Thursday, July 28, 2022

ဘာကြီးလဲ ( ၁၈ )


 သူတို့ အဆောင် လမ်း ထဲ က ပြောင်းဖူးပြုတ် ရောင်းသော ကောင်မလေး က မင်းသား '  ...  ... ..' ကြိုက်သည် ဟု ဆိုသည် ။ သူ ကြိုက်သော ထိုမင်းသားကလေး က မကြာမီ အိမ်ထောင်ပြု၍ သွား၏ ။ ဒီတော့ သူ့ ကို ပြောင်းဖူးပြုတ် ဝယ်နေကျ ဖောက်သည်တွေ က ထို မင်းသားလေး ၏ မင်္ဂလာဧည့်ခံပွဲ ပါ ဂျာနယ်များ ကို ပြသည့်အခါ သူ က အေးအေးသက်သာ ပင် ဖတ် ပါသည် ။ သူ့ ထံ မှာ ဒေါသ မတွေ့ရ ။ ဝမ်းနည်းခြင်း စိုးစဉ်မျှ မရှိ ။ သူသည် ပြုံး၍ နေလေသည် ။ ပြီးတော့ သူ က  ...


“ သူ ယူတဲ့ ကောင်မလေး က လည်း လှ လိုက်တာ လိုက်တယ် နော် ” 


“ အောင်မယ် ကောင်မ ၊ ညည်း က သူ့ ကို ချစ်တယ် ဆို အခု ဟို က ယူ သွားပြီ ဘယ်လို လုပ်ကြမလဲ ” 


ဒီတော့ ထို ပြောင်းဖူးပြုတ် ရောင်းသည့် ကောင်မလေး က ပြောင်းဖူးတောင်း ကို ကောက် ရွက်ရင်း ပြောသည် ။


“ ကျုပ်တို့ က သူ့ ကို ချစ်တာ ၊ သူ ဘယ်သူ နဲ့ညားညား ချစ်တာ က ချစ်တာပဲ အေ့ ” 


ညိုမောင် လမင်းစိုး ကို ချစ် တာ လည်း ထိုနည်းလည်းကောင်း ဖြစ်လိမ့်မည် ထင်ပါသည် ။


လူ တစ်ယောက် တွင် တကယ့် အချစ် နှင့် စိတ်ကူးယဉ် အချစ် ဆိုတာ ရှိကြစမြဲ ဖြစ်သည် ။ ယောကျာ်းလေး ရော မိန်းကလေး ပါ ထို အချစ် နှစ်ချစ် ကို မလွန်ဆန် နိုင်ကြပါ ။ ကိုရီးယားမင်းသားကလေး ကို အရမ်း ချစ်တာပဲ ဟု ကောင်မလေး တစ်ယောက် က သူ နှင့် ချစ်သူ ဖြစ်နေသော သူ့ ချစ်သူ ကို ပြောပြလျှင် သူ့ ချစ်သူ က မည်သို့မျှ စိတ် မဆိုးသည့် အပြင် ထို ကိုရီးယားမင်းသားကလေး နှင့် ဆက်သွယ်နိုင်သော လိပ်စာ ကို ပင် ' online ' ပေါ် မှ တစ်ဆင့် ရှာဖွေပေးဦးမည် ဖြစ်သည် ။


ညိုမောင် သည် ' လမင်းစိုး ' ကို အဲဒီလို ချစ်သည် ။


မျှော်လင့်ချက် သည်  ...  မရှိ ။


သူ နှင့် ဘဝ တူသော သော်သော့် ကို တော့ ဘဝတူချင်း မို့ မျှော်လင့်ချက် နှင့် ချစ် ပါသည် ။ ' အချစ် ' သည် ဂုဏ် ယူပြီး ပြောဖို့ အကောင်းဆုံး ခံစားမှု ဖြစ်ပါသည် ။ သို့သော် လူတိုင်း သည် ကိုယ် တစ်ကယ် ချစ်သော အချစ် ကို အမေ့ ခံပြီး ဘဝ အတွက် ရလာသော ' အချစ် ' ကို သာ တန်ဖိုး ထားသလို မြင့်မြတ်ကြီးကျယ် သလို ဟန်ဆောင်လေ့ ရှိပါသည် ။


ညိုမောင် တို့ ဝန်ထမ်းများ အားလုံး ကို ရုံးအားရက် တစ်ရက် ပေးပြီး အခမ်းအနားကလေး တစ်ခု လုပ် ပေးသည် ။ ထို အခမ်းအနား တွင် ဘူဖေးလ် ကျွေးပြီး သူတို့ ကုမ္ပဏီ ၏ အကြီးအကဲ ကိုယ်တိုင် က နောက်ထပ် စတင်မည့် Programme အတွက် ကုမ္ပဏီ ကို ကူညီနိုင်မည့် လူများစွာ လိုအပ်နေကြောင်း ပြောသွားခဲ့သည် ။


ပြီးတော့ ကုမ္ပဏီ ၏ GM ဖြစ်သူ လမင်းစိုး မှ ကုမ္ပဏီ နှစ်ပတ်လည်တွင် တစ်နှစ်တာ အကောင်းဆုံး ဆုရသူများ စာရင်း ကို ကြေညာသည့် အခါ ညိုမောင့် ၏ ဆရာ ကိုသက်ဝင်း ပါသည် ။ ညိုမောင့် ဆရာမ ခင်လေး ပါသည် ။ ဝါဝါဦး နှင့် ရီရီထွေး တို့ လည်းပါသည် ။ ပျော်စရာ ကောင်းသော နေ့ တစ်နေ့လည်း ဖြစ်ပါသည် ။


တစ်နှစ်တာ အတွင်း အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ကိုအဆင့် တိုးပေးသည် ။ လစာတွေ တိုး ပေးသည် ။ ရီရီထွေး ၊ ဝါဝါဦး ၊ ဆရာမခင်လေး နှင့် ဆရာကိုသက်ဝင်း တို့ ပျော် ကြသည် ။


လမင်းစိုး သည် စာရင်းများ ကို ဖတ်ကြား ပြီးနောက် အသံ ကို တည်ငြိမ်စွာ ထိန်းလိုက်သဖြင့် အောက်မှ ပျော်ရွင်နေသူများ အားလုံး လမင်းစိုး ထံ သို့ အာရုံတွေ ကို ပို့ လိုက်ကြရသည် ။


လမင်းစိုး က အောက်ပါ စကားများ ကို တည်ငြိမ်စွာ ပြော သွားခဲ့သည် ။


“ ကျွန်မတို့ ကုမ္ပဏီ က နောက်ထပ် ခြေလှမ်း အသစ် ကို စ ချင်ပါတယ် ၊ အဲဒီ အတွက် ကျွန်မ တို့ မှာ အရည်အချင်း ပြည့်ဝတဲ့ လူတွေ လိုပါတယ် ၊ ဒီတော့ ကျွန်မ တို့ လူရွေး ပဲ လုပ်ရပါ့မယ် ၊ အခု လက်ရှိ ဝန်ထမ်းများ ရော ၊ ကျွန်မတို့ ထုတ်ပြန်တဲ့စည်းကမ်း နှင့်ကိုက်ညီသူများ အားလုံးရော လျှောက်ထား နိုင်ပါသည် ။ အားလုံးသော ဝန်ထမ်းတွေ ဟာ ကျွန်မ တို့ မောင်နှမ နဲ့ မိသားစု ဖြစ်ပါတယ် ၊ လုပ်ဖော်ကိုင်ဖက် လည်း ဖြစ်ပါတယ် ၊ ပြီးတော့ ရန်သူ လည်း ဖြစ်နိုင်ပါတယ် ဆိုတာ ကို ပြောကြားရင်း နိဂုံးချုပ်ပါတယ် ” 


အဲဒီနေ့က ပျော်ရွင်စရာပွဲ ကို မည်သည့် ပြဿနာ မှ မရှိဘဲ ကျင်းပပြီးစီးသွားခဲ့သည် ။ နောက်နေ့ အလုပ်လျှောက်လွှာ Form တွေ ကို ထုတ် ပေးနေသည့် နေရာ သို့ ညိုမောင် သုံးကြိမ် လောက် ရစ်ဝဲရစ်ဝဲ လုပ်ပြီးမှ င်္သမာ သွား ယူတော့ ဒေါ်မြသန်း က ညိုမောင့် ကို မသင်္ကာ သလိုကြည့်သည် ။


“ ဘာလဲ မင်း က ထပ် လျှောက်ဦးမလို့လား ” 


“ မဟုတ်ဘူး ကျွန်တော့် ညီမကလေး အတွက်ပါ ” 


“ ဟုတ်လို့လားဟယ် ” 


ညိုမောင် ပြောရ ကြပ်၍ သွားသည် ။ လိမ်တော့ ညာတော့မည် ဆိုလျှင် ဆရာတော့် စကား က အရင် ဦးလေ့ ရှိ၏ ။


“ ရပ်ကွက် ထဲ မှာ နှမလေး လို နေတာပါ ၊ Form ပေးပါ ဗျာ ၊ အဲဒါတွေ က မမ ကိစ္စ မဟုတ်ပါဘူး ” 


ဒီလိုနှင့် Form ကို ယူပြီး သော်သော့် ကို ပေးရသည် ။ သော်သော် ကလည်း နောက်ဆုံး နှစ် ကို ဖြေပြီး အောင်သည် ။ ဘွဲ့ ကတော့ မယူရသေး ၊ သော်သော် သည် နှံကောင်လေး တစ်ကောင် ခုန်ပေါက် နေသလို ကို ဝမ်းသာ နေသည် ဟု ညိုမောင် ထင်သည် ။


“ ကိုညိုမောင် အဲဒီ နေရာ ကို သော်သော် ရမှာလားဟင် ” 


“ ဒါတော့ ငါ ဘယ် သိနိုင်မှာလဲ ဟာ ” 


“ ကိုညိုမောင့် တုန်းက ဘယ် အကပ် နဲ့ ရတာလဲ ” 


“ ဘုရား အကပ် နဲ့ ”  


“ ကိုညိုမောင် မနောက်နဲ့ နော် ” 


“ မနောက်ပါဘူး ၊ ကျွန်တော် က ဓဇဂ္ဂသုတ် ပဲ ရွတ် သွားတာ ” 


“ တကယ်လား ” 


“ တကယ်ပေါ့ ၊ သော်သော် ဓဇဂ္ဂသုတ် ကို အခုမှ ကျက် မနေနဲ့တော့ ၊ မေတ္တာသုတ် ပဲ ကျက်တော့ ၊ ပြီးတော့ ဆံပင်တွေ ကို ဂရုစိုက် ” 


“ ဟင်  ...  ဆံပင်တွေ နဲ့ ဘာဆိုင်လို့လဲ ” 


“ လူတွေ က သော်သော့် ဆံပင်တွေ ကို တွေ့ လိုက်ရင် စေတနာ ရှိ သွားတက်ကြတယ် ၊ ကျွန်တော် လည်း အဲဒီ ဆံပင်တွေ ကို မြင်ပြီး သော်သော့် ကို  ...  ” 


“ အင်တာဗျူး က ဘယ်နေ့လဲ ဟင် ” 


ညိုမောင် ဘာစကား မှ မပြောနိုင်တော့ဘဲ သော်သော့် ကို ငေး ကြည့်နေမိသည် ။ သော်သော် သည် သူ ဆက် ပြောမည့် စကား ကို မကြားချင်၍ စကား လမ်း လွှဲလိုက်ကြောင်း သိသာသည့် မျက်နှာလွှာ ကို ချ၍ ငြိမ် နေသည် ။


“ လာမယ့် စနေနေ့ မှာ သော်သော် ၊ တစ်ခု သတိထားဖို့ ကတော့ သော်သော် အဲဒီ အလုပ် မှာ ရဖို့ မရဖို့က ကျွန်တော် နဲ့ ဘာမှ မဆိုင်ဘူး ၊ ကျွန်တော် စွမ်းဆောင် မပေးနိုင်ဘူး ၊ အတွေ့အကြုံ အရ ပြောပြပါ ဆိုရင်တော့ GM လမင်းစိုး ကို သတိထားပြီး ဖြေ ဖို့ပါပဲ ” 


“ အဲဒီနေ့ ကျရင် ကိုညိုမောင် က  ... ”  


သော်သော် စကား မဆုံးခင်ပင် ညိုမောင် ထွက် သွားသည် ။ သော်သော့် ရင်ထဲ မှာ ခံစားရသော ဝေဒနာ ကို သော်သော် ပဲ သိပါသည် ။ ဒီ ည ဘုရား ရှိခိုးလျှင် ကိုညိုမောင့် ကို ပထမဦး ဆုံး အမျှ ဝေဖို့ ဆုံးဖြတ် လိုက်၏ ။ သော်သော် တတ်နိုင်တာ ဒါပဲ ရှိပါသည် ။


နေ့ရက်တို့ မည်သည် ကုန်ဆုံးလွယ်လှသည် ။


ကိုယ် က သူငယ်ချင်း တစ်ယောက် နှင့် လက်ဖက်ရည်ဆိုင် မှာ စကားလက်ဆုံ ဝင်နေချိန်တွင် လည်းကောင်း ၊ Chess တစ်ပွဲ ကို စိတ်ရော ဝိညာဉ် ပါ ထိုး နေရသော အချိန်တွင် လည်းကောင်း ၊ စာ တစ်အုပ် ကို ဖတ်ရင်း မျက်စိများ ညောင်း လာသဖြင့် အိပ် လိုက်မိသော အချိန်တွင် လည်းကောင်း ၊ ညနေရီဆည်းဆာ အလှတွင် တွေ့ရသော ကောင်မလေးများ ကို ငေးနေချိန်တွင် လည်းကောင်း ၊ ဘာမှ အရေမရ အဖတ်မရ ပျော်ရွင်သည် ဆိုရုံ တွေ့ရာ မိတ်ဆွေများ နှင့် စကား ပြောနေချိန်တွင် လည်းကောင်း ၊ လေးဖြူ နှင့် ထူးအိမ်သင် တို့ ၏ သီချင်းများ ကို လိုက် ညည်းနေချိန်တွင် လည်းကောင်း ၊ အချိန် သည် ထိုထိုသော ခံစားချက်များ အတွက် လုံးဝ စောင့်နေလိမ့်မည် မဟုတ်ဘဲ သင် နှင့် မိတ်ဆွေများ ( သို့ ) သင့် မိတ်ဆွေ မဟုတ်သော သင်မသိသောသူများ ၏ လက် ထဲ မှ နာရီ တွင် လက်တံကလေး သည် လည်နေမြဲ ဖြစ်သည် ။


ထို သူ သည် သင် နှင့် မသိသော်လည်း သင် က ' ဘယ်နှနာရီလဲ ' ဟု မေး လိုက်လျှင် သူ ပြောသော ' နာရီ သည် သင့် နာရီ ဖြစ်သည် ။ သင် နှင့် မသိခြင်း ကြောင့် သင့် နာရီ သည် ပြောင်းလဲစရာ အကြောင်း မရှိချေ ။


ယခု Solo ကုမ္ပဏီ က လူ နှစ်ဆယ့်တစ်ယောက် ရွေးသည့် ထဲ တွင် သော်သော် အရွေး ခံရသည် ။ သော်သော် Solo ကုမ္ပဏီ မှာ အလုပ် ဝင်နေတာ ၄ လ ရှိသွားပြီ ဖြစ်သည် ။ 


ညိုမောင် သည် မနက်ခင်း တိုင်း သော်သော် နှင့် ရုံးအတူ သွားရခြင်း ၊ ညနေရီတိုင်း သော်သော် နှင့် ရုံးအတူ ပြန် ရခြင်းတို့ ကြောင့် ဝါဆိုဝါခေါင်မိုး တွင် ကန်စွန်းညွန့် ခေါင်းမော့ သကဲ့သို့ ခေါင်းမော့ ၍ နေ၏ ။


အဲဒီနေ့က ညိုမောင် အလုပ်တွေ ပြီး သွားသော်လည်း သော်သော့် အလုပ်တွေ မပြီးသေးသဖြင့် ညိုမောင် အောက်ထပ် မှ သော်သော် ဆင်း အလာ ကို စောင့်၍ နေခဲ့သည် ။ တော်တော် နှင့် မဆင်းလာသဖြင့် ညိုမောင် အပေါ်ထပ် သို့ တစ်ခေါက် ပြန်တက်တော့ သော်သော် မည်သူမျှ မရှိတော့သည့် အခန်းထဲတွင် ကျစ်ဆံမြီး ကျစ်၍ နေသည် ။


ဒီလိုမျိုး တွေ့လိုက်ရတော့ သူ အစိုးရိမ်ကြီးစွာ အောက်ထပ် မှာ စောင့်နေသော အဖြစ် ကို တွေးပြီး ချက်ချင်း ရလာသော ဒေါသ ဖြင့် ပြော မိသည် ။


“ ငါ ကတော့ အောက် မှာ နင် ဆင်းမလာလို့ စိတ်ပူ လိုက်ရတာ ၊ နင် က ဒီ ကျစ်ဆံမြီး ကို ပဲ ဟုတ်တယ် ” 


“ မကျစ်လို့ ဘယ်လို ဖြစ်မလဲ ၊ ကား ပေါ်ကျရင် ဆံပင်တွေ က ဟို လူ့ မျက်နှာ ထိ ၊ ဒီ လူ့ မျက်နှာ ထိ နဲ့ အားနာစရာ မကောင်းဘူးလား ” 


“ ကျစ်မယ် ဆိုလည်း အောက် ကို အရင် ဆင်းပြီး ငါ့ ရှေ့ ရောက်မှ ကျစ် ပေါ့ ” 


“ အမလေး ပိုင်စိုးပိုင်နင်း နဲ့ ” 


“ အဲဒီလို မဟုတ်ပါဘူးဟာ ၊ ငါ နင့် အတွက် စိတ် ပူသွားလို့ပါ ” 


ညိုမောင့် အသံ က ပျော့ သွားသည် ။ သော်သော် က လည်း နောက်ဆုံး ကျစ်ဆံမြီး ကို ဝက်ဝံရုပ် ခေါင်းစည်းကြိုးကလေး နှင့် စီး လိုက်သည် ။


ညိုမောင် နှင့် သော်သော် သည် ကုမ္ပဏီ တစ်ခုလုံး မှာ ဘယ်သူမှ မရှိ ဆိုသော လွတ်လပ်မှု နှင့် တံခါးကို စေ့ပိတ်ရင်း ပခုံးချင်း ထိ၍ သီ၍ အတူ တွဲ ထွက်သွားသည်ကို အခန်း ထဲ မှ မြင် နေရသော လူ တစ်ယောက် ရှိပါသည် ။


ထို လူ မှာ  ... ။


အဲ့ဒီနေ့က သော်သော် နှင့် ညိုမောင် တို့ လှည်းတန်း မှတ်တိုင် တွင် ဆင်းပြီး ပြည်လမ်း အတိုင်း ရန်ကုန်တက္ကသိုလ် ရှိ ပလက်ဖောင်း ဘက် မှ လျှောက်ခဲ့ကြသည် ။ တိတ်တဆိတ် လျှောက်လာကြရင်း အတွေးကိုယ်စီ သက်ပြင်း မချဖြစ်သော အသက်ရှူခြင်း ၏ အကြွင်းအကျန် ကိုယ်စီ နှင့် လျှောက် လာခဲ့ ကြသည် ။


တစ်ယောက် နှင့် တစ်ယောက် တစ်စုံတစ်ရာ စည်းကမ်း မထားပါဘဲ တိတ်ဆိတ်နေသော တိတ်ဆိတ်မှု ကို ညိုမောင် က ပင် အရင် စတင် ဖြိုခွဲရသည် ။


“ မနက်ဖက် ထမင်းကြော်ဆိုင် မထွက်နိုင်တော့ သော်သော် တို့ အခြေအနေ အဆင်ပြေရဲ့လား ” 


ညိုမောင် သည် ထို စကား ကို စ မေးစဉ် ကရော မေး နေတုန်း မှာရော ၊ မေး ပြီးတော့ရော သော်သော့် မျက်နှာ ကို အစဉ်တစ်စိုက် စိုက်၍ ကြည့် နေခဲ့သဖြင့်သာ သော်သော် ၏ ယဲ့ယဲ့ကလေး အပြုံး ကို မြင် ရခြင်းဖြစ်ပါသည် ။


“ ထမင်းကြော်ဆိုင် က တစ်မနက် ကို တစ်ထောင် ၊ ထောင့်ငါးရာ လောက်တော့ ကျန်တယ်လေ ၊ အဲဒီ ဝင်ငွေ တော့ လျော့သွားတာပေါ့ ၊ အဲဒီ ဝင်ငေွ နေရာမှာ သော်သော် လခ ကို ဖြည့် လိုက်ရတော့ ဒုံရင်းပဲပေါ့ ” 


သော်သော် က စကား ဆုံးတော့ ရယ် လိုက်သည် ။ ရယ်သံ က ခြောက်ကပ် နေသည် ။ ထို ရယ်သံ ၏ အဓိပ္ပာယ် ကို ညိုမောင် နားလည်ပါသည် ။ ထိုကြောင့် အားပေဖို့ တာဝန် ရှိသည် ဟု လည်း တွေးမိသည် ။


“ အဲဒီ အတွက်တော့ ဘာမှ မပူနဲ့ သော်သော် ၊ ကိုယ် လည်း လခ ထုတ်ရင် အဆောင်လခ ရယ် ၊ ထမင်းစရိတ် ရယ် ၊ လမ်းစရိတ် ရယ် ၊ ရွာ က မေမေ နဲ့ ဆရာတော့် ဆီ ပို့ရတာနဲ့ ဆို သုံးထောင် အပြင် ပို မကျန်တော့ဘူး ၊ အခု နည်းနည်းပါးပါး ဆွဲ ထားရတာလေးတွေတောင် ရှိ သေးတယ် ” 


ပြီးတော့ ညိုမောင် ရယ်လေသည် ။ ထို ရယ်သံ မှာ သော်သော် ရယ်သော ရယ်သံနှင့် သိပ် မကွာလှချေ ။


“ သော်သော် မလုပ် ဝင်တုန်းက လခ ထုတ်ရင် သော်သော့် ဆံပင်တွေ အတွက် ရွေတစ်မတ်သား လောက် ပါတဲ့ ဆံထိုးကလေး တစ်ခု လုပ်မယ်လို့ စိတ်ကူး ထားတာ ၊ အခုတော့ ရွှေဆံထိုး မပြော နဲ့ ရွှေကလစ်နား ကို တောင် မသီနိုင်ဘူး ” 


'ဟာ .. အဲဒါ ဆိုရင်တော့ ကျွန်တော် နဲ့သော်သော် တူ သွားပြီ ၊ ကျွန်တော်လည်း အလုပ် ရ ကာစ က ဆွစ်ဇာလန်မိတ် ဒီ နာရီကလေး ကို ရွှေကြိုးကလေး နဲ့ လဲပြီး ပတ် ချင်တာ ၊ အခုထိ ဆန္ဒ မပြည့် နိုင်ဘူး ၊ လက်တလော ပြဿနာတွေ ကို အရင် ဖြေရှင်း နေရတာကိုး ” 


ညိုမောင့် စကား ဆုံးတော့ နှစ်ဦး သား တိတ်ဆိတ်စွာ လမ်းလျှောက် ဖြစ်ကြသည် ။ ခံစားချက် တူ သော ဝေဒနာ ကို တစ်ယောက် နှင့် တစ်ယောက် နားလည် ကြပါသည် ။ ထိုအချိန်တွင် သော်သော် က ပြည်လမ်းမ နံဘေး သို့ ထိုး ရပ်လိုက်သော လမင်းစိုး ၏ အမိုးဖွင့်ကား အဖြူကလေး ကို တွေ့ လိုက်ရသည် ။ လမင်းစိုး က ညိုမောင် နှင့် သူ့ ကို ငေး၍ ကြည့် ပြီးမှ ကား ကို ရပ်ခြင်း ဖြစ်ပါသည် ။ သော်သော် လမင်းစိုး ထံ မှ မျက်နှာ ကို လွှဲ လိုက်ပြီး သူ နှင့် ညိုမောင် လျှောက်နေသော အင်လျားကန်ဘောင် ကို ကြည့်တော့ ရှားရှားပါးပါး အစိမ်းနုရောင် ခုံကလေး တစ်ခုံ အား နေတာ ကို တွေ့ရ၏ ။


“ ကိုညိုမောင် ခုံကလေး မှာ ခဏ ထိုင် ရအောင်နော် ” 


သော်သော့် စကား ကြောင့် ညိုမောင် ဝမ်းသာ၍ သွားသည် ။ ခုံကလေး တစ်ခုံ လွတ်နေတာကို တွေ့တော့ သူ က ' ခဏ ထိုင်ကြရအောင် ' ဟု ပြောဖို့ စိတ်ကူး လိုက်မိသေးသော်လည်း သော်သော် က သူ့ ကို တစ်မျိုး ထင် သွားမှာ စိုးပြီး ပြော မထွက်ခဲ့ပါ ။ အခု သော်သော် က ပြောတော့ အဆင် ပြေ၍ သွားသည် ။


“ ထိုင်လေ သော်သော် ၊ ကျွန်တော် လည်း အဆောင် ရောက်ရင် ဘာအလုပ် မှ မရှိတာ ” 


ညိုမောင် နှင့် သော်သော် ခုံတန်းကလေး မှာ ဝင် ထိုက်လိုက်ကြသည် ဆိုတာကို သူ မျက်မြင် ဒိတ္ထ တွေ့ခြင်းပင် ဖြစ်ပါသည် ။


သူရင်တွေ ဗလောင်ဆူသွား၏ ။


သို့သော် ... သူ နှင့် အတူ ပါလာသော ယမင်းမ က ပီကေဖောက် မပျက်ဘဲ ပြောသည် ။


“ လမင်း အဲဒါ အဖြေ မဟုတ်ဘူး ၊ အဖြေ ကို ရောက်အောင် သွားဖို့ အကောင်းဆုံး အထောက်အကူ ပဲ ၊ အားလုံးဟာ လမင်း ရဲ့ လက် ထဲမှာ ဆိုတာကို ယုံစမ်းပါကွာ ” 


“ လမင်း အခု သွား တွေ့ပစ်လိုက်ချင်တာ ” 


“ အဲဒါဆို မင်း ရှုံးသွားမှာပေါ့ ၊ ဒီအဖြစ်အပျက် ကို မင်း သေသေချာချာ စောင့် ကြည့်ချင်ရင်တော့ ခွင့်ပြုတယ် ၊ ဒီခုံ က ထ ရင် ညိုမောင် က ကောင်မလေး ရဲ့ လက် ကို ကိုင်ပြီး ထ မှာမဟုတ်ဘူး ၊ သူတို့ ချစ်သူ မဖြစ်ကြသေးဘူး ၊ ဖြစ်ဖို့ ကလည်း ရာခိုင်နူန်း တော်တော်လေး နည်းတယ် ၊ အဲဒါ အမှန်ပဲ ” 


“ ကောင်းပြီ ယမင်းမ ၊ ငါ စောင့်ကြည့်မယ် ” 


“ ဒါဆို ကား ကို ရှေ့ဆက်မောင်း ၊ ကွေ့ရမယ့် နေရာ ရောက်မှ ကွေ့ ပြီး ဟိုဘက် ပလက်ဖောင်း က နေ စောင့် ကြည့် ” 


ကန်ရေပြင် ကို ဖြတ် တိုက်လာသော လေပြေ သည် တစ်ခုခု ကိုရည်ရွယ်ထား သလိုပင် ။ ညိုမောင် နှင့် သော်သော် အကြား သို့ ဖြတ်၍ တိုက်သည် ။ ညိုမောင် နှင့် သော်သော် သည် တစ်နေ့လုံး air-con အခန်းထဲ တွင် နေရသော်လည်း ကန်ရေပြင် ကို ဖြတ်တိုက်လာသော လေပြေ ၏ လတ်ဆတ်မှုမျိုး ကို မရပါ ။ အခု ခံစားရသော စိတ် ထဲ မှာ လန်းဆန်း၍ နေသည် ။ အာရုံက သစ်၍ နေသည် ။


ညိုမောင် သည် သော်သော့် ကို စကား စဖို့ ကြိုးစား ကြည့်သည် ။ သို့သော် ညိုမောင် သည် သူ ပြောရမည့် စကား ၏ နောက် တွင် ထိန်းချုပ်ထားရသည့် ခံစားမှုကြီး တစ်ခု ရှိနေသလို ခံစားရသည် ။


ညိုမောင် သည် လူဆန်သော ခံစားချက် နှင့် လူ တစ်ယောက် ဖြစ်ပါသည် ။


သူ သည် လူ တစ်ယောက် လို ပဲ ခံစားပါသည် ။ သူ့ ရင် ထဲ မှာ လမင်းစိုး ကို ဖြစ်နိုင်ချေမဲ့ ' ချစ် ' သည် ။ သော်သော့် ကို တော့ ဖြစ်နိုင်ချေ ရှိရှိနှင့် ချစ် ပါသည် ။ ညိုမောင် သည် ' အချစ် ' ဆိုသော ခံစားချက် ကို ထိုသို့ ထားမိသည့် အတွက် သစ္စာ မရှိသူ ဟု စွပ်စွဲမည့် အစား လူ အဆန်ဆုံး လူတစ်ယောက် ဟု သာ သတ်မှတ် ထားချင်ပါသည် ။


သူ သော်သော့် ကို ချစ်သော အချစ် မှာ သော်သော် က ကျိန်းသေ ပြန်ချစ်လိမ့်မည် ဟုလည်း ညိုမောင် ယူဆ မထားပါ ။ သော်သော် သည် သူ့ ကို မချစ်ဘဲ ငြင်း နိုင်ပါသည် ။ စိတ် ဆိုး နိုင်ပါသည် ။ မုန်း သွားနိုင်ပါသည် ။ အထင် သေး သွားနိုင်ပါသည် ။ သို့သော် ဘာပဲဖြစ်ဖြစ် ထို တုံ့ပြန်မှု သည် တကယ့် တုံ့ပြန်မှု တစ်ခု ဖြစ်သည် ။


သို့သော် လမင်းစိုး ကို ချစ်သော အချစ်တွင် မတော့ ထို အရာတွေ တစ်ခု မှ ခံစားခွင့် မရှိပါ ။ သူ က လမင်းစိုး ကို ရပိုင်ခွင့်မဲ့ စိတ်ကူးအချစ် အဖြစ် ထားသောကြောင့် ဖြစ်သည် ။ လမင်းစိုး ကို ချစ်သည် ဆိုသော စကား ကို သူ က လွဲ၍ မည်သူမှ သိလိမ့်မည် မဟုတ်ပါ ။


“ သော်သော် ဘာတွေ စဉ်းစားနေတာလဲ ” 


“ ဪ ...  ဘာရယ် မဟုတ်ပါဘူး ၊ ကုမ္ပဏီ မှာ လေ ချစ်တီးစုသလိုမျိုး စုပြီး ၊ ငွေ ယူကြတာတို့ ဘာတို့ မရှိဘူးလား ဆိုတာ ကို တွေး နေတာ ” 


“ ဘာလုပ်ဖို့လဲ သော်သော် ” 


“ ပြောပြီးပြီပဲ ၊ ရွှေနည်းနည်း ပါတဲ့ ကလစ်အကောင်းစားလေး တစ်ခု လိုချင်ပါတယ် ဆို ” 


“ အရင်တုန်းကတော့ စုကြဘူးတယ် တဲ့ ၊ နောက်ကျတော့ ပြဿနာတွေ တက်တာ နဲ့ ရပ်သွားကြပြီး ၊ ဒီလို ငွေကြေးကိစ္စ အရှုပ်အရှင်းတွေ ကို လမင်းစိုး က လုံးဝ ပိတ်ပစ်လိုက်တယ် ၊ လပေး အထည်တို့ ထမင်းချိုင့်တို့ မိတ်ကပ်တို့ ရောင်းတာတွေပါ ခွင့် မပြုတော့တာတဲ့ ” 


“ လခ ထဲ က စုရမယ် ဆိုရင်တော့ မလွယ်ဘူး ” 


“ စိတ်ဓာတ် မကျပါနဲ့ တစ်နှစ် ပြည့်ရင်တော့ ဘောနက်စ် ရပါတယ်“ ” 


“ ဟင် .. ဟုတ်လား ၊ များလားဟင် ” 


“ မသိသေးဘူးလေ ၊ ကျွန်တော် လည်း တစ်နှစ် မှ မပြည့်သေးတာ ” 


ဘာမှ မဟုတ်သည့် ကိစ္စလေး တစ်ခုကို ပြိုင်တူ ရယ်ဖြစ်လိုက်ကြသည် ။


“ ကျွန်တော် လည်း နာရီ အတွက် ရွှေရည်စိမ် လက်ပတ်ကြိုးကလေး လိုချင်နေတာ ၊ အနား မကပ်နိုင် ပါဘူးဗျာ ၊ အကောင်းစား က ငါးသောင်းကျော်လောက် ရှိတာကိုး ၊ အင်း .. ကျွန်တော်တို့ အိမ်မက်ကလေးတွေ က ချမ်းသာတဲ့ လူတစ်ယောက် ရဲ့ သူငယ်ချင်းတွေ နဲ့ ထမင်း စားတဲ့ ညနေစာ သာသာ ရှိတာပါ ၊ ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ အခက်အခဲကြီး တစ်ခု ကို ဖြစ် နေရတယ် ” 


“ ဘဝတွေ က ဒီလိုပဲလေ ကိုညိုမောင် ရယ် ” 


သော်သော် က ခေါင်း ကို ငုံ့ရင်း နွမ်းလျသော အသံဖြင့် ပြောသည် ။


“ ကျွန်တော် ကသာ အခုနေ ငွေ လုံးခနဲ ခဲခနဲ ရရင် သော်သော့် အတွက် ရွှေ နဲ့လုပ်ထားတဲ့ ကလစ်ကလေး ဝယ် ကို ဝယ် ပေးတယ်ဗျာ ” 


“ တကယ်လား ” 


သော်သော် က အပြုံး နှင့် မေးသည် ။


“ တကယ်ပါ သော်သော် ရယ် ၊ ကျွန်တော် သော်သော် ပျော်တာ ကို မြင် ချင်တယ် ၊ သော်သော် ကျေနပ်တာ ကို မြင် ချင်တယ် ၊ အားလုံးက တေွ့တာ နဲ့ အံ့ဩသွားလောက်အောင် ကို စွဲဆောင်မှု ရှိတဲ့ သော်သော် ရဲ့ ဆံပင်တွေ ကို စုသိမ်းဖို့ ရွှေကလစ်ကလေး တစ်ခု ပေးချင်တယ် ၊ ကျွန်တော် လေ သော်သော့် ကို ...  ” 


သော်သော် က ခေါင်းငုံ့ နားထောင် နေရာမှ အလန့်တကြား ညိုမောင့် ကို မော့ ကြည့်သည် ။ သော်သော့် မျက်ဝန်း အကြည့် မှာ စိုးရိမ်စိတ် ၊ တားမြစ်ချင်စိတ် ၊ တောင်းပန်သည့်စိတ် တွေ အားလုံး ပါသည် ။


ထိုကြောင့် ညိုမောင် သည် ထိုစကား ကို ဆက် မပြောရဲတော့ ။ ပြော၍ မထွက်တော့ ။


“ ငါတို့ မိန်းကလေး ဆိုတာ ဘဝ မှာ တစ်ကြိမ်ပဲ စွန့်စားခွင့် ရတာ ၊ အဲဒါကို မေမေ က အချစ် နဲ့ လဲခဲ့တယ် ၊ မေမေ ဆန္ဒ အရ မေမေ မှန်ပေမယ့် သမီးတို့ တစ်တွေ ရလာပြီး ဘဝ ဆိုတာ ရင်ဆိုင်ရတော့ မှ မေမေ ဟာ ကိုယ့် ဆန္ဒ အတွက် တစ်ကိုယ်ကောင်း ဆန်ခဲ့ပြီးတော့ သမီးတို့ ကို သက်သက်မဲ့ ခေါ် ဒုက္ခ ပေးသလို ဖြစ်မှန်း သိခဲ့ရတယ် ၊ အချစ် ကို သတိထားပါ သမီး ရယ် ၊ ဘဝ ကို အချစ် ကနေ မရွေးချယ်မိပါစေနဲ့ သမီး ” 


သော်သော် ငြင်သာစွာ ထရပ်လိုက်သည် ။


“ သော်သော် တို့ ပြန် ကြရအောင်နော် ” 


ထိုင်ခုံ ပေါ် မှ အသီးသီး ခေါင်း ငိုက်စိုက် ချ၍ ထ သွားကြသော ညိုမောင့် နှင့် သော်သော် တို့ နှစ်ယောက် ကို ကြည့်ရင်း ယမင်း က ပခုံး ကို တွန့်သည် ။ ပြီးတော့ နူတ်ခမ်းမွေးအာလူးကြော် ကို မပြတ် ဝါးရင်း လမင်းစိုး ကို မဲ့၍ ကြည့်၏ ။


“ ညိုမောင် က ရည်းစကား စကား လောက်တော့ ပြောပြီး ဖြစ်လိမ့်မယ် ၊ ဒါပေမယ့် ကောင်မလေး က မပါသေးတာတော့ သေချာတယ် ၊ နေစမ်းပါဦး မင်း က ဘယ်လို ဖြစ်ပြီး ဒီ ငတိ ကို စိတ်ဝင်စား သွား ရတာလဲ ” 


“ အဲဒါ ငါ့ ကိုယ် ငါ လည်း နားမလည်ဘူး ၊ ငါ က ယောက်ျားလေးတွေ နဲ့ ပတ်သတ်လို့ အတွေ့အကြုံ မရှိတာ မှ မဟုတ်တာ ၊ ငါ ရည်းစားတွေ ထားခဲ့ဖူးတာပဲ ၊ အပျော်ပေါ့ လေ ” 


“ အဲဒါတွေ ငါ သိပါတယ် ၊ အဲဒီ အပျော်တွေ ကို ဖြတ်ပြီး ဘဝ အတွက် တကယ် စဉ်းစားမယ် လို့ မင်း ပြောခဲ့တာပဲ ” 


“ လမင်း က သူ့ ကို ဘဝ အတွက် စဉ်းစားမယ် လို့ မပြောပါဘူး ၊ ဒါပေမယ့် သူ အဲဒီလို သူများ နဲ့ တွဲ နေတာကို လည်း မမြင်ချင်ဘူး ” 


“ မင်း ဟာ က သဝန် ကြောင်တာပဲ လမင်းမ ရဲ့ ” 


“ မင်း ဒီ ကောင်မလေး နဲ့ ညိုမောင် တို့ အဆောင် က တစ်လမ်းတည်း ဆိုတာ အစ က မသိဘူးလား ” 


“ ဟုတ်တယ် ယမင်းမ ရယ် ၊ ငါ မသိလိုက်ဘူး ” 


“ မင်း ဆီ မှာ လုပ်ပိုင်ခွင့်တွေ က အများကြီးပါ ကွာ ” 


ယမင်း စကား ကြောင့် လမင်း ဘာမှ မပြောတော့ဘဲ ကား ကို မောင်း ထွက်လိုက်သည် ။ ဟုတ်သည် ။ သူ့ မှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိသည် ။ လုပ်စရာတွေ လည်း အများကြီး ရှိသေးတယ် ၊ အခုပဲ ဂျပန် မိတ်ကပ် ၊ အလှကုန်ပစ္စည်းတွေ နှင့် အင်္ကျီတွေ ကိစ္စ ဆွေးနွေးဖို့ ကျန် ရှယ်ယာဝင်များ နှင့် အစည်းအဝေးကလေး တစ်ခု ရှိသည် ။


ယမင်း သည် လည်း သူ့ ရှယ်ယာ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည် ။


အစည်းအဝေး လုပ်မည့် ဟိုတယ်အခန်း ရောက်တော့ လူတော်တော် များနေပြီ ။ အန်တီဘေဘီ ရောက်လာပြီးတော့ ကိုငြိမ်းသာ တစ်ယောက် သာ လိုတော့သည် ။ အန်တီဘေဘီ က သူ့ ကို ပြုံးပြရင်း စာတစ်စောင် လှမ်းပေးသည် ။ လမင်း ကြောင် သွားပြီးတော့မှ ဖွင့် ဖတ်ကြည့်တော့ ကိုငြိမ်းသာ က ရှယ်ယာအဖွဲ့ဝင် အဖြစ် မှ နှုတ်ထွက်ကြောင်း အကြောင်းကြားစာ ဖြစ်၍ နေသည် ။


“ ဘယ်လိုဖြစ်တာလဲ အန်တီဘေဘီ ” 


“ အစည်းအဝေး ကို သာ အေးအေးဆေးဆေး လုပ်ပါ လမင်း ၊ အဲဒါပြီးတော့ မှ အန်တီ ရှင်းပြပါ့မယ် ၊ စိတ် အနှောက်အယှက် ဖြစ်စရာ ကိစ္စ မဟုတ်ပါဘူး ၊ အေးအေးဆေးဆေး ပါ ” 


အန်တီဘေဘီ က အပြုံး နှင့် ပြော သော်လည်း လမင်း စိတ် ထဲ တစ်မျိုး ဖြစ်သွားတာတော့ အမှန်ပင် ဖြစ်သည် ။


“ ဟုတ်ကဲ့ ကျွန်မ ဒီနေ့ တွေ့ဆုံရတဲ့ပွဲ ကတော့ အဖွဲ့ဝင်တွေ အတွက် ပထမ ကျွန်မတို့ လျာထားတဲ့ ရှယ်ယာရာခိုင်နူန်း ကို တိုးချင်တာ အဓိက ကိစ္စပါ ” 


“ ဘယ်လောက်ထိ ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် ရှိမယ်ဆိုတာ သိချင်ပါတယ် ” 


“ အခုတိုးမြှင့်တဲ့ ရာခိုင်နှုန်း က ၃၅ ရာခိုင်နှုန်း ပါ ” 


စကားဆုံးတော့ Member အချင်းချင်း ပြောကြသံ ဆူညံ သွားပြီး လမင်းစိုး ပေးထားသော စာရွက် ထဲ မှာ သူတို့ ဆုံးဖြတ်သည့် ရာခိုင်နှုန်းတွေ ကို ထည့် ကြသည် ။ လမင်းစိုး ရည်ရွယ်ချက် အတိုင်း ရာခိုင်နှုန်း က ၃၆.၅ ရာခိုင်နှုန်း ဖြစ်သွားသော်လည်း လမင်းစိုး က လက်ခံ ခဲ့သည် ။


“ အခုလို ရာခိုင်နှုန်း တိုး လက်ခံတာက ကျွန်မတို့ နဲ့ ပထမ သဘောတူထားတဲ့ ဂျပန် က ကိုယ်စားလှယ် နဲ့ လုပ်ငန်းသဘော ဆွေးနွေးတဲ့အခါ အကျိုးအကြောင်း က တော်တော်လေး ကွာ သွားတဲ့ အတွက် ကျွန်မတို့ ကိုယ့် လူမျိုးအချင်းချင်း ပဲ စိတ်တူကိုယ်တူ လက်တွဲ ဖို့ ဆုံးဖြတ် လိုက်တာပါ ” 


အစည်းအဝေး က အောင်မြင်စွာ ပြီးဆုံးသည် ဟု ပင် ဆိုရမည် ။ အစည်းအဝေး ပြီးသည်နှင့် ကော်ဖီ သောက်ကြရင်း အန်တီဘေဘီ က ပြောသည် ။


“ မောင်ငြိမ်းသာ က လမင်း ကို ရှက် သွားတာလေ ၊ လမင်း လုပ်တဲ့ အကွက် က ရည်မွန်ပါတယ် ၊ ဘယ်သူ မှ သတိ မထားမိအောင် ကို သေသပ်ပါတယ် ။ အန်တီ တောင် မှ ပဲ မောင်ငြိမ်းသာ က ပြော ထားလို့ သိပြီး သဘောပေါက်တာ ” 


“ အန်တီဘေဘီ ၊ အန်တီ ပြောတာတွေ လမင်း ဘာမှ နားမလည်ဘူး ၊ လမင်း က ဘာအကွက် လုပ် လို့လဲ ” 


“ အမလေး အခု ကိစ္စလည်း ပြီး ပါပြီ ၊ ထပ် လျှို မနေပါနဲ့တော့ ” 


“ အန်တီဘေဘီ ဘာ ကို ပြောတယ် ဆိုတာ လမင်း ကို ရှင်းပြတော့ ” 


“ လမင်း ကိုငြိမ်းသာ နဲ့ ပတ်သတ်ပြီးတော့ လေ ... ” 


“ ကိုငြိမ်းသာနဲ့ ...  ၊ ဟင့်အင်း သူ နဲ့လမင်း ဘာမှ မပတ်သတ်ဘူး ” 


အန်တီဘေဘီ သည် စိတ် ရှုပ်သွားသလို မျက်မှောင် ကို ကျုတ်လိုက်၏ ။


“ မပတ်သက်ဘူး ဟုတ်လား ၊ အင်း  ...  မောင်ငြိမ်းသာ ကလည်း လိမ်စရာ အကြောင်း မရှိပါဘူး ၊ မောင်ငြိမ်းသာ က လမင်း ကို ဖုန်း ဆက်ပြီး propose လုပ်တဲ့ ကိစ္စလေ ” 


“ ရှင် ... ” 


“ လမင်း က ဖုန်း ထဲ မှာ တစ်ခွန်း မှ ပြန်မပြောဘဲ သူ ပြောတာတွေ ကို ပဲ နားထောင်ပြီး ဖုန်း ကို ချ သွားတယ်တဲ့ ၊ ပြီးတော့ အလုပ်ကိစ္စ နှင့် တွေ့တဲ့ အခါကျတော့ လမင်း က အဲဒီ ကိစ္စ ကို လုံးဝ အစ မဖော်ဘဲ နဲ့ လူမှုရေး အရပဲ နေထိုင်ဆက်ဆံတော့ သူ့ ကို တမင် နှိပ်စက်သလို ဖြစ်နေပြီး ၊ပုံမှန် ဆက်ဆံတဲ့ လမင်းစိုး ကို တွေ့တိုင်း သူ ရှက် ရှက်နေရမယ့် အတူတူ ဒီ ရှယ်ယာ က ထွက် လိုက်တာ တဲ့ ” 


“ စိတ်မကောင်းတာတော့ အမှန်ပါပဲ အန်တီဘေဘီ ၊ ကျွန်မ ကိုငြိမ်းသာ ကို လုပ်ဖော်ကိုင်ဖက် တစ်ယောက် အနေနဲ့က လွဲ လို့ ဘယ်လိုမှ ပိုလို့ မရတာ အမှန်ပါပဲ ၊ တစ်ခုတော့ ပြော ပါ့မယ် ၊ အန်တီဘေဘီ ယုံပါ ၊ ကိုငြိမ်းသာ ဆက် တဲ့ ဖုန်း ကို ကိုင်တဲ့ လူဟာ ကျွန်မ မဟုတ်ပါဘူး ၊ ကျွန်မ ကိုငြိမ်းသာ စမသစသျန လုပ်တာ ကို ကျွန်မ လုံးဝ မသိခဲ့တာ အမှန်ပါ ” 


“ ဟင် ...  ဒါဆို အဲဒီ ဖုန်း ကို ကိုင်တာ ဘယ်သူလဲ ” 


◾  နီကိုရဲ


📖  ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment