❝ ကိုကောင်းဘော် နှင့် မမေ အမှု ❞
လွန်ခဲ့သော နှစ်ပေါင်း ၁၀ နှစ် ခန့် က တစ်ခုသော မြို့ငယ် တစ်မြို့ ၌ မမဲတူ အမည် ရှိသော မိန်းမကြီး တစ်ဦး ရှိ၏ ။ ထို မိန်းမကြီး ၌ သမီး ခုနစ်ယောက် ရှိသည့် အနက် နှစ်ယောက် သုံးယောက် တို့သည် အိမ်ထောင် ကျပြီးသူများ ဖြစ်ကြသော်လည်း ၎င်းတို့ ၏ လင်ယောက်ျား သည် ၎င်း တို့ ကို အိုးအိမ် သီးခြား ချထား နိုင်လောက်သော အခြေအနေ ရှိ သူ မဟုတ်ကြရကား ၎င်း သမီး ခုနစ်ယောက် လုံး ပင် အမိ မမဲတူ နှင့် အတူ တစ်အိမ် တည်း စုရုံးကာ နေထိုင် စားသောက် ကြရ၏ ။ ထို သမီး ခုနှစ်ယောက် တို့ အနက် မမေ အမည် ရှိသော ဒုတိယ သမီး မှာ ရုပ်ရည်ရူပကာ အား ဖြင့်
ဖြောင့်မှန် ညီညွတ်သော ကိုယ်လုံး ကိုယ်ပေါက် ရှိသည့် ပြင် ဖြူစင် သန့်ရှင်းသော အသားအရေ နှင့် တကွ ချိုပြုံးသော မျက်နှာပြင် ၊ ချစ်ဖွယ်သော အမူအရာ လည်း ရှိ သူ မှန် ရကား လယ်တောများ တွင် စပါး စိုက်ပျိုးမှု အလုပ်အကိုင်များ သည် စီးပွား ဖြစ်ထွန်းသည် မှန်လျက် မယား သေဆုံးသူ မုဆိုးဖို စပါးကုန်သည် ကိုကောင်းဘော် သည် မမေ ထံ ကြိမ်ဖန်များ စွာ သွားရောက် ဝင်ထွက် ပြု လေ၏ ။
မမေ အမည် ရှိသော မိန်းမ သည် အရွယ် အားဖြင့် ၂၅ နှစ် ကျော် ၍ ၃ဝ ရွယ် မပြည့်မီ သေးသူ ဖြစ် သော်လည်း တစ်ရံရော အခါက ပညာရေးဌာနဘက် က ဆို ၍ ဝန်ထောက် ဟူ
သော ဘွဲ့ အမည် ကို အခေါ် ခံသော အရာရှိ တစ်ယောက် နှင့် အမှတ်မဲ့ လိုက်စား၍ အိုးအိမ် ထောင် မိပြီးနောက် ထို ဝန်ထောက် အရပ် တစ်ပါး သို့ ပြောင်းရွှေ့ သွားရောက်သော အခါ မခေါ်သွားဘဲ ထားရုံမျှ မက လင်မယား ဝတ္တရား နှင့် လျော်ညီအောင် ပေးကမ်း ထောက်ပံ့ခြင်း ကို မျှ ပင် မပြု လစ် လပ်လျက်နေ၏ ။ သို့ပင် ဖြစ်ငြားသော်လည်း ကိုကောင်းဘော် ထံ တွင် မမေ က သိနားလည် စေသည် မှာ မိမိ သည် ယောက်ျား သနားများ နှင့် တစ်ရံတစ်ခါမျှ မတွေ့ဆုံဖူးသေး သော ကညာစင် အပျိုစင် ဖြစ်သည့် အနေ နှင့် သာ လျှင် ပြော ဆို ပြုမူလျက် နေရာ ကိုကောင်းဘော် ဆိုသူ မှာလည်း ပစ္စည်း အနည်းငယ် ရှိသူ မှန်သော်လည်း လယ်တော ၌ သာ လျှင် နေထိုင် ကြီးပြင်း ခဲ့ရသူ မှန်၍ မယား သေ သောကြောင့် မုဆိုးဖို လူပျို အဖြစ်သို့ ရောက်လျက် နေရကား မိန်းမပျို ထံ ကျရောက်လျှင် လွန်စွာ ရှက်ကြောက် တုန်လှုပ်ခြင်း ဖြစ် တတ်၏ ။ သည်ကဲ့သို့ ရှက်ရွံ့ တုန်လှုပ်ခြင်းသည် မမေ ၏ မျက်မှောက် သို့ ရောက်သော အခါ သာ၍ ပေါများ လှခြင်းကြောင့် မိမိ ပြောဆို လိုသော သုံးခွန်း သော စကားများ ကို မမေ နှင့် မျက်နှာချင်း ဆိုင် ၍ မပြော မဆိုဝံ့ ရှိလေလျှင် ထို စကားများ ကို စာ ဖြင့် ရေးသား၍ မမေ ထံ ပို့စေ၏ ။ သည်ကဲ့ သို့ ပေးပို့သော စာများ ကို စာ ၏ သဘောအတိုင်း နှစ်သက်ကြောင်းများ နှင့် မမေ က စာ ပြန်သော်လည်း ထို စာ များကို မည်သည့် အကြောင်းကြောင့် မသိ အဓိပ္ပာယ် ဝေ့လည်လည် ရှိအောင် တမင် ကြံဆောင် ရေးသား ပေးပို့လေ့ ပြု၏ ။ သည် ကဲ့သို့ ရေးသား ပေးပို့သော စာ များ ကို လည်း ကိုကောင်းဘော် က ကောင်းမွန်စွာ သိမ်းဆည်း၍ ထားလေ့ ပြု၏ ။
ထို အခါလောက် တွင် ထို မြို့၌ ရန်ကုန်မြို့ မှ မကြာမီက ပင် ရွှေ့ပြောင်း လာရောက်နေထိုင်သူ ပွဲစား ကိုလှဖေ ဆို သူ ၌ မယား သေ လျှင် တစ်ပင် လဲ တစ်ပင် ထူ ပြုလိုသော သဘော ဆန္ဒ ရှိသည့် ပြင် အရွယ် လည်း ရ ၊ ဓန လည်း ပေါ ၊ ရုပ် လည်း ချော သူ မှန်သည့် အတိုင်း ထို ကိုလှဖေ သည် မယား သေပြီး နောက် နှစ်လကျော် သုံးလ ခန့် ကြာရှိလျှင် မိမိ ကိုယ် ကို သန့်ရှင်း စင်ကြယ်ရုံမျှ မဟုတ် ၊ ဇာတ်ဟန် ကျနအောင် ဝတ်စား ဆင်ယင် ပြီးလျှင် အရပ် ရပ် ကို စေ့နှံ့အောင် လူးလာပြန်ဝှေ့ လျှောက်၍ သွားလာ ပြုသောအခါ မိမိတို့ နေထိုင်သော ရပ်ကွက် တွင် သတင်း ကြေညာ ရောက်လာသည်မှာ ပွဲစားကြီး ကိုလှဖေ သည် အိုးအိမ်ထောင်မဲ့ နေတတ်သူ မဟုတ်ရကား အိုးအိမ်သစ် ထူထောင်မည့် အကြံ နှင့် အထက် မယားကြီး လက်ထက် က ကျန်ရစ်သော စတိရွှေလက်ကောက်များ ကို အသစ် ပြင်၍ တွတ်ကွက်လက်ကောက် ပြုပြင် လုပ်ကိုင်စေ ပြီးလျှင် စိန်နားကပ်ရန်စုံ ( ၁ ) ကို အရန်သင့် ဆောင်ယောင် လျက် မည်သူ နှင့် အိမ်သစ် ထူထောင်ရပါမည်နည်း ဟူသည့် အနေ နှင့် မိန်းမများ ရွေးချယ်ရန် လှည့်လည် ကြည့်ရှုကာ နေကြောင်းနှင့် သတင်း ကြေညာခြင်း ဖြစ်၏ ။
သည်ကဲ့သို့ သတင်း ကြေညာလျက် ရှိနေသည့် အ တွင်း ကိုလှဖေ ကိုယ်တိုင် က မမေ ကို မြင်ဖူးသည် ၊ မမြင်ဖူး သည် မှာ မသိနိုင်ပြီ ။ သို့သော်လည်း တစ်ယောက်သော မိန်းမ က မမေ ထံ ပြောဆိုလာသည် မှာ ကိုလှဖေ သည် မမေ ထံ လည်ပတ်ရသော် မတော်လား ၊ မမေ သည် သံယောဇဉ် လွတ်ကင်းသူ ဟုတ် မဟုတ်ကြောင်း များ ကို သူတစ်ပါး ထံ စောဒနာ ခြင်း ပြုလျက် ရှိနေ သောကြောင့် မမေ သည် ရုပ်ရူပကာ နှင့်ပြည့်စုံသူ မှန်သည့်အတိုင်း တောသားကြီး ကို ကောင်းဘော် ကို ယူမည့် အစား ရန်ကုန်မြို့ကြီး သား ကိုလှဖေ ကို ယူ ရသော် သာ၍ မကောင်းပါလား ဟူသော အကြံအစည် ကို ပေးလာလျှင် မမေ လည်း ထို စကား ကို ပြောလာ သော အခါ၌ အလေးဂရု မမှုလေ ဟန် ပြု၍ နေသော်လည်း နောက် တစ်နေ့ တွင် ကိုကောင်းဘော် အိမ် သို့ ရောက်လာ သောအခါ ရှေး က ကဲ့သို့ စိတ်ရော ကိုယ်ပါ လောကဝတ် ပြုခြင်း မရှိ ၊ တစ်ရံတစ်ခါ တွေ့မြင်ခဲ့ဖူးသော ကိုယ့် အောက် ဂုဏ်ရည် ယုတ်လျော့သော သူများ ကို မလွှဲသာ၍ လက်ခံ စကား ပြောရဘိ သကဲ့သို့ သာလျှင် ဧည့်ခံခြင်း ကို ပြု၏ ။
အကြောင်းရင်းခံ ကို စေ့ငုသေချာစွာ ရှာဖွေ ဆင်ခြင် လတ်သည် ရှိသော် ဆိုခဲ့သည့် အတိုင်း မမေ စိတ်သဘောထား နှင့်တကွ ကိုယ် ၏ အမူအရာ ပြောင်းလဲသည့် အရာ များ မှာ မမေ ဆိုသူ မိန်းမ သည် ပုထုဇဉ်မျှ ဖြစ်ရကား လောကသဘာဝတ္တ မျှ ဖြစ်သည် ။
ကိုကောင်းဘော် ဆိုသူ မှာ လယ်တောသား စစ်စစ် ဖြစ်သည့် အတိုင်း အသား မည်းနက်၍ အဝတ်ပုဆိုး ညစ် နွမ်းသည့် ပြင် ကိုယ့် ဦးခေါင်း တွင် ပေါက်လျက် ရှိသော ဆံပင် ကို မျှ တင့်တယ်အောင် မပြုမပြင် တတ်လျက် တစ်လ တစ်ကြိမ် မျှ ဆီ မဝေ့ သော မိမိ ဆံပင် ကို မပြီးမထိုးဘဲ ညစ် နွမ်းသော ပုဝါတစ်ထည် နှင့် သာလျှင် ထည်လဲ မရှိဘဲ ထွေးလုံး ရစ်ပတ်လျက် ထားလေ့ ပြု၏ ။
ရန်ကုန်သား အစစ် ဖြစ်သူ ကိုလှဖေ ဆိုသူ မှာကား သည်ကဲ့သို့ မဟုတ် ဖြူလတ်သော အသားအရေ တွင် ချိုပြုံး သော မျက်နှာထား ရှိ၍ ပီယဝါစာ သာယာချေငံ သော စကား များ ကို မြွက်ဆိုလေ့ ပြုတတ်သည့်ပြင် တစ်ဖက်သား တို့ ကြင်နာ စေတတ်သော ကိုယ် ၏ အမူအရာ မျှ မက အဝတ် တန်ဆာ ဝတ်ဆင်ရာ၌ လည်း မိန်းမ တို့ အမြင် တွင် တင့်တယ် ရှုချင်စဖွယ် ဖြစ်အောင် ကြံဆောင်၍ သာလျှင် ဆင်ယင်လေ့ ပြုသူ ဖြစ်ရကား အိမ်တွင်း မှ အိမ်ပြင် သို့ ထွက်လျှင် ရှုချင် ဖွယ် ဖြစ်၍ တင့်တယ်သော ပုဆိုးလတ်လတ် ကို ဆင်ယင် ၊ ဖြူစင်သောအင်္ကျီ မှ စ၍ မိမိ ဦးခေါင်း ပြုပြင်ရာ၌လည်း မိမိ ဆံပင် ကို ချောမွတ်လှအောင် ထုံးပြီး နောက် ထို ယောင်ထုံး အောက်ခြေ က ရစ်ပတ် ဆင်ယင် ထားသော ပန်းရောင်ပဝါ ကို ဆင်မြန်း ပုံ မှာဆိုခဲ့သည့် ချောမွတ်လှစွာသော ယောင် ၏ နောက်ပိုင်း ကို ပန်းရောင်ပုဝါ တစ်စ ဖြင့် ဖုံးအုပ်မိစေသော် လည်း ယောင် ၏ မျက်နှာ ကို ရှေ့ဘက် သို့ လှည့်စေသဖြင့် ကပိုကရို ဝိုးတိုးဝါးတား ပေါ်ထွက် စေလျက် ကာလသား တို့ မာဂဓ အားဖြင့် ဝေဘူ ပေါင်းနည်း ခေါ်သော ပေါင်းနည်း မျိုး နှင့် ဆင်မြန်းသော အခါ မမေ ကဲ့သို့ စိတ်နု လျက် နေသော မိန်းမငယ် တို့ သည် အဘယ် မကြည့်ဘဲ နေနိုင်ပါအံ့နည်း ။
အကြောင်းရင်းခံ ဤသို့ ဖြစ်သည် မှန်ရကား ကိုယ် စိတ်လူဆဲမျှ ဖြစ်သော မိန်းမရွယ် မမေ သည် လယ်တောသား ကိုကောင်းဘော် ကို ရှေးက ကဲ့သို့ အိမ်သို့ ပင့်ခေါ် လက်ခံခြင်း မပြု ။ ရပ်တန့်ခြင်းသည် ထူးခြားသည် ဟူ၍ မဆိုသာ ။ ထို မိန်းမ မမေ သည် ထို အခါကာလများ က မိမိ စိတ်သဘော အလျောက် ပြုလုပ်ဝံ့မည် ဖြစ်လျှင် ကိုကောင်းဘော် ကား မိမိ အိမ် သို့ လမ်းဖြတ်စေရန် ပြောဆိုလိမ့် မည် မှန်သော်လည်း စိတ် ရှိတိုင်းပြု၍ မသင့်လျော်မည့် အကြောင်း ကို မမေ က တွေးတော မိသည် မှာ ကိုကောင်းဘော် ဆိုသော သူသည် လယ်တောသား အစိမ်းအရိုး မှန်သော် လည်း ထူထိုင်းသော သူ မဟုတ် ။ မိမိ မျက်မှောက်တွင် မြင် သမျှသော အစွန်းအစများ ၏ အနက်အဓိပ္ပာယ် ကို အရိပ် နိမိတ် ဖတ်ယူ နိုင်လောက်သော ပါးရည်နပ်ရည် ရှိသူ မှန် သည့် အတိုင်း မကြာမီကပင် မမေ ကိုယ်တိုင် သတင်းစကား နား နှင့် ဆတ်ဆတ် ကြားရသည် မှာ အကယ်၍ မိမိ အပေါ် တွင် မမေ က ကတိ ဖျက်မူ မမေ အပေါ်တွင် ကတိဖျက်မှု တရား စွဲနိုင်ရန်များကို ရှေ့နေတစ်ဦး ထံ ကိုကောင်းဘော် ကိုယ်တိုင် သွားရောက် စောဒနာရာ တွင် မမေ ထံ က ပေးထား သော မေတ္တာစာများ ကိုပင် ပြသ မေးမြန်းလျက် ရှိနေ ကြောင်းများ နှင့် ကြားသိရသည် တစ်ကြောင်း များကြောင့် ကိုကောင်းဘော် နှင့် ရုတ်တရက် အတိအလင်း လမ်းဖြတ် ရန် မတော် ဟု စဉ်းစားကာ နေ၏ ။
ဤသို့လျှင် ပစ် ရမည်လည်း အဆီ နှင့် ရဲရဲ စားရမည် လည်း သဲ နှင့် ရှပ်ရှပ် ဖြစ်ပျက် နေသောကြောင့် မည်သို့ပြု ကျင့်ရမည်ကို အတွေးရ ကျပ်လျက် စဉ်းစားကာ နေသည့် အတွင်း တစ်နေ့သ၌ ကိုကောင်းဘော် ဝင်ရောက် လာ၍ ပြန် သွားပြီး ခဏတွင် အမိ မမဲတူ သည် သမီး မမေ ရှိရာ အခန်း တွင်း သို့ ဝင်လာ ပြီးလျှင် အာဏာသံ နှင့် ပြောသည် မှာ
“ မိရွှေမေ ညည်း က လိမ္မာလိမ့်မည် ဟု ငါ အောက်မေ့ ထားသည်မှာ ငါ မှားလေပြီ ။ စင်စစ်မှာ ညည်း သည် အလွန် မိုက်လှသည် တကား ။ ညည်း သည် သည် တောသား ငကောင်းဘော် နှင့် ဘယ်အတွက် လမ်း မဖြတ်သေး သည် ငါ့ ကို ဖြေစမ်းပါ ။ ဟို နောက်လူ တစ်ယောက် ဟာ သည် တောသား ထက် အစစ ဆယ်ဆ ဆယ်တံပိုး သာ သည် ကို ညည်း မသိဘူးလား ၊ မမြင်ဘူးလား ”
မေးလျှင် သမီး မမေ ကလည်း -
“ အမေ ကိုကောင်းဘော် ၏ အကြောင်း ကို အမေ ကျွန်မ သိသည်လောက် ကောင်းမွန်စွာ မသိ၍သာ အမေ သည် ကဲ့သို့ ပြောခြင်း ဖြစ်ပါသည် ။ အကယ် သိလျှင် သည်ကဲ့သို့ အမေ ပြောမည် မဟုတ်ပါ ”
ဆိုလျှင် အမိ မမဲတူ က
“ ဘာ ပြောတာလဲ တောသား ငကောင်းဘော် ဟာ ဟို တစ်ယောက် လူ မြို့သား ထက် ချစ်စရာကောင်းတယ် နင် ပြောမယ်လို့လား ”
ဆိုပြန်လျှင် မမေ က-
“ အမေ တစ်ယောက်လူ မြို့သား ဆိုသည် မှာ မည်သူ့ ကို ပြောသလဲ ။ ကိုလှဖေ ကို ပြောသလား ။ ပြောလျှင် ကိုလှဖေ သည် လူ လည်း လာသေး မဟုတ် ၊ စကား လည်း လာ သေးသည် မဟုတ် သည် ကို အမေ သတိ မရဘူးလား ။ နောက်ဆုံး မှာ ဒဏ္ဍာရီ ထဲ က အမဲတုံး အရိပ် ကို မြင်လျှင် ကိုယ့် ခံတွင်း က အမဲတုံး ကို လွှတ် ၍ အရိပ် ကို ဟပ်မိသော ခွေး ကဲ့ သို့ အကျိုးမဲ့ ဖြစ်လိမ့်မည် ”
ဆိုလျှင် အမိ မမတူ က လည်း -
“ ငါ သိသည် ။ မောင်လှဖေ ထံ က လူ လည်း မလာ ၊ စကား မလာ သည် ကိုလည်း ငါ သိသည် ။ နင့် အနားမှာ ဟို တောသား တရစ်သီသီ ပြုနေသမျှမှာ သူ လည်း လာ ဝံ့မည် မဟုတ် ၊ စကား လည်း ကမ်း ဝံ့ မည် မဟုတ်ကြောင်း ငါ သိ သည် ”
ဆိုလျှင် သမီး က လည်း -
“ အမေ ၊ အမေ သည် ဤ အိမ် ကို ရွေးပေးခိုင်းရာတွင် လွယ်ကူစေရန် ကိုကောင်းဘော် ထံ ကျွန်မ ရေးလိုက်ရသော မေတ္တာစာများ ကို အမေ မေ့လျော့နေပြီလား ”
ဟု ပြောရာ
“ ဟုတ်သည် ၊ မှန်သည် ၊ ဘာဖြစ်သလဲ ”
မေး ပြန်လျှင် သမီး က
“ အမေ ၊ အမေ မတွေးမိ ဘူးလား ၊ ကိုကောင်းဘော် ကို ကျွန်မတို့ လမ်းဖြတ် လိုက်လျှင် သူသည် ရန်ကုန် က လာသော ရှေ့နေ ကို ငှားပြီး လျှင် ကျွန်မ တို့ အပေါ်မှာ ရှေး က ကတိပျက်မှု နှင့် စွဲလိမ့်မည် ။ နောက် ကို အိမ် ရွေး ပေးထားသော ငွေ များ ကို လည်း ပြန် ၍ တရားစွဲ တောင်းလိမ့်မည် မတွေးမိဘူးလား ”
ပြောပြန်ကာလ အမိ က ပြန်ပြောသည် ကား
“ အိမ် ရွေးပေးသော ငွေ များမှာ မိုက် ၍ ပေးသော ပစ္စည်း ၊ ကြိုက် ၍ ပေးသော ပစ္စည်း များ ပြန် တောင်း၍ မရဟု ငါ ကြားဖူးသည် ။ ကတိပျက်မှု စွဲမည် ဆိုသည် မှာ ညည်း ဘက် က ကတိ ဖျက်လျှင် သူ စွဲဆို နိုင်၏ ။ မှန်သည် သူ့ ဘက် က ပျက်ပြီး သူ မလာဘဲ နေလျှင် သူ စွဲနိုင်ဦးမည်လား ”
ဟု မေးပြန်လျှင်
“ အမေ ဘာ ပြောပါသလဲ ၊ ကိုကောင်းဘော် ဆိုသူ သည် ကျွန်မတို့ က ကတိ ဖျက်၍ မလာ နှင့် ဟု မတား မဆို မချင်း လာ၍ သာ နေလိမ့်မည် ။ အမေ ပြောသော စကား ကို ကျွန်မ နား မလည်ပါ ”
ဆိုလျှင် အမိ က ပြန် ပြောသည် မှာ
“ ရွှေမေ စင်စစ်အားဖြင့် နင် သည် ငါ ထင်ထား သလောက် နင် လိမ္မာ သည် မဟုတ်ပါတကား ။ ငါ ပြောချင် သည်မှာ သည် တောသား အိမ် သို့ မလာအောင် မှာ ကတိ ဖျက်ဖို့ မလို ၊ ငါတို့ က တစ်နည်းနည်း ပြုမူသော် သူ လမ်း ဖြတ်သွားလိမ့်မည် ။ ယခုလို သူ့ လမ်း သူ ဖြတ် ၊ သူ့ ကတိ ကို သူ ဖျက်၍ သွား ပါလျှင် သူ တရား စွဲနိုင်ပါဦးမည်လား ။ သူ လမ်းဖြတ် အောင် ပြုရန်မှာ လည်း ခဲယဉ်းသည် မဟုတ် ။ ငါတို့ အိမ် မှာ ညည်းတို့ တတွေ စုတ် ၍ ပစ် ထားသော ဖိနပ် တွေ အများ ရှိသည် ။ နောင် တစ်ခါ သည် တောသား လာ လျှင် ညည်း က ထို ဖိနပ်စုတ် တစ်ဖက် နှင့် သူ့ ပါး နှစ်ဖက် တစ်ချက် စီ လောက် ခပ် နာနာကလေး ရိုက် လိုက်လျှင် သူ နောက် ကို လာပါဦးမလား တဲ့ သမီး ၊ ညည်း အလိမ္မာသား နဲ့ ၊ မမိုက်ပါနဲ့ သမီးရယ် ”
ဟု ဆိုလျှင် သမီး ကလည်း
“ အမေ ကျွန်မ သည် ဂါရဝတရား စောင့်သိရိုသေ သော သမီး မှန်ပါ၍ မြတ်စွာဘုရား တရားတော် တွင် ဂါရဝေါစ နိဝါတောစ ဟု လာသည် နှင့် လျော်ညီစွာ ကျင့် သဖြင့် အမေ့ စကား ကို ကျွန်မ မတော်လှန်ပါ ၊ ပြန်၍လည်း မငြင်း ပါပြီ ”
ဟု ပြန်ပြော၏ ။
ထို့နောက် တစ်နေ့သ၌ မမေ ၏ ညီမ အထွေးဆုံး ဖြစ်၍ ၁၂ နှစ် ခန့် ရှိသော မလေးငယ် အမည် ရှိသူ ကလေးမ သည် နံနက်ခင်း အချိန်တွင် ကိုကောင်းဘော် နေထိုင်သော အိမ် သို့ သွားရောက်ကာ ကိုကောင်းဘော် ထံ ပြောသည်မှာ
“ အစ်ကိုကြီး ကိုကောင်းဘော် ၊ အစ်ကိုကြီး ထံ မမမေ က စေလွှတ်၍ ကျွန်မ လာခဲ့ရပါသည် ”
ပြောလျှင် ကိုကောင်းဘော် က -
“ ဘာကိစ္စများ ထူးသလဲ”
မေး ကာလ ၊ မလေးငယ် က ကိုကောင်းဘော် ၏ အပါးသို့ ကပ်လျက် ခပ်တိုးတိုးက လေး ပြောသည် မှာ -
“ မမမေ သည် အစ်ကိုကြီး နှင့် ထိမ်းမြားမင်္ဂလာ ပြုရန် နေ့ကောင်း ရက်မြတ် ကို ရွေးရန် နှင့်တကွ ထို မင်္ဂလာအခမ်း အနား အကျွေးအမွေး စသည် အခမ်းအနားများ ကို အစ်ကိုကြီး နှင့် မျက်နှာချင်းဆိုင် တိုင်ပင် လိုသောကြောင့် ကျွန်မ ကို မမမေ က စေလွှတ် လိုက်ပါသည် ။ ယနေ့ ညချမ်းအခါ နေဝင် ရိုးပြောက် ကို အစ်ကိုကြီး ကျွန်မတို့ အိမ် သို့ ကြွရောက်ပါ လျှင် မမေ က ခရီးဦး ကြိုဆို၍ နှစ်ကိုယ်ချင်း တိုင်ပင်ရပါ လိမ့်မည် ”
ဟု ပြောလျှင် ကိုကောင်းဘော် ကလည်း ဝမ်း သာစွာဖြင့် -
“ ကောင်းပြီ ၊ ငါ လာခဲ့မယ် ။ ဘယ်သူမှ မသိစေနှင့် ”
ဟု ပြောလိုက် ဟု ဆို၏ ။
ကိုကောင်းဘော် ဆိုသူ သည် လူစိမ်းလူရိုး ဖြစ်သော ကြောင့် ဝတ်စားတန်ဆာ လှပစွာ ဆင်ယင်ခြင်း စသော အမူအရာများ တွင် ဝါသနာ ပါဝင်သူ မဟုတ် ဟူ၍ လည်းကောင်း ၊ ထို သူ သည် မိမိ ၏ ဆံပင်များကို ဂရုပြု၍ ဖြီးလိမ်း ပြုပြင်လေ့ ရှိသူ မဟုတ် ဟူ၍ လည်းကောင်း အထက်စာပိုဒ် တွင် ပြခဲ့ပြီး ရှိရာ တစ်စုံတစ်ခုသော ညနေချမ်း အခါ တွင် ကို ကောင်းဘော် သည် မမေ အိမ် သို့ မှန်းတန်းလျက် မမေ နှင့် တွေ့ဆုံ၍ မင်္ဂလာဆောင်မည့် အခမ်းအနားများ ကို တိုင်ပင် နှီးနှော ပြောဆိုရန် ကြံရွယ်လျက် လျှောက်သွားသည့် အခါ များတွင် ဝတ်ဆင် ထားပုံများမှာ အထက်ပါ စကားရပ်များ နှင့် များစွာ ဆန့်ကျင် ကွဲလွဲခြင်း ရှိသည်မှာ မိမိ ဆံပင် ကို ချောမွတ် လှစွာသော ယောင်ကြီး ဖြစ်မြောက်အောင် ထုံးပြီး နောက် အနီ ၊ အပြာ ၊ အဝါ ၊ အစိမ်း စသော အရောင်စုံ ပါ ရှိသဖြင့် ကာလသား တို့ စက်တန့်ဆင် ဟု ခေါ်ဝေါ် အပ်သော ပိုးပုဝါ အသစ် ကျပ်ချွတ် တစ်ပိုင် ကို ဖော့လုံး တဲ၍ ခါးဝတ်ပုဆိုးပန်းစင်း ကို ဝတ်ဆင်လျက် ကိုယ် တွင် လည်း စိန်တု ကြယ်သီး ပါသော ရှပ်အင်္ကျီချွေးခံ ကို အောက် က ဝတ် ပြီးနောက် အပေါ်အင်္ကျီ အဖြစ် မှာ တရုတ်အင်္ကျီ မမည် ၊ အင်္ဂလိပ်တိုက်များ က ချုပ်လုပ် ရောင်းချသဖြင့် အင်္ဂလိပ်ကွတ် ခေါ် အင်္ကျီသဏ္ဌာန် ပါသဖြင့် ကာလသား သဘာဝ ဗဒါစာရီ အင်္ကျီ ဟု ခေါ်သော အင်္ကျီ မျိုး အပြာရောင် ကို ဝတ်ဆင် ထား ပြီး သကာလ ဝါးရင်းတုတ်ကောက် ကိုင်လျက် လမ်းလျှောက်၍ သွားရာ နာရီကြိုး လည်း ပါ သဖြင့် ထိုအခါများ တွင် ကိုကောင်းဘော် ကို မည်သူ တစ်စုံတစ်ယောက်ကမျှ အဝတ်အစား ရိုး သည် ဟု ဆိုနိုင်တော့မည်မ ဟုတ် ။
မမေ တို့ အိမ် သို့ ကိုကောင်းဘော် ရောက်သွားသော အခါ နံနက်ခင်း က အကလေးမ မငယ် က ညနေ အစ်ကိုကြီး လာပါလျှင် အစ်ကိုကြီး အား မမမေ မျှော်ခေါ် စောင့်စား နေသည် တွေ့မြင် ရပါလိမ့်မည် ဟု မလေးငယ် ပြောသော စကား အတိုင်း အမှန်သို့ ကျရောက် နေသည်မှာ ကိုကောင်းဘော် ရောက်သွားသော အခါ အခန်းကြီး တစ်ဝက်ခန့် တွင် အထူး ခင်းကျင်းထားရှိသော ကမ္ဗလာကော်ဇောကြီး ၏ အစွန် တွင် မမေ သည် ထိုင်၍ မိမိ ရှေ့တွင် လည်း ငွေဖလား စုံပါသဖြင့် ကွမ်း ၊ ဆေး ၊ ကွမ်းသီး စသည် တို့ နှင့် ပြည့်လျှံ နေသော ကွမ်းအစ် တစ်လုံး ကို တည် ထားကာ ကိုကောင်းဘော် အား “ သည်ကို ကြွပါ ” ဟု ချိုသာသော စကားဖြင့် ခေါ်လျှင် ကိုကောင်းဘော် သည် မမေ ပြရာ နေရာက ထိုင်၏ ။
မမေ နှင့် ကိုကောင်းဘော် ထိုင်ကြသော အခန်း သည် စင်စစ်အားဖြင့် ဧည့်ခန်း မဟုတ်သည့် အရာမှာ ထို အခန်း ၏ ဗဟိုချက်၌ ကန့်လန့်ကာ တစ်ခု ကာရံ ထားရာ ထို အခန်း ကို ထက်ခြမ်း ဝက် မိလျက် ရှိနေသည့် အနက် အိမ် မျက်နှာစာ ဘက် က တစ်ဝက် တွင် ဧည့်ခံ၍ အိမ် ၏ ကျောဘက် က ကန့်လန့်ကာ အတွင်း ၌ ကား မမေ ၏ ညီမများ အိပ် သော အိပ် ရာ ရှိ၏ ။ ထို အခန်း နှစ် ဌာနတွင် ကိုကောင်းဘော် နှင့် မမေ တို့သည် မျက်နှာစာဘက် က တစ်ဝက် တွင် ထိုင်နေကြ ရာ၌ ဆိုခဲ့သည့် အိပ်ရာများ ရှိသော ကန့်လန့်ကာ ဘက် သို့ ကျောပေးလျက် ထိုင် မိ၏ ။
ထိုအခန်း တွင် ထွက်ဝင်ရန် တံခါး နှစ်ပေါက် နှစ်ရပ် ရှိသည့် အနက် တစ်ပေါက် ကား မီးဖို ရေသွန် သို့ ထွက် ပေါက် ဖြစ်၍ ကျန် တစ်ပေါက် ကား အိမ်မျက်နှာစာ ဘက်ရှိ လမ်းမ သို့ ထွက်သော လှေကား တံခါး ပေါက် ဖြစ်၏ ။ ကိုကောင်းဘော် သည် ဆိုခဲ့သည့် ကန့်လန့်ကာ ကို ကျောပေး ၍ ထိုင်မည် အပြုတွင် ကြည့်ရှုလိုက်ရာ ထိုကန့်ကာ တွင်း ၌ လူရိပ်များ မြင် သော်လည်း ဂရု မပြုဘဲ မမေ ဘက် သို့သာ လျှင် မျက်နှာ မူ၍ ထိုင်ကာ စကား ပြောဆို၏ ။
ကိုကောင်းဘော် သည် သည်ကဲ့သို့လျှင် ထိုင် နေ၍ ကွမ်းတစ်ရာ ညက် ခန့်လောက် ကြာလျှင် မိမိ အလို ရှိသည့် စကား ကို မည်သည့် နေရာက အစ ပြုရမည် ကြံစည်လျက် နေသည့်အတွင်း မမေ ၏ ညီမများ အနက် တစ်ယောက် သော မိန်းမ သည် ကိုကောင်းဘော် ၏ ကျောဘက်တွင် တိတ်တဆိတ် ရောက် လာပြီးလျှင် နောက် ကနေ ယောင် ကို ဆွဲပြီး ကာလ နောက်သို့ လှန်ပြန်ကာ နှိမ်ထား၍ ပက်လက် ဖြစ်နေသည့် အတွင်း ကိုကောင်းဘော် က သတိပြု၍ ကြည့်ရှု လိုက်သည်တွင် တစ်ယောက် သော ညီမ က မိမိ ယောင် ကို ဆွဲလျက် နောက် သို့ နှိမ်ထားသည်အတွင်း ခွန် အားဗလ ပေါများသော ညီမ နှစ်ယောက် တို့သည် ကိုကောင်းဘော် ကို နံနက် အခါ ဖိတ်ခေါ်လာသူ အထွေးဆုံး ညီမ မလေးငယ် သည် မိမိ စက်တန့်ဆင် ခေါင်းပေါင်း ကျပ်ချွတ် ကို အဓမ္မ ဆွဲငင် ယူဆောင် ထွက်သွားသည် ကို မြင်လိုက်ရ ရုံမျှ မက မည်သူ မသိ တစ်ယောက် သော ညီမ သည် မိမိ ဝတ်ဆင် ထားသော ကျောက်နီ လက်စွပ် ကို ချွတ် ၍ ယူသည် ကိုလည်း သိ လိုက်ရ၏ ။
သည်ကဲ့သို့ ကိုကောင်းဘော် ကို ညီအစ်မ ခုနစ်ဖော် တို့ ညှဉ်းပန်း နေသည့် အတွင်း မမေ သည် အပါး က ရပ် လျက် ကြည့်ရှုကာသာ နေ၏ ။ ထို့နောက် အမိ မမဲတူ က ဆဲရေးတိုင်းထွာ၍ စေခိုင်းဖန် များသောအခါ ကိုကောင်းဘော် သည် အစ ပထမ ၌ ညီအစ်မ ခုနစ်ဖော် နှင့် အမိ မမဲတူ တို့ ၏ အကြံအစည် တွင် မမေ ပါဝင်ကြောင်း ကို မရိပ်မိ သေးသဖြင့် ငါ့ ကို မမေ ကူညီအံ့ ဟူ ၍ သာလျှင် အောက်မေ့ မျှော်လင့် လျက် နေသောကြောင့် မိမိ အား ရှိသမျှ အား ထုတ်၍ ရုန်းရင်းခြင်း ကို မပြုသေး ရှိနေရာ ယခု အကြံအစည် တွင် မမေ လည်း ပါဝင်ကြောင်း စိတ် ချရလျှင် အားကိုးရာမဲ့ ဖြစ်ချေသောကြောင့် ကယ်ပါကယ်ပါ ဟူ၍ ကျယ်စွာသော အသံ နှင့် အော်ဟစ်ရင်း ရုန်း လိုက်ရာ ကံထောက်မသည့် အခါ မနီးမဝေး ၌ ရှိသော အရပ်အုပ် ဘုရားတကာ အိမ် က ကြား လျှင် ဘုရားတကာ ကိုယ်တိုင် ပြေး ၍ လာမှ ဦးကြွက်နီ ဝင်ရောက် ပြောဆို ကူညီသောကြောင့် ကျွတ်လွတ်ခွင့် ရသဖြင့် ဘုရားတကာ ဦးကြွက်နီ လည်း ကိုကောင်းဘော် ကို သေလောက်သော ဒဏ်ရာ မပါရှိကြောင်း ကြည့်ရှု သိသာပြီး မှ ကိုကောင်းဘော် ကို မိမိ အိမ် သို့ ခေါ်ငင် ယူဆောင်သွား၏ ။
ဘုရားတကာ ဦးကြွက်နီ ဆို သူ သည် ဘုရားတရား မြဲမြံသူ ဖြစ်၍ အရပ်အုပ် အရပ်ခေါင်း အလုပ်ဝတ္တရား ကို ဆောင်ရွက်ရာ၌လည်း တရားဖြောင့်မှန် သာနာညီမျှခြင်း သဘောတရားများ ကို လက်ဆုပ်လက်ကိုင် ထား၍ ဆောင် ရွက်လေ့ ရှိတတ်၏ ။ ထိုသူ ၌ တရား ဖြောင့်မှန်ခြင်း ကို နှစ် သက်သည့် စိတ်သဘော လွန်စွာ အားကြီးလျှင် ကိုယ် နှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်း မရှိသော သူချင်းပင် ဖြစ်ကြစေ ၊ တစ်ဦးသော သူ က အခြား တစ်ဦး သူ့အပေါ်တွင် မတရား ကျင့်ကြံကြောင်း ကို ကိုယ် တိုင် သိမြင်ရလျှင် ဘုရားတကာ ဦးကြွက်နီ သည် မိမိ ကိုယ် ကို ထိခိုက် သက်ရောက်ဘိ သကဲ့ သို့ ပင် မခံမရပ်နိုင်အောင် အမျက် ဒေါသ ဖြစ်တတ်၏ ။
ကိုကောင်းဘော် မမေ တို့ အမှုကိစ္စ ၌ ဘုရားတကာ သည် ကိုကောင်းဘော် ဆိုသူ ကို သိကျွမ်းသည်မှာ ကိုယ့် အလုပ်အကိုင် ကို လုပ်ကိုင် ဆောင်ရွက်ရာတွင် ရံဖန်ရံခါ တွေ့ကြုံဖူးသူ အဖြစ် နှင့် သာလျှင် သိကျွမ်း ဖူးသော်လည်း မမဲတူ နှင့်တကွ သမီး ခုနစ်ဖော်များ ကိုကား မိမိ အိမ်နားနီး ချင်း အဖြစ် နှင့် သိကျွမ်းသူများ ဖြစ်ကြ၏ ။ ကိုယ်တိုင် ပါးယား ၍ အိုး ဖူး ၊ ပျိုး ဖူး သူ ဖြစ်သဖြင့်လည်း မမဲတူ သားအမိ တစ်စုတို့ ၏ အနေအထိုင် အကြံအစည်ကို ရိပ်မိသိနားလည် သည့်အပြင် မည်သည့် အကြောင်းကြောင့် ကိုကောင်းဘော် ကို တမင် ခေါ်ငင်၍ လက်ရောက် ကျူးလွန်ကြသည့် အကြောင်းရင်း ခံ ကိုလည်း တပ်အပ်သေချာစွာ သိနားလည် သူ ဖြစ်ရကား ကိုကောင်းဘော် ဆိုသူ မှာ ရပ်ရွာအတွင်း ၌ မိတ်သင်္ဂဟ အားကိုးအားထား ကင်းသည့် အဖြစ် သက် သက်ကြောင့် ပင် လျှင် ဘုရားတကာ ဦးကြွက်နီ ၏ မေတ္တာ သည် ကိုကောင်းဘော် အပေါ် တွင် သားရင်း ဖြစ်ဘိသကဲ့ သို့ သက်ဝင်ခြင်း ဖြစ်၏ ။
သည်ကဲ့သို့သော အကြောင်းအကျိုးများ အား ဖြင့် ဘုရားတကာ ဦးကြွက်နီ သည် ကိုကောင်းဘော် အပေါ် တွင် သူတစ်ပါး မတရား ကျူးလွန်သည် ကို သိမြင်လျှင် ကိုယ် ပေါ်တွင် ကျူးလွန်ဘိ သကဲ့သို့ ပင် မခံမရပ်နိုင် အမျက် ထွက် လှသောကြောင့် မိမိ မိတ်ဆွေ ဖြစ်သူ အမိန့်တော်ရ ရှေ့နေ တစ်ဦး ထံ ကိုယ်တိုင် သွားရောက် တိုင်ပင် ပြီး နောက် အမှု ကို ရုံးရောက် တင်ပို့စေရန် ထို အမိန့်တော်ရ ထံ အပ်နှံ လိုက်၏ ။
ဆဗ္ဗဒီဝီဇံ ရာဇဝတ် တရားသူကြီးမင်း ထံ တင်သွင်း သော တိုင်လျှောက်ချက် အရ မှာ မမေ ကို ပထမ တရားခံ ၊ ၎င်း အမိ မမဲတူ နှင့် ကျန် သမီး ခြောက်ယောက် တို့ ကို ဒုတိယ ၊ တတိယ စသော ကျန် တရားခံများ အနေ ထား၍ စွပ်စွဲ သော အမှု မှာ ရာဇသတ်ကြီး ပုဒ်မ ၄၅၅ အရ လူတစ် ယောက် ကို ဂုဏ်အသရေ ရှုတ် ချရန် အကြံ နှင့် လက်ရောက် ကျူးလွန်မှု စွပ်စွဲလေသည် ။
အမှုသည် နှစ်ဦး နှစ်ဖက် တို့ သည် မြို့ တွင် ဈေး တွင် ထင်ရှားသူများ ဖြစ်ကြ သဖြင့် ထို အမှု စစ်ဆေးသည် ကို ဂရု ပြုသူများ များကြ သောကြောင့် အမှု ဆိုင် ဆိုရန် နေ့ရက် ကျ ရောက်သော အခါ အမှု စစ်တမ်း စစ်ချက် ကို ကြားနာ လိုသော သူတို့ သည် ရုံးတော်သို့ များမြောက်စွာ လာရောက် ကြ၏ ။ ရုံးတော် တွင် အမှု ဆိုင် ပြိုင်ရသော နံနက်များ ၌ ရုံးတော်သို့ အမှု စကား နာရန် လာရောက်ကြသူ တို့ စည်ကားပေါများသည် မှာ ရုံပွဲများ မျှ မက စည်ကားသည် မှာ ရုံးတော် အပေါ်ထပ် ဆဗ္ဗဒီဝီဇံ နယ်ပိုင် ဝန်ထောက်မင်း ရုံးတော် တွင် အမှု ကို စီရင် သဖြင့် ထို ရုံးခန်း ပြင်ဘက်ရှိ ဝရံတာ လက်ရန်းများ အပေါ် တွင် လည်း ယောက်ျား ကြီးငယ် တို့ သည် နေရာလပ် မကြွင်းမကျန် ရအောင် တက်၍ ထိုင်ကာ နားထောင်ကြ၏ ။
ရုံးတော် အခန်း တွင်း တရားခွင် ၌လည်း အမှုသည် နှစ်ဖက် က ငှားရမ်း တင်မြှောက် ထားသော ပညာရှိ ရှေ့နေ များ လည်း ပညာရည် ၌ လည်းကောင်း ၊ ဦးရေ ၌ လည်းကောင်း နည်းပါးခြင်း မရှိကြသည့် ပြင် မြို့ပေါ်ရှိ ရှေ့နေ အ ပေါင်းတို့ သည် လည်း ကိုယ် နှင့် အကျိုးစီးပွား သက်ဝင်ခြင်း မရှိကြ သော်လည်း ထို နေ့ ၌ အမူ ကို နာ ရအောင် လာရောက် ကြ၏ ။ တရားလို ကိုကောင်းဘော် ဘက် က အမှု ကို ဆောင် ရွက်သည် မှာ အမှု မဖြစ်ပွားမီ သုံးလ လောက် ကပင် ရန်ကုန် မြို့ မှ ရွှေ့ပြောင်း ဆိုက်ရောက် လာသဖြင့် အမည် နာမ ကျော်စောသော ဒုတိယတန်း အမိန့်တော်ရမင်း တစ်ယောက် က ဆောင်ရွက် လိုက်လဲလျှင် တရားခံ မမေ ၊ မမဲတူ နှင့် သမီး ခုနစ်ဖော် တို့ ဘက် က လည်း မြို့ပေါ် တွင် ထင်ပေါ်သော အ မိန့်တော်ရကြီးများ အနက် ပညာရည် အား ဖြင့် ထင်ရှားဆုံး ဖြစ်သော အမိန့်တော်ရကြီး နှစ်ပါး ကို ငှားရမ်း ထုချေ စေ၏ ။
အချိန် စေ့ရောက် အမှု ကို ခေါ်ပြီး၍ အမှုသည် ၊ ရှေ့နေ တို့ စုံညီ ရောက်ရှိကြသော အခါ တရားလို ဘက် အမိန့်တော်ရမင်း က အမှု ကို အစ ချီ လိုက်သည်မှာ အချုပ် အားဖြင့်
လျှောက်ထား ပြဆိုရာ တရားခံ တို့ က တရားလို အပေါ် တွင် လက်ရောက် ကျူးလွန်သည့် နည်း ၊ လက်ရောက် ကျူးလွန် သည့် လက်နက်မျိုးမည် နှင့် တကွ လက်ရောက် ကျူးလွန်ခြင်း ၏ အကြောင်းရင်းခံများပါ မကြွင်းမကျန် ရအောင် ထုတ်ဖော် လျှောက်လဲ ပြဆို ပြီးသည့် အဆုံးတွင် တရားလို ဘက်ပြ သက်သေ နှစ်ဦး တို့ ကို ခေါ်ငင် စစ်ဆေးရာ ၎င်းတို့ က လည်း အမိန့်တော်ရမင်း လျှောက်လဲ ဆိုပြခဲ့သော အတ္ထုပ္ပတ္တိ နှင့် လျော်ညီစွာ ပင် လျှင် ထွက်ဆိုကြ၏ ။ ထိုအခါ တွင် ရာဇဝတ်တရားသူကြီးမင်း က သတိ ပြုမိသည်မှာ ယခု ကဲ့သို့သော အမှုများ တွင် တရားလို ကို ဦးစွာ စစ်ဆေးပြီး မှ သက်သေများ ကို စစ်ဆေးရမြဲ ဖြစ်လျက် တရားလို ကို မစစ် ဆေးရသေးဘဲ သက်သေများ ကို စစ်ဆေးလျက် ရှိသည့် အရာ ကို သတိ ရ မိလျှင် တရားလို ကိုကောင်းဘော် ကို ခေါ် ၍ အစစ် ခံစေ၏ ။ ကိုကောင်းဘော် အစစ် ခံ ဝင်မိ၍ ထုံးစံ အတိုင်း ကျမ်း ကျိန်ဆိုပြီးနောက် ရုံးမင်း က မေး သည်မှာ -
“ ကိုင်း - မောင်ကောင်းဘော် ၊ မမေ က မောင်မင်း ကို ဘာများ ပြုလုပ်သလဲ ၊ ပြောပြစမ်းပါ ”
ဆိုလျှင် ကိုကောင်းဘော် လည်း ရာဇဝတ် တရားသူကြီးမင်း မေး သည် ကို ရုတ်တရက် မဖြေ မဆိုသေးဘဲ တစ်ဖက် က ရပ်လျက် နေသူ တရားခံ မမေ ၏ မျက်နှာ ကို အတန်ငယ် ကြာအောင် စိုက် လျက်ကြည့်နေပြီးမှ ရုံးမင်း က ထပ်မံ ၍ မေး သောကြောင့် ဖြေဆိုသည် ကား -
“ ကျွန်တော် ကျွန်တော် ကျွန်တော်မျိုး ကို မမေ က ကျော ထုပါ သည် ဘုရား ” ဟု ဆိုလျှင် ရာဇဝတ် တရားသူကြီး လည်း ပြုံး တော်မူ၏ ။ သို့သော်လည်း အမှု ကို လာရောက် နားထောင် ကြသော လူ ပရိသတ် အပေါင်း တို့ သည် အံ့ဩသည့် လက္ခဏာ ဖြင့် တိတ်တဆိတ် နေ၍ နားထောင် နေသည့် အတွင်း တရားလို ၏ ရှေ့နေ အမိန့်တော်ရမင်း က ထ၍ လျှောက်ထားသည် မှာ -
“ ရုံးမင်း အရှင်ဘုရား ၊ သည်နေရာ တွင် အနည်းငယ် မျှ လျှောက်ထားရန် ကျွန်တော်မျိုး ကို ခွင့်ပြုတော်မူပါ ဘုရား”
ဟု ဆိုလျှင် ရုံးမင်း က ခွင့်ပေးကာလ ဆက်လက် လျှောက်ထား ပြန်သည်မှာ -
“ ယခု အစစ်ခံချက် တစ်ခွန်း နှစ်ခွန်း မျှ နှင့် ထင်ရှား သည်မှာ ကျွန်တော်မျိုး ၏ အမှုသည် ကိုကောင်းဘော် သည် ယခု အမှု ကို တစ်ဖက် သို့ အနိုင် ပေးလိုသည့် အကြောင်း ကောင်းစွာ ထင်ရှားလျက် ရှိနေသည် တွင် အရှင်ဘုရား ရုံး မင်း ကို ကျွန်တော်မျိုး က သတိ ပြုစေလိုသည်မှာ တရားလို ကိုကောင်းဘော် သည် ယခု အမှု ကို လိုက်လံဆောင်ရွက် စေရန် ကျွန်တော်မျိုး ကို ရှေ့နေ တင်မြှောက်၍ တင်ပြပြီး သာ ကိုယ်စားလှယ် စာ ကို သူ လက်မှတ် ရေးထိုး ပြီးနောက် ထို အမှု ကို သူ တစ်ဦးတည်း ဆိုင်သည် မဟုတ် ၊ ကျွန်တော် မျိုး ရှေ့နေ လည်း အကျိုးကျေးဇူး သက်ဆိုင်သူ ဖြစ်ပါသော ကြောင့် သူ ပြုလိုရာ ပြုပိုင်တော့မည် မဟုတ်ပါ ”
“ သို့ဖြစ်ပါ၍ ယခု အမှုတွင် အကျိုးကျေးဇူး သက်ဝင် သူ ရှေ့နေ ကျွန်တော်မျိုး က လျှောက်ထား လိုက်သည်မှာ တရားလို ၏ အစစ်ခံချက် သည် ပထမ တိုင်လျှောက်ချက် တင်သွင်းစဉ် အခါ က တစ်ကြိမ် အစစ် ခံ၏ ။ အစစ် ခံချက် လည်း ရှိပြီးသည့် ပြင် သက်သေ နှစ်ယောက် တို့ ၏ ထွက် ချက် လည်း ယခု ခံယူရရှိပြီး ဖြစ်ပါသောကြောင့် ယခု အမှု စီရင် ဆုံးဖြတ်ရာတွင် တရားလို ကိုကောင်းဘော် ၏ အလို ဆန္ဒ ကို မလိုက် မစားဘဲ တရား ဖြောင့်မှန်ခြင်း ကို အရင်း ပင်မ ထားပြီးလျှင် ဥပဒေ နှင့် လျော်ညီစွာ ရုံးတော်ရှေ့ သို့ သက်သေခံချက်များ ကို ထောက်ထား၍ စစ်ဆေး စီရင်တော် မူထိုက်ကြောင်း ”
“ ကိုကောင်းဘော် မှာ ယခု အမှု ကို မမေ ၏ ဘက်သို့ အနိုင် ပေးလိုသောဆန္ဒ ရှိသည် မှန်ပါသည် ။ သို့သော်လည်း အမှု ကို ပြေကြေ လိုကြောင်း နှင့် ရုံးထုံးစံ ရှိ၍ ပြေလွှာ တစ်စောင် ကို အသေအချာ ရေးသား၍ ကိုကောင်းဘော် က မတင်မသွင်း သမျှ မှာ ယခု အမှု ကို ဥပဒေ ရှိရာ သာ လျှင် အရှင်ဘုရား က စီရင် ထိုက်ပါကြောင်း ၊ ယခု ရုံးမင်း မျက် မှောက်တော် ၌ ဖြစ်ပျက်သမျှ မှာ မိန်းမတို့ ၏ မျက်စိမျက်ဆံ များ သည် အချို့သော ယောက်ျားများ ၏ စိတ် ကို ပြုပြင်နိုင် သည် ဟူသော ဓမ္မတာတရား ထင်ရှား ဖြစ်ရုံမျှ ရှိပါသည် ”
“ ယခု ရုံးမင်း မျက်မှောက် ၌ ကိုကောင်းဘော် သည် တရားခံ မမေ ၏ မျက်လုံးများ ကို ကွမ်းတစ်ယာခန့် စေ့စေ့ ကြည့်ရှုရုံ မျှနှင့် ကိုကောင်းဘော် ၏ စိတ် ပြောင်းလဲ ပြီးလျှင် သတိ ကို လေ ဝှေ့ခြင်းကြောင့် သည်ကဲ့သို့ ပြောင်းလဲ ထွက် ဆိုခြင်း ဖြစ်သည့် အရာတွင် ကျွန်တော်မျိုး ရှေ့နေ ဖြစ်သူ မှာ ကိုယ့် အမည်နာမ ဂုဏ်အသရေ ကို ကာကွယ် စောင့်ရှောက် ရန် ဝတ္တရား ရှိပါသည့် အတိုင်း ယခု အမှု ကို ကိုကောင်းဘော် ၏ အလို အတိုင်း မဟုတ် ၊ သက်သေခံချက်များ အရ ဥပဒေ ရှိရာ စီရင်တော် မူပါမည့်အကြောင်း လျှောက်ထားပါသည် ဘုရား”
ဟု လျှောက်ထားလဲဆို၏ ။
သည်ကဲ့သို့ လဲလျှောက် ရာ တွင် တရားပိုင်မင်း လည်း ဥပဒေ တရားနည်းလမ်း သက်ရောက်ရာ ပြဆို လဲလျှောက်သည် ကို မလိုက်မနာ ဘဲ မနေပိုင် သဖြင့် ဥပဒေ စည်းကမ်းနည်းလမ်း ပြဆိုသည့် အတိုင်း သက်သေများ ကို ဆက်လက် စစ်ဆေးပြီး နောက် စီရင်ချက် ချပေးသော အခါ တရားခံ အသီးသီးတို့ အပေါ် တွင် ဆိုခဲ့သည့် ပုဒ်မ နှင့် ဒဏ် ငွေ ရိုက်တပ်သည့် အပြင် တရားခံ တို့ ဆောင်သွင်း သော ဒဏ်ငွေများ အနက် အချို့တစ်ဝက် ဖြစ်သော ငွေ ၄၀ ခန့် ကို တရားလို ကိုကောင်းဘော် သို့ လျော်ကြေး အဖြစ် ထုတ်ပေး သနားခြင်း ကို ခံရကာလ တရားလို ကို ကောင်းဘော် လည်း ထို လျော်ကြေး ငွေ ကို လက်ရောက် ရရှိလျှင် မိမိ ၏ ရှေ့နေ အကြံပေးချက် အရ ၎င်း ငွေ ကို ကိုယ်တိုင် သုံးစားခြင်း မပြုဘဲ အလှူဒါန ပြုလုပ်❝ ကိုကောင်းဘော် နှင့် မမေ အမှု ❞
လွန်ခဲ့သော နှစ်ပေါင်း ၁၀ နှစ် ခန့် က တစ်ခုသော မြို့ငယ် တစ်မြို့ ၌ မမဲတူ အမည် ရှိသော မိန်းမကြီး တစ်ဦး ရှိ၏ ။ ထို မိန်းမကြီး ၌ သမီး ခုနစ်ယောက် ရှိသည့် အနက် နှစ်ယောက် သုံးယောက် တို့ သည် အိမ်ထောင် ကျပြီးသူများ ဖြစ်ကြသော်လည်း ၎င်းတို့ ၏ လင်ယောက်ျား သည် ၎င်း တို့ ကို အိုးအိမ် သီးခြား ချထား နိုင်လောက်သော အခြေအနေ ရှိ သူ မဟုတ်ကြရကား ၎င်း သမီး ခုနစ်ယောက် လုံး ပင် အမိ မမဲတူ နှင့် အတူ တစ်အိမ် တည်း စုရုံးကာ နေထိုင် စားသောက် ကြရ၏ ။ ထို သမီး ခုနှစ်ယောက် တို့ အနက် မမေ အမည် ရှိသော ဒုတိယ သမီး မှာ ရုပ်ရည်ရူပကာ အား ဖြင့်
ဖြောင့်မှန် ညီညွတ်သော ကိုယ်လုံး ကိုယ်ပေါက် ရှိသည့် ပြင် ဖြူစင် သန့်ရှင်းသော အသားအရေ နှင့် တကွ ချိုပြုံးသော မျက်နှာပြင် ၊ ချစ်ဖွယ်သော အမူအရာ လည်း ရှိ သူ မှန် ရကား လယ်တောများ တွင် စပါး စိုက်ပျိုးမှု အလုပ်အကိုင်များ သည် စီးပွား ဖြစ်ထွန်းသည် မှန်လျက် မယား သေဆုံးသူ မုဆိုးဖို စပါးကုန်သည် ကိုကောင်းဘော် သည် မမေ ထံ ကြိမ်ဖန်များ စွာ သွားရောက် ဝင်ထွက် ပြု လေ၏ ။
မမေ အမည် ရှိသော မိန်းမ သည် အရွယ် အားဖြင့် ၂၅ နှစ် ကျော် ၍ ၃ဝ ရွယ် မပြည့်မီ သေးသူ ဖြစ် သော်လည်း တစ်ရံရော အခါက ပညာရေးဌာနဘက် က ဆို ၍ ဝန်ထောက် ဟူသော ဘွဲ့ အမည် ကို အခေါ် ခံသော အရာရှိ တစ်ယောက် နှင့် အမှတ်မဲ့ လိုက်စား၍ အိုးအိမ် ထောင် မိပြီးနောက် ထို ဝန်ထောက် အရပ် တစ်ပါး သို့ ပြောင်းရွှေ့ သွားရောက်သော အခါ မခေါ်သွားဘဲ ထားရုံမျှ မက လင်မယား ဝတ္တရား နှင့် လျော်ညီအောင် ပေးကမ်း ထောက်ပံ့ခြင်း ကို မျှ ပင် မပြု လစ် လပ်လျက်နေ၏ ။ သို့ပင် ဖြစ်ငြားသော်လည်း ကိုကောင်းဘော် ထံ တွင် မမေ က သိနားလည် စေသည် မှာ မိမိ သည် ယောက်ျား သနားများ နှင့် တစ်ရံတစ်ခါမျှ မတွေ့ဆုံဖူးသေး သော ကညာစင် အပျိုစင် ဖြစ်သည့် အနေ နှင့် သာ လျှင် ပြော ဆို ပြုမူလျက် နေရာ ကိုကောင်းဘော် ဆိုသူ မှာလည်း ပစ္စည်း အနည်းငယ် ရှိသူ မှန်သော်လည်း လယ်တော ၌ သာ လျှင် နေထိုင် ကြီးပြင်း ခဲ့ရသူ မှန်၍ မယား သေ သောကြောင့် မုဆိုးဖို လူပျို အဖြစ်သို့ ရောက်လျက် နေရကား မိန်းမပျို ထံ ကျရောက်လျှင် လွန်စွာ ရှက်ကြောက် တုန်လှုပ်ခြင်း ဖြစ် တတ်၏ ။ သည်ကဲ့သို့ ရှက်ရွံ့ တုန်လှုပ်ခြင်းသည် မမေ ၏ မျက်မှောက် သို့ ရောက်သော အခါ သာ၍ ပေါများ လှခြင်းကြောင့် မိမိ ပြောဆို လိုသော သုံးခွန်း သော စကားများ ကို မမေ နှင့် မျက်နှာချင်း ဆိုင် ၍ မပြော မဆိုဝံ့ ရှိလေလျှင် ထို စကားများ ကို စာ ဖြင့် ရေးသား၍ မမေ ထံ ပို့စေ၏ ။ သည်ကဲ့ သို့ ပေးပို့သော စာများ ကို စာ ၏ သဘောအတိုင်း နှစ်သက်ကြောင်းများ နှင့် မမေ က စာ ပြန်သော်လည်း ထို စာ များကို မည်သည့် အကြောင်းကြောင့် မသိ အဓိပ္ပာယ် ဝေ့လည်လည် ရှိအောင် တမင် ကြံဆောင် ရေးသား ပေးပို့လေ့ ပြု၏ ။ သည် ကဲ့သို့ ရေးသား ပေးပို့သော စာ များ ကို လည်း ကိုကောင်းဘော် က ကောင်းမွန်စွာ သိမ်းဆည်း၍ ထားလေ့ ပြု၏ ။
ထို အခါလောက် တွင် ထို မြို့၌ ရန်ကုန်မြို့ မှ မကြာမီက ပင် ရွှေ့ပြောင်း လာရောက် နေထိုင်သူ ပွဲစား ကိုလှဖေ ဆို သူ ၌ မယား သေ လျှင် တစ်ပင် လဲ တစ်ပင် ထူ ပြုလိုသော သဘော ဆန္ဒ ရှိသည့် ပြင် အရွယ် လည်း ရ ၊ ဓန လည်း ပေါ ၊ ရုပ် လည်း ချော သူ မှန်သည့် အတိုင်း ထို ကိုလှဖေ သည် မယား သေပြီး နောက် နှစ်လကျော် သုံးလ ခန့် ကြာရှိ လျှင် မိမိ ကိုယ် ကို သန့်ရှင်း စင်ကြယ်ရုံ မျှ မဟုတ် ၊ ဇာတ်ဟန် ကျနအောင် ဝတ်စား ဆင်ယင် ပြီးလျှင် အရပ် ရပ် ကို စေ့နှံ့အောင် လူးလာပြန်ဝှေ့ လျှောက်၍ သွားလာ ပြုသောအခါ မိမိတို့ နေထိုင်သော ရပ်ကွက် တွင် သတင်း ကြေညာ ရောက်လာသည် မှာ ပွဲစားကြီး ကိုလှဖေ သည် အိုးအိမ်ထောင်မဲ့ နေတတ်သူ မဟုတ်ရကား အိုးအိမ်သစ် ထူထောင်မည့် အကြံ နှင့် အထက် မယားကြီး လက်ထက် က ကျန်ရစ်သော စတိရွှေလက်ကောက်များ ကို အသစ် ပြင်၍ တွတ်ကွက်လက်ကောက် ပြုပြင် လုပ်ကိုင်စေ ပြီးလျှင် စိန်နားကပ်ရန်စုံ ( ၁ ) ကို အရန်သင့် ဆောင်ယောင် လျက် မည်သူ နှင့် အိမ်သစ် ထူထောင်ရပါမည်နည်း ဟူသည့် အနေ နှင့် မိန်းမများ ရွေးချယ်ရန် လှည့်လည် ကြည့်ရှုကာ နေကြောင်း နှင့် သတင်း ကြေညာခြင်း ဖြစ်၏ ။
သည်ကဲ့သို့ သတင်း ကြေညာလျက် ရှိနေသည့် အတွင်း ကိုလှဖေ ကိုယ်တိုင် က မမေ ကို မြင်ဖူးသည် ၊ မမြင်ဖူး သည် မှာ မသိနိုင်ပြီ ။ သို့သော်လည်း တစ်ယောက် သော မိန်းမ က မမေ ထံ ပြောဆိုလာသည် မှာ ကိုလှဖေ သည် မမေ ထံ လည်ပတ်ရသော် မတော်လား ၊ မမေ သည် သံယောဇဉ် လွတ်ကင်းသူ ဟုတ် မဟုတ်ကြောင်း များ ကို သူတစ်ပါး ထံ စောဒနာ ခြင်း ပြုလျက် ရှိနေ သောကြောင့် မမေ သည် ရုပ်ရူပကာ နှင့် ပြည့်စုံသူ မှန်သည့်အတိုင်း တောသားကြီး ကို ကောင်းဘော် ကို ယူမည့် အစား ရန်ကုန်မြို့ကြီး သား ကိုလှဖေ ကို ယူ ရသော် သာ၍ မကောင်းပါလား ဟူသော အကြံအစည် ကို ပေးလာလျှင် မမေ လည်း ထို စကား ကို ပြောလာ သော အခါ၌ အလေးဂရု မမှုလေ ဟန် ပြု၍ နေသော်လည်း နောက် တစ်နေ့ တွင် ကိုကောင်းဘော် အိမ် သို့ ရောက်လာ သောအခါ ရှေး က ကဲ့သို့ စိတ်ရော ကိုယ်ပါ လောကဝတ် ပြုခြင်း မရှိ ၊ တစ်ရံတစ်ခါ တွေ့မြင်ခဲ့ဖူးသော ကိုယ့် အောက် ဂုဏ်ရည် ယုတ်လျော့သော သူများ ကို မလွှဲသာ၍ လက်ခံ စကား ပြောရဘိ သကဲ့သို့ သာလျှင် ဧည့်ခံခြင်း ကို ပြု၏ ။
အကြောင်းရင်းခံ ကို စေ့ငုသေချာစွာ ရှာဖွေ ဆင်ခြင် လတ်သည် ရှိသော် ဆိုခဲ့သည့် အတိုင်း မမေ စိတ်သဘောထား နှင့်တကွ ကိုယ် ၏ အမူအရာ ပြောင်းလဲသည့် အရာ များ မှာ မမေ ဆိုသူ မိန်းမ သည် ပုထုဇဉ်မျှ ဖြစ်ရကား လောကသဘာဝတ္တ မျှ ဖြစ်သည် ။
ကိုကောင်းဘော် ဆိုသူ မှာ လယ်တောသား စစ်စစ် ဖြစ်သည့် အတိုင်း အသား မည်းနက်၍ အဝတ်ပုဆိုး ညစ် နွမ်းသည့် ပြင် ကိုယ့် ဦးခေါင်း တွင် ပေါက်လျက် ရှိသော ဆံပင် ကို မျှ တင့်တယ်အောင် မပြုမပြင် တတ်လျက် တစ်လ တစ်ကြိမ် မျှ ဆီ မဝေ့ သော မိမိ ဆံပင် ကို မပြီးမထိုးဘဲ ညစ် နွမ်းသော ပုဝါတစ်ထည် နှင့် သာ လျှင် ထည်လဲ မရှိဘဲ ထွေးလုံး ရစ်ပတ်လျက် ထားလေ့ ပြု၏ ။
ရန်ကုန်သား အစစ် ဖြစ်သူ ကိုလှဖေ ဆိုသူ မှာကား သည်ကဲ့သို့ မဟုတ် ဖြူလတ်သော အသားအရေ တွင် ချိုပြုံး သော မျက်နှာထား ရှိ၍ ပီယဝါစာ သာယာချေငံ သော စကား များ ကို မြွက်ဆိုလေ့ ပြုတတ်သည့်ပြင် တစ်ဖက်သား တို့ ကြင်နာ စေတတ်သော ကိုယ် ၏ အမူအရာ မျှ မက အဝတ် တန်ဆာ ဝတ်ဆင်ရာ၌ လည်း မိန်းမ တို့ အမြင် တွင် တင့်တယ် ရှုချင်စဖွယ် ဖြစ်အောင် ကြံဆောင်၍ သာလျှင် ဆင်ယင်လေ့ ပြုသူ ဖြစ်ရကား အိမ်တွင်း မှ အိမ်ပြင် သို့ ထွက်လျှင် ရှုချင် ဖွယ် ဖြစ်၍ တင့်တယ်သော ပုဆိုးလတ်လတ် ကို ဆင်ယင် ၊ ဖြူစင်သောအင်္ကျီ မှ စ၍ မိမိ ဦးခေါင်း ပြုပြင်ရာ၌လည်း မိမိ ဆံပင် ကို ချောမွတ်လှအောင် ထုံးပြီး နောက် ထို ယောင်ထုံး အောက်ခြေ က ရစ်ပတ် ဆင်ယင် ထားသော ပန်းရောင်ပဝါ ကို ဆင်မြန်း ပုံ မှာ ဆိုခဲ့သည့် ချောမွတ်လှစွာသော ယောင် ၏ နောက်ပိုင်း ကို ပန်းရောင်ပုဝါ တစ်စ ဖြင့် ဖုံးအုပ် မိစေ သော်လည်း ယောင် ၏ မျက်နှာ ကို ရှေ့ဘက် သို့ လှည့်စေသဖြင့် ကပိုကရို ဝိုးတိုးဝါးတား ပေါ်ထွက် စေလျက် ကာလသား တို့ မာဂဓ အားဖြင့် ဝေဘူ ပေါင်းနည်း ခေါ်သော ပေါင်းနည်း မျိုး နှင့် ဆင်မြန်းသော အခါ မမေ ကဲ့သို့ စိတ်နု လျက် နေသော မိန်းမငယ် တို့ သည် အဘယ် မကြည့်ဘဲ နေနိုင်ပါအံ့နည်း ။
အကြောင်းရင်းခံ ဤသို့ ဖြစ်သည် မှန်ရကား ကိုယ် စိတ်လူဆဲမျှ ဖြစ်သော မိန်းမရွယ် မမေ သည် လယ်တောသား ကိုကောင်းဘော် ကို ရှေးက ကဲ့သို့ အိမ်သို့ ပင့်ခေါ် လက်ခံခြင်း မပြု ။ ရပ်တန့်ခြင်းသည် ထူးခြားသည် ဟူ၍ မဆိုသာ ။ ထို မိန်းမ မမေ သည် ထို အခါကာလများ က မိမိ စိတ်သဘော အလျောက် ပြုလုပ်ဝံ့မည် ဖြစ်လျှင် ကိုကောင်းဘော် ကား မိမိ အိမ် သို့ လမ်းဖြတ် စေရန် ပြောဆိုလိမ့်မည် မှန်သော်လည်း စိတ် ရှိတိုင်း ပြု၍ မသင့်လျော်မည့် အကြောင်း ကို မမေ က တွေးတော မိသည် မှာ ကိုကောင်းဘော် ဆိုသော သူသည် လယ်တောသား အစိမ်းအရိုး မှန်သော် လည်း ထူထိုင်းသော သူ မဟုတ် ။ မိမိ မျက်မှောက်တွင် မြင် သမျှသော အစွန်းအစများ ၏ အနက်အဓိပ္ပာယ် ကို အရိပ် နိမိတ် ဖတ်ယူ နိုင်လောက်သော ပါးရည်နပ်ရည် ရှိသူ မှန် သည့် အတိုင်း မကြာမီကပင် မမေ ကိုယ်တိုင် သတင်းစကား နား နှင့် ဆတ်ဆတ် ကြားရသည် မှာ အကယ်၍ မိမိ အပေါ် တွင် မမေ က ကတိ ဖျက်မူ မမေ အပေါ်တွင် ကတိဖျက်မှု တရား စွဲ နိုင်ရန်များကို ရှေ့နေ တစ်ဦး ထံ ကိုကောင်းဘော် ကိုယ်တိုင် သွားရောက် စောဒနာ ရာ တွင် မမေ ထံ က ပေးထား သော မေတ္တာစာများ ကိုပင် ပြသ မေးမြန်းလျက် ရှိနေ ကြောင်းများ နှင့် ကြားသိရသည် တစ်ကြောင်း များကြောင့် ကိုကောင်းဘော် နှင့် ရုတ်တရက် အတိအလင်း လမ်းဖြတ် ရန် မတော် ဟု စဉ်းစားကာ နေ၏ ။
ဤသို့လျှင် ပစ် ရမည်လည်း အဆီ နှင့် ရဲရဲ စားရမည် လည်း သဲ နှင့် ရှပ်ရှပ် ဖြစ်ပျက် နေသောကြောင့် မည်သို့ပြု ကျင့်ရမည်ကို အတွေးရ ကျပ်လျက် စဉ်းစားကာ နေသည့် အတွင်း တစ်နေ့သ၌ ကိုကောင်းဘော် ဝင်ရောက် လာ၍ ပြန် သွားပြီး ခဏတွင် အမိ မမဲတူ သည် သမီး မမေ ရှိရာ အခန်း တွင်း သို့ ဝင်လာ ပြီး လျှင် အာဏာသံ နှင့် ပြောသည် မှာ
“ မိရွှေမေ ညည်း က လိမ္မာလိမ့်မည် ဟု ငါ အောက်မေ့ ထားသည်မှာ ငါ မှားလေပြီ ။ စင်စစ်မှာ ညည်း သည် အလွန် မိုက်လှသည် တကား ။ ညည်း သည် သည် တောသား ငကောင်းဘော် နှင့် ဘယ်အတွက် လမ်း မဖြတ်သေး သည် ငါ့ ကို ဖြေစမ်းပါ ။ ဟို နောက်လူ တစ်ယောက် ဟာ သည် တောသား ထက် အစစ ဆယ်ဆ ဆယ်တံပိုး သာ သည် ကို ညည်း မသိဘူးလား ၊ မမြင်ဘူးလား ”
မေးလျှင် သမီး မမေ ကလည်း -
“ အမေ ကိုကောင်းဘော် ၏ အကြောင်း ကို အမေ ကျွန်မ သိသည်လောက် ကောင်းမွန်စွာ မသိ၍သာ အမေ သည် ကဲ့သို့ ပြောခြင်း ဖြစ်ပါသည် ။ အကယ် သိလျှင် သည်ကဲ့သို့ အမေ ပြောမည် မဟုတ်ပါ ”
ဆိုလျှင် အမိ မမဲတူ က
“ ဘာ ပြောတာလဲ တောသား ငကောင်းဘော် ဟာ ဟို တစ်ယောက် လူ မြို့သား ထက် ချစ်စရာကောင်းတယ် နင် ပြောမယ်လို့လား ”
ဆိုပြန်လျှင် မမေ က-
“ အမေ တစ်ယောက်လူ မြို့သား ဆိုသည် မှာ မည်သူ့ ကို ပြောသလဲ ။ ကိုလှဖေ ကို ပြောသလား ။ ပြောလျှင် ကိုလှဖေ သည် လူ လည်း လာသေး မဟုတ် ၊ စကား လည်း လာ သေးသည် မဟုတ် သည် ကို အမေ သတိ မရဘူးလား ။ နောက်ဆုံး မှာ ဒဏ္ဍာရီ ထဲ က အမဲတုံး အရိပ် ကို မြင်လျှင် ကိုယ့် ခံတွင်း က အမဲတုံး ကို လွှတ် ၍ အရိပ် ကို ဟပ်မိသော ခွေး ကဲ့ သို့ အကျိုးမဲ့ ဖြစ်လိမ့်မည် ”
ဆိုလျှင် အမိ မမတူ က လည်း -
“ ငါ သိသည် ။ မောင်လှဖေ ထံ က လူ လည်း မလာ ၊ စကား မလာ သည် ကိုလည်း ငါ သိသည် ။ နင့် အနား မှာ ဟို တောသား တရစ်သီသီ ပြုနေသမျှမှာ သူ လည်း လာ ဝံ့မည် မဟုတ် ၊ စကား လည်း ကမ်း ဝံ့ မည် မဟုတ်ကြောင်း ငါ သိ သည် ”
ဆိုလျှင် သမီး က လည်း -
“ အမေ ၊ အမေ သည် ဤ အိမ် ကို ရွေးပေးခိုင်းရာတွင် လွယ်ကူစေရန် ကိုကောင်းဘော် ထံ ကျွန်မ ရေးလိုက်ရသော မေတ္တာစာများ ကို အမေ မေ့လျော့နေပြီလား ”
ဟု ပြောရာ
“ ဟုတ်သည် ၊ မှန်သည် ၊ ဘာဖြစ်သလဲ ”
မေး ပြန်လျှင် သမီး က
“ အမေ ၊ အမေ မတွေးမိ ဘူးလား ၊ ကိုကောင်းဘော် ကို ကျွန်မတို့ လမ်းဖြတ် လိုက်လျှင် သူသည် ရန်ကုန် က လာသော ရှေ့နေ ကို ငှားပြီး လျှင် ကျွန်မ တို့ အပေါ်မှာ ရှေး က ကတိပျက်မှု နှင့် စွဲလိမ့်မည် ။ နောက် ကို အိမ် ရွေး ပေးထားသော ငွေ များ ကို လည်း ပြန် ၍ တရားစွဲ တောင်းလိမ့်မည် မတွေးမိဘူးလား ”
ပြောပြန်ကာလ အမိ က ပြန်ပြောသည် ကား
“ အိမ် ရွေး ပေးသော ငွေ များမှာ မိုက် ၍ ပေးသော ပစ္စည်း ၊ ကြိုက် ၍ ပေးသော ပစ္စည်း များ ပြန် တောင်း၍ မရ ဟု ငါ ကြားဖူးသည် ။ ကတိ ပျက်မှု စွဲမည် ဆိုသည် မှာ ညည်း ဘက် က ကတိ ဖျက်လျှင် သူ စွဲဆို နိုင်၏ ။ မှန်သည် သူ့ ဘက် က ပျက်ပြီး သူ မလာဘဲ နေလျှင် သူ စွဲနိုင်ဦးမည်လား ”
ဟု မေးပြန်လျှင်
“ အမေ ဘာ ပြောပါသလဲ ၊ ကိုကောင်းဘော် ဆိုသူ သည် ကျွန်မတို့ က ကတိ ဖျက်၍ မလာ နှင့် ဟု မတား မဆို မချင်း လာ၍ သာ နေလိမ့်မည် ။ အမေ ပြောသော စကား ကို ကျွန်မ နား မလည်ပါ ”
ဆိုလျှင် အမိ က ပြန် ပြောသည် မှာ
“ ရွှေမေ စင်စစ်အားဖြင့် နင် သည် ငါ ထင်ထား သလောက် နင် လိမ္မာ သည် မဟုတ်ပါတကား ။ ငါ ပြောချင် သည်မှာ သည် တောသား အိမ် သို့ မလာအောင် မှာ ကတိ ဖျက်ဖို့ မလို ၊ ငါတို့ က တစ်နည်းနည်း ပြုမူသော် သူ လမ်း ဖြတ်သွားလိမ့်မည် ။ ယခုလို သူ့ လမ်း သူ ဖြတ် ၊ သူ့ ကတိ ကို သူ ဖျက်၍ သွား ပါလျှင် သူ တရား စွဲနိုင်ပါဦးမည်လား ။ သူ လမ်းဖြတ် အောင် ပြုရန်မှာ လည်း ခဲယဉ်းသည် မဟုတ် ။ ငါတို့ အိမ် မှာ ညည်းတို့ တတွေ စုတ် ၍ ပစ် ထားသော ဖိနပ် တွေ အများ ရှိသည် ။ နောင် တစ်ခါ သည် တောသား လာ လျှင် ညည်း က ထို ဖိနပ်စုတ် တစ်ဖက် နှင့် သူ့ ပါး နှစ်ဖက် တစ်ချက် စီ လောက် ခပ် နာနာကလေး ရိုက် လိုက်လျှင် သူ နောက် ကို လာပါဦးမလား တဲ့ သမီး ၊ ညည်း အလိမ္မာသား နဲ့ ၊ မမိုက်ပါနဲ့ သမီးရယ် ”
ဟု ဆိုလျှင် သမီး ကလည်း
“ အမေ ကျွန်မ သည် ဂါရဝတရား စောင့်သိရိုသေ သော သမီး မှန်ပါ၍ မြတ်စွာဘုရား တရားတော် တွင် ဂါရဝေါစ နိဝါတောစ ဟု လာသည် နှင့် လျော်ညီစွာ ကျင့် သဖြင့် အမေ့ စကား ကို ကျွန်မ မတော်လှန်ပါ ၊ ပြန်၍လည်း မငြင်း ပါပြီ ”
ဟု ပြန်ပြော၏ ။
ထို့နောက် တစ်နေ့သ၌ မမေ ၏ ညီမ အထွေးဆုံး ဖြစ်၍ ၁၂ နှစ် ခန့် ရှိသော မလေးငယ် အမည် ရှိသူ ကလေးမ သည် နံနက်ခင်း အချိန် တွင် ကိုကောင်းဘော် နေထိုင်သော အိမ် သို့ သွားရောက်ကာ ကိုကောင်းဘော် ထံ ပြောသည် မှာ
“ အစ်ကိုကြီး ကိုကောင်းဘော် ၊ အစ်ကိုကြီး ထံ မမမေ က စေလွှတ်၍ ကျွန်မ လာခဲ့ရပါသည် ”
ပြောလျှင် ကိုကောင်းဘော် က -
“ ဘာကိစ္စများ ထူးသလဲ”
မေး ကာလ ၊ မလေးငယ် က ကိုကောင်းဘော် ၏ အပါးသို့ ကပ်လျက် ခပ်တိုးတိုးက လေး ပြောသည် မှာ -
“ မမမေ သည် အစ်ကိုကြီး နှင့် ထိမ်းမြားမင်္ဂလာ ပြုရန် နေ့ကောင်း ရက်မြတ် ကို ရွေးရန် နှင့်တကွ ထို မင်္ဂလာအခမ်း အနား အကျွေးအမွေး စသည် အခမ်းအနားများ ကို အစ်ကိုကြီး နှင့် မျက်နှာချင်းဆိုင် တိုင်ပင် လိုသောကြောင့် ကျွန်မ ကို မမမေ က စေလွှတ် လိုက်ပါသည် ။ ယနေ့ ညချမ်းအခါ နေဝင် ရိုးပြောက် ကို အစ်ကိုကြီး ကျွန်မတို့ အိမ် သို့ ကြွရောက်ပါ လျှင် မမေ က ခရီးဦး ကြိုဆို၍ နှစ်ကိုယ်ချင်း တိုင်ပင်ရပါ လိမ့်မည် ”
ဟု ပြောလျှင် ကိုကောင်းဘော် ကလည်း ဝမ်း သာစွာဖြင့် -
“ ကောင်းပြီ ၊ ငါ လာခဲ့မယ် ။ ဘယ်သူမှ မသိစေနှင့် ”
ဟု ပြောလိုက် ဟု ဆို၏ ။
ကိုကောင်းဘော် ဆိုသူ သည် လူစိမ်းလူရိုး ဖြစ်သော ကြောင့် ဝတ်စားတန်ဆာ လှပစွာ ဆင်ယင်ခြင်း စသော အမူအရာများ တွင် ဝါသနာ ပါဝင်သူ မဟုတ် ဟူ၍ လည်းကောင်း ၊ ထို သူ သည် မိမိ ၏ ဆံပင်များကို ဂရုပြု၍ ဖြီးလိမ်း ပြုပြင်လေ့ ရှိသူ မဟုတ် ဟူ၍ လည်းကောင်း အထက်စာပိုဒ် တွင် ပြခဲ့ပြီး ရှိရာ တစ်စုံတစ်ခုသော ညနေချမ်း အခါ တွင် ကိုကောင်းဘော် သည် မမေ အိမ် သို့ မှန်းတန်းလျက် မမေ နှင့် တွေ့ဆုံ၍ မင်္ဂလာဆောင်မည့် အခမ်းအနားများ ကို တိုင်ပင် နှီးနှော ပြောဆိုရန် ကြံရွယ်လျက် လျှောက်သွားသည့် အခါ များတွင် ဝတ်ဆင် ထားပုံများမှာ အထက်ပါ စကားရပ်များ နှင့် များစွာ ဆန့်ကျင် ကွဲလွဲခြင်း ရှိသည်မှာ မိမိ ဆံပင် ကို ချောမွတ် လှစွာသော ယောင်ကြီး ဖြစ်မြောက်အောင် ထုံးပြီး နောက် အနီ ၊ အပြာ ၊ အဝါ ၊ အစိမ်း စသော အရောင်စုံ ပါ ရှိသဖြင့် ကာလသား တို့ စက်တန့်ဆင် ဟု ခေါ်ဝေါ် အပ်သော ပိုးပုဝါ အသစ် ကျပ်ချွတ် တစ်ပိုင် ကို ဖော့လုံး တဲ၍ ခါးဝတ်ပုဆိုးပန်းစင်း ကို ဝတ်ဆင်လျက် ကိုယ် တွင် လည်း စိန်တု ကြယ်သီး ပါသော ရှပ်အင်္ကျီချွေးခံ ကို အောက် က ဝတ် ပြီးနောက် အပေါ်အင်္ကျီ အဖြစ် မှာ တရုတ်အင်္ကျီ မမည် ၊ အင်္ဂလိပ်တိုက်များ က ချုပ်လုပ် ရောင်းချသဖြင့် အင်္ဂလိပ်ကွတ် ခေါ် အင်္ကျီသဏ္ဌာန် ပါသဖြင့် ကာလသား သဘာဝ ဗဒါစာရီ အင်္ကျီ ဟု ခေါ်သော အင်္ကျီ မျိုး အပြာရောင် ကို ဝတ်ဆင် ထား ပြီး သကာလ ဝါးရင်းတုတ်ကောက် ကိုင်လျက် လမ်းလျှောက်၍ သွားရာ နာရီကြိုး လည်း ပါ သဖြင့် ထိုအခါများ တွင် ကိုကောင်းဘော် ကို မည်သူ တစ်စုံတစ်ယောက် က မျှ အဝတ်အစား ရိုး သည် ဟု ဆိုနိုင်တော့မည် မ ဟုတ် ။
မမေ တို့ အိမ် သို့ ကိုကောင်းဘော် ရောက်သွားသော အခါ နံနက်ခင်း က အကလေးမ မငယ် က ညနေ အစ်ကိုကြီး လာပါလျှင် အစ်ကိုကြီး အား မမမေ မျှော်ခေါ် စောင့်စား နေသည် တွေ့မြင် ရပါလိမ့်မည် ဟု မလေးငယ် ပြောသော စကား အတိုင်း အမှန်သို့ ကျရောက် နေသည်မှာ ကိုကောင်းဘော် ရောက်သွားသော အခါ အခန်းကြီး တစ်ဝက်ခန့် တွင် အထူး ခင်းကျင်းထားရှိသော ကမ္ဗလာကော်ဇောကြီး ၏ အစွန် တွင် မမေ သည် ထိုင်၍ မိမိ ရှေ့တွင် လည်း ငွေဖလား စုံပါသဖြင့် ကွမ်း ၊ ဆေး ၊ ကွမ်းသီး စသည် တို့ နှင့် ပြည့်လျှံ နေသော ကွမ်းအစ် တစ်လုံး ကို တည် ထားကာ ကိုကောင်းဘော် အား “ သည်ကို ကြွပါ ” ဟု ချိုသာသော စကား ဖြင့် ခေါ်လျှင် ကိုကောင်းဘော် သည် မမေ ပြရာ နေရာက ထိုင်၏ ။
မမေ နှင့် ကိုကောင်းဘော် ထိုင်ကြသော အခန်း သည် စင်စစ်အားဖြင့် ဧည့်ခန်း မဟုတ်သည့် အရာမှာ ထို အခန်း ၏ ဗဟိုချက်၌ ကန့်လန့်ကာ တစ်ခု ကာရံ ထားရာ ထို အခန်း ကို ထက်ခြမ်း ဝက် မိလျက် ရှိနေသည့် အနက် အိမ် မျက်နှာစာ ဘက် က တစ်ဝက် တွင် ဧည့်ခံ၍ အိမ် ၏ ကျောဘက် က ကန့်လန့်ကာ အတွင်း ၌ ကား မမေ ၏ ညီမများ အိပ် သော အိပ် ရာ ရှိ၏ ။ ထို အခန်း နှစ် ဌာနတွင် ကိုကောင်းဘော် နှင့် မမေ တို့သည် မျက်နှာစာဘက် က တစ်ဝက် တွင် ထိုင်နေကြ ရာ၌ ဆိုခဲ့သည့် အိပ်ရာများ ရှိသော ကန့်လန့်ကာ ဘက် သို့ ကျောပေးလျက် ထိုင် မိ၏ ။
ထိုအခန်း တွင် ထွက်ဝင်ရန် တံခါး နှစ်ပေါက် နှစ်ရပ် ရှိသည့် အနက် တစ်ပေါက် ကား မီးဖို ရေသွန် သို့ ထွက် ပေါက် ဖြစ်၍ ကျန် တစ်ပေါက် ကား အိမ်မျက်နှာစာ ဘက်ရှိ လမ်းမ သို့ ထွက်သော လှေကား တံခါး ပေါက် ဖြစ်၏ ။ ကိုကောင်းဘော် သည် ဆိုခဲ့သည့် ကန့်လန့်ကာ ကို ကျောပေး ၍ ထိုင်မည် အပြုတွင် ကြည့်ရှုလိုက်ရာ ထိုကန့်ကာ တွင်း ၌ လူရိပ်များ မြင် သော်လည်း ဂရု မပြုဘဲ မမေ ဘက် သို့သာ လျှင် မျက်နှာ မူ၍ ထိုင်ကာ စကား ပြောဆို၏ ။
ကိုကောင်းဘော် သည် သည်ကဲ့သို့လျှင် ထိုင် နေ၍ ကွမ်းတစ်ရာ ညက် ခန့်လောက် ကြာလျှင် မိမိ အလို ရှိသည့် စကား ကို မည်သည့် နေရာက အစ ပြုရမည် ကြံစည်လျက် နေသည့်အတွင်း မမေ ၏ ညီမများ အနက် တစ်ယောက် သော မိန်းမ သည် ကိုကောင်းဘော် ၏ ကျောဘက်တွင် တိတ်တဆိတ် ရောက် လာပြီးလျှင် နောက် ကနေ ယောင် ကို ဆွဲပြီး ကာလ နောက်သို့ လှန်ပြန်ကာ နှိမ်ထား၍ ပက်လက် ဖြစ်နေသည့် အတွင်း ကိုကောင်းဘော် က သတိပြု၍ ကြည့်ရှု လိုက်သည်တွင် တစ်ယောက် သော ညီမ က မိမိ ယောင် ကို ဆွဲလျက် နောက် သို့ နှိမ်ထားသည်အတွင်း ခွန် အားဗလ ပေါများသော ညီမ နှစ်ယောက် တို့သည် ကိုကောင်းဘော် ကို နံနက် အခါ ဖိတ်ခေါ်လာသူ အထွေးဆုံး ညီမ မလေးငယ် သည် မိမိ စက်တန့်ဆင် ခေါင်းပေါင်း ကျပ်ချွတ် ကို အဓမ္မ ဆွဲငင် ယူဆောင် ထွက်သွားသည် ကို မြင်လိုက်ရ ရုံမျှ မက မည်သူ မသိ တစ်ယောက် သော ညီမ သည် မိမိ ဝတ်ဆင် ထားသော ကျောက်နီ လက်စွပ် ကို ချွတ် ၍ ယူသည် ကိုလည်း သိ လိုက်ရ၏ ။
သည်ကဲ့သို့ ကိုကောင်းဘော် ကို ညီအစ်မ ခုနစ်ဖော် တို့ ညှဉ်းပန်း နေသည့် အတွင်း မမေ သည် အပါး က ရပ် လျက် ကြည့်ရှုကာသာ နေ၏ ။ ထို့နောက် အမိ မမဲတူ က ဆဲရေး တိုင်းထွာ၍ စေခိုင်းဖန် များသောအခါ ကိုကောင်းဘော် သည် အစ ပထမ ၌ ညီအစ်မ ခုနစ်ဖော် နှင့် အမိ မမဲတူ တို့ ၏ အကြံအစည် တွင် မမေ ပါဝင်ကြောင်း ကို မရိပ်မိ သေး သဖြင့် ငါ့ ကို မမေ ကူညီအံ့ ဟူ ၍ သာလျှင် အောက်မေ့ မျှော်လင့် လျက် နေသောကြောင့် မိမိ အား ရှိသမျှ အား ထုတ်၍ ရုန်းရင်းခြင်း ကို မပြုသေး ရှိနေရာ ယခု အကြံအစည် တွင် မမေ လည်း ပါဝင်ကြောင်း စိတ် ချရလျှင် အားကိုးရာမဲ့ ဖြစ်ချေသောကြောင့် ကယ်ပါကယ်ပါ ဟူ၍ ကျယ်စွာသော အသံ နှင့် အော်ဟစ်ရင်း ရုန်း လိုက်ရာ ကံထောက်မသည့် အခါ မနီးမဝေး ၌ ရှိသော အရပ်အုပ် ဘုရားတကာ အိမ် က ကြား လျှင် ဘုရားတကာ ကိုယ်တိုင် ပြေး ၍ လာမှ ဦးကြွက်နီ ဝင်ရောက် ပြောဆို ကူညီသောကြောင့် ကျွတ်လွတ်ခွင့် ရသဖြင့် ဘုရားတကာ ဦးကြွက်နီ လည်း ကိုကောင်းဘော် ကို သေလောက်သော ဒဏ်ရာ မပါရှိကြောင်း ကြည့်ရှု သိသာပြီး မှ ကိုကောင်းဘော် ကို မိမိ အိမ် သို့ ခေါ်ငင် ယူဆောင်သွား၏ ။
ဘုရားတကာ ဦးကြွက်နီ ဆို သူ သည် ဘုရားတရား မြဲမြံသူ ဖြစ်၍ အရပ်အုပ် အရပ်ခေါင်း အလုပ်ဝတ္တရား ကို ဆောင်ရွက်ရာ၌လည်း တရားဖြောင့်မှန် သာနာညီမျှခြင်း သဘောတရားများ ကို လက်ဆုပ်လက်ကိုင် ထား၍ ဆောင် ရွက်လေ့ ရှိတတ်၏ ။ ထိုသူ ၌ တရား ဖြောင့်မှန်ခြင်း ကို နှစ် သက်သည့် စိတ်သဘော လွန်စွာ အားကြီးလျှင် ကိုယ် နှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်း မရှိသော သူချင်းပင် ဖြစ်ကြစေ ၊ တစ်ဦးသော သူ က အခြား တစ်ဦး သူ့အပေါ် တွင် မတရား ကျင့်ကြံကြောင်း ကို ကိုယ်တိုင် သိမြင်ရလျှင် ဘုရားတကာ ဦးကြွက်နီ သည် မိမိ ကိုယ် ကို ထိခိုက် သက်ရောက်ဘိ သကဲ့ သို့ ပင် မခံမရပ်နိုင်အောင် အမျက် ဒေါသ ဖြစ်တတ်၏ ။
ကိုကောင်းဘော် မမေ တို့ အမှုကိစ္စ ၌ ဘုရားတကာ သည် ကိုကောင်းဘော် ဆိုသူ ကို သိကျွမ်းသည် မှာ ကိုယ့် အလုပ်အကိုင် ကို လုပ်ကိုင် ဆောင်ရွက်ရာတွင် ရံဖန်ရံခါ တွေ့ကြုံဖူးသူ အဖြစ် နှင့် သာလျှင် သိကျွမ်း ဖူးသော်လည်း မမဲတူ နှင့်တကွ သမီး ခုနစ်ဖော်များ ကိုကား မိမိ အိမ်နားနီး ချင်း အဖြစ် နှင့် သိကျွမ်းသူများ ဖြစ်ကြ၏ ။ ကိုယ်တိုင် ပါးယား ၍ အိုး ဖူး ၊ ပျိုး ဖူး သူ ဖြစ် သဖြင့် လည်း မမဲတူ သားအမိ တစ်စု တို့ ၏ အနေအထိုင် အကြံအစည် ကို ရိပ်မိသိနားလည် သည့်အပြင် မည်သည့် အကြောင်းကြောင့် ကိုကောင်းဘော် ကို တမင် ခေါ်ငင်၍ လက်ရောက် ကျူးလွန်ကြသည့် အကြောင်းရင်း ခံ ကို လည်း တပ်အပ် သေချာစွာ သိနားလည် သူ ဖြစ်ရကား ကိုကောင်းဘော် ဆိုသူ မှာ ရပ်ရွာအတွင်း ၌ မိတ်သင်္ဂဟ အားကိုးအားထား ကင်းသည့် အဖြစ် သက် သက်ကြောင့် ပင် လျှင် ဘုရားတကာ ဦးကြွက်နီ ၏ မေတ္တာ သည် ကိုကောင်းဘော် အပေါ် တွင် သားရင်း ဖြစ်ဘိသကဲ့ သို့ သက်ဝင်ခြင်း ဖြစ်၏ ။
သည်ကဲ့သို့သော အကြောင်းအကျိုးများ အား ဖြင့် ဘုရားတကာ ဦးကြွက်နီ သည် ကိုကောင်းဘော် အပေါ် တွင် သူတစ်ပါး မတရား ကျူးလွန်သည် ကို သိမြင်လျှင် ကိုယ် ပေါ်တွင် ကျူးလွန်ဘိ သကဲ့သို့ ပင် မခံမရပ်နိုင် အမျက် ထွက် လှသောကြောင့် မိမိ မိတ်ဆွေ ဖြစ်သူ အမိန့်တော်ရ ရှေ့နေ တစ်ဦး ထံ ကိုယ်တိုင် သွားရောက် တိုင်ပင် ပြီး နောက် အမှု ကို ရုံးရောက် တင်ပို့စေရန် ထို အမိန့်တော်ရ ထံ အပ်နှံ လိုက်၏ ။
ဆဗ္ဗဒီဝီဇံ ရာဇဝတ် တရားသူကြီးမင်း ထံ တင်သွင်း သော တိုင်လျှောက်ချက် အရ မှာ မမေ ကို ပထမ တရားခံ ၊ ၎င်း အမိ မမဲတူ နှင့် ကျန် သမီး ခြောက်ယောက် တို့ ကို ဒုတိယ ၊ တတိယ စသော ကျန် တရားခံများ အနေ ထား၍ စွပ်စွဲ သော အမှု မှာ ရာဇသတ်ကြီး ပုဒ်မ ၄၅၅ အရ လူတစ် ယောက် ကို ဂုဏ်အသရေ ရှုတ် ချရန် အကြံ နှင့် လက်ရောက် ကျူးလွန်မှု စွပ်စွဲလေသည် ။
အမှုသည် နှစ်ဦး နှစ်ဖက် တို့ သည် မြို့ တွင် ဈေး တွင် ထင်ရှားသူများ ဖြစ်ကြ သဖြင့် ထို အမှု စစ်ဆေးသည် ကို ဂရု ပြုသူများ များကြ သောကြောင့် အမှု ဆိုင် ဆိုရန် နေ့ရက် ကျ ရောက်သော အခါ အမှု စစ်တမ်း စစ်ချက် ကို ကြားနာ လိုသော သူတို့ သည် ရုံးတော်သို့ များမြောက်စွာ လာရောက် ကြ၏ ။ ရုံးတော် တွင် အမှု ဆိုင် ပြိုင်ရသော နံနက်များ ၌ ရုံးတော်သို့ အမှု စကား နာရန် လာရောက်ကြသူ တို့ စည်ကားပေါများသည် မှာ ရုံပွဲများ မျှ မက စည်ကားသည် မှာ ရုံးတော် အပေါ်ထပ် ဆဗ္ဗဒီဝီဇံ နယ်ပိုင် ဝန်ထောက်မင်း ရုံးတော် တွင် အမှု ကို စီရင် သဖြင့် ထို ရုံးခန်း ပြင်ဘက်ရှိ ဝရံတာ လက်ရန်းများ အပေါ် တွင် လည်း ယောက်ျား ကြီးငယ် တို့ သည် နေရာလပ် မကြွင်းမကျန် ရအောင် တက်၍ ထိုင်ကာ နားထောင်ကြ၏ ။
ရုံးတော် အခန်း တွင်း တရားခွင် ၌လည်း အမှုသည် နှစ်ဖက် က ငှားရမ်း တင်မြှောက် ထားသော ပညာရှိ ရှေ့နေ များ လည်း ပညာရည် ၌ လည်းကောင်း ၊ ဦးရေ ၌ လည်းကောင်း နည်းပါးခြင်း မရှိကြသည့် ပြင် မြို့ပေါ်ရှိ ရှေ့နေ အ ပေါင်းတို့ သည် လည်း ကိုယ် နှင့် အကျိုးစီးပွား သက်ဝင်ခြင်း မရှိကြ သော်လည်း ထို နေ့ ၌ အမူ ကို နာ ရအောင် လာရောက် ကြ၏ ။ တရားလို ကိုကောင်းဘော် ဘက် က အမှု ကို ဆောင် ရွက်သည် မှာ အမှု မဖြစ်ပွားမီ သုံးလ လောက် ကပင် ရန်ကုန် မြို့ မှ ရွှေ့ပြောင်း ဆိုက်ရောက် လာသဖြင့် အမည် နာမ ကျော်စောသော ဒုတိယတန်း အမိန့်တော်ရမင်း တစ်ယောက် က ဆောင်ရွက် လိုက်လဲလျှင် တရားခံ မမေ ၊ မမဲတူ နှင့် သမီး ခုနစ်ဖော် တို့ ဘက် က လည်း မြို့ပေါ် တွင် ထင်ပေါ်သော အ မိန့်တော်ရကြီးများ အနက် ပညာရည် အား ဖြင့် ထင်ရှားဆုံး ဖြစ်သော အမိန့်တော်ရကြီး နှစ်ပါး ကို ငှားရမ်း ထုချေ စေ၏ ။
အချိန် စေ့ရောက် အမှု ကို ခေါ်ပြီး၍ အမှုသည် ၊ ရှေ့နေ တို့ စုံညီ ရောက်ရှိကြသော အခါ တရားလို ဘက် အမိန့်တော်ရမင်း က အမှု ကို အစ ချီ လိုက်သည်မှာ အချုပ် အားဖြင့်
လျှောက်ထား ပြဆိုရာ တရားခံ တို့ က တရားလို အပေါ် တွင် လက်ရောက် ကျူးလွန်သည့် နည်း ၊ လက်ရောက် ကျူးလွန် သည့် လက်နက်မျိုးမည် နှင့် တကွ လက်ရောက် ကျူးလွန်ခြင်း ၏ အကြောင်းရင်းခံများပါ မကြွင်းမကျန် ရအောင် ထုတ်ဖော် လျှောက်လဲ ပြဆို ပြီးသည့် အဆုံးတွင် တရားလို ဘက်ပြ သက်သေ နှစ်ဦး တို့ ကို ခေါ်ငင် စစ်ဆေးရာ ၎င်းတို့ က လည်း အမိန့်တော်ရမင်း လျှောက်လဲ ဆိုပြခဲ့သော အတ္ထုပ္ပတ္တိ နှင့် လျော်ညီစွာ ပင် လျှင် ထွက်ဆိုကြ၏ ။ ထိုအခါ တွင် ရာဇဝတ်တရားသူကြီးမင်း က သတိ ပြုမိသည်မှာ ယခု ကဲ့သို့သော အမှုများ တွင် တရားလို ကို ဦးစွာ စစ်ဆေးပြီး မှ သက်သေများ ကို စစ်ဆေးရမြဲ ဖြစ်လျက် တရားလို ကို မစစ် ဆေးရသေးဘဲ သက်သေများ ကို စစ်ဆေးလျက် ရှိသည့် အရာ ကို သတိ ရ မိလျှင် တရားလို ကိုကောင်းဘော် ကို ခေါ် ၍ အစစ် ခံစေ၏ ။ ကိုကောင်းဘော် အစစ် ခံ ဝင်မိ၍ ထုံးစံ အတိုင်း ကျမ်း ကျိန်ဆိုပြီးနောက် ရုံးမင်း က မေး သည်မှာ -
“ ကိုင်း - မောင်ကောင်းဘော် ၊ မမေ က မောင်မင်း ကို ဘာများ ပြုလုပ်သလဲ ၊ ပြောပြစမ်းပါ ”
ဆိုလျှင် ကိုကောင်းဘော် လည်း ရာဇဝတ် တရားသူကြီးမင်း မေး သည် ကို ရုတ်တရက် မဖြေ မဆိုသေးဘဲ တစ်ဖက် က ရပ်လျက် နေသူ တရားခံ မမေ ၏ မျက်နှာ ကို အတန်ငယ် ကြာအောင် စိုက် လျက်ကြည့်နေပြီးမှ ရုံးမင်း က ထပ်မံ ၍ မေး သောကြောင့် ဖြေဆိုသည် ကား -
“ ကျွန်တော် ကျွန်တော် ကျွန်တော်မျိုး ကို မမေ က ကျော ထုပါ သည် ဘုရား ” ဟု ဆိုလျှင် ရာဇဝတ် တရားသူကြီး လည်း ပြုံး တော်မူ၏ ။ သို့သော်လည်း အမှု ကို လာရောက် နားထောင် ကြသော လူ ပရိသတ် အပေါင်း တို့ သည် အံ့ဩသည့် လက္ခဏာ ဖြင့် တိတ်တဆိတ် နေ၍ နားထောင် နေသည့် အတွင်း တရားလို ၏ ရှေ့နေ အမိန့်တော်ရမင်း က ထ၍ လျှောက်ထားသည် မှာ -
“ ရုံးမင်း အရှင်ဘုရား ၊ သည်နေရာ တွင် အနည်းငယ် မျှ လျှောက်ထားရန် ကျွန်တော်မျိုး ကို ခွင့်ပြုတော်မူပါ ဘုရား”
ဟု ဆိုလျှင် ရုံးမင်း က ခွင့်ပေးကာလ ဆက်လက် လျှောက်ထား ပြန်သည်မှာ -
“ ယခု အစစ်ခံချက် တစ်ခွန်း နှစ်ခွန်း မျှ နှင့် ထင်ရှား သည်မှာ ကျွန်တော်မျိုး ၏ အမှုသည် ကိုကောင်းဘော် သည် ယခု အမှု ကို တစ်ဖက် သို့ အနိုင် ပေးလိုသည့် အကြောင်း ကောင်းစွာ ထင်ရှားလျက် ရှိနေသည် တွင် အရှင်ဘုရား ရုံး မင်း ကို ကျွန်တော်မျိုး က သတိ ပြုစေလိုသည် မှာ တရားလို ကိုကောင်းဘော် သည် ယခု အမှု ကို လိုက်လံဆောင်ရွက် စေရန် ကျွန်တော်မျိုး ကို ရှေ့နေ တင်မြှောက်၍ တင်ပြပြီး သာ ကိုယ်စားလှယ် စာ ကို သူ လက်မှတ် ရေးထိုး ပြီးနောက် ထို အမှု ကို သူ တစ်ဦးတည်း ဆိုင်သည် မဟုတ် ၊ ကျွန်တော် မျိုး ရှေ့နေ လည်း အကျိုးကျေးဇူး သက်ဆိုင်သူ ဖြစ်ပါသော ကြောင့် သူ ပြုလိုရာ ပြုပိုင်တော့မည် မဟုတ်ပါ ”
“ သို့ဖြစ်ပါ၍ ယခု အမှုတွင် အကျိုးကျေးဇူး သက်ဝင် သူ ရှေ့နေ ကျွန်တော်မျိုး က လျှောက်ထား လိုက်သည်မှာ တရားလို ၏ အစစ်ခံချက် သည် ပထမ တိုင်လျှောက်ချက် တင်သွင်းစဉ် အခါ က တစ်ကြိမ် အစစ် ခံ၏ ။ အစစ် ခံချက် လည်း ရှိပြီးသည့် ပြင် သက်သေ နှစ်ယောက် တို့ ၏ ထွက် ချက် လည်း ယခု ခံယူရရှိပြီး ဖြစ်ပါသောကြောင့် ယခု အမှု စီရင် ဆုံးဖြတ်ရာတွင် တရားလို ကိုကောင်းဘော် ၏ အလို ဆန္ဒ ကို မလိုက် မစားဘဲ တရား ဖြောင့်မှန်ခြင်း ကို အရင်း ပင်မ ထားပြီးလျှင် ဥပဒေ နှင့် လျော်ညီစွာ ရုံးတော်ရှေ့ သို့ သက်သေခံချက်များ ကို ထောက်ထား၍ စစ်ဆေး စီရင်တော် မူထိုက်ကြောင်း ”
“ ကိုကောင်းဘော် မှာ ယခု အမှု ကို မမေ ၏ ဘက်သို့ အနိုင် ပေးလိုသောဆန္ဒ ရှိသည် မှန်ပါသည် ။ သို့သော်လည်း အမှု ကို ပြေကြေ လိုကြောင်း နှင့် ရုံးထုံးစံ ရှိ၍ ပြေလွှာ တစ်စောင် ကို အသေအချာ ရေးသား၍ ကိုကောင်းဘော် က မတင်မသွင်း သမျှ မှာ ယခု အမှု ကို ဥပဒေ ရှိရာ သာ လျှင် အရှင်ဘုရား က စီရင် ထိုက်ပါကြောင်း ၊ ယခု ရုံးမင်း မျက် မှောက်တော် ၌ ဖြစ်ပျက်သမျှ မှာ မိန်းမတို့ ၏ မျက်စိမျက်ဆံ များ သည် အချို့သော ယောက်ျားများ ၏ စိတ် ကို ပြုပြင်နိုင် သည် ဟူသော ဓမ္မတာတရား ထင်ရှား ဖြစ်ရုံမျှ ရှိပါသည် ”
“ ယခု ရုံးမင်း မျက်မှောက် ၌ ကိုကောင်းဘော် သည် တရားခံ မမေ ၏ မျက်လုံးများ ကို ကွမ်းတစ်ယာခန့် စေ့စေ့ ကြည့်ရှုရုံ မျှနှင့် ကိုကောင်းဘော် ၏ စိတ် ပြောင်းလဲ ပြီးလျှင် သတိ ကို လေ ဝှေ့ခြင်းကြောင့် သည်ကဲ့သို့ ပြောင်းလဲ ထွက် ဆိုခြင်း ဖြစ်သည့် အရာတွင် ကျွန်တော်မျိုး ရှေ့နေ ဖြစ်သူ မှာ ကိုယ့် အမည်နာမ ဂုဏ်အသရေ ကို ကာကွယ် စောင့်ရှောက် ရန် ဝတ္တရား ရှိပါသည့် အတိုင်း ယခု အမှု ကို ကိုကောင်းဘော် ၏ အလို အတိုင်း မဟုတ် ၊ သက်သေခံချက်များ အရ ဥပဒေ ရှိရာ စီရင်တော် မူပါမည့်အကြောင်း လျှောက်ထားပါသည် ဘုရား ”
ဟု လျှောက်ထားလဲဆို၏ ။
သည်ကဲ့သို့ လဲလျှောက် ရာ တွင် တရားပိုင်မင်း လည်း ဥပဒေ တရားနည်းလမ်း သက်ရောက်ရာ ပြဆို လဲလျှောက်သည် ကို မလိုက်မနာ ဘဲ မနေပိုင် သဖြင့် ဥပဒေ စည်းကမ်းနည်းလမ်း ပြဆိုသည့် အတိုင်း သက်သေများ ကို ဆက်လက် စစ်ဆေးပြီး နောက် စီရင်ချက် ချပေးသော အခါ တရားခံ အသီးသီးတို့ အပေါ် တွင် ဆိုခဲ့သည့် ပုဒ်မ နှင့် ဒဏ် ငွေ ရိုက်တပ်သည့် အပြင် တရားခံ တို့ ဆောင်သွင်း သော ဒဏ်ငွေများ အနက် အချို့တစ်ဝက် ဖြစ်သော ငွေ ၄၀ ခန့် ကို တရားလို ကိုကောင်းဘော် သို့ လျော်ကြေး အဖြစ် ထုတ်ပေး သနားခြင်း ကို ခံရကာလ တရားလို ကို ကောင်းဘော် လည်း ထို လျော်ကြေး ငွေ ကို လက်ရောက် ရရှိ လျှင် မိမိ ၏ ရှေ့နေ အကြံပေးချက် အရ ၎င်း ငွေ ကို ကိုယ်တိုင် သုံးစားခြင်း မပြုဘဲ အလှူဒါန ပြုလုပ်ရာတွင် ထည့်သွင်း လှူဒါန်း လိုက်၏ ။
◾ဂျိမ်းလှကျော်
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၈
၁၉၄၈ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.ရာတွင် ထည့်သွင်း လှူဒါန်း လိုက်၏ ။
◾ဂျိမ်းလှကျော်
📖 ရှုမဝ မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၈
၁၉၄၈ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment