တီ .. တီ ..
အောက် က ကား ဟွန်းသံ ကြား ကတည်း က သူမ ကား မှန်း သိ လိုက်သည် ။ နာရီ ကြည့် လိုက်တော့ နှစ်နာရီခွဲ ။
ဝရန်တာ က နေ သူ ထွက် ကြည့်ပြီး ...
“ ခဏစောင့် ”
ဟု ပြော လိုက်သည် ။
သူမ က တော့ မော့ပင် မကြည့် ။ ကား ထဲ မှာ ပင် မျက်မှန်နက်ကြီး တပ်ပြီး မိန့်မိန့်ကြီး ထိုင် နေသည် ။ သူ အိမ် ထဲ ကမန်းကတမ်း ပြန် ဝင်ပြီး အဝတ်အစားများ လဲ နေစဉ် မှာ ပင် သူမ ၏ ကား ဟွန်းသံ တတီတီ ကြား နေရသည် ။
“ လာပြီဟ .. တကတည်း ”
သူမ ကြားလား မကြားလား မသိ ။ သူ က တော့ အိမ် ထဲ ဆူညံ သွား အောင် ထ အော် လိုက်သည် ။ သို့သော် သူ မ ၏ ကားဟွန်းသံ တတီတီ က ရပ် မသွားသေး ။
သူ အဝတ်အစား ပင် သေချာစွာ မဝတ်နိုင် တော့ ဘဲ အိမ် တံခါး သော့ ခတ် ကာ တဒုန်းဒုန်း နှင့် ပြေးဆင်း သွား မိသည် ။ သူ ကားနား ရောက် တော့ မှ သူမ ကား ဟွန်းသံ တိတ် သွားတော့၏ ။
သူ ကား တံခါး ကို ဆွဲ ဖွင့်ရင်း ...
“ ဘယ်လို ဖြစ် နေတာလဲ အစောကြီး ရှိသေးတယ် ”
သူမ က ဝေ့ ပင် မကြည့်ပါ ။ သူ ကား ပေါ် ရောက်သည် နှင့် ကား စက် ကို နှိုးပြီး ကား ကို မောင်းထွက် သွားတော့၏ ။
လေ တိုက် တိုင်း ဝေ့ဝေ့ တက် လာသည့် သူမ ၏ ဆံပင်များ ကြား သူမ ၏ မျက်နှာ ကို ရိုးတိုးရိပ်တိတ် မြင် နေရသည် ။
သူမ ၏ နှုတ်ခမ်း မှာ ပန်းရောင် ဖြစ်သည် ။ သူမ ၏ အသားအရောင် မှာ ဖြူဖွေးနုဖတ် နေသည် ။ မျက်ခုံးမွှေး က ခပ်နက်နက် ထူထူ ပါ ။ ထို မျက်ခုံးမွေး ပေါ် မှာ အကြောစိမ်းလေး တစ်ခု အထင်းသား ပေါ် နေသေး၏ ။
“ နင် သာ ကား မောင်း ရ ရင် ငါတို့ သေနေပြီ ”
သူမ ၏ အသံ ။ သူ ရှိုးတိုးရှန့်တန့် ဖြစ် သွား မိသည် ။ သူမ က တော့ ခပ်တည်တည် နှင့် အရှေ့ ကို သာ ကြည့်ပြီး ကား ကို ဂရုတစိုက် မောင်း နေသည် ။ သူ က သာ ဟိုကြည့် ဒီကြည့် နှင့် ရှက်ရမ်း ရမ်းပြီး ...
“ နင် က လည်း ဟာ .. ချိန်း ထားတာ လေးနာရီ မှ .. အခု ဟာ က အင်း ”
သူ စကား မဆက်သေး ဘဲ နာရီ ကို ပင် ကြည့် ကာ ...
“ နှစ်နာရီခွဲ ပဲ ရှိသေးတယ် ... ဟို ရောက် ရင် အကြာကြီး စောင့်ရဦးမှာ ”
သူမ နာရီ ကို ကြည့်သည် ။ ပြီးနောက် ဘာမှ ဆက် မပြောဘဲ ကား ကို ဂရုတစိုက် ဆက်မောင်း နေသည် ။ သူမ ၏ ဆံပင်များ ကို ထုံးစံအတိုင်း လေ ထဲ ဝဲ လျက် ။
သူမ ကားလေး ကန်တော်ကြီးပန်းခြံ တွင်း သို့ ကွေ့ ဝင် လိုက်သည် ။ နောက် သူမ နှင့် တွေ့ဆုံရန် ချိန်းဆို ထားသော ကန်တော်ကြီး မြောက်ဖက် ရှိ သစ်ပင်ရိပ် အောက် တွင် ရပ်လိုက်သည် ။
လေပြေ တချို့ဝေ့ဝေ့ဝဲဝဲ တိုက်ခတ် နေသည် ။ သူမ ဆံနွယ်စများ လေး ထဲ လှုပ်ခပ် နေသည် ။ မျက်မှန်နက်ကြီး ကို တော့ မချွတ်သေး ။ ကား ပေါ် က ဆင်းပြီး ကတည်း က အရိပ်ကောင်း သော သစ်ပင်ရိပ် တွင် ငြိမ်သက်စွာ ရပ် နေသည် ။ သူ က တော့ ကား ပေါ် က မဆင်းဖြစ်သေး ။ ဆင်း ရန် လည်း လိုအံ့ မထင် ။ သူ့ ကိစ္စ မှ မဟုတ်တာ ။ ယခု ကဲ့သို့ လိုက် ပေးတာ ကို လွန်လွန်း လှပြီ ။
သူ က လည်း သူ ပင် ။ မည်သည့် အတွက် ကြောင့် သူမ နောက် လိုက်ပေး နေရသည် ကို မသိ ။ အလုပ် မရှိ အလုပ်ရှာ ၊ အမှန် ဆို သူ အိမ် မှာ ကိုယ့် အလုပ် ကိုယ် လုပ်နေရင် ပြီးပြီ ကိုး ။
အော် .. သံယောဇဉ် .. သံယောဇဉ် .. အဲ .. ဘာ ဆိုင်လို့လဲ ။
အေးလေ ... သံယောဇဉ် ကြောင့် လည်း ဤမျှ လောက် သီးခံ နေရတာ ကိုး ။ သံယောဇဉ်ကြောင့် သာ ဆို လျှင် သူ သူမ ကို ချစ်မိ နေမိပြီလား ။
“ ဒိုင်း ” ခနဲ ရင်ခုန်သံ ကြားရ၏ ။ ထို အတွေး ဝင် လာသည် နှင့် သူ့ ခန္ဓာကိုယ် တစ်ခုလုံး ကတုန်ကရင် ဖြစ်လာသည် ။ ဖြတ်ခနဲ သူမ ကို ဝေ့ ကြည့်မိ၏ ။
သူမ က တော့ ငြိမ်သက်စွာ ကန် ရေပြင် ကို ငေးမော နေဆဲ ။ ဩော် ဒီလို ငြိမ်ငြိမ်လေး နေ တော့ လည်း ချစ်စရာ အကောင်းသား ။
အလို .. ဘာ ဆိုင်ပြန်တာလဲ .. သူ့ ဖာသာ သူ မြက်ခင်း ပေါ် မတ်တတ်ရပ် နေတာနဲ့ ... ဒုက္ခပါပဲ ... စိတ် စိတ် ... ဒီ စိတ် ။
ဒီ စိတ် ကြောင့်ပဲ ရာဇဝင် မှာ ရသေ့ကြီးတွေ ခဏ ခဏ ဈာန်လျှော တာ ။ အို ... ဘာဆိုင်ပြန်တာလဲ ။ သူမ ချစ်စရာ ကောင်းတာ နဲ့ ရာဇဝင် ထဲ က ရသေ့ကြီး တွေ ဈာန်လျှော တာ နဲ့ ။ စိတ်တွေ ဂယောက်ဂယက် ဖြစ် နေမိ သည် ။ သူမ ကို သွား ပြောပါက ရေ ထဲ တွန်းချ ခံရမှာ သေချာ၏ ။
သူမ နာရီ ပင် ကြည့် လိုက်သည် ။
သူ လည်း ယောင်ယမ်းပြီး နာရီ ပင် ကြည့် လိုက်၏ ။
သုံးနာရီ လေးဆယ့်ငါး ။
ချိန်း ထားသည့် အချိန် ရောက်ရန် လေးဆယ့်ငါးမိနစ် အလို ။ သူမ ရေကန် ထဲ ခဲ တစ်လုံး ကန်ချ လိုက်သည် ။ “ ပလုံ ” ခနဲ မြည်သံ မကြားရ သော်လည်း ရေတွေ ဝဲဂယက် ထ သွားတာမြင် လိုက်ရသည် ။ ဝဲဂယက်များ က တော်ရုံနဲ့ မပျောက်နိုင် ။ သူမ က တော့ မျက်မှန်နက်ကြီး တပ် ထားတာ မို့ မြင်လား မမြင်လား တော့ မပြောတတ် ။ ခပ်ဝေးဝေး ကို သာ စိုက် ကြည့်နေသည် ။
သူ ကား ပေါ် မှ ဆင်း လိုက်သည် ။ နောက် ဘာရယ် မဟုတ် သူမ နား ရောက် သွားသည် ။ ခြေသံ ကြား သော်လည်း သူမ လှည့်ပင် မကြည့်ပါ ။
သူ မြက်ခင်း ပေါ် မှ ခဲ တစ်လုံး ကို ကောက်ယူ မိလိုက်သည် ။ ထို ခဲလုံး ကို ရေထဲ ပစ် ချရန် လည်း ဆန္ဒ မရှိပါ ။ ကိုင် ထားရန် လည်း ဆန္ဒ မရှိပါ ။ ထို့ကြောင့် လက် ထဲ ပါ လာသော ဆန္ဒ မရှိသည့် ခဲလုံး ကို မြှောက်ကစား နေ မိသည် ။
လက် ထဲ မှာ မြှောက်ကစား နေသော ခဲလုံး သူမ ရှေ့ သို့ ပြုတ်ကျ သွား၏ ။ သူမ ခဲလုံး ကို ငုံ့ ကြည့်သည် ။ နောက်မှ ဖိနပ်ဦးလေး နဲ့ ထိတို့ ကစား နေ၏ ။ နောက်မှ ထို ခဲလုံး ကို ဖုန်းခနဲ ရေ ထဲ ကန်ချ လိုက်သည် ။
ခဲလုံး နဲ့ အတူ သူမ ၏ ဖိနပ် ‘ ဝဲ ’ ခနဲ ။ ဖိနပ်က ကန်ဇောင်း နား ‘ ဖောက် ’ ခနဲ ။
“ ဟား ဟား ဟား...”
သူ ၏ ရယ်သံ ။ သူမ သူ့ ကို ဖျပ်ခနဲ တစ်ချက် ဝေ့ ကြည့် ပြန်သည် ။ ထို့နောက် ဖိနပ် မရှိသော သူ့ ခြေထောက် ကို ဖိနပ် ရှိသော ခြေထောက် ပေါ် တင် ထားလိုက်သည် ။ သူမ ၏ ခြေထောက်ကလေး တွေ မှာ မုန့်ဗိုင်းတောင့် အတောင့်ကလေး တွေ လို ဖြူဖြူဖွေးဖွေးလေး တွေ ပါ ။
သူမ သူ့ ကို ဖျပ်ခနဲ ဝေ့ ကြည့်ပြန်သည် ။ သူ လည်း ဘာရယ် မဟုတ် သူမ ကို ငြိမ်သက်စွာ စိုက် ကြည့် နေမိသည် ။ သူမ ဖျပ်ခနဲ ပြန် လှည့်သွားကာ ..
“ ကောက်ပေး ”
သူမ စကားသံ ။ သူ့ ဖိနပ် ကို ကောက် ခိုင်းတာ ။
“ နိုး ပဲ ... အဲဒါမျိုး ဝါသနာ မပါဘူး ”
သူမ ဝေ့ ကြည့်ပြန်သည် ။ သူ က စိုက် ကြည့်လျက် ။ သူမ ပြန် လှည့် သွား ပြန်သည် ။ နောက် ဖိနပ် မရှိသော ခြေထောက် မြေကြီး ပေါ်မထောက် မိ အောင် ခြေတစ်ဘောင်ကျိုး နဲ့ ခုန်ဆွ ခုန်ဆွ သွားကာ လွင့် သွားသော ဖိနပ် ကို သွား ပြန် ကလော် လိုက်သည် ။ ဖိနပ် ကလေး ပြန် လှန် သွားတော့ မှ သူမ ယိုင်ထိုးယိုင်ထိုး နဲ့ သူမ ခြေထောက် မုန့်ဗိုင်းတောင့် ကို ထိုး ထည့် လိုက်သည် ။ နောက် ပြန် လှည့် မလာပဲ ထို ကမ်းစပ် တွင် ရပ် နေသည် ။
လေပြေတို့ က ဝေ့ဝဲ နေ ဆဲ ။ သူမ ဆံနွယ်စတို့ လွင့်ပျံ နေဆဲ ။ ရာသီဥတု က သာယာ နေဆဲ ။
သူမ နာရီ ကို ပင့် ကြည့် လိုက်သည် ။ သူ လည်း သူမ နည်းတူ ။ သုံးနာရီ လေးဆယ့်ငါး ။
ချိန်း ထားသည့် အချိန် ရောက်ရန် ဆယ့်ငါးမိနစ် အလို ။ ပတ်ဝန်းကျင် တွင် မည်သည့် လှုပ်ရှားမှု မှ မရှိသေး ။ မြက်ပင် တို့ သာ သူမ ခြေရင်း ဝပ်စင်း ရင်း နမ်းရှိုက် နေသည် ။
“ ကျွတ် တွယ်နိုင်တယ် နော် ”
သူ့ စကား ကြောင့် သူမ မျက်လုံး ပြူး သွားပြီး ဝတ် ထားသော စကပ် ကို မကာ အပေါ် ပြန်ပြေး တက် လာသည် ။ မြက်ခင်း လွတ်ရာ ရောက် တော့ သူ့ ခြေထောက် သူ ပြန် မ ကြည့်၏ ။
သူမ ခြေသလုံး မှာ ဖြူဖွေး နေသော မုန်လာဥ နဲ့ တူ၏ ။ ဘာ ကျွတ် မှ တွယ်တာ မတွေ့ မှ သူ့ ကို ပြန် လှည့် ကြည့်သည် ။ နောက် ဘာမှ မပြောဘဲ လက်ကလေး ပိုက် ကာ ကန်ရေပြင် ကို ငေးကြည့် နေသည် ။ သူမ တပ်ထား သော မျက်မှန်နက် ကို ခေါင်း ပေါ် ဆွဲ တင် လိုက်တယ် ။ ထိုတော့ မှ သူမ မျက်နှာ သုန်မှုန် နေမှန်း သိ ရသည် ။
ဘာကို အလိုမကျ ဖြစ်နေတယ် ဆိုတာ ကတော့ ရှင်း နေပါပြီ ။
“ တီ .. တီ .. တီ .. တီ ”
သူမ လက် တွင် ပတ် ထားသော နာရီ မြည်သံ ကြားရ၏ ။ သူ နာရီ ပင့် ကြည့် လိုက်သည် ။
လေးနာရီ ထိုးပြီ ...
မရည်ရွယ် ပါ ဘဲ ကားလမ်းမ ပေါ် ဝေ့ ကြည့်မိသည် ။ သူတို့ ထံ သို့ ဦးတည် လာသော ကား တစ်စီး မှ မတွေ့ရ ။ သူမ ဖက် ပြန်လှည့် ကြည့်မိသည် ။ နှုတ်ခမ်းများ မဲ့ကျ နေသည်ကို သတိထား မိ၏ ။ နောက် လွယ် လာသော စလင်းဘက်ခ် ကို ဖွင့် ကြည့် လိုက်သည် ။ ထိုအိတ် ထဲ တွင် ခွေခေါက် ထည့် ထားသော ပေါင်မုန့်ရှည်ကြီး တစ်လုံး ။
ပေါင်မုန့် ကို ထုတ် ၍ ဂွတ်ခနဲ ဝါး လိုက်သည် ။ သူ ၏ နား ထဲ တွင် “ စိတ်တို နေ လို့ စားတာ ” ဆိုသည့် စကားလုံး ကို ပြန် ကြားယောင် နေ မိသည် ။ ပေါင်မုန့် ကို ဂွတ်ခနဲ ဂွတ်ခနဲ ကိုက်ချ နေပြန်သည် ။
သူမ စိတ်တို နေပြီ ။ ဘာကြောင့်လဲ ဆိုတော့ ပေါင်မုန့် တစ်ဝက်စာ ကို စိတ်တို နေပြီ ။ သူမ ၏ မျက်ဝန်း တွင် လည်း ပေါင်မုန့် တစ်ဝက် မျက်ရည်များ ဝိုင်း နေ ပြီ ။
“ ရှု ... ”
သူမ ထံ မှ နှာ ရှုံ့သံ ။ မျက်ရည် အလုံးကြီး တစ်လုံး လိမ့်ကျ လာသည် ။ တစ်ဆက် ထဲ ။ ပေါင်မုန့် တစ်ကိုက် ထပ် ကိုက် လိုက် ပြန်သည် ။ ဤသည် ကို ကြည့်ခြင်း အားဖြင့် သူ သိပြီ ၊ သူမ အတော် ဒေါသ ထွက် နေပြီ ဆိုတာကို ။ သူမ ကို ကြည့်ပြီး သူ လည်း ဘာ လုပ်လို့ လုပ်ရမှန်း မသိ ဖြစ် နေမိ၏ ။ အတန်ကြာ မှ ..
“ လေးနာရီကျော် ထိုးပြီ ”
“ အဟင့် ... ”
သူမ ထံ မှ ရှိုက်သံ ကြားရပြန်သည် ။ ပါးစပ် ထဲ ပေါင်မုန့် ကို တော့ မြို မချ သေး ။ သူ က ပဲ ဆက်၍ ..
“ လေးနားရီ ဆယ့်ငါး လောက် ထိ စောင့်မလား ”
သူမ ဘာမှ ပြန် မဖြေပါ ။ လုပ်မိ လုပ်ရာ လုပ် တာလား ၊ တမင်တကာ လား တော့ မသိ ။ မျက်ရည် ကျ နေသော ပါး တစ်ဖက် ကို ပေါင်မုန့် တစ်ဝက် နှင့် ကောက် သုတ် လိုက်သည် ။ နောက် သူ့ ကို မကြည့်ပဲ ...
“ ငါ့ ကို ဖုန်း ဆက်ပေး ”
ဟု ဆို၍ သူမ အိတ် ထဲ မှ ဖုန်း ကို ထုတ်ပေး လိုက်သည် ။
“ အဲ ... ”
သူ ဖုန်း ကို လှမ်း မယူသေးပဲ သူမ ကို ပြန် ကြည့်နေမိသည် ။ ဟို တစ်ခါက လို မာလီ က လက်ကမြင်း ပြီး တွေ့ကရာ နံပါတ် နှိပ် လိုက်လို့ ဟူသော အပြောမျိုး အပြော ခံရမှာ စိုး ၍ ဖြစ်သည် ။ သူမ သူ့ ကို ဝင့် ကြည့်သည် ။ သူမ မျက်လုံးများ က တစ်မျိုးကြီး ဒေါသ ထွက် နေသည် လား ၊ ခံစား နေရသည် လား သူ မခွဲတတ် ။ မတတ်သာ သည့် အဆုံး သူ့ လက်ကိုင်ဖုန်း ကို လှမ်း ယူလိုက်သည် ။ နောက် အလွတ် ရ နေသော ဖုန်းနံပါတ်များ ကို ...
“ တီ .. တီ .. တီ ... တီ ”
ဖုန်း က ချက်ချင်း မဝင် ။
“ ဖုန်း မအားသေးဘူး ”
သူ့ စကားသံ ။ သူမ က အမိန့် ပေး သလို အသံမျိုး ဖြင့် ...
“ အားတဲ့ အထိ ဆက်ခေါ်... ”
နောက် တစ်ကြိမ် ဖုန်း ကို ဆက် ခေါ်သည် ။
“ တီ ... တီ ... တီ ”
“ ဟော ... ဖုန်း ဝင်သွားပြီ ”
သူမ မုန့် ကို ဆက် မစားသေးဘဲ သူ့ ကို မျက်လုံး ပြူး ပြီး ကြည့်သည် ။
“ ဟယ်လို ... ပြောပါ ရှင် ”
“ အဲ ... ”
အသံ က မိန်းမ ခပ်ကြီးကြီး တစ်ယောက် အသံ ပါ ။ သူမ က တော့ ဘာမှ ဝင် မပြောသေးပဲ ဒီ အတိုင်း ကြောင်ငေး ကြည့် နေသည် ။ သူ က သာ ..
“ ဟို ... ဟိုလေ .. ကိုမျိုးမြင့်ထွန်း နဲ့ တွေ့ချင်လို့ပါ ”
“ ကိုမျိုးမြင့်ထွန်း ”
“ ဟုတ်ကဲ့ ”
ဟိုဘက် က သံယောင် လိုက်သည် ။ သူမ ကတော့ စိတ်ဝင်တစား ငေးကြည့် နေဆဲ ။
“ ကိုမျိုးမြင့်ထွန်း ဒီနေ့ ပဲ သက်သက်ဇင် နဲ့ စေ့စပ်ပွဲ ပြီး လို့ ဟန်းနီးမွန်း ထွက် သွားပြီ ”
“ ဘာ .. ”
“ ဟဲ့ ... ဖြည်းဖြည်း အော်ပါ .. တကတည်း မှ ပဲ ”
တစ်ဖက် မှ အလန့်တကြား အသံ ။ သူ က သာ မသင်္ကာနိုင်စွာ ဖြင့် ..
“ ဘာ ... ဘာတဲ့ ”
“ အော် .. ကိုမျိုးမြင့်ထွန်း နဲ့ သက်သက်ဇင် မနက် ဆယ့်တစ်နာရီ က စေ့စပ်ပွဲ ပြီးလို့ နှစ်နာရီ လေယာဉ် နဲ့ ငပလီ ကို ဟန်းနီးမွန်း ထွက်သွားပြီ ”
သူ ဘာမှ ပြန် မပြောနိုင်တော့ ဖုန်းခွက် ကို အသာအယာ ပြန် ပိတ် လိုက်သည် ။
“ ဘာ .. ဘာတဲ့လဲ .. ဘာတဲ့လဲ ”
သူမ ၏ အလောတကြီး အမေး ။ သူ သက်ပြင်း ချ လိုက်မိသည် ။ နောက် ခေါင်း ငုံ့ ၍ လေသံ တိုးတိုး ဖြင့် ...
“ သူတို့ စေ့စပ်ပွဲ ပြီး လို့ နှစ်နာရီ လေယာဉ် နဲ့ ငပလီ ကို ထွက်သွားပြီ တဲ့ ”
“ ဘာ ... ”
သူမ အသံ အတော် ကျယ်ပါသည် ။ နောက် မျက်လုံးကြီး ပြူးကာ သူ့ ကို တအံ့တသြ ငေး ကြည့်နေသည် ။
ဟိုလူ က သူ စေ့စပ်ပွဲ ကို လာပြီး မနှောင့်ယှက် နိုင်အောင် လေးနာရီ တွင် သူမ ကို ချိန်းပြီး နှစ်နာရီ တွင် ထွက် သွားပုံ ရသည် ။ သူမ က သာ လက်ထဲ ဒေါသတကြီး ဆုပ်ကိုင် ထားသော ပေါင်မုန့် အတောင့်ကြီး ပြတ် ကျသည် ထိ ညှစ်ချ လိုက်သည် ။ သူ က မလိုအပ်ပါ ပဲ ရင်မဆိုင် ရဲ စွာ ခေါင်းငုံ့ လျက် ...
“ တောက် ... ဒါ သက်သက် ကျောတာ ယောက်ျားကြီး တန်မဲ့ က လယ်တာ ... တွေ့ကြသေးတာပေါ့ ”
ဟု ဆို၍ သူ့ ကားကြီး ဆီ သို့ ဘောက်ဘတ်ဘောက်ဘတ် နဲ့ ထွက်သွား တော့၏ ။ သူ လည်း မျက်လုံး ပြူး သွားပြီး ...
“ ဟေ့ .. ဟေ့ ... ဒါ ဘယ်လဲ ”
သူမ လှည့်ပင် မကြည့်ဘဲ ...
“ လာ.. ကား ပေါ် တက် ”
သူမ စကား ကြောင့် သူ မျက်လုံး ပြူး သွားရ၏ ။
“ ဘယ် သွားမှာလဲ အရင် ပြောဦးလေ”
“ လျှာ မရှည် နဲ့ .. တက် ဆို တက် ”
သူ့ စကား မဆုံးခင် သူမ ထ အော်သည် ။ သူ လည်း ဘာမှ မပြော တော့ပဲ ကား ပေါ် ခပ်မြန်မြန်တက် လိုက်သည် ။ သူ ကား ပေါ် ရောက်သည် နှင့် ကား ကို ဆောင့်ပြီး မောင်း ထွက် လိုက်သည် ။
ကား က ပြေးလမ်း ပေါ် ရိပ်ခနဲ ရိပ်ခနဲ ။ သူမ မျက်မှန်နက်ကြီး ပြန် တပ် လိုက်သည် ။ ကား က မင်္ဂလာဒုံ ဘက် သို့ ...
“ ဘယ်... ဘယ်ကို သွားမှာလဲ ”
“ လေယာဉ်ကွင်း ကို ”
“ ဟင် ”
သူမ စကား ကြောင့် သူ ကြောင် သွား မိသည် ။ ကား က အရှိန် ပြင်းစွာ ပြေးလွှား ဆဲ ။
“ ဟ .. လေယာဉ် က နှစ်နာရီ က ထွက် တာလေ အခုဟာက လေး နာရီ တောင် ကျော် နေပြီ ”
သူမ ၏ ကားလေး ရုတ်တရက် အရှိန် လျှော့ သွား၏ ။ သူ့ စကား ကြောင့် သူမ စဉ်းစား သွားပုံ ရ၏ ။ နောက် ကား ကို ဝူးခနဲ ကွေ့ချ လိုက်ပြီး တခြား လမ်း ဆီ သို့ ဦးတည် လိုက်သည် ။ သူ ချိုးကွေ့ လိုက်သည် က မြို့ပြင် လမ်း ဘက် ။
“ ဟ ... ဘယ် ပြန်တာလဲ ... ဘယ်ကို သွားမှာလဲ ”
“ ငပလီ ကို ”
“ ဟာ ”
သူမ စကား ကြောင့် သူ အကြီးအကျယ် အံ့အားသင့် သွားရ၏ ။ သူမ ကြည့် တော့ တကယ် သွားမယ့် ပုံ ။ သူ က သာ ကြောက်လန့်တကြား ဖြင့် ...
“ ဟ ... နင့်ဟာ က ငပလီ ကို ဒီ ကား နဲ့ ဘယ်လို ရောက်မှာလဲ ”
“ တိတ် .. အသံ မထွက်နဲ့ ”
သူမ က အော်၏ ။ ကားကလေး က ကြောက်ခမန်းလိလိ အရှိန် ပြင်းစွာ ပြေးလွှားဆဲ ...
“ ဟ .. တိတ်လို့ ဘယ်ဖြစ်မှာလဲ ... နင့် ဟာ က သဘာဝ မှ မကျ တာ .. ဒီ ကား နဲ့ ငပလီ သွားရင် သူတို့ ပြန်လာတဲ့ အချိန်တောင် ရောက် မှာ မဟုတ်ဘူး ”
သူမ ကား ကို အရှိန် ထပ် မြှင့် လိုက်သည် ။
“ ဟဲ့ ... မလုပ်နဲ့ လေ ... အားလုံး သေကုန်လိမ့်မယ် ”
သူ့ စကား ကြောင့် သူမ ဖျပ်ခနဲ ဝေ့ ကြည့်ကာ ...
“ ဟား ဟား ဟား ... သေမယ် ... ဟုတ်လား ... သေ လည်း အေးတာပဲ .. ဟားဟား ”
သူမ အားရပါးရ ရယ်ရင်း ကား ကို အရှိန်မြှင့် ရန် ကြိုးစားလိုက်သည် ။
“ ဟ ... သေလို့ ဖြစ်မလား .. ငါ က ငယ်ငယ်လေး ရှိသေးတာ ၊ မိန်းမ တောင် မရသေးဘူး ”
“ အေး ... ငါ လည်း ယောက်ျား မရသေးဘူး... ”
“ ဟ ... နင့် ဖာသာ ယောက်ျား မရတာ နဲ့ ငါ သေတာ နဲ့ ဘာမှ မဆိုင်ဘူး ရပ်စမ်း .. အခု ရပ် ”
သူ ၏ ကယောင်ကတန်း စကား ။ သူမ ဘာမှ ပြန် မပြောဘဲ ကား ကက်ဆက် ကို ဖွင့် လိုက်သည် ။
“ ရွှေရောငွေ ရော ××× ငါ ဆင် ပေးထားတာ xxx အခြေဂိုး အနေဂိုး xxx နင်တို့ အမျိုးလားကွာ xxx ”
မပြောင်းလဲသော သီချင်းသံ က ဆူညံ နေဆဲ ... ။
“ ဟေ့ .. ကား ရပ်ပေးလို့ ပြောနေတယ် .. မရပ်ဘူးလား ”
သူ ၏ သံကုန်ခြစ် အော်သံ ။ သူမ က သူ့ ဘက် လှည့်၍ ...
“ ရွှေရော ငွေရော ××× ငါ ဆင်ပေးထားတာ ××× ”
ဟု သံကုန် ဟစ် ပြီး သီချင်း ပါ ဆိုပြနေ၏ ။ ဂရုမစိုက်ဘူး ဆိုသည့် သဘော ။ ကား က မှော်ဘီ အလွန် ပဲခူး အဝင် လမ်းမ ပေါ် မှာ ။
“ ဟေ့ ... ရပ်ဆို ရပ်နော် .. ငါ ဟိုမှာ လုပ်ဖို့ အလုပ်တွေ ရှိသေးတယ် ”
သူမ က မကြားချင်ယောင် ဆောင်၍ သီချင်း ကို သာ အားရပါးရ အော် ဆို နေသည် ။
“ နင့် အဘိုး xxx နင့်အဘွား xxx ဒီလို အချိုးပဲလား xxx ”
သီချင်းသံ မဆုံးခင် အရှိန် ပြင်းစွာ သွား နေသော သူမ ၏ ကား တုန့်ဆိုင်းတုန့်ဆိုင်း ဖြစ်သွားသည် ။ ကြည့် လိုက်တော့ ဆီ က ဇီးရိုး နေရာ ရောက် နေပြီ ကိုး ။ သူမ ကားစတီယာရင် ကို ဖောက်ခနဲရိုက် လိုက်ပြီး ...
“ တောက် ... ဆီ ကုန်သွားပြီ ”
သူမ ညည်းတွား လို့ မဆုံးခင် ကား က လမ်းမ ဘေး ထိုး ရပ်သွားသည် ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment