နောက် တစ်လ အကြာ တွင် လမင်း သည် ရုံးခန်း ကို နှစ်ခန်း ခွဲ ပစ်လိုက်သည် ။ ထို့အတွက် နောက် ဝန်ထမ်း အယောက် ၂ဝ ခန့်ထပ်မံ ခန့် လိုပ်သည် ။ ထို ဝန်ထန်းများ ကို တော့ အန်တီဘေဘီ နှင့် ယမင်း တို့ က ဦးဆောင်ပြီး ရွေးချယ်ကြသည် ။ ထိုရွေးပွဲ တွင် သော်သော့် ညီမ မော်မော် လည်း အလုပ် ရသည် ။
လမင်းသည် ၈ မိုင် ဘက် တွင် ပြောင်း ဖွင့်လိုက်သော သူ့ စမသနြခအ အသစ် အတွက် လူစာရင်း ထဲ တွင် ညိုမောင့် ကို ထည့်ထားပြီး သော်သော့် ကိုတော့ ကိုကို နှင့် မူလ ကုမ္ပဏီ မှာ ပဲ ထားခဲ့ သည် ။
သော်သော် သည် ညနေ ရုံး ဆင်းချိန် အပြီးတွင် ခင်မေရာ ထံမှ ဂျပန်စာ ကို တစ်နာရီခွဲ တိတိ သင်ရသည် ။ ခင်မေရာ က တစ်လ တွင် ( ၁ဝ ) ရက် သာ ပြရပြီး ကျန်သည့်ရက် ( ၂ဝ ) ကို ဂျပန်စာ ကို ကဗျာ က အစ ခံစား၍ ဖတ် နိုင်သော ကိုကို က သင်ပေးသည် ။
ဆရာ ကိုသက်ဝင်း ကိုတော့ လမင်းစိုး က သူ့ အသစ် တည်ထောင်လိုက်သော ကုမ္ပဏီ ဖြစ်သည့် ' ... ... ... ... ... ... ' တွင် ဒု - ဥက္ကဌ အဖြစ် ခန့် အပ်လိုက်သည် ။ ထို ရာထူး မှာ ကိုသက်ဝင်း နှင့် အသင့်တော်ဆုံး ရာထူး တစ်ခု သာ ဖြစ်သည် ။ ကိုသက်ဝင်း အတွက် အကူ အတွင်းရေးမူးကလေး နှစ်ယောက် က သူဇာ နှင့် ရီရီထွေး တို့ ဖြစ်ပြီး ဝါဝါဦး ကိုတော့ ခင်မေရာ ၏ လက်ထောက် အဖြစ် ခန့်အပ်ထားလိုက်သည် ။
သာမန်ဝန်ထန်းများ ရုံး ဆင်းချိန်တွင် ညိုမောင် မှာ ရုံး မဆင်းရသေး ၊ ဆရာကိုသက်ဝင်း ၏ အသင့်တော်ဆုံး ဘာသာရပ် ဖြစ်သော စီးပွားစီမံခန့်ခွဲမူ အတက်ပညာ ဖြစ်သော ' Dealing with People ' ကို တစ်ပတ် လျှင် ၃ ရက် သင်စေသည် ။ ထို ဘာသာ သည် ကိုသက်ဝင်း အကျွမ်းကျင်ဆုံး ဘာသာရပ် ဖြစ်သည် ။ ပြီးတော့ ကိုသက်ဝင်း က ညိုမောင့် အပေါ် ချသော မှတ်ချက် ကို ကြားရတော့ လမင်း ဝမ်းသာ မိသည် ။
“ ညိုမောင် က ပညာ ဆိုရင် ဘာ ပညာ ဖြစ်ဖြစ် ယူမယ် ဆိုတာ ချည်းပဲ ၊ပြီးတော့ သူ့ မှာ အကောင်းဆုံး အချက်က မသိရင် နားမလည်ရင် သူ့ စိတ်ထဲ ရှင်းပြီး တိတိကျကျ သိသွားတဲ့ အထိ မေး တက်တာပဲ ၊ အဲ့ဒီတော့ သူ့လို လူမျိုး ကို သင် ရတာ သိပ် ကောင်းတယ် ”
ဒီနေ့တော့ လမင်း က ညိုမောင် နှင့် ဆရာကိုသက်ဝင်း တို့ စာ သင်နေသော အခန်း ကို ဒီဘက် အခန်း မှ ထိုင် ကြည့်နေသည် ။ ထို အညိုရောင် မှန်ချပ် သည် ကိုသက်ဝင်း နှင့် ညိုမောင် တို့ က တစ်ဖက်မှ ထိုင်ကြည့်နေသော လမင်းနှင့် ယမင်းကို မမြင်ရပါ ။ အသံ ကို လည်း လမင်း တို့ ဘက် ကို ဆောင်းဘောက် ( စ် ) တစ်လုံး ထုတ် ထားသဖြင့် ကြား ရသည် ။
“ ဒီနေ့ မင်း ကို အပိုဆုကြေး လို့ ခေါ်တဲ့ ( Giving Bonuses ) အကြောင်း ပြောပြမယ် ၊ Bonuses ပေးတယ် ဆိုတာ ကုမ္ပဏီ ရဲ့ ငွေကြေးအောင်မြင်မှု ကို ဝေစား မျှစား လုပ်တဲ့ မြှူစွယ်မူ မဟုတ်ဘူး ဆိုတာတော့ သတိ ထားရမယ် ”
“ မမြတ်စွန်းရင်လည်း ပေးမယ်ပေါ့ ”
“ ဟုတ်တယ် ၊ ဒါပေမယ့် အမြတ်စွန်း ဆိုတာ ရှိလာမှပဲ Bonuses ကို စဉ်းစားလေ့ ရှိတယ် ၊ ဒီနှစ် ၊ ဒီလ အမြတ် ရတယ် ဆိုတာကို ဝန်ထမ်းတွေ က သိလိမ့်မယ် ၊ အဲ့ဒီ အချိန်မှာ နည်းတာ များတာ ထက် ကုမ္ပဏီ ရဲ့ အမြတ် နဲ့ သူတို့ ဟာ တစ်သားတည်း ရှိကြောင်း ပြတဲ့ အနေနဲ့ Bonuses ကို ပေးသင့်တယ် ”
ညိုမောင် စိတ်ရှည် လက်ရှည် နဲ့ လိုက် မှတ်နေသည် ။
“ ပြီးတော့ Using Incentives ဆို တဲ့ ဆွဲဆောင်မှု အမြင် ကို ရဖို့ အရေးကြီးတယ် ၊ ဒီ ကုမ္ပဏီ ရဲ့ ကြီးပွားတိုးတက်မှု ဟာ သူတို့ ပြင်ပ ဘဝတွေ ကြီးပွားမှု နဲ့ ထပ်တူထပ်မျှ ကျနေတယ် လို့ ကုမ္ပဏီ ရဲ့ဝန်ထမ်းတွေ က ခံစား နေရမယ် ၊ ဒီ ကုမ္ပဏီ တိုးတက်ဖို့ စေတနာ ရှိနေရမယ် ၊ ကဲ မင်း ဒါကို လက်ခံသလား ၊ ဘာ မေးစရာရှိသလဲ ”
“ မရှိတော့ပါဘူး ဆရာ ”
လမင်း နှင့် ယမင်း တို့ အခန်း ထဲ ထွက်ခဲ့ကြသည် ။ နောက်ထပ် ၁ဝ မိနစ် ဆို လျှင် စာ သင်တာ ပြီးတော့မည် ။
“ လမင်းမ မင်း အစီစဉ်တွေ က သိပ် စိတ်ဝင်းစားဖို့ ကောင်းနေတယ် ၊ ဒီတော့ မင်း ရယ် ၊ မင်း ကိုကို ရယ် ၊ခင်မေရာ ရယ် ၊ ညိုမောင် ရယ် ကိစ္စ ကို ကိုယ် သိချင်တယ် လမင်းမ ”
ဆရာကိုသက်ဝင်း နှင့် ညိုမောင် တို့ ကို အိမ်ပြန် ပို့ပေးရန် စောင့်နေသော ဦးဌေးဝင်း က လမင်းစိုး ကို ခေါင်းတစ်ချက် ညိတ်ပြီး အရိုသေပြု နှုတ်ဆက် သဖြင့် စကား က ခဏ ပြတ်သွားသည် ။ ကားပေါ် တက် ပြီး ကားမောင်း ထွက် တော့မှ လမင်းစိုး က ပြောသည် ။
“ ယမင်းမ မင်း က ငါတို့ ကုမ္ပဏီ ရဲ့ အစုရှယ်ယာဝင် တစ်ယောက် ဖြစ်နေတဲ့ အတွက် ကုမ္ပဏီ ရဲ့စည်းကမ်း အရ လျှို့ဝှက်မှု ကို ပြောလို့ မရဘူး ၊ အဲ့ဒီတော့ ဆော်ရီး ပဲ ယမင်းမရေ ”
“ ခွေးမလေး ...”
“ ညိုမောင် မင်း သွေးအေးအေး နဲ့ စဉ်းစားဖို့လိုတော့ ကောင်းတယ်နော် ၊ မင်း ပြောတာ ကို ငါတို့ နားထောင် နေရသမျှ အရ ဆိုရင်တော့ ကိုချစ်မင်းစိုး ဟာ သိက္ခာ ရှိတဲ့ လူ တစ်ယောက်ပဲ ၊ ပြီးတော့ သွားတဲ့ နေရာ ကလည်း သူ လူ မြင်သာတဲ့ အချိန် ညနေ ၊ ကရဝိတ်ဟိုတယ် ရဲ့ အပြင်ဘက် ခုံ မှာ ထိုင်တာ ”
“ ငါ ကတော့ သော်သော် နဲ့ ရှင်း ချင်တယ် တိုးလွင် ရာ ”
“ မင်း က သော်သော် နဲ့ ရှင်း ရအောင် သော်သော် က မင်း ရည်းစား မို့လို့လား ”
ကိုဇော် စကား ဆုံးတော့ ညိုမောင် ပါးစပ် ပိတ် သွားကသည် ။
သော်သော် သည် သူ့ ကို စေတနာ ဘယ်လောက် ရှိခဲ့သည် ဆိုတာ သူ သိပါသည် ။ သူ သိသလို တစ်ဆောင်တည်း နေသော သူငယ်ချင်းများ လည်း သိ ပါသည် ။ သူ ကြက်သားဟင်း ဝယ်လျှင် အနှစ်ခပ်များများ လည်ချောင်းရိုး ၊ တောင်ပံ ၊ ခြေထောက် စတာတွေ သုံးလေးခု အပို ပါမြဲ ဖြစ်၏ ။ ထို ဟင်းများ ၏ တန်ဖိုး ကို ငွေကြေး ရေတွက်၍ မရ ။ စေတနာ ၊ မေတ္တာ ၊ ပြီးတော့ ရင် ထဲ မှာ ဖြစ်တည်နေသော ခံစားမှု ။
“ အေး ... ငါ နဲ့ သူ က ချစ်သူ တော့ မဟုတ်ကြဘူး ၊ အဲ့ဒီ အချစ် ဆိုတာကို နားလည်ပြီး အဲဒီ အနား ကို မကပ်ရဲတဲ့ လူ နှစ်ယောက် ပဲ ”
“ ကောင်းပြီ ၊ ဒါဆို အဲဒီ ကိစ္စ ကို အေးအေးဆေးဆေး ဖြေရှင်းတာ အကောင်းဆုံး မဟုတ်လား ”
ဒါကိုတော့ ညိုမောင် ငြင်းစရာ ကိစ္စ မရှိပါ ။ သူ နှင့် သော်သော် ရုံးချင်း မတူသည့် တိုင်အောင် စနေ ၊ တနင်္ဂနွေ ကိုတော့ ရပ်ကွက် ထဲ မှာ တွေ့စရာ ရှိပါသေးသည် ။ ထို့ကြောင့် ညိုမောင် သည် ကိုမိုး ပြောသော အစီအစဉ် ကို ဘာမျှ မပြောတော့ပဲ ခေါင်းညိတ် ၍ လက်ခံလိုက်သည် ။
ဒီတော့မှ တိုးလွင် က စကားဆိုသည် ။
“ မင်း ... ဟာ ... ဟို တောကြိုတောင်ကြား ထဲ က နေပြီး ရန်ကုန်မြို့ပေါ် တက် လာပြီး ဘဝ အတွက် တိုးတက်မှု ကို ရှာမယ် ဆိုတဲ့ မင်းရဲ့ ဆုံးဖြတ်ချက် ကို တော့ မမေ့နဲ့ပေါ့ ကွာ ”
“ ငါ သိချင်တာ လည်း သော်သော် ငါ့ အပေါ် စေတနာ ပျက် မပျက် ဆိုတာ ကို ပဲ သိချင်တာပါ ”
“ မင်း ကို ငါ မေးခွန်း တစ်ခွန်း မေးချင်တယ် ညိုမောင် ၊ မင်း အမှန် အတိုင်းတော ငါတို့ အားလုံး ရှေ့မှာ ဖြေရလိမ့်မယ် ၊ ဘယ်လိုလဲ ”
“ ဘာမေးခွန်းလဲ ”
ညိုမောင် သည် ကျားသုံးကောင် ကို ဓားမြောင်တစ်ချောင်းတည်း နှင့် ရင်ဆိုင် နေသော မုဆိုးတစ်ယောက် လို ဘယ်သူ ကို မှ အလစ် မပေးရဲတော့ဘဲ မေးသည် ။
“ သော်သော် နဲ့ ပတ်သက်တဲ့ မေးခွန်း ... ”
“ လမင်းစိုး နဲ့ ပတ်သက်တဲ့ မေးခွန်း ... ”
ညိုမောင်သည် သူ့လက်သီး နှစ်ဖက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကိုမိုး ပြောသော ကိစ္စ ကို စဉ်းစားသည် ။ ထိုမိန်းကလေး နှစ်ယောက် အတွက် သူ ရိုးသားခဲ့တာလည်း ရှိပါသည် ။ မရိုးသားခဲ့တာလည်း ရှိပါသည် ။ ထိုအရာ နှစ်ခု သည် တစ်ခုချင်းစီ မဟုတ်ဘဲ တစ်ခု နှင့် တစ်ခု ပတ်သက် ဆက်နွယ်လျက် ရှိသည် ဆိုတာ ကိုတော့ ညိုမောင် ဝန်ခံရမည်ဖြစ်သည် ။
“ မေးကွာ ၊ ငါ မညာဘဲ ဖြေမယ် ”
“ ကောင်းပြီ ... ”
သူတို့ အဆောင် ရုတ်တရက် တိတ်သွားသည် ။
ညိုမောင် သည် ခေါင်း ကို ငုံ့ ၍ လက်သီး ကို ဆုပ်ထားရင်းအာရုံတွေကို စုစည်းထားရသည် ။
“ မင်း အချစ် အတွက် သော်သော့် ကို ချစ်သလား ၊ လမင်းစိုး ကို ချစ်သလား ”
“ ------------ ”
“ အေး ... နောက် မေးခွန်း တစ်ခု က မင်း ဘဝ အတွက် လမင်းစိုး ကို ချစ်သလား ၊ သော်သော့် ကို ချစ်သလား ”
“ ------------ ”
ရုံးသူရုံးသားများ အားလုံး ပြန်သွားကြပြီဖြစ်သဖြင့် ှသူသ ကုမ္ပဏီ သည် တိတ်ဆိတ်၍ နေသည် ။ ထို တိတ်ဆိတ်မှု ထဲ မှာ မှ လမင်းစိုး ၏ အခန်း ထဲ သို့ ဝင်၍ သော်သော် ကြောက်ရွံ့ နေမိမှာ အမှန်ပင် ဖြစ်သည် ။
ပို၍ ကြောက်ရွံ့သောအကြောင်း က ပြီးခဲ့သည့် အပတ် သောကြာနေ့ က သူ့ ဆရာ ချစ်မင်းစိုး နဲ့ သူ ကန်တော်ကြီး က ကရဝိတ်ဟိုတယ် မှာ ညနေစာ စားဖို့ ဆရာ က အဖိတ် မှာ ထမင်း အတူ စားနေကြစဉ် ၊ လမင်းစိုး က ကား ပေါ် က တွေ့သွားခြင်း ဖြစ်ပြီး ၊ လမင်းစိုး နံဘေးတွင် လည်း ထိုင်နေသူ က ကိုညိုမောင် ဖြစ်နေသည့် အတွက် အခု လမင်းစိုး ၏ အခန်း ထဲ သို့ ဝင်ရန်ကြောက်ရွံ့နေခြင်း ဆိုလျှင် ပို မှန်လိမ့်မည်ဖြစ်သည် ။
နောက်ဆုံးတော့ အခန်း အပြင်ဘက် မှာ နှုတ်ခမ်း ကို ခပ်နာနာ ဖိကိုက်ရင်း တံခါးလက်ကိုင် ကို လှည့်ပြီး ဝင်လိုက်သည် ။
GM တစ်ယောက် ၏ ခုံ တွင် လမင်းစိုး အပြင် မမယမင်း ကို ပါ တွေ့လိုက်ရသဖြင့် နည်းနည်းတော့ အား ရှိသွားသည် ။ လမင်းစိုး က ' ထိုင်ပါ ' ဆိုသည့် စကား ကို အသံဖြင့် မပြောဘဲ ခေါင်းသာ ညိတ်ပြ၏ ။ အခန်း သည် တိတ်ဆိတ်၍ နေသည် ။
သူ လမင်းစိုး က မေးဆပ်ပြသော ခုံ တွင် ဝင် ထိုင်ပြီးသည့် အချိန်တွင် လမင်းစိုး က သော်သော့် ကို စာရွက်တစ်ရွက် လှမ်း ပေးသည် ။ ထို စာရွက် ကို သော်သော် ဖတ်ကြည့်လိုက်တော့ သူ့ ဆရာ ချစ်မင်းစိုး နှင့် အတူ ဂျပန်ရုံး တွင် ထိုင်ပြီး ချစ်မင်းစိုး ၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ရန် ရာထူးရွေးချယ် ကြေညာချက် ဖြစ်သည် ။ အဓိက ဦးစားပေး က ဂျပန်ဘာသာ ကို တတ်ကျွမ်းရမည် ။
ပထမ တော့ သော်သော် နားမလည်သေးပါ ။ ထို့ကြောင့် မေးရသည် ။
“ ဒီ ခေါ်စာ ကို ကျွန်မ က ... ”
“ မင်း ဝင် ဖြေရလိမ့်မယ် ၊ သော်သော်လင်း ၊ အဲဒီ ရာထူး အတွက် မင်း ကို ငါတို့က ကြိုဆိုတယ် ၊ တို့ ဒီမှာ ရှိတဲ့ ကုမ္ပဏီ ရဲ့ အောင်မြင်မှု ရှိ မရှိဟာ ကိုကိုဂျပန် မှာ စိတ်လက်ချမ်းသာ နဲ့ အလုပ် လုပ် ပေးနိုင်ဖို့ လူလိုတယ် ၊ အဲဒီ လူ ဟာ မင်း ပဲ ဆိုတာကို ဟိုနေ့ ကတည်း ကတို့ သိလိုက်ပါတယ် ”
လမင်းစိုး ပြောသော ဟိုတစ်နေ့ ဆိုတာကို သော်သော် လည်း သိပါသည် ။ ဒါပေမယ့် ဒီလို တစ်ယောက်တည်း ခေါ် ပြောတာ ကို တော့ ထူးဆန်းနေသည် ။
“ ဒီနေရာ က ဆရာမ ခင်မေရာ နဲ့ ... ”
“ မင်း အခု ခင်မေရာ က သင်ပေးထားလို့ ဂျပန်စာ ကို ရေးတတ် ဖက်တတ် နေပြီပဲ ၊ ဂျပန် မှာ တစ်နှစ်လောက် နေလိုက်ရုံ နဲ့လုံလောက် သွားမှာပါ ”
လမင်းစိုး စကား ဆုံးတော့ မှ မယမင်း က အပြုံး နဲ့ စကား ကို စ၏ ။
“ ညီမလေး ပြောသလိုပဲ ခင်မေရာ ဟာ ဒီ နေရာ နဲ့ အထိုက်တန်ဆုံး ပါ ၊ ဒါပေမယ့် ကိစ္စလေး တစ်ခု နဲ့ က လာ ငြိနေတယ် ၊ အဲဒါက ခင်မေရာ မှာ ချစ်သူ ရှိတယ် ၊ လက်ထပ်ဖို့ ရက်ကလည်း ရွေးပြီးသား ဖြစ် နေတယ် ၊ ပြီးတော့ အဲဒီ သူ့ အမျိုးသား က ခင်မေရာ နဲ့ ချစ်မင်းစိုး တို့ နှစ်ယောက်တည်း ဂျပန် ကို အတူ သွားကြမှာ ကို လုံးဝ သဘော မတူဘူး ၊ ဒီတော့ ကိုချစ်မင်းစိုး အတွက် အသင့်တော်ဆုံးဟာ ညီမလေး ပါ ပဲ ”
သော်သော် ခေါင်း ငုံ့ ထားလိုက်သည် ။ သူ့ ဘဝ တစ်ခုလုံး အတွက် ရတောင့်ရခဲ လှသော အခွင့်အရေး ။ ဖေဖေ့ ကို ပန်တိမ် အလုပ် မှ နားစေချင်သည် ။ ညီမလေး ကို ရွှေဆွဲကြိုးကလေး တစ်ကုံး ၊ လက်စွပ်ကလေး လေးငါးကွင်း နှင့် ဖြစ်စေ ချင်သည် ။
ပြီးတော့ မည်းမှောင်ကြပ်တည်းလှသော တိုက်အိမ် မဟုတ်သော ထရံကာ နှစ်ထပ်အိမ်ကလေး မှ လွတ်မြောက် ချင်သည် ။
အခု သူ့ ကိုခေါ် တွေ့ ခံရသော ပွဲတွင် စကားလုံး တစ်လုံး မှ မပါသော စကားလုံး ကို သူ သဘော တူ လိုက်ပါသည် ။
“ ကျွန်မ နားလည်ပါပြီ မမလမင်းစိုး ”
••••• ••••• ••••• •••••
“ ကိုညို့ ကို ဖေဖေ က ဖျာသမား မှတ်ပြီး မခေါ်ခဲ့ရင် ၊ သော်သော် တို့ နဲ့ကိုညို သိမှာ မဟုတ်ဘူးနော် ”
“ ဖြစ်ပြီးခဲ့တာတွေ အားလုံး က စနစ်တကျ ဖြစ်ခဲ့တာတွေ ချည်းပါပဲ ၊ သော်သော် ရယ် ၊ မဖြစ်သေးတာ မှာ အကျိုး နဲ့အကြောင်း တစ်ခုခု ကြောင့် ဖြစ်တာ လွှဲ သွားနိုင်ပေမယ့် ဖြစ်ပြီးတာ မှာတော့ သူ့ အကျိုးရော ၊ သူ့ အကြောင်းရော က ပြည့်စုံ နေတာပါပဲ ”
“ ကိုညို ပြောတာတွေ လည်း ဘုန်းကြီး တရားဟောတာ ကျနေတာပဲ ”
ညိုမောင် ရယ် လိုက်သည် ။ တနင်္လာနေ့ ကျလျှင် သော်သော်သည် ကိုချစ်မင်းစိုး မန်နေဂျာ အဖြစ် ဂျပန်နိုင်ငံ သို့ ရောက်သွား ရတော့မည် ။
တစ်ရုံးလုံး က ထို ရာထူး ကို ခင်မေရာ ရလိမ့်မည် ဟု ထင် သော်လည်း သော်သော် ရသွားသည့် အတွက် အံ့အား သင့်ခဲ့ရသည် ။ ခင်မေရာ့ ကိုတော့ လမင်းစိုး က သူ့ မန်နေဂျာ အဖြစ် လခ အမြင့်ဆုံး ပေး ခန့်ထားခဲ့သည် ။
“ ဟုတ်တယ် ၊ ကျွန်တော် က ဘုန်းကြီးကျောင်း မှာ ငယ်ငယ်ကလေး တည်း က နေခဲ့တာ ဆိုတော့ တရားဓမ္မ နဲ့ ယဉ်ပါးတယ် ၊ ကျွန်တော် ဟာ နေ့စဉ် တရား ကို ကြားခဲ့ရတယ် ၊ ဓမ္မ ကို ကြားခဲ့ရတယ် ၊ ကိုယ် ဖြစ်ချင်တာ ကို ဖြစ်အောင် လုပ်တာဟာ ဓမ္မ ကို ဆန့်ကျင်တာပဲ ၊ ကိုယ် ဖြစ်တာ ကို တရား နဲ့ ဒါမှမဟုတ် ဓမ္မ နဲ့ ဖြစ်ဖို့ ကျိုးစားခြင်းသာ အမှန် ဖြစ်တယ် ”
“ ကိုညိုမောင် ဒီ ည ဘာတွေ ပြောနေမှန်းကို မသိဘူး ”
“ ဟုတ်တယ် ၊ ကျွန်တော် က သိတာတွေ ကို မပြောဘဲ မသိတာတွေ ကို ပဲ ပြောတဲ့အတွက် သော်သော် နားမလည်တာပါ ၊ နက်ဖြန် သော်သော် ကို နူတ်ဆက်ပွဲ လုပ်မယ့် နေ့ ကျွန်တော် မအားဘူး သော်သော် ၊ လာနိုင်မှာ မဟုတ်ဘူး ”
“ ဟင် ... ဘာဖြစ်လို့လဲ ”
“ ပဲခူး က ကုမ္ပဏီ မှာ ပြဿနာ တစ်ခု ဖြစ်လို့ ခဏ သွား ရှင်းရမယ် ”
“ ဪ ... ”
သူတို့ နှစ်ယောက်လုံး စကား တိတ်သွားကြသည် ။
ညိုမောင် သည် အိမ်တွေ ထဲ က အလင်းအချို့ ၊ လမ်းမီးတိုင် အလင်းတစ်ဝက် နှင့် လရိပ် မှ ကိုယ်ချင်းစာ အလင်းဖြာကလေး တွေ အောက် က သော်သော့် မျက်နှာကလေး ကို ငေး၍ နေခဲ့သည် ။
“ အဲဒီနေ့ က ကုမ္ပဏီ မှာ သော်သော့် အတွက် နူတ်ဆက်ပွဲ နေ့လေ ”
“ ဟုတ်တယ် ၊ အဲဒီ နေ့ ကို ပဲခူး ကို အခိုင်း ခံရပါတယ် ဆိုမှ ”
“ ဪ .. ”
တိတ်ဆိတ်သွားကြပြန်သည် ။
“ ဘယ်သူ က ကိုညို့ ကို ပဲခူး ကို ခိုင်းတာလဲ ဟင် ”
“ လမင်း ... စိုး ”
“ ဪ ... ”
ညိုမောင် သည် ခေါင်းကလေး မော့ရင်း ကြယ်တွေ ကို ငေးနေသော သော်သော့် နဖူးကလေး ကို ငုံ့ နမ်းလိုက်ဖို့ ရင်ထဲ လှိုက်ခနဲ ဖြစ်သော ခံစားမှု နှင့် ကြံစည်လိုက်သေးသည် ။ သို့သော် တစ်ဘဝလုံး ရိုးရိုး ပဲ နေခဲ့သော လူမျိုး သည် ဒီလို လုပ်ဖို့ ဘယ်တော့မှ ကိုယ့် ကို ကိုယ် ခိုင်း၍ မရတတ်ပါ ။
“ လေဆိပ် ကို တော့ ရောက်အောင် လာခဲ့မယ်လေ ”
“ သော်သော် ပြောစရာ ရှိတာတွေကိုလည်း ပြောပါရစေဦး ၊ သော်သော် ဒီ အလုပ် ကို ရတာ အခုလို ဂျပန်နိုင်ငံ ကို သွားရတာ အားလုံးဟာ ကိုညို့ ကူညီမှုတွေ ပါ ပဲ ”
“ ကျွန်တော် က အသိ ပေးတာပါ ၊ ကျန်တာ က ကိုယ့် အရည်အချင်း နဲ့ ကိုယ်ပါ ”
“ မဟုတ်ဘူး ၊ နောက်ဆုံး ဂျပန် ကို သွားရဖို့ အထိ က ကိုညို ကူညီတာပဲ ၊ ကိုညို့ နေရာမှာ တခြား လူ ဆို သော်သော် ဂျပန် ကို မသွားရဘူး ၊ အဲဒီ အတွက် ကိုညို့ ကိုအမြဲ အမျှ ပေးနေမယ် ၊ သော်သော် ကုသိုလ် တွေ အားလုံး ကိုညို ရကို ရ ရမယ် ”
စကား ဆုံးသည်နှင့် သော်သော် သည် သူတို့ အိမ် ရှိရာဘက် သို့ ပြေး ထွက်သွားသည် ။ ညိုမောင် အဆောင် ရှေ့ က ခုံတန်းကလေး မှ ထ လိုက်သည် ။ သူ နှင့် သော်သော် ပြောခဲ့သော စကားများ ကို သူငယ်ချင်းများ အားလုံး ကြား ကြပါလိမ့်မည် ။
လေယာဉ်ကွင်း ဆို တာ ကို တစ်ခါမျှ မရောက်ဘူးသော ညိုမောင် သည် လေယာဉ်ပျံတစ်စင်း ကောင်းကင်ယံ သို့ အသွား လေဆိပ်သို့ ရောက်ပြီး ကားပေါ် မှ အဆင်းဖြစ်သည် ။
ရုံးတွင် ချိန်းထားသော အချိန် နောက်ကျသွားသဖြင့် ညိုမောင် လေယာဉ်ကွင်း သို့ လိုက်ရခြင်း ဖြစ်ပါသည် ။ လိုက်ရသည့် ကိစ္စ က သော်သော့် အတွက် တစ်သက်လုံး အမှတ် ရနိုင်စရာ လက်ဆောင်ကလေး ကို ပေးချင်၍ ဖြစ်ပါသည် ။
ထို လက်ဆောင် သည် ...
သော်သော် ကုမ္မဏီ သို့ ဝင် ကတည်းက လခ ထုတ်တိုင်း တဖွဖွ အိမ်မက် မက်ရင်း မျှော်လင့်ခဲ့ရသော ရွှေ ငါးမူးသား စိမ် ထားသည့် လိပ်ပြာပုံ ဆံညှပ်ကလေး သာ ဖြစ်ပါသည် ။ ထို ဆံညှပ်ကလေး ကို ဆံပင်တွေ သိပ် လှသော သော်သော့် အတွက် သူ ပေးချင်နေခဲ့တာ ကြာပြီ ဖြစ်သည် ။
သို့သော် သူ့ မှာလည်း ထိုမျှလောက်သော ငွေကြေး က မပြည့်စုံခဲ့ပါ ။ အခု သော်သော် ဂျပန် ကို သွားရတော့မည် ဆိုတော့ သူ့ လက်ပတ်နာရီကလေး ကိုကိုဇော့် အဆက်အသွယ် နှင့် သွား ရောင်းတော့ ဆွစ်ဇာလန်မိတ် ခေတ်ဟောင်းနာရီကလေး မို့ နာရီ ထက် အဟောင်း ဆိုသော ခုနှစ်သက္ကရာဇ် ဈေးကြောင့် မမျှော်လင့်ထားသော ဈေး ကို ရခဲ့သည် ။
သုံးသိန်းနှစ်သောင်း ။
ထို ငွေ နှင့်ပင် သော်သော့် အတွက် ရွှေငါးမူးသား နှင့် ရုရှားစိန်ကလေးတွေ ပါသော ကလစ်ကလေး တစ်ခု ကို ကိုမိုး အကူအညီဖြင့် ဝယ် ခဲ့သည် ။ အခု သူ လေဆိပ် ရောက်တော့မှ လေယာဉ်တစ်စင်း က ထွက်သည် ။ သော်သော် ပါ သွားပြီလား ။
သူ စိုးရိမ်စိတ် နှင့် အတင်း ပြေး ဝင်တော့ လူတွေ ဝရုန်းသုန်းကား ဖြစ်သွားကြသည် ။ တာဝန်ရှိသူတွေ က သူ့ ကို အတင်း လိုက်ပြီး ဝိုင်း ဖမ်း ထားကြ၏ ။
“ ကျွန်တော် လက်ဆောင် ပေးချင်လို့ပါ ၊ ဂျပန် ကို သွားမယ့် လေယာဉ် က ကျွန်တော့် မိတ်ဆွေ ကို လက်ဆောင် ပေးချင်လို့ပါ ”
“ ခင်ဗျား မှာ အထဲ ဝင်ခွင့်လက်မှတ် ပါသလား ”
“ ဘာလဲဗျာ ၊ ကျွန်တော် မသိဘူး ”
“ မှတ်ပုံတင် ရော ပါ သလား ”
“ မပါဘူး ခင်ဗျ ”
“ တကိုယ်လုံး သေသေချာချာ ရှာ ရုံးခန်း ထဲ ခေါ်သွား ”
လေဆိပ် အတွင်း ရှိ လူတွေ ဝရုန်းသုန်းကား ဖြစ်နေချိန်တွင် လမင်းစိုး နှင့် ယမင်း က ညိုမောင့် ကို တွေ့ သွားခြင်းဖြစ်ပါသည် ။
“ လမင်းစိုး ကူညီပါဦး ၊ ကျွန်တော် သော်သော့် အတွက် လက်ဆောင် ပေးချင်လို့ သော်သော် လေယာဉ်ပျံ ထွက်သွားပြီလား ”
“ မထွက်သေးဘူး ၊ ရှင် ဝင်လို့မရဘူး ၊ ဘာ ပေးချင်တာလဲ ပေး ”
စကား ဆုံးတော့ ညိုမောင် က ဘူးကလေး တစ်ခု လှမ်းပေးသည် ။
ယမင်း က လေဆိပ် မှ တာဝန်ခံအရာရှိ ကို ရှင်းပြ ပေးနေသည် ။လမင်းစိုး က ညိုမောင့် လက်ဆောင်ကလေး ကို ယူပြီး External ထဲ သို့ အပြေး သွားရသည် ။ ကံကောင်းသဖြင့် လမင်းစိုး ရောက်ချိန်တွင် သော်သော် နှင့် ကိုကို က နေရာ မှ ထကာစကလေး ပဲ ဖြစ်ပါသည် ။
“ သော် ... သော် ... သော်သော် ”
လမင်းစိုး ၏ အော်သံ ကို သော်သော် ကြားပါသည် ။ လှည့် ပြေးထွက်လာ၏ ။
“ မင်း ကို ညိုမောင် ပေးလိုက်တာ ”
“ ဟယ် သူ လာသလားဟင် ”
“ လာတယ် ၊ လက်မှတ် မရှိလို့ ဒီ အထဲ ကို မဝင်ရဘူး ၊ သူ အပြင် မှာ ရော့ ”
သော်သော် လမင်းစိုး လှမ်း ထိုးထည့်ပေးသော ဘူးကလေး ကို ကိုင်ရင်း ... ရင်တွေ တဆတ်ဆတ် တုန်နေသည် ။
“ မလမင်း သော်သော် လည်း သူ့ ကို လက်ဆောင် ပေး ... ပေးခဲ့ပါရစေ ”
“ ပေးလေ ...”
သော်သော် သည် လွယ်ထားသော အိတ် ကို ချပြီး ဖွင့်ကာ ဘေးအိတ် ၊ အလယ်အိတ် စသည်ဖြင့် ရှာပါသည် ။ ချစ်မင်းစိုး က သော်သော့် အနား မှာ ရပ်ရင်း ပြောသည် ။
“ သော်သော် ခရီးသည်တွေ တက် နေပြီနော် ”
“ ရတယ် ခဏလေး ”
သို့သော် သော်သော် ဘာ ကို ရှာနေမှန်း မသိသော မောင်နှမ နှစ်ယောက် က အသည်း တထိတ်ထိတ် ဖြင့် စောင့်၍ နေရ၏ ။
“ သော်သော် လေယာဉ် ထွက်ခါနီးပြီ ၊ ဟို ရောက်တော့ မှ လှမ်း ပို့လိုက်တော့ ၊ လေယာဉ်ပေါ် တက်တော့ ”
“ ရတယ် .. အော် ... . တွေ့ပြီ မမလမင်း ၊ ဒါလေး ကို ကိုညိုမောင့် ဆီကို ရောက်အောင် ပို့ပေးပါနော် ”
“ သော်သော် လာတော့ ကွာ ဟိုမှာ လေယာဉ်မယ်က ခေါ်နေပြီ ”
ချစ်မင်းစိုး နှင့် သော်သော် တို့ ပါသွားသော လေယာဉ်ပျံကြီး ကောင်းကင် ပေါ် သို့ ထိုးတက်သွားရင်း မြင်ကွင်း မှ ပျောက်သွားသည် ။ ညိုမောင့် အတွက် လည်း ဘဝ တစ်ခု ပြီး သွားသလို ခံစားလိုက်ရ၏ ။
“ သော်သော့် ကို ကျွန်တော့် လက်ဆောင် ပေးခဲ့တာ သေချာတယ်နော် ”
“ မင်း ငါ့ ကို ဘယ်လို စကားမျိုး ပြောတာလဲ ညိုမောင် ”
“ စိတ်ပူလို့ပါ ၊ စော်ကားတာ မဟုတ်ပါဘူး ၊ ကျွန်တော့် ကို အဲဒီ အချိန်တုန်းက လုံခြုံရေးတွေ စစ် နေလို့ပါ ”
“ လမင်း သူ့ ကို မင်း ရဲ့လက်ဆောင် ပေးခဲ့ပါတယ် ၊ ပြီးတော့ သူ ကလည်း မင်း ကို လက်ဆောင်ကလေး ပြန် ပေးခဲ့တယ် ”
“ ဟာ ... ဟုတ်လား ၊ ဘယ်မှာလဲဟင် ”
လေယာဉ်ပျံ အောက် မှ မြင်ကွင်းများ သည် မြန်မာနိုင်ငံ ၏ တောရိပ်တောင်ရိပ်များ ကျော် လာတော့မှ သော်သော် သည် ညိုမောင် ပေး လိုက်သည် ဆိုသော လမင်းစိုး ပေး လိုက်သည့် ဘူးကလေး ကို ဖွင့်၍ ကြည့်သည် ။
ထိုအချိန်တွင် ကုမ္ပဏီ သို့ ပြန် နေသော ညိုမောင် ကလည်း သော်သော် ပေးခဲ့သည် ဆိုသော လက်ဆောင်ဘူးကလေး ကို စက္ကူတွေ ဖြည်ပြီး ဖွင့် ကြည့်သည် ။
သော်သော် လည်း ရင် ထဲ မှာ လှိုက်ခနဲ နေအောင် အံ့ဩ သွားပြီး ဘူးကလေး ထဲ မှ လက်ဆောင် ကို တအံ့တဩ ငေး၍ ကြည့် နေသည် ။ ညိုမောင် သည် လည်း ရင်ထဲ မှာ နင့်ခနဲ နေအောင် ခံစားသွားရပြီး ဘူးကလေး ထဲ မှ သော်သော် လက်ဆောင် ကို ငေး၍ နေမိသည် ။
သော်သော် သည် လက်ဆောင်ဘူးကလေး ကို လက်နှစ်ဖက် ဖြင့် ဆုပ်ပြီး နှလုံးသား ရှိရာ သို့ ကပ် ၍ ထား လိုက်သည် ။
ညိုမောင် ကတော့ ဟက်ဟက်ပက်ပက် ကို ရယ်မော လိုက်သည် ။
သော်သော့် အတွက် ညိုမောင် ပေးသော လက်ဆောင် မှာ ငါးမူးသား ရွှေရည် ရှိသော ကလစ်ကလေး တစ်ခု ဖြစ်ပြီး ၊ ထို ကလစ်ကလေး ကို သူ အမြတ်တနိုး နာရီကလေး ကို ရောင်း၍ ပေးခဲ့သည် ။
သော်သော် ပေးသော လက်ဆောင် ကလည်း သူမ ဆယ်နှစ် အရွယ် ကတည်း က ဂရုတစိုက် မွေးမြူလာခဲ့သော ဆံပင်တွေ ကို ရောင်းချ၍ ရသော ငွေ ငါးသောင်း နှင့် ရွေရည်စိမ် လက်ပတ်နာရီကြိုးကလေး သာ ဖြစ်သည် ။
သော်သော့် ဆီမှာ ညိုမောင် ပေးသော ကလစ်ကလေး အတွက် ညှပ်စရာ ဆံပင်တွေ မရှိတော့ပါ ။ ဆံပင် က ဂုတ်ဝဲလောက် သာ ရှိ တော့၏ ။
ညိုမောင့် မှာလည်း သော်သော် ပေးသည့် လက်ပက်ကြိုး နှင့် ပတ်စရာနာရီ သည် မရှိတော့ပါ ။ သို့သော် ညိုမောင် သည် ထို နာရီ လက်ပတ်ကြိုး ကို သိမ်း၍ ထားပါသည် ။
နောင် ၃ နှစ် အကြာ တွင် သော်သော် နှင့် ချစ်မင်းစိုး တို့ ရန်ကုန်လေဆိပ် သို့ ရောက် လာကြသည် ။ ကုမ္ပဏီ မှ ဝန်ထမ်းပေါင်းများစွာ တို့ က သူတို့ကို ကြိုဆိုကြသည် ။
လေယာဉ်ကွင်း အပြင်ဘက် ကို ထွက်ကြတော့ လမင်းစိုး ကိုင်ထား သော ဘယ်ဘက် လက်မောင်း ကို မလှုပ်စေရဘဲ ညာဘက် လက်မောင်း တွင် ပတ်ထားသော ဆွစ်ဇာလန်မိတ် နာရီကလေး ကို ရွှေရောင်ကြိုး ဖြင့် သေသေသပ်သပ် တွေ့နေရပြီး နာရီဒိုင်ခွက် ကို ကြည့်တော့ ...
“ ဧည့်သည်တွေ ကို တွေ့ဖို့ က မိနစ် ၅ဝ အခါတော် ပေးဖို့က နှစ်ဆယ့်ငါးမိနစ် ၊ ဦးဌေးဝေ ခင်ဗျား မင်္ဂလာခန်းမ ကို မိနစ်နှစ်ဆယ် အတွင်း ရောက်အောင် မောင်း မှ ဖြစ်မယ် ”
“ ကိုညို က လည်း သော်သော် ဆံထုံး ထုံး ရဦး မှာ ၊ ဦးဌေးဝေ ဆယ့်ငါးမိနစ် အတွင်း ရောက်အောင် မောင်း နော် ကိုစိုး ... ”
ညိုမောင် က လမင်းစိုး လက်ဖဝါးကလေး ကို ဆွဲ ကိုင်ရင်း ချစ်မင်းစိုး က သော်သော့် လက်ကလေး ကို ဆုပ်ကိုင်ရင်း ရယ် လိုက်ကြသည် ။
ညိုမောင် နှင့် လမင်းစိုး ၊ ချစ်မင်းစိုး နှင့် သော်သော်လင်း တို့ ' ------' ဟိုတယ်ကြီး တွင် တစ်နေ့ တည်း မင်္ဂလာ ဆောင်ကြမည် ဖြစ်သည် ။
တစ်ယောက် လက် ကို တစ်ယောက် ဆုပ်ကိုင်ပြီး အားရပါးရ မျက်စိ မှိတ်ပြီး လမင်းစိုး နှင့် ချစ်မင်းစိုး တို့ ရယ် နေကြချိန်တွင် ...
ညိုမောင် နှင့် သော်သော်လင်း တို့ မျက်ဝန်းချင်း ဆုံ လိုက်ကြပါသည် ။
◾နီကိုရဲ
( ပြီးပါပြီ )
📖 ဘာကြီးလဲ
www.facebook.com/aung.naingoo.3726613