ဘဝ တွင် အလှည့်အပြောင်း ပေါင်း မြောက်မြားစွာ ရှိတတ်သည် ဟု ဆိုပါ က သူ ၏ ဘဝ တွင် ထို စနေနေ့ သည် မထင်မှတ်သော အလှည့် အပြောင်းများ နှင့် ပြည့်စုံသော နေ့ ဟု ဆိုရပေမည် ။
အဘယ်ကြောင့် ဆိုသော် ထိုနေ့ တွင် သူမ နှင့် လိုက် မသွားမိ လျှင် သော် လည်းကောင်း ၊ လိုက်သွားပြီး သူမ ၏ စကား ကို နားမထောင် ခဲ့ လျှင် သော်လ ည်းကောင်း ထို အဖြစ်ပျက်များ ကို ကြုံဆုံ လိုက်ရမည် မဟုတ်ပေ ။ သို့သော် မှားယွင်း လား မှန်ကန်မှု လား မသိ ။ ထိုနေ့ တွ င်သူမ နောက် လိုက် သွားမိ ၊ သူမ စကား ကို နားထောင်မိ ၍ ထိုသို့သော ထူးဆန်းမှု တို့ ကို မထင်မှတ် ပဲ ကြုံဆုံ လိုက်ရခြင်း ဖြစ်၏ ။
နွားခြံ တစ်ခြံ တွင် ဖြစ်သည် ။
ခြံပိုင်ရှင် က လွန်စွာ သန်မာသော နွားသိုးနောက် တစ်ကောင် ကို ဝယ်ယူ လိုက်ပြီ ဖြစ်ကြောင်း ခြံ ထဲ မှ နွားသိုး သုံးကောင် က သတင်း ရ သွားသည် ။ စိုးရိမ်စိတ် ကြောင့် သုံးကောင် လုံး ခေါင်းချင်းဆိုင် သွားကြ၏ ။
စီနီယာ အကျဆုံး နွားသိုး က ဒေါသသံ ဖြင့် ဤသို့ ပြောသည် ။
“ ငါ ဒီရောက် နေတာ ငါးနှစ် ရှိပြီ ... နွားမ အကောင် တစ်ရာ ဟာ ငါ အပိုင် ဖြစ်တယ် ... နွားမတွေ ကိုယ်တိုင် က ကျေကျေနပ်နပ် လက်ခံ ထား တဲ့ အတွက် အသစ် ရောက်လာတဲ့ ငနဲ ကို ငါ့ ပိုင်ဆိုင်မှု ထဲ က ဘယ် တစ်ကောင် မှ ခွဲ မပေးနိုင်ဘူး သူသေ ကိုယ်သေ ရင်ဆိုင်ဖို့ အသင့်ပဲ ”
ဒုတိယ စီနီယာ ကျ သည့် နွားသိုး က ဤသို့ ပြတ်ပြတ်သားသား ဆို ပြန်၏ ။
“ ကျုပ် ဒီကို ရောက်တာ သုံးနှစ် ရှိပြီ ... နွားမ အကောင် ငါးဆယ် ကို ကျုပ် အပိုင် ယူထားတယ် ... နွားမတွေ ကလည်း ကျေနပ်ကြတယ် ... အခု ရောက်လာ မယ့် ငနဲ ကျုပ် နွားမတွေ ကို ဝင် ဆွဲလို့ က တော့ ကျုပ် နဲ့ တွေ့ဖို့ သာ ပြင်ပေတော့ ”
ဂျူနီယာ အကျဆုံး နွားသိုး ကလည်း ခွာသီး ခွာမောင်း တန်း ၍
( လက်သီး လက်မောင်း တန်း မရ၍ ဖြစ်သည် ။ )
“ ကျွန်တော် ဒီ ရောက်တာ တစ်နှစ် ပဲ ရှိသေးတယ် ဆိုပေမယ့် နွားမ ဆယ်ကောင် ကျွန်တော့ ကို သူ့တို့ ရဲ့ကာမပိုင် ချစ်လင်အ ဖြစ် သတ်မှတ် ထား ပြီးသား .. ဒါကြောင့် ဘယ်ကောင်မျိုး ပဲ ရောက်လာ ရောက်လာ ကျုပ် ရဲ့ မိန်းမတွေ ကို အဲဒီ ကောင် လက်ထဲ ထိုး မအပ်နိုင်ဘူး ... အတင့်ရဲမယ် ဆိုလို့ က တော့ ဟင်း ဟင်း ... ချိုချက် မကင်းဘဲ ဖြစ်သွားမယ် ”
သူတို့ စကားပင် မဆုံးလိုက်ပါ ။ ခြံ ဝသို့ ထရပ်ကားကြီး တစ်စီး ထိုး ရပ် လာသည် ။ ကားပေါ် မှာ ဧရာမ နွားသိုးကြီး တစ်ကောင် မည်မျှ အကောင် ကြီး သည် ဆိုသော် ကား ပေါ် မှအဆင်း တွင် ကားခေါင်း ပါ ထောင် တက် သွား၏ ။
နွားသိုးကြီး ကို မြင်တော့ စီနီယာ အကျဆုံး နွားသိုး က မျက်လုံးလေး ကလယ်ကလယ် နဲ့ ...
“ တကယ်တန်း ပြော ရရင် နွားမတွေ ဒီလောက် များများ ငါ မနိုင်ပါ ဘူး ... တချို့ တဝက် ကို စိတ်ကောင်း စေတနာကော င်းနဲ့ ငါ သူ့ ကို မျှပေး နိုင်ပါတယ် ”
ဒုတိယစီနီယာ ကျသည့် နွားသိုး က အမြီး တရမ်းရမ်း နှင့် ကိုယ်လေး ကျုံ့ ကာ ...
“ ဟုတ်တယ်နော် .. ကိုယ့် မှာ လုံလောက် ရုံတင် မကဘူး ပိုတောင် ပို နေပြီပဲ ... လိုအပ်သူ ကို မျှပေး ရတာ ကုသိုလ်တောင် ရသေး .. အဟေး ဟေး ”
ဂျူနီယာ အကျဆုံး နွားသိုး က မူ သူ့တို့ ၏ စကား ကို ဂရု မစိုက်ဘဲ ခြေ နှစ်ဖက် နှင့် မြေကြီး ကို ယက်၍ ခေါင်း ကို အောက်စိုက် ပြီး ဦးချို ကို ပြ၏ ။ နွားသိုး နှစ်ကောင် က စိုးရိမ် သွား ၍ ...
“ ဟိတ်ကောင် ... မင်း သူ့ ကို ဝှေ့ မလို့လား ... သေသွား မယ် နော်.. မင်း အသက် ထ က် ဘယ် နွားမတွေ မှ ပိုပြီး တန်ဖိုး မရှိပါဘူး ”
ဆိုတာ ကို ဂျုနီယာ အကျဆုံး နွားသိုး က နှာမှုတ်သံ တဟဲဟဲ ပေး ရင်း ..
“ ဟိတ်ကောင်တွေ ... မသိရင် တိတ်တိတ် နေကြ ... ဒီလို လုပ် တာ သူ့ ကို ဝှေ့ဖို့ မ ဟုတ်ဘူး .. ကျုပ် နွားထီး ဖြစ်ကြောင်း သူ့ ကို ကြိုတင် အသိ ပေး နေတာဗျ ”
ဤသို့ပင် ...
ထိုနေ့၌ ကျွန်ုပ် လည်း သူမ အား သူ အထီး ဖြစ်ကြောင်း ပြောပြခွင့် ရ သော နေ့ ဖြစ်ပါသည် ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment