တစ်ယောက်ယောက် က တစ်နေရာရာ ကနေပြီး ညိုမောင် တို့ လေးယောက် ကို ချောင်းကြည့် နေမည် ဆိုလျှင် ထို လူ သည် အကောင်းဆုံး ဟာသ ကား တစ်ကား ကို ကြည့်နေရသူ ဖြစ်လိမ့်မည် ထင်သည် ။
အဘယ်ကြောင့် ဆိုသော် ညိုမောင် တို့ လေးယောက် သည် အဝါရောင်ဖိုက်ဘာ နောက်မှီ ပါသော ခုံကလေး ခြောက်လုံး ပေါ်တွင် ရှေ့တည့်တည့် ကြည့်ပြီး ထိုင်နေကြသည် ။ ထိုင်နေကြပုံ က မိန်းကလေး နှစ်ယောက် က ညာဘက် အစွန်း တွင် ထိုင်နေပြီး ကျန်သည့် လေးခုံ တွင် ညိုမောင် နှင့် နောက် ယောကျာ်းလေး တစ်ယောက် က တစ်ခုံခြား စီ ထိုင်ကြ၏ ။
ညိုမောင် က သူ့ ညာဘက်တွင် ရှိသော ကောင်မလေး နှစ်ယောက် ကို တစ်ချက် ခိုးကြည့်သည် ။ ကောင်မလေး နှစ်ယောက် က ရှေ့တူရူ သို့ သာ တည်ငြိမ်စွာ စိုက် ကြည့်နေကြ၏ ။ ဒါနှင့် တစ်ခုံခြား ဘယ်ဘက်က ပုဂ္ဂိုလ် ကို ကြည့်တော့ အိတ်ဆောင် ီငခအငသညမေပ ကလေး ကို ငုံ့၍ ဖတ်နေတာ တွေ့ရ၏ ။ ဒါနဲ့ပဲ ညိုမောင် လည်း သက်ပြင်း ကို ချပြီး ရှေ့ တူရူ ကိုသာ ကြည့် နေလိုက်ရသည် ။ ခဏနေတော့ Dictionary ဖတ် နေသော ဥက္ကာကျော် က ညိုမောင့် ကို ကျော်ပြီး ကောင်မလေး နှစ်ယောက် ကို လှမ်း ကြည့်သည် ။ ကောင်မလေးတွေ က ရှေ့ ကိုပဲ ကြည့်နေကြတော့မှ ညိုမောင့် ကို ကြည့် သည် ၊ ပြီးတော့ တစ်ချက် ပြုံးပြီး Dictionary ကို ပြန် ငုံ့ ဖတ်နေလိုက်သည် ။ ခင်မေရာ က သူ့ နံဘေး က ကေသီမိုး ကို ကျော်ပြီး ညိုမောင့် ကို ကြည့်သည် ။ ရေ မချရသေးသော ပုဆိုးအသစ် က ခုံပေါ် မှာ နေသား မကျဘဲ ထိုးထိုးထောင်ထောင် နှင့် ရှိသည် ။ ကော်လံလည်ကတုံး ကလည်း အသစ် မှန်း သိသာ နေသည် ။ ထို့ကြောင့် ခင်မေရာ က ညိုမောင့် ကို ရင်းနှီးနေသူတစ်ဦး လို နှစ်လိုဖွယ်ရာ ပြုံး ပါသည် ။ Dictionary ဖတ် နေတဲ့ လူ က ' ဥက္ကာကျော် ' ဆိုတာပဲ ဖြစ်ရမည် ဟု ခင်မေရာ က တွေး လိုက်ပြီး Dictionary ဖတ်နေတာ ကို ကြည့်ပြီး ကလေးလေးတွေ ကို ကြောက်ပါတယ် လို့ နောက်သည့် ပုံစံမျိုး လို ပခုံး ကို ကျုံ့ ၊ နူတ်ခမ်း ကို မဲ့ ၊ မျက်လုံး ကို ပြူးလိုက်သည် ။
ကေသီမိုး ကို တော့ ကပ် နေသဖြင့် ရှန်၍ သာ ကြည့် လိုက်သည် ။ မျက်နှာအေးအေးကလေး မို့ မိတ်ဆွေ ဖြစ်လျှင် ခင်မင်ဖို့ ကောင်းမှာပဲ ဟု ခင်မေရာ တွေးလိုက်သည် ။
ကေသီမိုး ကတော့ သူတို့ မကြည့်ချိန် တွင် ညိုမောင် ၊ ဥက္ကာကျော် နှင့် ခင်မေရာ တို့ ကိုတစ်လှည့်စီ ကြည့်ပါသည် ။ သို့သော် ကေသီမိုး ကြည့် သည့် အကြည့်က တစ်မျိုးတစ်စားတည်း ဖြစ်သည် ။ ငါ့ ကို ခင်ကြပါ ဟယ် ၊ ကူညီကြပါ ဟယ် ဆိုသည့် အကြည့်မျိုး ဖြစ်သည် ။
ညိုမောင် နှင့် ကေသီမိုး မျက်ဝန်း ခိုး ကြည့်ချင်း သွား ဆုံတော့ ဒိန်းခနဲ ရင်ထဲ ကိုယ်စီ မြည်ပြီး မျက်နှာ လွှဲ လိုက်ကြ၏ ။ ဥက္ကာ က ညိုမောင် နှင့် အကြည့် ဆုံတော့ ပြိုင်တူ ပြုံး လိုက်ကြသည် ။ ကေသီ နှင့် ခင်မေရာ လည်း ဒီလိုပဲ ပြုံးကြသည် ။
၉ နာရီ နှင့် ၅၁ မိနစ် တောင် ရှိနေပြီ ချိန်းထားသော အချိန်ထက် ၂၁ မိနစ်တောင် နောက်ကျနေပြီ ဖြစ်၏ ။ ဒီလို ကုမ္ပဏီကြီး အနေ နှင့် မဖြစ်သင့်သော ကိစ္စ ဟု ညိုမောင် နာရီ ကို ငုံ့ကြည့်ရင်း တွေး နေမိသည် ။ ၉ နာရီ ၃ဝ မိနစ် မှာ တော့ ကောင်မလေး တစ်ယောက် ထွက် လာပြီး ... .
“ မမလမင်း ၊ နိုင်ငံခြား cal ပြော နေလို့ ခဏစောင့်ပေးပါရှင် ” ဟု ပြောသွားခဲ့၏ ။
နိုင်ငံခြား ကို မိနစ်နှစ်ဆယ် လောက် ဖုန်း ပြောသည် ဆိုလျှင် ဟိုမှာ သူ့ ရည်းစားများ ရှိသလား ဟု ညိုမောင် တွေးနေမိသည် ။
ထိုအချိန်မှာပင် ခုနက ကောင်မလေး ထွက်လာပြီး သူတို့ ကို တစ်ချက် ကြည့်ပြီး ...
“ မခင်မေရာ ဝင်နိုင်ပါပြီ ရှင် ”
ခင်မေရာ က ဝမ်းသာအားရ မတ်တပ် ထရပ်ပြီး သူတို့ ကို နူတ်ဆက်သလို ပုံစံမျိုးပြုံး ပြပြီး ကောင်မကလေး နှင့် ပါသွားသည် ။
ညိုမောင် နာရီ ကို ကြည့် ထားလိုက်သည် ။ ရ မိနစ် ကျော်ကျော် လောက် မှာ ခင်မေရာ ပြုံးရွှင်စွာ ပြန် ထွက်လာသည် ။ သူတို့ ရှေ့ ကို ရောက်တော့ ခေါင်းတစ်ချက် ညိတ်၍ ပြုံးပြ ပြီး ထွက်သွားသည် ။
“ မကေသီမိုး ”
ညိုမောင် နာရီ ကို ကြည့်ပြီး မှတ် ထားသည် ။ ၁ဝ မိနစ် ကျော် ကြာ၏ ။ ကေသီမိုး က တော်ပါသေးရဲ့ ဆိုသည့် ပုစံမျိုး နှင့် သူတို့ကို မရဲတရဲ ကြည့်ပြီး ဖြတ်သွားသည် ။
“ မောင်ဥက္ကာကျော် ”
သူ ဟာ နောက်ဆုံး လူ ပါလား ဟု ညိုမောင် တွေးလိုက်မိသည် ။
ဥက္ကာကျော် ကတော့ ၁၅ မိနစ်လောက် ကြာမည် ထင်သည် ။ ပြန် ထွက်လာတော့ သိပ်ရွှင်ရွှင်ပျပျပုံစံ မရှိ ။ သူ့ ကိုပင် လှည့် မကြည့်တော့ဘဲ ထိုင်ခုံပေါ်တွင် ချထားခဲ့သော အနက်ရောင် နာမည်ကြီး တံဆိပ် နှင့် ဘေးလွယ်အိတ် ကို ကောက်ယူပြီး ထွက်သွား၏ ။
နာမည် ခေါ်သည့် ကောင်မလေး က ညိုမောင့် ကို တော့ နာမည် မခေါ်တော့ဘဲ ပြုံးပြီး ခေါင်း ကို သာ ညိတ် ပြ၏ ။ ညိုမောင့် နာရီ ကို တစ်ချက် ကြည့်ပြီး ဝင်သွားသည် ။
အခု ညိုမောင် ဝင်ခဲ့သော အခန်း က အင်တာဗျုး တုန်း က အခန်း မဟုတ်ပါ ။ အခန်း မှာ air-corn က စိမ့်စိမ့်ကလေး အေးနေပြီး မွှေးရနံ့ တစ်ခု ကို ရနေသလို ခံစားရသည် ။
အောက်ခံ ကော်ဇော မှာ အဖြူရောင်တွင် ပန်းနုရောင် ရှိ သော နှင်းဆီပွင့်အကြီးကြီး တစ်ပွင့် နှင့် အစိမ်းရောင် ရွက်ဖတ်ကလေးတွေ ကို ဒီဇိုင်း ဆင်၍ ထားသည် ။ နင်း ရမှာ ပင် နင်းရက်စရာ မရှိလောက် အောင် လှပ လွန်းနေသည် ။
စာရွက်တစ်ရွက် ကို လက်မှတ် ထိုးပြီး နံဘေး က စာအနည်းငယ် ရေးနေသော အင်တာဗျူးနေ့ က သူ့ ကို မေးခဲ့သော ကောင်မလေး ခေါ်မလား ၊ မိန်းကလေး ခေါ်မလား ၊ အင်း သူဌေး ဆိုတာက ပို မှန်လိမ့်မည် ထင်သည် ။ စားပွဲ ပေါ်တွင်တော့ ' မန်နေဂျင်းဒါရိုက်တာ လမင်းစိုး ' ဟု အင်္ဂလိပ် လို ရေးထားသည် ။ ဒါဆိုလည်း MD ပေါ့လေ ” ။
ညိုမောင် မတ်တပ် ရပ်၍ နေရသည် ။ ညိုမောင့် လိုပင် MD လက်မှတ် ထိုးနေသော စာရွက်တွေ ကို လာ ပို့ သူ ကောင်လေး နှင့် သူ့ ကို လာခေါ်သူ ကောင်မလေး တို့ လည်း မတ်တပ် ပင် ရပ်နေကြရသည် ။ လက်မှတ် အကုန် ထိုးပြီး သွားတော့ မှ လမင်းစိုး က မော့ ကြည့်သည် ။
“ ကိုညိုမောင် ထိုင် ပါ ”
ညိုမောင် ခုံ တွင် ဝင် ထိုင်ပြီး စားပွဲ ပေါ် က စက္ကူ ဖိသည့် ဖန်တုံးကလေး ကို စိုက်ငေး ကြည့်နေလိုက်သည် ။ ဖန်တုံးကလေး ထဲ မှာ ဘုရားရှိခိုးကျောင်း လို အဆောက်အဦးကလေး တစ်ခု ရှိသည် ။ ပြီးတော့ ယူကလစ်ပင်ကလေး တစ်ခု ရှိသည် ။ ပြီးတော့ ကြယ်ကလေးတွေ နှင့် နှင်းစ လို အမှုန်စက်ကလေးတွေ ရှိသည် ။
“ ကိုညိုမောင် က ဘယ်ရုံး ၊ ဘယ်ကုမ္ပဏီ မှာ မှ မလုပ်ခဲ့ဖူးဘူး နော် ”
“ ဟုတ်ပါတယ် ခင်ဗျ ”
“ ဒီ့ အပြင် အလုပ်ရော ဘာတွေ လုပ်ခဲ့ဖူးသေးလဲ ”
“ အင်း ... ပြောမယ် ဆိုရင်တော့ ကျွန်တော် လယ် ထွန်ဖူးတယ် ၊ နှမ်း နဲ့ ပဲ နည်းနည်း စိုက်ခဲ့ဖူးတယ် ၊ ရွာ က ရပ်ဆွေရပ်မျိုး တစ်ယောက် နဲ့ ပွဲရုံ မှာ လုပ်ခဲ့ဖူးပါတယ် ”
“ ဟုတ်ပြီ ပွဲရုံ မှာ ဘယ်နေရာ က လုပ်ခဲ့တာလဲ ”
“ ဟာ ... အဲဒီလို မရှိပါဘူး ခင်ဗျ ၊ သူ့ ကို ကူညီတဲ့ သဘောပါ ၊ တောက်တိုမယ်ရ သဘောပါပဲ ”
လမင်းစိုးက နူတ်ခမ်းတွေကို ဆွဲဆန့်ပစ်လိုက်သည် ။
ပြောပုံဆိုပုံ ရိုးတာ ကတော့ ပေါ်လွင် ပါသည် ။ အင်တာဗျူးနေ့ က ဒေါသ နှင့် မွှန်ထူနေတာရော တခြား လူတွေ တော်တော်များများ ကို ရော မေး ခဲ့ရတာကြောင့် ညိုမောင့် ကို သေသေချာချာ စေ့စေ့ မကြည့်ခဲ့ရ ။
အခု ကြည့်တော့မှ ညိုမောင့် နဖူး က မဟာနဖူး ဖြစ်သည် ။ အမေရိကန် က မင်းသား အင်ဒီဂါစီယာ ( ANDY GARICA ) ၏ နဖူးမျိုး ၊ မျက်ခုံး က ထူထူ မည်းနက်နေ၏ ။ နှာတံ က သွယ်သွယ်ချွန်ချွန် ။ နူတ်ခမ်း က အောက်နူတ်ခမ်း ပြည့်ပြီး အပေါ်နူတ်ခမ်း ပါးပါး ။ အထူးခြားဆုံး မှာ လေးထာင့်ကျကျ လင်းနေအောင် ပေါ်သော မေးရိုးကြီး ပင် ဖြစ်၏ ။
“ အင်း ... ဒါဆိုရင်တော့ ရှင့် ကို ဒီ ကုမ္ပဏီ အကြောင်း သိသွားအောင် ဒီ ကုမ္ပဏီ ရဲ့ အောက်ခြေ အဆင့် ကနေ စ သင် မှ ဖြစ်လိမ့်မယ် ဆိုတာကို ကိုညိုမောင် လက်ခံ နိုင်ပါသလား ”
“ ဟုတ် ...”
“ သေသေချာချာ စဉ်းစားနော် စာဝင်စာထွက် ဆိုတာ ကုမ္ပဏီ မှာ အနိမ့်ဆုံးပဲ ”
“ ဟာ ... ရပါတယ် ၊ ကျွန်တော် ကလည်း ဘာမှ သိသေးတာမှ မဟုတ်တာ ၊ တာဝန်ကြီးတွေ ပေးမှာတောင် ကြောက် နေတာပါ ”
“ သေလိုက်စမ်း လမင်းမ ” ဟု သူ့ ကိုယ် သူ လမင်း ပြောလိုက်သည် ။ ကိုကို ပြောတာ တော်တော်လေး မှန် နေပြီ ။ အမှန်တော့ ညိုမောင် ကို စာဝင်စာထွက် မှာ ထားဖို့ အစီအစဉ် မရှိပါ ။ Marketing ဌာန အကူ ( သို့ ) စာရင်းအင်းဌာန မှာ အကူလောက် ထား ဖို့သာ စိတ်ကူး ပါသည် ။ဒါပေမယ့် အခု ပြောရင်းနှင့် လမင်းစိုး ညိုမောင့် ကို ဝင်စာ ။ ထွက်စာဌာန ( Reception ) မှာပဲ ထားဖို့ ဆုံးဖြတ်လိုက်သည် ။
“ ကောင်းပြီ ... ဒါဆိုရင် ရှင် Reception မှာ နက်ဖြန် က စပြီး တာဝန် ယူရမယ် ၊ ဟောဒီမှာ ခန့်အပ်လွှာ ၊ ပြီးတော့ ခဏနေဦး ၊ အခု ဒီ စာ နဲ့ခန့်တယ် ဆိုတာ ၃ လ အစမ်း ခန့် နော် ”
“ ဟုတ်ကဲ့ ... ခင်ဗျ ”
လမင်း ကိုသက်ဝင်း ဆီ သို့ ညိုမောင့် ကို Reception ( စာဝင် ။ စာထွက် ) တွင် တာဝန် ပေးကြောင်း ကို အင်္ဂလိပ် လို စာ တစ်စောင် ရေးပေးလိုက်သည် ။
“ ဒီ စာ ကို ဦးသက်ဝင်း ဆိုတဲ့ လူ ဆီ ကို ပေးပါ ။ သူ က ရုံး တစ်ရုံးလုံး ရဲ့အုပ်ချုပ်ရေးမှူး ၊ ပြီးတော့ ရှင် တစ်လ ကို လခ ခုနှစ်သောင်း ရမယ် ၊ ကြိုးစားရင် ကြိုးစားသလို အဆင့် တက်မယ် ၊ လုပ်ငန်း နဲ့ ပတ်သတ်တဲ့ ရုံးစည်းကမ်း တွေ ကို မသိရင် ဦးသက်ဝင်း ကို မေးလို့ ရတယ် သိလား ”
“ ဟုတ်ကဲ့ ခင်ဗျ ”
“ သွားလို့ရပြီ ”
ဖိုင် ကို ကောက် ယူပြီး ပေါ့ပါးတက်ကြွစွာ ထွက် သွားသော ညိုမောင့် ကို ကြည့်ရင်း ... လမင်း စိတ် ထဲမှာ ဘာကိုမှန်း မသိ အလိုမကျ ဖြစ် နေမိသည် ။ အင်းပေါ့လေ ကုမ္ပဏီ တို့ ရုံး တို့ မှာ မလုပ်ခဲ့ဘူးတော့ စာဝင် ။ စာထွက် ဆိုတာကို ဘာမှန်း မသိ ၊ ဘယ်လို နေရာမှန်း မသိလို့ နေမှာပေါ့ ဟု တွေး မိသည် ။ တစ်ပတ်လောက် ကျရင် ဘာ Complain တက်လာဦးမလဲ စောင့် ကြည့်ကြသေးတာပေါ့ ဟု တွေးမိသည် ။
ဒီနေ့ အလုပ်ခန့်အပ်ရေး ကိစ္စ မှာ လမင်းစိုး စိတ် ထဲက ထင် ထားသလို ရာခိုင်နူန်းပြည့် အောင်မြင်ခြင်းတော့ မရှိခဲ့ပါ ။
ထင်မှတ်မထားခဲ့ဘဲ ပြဿနာ ဖြစ်ရသူက ဥက္ကာကျော် ဖြစ်နေသည် ။ လမင်း က ဥက္ကာကျော် ကို ဆိပ်ကမ်း မှာ ရောက်နေသော ကုန်ပစ္စည်းတွေ ကို ရွေးပြီး စာရင်း နှင့် တကွ ဂိုဒေါင် ကို အရောက် ပို့ ရသော ကုန်ပစ္စည်းအဝင်ဌာနစိတ် မှ ဌာနမှူး ကိုမင်းနိုင် နှင့် တွဲဖက် တာဝန်ချပေးသည် ကို မကျေနပ်ခဲ့သောကြောင့် ဖြစ်သည် ။
ဥက္ကာကျော် က သူ့ မှာ ရှိပြီးသား အစွမ်းအစများ သည် ကုမ္ပဏီတစ်ခု ၏ ဌာန ခွဲ တစ်ခုခု ကို ဦးဆောင်နိုင်သည် ဟု အတိအကျ ကို ယုံကြည်ထားသူ ဖြစ်ပြီး ထို ယုံကြည်ထားသည့် အတိုင်း နေရာ တစ်နေရာ ကို လမင်း ထံ မှာ တောင်းဆိုခဲ့သည် ။
ကိုယ့် မှာ ရှိသော ပညာ နှင့် ဉာဏ် နှင့် လိုက်ရောညီထွေ ရှိသော မာန ကို လမင်းစိုး သဘော ကျပါသည် ။ အခု ဥက္ကာကျော် ဆိုလိုသည့် ပုံစံ က ကုမ္ပဏီတွေ ဆိုတာ ဒီ အလုပ်တွေ ကို ဒီလိုမျိုးပဲ လုပ်နေတာပါပဲ ၊ ဒါကို သူ နားလည်ပါတယ် ။ သူ တတ်ပါတယ် ။ အနည်းငယ် ကွဲလွဲတာ ရှိ လျှင်လည်း သူ တစ်ပါတ်လောက် လေ့လောလိုက်ရင် ရ သွားလိမ့်မယ် ဆိုသည့်သဘောမျိုး ဖြစ် နေသဖြင့် လမင်းစိုး က ...
“ ကိုဥက္ကာကျော် ကျွန်မ တို့ ကုမ္ပဏီ ရဲ့ လုပ်ငန်းတစ်ခု ကို တစ်ပတ်လောက် နဲ့ လေ့လာ လို့ ရပေမယ့် ကျွန်မ တို့ ကတော့ ကိုဥက္ကာကျော် ကို ၃ လ လောက် လေ့လာဖို့ လိုနေပါတယ် ”
ထို စကား ကြောင့် ဥက္ကာကျော် မျက်နှာ ပျက် သွားတာ ကို လမင်း က လူမှုရေး အရ မသိချင်ယောင် ဆောင် နေ လိုက်ပါသည် ။
နောက်ဆုံးမှာ ဥက္ကာကျော် က ' သူ ဒီ တစ်ရက် တော့ စဉ်းစားပါဦးမယ် ' တဲ့ ။ သူ က Solo ကို စလျှောက် ကတည်း က ' ဌာနမှူး ' တစ်နေရာရာ ကို ဦးတည် ခဲ့တာပါ ' ဟု ဆိုပြီး ဖိုင် ကို မ၍ ထွက်သွားသည် ။
ကေသီမိုး ကတော့ အလုပ် မှ လစာမဲ့ ခွင့် တစ်လ ယူပြီး ဆင်း ကြည့်မည် ဟု မြွေမသေ တုတ်မကျိုး နှင့် ပင် ကိစ္စ ပြတ် သွားသည် ။ ခင်မေရာ ကတော့ သူ့ နေရာ နှင့် သူ မို့ ဘာမှ အထွေအထူး ပြောစရာ မရှိ ။ ဥက္ကာကျော် ကိစ္စ ကလည်း မကျေနပ်စရာ မရှိပါ ။ ဒီလို စိန်ခေါ်မှုမျိုး ကို လမင်းစိုး မကြာခန တွေ့ခဲ့ဖူးပါသည် ။ လမင်းစိုး မကျေနပ်တာက အတူတူ အလုပ်လျှောက် ၊ အတူတူ လူတွေ့ စစ်ပြီး ခန့်တာချင်း အတူတူ ကို လစာ အနည်း ဆုံး အဆင့် အနိမ့်ဆုံး နေရာ ကို ပေးတာ ကို တစ်ချက် မှ မျက်နှာ မပျက်ဘဲ လက်ခံ ယူ သွားသော ညိုမောင့် ကို သာ ဖြစ်နေသည် ။
လူ့ဘဝ ဆိုတာ ' မကြာခဏ မထင်မှတ်တာတွေ ဖြစ်တက်တဲ့ နေရာ ' ဆိုတာ သိပ် မှန်နေလေသည် ။
◾ နီကိုရဲ
📖 ဘာကြီးလဲ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment