Thursday, December 7, 2023

ကျွန်တော့် ချစ်သူ သည် စက်ဘီး မစီးတတ်ပါ


 

❝ ကျွန်တော့် ချစ်သူ သည် စက်ဘီး  မစီးတတ်ပါ ❞

တကယ်တော့ ခင်ဆွေအေး က စက်ဘီး မစီး တတ် ။ သူ စက်ဘီး မစီးတတ် ပုံက ကိုယ်တိုင် မ စီးတတ်သည့် အပြင် သူများ နောက် က ထိုင် လို က်တာကိုပဲ အချိုး မကျ ။ နင်း နေသော စက်ဘီး ပေါ် လည်း ခုန် မတက်တတ် ။ ကျွန်တော်တို့ နှစ်ယောက် စက်ဘီး နှင့် သွား ရမည့် ခရီး ဆိုလျှင် အလွန် က သိကအောက် နိုင်လှ၏  ။ စက်ဘီး က ၂၈ လက်မ ယောက်ျားစီး ဘီး ။ ကျွန်တော့် ရှေ့ ဘားတန်း ပေါ် က ထိုင် လိုက်ရမှာ လည်း ရှက် တော် မူသတဲ့  ။ ဘီး နောက် ကယ်ရီယာ ပေါ် ကပဲ အမြဲ လိုက်သည်  ။ ကယ်ရီယာ ပေါ် ထိုင်လိုက် တော့လည်း ခုန် မတက်တတ် ။ အရပ် ပုသော ကျွန်တော့် မှာ အမြဲတမ်း လိုလိုပင် သစ်တုံး ( သို့မဟုတ်) အုတ်ခဲ စသည့် အမြင့် နေရာများ ရှာပြီး
ခြေဖျား ထောက် စက်ဘီး ပေါ် ခွကာ သူ တက်နို င်အောင် ရပ် ပေးရသည်  ။

သူ့ အရပ်အမောင်း ၊ သူ့ ကိုယ်လုံးကိုယ်ထည် နှင့် ကယ်ရီယာ ပေါ် တက် ထိုင်ပြီးလျှင် ကျွန်တော့် မှာ စက်ဘီး ကို စ နင်းဖို့ ဟန်ချက် မညီချင် တော့ ။ ယိုင်တိယိုင်ထိုး နဲ့ ဟို တိုက်မလို သည် တိုက်မ လို ဖြစ်ကာ အရှိန် ရတော့မှ ဖြောင့်ဖြောင့်ဖြူးဖြူး နင်းလို့ ရတော့သည် ။ မီးပွိုင့်နား ရောက် ပြန်လျှင် လည်း တောက်လျှောက် နင်းနို င်ဖို့ မီးစိမ်း ကို ချိန်ကာ စက်ဘီး ကို အနှေး အမြန် မှန်းဆ ရသေးသည်  ။

အချိန်အဆ မမှန် ဘဲ မီးနီ မိကာ ရပ် ရလျှင် သူ ကလည်း အလျင်အမြန် ခုန် မဆင်းတတ် ။ ကျွန် တော်ကလည်း ထိုင်ခုံ မှ ခြေဖျား ထောက် ရပ် ရန် မမီ ။ မလဲ ရုံ တမယ် နှစ်ယောက် သား ခုန် ဆင်းရ သည် ။ မီး စိမ်း၍ ဆက် နင်းရမည့် အဖြစ် ကိုတော့ ဘယ်လောက် ဒုက္ခ ရောက်မည် ဆိုတာ မှန်းသာ ကြည့် ပေရော့ ။ ကားတွေ ၊ ဆိုင်ကယ် တွေ ကြား ဟွန်းသံ တညံညံ ၊ ဆဲသံ တဆူ ဆူ ၊ မျက်စောင်း တခဲခဲနှင့် ကြိမ်းမောင်း ခံရသည် ချည်း ဖြစ်သည်  ။

“ ခင်ဆွေအေး ရယ် ၊ စက်ဘီး စီး သင်ပါဦး ဟာ ။ နင် စက်ဘီး မစီး တတ်တာ ဒုက္ခ သိပ် ရောက် တာဟ ”

ဟု ပြောတိုင်း

“ ဒီ အရွယ်ကြီး ရောက်မှ မသင်ချင်ဘူး ။ ငါ စက်ဘီး မစီးတတ်လို့ မကြိုက်ချင်လည်း အဆက် ဖြတ်လိုက် ”

ဟု ငေါက်ဆတ်ဆတ် ပြောတတ်၏  ။

ဤသို့ ပြောတိုင်း ကျွန်တော့် မှာ ပြန် ပြောစရာ စကား ဗလာ ။

      •••   •••   •••   ••• 

မန္တလေး ၏ အလှဆုံး တစ်ခု ကို ပြောပါဆိုလျှ င် “ ညနေခင်း တွင် မန္တလေးသူလေး တွေ စက်ဘီး စီးကြတာ ” ဟု ပြောရမည်ဖြစ်သည် ။ ကျုံး ဘေး က ထိုင် ကြည့်လျှင် ပဲ သည် အလှ ကို မျက် စိ တစ်ဆုံး ခံစားရသည်  ။ တချို့က လက် ကို ဆန့်ပြီး စက်ဘီးလက်ကိုင် ကို ကိုင်သည် ။ ခါး ကို မတ် ထားသဖြင့် ထိုင်ခုံ ပေါ် က အလှ က ရင်သပ် ရှုမော လောက်သည် ။ သည် အလှ ကို ထပ် ဖြည့် ပေးလိုက်တာက နင်း နေသော ခြေထောက် ကို ကား မထားဘဲ ဒူးနှစ်လုံး ထိကာ စု ၍ စက်ဘီး န င်းခြင်း ဖြစ်သည် ။

တချို့ကတော့ ခေါင်းလျှော် ပြီးစ ဆံပင် ကို ဖားလျား ချ ၊ သနပ်ခါး ထူထူလိမ်း ပြီး လက် တစ် ဖက် က လက်ကိုင် ကို ကိုင် ။ လက်တစ်ဖက် က ထီး ကို ဆောင်းပြီး ကျွမ်းကျင်စွာ နင်း သွားနိုင် သည် ။

တချို့တလေ ကတော့ ဆံပင်တိုတို ၊ ရှပ်အင်္ကျီ ဝတ်ကာ ထဘီဒူးဆစ် ရောက်အောင် ဝတ်ပြီး စက်ဘီး ကို ခပ်မြန်မြန် ခပ်သွက်သွက် နင်း တတ်သည် ။ ဒါကလည်း ကြည့် ကောင်းသ ည်  ။ သူတို့ လို စတိုင်လ်မျိုး က မီးပွိုင့် မှာ စက်ဘီး ရပ်လျှင် ဘယ်တော့ မှ အောက် မဆင်း ။ စက်ဘီး ပေါ် မှ ခြေဖျား ထောက် ရပ်သည် ။ ထိုအခါ၌ ခပ်ရိုင်းရိုင်း လှ တတ်သေး၏ ။ သို့သော် ထိုသို့ ခြေဖျားထောက် ရပ် သည့် ပုံစံမျိုး ကို စောစောကပြောသည့် လက်လေး ဆန့် ၊ ခါး လေး မတ် ၊ ဒူးလေး စု ပြီးစီးတတ်သည့် မိန်းက လေးမျိုး က မလုပ်တတ် ။ သူတို့ လုပ် လျှင်တော့ ဣန္ဒြေ ပျက်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ် သွားတတ်သည် ။

ဟော ... သည် ဘက် နှစ်ပိုင်း အဝတ်အစား တွေ ပြောင်းလဲ လာသလို ပြိုင်ဘီးတွေ ခေတ် စား လာပြန်တော့ တီရှပ် ၊ ဂျင်းဘောင်းဘီ နှင့် ခါးလေး ကုန်းကာပြိုင်ဘီး ကို လှီးခနဲ နင်းသွား တတ်သည့် မန္တလေးသူလေးတွေ လည်း အများကြီး တွေ့လာရသည်  ။ ဒါကလည်း ကြည့် ကောင်းသည် ဟု ပြောရ ဦးမှာ ပဲ ဖြစ်သည် ။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာပေါ် ရှိ အလှပ
ဆုံး ကောက်ကြောင်းများ က မိန်းမတွေ ဆီမှာ ပဲ ရှိသည် မဟုတ်လော ။

ထို အလှများ က ဘယ်ရွေ့ဘယ်မျှ ဆွဲဆောင် နိုင်သည် မသိ ။ တစ်ခါတစ်ရံ ဦးတည်ချက်
ပျောက်ကာ သူတို့ လေးတွေ နောက် တကောက်ကောက် လိုက်ကာ အိမ်ပြန် နောက် ကျရသည့် နေ့ များ လည်း ရှိ လာသေးသည် ။

     •••   •••   •••   •••

ကျွန်တော်က “ ခင်ဆွေအေး ” ကို အဲသလိုမျိုး လှစေချင်သည် ။ ယဉ်ယဉ် ပဲ လှလှ ၊ ရိုင်းရိုင်း ပဲ လှလှ ။ ကျွန်တော် စွဲလမ်းသော ထို အလှကို ကိုယ့် ချစ်သူ က ပိုင်ဆိုင် စေချင်သည် ။ ယခုတော့ဖြင့် လှ တာ မလှတာ နောက်ထား ၊ သမီးရည်းစား ဘဝ လျှောက် လည်ရတာ ကို ပင် အ ဆင် မပြေချင်လှ ။ မန္တလေး မှာ က လည်း စက်ဘီး နဲ့ မှ ပဲ အလုပ် ဖြစ်မည် ။ ကိုယ်ပိုင်ကား ၊ ကို ယ်ပိုင်ဆိုင်ကယ် မရှိလေတော့ စက်ဘီး မှ မစီး ချင် လျှင် ဘတ်စ်ကား ပေါ် ဟို လူတွေ့ ၊ သည် လူ တွေ့ မဖြစ်တော့ ။

အအေးဆိုင် သွားမယ် ၊ ရုပ်ရှင် ကြည့်မယ် ၊ လည်မယ်ပတ်မယ် ကြံတိုင်း အပျော်စိတ် ကလေး မဝင် ခင် ဟောသည် စက်ဘီး စီး ဖို့ ဒုက္ခ နှင့်ပင် စိတ် ပျက်ချင်မိတော့သည် ။ ကျွန်တော် က သာ တွေးတော ပူပန်နေတာ ၊ ခင်ဆွေအေး က ဖြင့် ဂရုမစိုက် ။ စက်ဘီး မစီးတတ် သူ တစ်ယောက် အဖို့ သူ များ ဘီး နောက် က လိုက်ပြီး အလုပ် ဖြစ်ဖို့ ပဲ လိုတာ အဓိက လို့ စိတ်တုံးတုံး ချ ထားပုံရသည်  ။ ကသိကအောက် ကစ္စ အတွက် တယ် မပူပန်လှ ။

ဪ ... တကယ်တော့ ခင်ဆွေအေး ကို ကျွန်တော် စတွေ့ပြီး စွဲလမ်းတာ က ကျုံးဘေး စက် ဘီး စီးရင်း တကောက်ကောက် လိုက် ကာ တွေ့ကြတာမှ မဟုတ်ပဲ ။ မြို့တော်ခန်းမ ( ၂ ) အောက်ထပ် က စာအုပ် ရောင်းတဲ့ ကောင်တာ တွေ နောက် ဈေးရောင်း နေရာမှာ တွေ့ တာပဲဥစ္စာ ။

ကြာတော့ စာအုပ် တဒီးဒီး ဝယ်သူ နှင့် စာအုပ်ကောင်တာ စာရေးမ ငြိ သွားကြတာပဲ ဥစ္စာ ။ စ က်ဘီး စီးတတ် ၊ မစီးတတ် သိစရာ မှ မလိုပဲ ။ သ ည်လိုနဲ့ ကျွန်တော် နဲ့ ခင်ဆွေအေး သမီးရည်းစား ဖြစ်ခဲ့ကြတာ တော်တော် ကြာပါသည် ။ သို့ သော် တစ်နေ့ ...

     •••   •••   •••   ••• 

တက္ကသိုလ် နောက်ဆုံးနှစ် မို့ ပခုက္ကူနယ် ဘက် တစ်လခွဲ ကြာ ကွင်းဆင်းပြီး မန္တလေး ပြန် ရောက်တော့ ခင်ဆွေအေး ၏ ဆက်ဆံရေး မှာ ကျွန်တော့် အပေါ် အတော် ပြောင်းလဲ နေသည် ။ သုံးခါ သွား ပါမှ တစ်ခါ လောက် ပဲ အားနာ တွေ့ တွေ့ သည်  ။ အဲသည် တစ်ခါ လည်း စကား ဟ က်ဟက်ပက်ပက် မပြော ။ ဘာ မကျေနပ်တာလဲ ဟု လည်း မေးလို့ မရ ။ သမီးရည်းစား ဆက်ဆံ ပုံမျိုး မဟုတ်ဘဲ အ သိမိတ်ဆွေ ဆက်ဆံပုံမျိုး ပဲ ဆက်ဆံသည်  ။ ကျွန်တော် ကွင်းဆင်း နေတုန်း အစ်မ ဝမ်းကွဲ တစ်ယောက် က တစ်ဆင့် ပေးခိုင်းသည့် စာများ နှင့် မန်ကျည်း ယိုထုပ်တွေ ရ သလားမေးတော့ ခေါင်း ညိတ်ပြသည် ။

တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ။

အခြေအနေ က ထူး မလာ ။ ရှောင်နေသော သူမကို လာတွေ့ဖို့ ကြိုးစားနေသည့် ကျွန်တော့် လှုပ်ရှားမှု ကသာ သူတို့ ဆိုင် ၊ သူတို့ ပတ် ဝန်းကျင် မှာ အနှောင့်အယှက် ဖြစ်သည့် တုံ့ပြန် မှု မျိုး ကို ရ လာသည် ။ သိပ် မဟန်ချင်တော့ ။

အပြန်မှာ လည်း ခင်ဆွေအေး ကို သူ့ အိမ် က အမြဲ လာကြို နေပြန်တော့ ချဉ်းကပ်လို့ မရ ။ သွား ပြီ ။ ဤသို့ဖြင့် ပျာလောင်ခတ်နေစဉ် ကျွန်တော့် သူငယ်ချင်း တစ်ယောက် က ထို ကိစ္စ ကို ဖွင့် ပြော တော့သည်  ။

“ ငါ အစ က မပြောဘူး နေမလို့ ပဲ ။ ဒါပေမဲ့ မင်း ရောဂါ က အသည်းအသန် ဖြစ်နေတော့ အခု လို ပြော ရတော့တာ ။ မင်း ပခုက္ကူ သွားတဲ့ အချိန် က ခင်ဆွေအေး လည်း စာပေးစာယူ အနီးကပ်သင်တန်း အတွက် ညနေတိုင်း ကျူရှင် ယူနေ ရပုံ ထင်တယ်ကွ ။ ဘာလို့လဲ ဆိုတော့ ရုံးဆင်း ချိန် လောက် ဆို ငါ တို့ အိမ် ရှေ့က ဖြတ် ဖြတ်ပြီး ( ၁၄ ) လမ်း ထဲ ချိုးချိုး သွားတာ ကွ ။ ( ၁၄ ) လမ်းထဲ မှာ အီးမေဂျာ က ဆရာဦးမောင်မောင် ရှိတယ် လေ ။ ခင်ဆွေအေး နဲ့ အမြဲ တွဲ တဲ့ လူ က သူ့ ထက် တော့ နည်းနည်း ကြီးပုံ ရ တယ်ကွ ။ တစ်ယောက် စက်ဘီး တစ်စီး စီ နဲ့ ရယ်လို့ မောလို့ ကွာ ။ အဲ ... ကျူရှင် ပြီးတော့ အတော် မိုးချုပ်ပြီကွ ။ အဲဒီ အပြန် မှာ လည်း နှစ်ယောက် တည်း ၊ တစ်ယောက် စက်ဘီး တစ်စီး စီ နဲ့ ငါ တို့ အိမ် ရှေ့ လမ်းအတိုင်း အရှေ့တက် ကြတာ ။ အဲဒါ မင်း သိအောင် ပြောပြတာ ။ နေ့တိုင်း ပဲ မောင် ။ အရပ် ထဲက တောင် ဒီ အတွဲ လိုက်တယ် လို့ ပြောနေကြတာကွ ”

ကျွန်တော် က စားပွဲ ကို လက်သီး နှင့် ထု လို က်သည် ။

      •••   •••   •••   ••• 

“ အစ်ကို က မင်းမင်း လက်ဖက်ရည်ဆိုင် က စောင့်လေ ။ အရပ် ထဲ ထိ မလာနဲ့ အစ်ကို ရဲ့  ။ အိမ် က သိ သွားရင် မလွယ်ဘူး ။ ဥမ္မာ က သူငယ်ချင်း စက်ဘီး နဲ့ လာခဲ့မယ် သိလား ”

ကျွန်တော် က သူမ ကို ပြုံး၍ ကြည့်ရင်း ခေါင်းညိတ် ပြသည်  ။ သူမ သူငယ်ချင်း က စက်ဘီး လေး ထောက်ရင်း ခပ်လှမ်းလှမ်း မှ စောင့် နေသည် ။

“ အစ်ကို .. သွားမယ် ။ ဆက်ဆက် စောင့် နော် ။ ဥမ္မာ သေချာပေါက် လာမှာ ”

ဟု ပြောရင်း ပြေးထွက်သွားသည် ။ သူမ ၏ သူငယ်ချင်း နင်းသွားသော စက်ဘီး နောက်က ကယ်ရီယာ ပေါ် ပြေးခုန် တက်ရင်း ကျွန်တော့် ကို လျှာ ထုတ်ပြသွားသည် ။ 

နောက်ရက် ရောက်တော့ သူမ ချိန်းထားသ ည့်အတိုင်း မင်းမင်း လက်ဖက်ရည်ဆိုင် က ထို င် စောင့်သည် ။ လက်ဖက်ရည် တစ်ခွက် မှာ ပြီး စိမ်ပြေနပြေ ထိုင်သောက်ကာ ဥမ္မာ ကို မျှော်နေ မိ၏ ။ အား ... ကိုးနာရီခွဲ ပြီပဲ ။ ပေါ် မလာသေးပါလား ။ ချိန်း ထားသည့် အချိန် ထက် နာရီဝက် လောက် တောင် နောက်ကျနေပြီ ။ ဘာလို့ မလာသေးတာပါလိမ့်  ။ ကျွန်တော့် မျက်စိထဲမှာ တော့ မနေ့ ညနေ ပိုင်း “ ရွှေတြိဂံ ” က အထွက် စက်ဘီးပေါ် ခုန် တက်ရင်း လျှာ ထုတ်ပြသွားတာကို မြင်ယောင် နေမိ သည် ။

“ ၁၉၈၅ ” စတိုင်လ် ကောင်မလေးတွေ က သိပ်တော့ မလွယ်လှ ။ သမီး နှင့် ဦး ခေတ် မို့ ဦး အရွ ယ် ကို သမီး တစ်ယောက် အနေ နဲ့ စပြောင်သွား တာလား ။ အခုလောက် ဆို သူ့ အိမ် က သူ့ အိပ်ခန်း ထဲ မှာ သူ့ သူငယ်ချင်းများ နဲ့ မေဆွိ သီချင်း နား ထောင်ရင်း လက်ဖက်ရည်ဆိုင် မှာ တစ်ယောက် တည်း ခပ်ငူငူ ထိုင်နေမယ့် ကျွန်တော့် အကြောင်း ပြောကာ ဟား နေကြမှာ လား ။

“ ဖူး ” ခနဲ စီးကရက် မီးခိုးငွေ့တွေ မှုတ် ထုတ် လိုက်ရသည် ။ ဒီခေတ် က ကျွန်တော့် အသက် “ ၂၆ ” နှစ် ကို ပဲ “ ဦး ”  လို့ ခေါ် နေကြသည်  ။ စချင် ပြောင်ချင် နေကြသည်  ။ သူငယ်ချင်းဆရာ ၏ ကျူရှင် မှာ စတွေ့ကတည်း က သူငယ်ချင်း ၏ တပည့် မို့ ကိုယ် က ရှောင်သော်လည်း မရ ၊
လမ်း တွေ့တော့ ဇွတ် ရောသည် ။ အအေး တိုက်ခိုင်းသည် ။ နောက်တော့ ၊ နောက်တော့ .. ဟိုသည် လိုက်ပို့ ခိုင်းသည်  ။ ကျွန်တော် လည်း ဘာသား နှင့် ထုထားသည် မို့ ခံ နိုင်ပါမည်လဲ ။ သူငယ်ချင်း ဆရာ ကို တော့ ဒီရက်ပိုင်း မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေမိသည် ။ ဘာရယ်လို့ တော့ မဟုတ် ။

လက်ပတ်နာရီ ကို ငုံ့ ကြည့်မိသည်  ။ ( ၁၀ ) နာ ရီ ထိုးပြီ ။ စိတ် မရှည်ချင်တော့ ။ ဘုရားကြီး သွား ပြီး အပြန် မှာ ရုပ်ရှင် ကြည့်ချင်သည် ဆိုတော့ သည် အချိန်ထက် နောက်ကျလို့ မကောင်း တော့ ။ ကောင်မလေး နှယ် သေချာ မှာ သွားပြီး တော့ ။ စီးကရက်တစ်လိပ် မီး ထပ်ညှိသည်  ။
ဟော .. ကိုယ်တော်မ က အခုမှ ရောက် လာ ပါကလား ။ သူ့ သူငယ်ချင်း ဘီး နောက် က ခုန်
ဆင်းပြီး ကျွန်တော့် ကို နဖူးဆလံ သ ပြသည်  ။ သူငယ်ချင်း ကို ဘာ ပြောသည် မသိ ။ သူငယ်ချင်း က ခေါင်းယမ်း ပြသည် ။ ထို့နောက် သူငယ်ချင်း က ကျွန်တော့် ကိုလှမ်း၍ “ သွားမယ်  ” ဟု ဆိုကာ နှတ်ဆက်ပြီး စက်ဘီး စီးကာ ထွက်သွားသည် ။ ဥမ္မာ က ကျွန်တော့် ဘေး က ခုံကို ဆွဲယူ ထိုင်ပြီး -

“ ဆောရီး ကိုရေ ၊ အရမ်း နောက်ကျသွားတ ယ် ။ အစ်ကို စောင့်မှ စောင့်ပါ့မလား လို့ တထိ တ် ထိတ် နဲ့ လာရတာ ။ ဥမ္မာ ဖို့ သံပရာရည် တစ်ခွက် ပဲ မှာ ပေး အစ်ကို ။ သူငယ်ချင်း ကလည်း အရေးကြီး ပါတယ် ဆိုမှ တော်တော် နဲ့ ပေါ်မ လာဘူး ။ ရှစ်နာရီခွဲ မှာ ထားတာ ကိုးနာရီ ကျော် မှ ပေါ်လာတယ် ”  

“ ဥမ္မာ ကလည်း ကွာ ဘာလို့ စောင့်နေတာလဲ ။ ကိုယ့် ဘာသာ ထွက်ခဲ့ပေါ့ ။ ဘာလဲ သူငယ် ချင်း ပါမှ အိမ် က လွှတ်မှာ မို့လား ” 

ဟု ကျွန်တော်က စိတ်မရှည်သံ ဖြင့် မေးမိသ ည်  ။ 

“ ဟာ ... အစ်ကို ကလည်း လုပ်ပြီ ။ အိမ် က ပို င်ပါတယ် ။ တစ်ယောက် တည်း လာရ မှာ တော့ ဝေးတယ် အစ်ကို ရ ။ ပြီးတော့ ဗောဓိကုန်း က ဆို အမှတ် ( ၃ ) ကား ပဲ စောင့်စီးပြီး ဘူတာ ဆင်း ရမှာ ။ ပြီး တော့ ဒီဘက် ခြေကျင် လျှောက်ရဦး မှာ  ။ ကား စောင့်ရတာ လည်း စိတ် မရှည်ပါဘူး အစ်ကို ရာ ။ ဆိုက်ကားနဲ့ လာရင်တော့ မြန်မှာ ။ ဒါပေမဲ့ ဆိုက်ကား တော့ မစီးရဲဘူး ။ ကြောက်တယ် ”

ဟု ပခုံးလေး နှစ်ဖက်လုံး တွန့် ပြပြီး စားပွဲထိုးလေး လာ ချသော သံပရာရည်ခွက် ကို လှမ်း ယူ ကာ ခေါင်းငုံ့ ပြီး ပိုက်ကလေး အား အ ငမ်းမရ စုပ်နေ၏ ။

ကျွန်တော် က တို သွားသော စီးကရက် ကို စားပွဲပေါ်  ဖိခြေ မီးငြိမ်းပြီး -

“ ဥမ္မာ ကလည်း အိမ် မှာ စက်ဘီး မရှိဘူးလား ။ ဘာလို့ သူများ စောင့် နေရမှာ လဲ ။ ကိုယ့် ဘာ သာ ဘီးလေး စီး ထွက်ခဲ့ပြီးတဲ့ ဟာ ကို ”

သံပရာရည်ပိုက်လေး ခေါင်းငုံ့ စုပ်နေသော ဥမ္မာ တစ်ယောက် ဖျတ်ခနဲ ခေါင်းထောင် ကြည့် သည် ။ ပခုံး ပေါ် ထိလု ထိခင် ဆံပင်လေး ပင် ခါ ယမ်းသွား၏ ။

“ ပြောတော့ လွယ်လိုက်တာ ကိုယ်တော်ရယ် ။ ဥမ္မာ မှ စက်ဘီး မစီးတတ်တဲ့ ဟာ ” 

ကျွန်တော် အံ့အားသင့် ကာ သူမ ကို ကြည့်မိ သည် ။ သူမ ပါးအို့လေးတွေ က တောင်ပေါ် သူ မို့ “ မန္တလေးနေ ” မှာ ရဲရဲ ပွင့်လန်းနေ၏ ။ 

နောက်ပိုင်းမှာ တော့ စက်ဘီး မစီးတတ် သော ဥမ္မာ နှင့် ကျွန်တော် တို့ ချိန်းဆိုမှုတိုင်း လို လိုပင် လွဲချော်မှုတွေ ဖြစ်ကုန်တာ အကြိမ်ကြိမ် ဖြစ်သည်  ။ လွဲချော်မှုတွေများ လာ
တော့ နှစ်ယောက်စလုံး က အရဲ ကိုးကာ သူမ အိ မ်နှင့် မလှမ်းမကမ်း က ဒိုင်တော် ဓမ္မာရုံ နား ထိ ထွက် စောင့်ပြီး ကျွန်တော့် စက်ဘီး နောက်မှာ ခုန် တက်လိုက်သည်  ။ ဤသို့ဖြင့် ...

ဘာ ကြာတော့အံ့နည်း ။ ကျွန်တော်တို့ ကိစ္စတွေ သူ့ အိမ် က သိကာ လားရှိုး က အဘိုးအဘွား အိမ် ပို့ လိုက်လေတော့ သည်  ။

သည် ဇာတ်လမ်း က သိပ်တော့မဆန်း ။

      •••   •••   •••   ••• 

ပိုက်ဆံတွေ စစ် လိုက်တော့ စုစုပေါင်း ၃၁၀၀ ကျပ် ။

ဒါကို မိန်းမ က ရွှေလော့ကက်သီး ဝယ်ချင်သည် ပြော၏ ။ ကျွန်တော် ကတော့ တွက်ပြီး သား ။ ဒီလို အရာ မရောက်သည့် ပစ္စည်းတွေ ပဲ ပူဆာမယ် ဆိုတာ ။ ဒါကြောင့် မိန်းမ စကား ကြားတော့ သိပ် မဆန်းသလိုပဲ ဖြစ်နေသည်  ။

ကျွန်တော့် အတွေး က ဒီလို မဟုတ် ။ အခုလို မူးစု ၊ ပဲစုနှင့် စုဘူးလေး ဖောက်လိုက်ပြီး စက် ဘီး လေး တစ်စီး ဝယ်ဖို့ ပဲ စိတ်ကူး ထားသည်  ။ အရေးအကြောင်း ဆိုလျှင် အိမ် မှာ က စက်ဘီး
တစ်စီး ပဲ ရှိ သည်  ။ မိသားစု သွားချင် လာချင် လျှင် ပင် ကလေးနှစ်ယောက် နှင့်မို့ စက်ဘီး တစ် စီး တည်း မဖြစ် ။ စက်ဘီး တစ်စီး စီ ဆိုလျှင် လင် မယား နှစ်ယောက် ၊ တစ်ယောက် စက်ဘီး တစ် စီး နှင့် ကလေး နှစ်ယောက် တစ်ယောက် စီ တင် ကာ သွားလို့ လာလို့ ရသည် ။ အခုတော့ ဘယ် လို မှ မဖြစ် ။

သွားချင် လျှင် တစ်ယောက် ပဲ သွား ။ ဖြစ်နိုင် လျှင် ကလေး တစ်ယောက် ခေါ်သွား ။ မိသားစု တစ်စုလုံး ဆိုလျှင်ဖြင့် ဒုက္ခ ခံပြီး ဘတ်စ်ကား စီး ချင်လျှင် စီး ။ ခက်တာ က မန္တလေး မှာ ဘတ်စ် ကား က တစ်နှစ် နေ မှ တစ်ခါ မစီးဖူးတော့ ဘတ်စ်ကား နှင့် မရင်းနှီးလှ ။ ဘယ် နံပါတ် က ဘယ် ရောက်မှန်းပင် မသိလှ ။

အဲ ... ငွေကြေး တတ်နိုင်လျှင်တော့ သုံးဘီး ငှား ၊ မြင်းလှည်း ငှား ။ ဘာပဲပြောပြော အလွယ် ကူဆုံး စရိတ်အကျဉ်းဆုံး က စက်ဘီး ပဲ ဖြစ်သည်  ။ အခု ငွေ နဲ့ ဆို နောက်ထပ် တစ်ထောင် လောက် ဖြည့်ပြီး တရုတ်ဘီး တစ်စီး ဝယ်လိုက်ရင် အဆင် ပြေပြီ ။

သည် အစီအစဉ် ကို မိန်းမ ပြောပြတော့ သူ က သဘောတူသည်  ။ သဘော တူမှာ ပေါ့ ။ သူ က စက်ဘီး နဲ့ ဆို ဘယ် သွားရ သွားရ ၊ နောက် မ တွန့်သူ ၊ စက်ဘီးစီး ရဲတင်းသူ ။ သူ့ အပြော စက်ဘီး စီး ကျွမ်းကျင်သူ ။

“ ကောင်းသားပဲ ၊ စက်ဘီး နှစ်စီး ဆိုတော့ မိသားစု သွားရလာရ အဆင် ပြေတာပေါ့ ။ နောက် နှစ် အငယ်မ ကျောင်း ထားရင် နှစ်ယောက် စလုံး ကျောင်းပို့ကျောင်းကြို လုပ်တော့ အိမ် မှာ စက်ဘီး တစ်စီး အပို ရှိမှ ဖြစ်မှာ ”

ဟု မိန်းမ က ပြောသည်  ။ ဒါဖြင့် နောက်ထပ် ငွေတစ်ထောင် လောက် ရှာပြီး တရုတ်ဘီး ဝယ် ရအောင် ဟု ပြောတော့ မိန်းမ က နေဦး ၊ တရုတ်ဘီး က ခဏ နဲ့ ကျ သွား မှာ ၊ ဖီးဆင့်စပို့ ဖြစ်ဖြစ် ၊ မိကျောင်း ဖြစ်ဖြစ် တစ် ပတ်ရစ် ကောင်းကောင်း ရှာ ကြည့်ပါလား ၊ အဲ ဒါ ပို ကောင်းမှာ ပေါ့ ဟု ပြောသည် ။ အင်း ... ဒါကလည်း မဆိုး ။ ဟိုနေ့က မိတ်ဆွေ တစ်ယောက် သူ့သမီး ဖို့ ဖီးဆင့်စပို့ ပစ္စည်းစုံ နှင့် ဝယ်တာ ( ၉၁၀၀ ) ကျပ် တဲ့  ။ ခြင်းတွေ ဘာတွေ ညာတွေ မပါရင် ( ၇၀၀၀ ) ကျော်နဲ့ တောင် ရဆို ပဲ ။ အဲ ... တစ်ပတ်ရစ် ကို လေးငါး ထောင် နဲ့ ရ ရင် မဆိုးဘူး ဟေ့ လို့ ပြောရင်း မိန်းမ အား စုံစမ်း ထားရန် နားစွင့် ထားရန် သတ ိပေးကာ ပို က်ဆံထုပ် လေး သိမ်း ခိုင်းရသည် ။

နောက်နေ့တွင် သံဂဟေဆိုင် လုပ်သော ညီ တစ်ယောက် ရောက် လာပြီး စက်ဘီးကိစ္စ ပြော တော့ -

“ နေဦး ၊ အစ်ကိုလေးရ ။ ကျွန်တော်တို့ ဆိုင် ကို အဲလို တစ်ပတ်ရစ်မျိုး လာ တတ်တယ် ။ အ ခု သင်္ကြန် နီးလို့ အလုပ် ပါးနေတယ် ။ သင်္ကြန် အပြီးမှာ မေး ထားပေးမယ် ။ ရတတ်ပါတယ် စော င့်ပါဦး ”

ဟု ပြောသည် ။ မိန်းမ ကလည်း စက်ဘီးဆိုင်များ နှင့် နီးစပ်သော သူ့ ဦးလေး အား မှာ ထား သေး သည် ဟု ပြောပြသည်  ။ မိမိတို့ စက်ဘီးအကြောင်းတွေ ပြောသံ ကြားတော့ သားကြီး က ( B.M.X ) ဝယ် ပေးပါဟု ပူ ဆာ၏ ။ သားကြီး ကို ကြီး လာရင် လည်း စီးနိုင်အောင် စပို့ဘီး ဝယ် မှာ လို့ ချော့ထားရသည်  ။ သည် ရက်ပိုင်းမှာ ဖြင့် ကျွန် တော်တို့ လင်မယား နှစ်ယောက် သည် စားလ ည်း စက်ဘီး အကြောင်း ၊ အိပ် လည်း စက်ဘီး အကြောင်း ပဲ ပြော မိကြသည် ။ ကိုယ် နှင့် မဆိုင်၍ တစ်ခါမှ ကိုင် မကြည့်ဖူး သည့် မန္တလေး ကုန်ဈေးနှုန်းသတင်း စာရွက် ကို ဝယ်ပြီး စက်ဘီးဈေး တွေ ဖတ် ကြည့်မိသည် ။

ဖီးဆင့် ဘောင်တုတ်ရောင်စုံ ( ၁၁၂၀၀ ) ကျပ် ၊

ဟာ ... ဒါတော့ ဘယ်လိုမှ လိုက်မမီဘူး ၊ ထားတော့ ။

ဖီးဆင့်ညှပ် အစိမ်း ( ၁၁၂၀၀ ) ကျပ် ၊ ဒါလည်း ထိုနည်းလည်းကောင်းပဲ ။

ဖီးဆင့် စပုတ်နီညို ( ၉၀၀၀ ) ကျပ် ၊ မှတ် တော့ထား ။

ဖီးဆင့် စပုတ်အနက် ( ၉၀၀၀ ) ကျပ် ၊ ထား ။

မိကျောင်းနီညို ပြိုင်ဘီး ထိုင်ဝမ် တွေ က ( ၁၀၂၀၀ ) ကျပ် နဲ့ ( ၁၃၀၀၀ ) ကျပ်တွေ ၊ ကျော်ခဲ့ ။

ပြိုင်ဘီးမြင်းနက် ( ၇၀၀၀ ) တဲ့  ။ ပြိုင်ဘီးမြင်းနက် ဆိုတာ ဘယ်လိုပါလိမ့် ။ ( ၇၀၀၀ ) ဆိုတော့ မဆိုးဘူး ။ မေးတော့ ကြည့်ဦးမှ ။

ပြိုင်ဘီး ဆိတ်ငါးကောင် ( ၉၅၀၀ ) တဲ့ ။ အဲဒါ ထားဦး ။ ဆိတ်လက်ကိုင်ကောက် ( ၉၅၀၀ ) တဲ့ ။ ဒါလည်း မှတ်ထားမှ ။

အဲ ... ဘာတဲ့ ၊ ပန်းခရမ်းမြင်းပါ ၊ ပန်းကောက်မြင်းပါ ၊ ပန်းကောက်မြင်းပါ ( ၂၆ ) ၊ ပန်း ကောက် မြင်းပါ ( ၂၄ ) ၊ နိုင်လွန်တာယာ မ စီး ။

အား ... ( ၄၀၀၀ ) နဲ့ ( ၅၁၀၀ ) ကြားပဲ ။ မဆိုးဘူး ။

ဤသို့ဖြင့် လက်ဖက်ရည်ဆိုင် ထိုင်လည်း ဟို စက်ဘီး လှမ်းကြည့် ၊ လမ်း သွားရင်လည်း ဟို လူ့ ဘီး ကြည့် ၊ သည် လူ့ ဘီး ကြည့် ။ ( ၂၆ ) ဘီ လမ်း နာရီစင် နား ရောက်တော့လည်း ဟို စက်ဘီးဆိုင် ငေး ၊ သည် စက်ဘီးဆိုင် ငေး ။

ဒီလိုနဲ့ မကြာမီ ကျောင်း ဖွင့်တော့မည် ။ မှာ ထားသော ၊ မေး ထားသော ဖီးဆင့် တစ်ပတ်ရစ်
တွေ ၊ မိကျောင်း တစ်ပတ်ရစ်တွေ က ဘယ်ဆီမှ န်းမသိ ၊ ဒါတွေ မျှော်လို့ တော့ မဖြစ် ။

ကိုင်း ... မထူးတော့တာမို့ တရုတ်ငှက်မြီးရှည် အသစ် ပဲ ဝယ် တော့မည် ။ လိုသော ငွေ အတွ က် ရစရာလေးတွေ စဉ်းစားသည် ။ ချေးလို့ ရ မည့် နေရာတွေ တွေးထားသည် ။ သည် တော့
. . မိန်းမ ထံ သိမ်းခိုင်းထားသည့် ငွေထုပ်လေး တောင်း ရတော့သည်  ။

“ ဘာရယ် ၊ ဘာရယ် ( ၃၁၀၀ ) ဟုတ်လား ။ ရှင် ပြန်စဉ်းစားဦးလေ ။ ရေမီတာဖိုး ( ၃၆၀ ) ကို နောက်မှ ပြန် ထည့်မယ်ဆိုပြီး ယူတာရယ် ၊ ရှင့် ကလေးတွေ လွယ်အိတ် နဲ့ ကျူရှင်လခ ကလည်း ဒီ ထဲ က ၊ ပြီးတော့ ကျုံး ဆယ် လုပ်အားပေး လူ ငှားခလည်း သုံးခါ စလုံး ဒီထဲ က ယူရတာ  ၊ နောက်ပြီး စွယ်တော် အလှူ ကြေး ။ ဘာတဲ့ ဟိုနေ့က ကိုယ့်အားကိုယ်ကိုးလမ်းအတွက် ...... ” 
မိန်းမ စကား မဆုံးမီ လက် ကာပြပြီး -

“ ဟိုး ... ဟိုး ... ကိုယ် မှားပါတယ်ကွာ ၊ မေ့ သွားလို့ ပေါ့ ။ အဲဒီ တော့ ဒီလိုလုပ် ။ အခု ကျန်တဲ့ ငွေထောင့်ခြောက်ရာ ထဲ က တစ်ထောင် ကို ကိုဝင်းနိုင် ဆီ အကြွေး ဆပ် လိုက်ကွာ ။ သူ့ ဆီ က ယူ ထား တာ လည်း ကြာပြီ ။ ပို တဲ့ ခြောက် ရာ ၊ မင်း နဲ့ ကလေးတွေ အဝတ်အစား သာ ကြည့်ဝယ် ၊ ကလေးတွေ အတွက် ကျောင်းဝတ်စုံ ပဲ ဝယ်နော် ။ မင်း က ဖိနပ် မရှိရင် ဖိနပ် ဝယ် ဒါပဲ ”

မိန်းမ က နှတ်ခမ်း စူ ပြီး သူ့ ပိုက်ဆံ ထုပ် ပြန် သိမ်းသွားသည် ။ ပြီးတော့ ပါးစပ် က ပွစိပွစိ ရွတ် နေ၏ ။

“ ဒီက ဖြင့် စက်ဘီးလေး စီး ရမလား အောက် မေ့တယ် ။ ဒီ ပုံစံဖြင့် တစ်သက်လုံး စက်ဘီး စီး ရ မယ် မမြင်ပေါင် ။ ကြာရင် စက်ဘီးတောင် စီး တတ် မှာ မဟုတ်ဘူး ”  တဲ့ ။

ထိုနေ့က အမှတ်မထင်ဘဲ အမှတ် ( ၈ ) ကား ဂိတ် မှာ ခင်ဆွေအေး နှင့် ပြန်တွေ့သည်  ။ မိမိ က မ မှတ်မိ ။ သူ က နာမည် ခေါ် နှုတ်ဆက်မှ မှတ်မိသည် ။ သူ က အိမ်ထောင် ကျပြီး အဝေး ရောက် နေ သည် ဟု ပြောသည် ။ အခု အလည် လာတာ ဆို၏ ။ မိမိ ကို လည်း အိမ်ထောင် ကျတာ ကြာပြီလား မေး သည် ။ ကလေး နှစ်ယောက် ဟု လက် နှစ်ချောင်း ထောင် ပြသည်  ။ “ မသူဇာဝေ ” နေကောင်းလား ဟု မေးသည် ။ မိမိ က မျ က်မှောင် ကြုတ်ပြီး -

“ ဟင် ... သူတို့ က ညောင်ဦး မှာ လေ ။ ငါ့ ထက် အရင် စောပြီး အိမ်ထောင် ကျတာ ”

ဟု ပြောတော့ ၊ ခင်ဆွေအေး က အံ့အားတသင့်ဖြင့် -

“ ဟင် ... ဒါဖြင့် နင် က သူဇာဝေ နဲ့ ရတာ မ ဟုတ်ဘူး ပေါ့ ” 

ဟု ဆို၏ ။

“ ဟာ ... မဟုတ်တာ ။ သူဇာဝေ က ငါ့ အစ်မ၀မ်းကွဲ ဟ ။ တစ်ဝမ်း ပဲ ကွဲ တာ မိုးကြိုး ပစ်လိမ့်မ
ယ် ”

ဟု ပြန် ပြောရသည်  ။ ခင်ဆွေအေး မျက်နှာ တွင် တစ်စုံတစ်ရာ ပြောင်းလဲ သွားပြီး -

“ ကျွတ် ... သေလိုက်ပါတော့ ၊ နင် ပခုက္ကူ သွားတုန်း ငါ့ ဆီ စာ နဲ့ မုန့်တွေ လာပေးတာ သူဇာဝေ မဟုတ်လား ။ ငါ က အဲဒါ နင့် အိမ် က သဘော တူထား သူ လို့ ထင် တာကိုး ။ နင်တို့ ကလည်း အပြင်မှာ တတွဲတွဲ မို့ မြင်သူတိုင်းက ပြောကြတယ်လေ ။ လူကြီးချင်း သဘော တူထားတာ တဲ့ ”

“ သေလိုက်ပါတော့ဟယ် ၊ နင် ကလည်း အဲဒီ တုန်းက ငါ့ ကို ပွင့်ပွင့်လင်းလင်း မေး ပါလား ဟ  ။ အောင်မယ် သူများ သာ ပြောတာ ၊ နင် ကရော နင် နဲ့ အတူတူ စက်ဘီး တစ်စီး စီ စီးပြီး ၊ ကျူရှင် တက် တဲ့ သူ ကရော ဘာလဲ ။ ကဲ ... ”

ဟု ကျွန်တော်က ပြန်မေးတော့ -

“ ဘယ်လို ... ဘယ်လို ... စက်ဘီးတစ်စီး စီ စီးပြီး ဟုတ်လား ။ သေနာ ၊ စက်ဘီး တစ်စီး စီ စီး ရအောင် ငါ က စက်ဘီး စီးတတ်လို့ လား ဟဲ့ ။ သေချာ စဉ်းစားပြီးမှ စွပ်စွဲ ။ အံ့ပါ့ ဟယ် စက်ဘီး မစီး တတ် သူ ကို စက်ဘီး နဲ့ တွေ့တယ်ဆိုတော့ ... ” 

ခင်ဆွေအေး က ပြောရင်း ရယ်မောသည် ။

ကျွန်တော် ကတော့ ခင်ဆွေအေး စကား အဆုံးမှာ ဒေါသ ဖြစ်ပြီး လက်သီး နှင့် ပြေး ထိုးချင် စိတ် ပေါက်လာသည်  ။ 

ဥမ္မာ နှင့် ကိစ္စ ကတည်း က မျက်နှာချင်း မဆိုင် ဖြစ်သော သူငယ်ချင်း ကျူရှင်ဆရာ ၏ မျက် နှာ ကို စိတ်ကူး နှင့် ဆွဲ၍ ဆွဲ၍ ထိုးမိသည် ။ ဟုတ်သည် ။ သည် ကောင် က ငယ်ငယ်ရွယ်ရွယ် နှင့် ကန်း ကို ကန်း လွန်းသည် ။

ခင်ဆွေအေး ကို လူ တစ်ယောက် နှင့် ညနေ တိုင်း စက်ဘီး တစ်စီး စီ စီးကာ ကျူရှင် သွားကြ သည် ဟု သူ ပြောခဲ့တာ မှတ်မိပါရဲ့ လား ။

တောက် ...

◾ဆူးငှက်

📖 ပန်းဝေသီ မဂ္ဂဇင်း
      ၁၉၉၄ ၊ ဇူလိုင်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment