခွင့်အရေးကြီး ကို ကျုပ် ကိုယ် တိုင် အသုံးချခဲ့တဲ့ နည်း ကပဲ ကျုပ် ရင် ကို တင်းကျပ်စေ ခဲ့တာ ။ ကျုပ် အသိုင်းအဝိုင်း ကလည်း ဒီလောက် ကောင်း တဲ့ အခွင့်အရေးကြီး ကို အကျိုး ဖြစ်ထွန်းတိုးတက်မှု တစ်စုံတစ်ရာ ဖြစ် မလာဘဲ ဒုံရင်း က ဒုံရင်း ဖြစ်နေတဲ့ ကျုပ် ကို မြည်တွန် ဝေဖန်ကြတယ်လေ ။ သူတို့ ပြောကြ တဲ့ တိုးတက် ပြောင်းလဲမှု ၊ အကျိုး ဖြစ်ထွန်းမှု ၊ ထို တစ်စုံတစ်ရာ အတွက် ကျုပ် အစွမ်းကုန် လုပ်ဆောင်ခဲ့တာ ပဲ ။ လုပ်ဆောင်တယ် ဆိုတာထက် အ ရဲစွန့် ရင်းနှီးမြှုပ်နှံ ပစ်လိုက်တယ် ဆိုရင် ပို မှန် မှာပေါ့ ။ ခုတော့ ကျုပ် ရဲ့ ရင်းနှီးမြှုပ်နှံမှုကြီး ရဲ့ အကျိုး သက်ရောက်မှု ရလဒ် ကို ကျုပ် ကောင်း ကောင်းကြီး ခံ နေရပြီလေ ။
ကျုပ် ကို အပြစ် တင်ကြတယ် ၊ ဝေဖန် ကြတယ် ၊ ဟား ကြတယ် ၊ သနား ကြ တယ် ၊ ဒါ ဘယ် တတ်နိုင်မှာလဲ ။ သူ့ အကြောင်း နဲ့ သူ ပေါ့ ။
ကျုပ် အကြောင်း ပြောရရင် ကျုပ် က ရုံး တစ်ရုံး က ငွေစာရင်း ဌာန မှာ လုပ် တယ် ။ ငွေစာရင်း ဆိုလို့တော့ ကြိုပြီး အထင် မကြီး လိုက်နဲ့ ၊ ငွေ သွင်းမယ့် လူ ၊ ငွေထုတ် မယ့်သူတွေ ရဲ့ ဘောက်ချာစာရွက် တွေ ပေါ်မှာ ရုံးတံဆိပ် ရိုက်ပေးရတဲ့ လူ ဗျ ။ ရုံးအကူ အဆင့် ၊ ဒါပေမဲ့ ငွေ သွင်းချင်တဲ့ ၊ ငွေ ထုတ်ချင် တဲ့ လူတိုင်း က ကျုပ် ကို မျက်နှာချို သွေးရတယ် ။ ကျုပ် တံဆိပ် ပါ မှ သူတို့ ကိစ္စ မြန်မြန် ပြတ် မှာ မဟုတ်လား ။ အဲဒီ မှာတော့ ကျုပ် က မရှိ မဖြစ်ပေါ့ ။ တံဆိပ် ရိုက်ရင်း နဲ့ ( လက်ဖက်ရည်ဖိုး ) အပို ငွေ တစ် ဆယ်ပေး ၊ နှစ်ဆယ်ပေး နဲ့ မဆိုးဘူး ဗျ ။ ညနေ အိမ်ပြန်ချိန် ရောက်ရင် ဟင်းဖိုး ရရော ။ ကျုပ် ဌာနခွဲ အရာရှိ က ခင်ဗျား မဆိုးဘူး ၊ အလုပ် တော် တယ် ၊ ရာထူး တိုးပေးမယ် ပြော လို့ မလုပ်ပါနဲ့ ဆရာရယ် ။ ရာထူး တိုးရင် ပို ရမှာက တစ်ရာ လောက် ရယ် ၊ တံဆိပ်တုံး ရိုက် ဆရာကြီး အဖြစ် က တစ်ပြား မှ မလျှော့ပါရ စေနဲ့ ။ ဘာပေါ့ ညာပေါ့ ဗျာ ။ ကျုပ် ဒီနေရာ က မ ဖယ်နိုင်ပါဘူး ။ ဒီ နေရာ က ကျုပ် အတွက် သိပ် ကောင်းနေတာကိုး ။
ကျုပ် ကို လွန်ရန်ရော လို့ မထင် နဲ့ ။ ကျုပ် မိသားစုက မိသားစုကြီး ဗျ ။ သားသမီး ၅ ယောက် ဆိုတော့ အိမ်ထောင်စု စာရင်းမှာ ၇ ယောက် ရှိ တယ် ။ မိန်းမ က မှီခို ၊ ကျန်တာ က ကျောင်းသမား တွေ ။ ကျုပ် သား အငယ်ကောင် ရဲ့ဆရာမ က သူ့ တပည့် ကို တစ်နေ့ စာ တစ်နေ့ ကြေညက် အောင် မှန်မှန် ကျက်ရမယ် ။ ဒါမှ စာ ကြွေးတွေ မရှိဘဲ စာ ကြေ မှာ တဲ့ ။ ဆရာမ ပြော သလိုပဲ ကျုပ် လည်း တစ်နေ့တာ ပုံမှန် အပို ငွေလေး ရလို့ အကြွေး မတင်ဘဲ မိသားစု ခြိုးခြိုးခြံခြံ နဲ့ အစာ အိမ် ဝေဒနာ ကို အဖြေ ရှာ ပေးနိုင်မှာ ။ ဒါမှ ကျုပ်တို့ မိသားစု အသက် ရှင် နေထိုင် နိုင်ကြတာပေါ့ ။
ကျုပ် သား အကြီးဆုံး သူ့ ယောက္ခမ အစီအစဉ် နဲ့ သင်္ဘော တက်ပြီး မကြာခင် မှာပဲ သမီးကြီး ယောက်ျား နောက် လိုက် ပြေးပြန်ရော ။ ဒုတိယ သမီး က လည်း ၁၀ တန်း အောင် ပြီး ခါစ မှာပဲ အိမ်ထောင် ကျ ပြန်ရော ။ သမီး နှစ်ယောက် စိတ် နဲ့ ကျုပ် မိန်းမ အိပ်ရာ ထဲ လဲ ခဲ့ရတယ် လို့ အစ က ကျုပ် ထင်ခဲ့တာ ။ ဘယ်ဟုတ် မလဲ ရင်သားကင်ဆာ တဲ့ ဗျာ ။ ရောဂါ ကျွမ်း မှ သိခွင့် ရပြီး မကြာခင် မှာ ပဲ ကျုပ် မိန်းမ ကျုပ်တို့ အားလုံး ကို အပြီးတိုင် ကျောခိုင်း သွားတော့ တယ် ။ မိန်းမ ကို လွမ်းဆွတ်တမ်းတ စိတ် နဲ့ ဒီ မိသားစု အတွက် ကျုပ် အားတင်းပြီး ကြိုးစား ရုန်းကန်ခဲ့ရတယ် ။ နို့ညှာ ကောင် ကလည်း သူ့ အစ်မတွေ တုန်းကလိုပဲ ကျောင်း မပြီး ခင် ပိုက်ဆံ ချမ်းသာတဲ့ မိန်းကလေး တစ်ဦး နဲ့ လက်ထပ် သွားပြန်ရော ။ အငယ်ကောင် ကျတော့ နည်းနည်း ဆိုး ချင်တယ် ။ မအေ အချစ်ဆုံး သား လေး ကိုး ။ သူ့ အမေ ဆုံးပြီး ကတည်း က ကျုပ် ကလည်း အလို လိုက်ခဲ့မိတာကိုး ။ ဒီကောင် က မိန်းမ မရှုပ်ဘူး ။ ဒါပေမဲ့ ဆယ်တန်း တောင် အောင် အောင် မဖြေဘဲ ဆေး စွဲ သေးတယ် ။
ဒါတွေ ပြောနေရတာ က ကျုပ် ရဲ့ အရဲစွန့် ရင်းနှီးမြှုပ်နှံမှု ဟာ သူတို့လေးတွေ နဲ့ အဓိက သက်ဆိုင် နေလို့ ကျုပ် ပြော နေရတာ ဗျ ။
ကျုပ် လည်း ကျုပ် ရဲ့ ကိုယ်ပိုင် အိမ် လေး ရောင်းပြီး တတိတိ နဲ့ လျော့ သွား လိုက်တဲ့ ငွေဗျာ ။ အိမ်ပိုင် ဘဝ က နေ အိမ်ငှား ဘဝ ကို ရောက် ရော ။ နောက် ဆုံးတော့ ဒုတိယ သမီး ရဲ့ ယောက္ခမ အိမ် အပေါ်ထပ် မှာ ကျုပ် တို့ စပေါ် တင်ပြီး နေ ကြရတော့တယ် ။ ကျုပ်တို့ ဆိုတာ နှစ်ယောက် သုံးယောက် ကို ရည်ညွှန်း တာ မဟုတ်ဘူး ။ ကျုပ် ဆီ ပြန် လာ ခိုနေကြတဲ့ သမီးကြီး လင်မယား နဲ့ ကလေး သုံးယောက် ၊ ပြီးတော့ ကျုပ် သား ၊ အားလုံး ၇ ယောက် ပေါ့ ။ ကျုပ် သမီး ကြီး ယောက်ျား ကလည်း ပညာ က လည်း မရှိ ၊ အလုပ်အကိုင် ကလည်း အတည်တကျ မရှိ ၊ အငှားကား မောင်း လိုက် ၊ လိုင်းကား ဝင် မောင်း လိုက် ၊ နယ် ထွက်တဲ့ ကုန်ကားကြီးတွေ နဲ့ လိုက် သွား လိုက်နဲ့ ၊ အလုပ် မည်မည်ရရ မရှိတော့ ပုံမှန် ဝင်ငွေ ဘယ် ရမလဲ ၊ ဒီတော့ ကျုပ် သမီး ကြီး နဲ့ မြေးတွေ တစ်နေ့ တစ်နေ့ နပ်မှန်မှန် စားနိုင်အောင် ကျုပ် ကပဲ တစ်ဖက်တစ်လမ်း က ထောက်ပံ့ရ တာ ပေါ့ ။
ကျုပ် လည်း တံဆိပ်တုံး ထု တဲ့ နေရာ ကနေ ရာထူး နှစ်ဆင့် လောက် တိုးပြီး ပင်စင် ယူခဲ့ရတဲ့ အချိန် ဆိုတော့ ကျုပ် အသက်အရွယ် နဲ့ ငွေ ရှာရတာ သိပ် ခက်တာပေါ့ ။ ပင်စင်လေး နှစ်ရာ ကျော် နှင့် သင်္ဘော အရာရှိ ဖြစ်နေတဲ့ သားကြီး ထောက်ပံ့ တဲ့ တစ်လ တစ်ထောင် မှာ ကျုပ် ကိုယ်ပိုင် သုံးရတာ မရှိ သလောက်ဘဲ ။ မနက်ဘက် အိပ်ရာ ထ လက်ဖက်ရည်ဆိုင် သွား သောက် ရတာ သိပ် ကြိုက်တဲ့ ကျုပ် ၊ လက်ဖက်ရည် ကို ချိုင့် နဲ့ အိမ် ဝယ် လာ ၊ ရေနွေး ထပ် ရော ၊ ပြီးမှ လက်ဖက်ရည် ကျဲကျဲ ကို မြေးအငယ် နှစ်ယောက် နဲ့ အတူ နံပြား နဲ့ နှစ်တို့ စား ရင်း အာသာ ဖြေခဲ့ရတယ် ။ အောက် ထပ် မှာ နေတဲ့ သမီးငယ် ကို မ ထောက်ပံ့ရ လို့ တော်သေးတာ ပေါ့ ဗျာ ။ ဒါ ပေမဲ့ သူတို့ တွေ မှာလည်း ကလေးသုံးယောက် စရိတ် နဲ့ အတော် ကို ရုန်းကန်ကြ ရတယ် ။
သားကြီး မြန်မာပြည် ပြန် ရောက် ပြီး သိပ် မကြာခင်မှာပဲ သားကြီး ရဲ့ ကလေး နှစ်ယောက် ရှင်ပြု မင်္ဂလာ ကို ကျုပ်တို့ တစ်အိမ်လုံး သွား ခဲ့ကြ တယ် ။ ကျုပ် မြေး အကြီး နှစ်ကောင် ကို အားကျနေတဲ့ ကျုပ် အိမ် က မြေး တွေ ကို ကျုပ် သနား တယ်ဗျာ ။ ကျုပ် အိမ် က မြေး ၆ ယောက် မှာ ၃ ယောက် က ယောက်ျားလေးတွေ ။ ပြီး တော့ သင်္ကန်း နိုင်တဲ့ အရွယ်တွေ ရောက် ကုန်ကြပြီ ။ ရှင်ပြုသင့်တဲ့ အချိန်အခါ ပေါ့ဗျာ ။ ကျုပ် သာ သား ကြီးနေရာ မှာဆို ကိုယ့် တူလေးတွေ ချို့တဲ့ပါတယ် ဆိုပြီး ကလေး နှစ်ယောက် နဲ့ တပေါင်းတစည်းကြီး ရှင်ပြု အလှူ မင်္ဂလာကြီး လုပ်မိမှာပဲ ။ သားကြီး ကလည်း ယောက္ခမ ကြောက် ရသေးတာကိုး ။ သူ့ ရင် ထဲ မှာ လည်း ကျုပ် လို အတွေးမျိုး ရှိ ချင် ရှိမှာပေါ့ ။ တစ်နေ့ စာ တစ်နေ့ နပ်မှန် အောင် မနည်း ရှာဖွေစား သောက်နေ ကြရတဲ့ ကျုပ် တို့ တွေ ဘယ် က ရတဲ့ ငွေ နဲ့ လှူ နိုင်မှာလဲ ။
မရှိလို့ မလှူ ဆို တာ ဖြေ သာ ပေမယ့် မလှူ လို့ မရှိ ဆို တဲ့ အဓိပ္ပာယ်ကြီး က ပို ခံရ ခက်တယ် ဗျာ ။
နောက်ဆုံး ကျုပ် လည်း စိတ်ညစ်ညစ် နဲ့ ဘုရားရင်ပြင်ပေါ် မှာ ပဲ နေ့ တိုင်း သွား ထိုင် ထိုင် နေမိတယ် ။ တစ် ရက် ဘုရား ပေါ် က အဆင်း ကားဂိတ် မှာ ကျုပ်တို့ လမ်း ထဲ ကို အမြဲ လာ ရောင်း နေကျ ဖြစ်တဲ့ ထီသည် အဘစံ နဲ့ ဆုံ ဖြစ်တယ် ။ အဘစံ လည်း အိမ် ပြန် မလို့ပါပဲ ။ အဘစံ က ကျုပ် ကို တွေ့တွေ့ချင်း ထီလက်မှတ် တစ်စောင်ပဲ ကျန် တော့တယ် ။ ယူ လိုက်ပါ တဲ့ ။ ကျုပ် မှာ ထီ ထိုးဖို့ ငွေတစ်ဆယ် အဲ မဟုတ်ဘူး ၊ အဘစံ က ဆယ့်နှစ် ကျပ် ယူတယ် ။ ကျုပ် မှာ ပိုက်ဆံ မရှိ ဘူး လို့ ပြောတော့ ထီလက်မှတ် အရင် ယူပါ ။ နောက်မှ ပိုက်ဆံ ပေးပါ တဲ့ ။ ဒါနဲ့ ကျုပ်လည်း ထီ အကြွေး ထိုး ဖြစ်သွားတာပေါ့ ။ ထီဖိုး ဆယ့်နှစ် ကျပ် ကိုတော့ ပင်စင် ထုတ် တဲ့ နေ့မှပဲ အဘစံ ကို ပေးဖြစ်တယ် ။ တိုတိုနဲ့ ဖြတ် ပြောရရင် ကျပ် သိန်းဆု ပေါက် တယ်ဗျာ ။ နှစ်သိန်း ဆု ပေါ့ ။ အဲဒီ ညနေ က အဘစံ လာ ပြောတော့ ကြားကြားချင်း ကျုပ် လည်ချောင်း ထဲ မှာ အလုံးကြီး တစ်လုံး က တစ်ဆို့ နေ သလိုပဲ ၊ မျက်လုံး ထဲ မှာလည်း မျက်ရည်ကြည် တွေ နဲ့ ပျော်လိုက်ရတာ ဗျာ ။ မပြောပါနဲ့တော့ ။ အဲဒီ တုန်း က ရူး သွား မလားတောင် မသိ ဘူး ။ ကျုပ် စိတ် ကို မနည်း ပြန် ထိန်း လိုက်ရတယ် ။ ကျုပ် ရင် ထဲ မှာ အင်မတန် ပြု လုပ်ချင်နေတဲ့ အလှူ ကြီး တစ်ခု ကို ကျုပ် လုပ်ပေးနိုင်တော့မယ် ဆိုတဲ့ ပီတိတွေ နဲ့ အပြည့် ပေါ့ ။ ကျုပ် အိမ် က ကလေးတွေ က လည်း ဘယ် ပြောကောင်းမလဲ ။ ကျုပ် ကို ဝိုင်း ဖက်ကြ ၊ နမ်းကြ ၊ ရှုပ်ကြ နဲ့ ပျော်စရာကြီး ပေါ့ ဗျာ ။
••• ••• ••• •••
“ ဖေဖေ ၊ သား သင်္ဘော တက်ဖို့ ငွေ လို နေတာ ဖေဖေ သိတယ်နော် ။ အဲ ဒါ သား အတွက် ဖေဖေ ရင်းနှီးပေး ပါ ။ သား ဖေဖေ တို့ ကို ပြန်ပြီး လုပ်ကျွေးမှာပါ ”
ဘုရားစင်ရှေ့ ဧည့်ခန်း ကျဉ်းကျဉ်းလေး တွင် ဘဏ် မှ ထုတ်လာသော ငွေ ထုပ်ကြီး ကို ကြမ်းပြင် ပေါ် သို့ ချရုံ ရှိ သေး အငယ်ဆုံး သား က အမွေ ခွဲပြီ ။ သား မျက်လုံး ထဲ က မျှော်လင့် တောင့်တ တဲ့ အရိပ်တွေ ကျုပ် ရင်ထဲ ကို စူးနစ်အောင် ဝင်ရောက် သွားကြ ပြီလေ ။
“ အေးပါ သား ရာ ။ အဖေ လေ သား တို့ ၊ သမီး တို့ စိတ်ချမ်းသာအောင် လုပ် ပေးပါ့မယ် ။ တိုင်တိုင်ပင်ပင် လုပ်ကြတာပေါ့ ”
သမီးကြီး က အပ်ချုပ်စက် တစ်လုံး တဲ့ ။ အပ်ထည်တွေ လက်ခံပြီး အိမ် မှာ ချုပ် ရင် အလကား နေရင်း ဟင်း ဖိုး ရတာ ပေါ့ ။ အဖေ လည်း သမီး တို့ ကို ထောက်ပံ့ရ တာ ကနေ သက်သာ သွားမယ် တဲ့ ။ အင်း ဒါလည်း ဟုတ် တာပဲ ဆိုပြီး ကျုပ် ခေါင်း ညိတ်ပြ လိုက်တယ် ။ ဒီမှာတင် ငြိမ် နေတဲ့ သမီးလတ် ကို ကျုပ် သတိထား ကြည့်မိ လိုက်တယ် ။ သမီးလတ် မျက်လုံးတွေ က တစ်ခုခု ကို ရွေ့နေ သလို ၊ နှုတ်ခမ်းတွေ ကလည်း တလှုပ်လှုပ် နဲ့ တစ်ခုခု ကို ပြောချင် သလို ။ ဒီတော့ ကျုပ် လည်း ဘယ် နေ သာတော့ မလဲ ။ ကဲ သမီး ကရော ဆို ပါဦး လို့ ကျုပ် စ ပေးလိုက် မှ ...
“ သမီးတို့ ဖေဖေ မသိအောင် လျှို့ဝှက်ထားတာ တစ်ခု ရှိပါတယ် ။ ဖေဖေ သိအောင် ခု သမီး ပြောပြပါ့မယ် ။ ကိုညီ ဆိုင် မှာ ငွေစာရင်းတွေ ကွာနေလို့ ။ အလုပ် ပြုတ်ပြီး အချုပ် မခံရ အောင် ငွေ တွေ ပြန်ထည့် ပေးရတယ် ။ အဲဒါ ဒီ အိမ်ဂရန် ကို ကိုညီ အမေ ဆီ ကယူ ပြီး ဆယ့်ငါးကျပ်တိုး နဲ့ ပေါင်ပြီး စိုက် ထားရတာ မို့ ဂရန် ရွေးဖို့ ငွေ ကို ခဏ လှည့်ပေးထား ပါ ဖေဖေရယ် ” တဲ့ ။
သမီးလတ် စကား ဆုံးတော့ အားလုံး က ဝိုင်းပြီး မျက်စောင်း တွေ ထိုး ၊ မဲ့ရွဲ့ ကြတော့တာပေါ့ ။ ဘဘ TV ဝယ် ပေးနော် ၊ ကက်ဆက်နော် ၊ ပြော နေ ကြတဲ့ မြေးတွေ အသံ ကို တောင် ကျုပ် ဂရု မပြုနိုင်တော့ဘဲ ငွေထုပ် ကိုင်ပြီး ထ လာခဲ့ တယ် ။ ခေါင်း ထဲ မှာတော့ ကိန်းဂဏန်းတွေ တွက်ချက် ရင်း ရှုပ်ထွေး နေရတယ် ။
••• ••• ••• •••
ကျုပ် က စာရင်းကိုင် မဟုတ်ပေမယ့် ရငွေ နဲ့ သုံးငွေ လောက် ကို တော့ စာရင်း ရှင်းပြ တတ်ပါတယ် ။
ထီ ပေါက်ပြီး တစ်နှစ် အကြာမှာ အိမ် မှာ တိုးပွား ကျန်တဲ့ ပစ္စည်းတွေ ကတော့ တရုတ်ပြည် လုပ် ၉၀၀၀ တန် ကျောက်ဆူးတိုင်ကပ်နာရီ ၊ သမီးကြီး အတွက် စက် တစ်လုံး ၊ ၅ဝဝဝ တန် ငတေ ကက်ဆက် တစ်လုံး ၊ ၄၈ဝဝဝ တန် ဆက်တီ တစ်စုံ နဲ့ ဂျပန် ပြည် လုပ် ကြည့်မှန် တစ်ချပ် ၊ ဒါ လက်ကျန် ပဲ ။ မြေးတွေ အတွက် ရဟန်းခံ ရှင်ပြု အလှူကြီး ကို ရေစက်ချ လှူဒါန်းစဉ် က လျော့ပါး သွားတာက ငွေကျပ် နှစ်သောင်းခွဲ ကျော်ကျော် ၊ ဒါ ကျုပ် နှမြော လို့ ပြော နေတာ မဟုတ်ဘူး ။ ကျုပ် စိတ် ထဲ မှာ ကြည်နူး ခဲ့ရတဲ့ အလှူကြီး တစ်ခု ပြုလုပ်နိုင်လို့ ကျုပ် သိပ်ကျေနပ် တယ် ။ သားငယ် သင်္ဘော တက် ဖို့ ထုတ်ပေးလိုက်တဲ့ ငွေ ၈၀၀၀၀ ကျပ် နဲ့ သမက်တော် အတွက် ခေတ္တ ခဏ ပါ ဆို၍ စိုက် ရွေးပေးထား ရတဲ့ ၂၀၀၀ဝ ၊ အဲဒီ စုစုပေါင်း ရင်းနှီးမြှုပ် နှံ လိုက်ရတဲ့ ငွေတစ်သိန်း က တွင်းနက် ထဲ ကို ဘုတ်ခနဲ ပြုတ် ကျသလို ပျောက်ပျက် သွားရတယ်ဗျာ ။ စင်ကာပူ က နေ သားငယ် တစ်ယောက် သင်္ဘော တက် သွားရပြီ ကြားတော့ ကျုပ် တို့ ဝမ်းသာ လိုက်ကြတာ ။ ဒီ ကောင် က ဆေး ဖြတ်ပြီးတဲ့ နောက်ပိုင်း လိမ္မာ လာတာကိုး ။ ဒီ တော့ ကျုပ် ဒီ ကောင့် ကို အားကိုးတာ ပေါ့ ။ ဒါ ခဏပါပဲ ။ သားငယ် တို့ သင်္ဘော ဒေဝါလီ ခံလိုက်ရပြီး ၊ နောက်ဆုံး ကျုပ်တို့ ဆီ ပဲ ပြန် ရောက် လာခဲ့တယ်လေ ။ စိတ် မကောင်း လိုက်တာ ဖေဖေ ရယ် ။ ဖေဖေ့ ငွေ သမီး အမြန်ဆုံး ပြန်ရှာပေးပါ့ မယ်လို့ တတွတ်တွတ် ပြောတတ်တဲ့ သမီးလတ် စကား သံ ကို ကြားရတာ က အကြိမ်ကြိမ် ။ ဒါပေမဲ့ အချိန်တွေ သာ တတိတိ ကုန်လာတယ် ။ ငွေ နှစ်သောင်း က စုံးစုံး မြုပ်ပြီး မျှော်လေတိုင်း ဝေးရပြီ ဆို သလိုပေါ့ဗျာ ။ စာရင်း ချုပ် လိုက်တော့ ဒီ ငွေ နဲ့ ကျုပ် အိမ် ဝယ်နိုင်ဖို့ နေနေသာသာ ( အိမ် ဆိုလို့ ကျုပ် ငွေ နှစ်သိန်း နဲ့ ဝယ်နိုင် တာ မြို့သစ် က အိမ် တစ်ခြမ်းစာ ကို ပြော တာနော် ) စပေါ် တင် ရတဲ့ အိမ်ခန်း ပင် ထပ် မငှားနိုင် ။ နောက် ဆုံးတော့ ဒီ အိမ် မှာ မနေချင်ဘူး အဖေ ရယ် လို့ ပြောတတ်တဲ့ သမီးကြီး စကား ကို ဥပေက္ခာ ပြုပြီး ဒီ အိမ် မှာ ပဲ အိမ်လခ ပေးရင်း ဆက် နေ ဖြစ်တော့ တယ် ။
••• ••• ••• •••
ငွေစာရင်း ရှင်းတမ်း အနှစ် ချုပ် လိုက်တော့ ဝင်ငွေ နဲ့ ထွက်ငွေ ဇယား ကိန်း ဂဏန်း တို့ က တူညီ နေပြီး အပို အလို မရှိတော့ပြီ ။ အများ အမြင် မှာ တော့ ကျုပ် လောက် အသုံး မကျတဲ့ လူ မရှိတော့ဘူးပေါ့ ။ သားသမီး ယုံ လို့ စုံလုံးကန်း ဆိုတဲ့ စကားပုံ ခပ်ဆိုး ဆိုး နဲ့ အနှိုင်း ခံရတာ ကျုပ် မမှုပါဘူး ။ မိဘ နဲ့ သားသမီး ပဲ ကလေးတွေ စိတ် ချမ်းသာမှု ဟာ ကျုပ် အတွက် အဓိက ပဲ ။ ဒါပေမဲ့ဗျာ သေချာ တွေးပြီး စဉ်းစားကြည့် လေ ကျုပ် ရဲ့ စွမ်းဆောင်မှုတွေ ဟာ တဒင်္ဂပဲ ရရှိခံစားခဲ့ ကြရတာ သူတို့ ကျေနပ် ကြရဲ့လား ။
••• ••• ••• •••
ကျုပ် ရင် ထဲ မှာ တင်းကျပ်နေ တယ် ။ ကျုပ် ရဲ့ အရဲစွန့် ရင်းနှီးမြှုပ်နှံမှု ရဲ့ အကျိုးရလဒ်တွေ ကို ကျုပ် ကောင်းကောင်းကြီး ခံ နေရပြီ ။ ဧည့်ခန်းကျဉ်းကျဉ်း ရှေ့က ဘုရားစင် ရှေ့ ဘုရားဝတ်ပြု အပြီး ဘုရားစင် ရှေ့ မှာပဲ ငူငူကြီး ထိုင် နေမိတယ် ။
“ အဖေ ဆန် ကုန်သွားပြီ ။ ညနေ အတွက် မ ကျန်တော့ဘူး ”
ဆိုတဲ့ သမီးကြီး စကားသံ က နားထဲ ဝင် လာပြန် တယ် ။ နား ကို ပိတ် ၊ မျက်လုံး ကို မှိတ် ကာ နှောင့်ယှက် လာသော အာရုံတို့ ကို ကြိုးပမ်း ဖျောက်ဖျက် အပြီး မျက်လုံး ကို ဖွင့်ကြည့်လိုက်တော့ ကျုပ် မျက်လုံးတွေ က ဘုရားစင် အောက်ခြေ သစ်သား ဘောင် မှာ ကပ် ထားတဲ့ စာတန်း လေး ကို ဖတ်မိ တယ် ။
“ ပေး ကား ပေး ၏ မရ ၊ ကျွေး ကား ကျွေး ၏ မဝ ” တဲ့ ။
ကျုပ် သိပ် ကို ခံစားလိုက် ရတယ်ဗျာ ။ ဒီ စာကြောင်းလေး ဟာ ကျုပ် ကို ရည်ညွှန်းထား တဲ့ ....... ။
◾ သံဗျင်ဦး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၇၀
ဩဂုတ်လ ၊ ၁၉၉၅ ခုနှစ်
aung naing oo
24 july 2022
No comments:
Post a Comment