Thursday, June 9, 2022

ကျွန်တော် ခွေးမသား မဟုတ်ဘူး


 

❝ ကျွန်တော် ခွေးမသား မဟုတ်ဘူး ❞

ဒုတိယတန်း ကျောင်းသား မောင်ဖိုးကျော် သည် သွက်လက်ချက်ချာ ၍ ဉာဏ်ရည် ထက်မြက်သူကလေး တစ်ဦး ဖြစ်သည်  ။ ဆရာ ၊ ဆရာမများ က မေးသည့် အခါတိုင်း တွင် လည်း လျင်မြန်စွာ ဖြေ တတ်သဖြင့် ဆရာ ၊ ဆရာမ များ ၏ ချစ်ခင်မှု ကိုလည်း ရရှိသူ တစ်ဦး ဖြစ်သည်  ။ KG တန်း မှ သူ့ ညီမလေး ကို လည်း ချစ်ခင် အလို လိုက်တတ်သေးသည်  ။

သူတို့ အိမ်ဝိုင်း ထဲ တွင် မိသားစု နှစ်စု နေ ထိုင်ကြသည်  ။ ဖိုးကျော် အမေ ဒေါ်လှရီ နှင့် ဖိုးကျော် အဒေါ် ဒေါ်လှမှီ ( ဒေါ်ခွေးမ ) တို့ ညီအစ်မ နှစ်ယောက်တို့ သည် အမွေဆိုင် ဝိုင်း ထဲ တွင် မိသားစု နှစ်စု အတူ နေထိုင်ကြခြင်း ဖြစ်သည်  ။ ဒေါ်လှမှီ ငယ်စဉ်က ရန်ဖြစ်သည့် အခါတိုင်း ကိုက် ဆွဲ တတ်သောကြောင့် ခွေးမ ဟု ခေါ်ကြရာ မှ နာမည်အရင်း ပျောက်ပြီး “ မခွေးမ ”  ဟု သာ အမည် တွင် နေတော့သည်  ။

ဖိုးကျော် အမေ ဒေါ်လှရီ နှင့် ဒေါ်ခွေးမ တို့ သ ည် တစ်ဝိုင်းတည်း နေကြ သောကြောင့် ပတ်ဝန်းကျင် ရှိ လူများ မှ အမြဲလိုလို လွဲမှားလေ့ ရှိသည်  ။ ဒေါ်လှရီ ၏ သားသမီးများ ကို ဒေါ်ခွေးမ ၏ သားသမီးများ ဟု လွဲမှား တတ်သလို ၊ ဒေါ်ခွေးမ ၏ သားသမီးများ ကို လည်း ဒေါ်လှရီ ၏ သားသမီးများ နှင့် လွဲမှားလေ့ ရှိသည်  ။

တစ်ခုသော နေ့လယ် မုန့်စားကျောင်းဆင်းချိန် တွင် ဆရာဦးဌေးဇော် က ငိုက်မြည်း သလို ဖြစ် နေ၍ အငိုက် ပြေ စေရန် အလို့ ငှါ ဖိုးကျော် ကို သူ့အနား ခေါ်၍ စနောက် လေတော့သည်  ။

“  ဟေ့ ဖိုးကျော် ၊ မင်းတို့ အဖေ က လူမိုက်ကြီး ဆို ”  

“  ဟုတ်ကဲ့ ဆရာ ”

ဖိုးကျော် က မဆိုင်းမတွ ဖြေလိုက်သည်  ။

“  လူမိုက် ဆိုရင် လူဘယ်နှစ်ယောက် ရိုက်ဖူး လို့ လဲကွ ” 

“  နှစ်ယောက် ရိုက်ဖူးတယ် ဆရာ ” 

“  ဟေ ... ငါ မသိလိုက်ရပါလားကွ ။ ဘယ်သူ တွေ ကို ရိုက် ပစ်တာလဲ ”

“  ကျွန်တော် နဲ့ ကျွန်တော့် ညီမလေး ကို ရိုက် တာ ”

ဆရာဦးဌေးဇော် ရယ်ချင်စိတ် ကို မနည်း ထိန်း ထားရင်းက ထောမနာ ပြု လိုက်သည်  ။

“  ခွေးမသား ၊ ပေါက်ကရလေးဆယ် ပြော တတ်တယ် ”

ဆရာဦးဌေးဇော် ၏ စကား ဆုံး သည် နှင့် ဖိုးကျော် ချက်ချင်း ဆိုသလို ပြန် ပြော လိုက်သော စကားကြောင့် စာသင်ကျောင်း တစ်ကျောင်းလုံး ပွဲ ကျသွားရတော့သည်  ။ ဖိုးကျော် ပြောလိုက်သည် ကတော့ ...

“  ကျွန်တော် ခွေးမသား မဟုတ်ဘူး  ၊ လှရီ သား ” ဟူသတတ် ။

◾ တင်မျိုး

📖 ဟာဟ ( ၁ )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment