Saturday, December 9, 2023

ဪ ... သူကိုး

❝ ဪ ... သူကိုး ❞

မြို့သစ် ဆိုသည် မှာ စီးပွားရေး လုပ်ငန်းပေါင်းစုံ တို့ ၏ ဈေးကွက်သစ် ရှာရာ နေရာ ဖြစ်ပါသည် ။ ဆေးကြော်ငြာ သည့် ကား လည်း လာသည် ။ ဗေဒင် ဟောစာတန်း ရောင်းသည့် ကား လည်းလာသည် ။ စတိုးဆိုင်များ အတွက် ကုမ္ပဏီ အသီးသီး မှ ပစ္စည်း ဖြန့်သည့် ကား များ လည်း လာသည် ။ တစ်ခါ တစ်ခါ အရောင်း မြှင့်တင်သည့် ကားများ သုံးလေးစီး လောက် ဈေးထောင့် မှာ ဆုံနေ တတ်သည် ။ ထိုအခါမျိုး မှာ နား ထဲ ဝင်လာ သမျှ အသံပေါင်းစုံ ကို အဓိပ္ပါယ် ရှိရှိ နားလည် နိုင်ရန် အတော် ကြိုးစား ရသည် ။

“ ဘယ်လောက်ပဲ သွေးတိုးတိုး အီလန် ဆပ်ပြာမှုန့် ကို သုံးပါ သွားတွေ ကို ခိုင်မာစေပြီး မလိုင် အပြည့် ပါ ပါတယ် ။ ဆယ်နှစ် တိတိ နာ နေတဲ့ ဒူး ဖြူစင် သန့်ရှင်းပြီး မနံ တော့ဘူး ဆိုတာ ယုံပါ ။ အဆိုတော် မေဆွိ နဲ့ အတူ အချစ်တိုး ဖို့ က ”

သို့နှယ် သို့နှယ် ရောထွေး နေသော အသံများ ကို နားငြီး သည် ဟု မထင်ဘဲ ဈေးထောင့် လက်ဖက်ရည်ဆိုင် မှာ ထိုင် ကာ စိတ်ဝင်စားစွာ နားထောင် နေသူများ ရှိပါသည် ။ သူတို့ မှာ ဦးပေတလူ ၊ ဦးသာဝ  ၊ ဦးစံဗျာ နှင့် ဘ တို့ ပင်တည်း ။ သူတို့ အားလုံး မှာ အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ဝန်းကျင် အရွယ်များ ဖြစ်ပါသည် ။ ဦးပေတလူ နှင့် ဦးစံဗျော သည် လူရွှင်တော်ကြီးများ ဖြစ်သည် ။ ယခုထိ ခြေကောက် ခေါ် လျှင် လိုက် က တုန်း ။ ဦးသာဝ နှင့် ဘ မှာ ပျော်ပျော် နေတတ်သော ငယ် သူငယ်ချင်းများ ဖြစ်သည် ။ မြို့သစ် ရောက်ကာ မှ တစ်ရပ်ကွက် တည်း အတူ နေရင်း အနေ ကြာ တော့ ခင် သွားကြခြင်း ဖြစ်ပါသည် ။

“ စံဗျော ”

“ ဘာလဲ ”

“ မင်း သွေး တိုး ရင် အီလန် သုံး ကြည့်ပါလား ”

ဦးစံဗျော က ဦးပေတလူ ကို မျက်စောင်း ထိုး ကြည့်သည် ။

ဘ က ဦးသာဝ ကို လက် တို့ ကာ -

“ သာဝ ”

“ ငါ ဒူးမနာဘူး ”

“ ဟို သွားတိုက်ဆေး ကြော်ငြာ တဲ့ ကား ဆီ သွားစမ်း ။ မင်း လာ ကြော်ငြာ တာ နှစ် သုံးဆယ် လောက် နောက်ကျ သွား တယ်လို့ ငါတို့ နဲ့ အံမဝင်တာ ချည်း ပဲ ပြန်စို့ကွာ ”

ကြော်ငြာများ ကို နားထောင်ရုံ သာ မဟုတ် ။ ဤသို့လည်း ပေါက်တတ်ကရ ပြောလေ့ ရှိသေးသည် ။ သူတို့ လက်ဖက်ရည် ဆိုင် က ပြန် လာတော့ ရပ်ကွက် လမ်းထိပ် မှာ အရောင်းမြှင့် တင်ရေး ကားကြီး တစ်စီး နှင့် ဆုံ နေ ပြန်သေးသည် ။ ဘ တို့ သည် လျှောက် လာရင်း ကား အနီး တွင် ရပ်ကာ အကဲခတ် နေလိုက်သည် ။ ကား ပေါ် တွင် အဘွားကြီး တစ်ဦး အမျိုးသမီးငယ် တစ်ဦး အပြင် ယာဉ်မောင်း နှင့် စပယ်ယာ ဟု ယူဆ ရသော အမျိုးသား နှစ်ဦး ပါသည် ။ အမျိုးသား တစ်ဦး က စကား ပြောခွက် ကို ကောက် ကိုင်ကာ

“ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီ ညီမလေးများ ခင်ဗျား ”

ဦးသာဝ က ဘ ကို လက် တို့ ကာ

“ ဘာလဲကွ ”

ဘ က

“ သူ့ အမျိုးတွေ အော်ခေါ် နေတာပဲ ကိုစံဗျော ”

“ ဗျာ ”

“ ခင်ဗျား နဲ့ များ အမျိုး တော် နေသလား ။ သေသေချာချာ ကြည့်ပါဦး ”

“ မတော်ပါဘူး ဗျ ၊ ဟိုနေ့ က ဟိုဘက် ရပ်ကွက် ထဲ ဒီ ကားကြီး တွေ့ခဲ့သေးတယ် ”

“ အင်း သေချာပြီ အိမ် မသိလို့ တစ်လမ်းဝင် တစ်လမ်း ထွက် လိုက်ရှာ နေတာ နေမှာ ”

ဖွားစွာ သည် ကား နောက်မြီး ရှိ စားပွဲ ပေါ် မှ စာရွက် စာတန်းများ ကို နေရာ ချထား နေရာ မှ ဘတို့ အဖွဲ့အား မျက်စောင်း ထိုး ကြည့် လိုက်သည် ။ စကားပြောခွက် ကိုင် ထား သူ က နောက်တစ်ကြော့ အော် လိုက်ပြန်သည် ။

“ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ”

သို့သော် ဆုံးအောင် မပြော လိုက်ရ ။ စကားပြောခွက် ကို ဆွဲ ယူရင်း -

“ မင်း က လေ ကို ရှည်တယ် ။ ဟိုမယ် ဘာတုန်းလို့ သိချင်တဲ့ လူတွေ က စောင့်ကြည့် နေပြီ ။ ပေး ငါ့ ဟာ ငါ့ ပဲ ပြောတော့မယ် ”

ဖွားစွာ က စကားပြောခွက် ကို ပါးစပ်နား ကပ် ကာ ချောင်း ဟန့် လိုက်သည် ။

“ အဟမ်း .. အဟမ်း ”

ဘ က လက် နောက်ပစ် ၍ ရပ်ကြည့် နေရာမှ ဦးစံဗျော ဘက် သို့ ခေါင်း ကို တိမ်း ကာ -

“ ကိုယ့် ရောဂါ လူ သိအောင်လို့ ကွာ ”

“ ဆေး လိုချင်လို့ နေမှာပေါ့ ။ မင်း ဆီ လျက်ဆား ပါတယ် မဟုတ်လား သွား ပေး လိုက်ပါ ”

ဖွားစွာ သည် ဒုတိယ အကြိမ် ဘတို့ အဖွဲ့ အား မျက်စောင်း ထိုး ကြည့်လိုက်ပြန်သည် ။ ပြီးမှ

“ မြို့သစ်သူ မြို့သစ်သားများ အမြင် ကြည်လင်ဖို့ ထင်ထင်ရှားရှား မြင်နိုင်ဖို့ ကျွန်မ တို့ တာဝန် ယူပါရစေလား ရှင် ”

ဦးပေတလူ မျက်နှာ က ပြုံး သွားကာ

“ သွား ကြည့်ရအောင် ထင်ထင်ရှားရှား မြင်ရမယ် တဲ့ ”

ထိုစဉ် ဦးလူလေး က သူ့ တူလေး ကို တွဲကာ ဘတို့ ဘေး မှ ဖြတ် ပြီး ကား နောက်မြီး ဆီ သို့ ရောက် သွားသည် ။

“ မျက်စိ စမ်းသပ်တဲ့ ကား လား ”

“ ဟုတ်ပါတယ် ”

“ စမ်းသပ်ချင်လို့ ”

“ နာမည် ပြော ”

ဖွားစွာ က ရေးမှတ် ရန် အသင့် ပြင်လိုက်သည် ။

ဦးလူလေး က

“ ငယ်ငယ်တုန်း က တော့ ကျွန်တော့် ကို မိဘတွေ က လူလေး လို့ ခေါ် တာပဲ ”

“ ခု ခေါ်တဲ့ နာမည် ပဲ ပြောပေါ့ ”

“ ဟုတ်ကဲ့ လူလေး ပါ ပဲ ဦးလူလေး ပေါ့ ”

ဖွားစွာ က မျက်နှာ က မအီမလည် ဖြစ်သွားသည် ။

“ မျက်စိ က ဘယ်လို အခြေအနေ ရှိသလဲ ”

“ မွေး ကတည်း မမြင်တာ ပါ ”

“ အို ဒါဆို ဆေးရုံ သွား ပြမှပေါ့ ။ ကျွန်မတို့ က မျက်စိ မှုန် တဲ့ သူတွေ အတွက် မျက်မှန် လုပ်ပေးတဲ့ ကား ရှင့် ”

“ ဪ .. ဪ .. ဪ ”

ဦးလူလေး က လှည့် ပြန် သွားသည် ။ ဘတို့ အဖွဲ့ က ကား နောက် သို့ သွား ရပ် လိုက်ကြ၏ ။

“ မျက်စိ မှုန် လို့လား ”

“ ဟုတ်ကဲ့ အစ်ကိုကြီး ”

“ ဘာ အစ်ကိုကြီး လဲ ကျွန်မ မိန်းမ ရှင့် ”

ကားတွင်း မှ မိန်းမငယ် နှင့် အမျိုးသားများ မျက်နှာ က ပြုံးစိစိ ဖြစ် သွားသည် ။

“ ဆောရီး ဆောရီး ဟုတ်ကဲ့ မိန်းမ ” 

“ အို မိန်းမ လို့ မခေါ်ပါနဲ့ ”

ဖွားစွာ က အော် လိုက်သည် ။ ဦးပေတလူ က

“ ဒါဖြင့် ဘယ်လို ခေါ်ရမလဲ ”

ဖွားစွာ က ပြန် မဖြေနိုင်မီ ဘ တို့ အဖွဲ့ က

“ မ လို့ ခေါ်ကွာ ”

“ မမ ဆိုတာ က ပို ကောင်း တယ်ကွ ”

“  ဒီမယ် လို့ ခေါ်လည်း ရတာပဲ ”

ဖွားစွာ ၏ မျက်နှာ ပေါ် မှာ ဒေါသရိပ် လွှမ်း သွားသည် ။

“ ဟွန်း ဘယ်လို ဟာတွေ မှန်း မသိဘူး ”

“ မျက်စိ မှုန် လို့ မှား ခေါ်တာပဲ အစ်မ ရယ် ”

“ အို တောင်းပန်တိုင်း ကျေနပ်ရမှာလား တရားသာ စွဲလိုက် ”

ဘ က နောက် နား မှ အော် ပေး ပြန်သည် ။ ထိုစဉ် ကလေးမ က ဖွားစွာ နား သို့ ကပ်လာပြီး

“ ကဲ - ဖွားရယ် နာမည် မေး စာရင်း မှတ် သာ လုပ် လိုက်ပါ ”

ဦးပေတလူ က -

“ ဟုတ်ပါတယ် ကလေးမ ပြော တာ မှန်ပါတယ် ။ ဟဲ့ နင့် လက်မောင်း ပေါ် တက် နေတဲ့ ပုရွက်ဆိတ်လေး ခါ ပစ် လိုက်ဦး ဟင်း ပုရွတ်ဆိတ် ညာဘက် ခြေထောက် က ကျိုး နေ သေးတယ် ”

ဖွားစွာ က မျက်မှောင် ကုပ် လိုက်ပြီး -

“ ဒါလား မျက်စိ မှုန် တာ ”

“ အနီးမှုန် ကွ အနီးမှုန် မင်း သာ မမြင် ရတာ တာဝတိံသာ က နတ်သမီး သနပ်ခါး လိမ်း နေတာ တောင် မြင်ရ သေးတယ် ။ စံဗျော မင်း တို့ ရော မြင်တယ် မဟုတ်လား ”

“ မြင်သားပဲ သုဇိတာ ကွ ”

ဘ ကလည်း မော့ ကြည့် လိုက် ကာ

“ ညိုချောလေး ”

ဦးသာဝ က ဘ ပုခုံး ကို ပုတ်လိုက်ပြီး

“ ဘ သိသိသာသာကြီး မော့ မကြည့်နဲ့ လေ သိကြားမင်း မြင် ရင် စိတ်ဆိုး နေ လိမ့်မယ် ”

ဦးသာဝ က စကား အဆုံး မှာ ဖွားစွာ ဘက် လှည့် လိုက်ပြီး

“ ကျုပ်တို့ အဖွဲ့ က တကယ့် ကို အဝေးမှုန် တွေ ပါ ဗျာ ။ ပွဲ ကြည့်ပြီ ဆိုရင် ကို ပဲ အဝေးကြီး က ကြည့်ရတာပါ ။ မင်းသမီး က များ ကျွန်မ ချစ်သူ က ပွဲ လာ ကြည့်တယ် ရှင့် ဆိုရင် လေ ကျုပ်တို့ မှာ ပုန်းလိုက် ကွယ်လိုက် ရတာ ”

“ ဟုတ်ပါ့ လူတွေ သိ ကုန်တော့မှာ ပဲ ဆိုပြီး ”

“ ဟီဟိ ရှက်လိုက်တာ ”

“ ဒီမယ် ဒါ အရောင်းအဝယ် လုပ်တဲ့ နေရာ တော် တို့ ဟီးကျော ထ ဖို့ နေရာ မဟုတ်ဘူး ”

ဖွားစွာ က အော် လိုက်သည် ။ ဘ က လည်း ပြန် အော်၏ ။

“ မင်း အဲသလို မပြောပါနဲ့ ကွာ တို့ က ဝယ် မလို့ လာ တာပဲ ”

ဦးသာဝ က လက်ကာ ထား လိုက်ပြီး -

“ ကဲ - ကဲ တော်ပြီ ။ လိုရင်း ပြော ကြစို့ မှတ်ပါ နာမည် ကိုကိုချစ် လို့ ”

“ ဟင် - နာမည် ကို က ”

“ ဘာဖြစ်လဲ ဘာဖြစ်လဲ နာမည် က ဘာဖြစ်လို့လဲ မိဘ က ရုပ် နဲ့ လိုက်အောင် သေသေချာချာ ရွေးမှည့် ပေးခဲ့ တာနော် ။ မြို့သစ် ရောက် မှ အသား နည်းနည်း မည်း သွားလို့ ”

“ ကုသိုလ် ကံ ပေါ့ကွယ် ခုတော့ သူ့ ခမျာ မီးသွေးဆိုင် နား ကို ဖြတ် မလျှောက် ရဲ ရှာဘူး ။ မီးသွေး မှတ်ပြီး ခြင်းကြား ထဲ ကလော် ထည့် လိုက်မှာ စိုးလို့ ”

ဦးစံဗျော က ဝင် ပြောသည် ။ ဦးပေတလူ က ဦးစံဗျော ခေါင်း ကို လူရွှင်တော် ရိုက် ( ချော် ) ရိုက် ကာ

“ သူများ သားသမီး မတရား သဖြင့် ပြောပြီ ဟိုနေ့ က သူ သူ့ အိမ် ရှေ့ ထိုင် နေတုန်း စည်ပင်သာယာ က လမ်းဝန်ထောက် က လိုက် လာတာ ကတ္တရာစေးပုံးကြီး ခြံဝင်း ထဲ သွင်း ထားတာ မှတ်လို့ ”

အမျိုးသမီးငယ် က ဖွားစွာ ၏ ဘေး မှ ဝင် ထိုင် လိုက်ပြီး

“ ဘဘ တို့ က အတော် ပျော်တတ်တာပဲ စိတ် မရှိနဲ့ နော် သမီး တို့ ဖွား က စိတ် တိုတတ် လို့ ကဲ ပြော သမီး မှတ်မယ် ”

သို့နှယ် အမျိုးသမီးငယ် ကြားဝင် ရေး ပေး လိုက်မှ အဆင် ပြေ သွားတော့သည် ။ လေးယောက် လုံး မျက်စီ စမ်းသပ်ပြီး သော အခါ ...

“ နက်ဖြန် ဆို ရင် ရပါတယ် ။ နက်ဖြန် မှာ ကျွန်တော်တို့ သူဌေး ပါ ပါ လာမှာပါ ”

“ ဘာလဲ တို့ မျက်မှန်တွေ ကို မင်းတို့ သူဌေး ကိုယ်တိုင် သွေး ပေး မှာလား ”

“ မဟုတ်ပါဘူး ။ ကျွန်တော်တို့ သွေး မှာပါ ။ ကျွန်တော်တို့ သူဌေး က လက်ဆောင် ပေး ဖို့ လာ မှာ ”

“ ဘယ်သူ့ ပေး မှာလဲ ။ မင်းတို့ ကို လား ”

“ ဝယ်တဲ့ သူ ပေးမှာပါ ။ အယောက် ငါးဆယ်မြောက် ပစ္စည်း လာ ရွေးတဲ့ သူ ကို ပေါ့ ”

“ ဘာ ပေးမှာလဲ ”

“ ရွှေဆွဲကြိုး ”

“ ရွှေ စစ်ရဲ့လား ”

“ ရွှေဆိုင် က ဘောက်ချာ ပါ မှာ ပဲ ”

“ ရွှေဆိုင် က ဘောက်ချာ ဘာ လုပ်ဖို့လဲ မင်းတို့ သူဌေး ကို ပြောလိုက် အပေါင်ဆိုင် ငါးဆိုင် က ရွှေ ကောင်းကြောင်း ၊ အာမခံချက် ပါပလေ့စေ လို့ ကဲ - လာ သွားကြစို့ ”

ဘတို့ အဖွဲ့ ထွက် သွားသည် ။ တစ်ကား လုံး ပြုံးစိစိ နှင့် ကျန်ခဲ့သည် ။ မပြုံးနိုင်ဘဲ မျက်နှာ မှုန်သုန်နေသူ ဟူ၍ ဖွားစွာ တစ်ယောက် သာ ရှိပါသည် ။

“ ဟွန်း - ဣန္ဒြေ မရတဲ့ ဟာတွေ နဲ့ မျက်နှာရူးတွေ နဲ့ တွေ့ နေတာ - ကဲကဲ ဟိုမယ် နောက်ထပ် မျက်စိ စမ်းမယ့် လူ လာ နေတယ် ။ ကိုယ့် အလုပ် ကိုယ် ဂရုစိုက်ကြဦး ”

ဖွားစွာ က အော်လိုက်သည် ။

   •••••   •••••   •••••

တစ်နေဝင်

တစ်ညလွန်

တစ်မိုးသောက် ခဲ့ပြန်ပါပြီ ။

ဘ သည် သူတို့ ဆုံနေကျ လက်ဖက်ရည်ဆိုင် တွင်း သို့ ဝင် လိုက် ချိန်ဝယ် -

“ အမယ် သာဝတို့ မရောက်သေးပါလား ”

ဘ က ဆိုင် အတွင်း စားပွဲများ ဆီ သို့ ကြည့် လိုက်ပြီး မှ စားပွဲ လွတ် မှာ ဝင် ထိုင် လိုက်သည် ။

“ ဝမ်းတီး ဝမ်းနံထော ကြက်ဥကြော် တစ် ”

ဘ သည် ရေနွေးကြမ်း ငှဲ့ နေရင်း တစ်ခု ခု ထူးခြား နေသလို ခံစား နေရသည် ။

“ ရပြီ ”

စားပွဲထိုးလေး က ဘ မှာ လိုက်သော မုန့် နှင့် လက်ဖက်ရည် ကို လာ ချ ပေးရင်း -

“ ဒီနေ့ ဘ က နောက်ကျ နေတာ ကိုး ”

“ ဟေ - သာဝ တို့ စံဗျော တို့ လာ သွားကြပြီလား ”

“ လာ သွားကြပြီ ။ အစောကြီး လာ ကြတာ ။ ဒီနေ့ ဘယ်လို ဖြစ်ကြတာလဲ ။ လာတာ က တစ်ယောက် တစ်ခြား စီ ။ ပြီးတာ နဲ့ ချက်ချင်း ထ ပြန်ကြတာ ။ ငါ လာ သွားပြီ ဆိုတာ မပြောနဲ့ လို့ လည်း မှာ သွားကြသေးတယ် ”

“ အင်း ... ဟုတ်လား ”

ဘ စဉ်းစား လိုက်သည် ။ စဉ်းစား ရင်း စဉ်းစား ရင်း အဖြေ ပေါ် သွားသည် ။ ထို့ကြောင့် လက်ဖက်ရည် နှင့် မုန့် တို့ ကို ကပျာကယာ စားသောက် လိုက်ပြီး ပိုက်ဆံ ရှင်း ကာ ထ ထွက် ခဲ့သည် ။

“ ဟုတ်ပြီ - ဟုတ်ပြီ ငါ ရိတ်မိပြီ ။ ရိတ်မိတော့ ပြောင်ပြောင် ပဲ ။ ပြောင်ပြောင် ဆိုတော့ ကတုံးကြီး ။ ကတုံးကြီး က သာဝ ။ သာဝ အကြံ က သေချာပြီ - သေချာပြီ ”

ဘ သည် မျက်မှန်ကား ရှိ ရာ သို့ သုတ်ခြေတင် ပြေး တော့သည် ။ ဘ ရောက် သွားသော အခါ ကား နောက် မှာ မျက်မှန် ရွေး နေသူ ဝယ် နေသူများ ကို တွေ့ ရသည် ။ ထို လူစု ထဲ တွင် ဦးသာဝ တို့ မပါ ။ ဘ က

“ ကလေးမ ”

“ ရှင် ”

“ ဟို အဘကြီးတွေ လာ သွားပြီလား"

“ မလာသေးဘူး ရှင့် ၊ ဘ မျက်မှန် ရွေးတော့ မှာ လား ”

“ မရွေးသေးပါဘူး ။ ဒါနဲ့ ခု လာ ရွေးတာ ဘယ် နှစ်ယောက် ရှိပြီလဲ ”

“ အဲဒါတော့ ပြောလို့ မရဘူး ရှင့် ငါးဆယ်မြောက် လာ ရွေးတဲ့ သူ ကို လက်ဆောင် ပေးမှာ မို့ ”

ဘ မှာ စိတ်ပျက်စွာ နှင့် ထို နေရာ မှ လှည့် ထွက်သွား သည် ။ ထိုသို့ ထွက် သွားသည် ကို ဦးစံဗျော သည် သစ်ပင် ခွကြား မှ စောင့်ကြည့်လျက် ရှိပါသည် ။ ထို့အတူ ဦးသာဝ မှာ ခြံဝိုင်း တစ်ခု အတွင်း မှ ဘ ကို ကြည့် နေပြီး ဦးပေတလူ မှာ ရေပိုက်လိုင်းကြီးများ နောက်ကွယ် မှ အကဲခတ် နေပါသည် ။ သူတို့ သည် ဘ ကို သာ မြင်လိုက်ကြ သော်လည်း သူတို့ အချင်းချင်း မှာ မူ တစ်ယောက် ရှိနေသည့် နေရာ ကို တစ်ယောက် မသိပါလေ ။ သူတို့ အာရုံ မှာ ဘ ထံ သို့ ကြာရှည် မရောက်နိုင် ။

“ ဟော လာပြီ ဒါနဲ့ ဆို သုံးဆယ့်ကိုး ။ နောက် ဆယ်ယောက် လောက် လာ ပြီးရင် ကား ဆီ အရောက် ပြေးရမယ် ”

သို့နှယ် ဦးပေတလူ ၊ ဦးသာဝ ၊ ဦးစံဗျော တို့ မှာ ကိုယ် ပုန်း နေသည့် နေရာ မှ နေ ၍ မျက်မှန် လာ ရွေး သူများ ကို မှတ်သား နေကြပါသည် ။

“ လာ ပြန်ပြီ နှစ်ယောက် တစ်ယောက် က လိုက် ပို့ တာလား ၊ အယ် မဟုတ်ပါဘူး ဟာ ။ နှစ်ယောက် လုံး ဝယ်တာ ။ ဒါဆို လေးဆယ့်တစ် ”

“ ဟော လာပြန်ပြီ လေးဆယ့်နှစ် ”

“ ဟော လာပြန်ပြီ လေးဆယ့်ငါး ”

“ ဟို တစ်ယောက် နဲ့ ဆို လေးဆယ့်ခြောက် ”

ဦးသာဝ ရေတွက် နေသလို ဖွားစွာ က လည်း ရေတွက် မှတ်သား နေပါသည် ။

“ ဒါနဲ့ ဆို လေးဆယ့်ခြောက် ”

ထိုစဉ် မာစီဒီး ကား တစ်စီး က မျက်မှန် စမ်းသပ် အရောင်းကားကြီး ၏ ရှေ့ နား မှာ ရပ် လိုက်သည် ။ သူဌေး လာပြီ ။

“ ဟော လာပြီ ။ ဒါနဲ့ဆို လေးဆယ့်ခွန် ”

“ ဟော လေးရှစ် ၊ လေးကိုး ”

“ လေးဆယ့်ကိုး ”

“ လေးဆယ့်ကိုး ”

“ လေးဆယ့်ကိုး ”

ဦးစံဗျာ ၊ ဦးပေတလူ ၊ ဦးသာဝ တို့ သည် ပုန်းနေရာ မှ အသီးသီး ထွက် လာကာ လမ်း ပေါ်သို့ တက် လိုက်သည် ။ လမ်း ပေါ် ရောက်သည် နှင့် တစ်ယောက် ကို တစ်ယောက် ကြည့် ကာ ကား ဆီ သို့ ပြိုင်တူ ပြေး လာကြလေတော့ သတည်း ။

“ ဟား ဟိုကောင်တွေ ပြေး လာပြီ ။ ငါးဆယ် ပြည့်ပြီ နဲ့ တူတယ် ”

ဘ သည် မျက်မှန်ကား အောက် မှာ ဝပ် နေရာ မှ တိုးထွက် လိုက်သည် ။

“ ဟိုက် - ဘပါလား ။ တို့ ဝယ်မယ့် လူတွေ မှတ် နေတာ နဲ့ သူ ပြန်လှည့် လာပြီး ကား အောက် ဝင် တာ မသိလိုက်တာ ”

ဘ ကို မြင်လိုက်သော အခါ ခြေကုန်သုတ် ၍ ပြေး လာ ရာ ဖွားစွာ ၏ စားပွဲ ပေါ် သို့ လက် လေးခု က တစ်ပြိုင် တည်း ရောက်သွား လေတော့ သတည်း ။

“ ရှင်တို့ ဘယ်သူ အရင် ရောက်တာလဲ ”

“ ငါ ”

“ ကျုပ် ”

“ အီစကို ”

“ တို့ ”

“ အို အဲလို ပြော နေလို့ ဘယ် ဖြစ်မလဲ ”

“ ဘယ်နှယ့် မဖြစ်ရမှာလဲ ၊ မင်း မမြင်ဘူးလား တို့ က ပြိုင်တူ ရောက်တာပဲ ”

“ ဒါက လူ ငါးဆယ် ပြည့် ရှင့် လက်ဆောင် ပေး ရမှာ ”

“ လေးယောက်လုံး ပေးပေါ့ ကွ ”

“ ဒါဖြင့် လေးယောက် ခွဲ ယူ ”

“ အဓိပ္ပါယ် မရှိတာ လေးခု ပေးပေါ့ ”

“ ဟုတ်တယ် ငါးဆယ် ပြည့်တာ က တစ်ပြိုင်တည်း လေးယောက် ”

“ မညစ်ပတ်ပါနဲ့ ။ သန့်စင် နဲ့ လျှော်ပစ်မယ် ”

“ သံပုရာနံ့ ပါတဲ့ ဆပ်ပြာ ရှိတယ်နော် ”

“ ကဲ - ကဲ ပေးပါ ”

ဘတို့ အဖွဲ့ ၏ ဆူညံ ဆူညံ အသံများ ကြောင့် -

“ ဘာ ဖြစ်နေတာလဲ ဖွား ”

အသံ ကြားရာ သို့ ဘ တို့ က လှည့် ကြည့် လိုက်သည် ။

“ ဟင် - ကိုကို ”

“ ဟာ - ဘ ”

အားလုံး အံ့အား သင့် သွား ကြသည် ။

“ ဘ .. ဒါ မသီတာ ရဲ့ အဘွား လေ သူ က မသီတာ ”

“ ဪ - မင်း စာ ရေး လိုက်တာ သူ ကိုး ”

ဘ သည် ဦးပေတလူ တို့ ဘက် လှည့် ကာ -

“ ကဲ - ကဲ ကျုပ်တို့ ပြဿနာ ရှင်းသွားအောင် ကျုပ်တို့ ရမယ့် ဆွဲကြိုး ကို မသီတာ လက်ဖွဲ့ လိုက်ကြစို့ ”

“ ဝှီး - ဒီတစ်ခါ က တော့ ရှုံးပါပြီ ကွာ ။ မြေး အဖိုး ချင်း မို့ အလျှော့ ပေး လိုက်ရတာ ”

ဘ က ပြောပြောဆိုဆို နှင့် သူ့ အဖွဲ့များ ကို ခေါ်ကာ လှည့်ထွက် သွား တော့သည် ။

◾ကံချွန်

📖 ကလျာ မဂ္ဂဇင်း
       ဇွန် ၊၁၉၉၉ ။

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment