❝ အဆာဟိ ကရာတေး ❞
ကရာတေး ဆိုရင် အုတ်ခဲတွေ အထပ်လိုက် ကြီး ကို လက်ဝါးစောင်း နဲ့ ခုတ်ခွဲ နေတဲ့ စိတ်ကြမ်း လူကြမ်း ၊ တုတ်တုတ်ခိုင်ခိုင် မျက်နှာကြော တင်းတင်း လူကြီး နဲ့ တွဲပြီး မြင်ရလေ့ ရှိတယ် ။
အဆာဟိ ကရာတေး အသင်း နည်းပြချုပ် ဆရာဦးကျော်ညွန့် ( ယခု အသက် ၆၈ နှစ် ) က မျက်နှာထား သိမ်မွေ့ နူးညံ့တယ် ။ သူ့ သင်တန်းသားတွေ ကို အသတ် အပုတ် ထက် စာရိတ္တ မြင့်မားရေး ကို ပိုပြီး အလေးပေး သင်ပြ ပေးတာ တွေ့ရတယ် ။
ဆရာ ဦးကျော်ညွန့် ဟာ မန္တလေးမြို့ မျက်နှာဖုံး သူဌေး ၊ အနုပညာ ကို မြတ်နိုး လိုက်စားလို့ လူသိ ထင်ရှားတဲ့ ဒါးတန်း ဦးသန့် ရဲ့ သား ဖြစ်တယ် ။ အနုပညာရှင် ဖခင် ဒါးတန်း ဦးသန့် ရဲ့ သား က သိုင်း ၊ ဘောက်ဆင် ကရာတေး လိုက်စားပြီး အဆာဟိ အသင်း ကို တည်ထောင်တယ် ၊ ကရာတေးအသင်း က ကာယ စွမ်းရည် ထက် စိတ်ဓာတ် စွမ်းရည် မြင့်မားရေး ကို ဦးစားပေး တာ စိတ်ဝင်စားစရာ ဖြစ် နေတယ် ။
ဆရာဦးကျော်ညွန့် ကို တွေ့ ဖို့ မန္တလေးမြို့လယ် ဒါးတန်းဝင်း ထဲ ကို ဝင် သွားတော့ သင်တန်းသားတွေ ကရာတေး ကစား နေ ကြတယ် ။ သူတို့ ချင်း ကစား နေပုံ က ယှဉ်ပြိုင် သ,တ်ပုတ် နေတာ နဲ့ မတူဘဲ သိမ်မွေ့စွာ ကပြ နေတာ နဲ့ ပိုတူတယ် ။ ဝင်း က အကျယ်ကြီး ၊ မန်ကျည်းပင်ရိပ် က အေးမြ လို့ ။ တက်သစ်စ နေ လို့ အဓိပ္ပာယ် ရ တဲ့ အဆာဟိ ကို ပုံဖော် တဲ့ အသင်းတံဆိပ် နေဝန်းနီ အောက် မှာ သည် အသင်း ကို အတူတူ ထူထောင်ခဲ့ပြီး နှစ်ပေါင်း လေးဆယ် လောက် လက်တွဲ လာခဲ့တဲ့ ဆရာ ဦးကျော်ညွန့် နဲ့ ဦးရစ်ချဒ် တို့ က လူငယ်တွေ ကို ကရာတေး သင်ပြ ပေး နေတယ် ။
“ ကရာတေး ရဲ့ အဓိက မျှော်မှန်းချက် က နိုင်ဖို့ ၊ ရှုံးဖို့ မဟုတ်ဘူး ၊ အကျင့်စာရိတ္တ ပြည့်ဝ ကောင်းမွန်ဖို့ ဖြစ်တယ် ” ဆိုတဲ့ ကရာတေး ဆရာကြီး ဂီချင်ဖူနာခိုရီ ရဲ့ ဆောင်ပုဒ် က ကစားကွင်း ထိပ် မှာ ထီးထီးမားမား ရှိ နေတယ် ။
••••• ••••• •••••
ကျွန်တော် ငယ်ငယ် ကတည်း က ကိုယ်ခံ ပညာတွေ ကို စိတ်ဝင်စား တာ ၊ ကိုယ်ခံ ပညာ နဲ့ ပဲ မျက်စိ တစ်ဖက် ပျက် ခဲ့ရတာ ။
၁၄ နှစ်သား မှာ ဆရာကြီး ကျားဘညိမ်း ရဲ့ ရွှေကျားကလပ် မှာ လက်ဝှေ့ကျော် ရဲတင့် ၊ ရဲချစ် ၊ ရဲဆွေ တို့ နဲ့ အတူ boxing ( အင်္ဂလိပ်လက်ဝှေ့ ) သင်ခဲ့တာ ။ နောက် ၁၅ နှစ်သား မှာ မြန်မာ့ရိုးရာ သိုင်းပညာ ကို ကျောက်ဆည်မြို့ ၊ မင်္ဂလာညွှန့် ဆန်စက် မှာ မေဆရာကြီး ဦးဘစိန် ဆီ က သင်ယူတယ် ။
လူတွေ မှာ false confidence ( လွဲမှား အားကိုး ယုံကြည်မှု ) တွေ ရှိကြတယ် ။ သိုင်းပညာ နှစ်လ နဲ့ ဘာ တတ်မှာလဲ ၊ အခြေခံပညာ တော့ တတ် မှာပေါ့ ။ ကိုယ့် ကိုယ် ကိုယ် သိပ် အထင်ကြီး သွားပြီး ဆရာ ခိုင်း တဲ့ အတိုင်း ဝါးတံမြက်စည်းရိုး ကို လှံတံ လုပ် ပြီး လှမ်း ပစ်တာ ကို ခြေရှေ့ တစ်ကွက် လှမ်း တက် ပြီး လက် နဲ့ ဖမ်း ဖယ်တာ လုပ်တယ် ။ ကံကောင်း လို့ မသေတယ် ။ မျက်လုံး ကွဲ ထွက် သွားတာ ။ ဒါပေမယ့် စိတ် မလျှော့ဘူး ။ ဆယ်နှစ် တိတိ မြန်မာ့ရိုးရာ သိုင်းပညာ ကို လေ့လာ လိုက်စား လေ့ကျင့်တယ် ။ နောက်တော့ ခေတ်ပေါ် ဖြစ်ပြီး ရေပန်း လည်း စား တဲ့ ကရာတေး ပညာ ကို စနစ်တကျ ဇောက်ချ ဆည်းပူး လေ့ကျင့်တယ် ။
ကျွန်တော်တို့ ကရာတေး လေ့ကျင့်တာ က စာအုပ် ကြည့် ပြီး လုပ်တာ ၊ နောက် ၁၆ မီလီမီတာ home movie ( အိမ်ကြည့် ရုပ်ရှင်ပြစက် ) ကလေး နဲ့ ကစားကွက်တွေ ကြည့်ပြီး ကျင့်ကြတာ ။
ဖေဖေတို့ က မန္တလေးမြို့ မျက်နှာဖုံး သူဌေးကြီး ပဲ ။ ၁၉၅၈ ခုနှစ် မှာ စိန့်ပီတာ ကျောင်း က မက်ထရစ် အောင်တယ် ။ မန္တလေး တက္ကသိုလ် မှာ တတိယနှစ် အထိ ပညာ သင်ပြီး ၊ ၁၉၆၂ ခုနှစ် မှာ ရန်ကုန် တက္ကသိုလ် ကို သွား တက်ပြီး ဘီအေဘွဲ့ ယူ တယ် ။ ပြောရရင် တော့ ငယ်ရွယ်သူ ရဲ့ ဘဝအတွေး ပေါ့ ။ စိတ်ဝင်စား စရာ ကလေးမလေး က ရန်ကုန် မှာ ရှိတာ နဲ့ ရန်ကုန် တက္ကသိုလ် သွား တက်တာ ။ ဖေဖေ က ကျွန်တော်တို့ ကို ထား နည်း က လွတ်လွတ်လပ်လပ် စဉ်းစား ဆုံးဖြတ် စေတဲ့ နည်း ။
မှတ်မိသေးတယ် ။ ကျွန်တော် ရန်ကုန် တက္ကသိုလ် မှာ ကျောင်း တက် ရင်း ဖိုင်နယ်ရီးယား မှာ စိတ် က ဖောက်ပြန် လာပြီး ကျောင်း ဆက် မနေချင်တော့ဘူး ဗျာ ။ ပြန်လာချင်တယ် လို့ ဖေဖေ့ ဆီ စာ ရေးဖူးတယ် ။ ဖေဖေ က ဘယ်လောက် ကောင်း သလဲ ဆိုတော့ မင်း ကို မထွက် နဲ့ မပြောဘူး ။ ဒါပေမဲ့ မင်း ဘွဲ့ မရဘဲ ပြန် လာရင် အလုပ် လုပ်ရဲ တဲ့ သတ္တိ ရှိ မှ ပြန်လာခဲ့ ။ ငါ့ အနေ နဲ့ ကတော့ ဘွဲ့ကလေး တော့ ရအောင် ယူစေချင်တယ် တဲ့ ။ စိတ် ဆိုတာ က လည်း တစ်ခဏ ပဲ ကိုး ။ ကျွန်တော် လည်း ဘွဲ့ ရအောင် ဆက် တက် ဖြစ်တယ် ။
ဘွဲ့ရ ပြီးတော့ ရန်ကုန် မှာ ဆက်နေ ချင်တာ နဲ့ ကျောင်း ဆရာ ဝင် လုပ် တယ် ။ ကျွန်တော် က စာ သင် ချင်တာ ။ ဒါပေမဲ့ အပိုကလေးတွေ လုပ် ရတာ လည်း ရှိတော့ ကျွန်တော့် စိတ် နဲ့ မကိုက်တာ နဲ့ အလုပ် က ထွက် လိုက်ပြီး မန္တလေး ပြန်လာတယ် ။ ငယ်ငယ် ကတည်း က ကျောင်း နေဖက် သူငယ်ချင်း ဆရာရစ်ချဒ် နဲ့ တွဲပြီး အဆာဟိ ကရာတေးကလပ် ဖွင့် ကြတယ် ။ တစ်ဖက် မှာ တော့ ကလေးတွေ ကို အင်္ဂလိပ်စာ အလွတ်ပညာ သင် တဲ့ အလုပ် လုပ် တယ်ပေါ့ ။ ၁၉၆၉ ခုနှစ် က စ ဖွင့်ခဲ့တာ ဆိုတော့ အခု ဆိုရင် ၃၇ နှစ် ရှိ သွားပြီ ။
ဆရာ ရစ်ချဒ် နဲ့ ကျွန်တော် တို့ ဟာ ဒါလောက် ကာလ အရှည်အကြာကြီး နေခဲ့ ကြပြီး တစ်ခါမျှ ကတောက်ကဆ မဖြစ်ခဲ့ကြ ဖူးဘူး ။ ညီအစ်ကို လို နေခဲ့ကြ တာ ။ မှတ်မှတ်ရရ သဘောချင်း မတိုက်ဆိုင် တာ တစ်ခါပဲ ဖြစ်ဖူးတယ် ။ ကလေး တစ်ယောက် ကို အပြစ် ပေးဖို့ ကိစ္စ မှာ သဘောချင်း မတိုက်ဆိုင်ဘူး ။ ဒါပေမယ့် တစ်ယောက် နဲ့ တစ်ယောက် ညှိနှိုင်း နိုင်တယ် ။ တစ်ဦး နဲ့ တစ်ဦး ချက်ချင်း တောင်းပန် တယ် ။
ခေါင်းဆောင် နှစ်ယောက် ၊ ရာထူး တူသူ နှစ်ယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် လိုတိုး ပိုလျှော့ နားလည်မှု ထားကြလို့ တည်မြဲတာ ။ ကျွန်တော်သူ့ ကို ခုခံပြီး တစ်ခါမျှ မတွေးဖူးဘူး ။
ကျွန်တော်တို့ အသင်း က စာရိတ္တ မြင့်မားရေး ကို သာ အဓိက ထားတာ ။ ကရာတေး က ကာယ နဲ့ ဆိုင်တဲ့ ပညာ ။ သင်တန်းသား လူငယ်တွေ ရောက်လာကြ တုန်း က တော့ ဒေးဗစ်ချန်း တို့ ၊ တီလုန်း တို့ ကြည့်ပြီး ကနေ့ သင် သန်ဘက်ခါ တစ်ရပ်လုံး နဲ့ ရိုက်လို့ နိုင်ပြီ ထင် ထားတာ ။ သူတို့ စိတ်ဓာတ် ကို တဖြည်းဖြည်း ချင်း ပြောင်းလဲ ပေး တယ် ။ ရုပ်ရှင် ထဲ သာ နိုင်တာ ။ အပြင် မှာ နှစ်ယောက် တစ်ယောက် ချရင် သေမှာပေါ့ ။ အတုမြင် အတတ်သင် ဆိုတဲ့ အတိုင်းပဲ ။ ကလေးတွေ က အဆာဟိ မှာ အနေ ကြာလာတော့ အသိုင်းအဝိုင်း ကြောင့် လိမ္မာ ယဉ်ကျေး သွားတယ် ။
၂၈ လမ်း မှာ သားရေအိတ် ချုပ်တဲ့ ဦးစိန် ဆိုတာ ရှိတယ် ။ သူ့ သား ကိုကြင်စိန် က အဆာဟိ သင်တန်းသား ။ တစ်နေ့ တော့ အိုဂျီ ဆရာဝန်ကြီး ဦးစိုးမြင့် က အိတ် ပြင် ချင်လို့ ဦးစိန် ဆီ အသွား ၊ သား က ဖအေ ကို ရိုရိုသေသေ ဆက်ဆံ နေတာ မြင်တော့ သည်ခေတ် နဲ့ သည်အရွယ် သည်ကောင် လုပ်နေပုံ ထူးခြားပါတယ် ဆိုပြီး မေးတော့ အဆာဟိ မှာ ကရာတေး ကစားပါတယ် လို့ ကိုကြင်စိန် က ပြော ပြတယ် ။ ဆရာဝန်ကြီး က သူ့ သား အငယ် ကို အပ်ပါရစေလို့ အဆာဟိ ကို ရောက် လာတယ် ။
ကျွန်တော်တို့ အသင်း မှာ တပည့် က ဆရာ ကို ကြောက် ၊ ချစ် ၊ ရိုသေ ဖြစ် ရ တယ် ။ ဒါပေမဲ့ တပည့် က ဆရာ့ အားနည်းချက် ချွတ်ယွင်းချက် ကို လည်း မြင်တတ် ရတယ် ။ ကျွန်တော် က ဆရာ တို့ ခေါင်းဆောင် တို့ ကို မျက်စိ ဇွတ် မှိတ်ပြီး blind ကိုးကွယ် ယုံကြည်တာ ကို မုန်းတယ် ။ မင်းတို့ ငါ့ အားနည်းချက် ကို လည်း မြင်နိုင် ရမယ် လို့ ပြော ထားတယ် ။
ကျွန်တော်တို့ က ကရာတေး ပညာ ကို စာအုပ် ၊ ရုပ်ရှင်တွေ က ရပြီး လေ့ကျင့် ကြတာ ။ အမေရိကန် က ကရာတေးသမား တစ်ယောက် လာ ဖူးတယ် ။ ဂလင် တဲ့ ။ သူ့ ကို ကစား ပြ လိုက်တယ် ။ သူ က ကြည့်ပြီး မင်း တို့ ဂျပန် ကို ဘယ်လို သွားကျင့် သလဲ မေးတယ် ။ ကျွန်တော် တို့ က လည်း မလိမ်ဘူး ။ ဂျပန် မရောက်ဖူးပါဘူး ။ စာအုပ် နဲ့ အမြင် နဲ့ ပဲ လေ့ကျင့် သင်ယူရတာပါ လို့ ။ ဂျပန် ဆရာတွေ တို့ ကစား တာ မြင် ရရင် ဘယ်လို ထင်မြင်ချက်ပေး မှာ လဲ မေးတော့ They will be completly suprise လုံးဝ အံ့ဩ သွားလိမ့်မယ် လို့ ပြန် ဖြေပါတယ် ။
တစ်ခါက သိုင်းဆရာ တစ်ယောက် ရောက် လာတယ် ။ ကရာတေး ကို ကိုယ့် ထက် သာရင် တပည့် ခံချင်လို့ ပါ ။ စော်ကားတာ မဟုတ်ဘူး တဲ့ ။ ဆရာ ကျွန်တော် နဲ့ ကစား ပေးပါ တဲ့ ။ တကယ်တော့ ဒါ challenge ပဲ ၊ ယဉ်ယဉ် ကျေးကျေး စိန်ခေါ်တာ ပဲ ။ ဒါနဲ့ ကျွန်တော် က ပြောပါတယ် ။ လိမ္မော်သီး ကြိုက်တဲ့ လူ က လိမ္မော်သီး ၊ ပန်းသီး ကြိုက်တဲ့လူ က ပန်းသီး ၊ ပန်းသီး နဲ့ လိမ္မော်သီး ဘယ်ဟာ သာ သလဲမေးရင် မဖြစ်နိုင်ဘူး ။ ပြိုင်ချင်ရင် လိမ္မော်သီး ချင်း ပြိုင် ၊ ချင်းတောင် လိမ္မော်သီး က ဘယ်လို ၊ အောင်ပန်း က ချိုတယ် ။ ဒါမျိုး ။ ကရာတေး နဲ့ သိုင်း လည်း မယှဉ်သင့်ဘူး ။ ကျွန်တော်လည်း သိုင်း ကစားဖူး ပါတယ် ။ သိပ် ကောင်းပါတယ် လို့ ရန် နည်းအောင် ပြောတယ် ။
သူ က သစ္စာ ကြီး လိုက်ပုံ က မစမ်းရ ရင် ကျွန်တော် မပြန်ဘူး တဲ့ ။ ကျွန်တော် က လည်း အဆာဟိ ဖွင့်ခါစ အသက် က သုံးဆယ် ကျော် ၊ တကယ်တော့ သ,တ်လို့ ကောင်းတဲ့ အရွယ် ။ ဒါပေမဲ့ ကျွန်တော့် မှာ ဒေါသ မရှိဘူး ။ သူ နဲ့ ရန်ဖြစ် မှာ မဟုတ်ဘူး ။ ဒါနဲ့ ကစားတာပေါ့ လို့ လက်ခံ လိုက်တယ် ။
ဘိုးဘွားပိုင် တိုက်ပျက်ကြီး အလယ် မှာ တို့ကနန်း ဆိတ်ကနန်း ကစား လိုက် တယ် ။ မြန်မာ့လက်ဝှေ့ မှာ ပါး တို့ ၊ နား တို့ ခေါ်တာပေါ့ ။ ကိုယ့် လည်း မထိ သူ့ လည်း မထိအောင် ပေါ့ ။ သူ့ ထိ သွားလို့ ရှက်ဒေါသ ဖြစ်လာရင် မကောင်းဘူး လေ ။ တစ်မိနစ် လောက် ကစား ပြီးတော့ ကဲ မြင်တယ် မဟုတ်လား ။ ဆရာ့ လည်း ကျွန်တော် မလုပ်နိုင် ၊ ကျွန်တော့် လည်း ဆရာ မလုပ်နိုင်ဘူး လို့ ပြောတော့ မှ သူ ကျေနပ် သွားတယ် ။
ကရာတေးပညာ ကို ကိုယ် ဝါသနာ ပါတဲ့ ပညာ မို့ ဖြန့်ချင်တာ ။ စာရိတ္တ မြင့်မားမှု အတွက် သည် ပညာ က အထောက်အကူ ပြုတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment