❝ ဘဝသင်္ချာ ❞
မိုး သည် မစဲပါလေ ... ။
မိုး မစဲ သော်လည်း သဲတော့ သဲ သည် မဟုတ် ။ မိုးဖွဲဖွဲ ကျနေသည့် ညနေချမ်း တွင် “ ထီလာမန်း ” အမည် ရှိ ဘတ်စ်ကားလေး သည် ကျောက်ပန်းတောင်းမြို့ မှ မိတ္ထီလာ သို့ မောင်းနှင်လာနေသည် ။
ကြက်မောင်တောင်ဆည်ကြီး ၏ အရှေ့ဘက် ကျောက်ပုံချောင်းကမ်း ထိပ် သို့ ရောက်လျှင် ကားလေး သည် လမ်းဘေးတွင် ထိုး ၍ ရပ်လိုက်သည် ။
“ ကဲ .. ရောက်ပြီဆရာ ”
“ ဪ .. အဲ .. ဟုတ်ကဲ့ ”
ဆရာဦးကြည်မြင့် သည် ကားစပယ်ယာ က သတိ ပေးလိုက် မှ အလန့်တကြား အမှတ် ရလိုက်သည် ။ အမှန်မှာ ဤ ကားဂိတ် တွင် ဆင်းမည့် သူ မှာ သူ ပင် ဖြစ်သည် ။
“ အလို ... ငါးနာရီတောင် ခွဲနေပါပြီလား ”
သူ နှင့် အတူ ယှဉ် ထိုင်လာခဲ့သော ကိုသက်ဝေ ၏ လက် မှ နာရီ ကို ကြည့် လိုက်မိသည် ။ ပြီးလျှင် အထုပ်အပိုး များ ကို မကျန်အောင် ဂရုတစိုက် ရွေးချယ်သယ်ယူ ၍ ကား ပေါ် မှ ဆင်း ခဲ့သည် ။
“ ကဲ ... သွားတော့ ကိုကြည်မြင့် ရေ .. ခင်ဗျားတော့ ညဉ့်နက်တော့ မှာပဲ ၊ ဒါပေမဲ့ လ သာပါတယ်လေ ”
ကိုသက်ဝေ က ကား ပေါ် မှ နေ၍ နှုတ်ဆက်လိုက် သည် ။ ကားလေး သည် လေများ ကို မှုတ်ထုတ်လိုက်ပြီး ရှေ့ သို့ မောင်းနှင် သွားလေပြီ ။
ဦးကြည်မြင့် သည် လွယ်အိတ်ကြီး နှစ်လုံး ကို သူ ၏ ညာဘက် နှင့် ဘယ်ဘက် ပခုံး အစုံ သို့ စလွယ် သိုင်း ၍ လွယ် လိုက်သည် ။ ညာဘက် လက် တစ်ဖက် မှာ အလေးချိန် အ တော် များပုံ ရသည့် လက်ဆွဲအိတ် တစ်လုံး ကို ဆွဲ လိုက်သည် ။
ဦးကြည်မြင့် ၏ အရပ် သည် ပုကွပြီး သွားသည်ဟု သူ့ ကိုယ် သူ ထင် မိလိုက်သည် ။ ကျောက်လမ်း မှ ဖဲ၍ မြောက်ဘက် တောတန်း လမ်းကျဉ်းလေး ထဲ သို့ ဦးကြည်မြင့် ဝင် သွားလေပြီ ။
ဦးကြည်မြင့် ၏ ဘယ်ဘက် ပခုံး မှ လွယ်အိတ် ထဲ တွင် ရုံးသုံးစာရွက်စာတမ်းများ ၊ ကျောင်းသုံးစာအုပ်များ ၊ ခဲတံ ၊ ကျောက်တံအထုပ်များ နှင့် ဖြစ်သလို ရှာကြံဝယ်ခဲ့ရ သည့် ငါးပိ ငါးဆယ်သား အထုပ်များ ဖြစ်လေသည် ။ ငါးပိထုပ် ၏ အနံ့ သည် ခရီးသွား နေရသော ဦးကြည်မြင့် ၏ နှာခေါင်း ကို တစ်ချက်တစ်ချက် ရှုံ့ သွားစေသည် ။
သို့သော် ညာဘက် လွယ်အိတ် က အနံ့များ က သင်း လှပါ၏ ။ ဘုန်းတော်ကြီး လှူ ရန် နို့ဆီ ငါးလုံး ၊ သကြား တစ်ထုပ် ၊ ဆပ်ပြာမွှေး တစ်ခဲ ၊ သားလေး အပေါ့ အတွက် ဆိတ်နို့ မုန့် တစ်ထုပ် တို့ဖြစ်သည် ။
လက်ဆွဲအိတ် ထဲတွင် ဇနီးတင်တင်မြင့် အတွက် ဆောင်းဝတ်အနွေးထည်စ ၊ သားကြီး လှမြင့်ဦး အတွက် ကျောင်းစာအုပ်နှင့် ပုံဆွဲရောင်စုံခဲတံထုပ် ၊ သားအလတ် သက်မြင့်ဦး အတွက် ကျောက်သင်ပုန်း တစ်ချပ် ၊ ငါးရံ့ ခြောက် အစိတ်သား နှင့် သူ့ အတွက် ဆေးပေါ့လိပ်များ ။
“ အင်း ... ငါ့ ခြေလှမ်းမျိုး နဲ့ ဆိုရင် ည ရှစ်နာရီ ကျော်ကျော် တော့ အိမ် အရောက်ပဲ ”
ဦးကြည်မြင့် သည် သူ ၏ ခရီးတာ ကို စိတ် ထဲ မှ တွက် ဆ ရင်း မိုးမှုန်ကြား မှ လရောင်လေး ကို မျှော်မှန်း ကြည့်လိုက် သည် ။
သူ သည် မြန်မာလ နှင့် အင်္ဂလိပ်လ ရက်ချင်း မတိုက် ဆိုင်သည် ကို သဘောကျ နေမိသည် ။ အကယ်၍ တိုက်ဆိုင် နေလျှင် လစာ ထုတ်ရက်များတွင် လ သာ နိုင်မည်မဟုတ် ။ လ မသာလျှင် ဦးကြည်မြင့် တစ်ယောက် မနက် ကျောင်းချိန် အမီ သူ့ ရွာ သို့ မရောက်နိုင် ။
သူ့ ရွာသည် ကားလမ်း မှ ၇ မိုင် ဝေးသည့် ပုပ္ပား တောင် အရှေ့စောင်း စံပယ်မြိုင် ရွာလေး ဖြစ်သည် ။ ကျောက်ပုံရွာကို ကျော်၍ မြောက်ဘက် တောတန်း သို့ ဝင် မိလျှင် လရောင်မှုန်ဝါးဝါးလေး က သစ်ပင်ကြီးများ အ ကြား မှ ဦးကြည်မြင့် အား လမ်း ပြ ပေးလေသည် ။ မိုး သည် မဖွဲ တော့ သဖြင့် ရှေ့သို့သာ ကြည့်လျက် ဦးကြည်မြင့် ခရီး ဆက် နေသည် ။
လွယ်အိတ်ကြီးများ က စောစော က ထက် ပို၍ သူ့ အား တွဲခို နေကြသည် ဟု သူ ထင်မိသည် ။ သို့သော် ရပ်နား လို့ က မဖြစ်သေး ။ တောတန်းကြီး သည် နှစ်မိုင်ခန့် ရှည်လျား သည် ။ တောတန်း က လွန်လျှင် “ လွန်အိုင် ” ရွာ သို့ ရောက် မည် ။ ထို ရွာ ၏ အဝင်ဝတွင် လက်ပံပင်ကြီး နှင့်ဇရပ် ရှိသည် ။ ထို နေရာသည် သူ နားနေကျ ဖြစ်သည် ။ လက်ပံပင်ခြေ မှ စမ်း ရေ ကို အားပါးတရ သောက်၍ ဇရပ် တွင် အမောအပန်း ဖြေမည် ။ ထို နေရာ သည် သူ့ ရွာ နှင့် တစ်မိုင် ခန့် သာ ဝေးကွာ တော့ သဖြင့် သူ့ အတွက် အနားယူ အားသစ် ပျိုးရန် အ ကောင်းဆုံး ဖြစ်သည်ဟု သူ ယူဆထားပြီး ဖြစ်သည် ။
ထို့ကြောင့် သူ့ ခြေများ ကို သွက်သွက် လှမ်းလျက် ခရီး ဆက်ရသည် ။
လစာ ထုတ်ရက်များ ရောက် လေတိုင်း ကြုံရတတ် သည့် ပြဿနာများ ကို ဖြေရှင်း တွက်ချက်ရင်း ခရီး ဆက်ရ သည် မှာက မောသည် ဟု မရှိနိုင် ။
••• ••• ••• •••
“ အမြင့်ရေ ... အမြင့် ... အိပ်ပြီလားကွ ”
“ ဟာ .. မောင်လာပြီ ၊ သားကြီး မင်းတို့ ဖေဖေ လာပြီ ”
အမြင့် သည် ရေနံဆီမီးအိမ် မှေးမှေးလေး ကို မြှင့် လိုက်သည် ။
“ ဟေ့ .. တို့ ဖေဖေ လာပြီကွ ”
သားကြီးလှမြင့်ဦး သည် သူ့ ဖေဖေ ပခုံးမှ ဖြုတ် ချနေ သော အိတ်များ ကို ကူ ဖြုတ်၍ အိမ်ရှေ့ ကွပ်ပျစ် ပေါ်သို့ တင် ပေးနေသည် ။ ဇနီးတင်တင်မြင့် က မောင် ချွတ်ပေးသော အပေါ်အင်္ကျီ ကို ယူ၍ အင်္ကျီချိတ် တွင် ချိတ် ထားလိုက် သည် ။
ဆရာဦးကြည်မြင့် ရောက်သံ ကြား၍ အိမ်နီးနားချင်း များ လည်း လာ ကြသည် ။ ထို လူများ ကား ဦးကြည်မြင့် ၏ ကျေးဇူးရှင်များ ၊ ကူဖော်လောင်ဖက်များ ဖြစ်ကြပါ၏ ။
“ ဟော ... ဦးလေးသာဒွန်း တို့ ထိုင် ကြဗျာ ”
“ မိုးချုပ်လှချည်လား ဆရာလေး ”
“ ဪ .. ဟုတ်ကဲ့ ၊ ညနေ သုံးနာရီ မှ လစာ ထုတ်ရ တယ် ”
အမြင့် သည် မီးဖိုဆောင် တွင်း သို့ မောင့် အတွက် ထမင်းဟင်း ပြင်ရန် ဝင် သွားသည် ။
“ အမြင့်ရေ ... မောင် ထမင်း မဆာသေးဘူး ကွာ ၊ ရေနွေး ပဲ ဆာတယ် ”
“ မောင် ရေ မမ မအားသေးလို့ အဲဒီ စားပွဲပေါ် က ရေနွေးဘူး မင်း တို့ ဆရာ ကို ချ ပေးပါကွယ် ”
ဧည့်သည်များ သည် ကွပ်ပျစ် ပေါ် တွင် ဝိုင်း ၍ ထိုင် ကြ သည် ။ အရီးလေးသာမယ် က အမြင့် နှင့် သွား စကား ပြော နေသည် ။
“ ငါ လည်း ဦးလေးဘုန်းကြီး ပင့်ရင်း မနက်ဖြန် မြင်းခြံ ကို အလှူဝတ် သွား ဝယ် မလို့ကွာ ”
ထွန်းသာကြီး သည် ခရီး ရောက်မဆိုက် သူ မြင်းခြံ သွားမည့် အကြောင်း ပြော ပြနေသည် ။
“ အမယ် .. ကိုထွန်းသာ က သူ့ ကြွေး လာတောင်း တာပေါ့ ဟုတ်လား ၊ အမြင့်တို့ ဘယ်မှ ထွက် မပြေးပါဘူး ရှင့် ”
အမြင့် သည် ငါးခြောက်ဖုတ် လာ တည်ရင်း ထွန်းသာကြီး ကို ပြော လိုက်သည် ။ အိမ် ထဲ တွင် အရီးလေးသာမယ် နှင့် အတူ မောင့် အင်္ကျီ အတွင်း မှ ငွေများ ကို ရေတွက် ကြည့် နေသည် ။ ရှစ်ဆယ့်တစ်ကျပ်တိတိ တွေ့ ရသည် ။ မောင် မစားရက် မသောက်ရက် ချွေတာလာရသော ငွေများ ဟု အမြင့် နား လည်သည် ။
“ အရီးလေးသာမယ် ကို ဘယ်လောက် ပေးစရာ ရှိ သွားပြီလဲ ”
“ ဟို ... အဲလေ .. ညည်း တွက်ပေးပေါ့ အေ ၊ တုတ်ဖြိုး အလှူ ကူ တာက ငါးကျပ် ၊ ခရမ်းသီး နဲ့ ခရမ်းချဉ်သီး ဖိုး က လေးကျပ် တစ်မတ် ၊ ငှက်ပျောသုံးဖီး က တစ်ကျပ် ၊ အဲ ... ဒါပဲ ထင်ပါရဲ့ ”
“ တစ်ဆယ့်တစ်မတ် ကျတယ် ၊ ရော့ အရီးလေးသာမယ် တစ်ဆယ် ယူ ၊ နောက် အကြွေ ရတော့ တစ်မတ် ပေး မယ်နော် ”
အမြင့် သည် မိုးဦး က အိမ်ကာ သည့် ဝါးထရံဖိုး ပေး ရန် ရှိသော ဦးလေးသာဒွန်း ဆီ သို့ လှည့် လာသည် ။ သားလတ် သက်မြင့်ဦး က အိပ်ခန်း ထဲ မှ နိုးပြီး ယိုင်တိယိုင်ထိုး ထွက် လာသည် ။
“ ဖေဖေ .. ဖေဖေ ဘာပါလဲ ”
“ ဟော ... သား နိုးပြီလား ၊ အမြင့် ငါးခြောက်ဖုတ် နဲ့ ထမင်း ကျွေးစမ်းပါဦး ကွာ ၊ သား ဖို့ ကျောက်သင်ပုန်း နဲ့ ကျောက်တံ ပါတယ် သား ရဲ့ ”
“ ဟင့်အင်ဘူး ... ဟော ... မုန့် တွေ့ပြီ ၊ မုန့်စားမယ် ”
“ ဟဲ့ ဟဲ့ အဲဒါ ညီငယ်လေး ဖို့ သား ရဲ့ ၊ ဖေဖေ နဲ့ ထမင်း စား တာပေါ့ မုန့် မစားနဲ့ ”
“ ထမင်း မစားဘူး ၊ မုန့် စားမှာ ”
“ သားသား ကလည်း လိမ္မာသားနဲ့ ကွယ် ၊ မေမေ ငါးခြောက် ဖုတ်ပေးမယ်နော် ၊ မုန့် မစားနဲ့ ”
အမြင့် သည် သား ကို လှမ်း တားရင်း ဦးလေးသာဒွန်း နား လာ ရပ်သည် ။
“ ဦးလေး ထရံ က ဆယ်တောင် ရှစ်ကျပ် ဆိုတော့ အတောင်ငါးဆယ် ငွေလေးဆယ် ပေါ့ နော် ”
“ အင်း ... ဟုတ်တယ် ၊ ဟို ... မြင်းမိုပိတ် ရော ဆိုတော့ လေးဆယ့်ရှစ်ကျပ် ကျတယ်ကွဲ့ ”
“ ဪ ... ဟုတ်သားပဲ ၊ အမြင့် က မြင်းမိုပိတ် ကို မေ့ နေလို့ပါ ၊ ရော့ ဦးလေး ငါးဆယ် ၊ အနုတ် ရှိတော့ နှစ်ကျပ် ပေး နော် ”
အမြင့် သည် နှစ်ဆယ့်တစ်ကျပ် သောငွေစက္ကူ ကို ကိုင်လျက် ထွန်းသာ ကို ကြည့်ရင်း ငေး နေသည် ။ ထွန်းသာ ပေးရန် ငွေ မှာ ကောက်ရိုးသက်ကယ်ဖိုး ငွေ သုံးဆယ်ကျပ် ဖြစ်သည် ။ ထွန်းသာ သည် ဦးကြည်မြင့် နှင့် ငယ်သူငယ်ချင်း ဖြစ်၍ တန်းကျောင်း မနေရဘဲ ဘုန်းကြီးကျောင်းထွက် ဖြစ် သည် ။ ရိုးရာတောင်သူ လုပ်ကိုင် စားသောက်သည် ။ သူ့ တွင် စပါး ၊ ပြောင်း ၊ နှမ်း ၊ ဝါ စသည်တို့ က တစ်နှစ်စာ အတွက် လုံလောက်လေသည် ။
“ ကိုထွန်းသာ ကို ကြွေး မပေးနိုင်တော့ဘူး မောင် ၊ နှစ် ဆယ့်တစ်ကျပ် ပဲ ကျန်တော့တယ် ”
မြင့် သည် မောင့် ကို အကူအညီ တောင်း လိုက်သည် ။
“ ထွန်းသာ နေဦးကွာ ၊ မင့်ငွေ ရှေ့လ မှ ယူ ၊ ရှေ့လ ဆို ရင် ကြွေး မရှိတော့ဘူး ကွ ၊ မင့် ငွေပဲ ကျန်ပါတော့တယ် ”
ထွန်းသာ သည် ကိုကြည်မြင့် အပေါ် ထာဝရ ညှာတာ စိတ် မွေးသည် ။ ငယ်သူငယ်ချင်း ပီသပေသည် ။ နှစ်ဆယ် တန်လေး နှင့် ကျပ်တန်တစ်ရွက် သည် အမြင့် လက် အတွင်း ဝယ် ခေတ္တ ရပ်နားခွင့် ရသွားလေပြီ ။ တစ် လစာ အတွက် အမြင့် ၏ အိမ်သုံး ပါ တကား ။
“ ဟောတော် ... ကုန်ပါပြီ ”
သားလတ်သက်မြင့်ဦး သည် အိမ် ထဲ တွင် တစ်ယောက်တည်း ထိုင်၍ မုန့်ထုပ် ကို စား ပစ်လိုက်သည် မှာ ကုန် သွားပေပြီ ။
••• ••• ••• •••
“ ဟင်း .. ”
ဆရာဦးကြည်မြင့် သည် ညာဘက် လွယ်အိတ်ကြီး အတွင်း မှ မုန့်ထုပ် ကို စမ်း ကြည့်မိလိုက်သည် ။ ။
လွန်အိုင်ရွာ အဝင် ဝ မှ လက်ပံပင်ကြီး သည် ညို့မှိုင်း စွာ ဆီးကြိုနေသည် ။ သူ သည် အတွေး ကို ဖြတ်၍ လက်ပံပင် အောက်တွင် ခေတ္တ အနား ယူလိုက်သည် ။
စမ်းရေအေး ကို အားပါးတရ သောက်ပြီး ဆေးပေါ့လိပ် ကို ဖွာလိုက် မှ ဗိုက် က ဆာလာသည် ။ သည်တော့ လည်း လစာထုတ် စဉ် က ကိုသက်ဝေ တိုက်ကျွေးခဲ့သော ကော်ဖီ နှင့် မုန့် တို့ကို သတိ ရလာပြန်သည် ။
“ စား ဗျာ ကိုကြည်မြင့် မုန့် ၊ ခင်ဗျားတို့ ကတော့ အိမ် ရောက် ရင် ဇနီး နဲ့ သား နဲ့ ဇိမ် ပဲ ”
ကိုသက်ဝေ က သူ့ ထင်မြင်ချက် အတိုင်း ပြော လိုက် သည် ။ သူတို့ လို လူပျိုကြီး အပျိုကြီးများ တို့ သည် အိမ်ထောင်ရှင်များ ကို မြင်လျှင် ဇိမ် ဟု ထင်မှတ် တတ်ကြသည် ။ သူတို့တွေ အိမ်ထောင် ကျ ပြန်တော့လည်း ထင်သလို မဟုတ်ကြောင်း သိရတတ်ပြန်သည် ။
ကိုကြည်မြင့် နှင့် တင်တင်မြင့် တို့ အိမ်ထောင် ကျခဲ့ သည်မှာ ကျောင်းဆရာ လုပ်သက် နှင့်အမျှ ဖြစ်သည် ။ ဇနီး အမြင့် မှာ တောသူ မဟုတ် ။ ကိုကြည်မြင့် ကျောင်း တက်ခဲ့သော မြင်းခြံမြို့ မှ ဖြစ်သည် ။ တက္ကသိုလ်ဝင်တန်း အထိ အတူ နေလာခဲ့ကြရသော ကျောင်းနေဘက် ဖြစ်သည် ။
“ ကိုကြည့် နောက် ကို မြင့် လိုက် ခဲ့မယ် ”
ကိုကြည်မြင့် စာမေးပွဲ အောင်၍ ကိုယ့်ရပ်ရွာ တွင် ကျောင်းဆရာ အဖြစ် အခန့် ခံရသောအခါ ချစ်သော မြင့် က လိုက် လာခဲ့သည် ။ တင်တင်မြင့် မိဘများ က တသက်တာ တွင် သမီး မတော်လို ဟု ဆိုလိုက်သည် ။
“ မောင် နဲ့ နေရရင် မြင့် ဘယ် ဘဝမျိုး မဆို ရင်ဆိုင်ရဲ တယ် မောင် ”
တောရွာ ရောက်၍ နေသား ကျသောအခါ၌ မြင့် က ပြော ခဲ့သည် ။ ခုတော့ မြင့် မှာ ရင်ဆိုင် ရလေပြီ မဟုတ်လား ။ သားကြီး လှမြင့်ဦး မှာ ငါးနှစ်သား သူငယ်တန်း ၊ သားလတ် သက်မြင့်ဦး မှာ သုံးနှစ် ၊ အသက် ငယ် ပေမယ့် ဖေဖေ ၊ မေမေ ခေါ်သံ နှင့်အတူ ကကြီး - ဝလုံး ဟု ဆိုတတ်သည် ။ အပါ ကတော့ သွားနိုင် စ အရွယ်လေး ။
သည် ကလေးတွေ ကြောင့် မြင့် မှာ အစား ချို့တဲ့ ၊ အဝတ် ချို့တဲ့နှင့် အစစ ချွေတာခဲ့ရသည် ။ တော်လှန်ရေး အစိုးရခေတ် မတိုင်မီက ကြွေးများ ကို ဖဲ့၍ဖဲ့၍ ဆပ် နေရသေး သည် ။ စား ၊ ဝတ် ၊ နေ ၊ ရေး ဟု ဆိုသော်လည်း အဝတ် အတွက် ဆိုသည်မှာ တောရွာ မို့ ဖြစ်သလို နေလို့ ရသေးသည် ။ အစား အတွက် က အရေးကြီးဆုံး ဖြစ်သည် ။
အမြင့် သည် မောင့် လစာ ကို တစ်လ အတွက် လောက် အောင် ဇယား ချ၍ တွက် ကြည့်ခဲ့ဖူးသည် ။ အပြန် ပြန်အလှန်လှန် တွက် ကြည့်ခဲ့ဖူးသည် ။ အဖြေ ကား မရခဲ့ ။ သည်တော့လည်း သင်္ချာဂုဏ်ထူး ဖြင့် စာမေးပွဲ အောင်ခဲ့ သော မောင့် ကို အတွက် ခိုင်းရသည် ။
အမေအို ၊ အဖေအို နှင့် ဆိုလျှင် လူနေ ခုနစ်ယောက် ရှိ သော အိမ်ထောင် ဖြစ်သည် ။ မောင် က လွဲလျှင် ကျန်လူများ မှာ လုပ်အား မပေးနိုင်တော့သော လူများ နှင့် မပေးနိုင်သေး သော လူများ ... ။
ဦးကြည်မြင့် သည် သင်္ချာ တွက်ကိန်းများ ဖြင့် အမျိုးမျိုး ချ၍ တွက် ကြည့်သည် ။ အဖြေ မှာ မစားလောက် ဟူ၍ သာ ရသည် ။ သူ သည် ကလေးများ ကို သင်္ချာ ပြ ရာ၌ မစား လောက် လျှင် သုည ထိုး ၊ အပိုင်း ခံ ၊ ဒသမ ဖွဲ့ စသည်ဖြင့် တွက် ပြရသည် ။ သူ့ဘဝ မစားလောက်သည် ကို မူ မည်သို့ သုည ထိုး ၍ ၊ မည်သို့ အပိုင်း ခံ ပြီး ၊ မည်သည့် ဒသမမျိုး ဖွဲ့ ရ လေမည်နည်း ။
ထွန်းသာကြီး သည် တန်းကျောင်း မနေခဲ့ရ၍ သင်္ချာ မတွက် တတ် ။ သို့သော် သူ့ ဘဝသင်္ချာ ကို ကား နိုင်နင်းလှ ပေသည် ။ ဦးကြည်မြင့် မှာ တစ်ဦးတည်း သော သား ဖြစ်၍ မိဘ က ရှိသမျှ ယာမြေ ကို ရောင်းချပြီး ကျောင်း ထား ပေးခဲ့ သည် ။ ခုတော့ ထွန်းသာ လို ယာမြေ လည်း သူ့ မှာ မရှိတော့ ။
“ မောင် ရေ မစားလောက် လို့ မြင့် ထိုးထားတဲ့ သုည တွေ လေ မောင် ရဲ့ ၊ ကြည့်စမ်းပါဦး လို့ ”
မိုးကျစ က အိမ်ဝိုင်း အတွင်းတွင် မြင့် စိုက်ထားသော ခရမ်းချဉ် ၊ ဘူး ၊ ဖရုံ နှင့် ခဝဲ စသည့် အပင်များ မှာ အသီးအပွင့် များ နှင့် ဝေဆာ စိမ်းလျက် ရှိနေလေပြီ ။
“ ဒီနေရာမှာတော့ မောင့် ထက် အဆပေါင်းများစွာ တော် တဲ့ ဘဝသင်္ချာသခင်မလေးပါပဲ မြင့် ရယ် ”
“ ခုလို ခေတ်မှာ အောက်ခြေ လွတ်လို့ မရဘူး မောင် ရဲ့ ၊ ဟိုဘက် မောင်ပွ တို့ ခြံ ထဲက ပေါက်ကြက်မတွေ အားလုံး ဟာ မြင့် ဝယ်ပြီး မွေး ထားတာ သိလား ၊ ခုဆိုရင် ကြက်ကလေးတွေ ပေါက်ကုန်ပြီ ”
“ မြင့် ဟာ မောင့် ဆရာမ ပါ မြင့် ရယ် ၊ မောင် တို့ ကျောင်းဥယျာဉ် ထဲ စိုက်ပြီး နေ့တိုင်း ပြုစုထားရတဲ့ အပင်တွေ က သရက် ၊ မာလကာ ၊ ပိန္နဲ ၊ ရှောက် ၊ လိမ္မော် နဲ့ ပန်းမျိုးစုံ တွေ ဆိုတော့ ဟင်းချက်စရာ ကို ဘာမှ မပါဘူး ၊ အဲဒါ မြင့် လုပ်ပေးပါဦး လို့ ၊ နောက်ပြီးတော့ ကြက်ခြံ လည်း လုပ်ရင် ကောင်းမှာပဲနော် - နော် လို့ ”
“ အိုကွယ် ... မောင် ကလည်း ကျောင်းအုပ်ကြီး ကို ပြောပေါ့ ၊ ဖယ်စမ်း သားတွေ လာ ကုန်ပြီ ”
ဦးကြည်မြင့် သည် ဟင်းသီးဟင်းရွက်ခင်း ထဲ မှ မြင့် နှင့် အတူ လမ်းလျှောက်ရင်း အားပါးတရ မြင့် ကို ဖက် ထား လိုက်သည် ။ မြင့် သည် ပါးမို့မို့ ကို တယုတယ မွှေး နေသော မောင့် လက်တွင်း မှ ရုန်း ထွက်ခဲ့သည် ။
••• ••• ••• •••
ဦးကြည်မြင့် သည် အတွေးပေါင်းစုံ တို့ ကို တွေးပြီး လက်ပံပင်ရိပ် မှ ထွက် လာခဲ့သည် ။ နီးကပ်နေပြီ ဖြစ်သော အိမ် ကို ရောက်လို ဇော က ခုမှ ပို၍ ပြင်းပြလာသည် ။ ချစ်သော ဇနီး “ ဘဝသင်္ချာ ” ဆရာမလေး မျှော် နေရှာရော့မည် ။
လရောင် သည် အေးမြသာယာလှပါ၏ ။ လရောင် ၏ အေးမြခြင်း နှင့် ညဉ့်ငှက် တို့ ၏ တွန်ကျူးသံသာခြင်း တို့ အရသာ ကို ဦးကြည်မြင့် ခံစားရင်း နီးကပ်နေပြီ ဖြစ်သော စံပယ်မြိုင်ရွာ အတွက် ရှေ့သို့ သွက်သွက် လှမ်း လျက် ...
“ ဪ ... ဘဝသင်္ချာ ကား ဂဏန်းသင်္ချာ ပိုင် ရုံဖြင့် မနိုင်ပါကလား ” ဟု ပြုံး၍ ရေရွတ် လိုက်လေသည် ။
◾ ပုပ္ပါး နှင်းဝေဝေ
📖 ရှုမ၀ မဂ္ဂဇင်း
၁၉၆၆ ခုနှစ် ၊ ဧပြီ လ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment