Wednesday, June 15, 2022

မုန့်မကြိုက်တဲ့ တုတ်ခိုက်သမား ကိုမင်းလူ


 

❝ မုန့်မကြိုက်တဲ့ တုတ်ခိုက်သမား ကိုမင်းလူ ❞

အမှန်တော့ ကိုဉာဏ့် ကို စတင် ရင်းနှီးခွင့်ရခဲ့သည့် ကာလ သည် သူတို့ သုံးယောက် အဖမ်း မခံရခင် က မှ ဖြစ်သည် ။ သူ ၏ ဘာတွေဖြစ်ကုန်ကြပြီလဲ ကို လူထု လက် အရောက်ပို့ရန် ကြံစည်စဉ် ကာလက မှ ဖြစ်သည် ။ သည့်မတိုင်ခင် က သိသည် ဆိုရုံ ။ သည့်မတိုင်ခင် က သူ ၏ မတရားသက်သက် ရက်စက်လေတော့သည် ကဗျာ ကို အမျိုးသားနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်လေး ထဲ တွင် ယူ သုံးသည့်ကိစ္စ ရှိခဲ့ဖူးသည် ။ ဆရာ မောင်သော်က ဇနီး ၏ အသုဘတွင် ဝေငှခဲ့သည့် လက်ကမ်းစာစောင်လေး ။ သူ က သည်လို ထုတ်ဝေသည် ကို သဘော တူသည် ။ သူ့ မှာ နောက်ထပ် ရေးထားသည့် ကဗျာ ရှိနေသည် ဟု သိရာမှ ဘာတွေဖြစ်ကုန်ကြပြီလဲ စီးရီး ပေါ်ထွက်လာခဲ့ခြင်းပင် ။

ထိုစဉ် ၁၉၉၀ ဇွန် ၊ ဇူလိုင်လများ ။ သည်စဉ်က ပေဖူးလွှာ ကို ဦးမြလှိုင် တာဝန် ပေးမှုကြောင့် ဦးမျိုးမြင့်ညိမ်း က ဦးဆောင် စီစဉ်နေချိန် ။ အသွင်သစ်ဖြင့် တင်ဆက်မည့် ပေဖူးလွှာ အတွက် ကိုဉာဏ် က ကဏ္ဍတစ်ခု ထည့်သွင်းရန် အကြံပေးခဲ့သည် ။ ကလောင်ငယ်ကဏ္ဍ ဟု ။ သူ က လူငယ်စာရေးဆရာ ဖြစ်ခဲ့သူမို့ အခြားလူငယ်စာရေးဆရာများစွာ ကို မြေတောင်မြှောက် လိုသည် ။ စာရေးသူများ ကို လူငယ်များ ဖြစ်စေလိုသည် ကို သူ က စိစစ် ရွေးချယ်ပေးသည် ။ သည်ကဏ္ဍ က မဂ္ဂဇင်း ထဲ မှာ နောက်ထပ် မဂ္ဂဇင်းလေး တစ်ခု ပါနေသည့် သဘောမျိုး ဖြစ်အောင် ရည်ရွယ်ခဲ့သည် ။ တစ်နည်းအားဖြင့် လူငယ်များ ၊ ကလောင်သစ်များ အတွက် သီးသန့်မဂ္ဂဇင်း စာမျက်နှာသစ်များ ။ သို့သော် သည်ကဏ္ဍ ကို သူ တာဝန် ယူနိုင်ခဲ့သည်က လေးလသာ ။

သူတို့ အဖမ်း ခံရတော့ ၁၉၉၀ စက်တင်ဘာ လဆန်း ။ သူတို့ ဟူ သည် ကိုမင်းလူ ၊ ဦးမျိုးမြင့်ညိမ်း နှင့် ကိုစိန်လှိုင်( သုံးရောင်ခြယ် ) ။ ကဗျာရေးသူ ၊ စီစဉ်သူ နှင့် ထုတ်ဝေဖြန့်ချိသူ ဟူ၍ သူတို့ သုံးယောက် အဖမ်း ခံခဲ့ကြရသည် ။ ပေဖူးလွှာ ၏ ပဲ့ကိုင်ရှင် ဦးမျိုးမြင့်ညိမ်း ရော ၊ “ ကလောင်ငယ် ” ၏ ပဲ့ကိုင်ရှင် ကိုမင်းလူ ပါ အဖမ်းခံရတော့ ကိုယ် က ထို တာဝန်တွေ ကို သိမ်းကျုံး ယူရသူ ဖြစ်လာသည် ။ သို့သော် “ ကလောင်ငယ် ” ကို ပိုပြီး ဂရုတစိုက် လုပ်ဖြစ်သည် ။ သို့ဖြင့် စာပေစိစစ်ရေး၏ အငြိုငြင်ခံရဆုံး စာမျက်နှာများ ဖြစ်ခဲ့သည် ။ သည်ကဏ္ဍ ကနေ စာရေးဆရာ ဖြစ်သွားကြသူများ ရှိခဲ့သည် ။ ဂျာနယ်လစ် ဖြစ်သွားကြသူများ ရှိခဲ့သည် ။ တစ်နည်းအားဖြင့် သည်ကဏ္ဍ သည် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းစာမျက်နှာများ မတိုင်မီက ဖူးပွင့်ခဲ့သော လူငယ်ကလောင်သစ်များ ၏ လေ့ကျင့်ကွင်း ဖြစ်ခဲ့သည် ။

သူတို့ ကို ၃၆ လမ်း ၊ ကျောက်တံတား တရားရုံး ထုတ်လာတော့ ကိုယ့် မှာ နောက်ဆုံးနှစ် အပိုင်း ( ခ ) စာမေးပွဲ ဖြေပြီး အောင်စာရင်း ထွက်ပြီး နေပြီ ဖြစ်သော်လည်း သူတို့ အဖမ်းခံရစဉ်ကမူ စာမေးပွဲ မဖြေရသေး ။ ကိုယ့် ပါဝင်ပတ်သက်မှုများကို သိသဖြင့် သူတို့ ကို တရားရုံး အချုပ်ခန်း မှာ လာတွေ့သည့် ကိုယ့် ကို “ ရူးလောက်ပြီ အောက်မေ့နေတာ ။ စာမေးပွဲလည်း ကျပြီ ထင်တာ ” ဟု ကြိုဆိုခဲ့သည် ။

ထိုစဉ်က ရုံးချိန်း ၄ - ၅ ချိန်း မျှ ကျောက်တံတားတရားရုံး ကို ရုံးထုတ်ပြီး မှ ဘာဆို ဘာမျှ မစစ်ဆေးဘဲ အင်းစိန်ထောင်တွင်း စစ်ခုံရုံး ကနေ အမိန့်ချသည် ။ သို့သော် ရုံးထုတ်ခိုက်တွင် မိသားစု သာမက စာပေလောက ၊ နိုင်ငံရေးလောက တို့ မှ အပေါင်းအသင်းများကပါ လိုက်တွေ့နိုင်သည် မို့ သူတို့ ရုံးထုတ်သည့် နေ့ဆိုလျှင် ထိုနေရာ တဝိုက် မှာ တရုန်းရုန်း ဖြစ်နေတတ်သည် ။ မနက်စောစော တွင် ကိုဆန်နီညိမ်း နှင့် ကိုယ် က ထိုစဉ်က ပေါ်ဦးပေါ်ဖျားများ ဖြစ်သော ဟမ်ဘာဂါ သုံးလုံး ကို ကုန်သည်လမ်း ပေါ် က ဆိုင် မှာ ဝယ်ပြီး မှ အချုပ်ခန်း ဆီ သွားကြသည် ။ သူတို့ကို ခေါ်ဆောင်လာသည့် အချုပ်ကား ရောက်ပြီ ဆိုလျှင် လူချင်း တွေ့ခွင့် မရသေးသဖြင့် ရဲများ က တစ်ဆင့် ထို ဟမ်ဘာဂါ နှင့် လက်ဖက်ရည် ကို သူတို့ ထံ ပို့ နှင့်ကြသည် ။ ရုံးချိန် ကျော်လာမှ လူစုံ လာကြသည် ။ သည်အခါမှာလည်း ရဲများ ကို လက်ဖက်ရည်ဖိုး ပေးကာ တစ်ယောက်စ ၊ နှစ်ယောက်စ စီ အချုပ်ခန်း ထဲ ဝင်ပြီး သူတို့ နှင့် တွေ့ ကြရသည် ။ သည်အခါမှာ သူတို့ က ပြောချင်ရာ ပြောကြသလို စားချင်ရာ မှာကြသည် ။

သည့်နောက် သူတို့ ထောင် ၇ နှစ် စီ ကျ သွားကြသည် ။ ထောင် ကနေ မလွတ်မချင်း အပြင် ကို ပြန် ထွက်ရဖို့ ဖြစ်နိုင်ချေ နည်းလွန်းလှသည် ။

သို့သော် ဆရာသာဓု ဆုံးသွားသဖြင့် အသုဘ ပို့ရန် ကိုဉာဏ်ပေါ် ကို ခေါ်ထုတ်ရဖို့ ဖြစ်လာခဲ့သည် ။ သူမ နှင့် ယုယ တည်း ဟူသော သမီး နှစ်ယောက် ကို ကိုဉာဏ် နိုင်ငံခြား သွားနေသည် ဟု ပြော ထားသဖြင့် အဘိုး အသုဘ မှာ ခဏတာမျှသာ လာမည့် အဖေ ဖြစ်သူအကြောင်း ဆက် လှိမ့်ဖို့ လူကြီးတွေ တွေး ရသည် ။ ကိုဉာဏ့် ကို သူတို့ က ခေါ်လာပေးမည် ဖြစ်ပြီး မိသားစု က အင်းစိန် အရောက် ပြန်ပို့ ပေးခွင့်ရမည် ဖြစ်သည် ။ ထိုစဉ်က ကြံတော မှာ လူ ရှုပ်နေသဖြင့် သူတို့ အဖေ မည်သည့်ပုံ ၊ မည်သည့်နည်း နှင့် ပေါ်လာသည် ကို သမီးနှစ်ယောက် က မမေးသာ ။ သို့သော် အင်းစိန် ကို ပြန်အပို့ လမ်း မှာ လူကြီး အားလုံး မျက်နှာ မသာမယာ ဖြစ်နေသဖြင့် ခပ်မဆိတ် နေ နေရသော ယုယ က အင်းစိန်ထောင်ဝင်း အတွင်း ကား ဝင်လာသည့်အခါ “ လေယာဉ်ကွင်း ကလည်း လေယာဉ် တစ်စင်းမှ မရှိပါလား ” ဟု ဆိုလိုက်သည် ။ သူ့ အဖေ နိုင်ငံခြား ကို ချက်ချင်း ပြန်သွားရမည် ဟု လူကြီးများက ဆိုထားသော်လည်း သူ့ စိတ် ထဲမှာ ယုံပုံ မရ ။ သူ့ စကား ကို အားလုံးက လျစ်လျူရှု ထားလိုက်ကြသည် ။ တိတ်ဆိတ်မှု နှင့် မျက်နှာ မသာမယာမှု တွေကြောင့် ယုယ စကား ဆက် မပြောသာတော့ ။ သည်စဉ်က ကိုဉာဏ် မည်ကဲ့သို့ ခံစားခဲ့ကြောင်း နောင် မည်သည့် အခါမျှ မမေးဖြစ် ။ ယုယ ကို သာ သည်အကြောင်း ပြောပြဖြစ်သည် ။

ကိုဉာဏ် လွတ်တော့ ၁၉၉၂ စက်တင်ဘာ ။ ၁၁/၉၂ ကြောင့် လွတ်သူများ အနက် နောက်ဆုံးမှ ပါ သွားခဲ့သူ ဖြစ်သည် ။ သူ လွတ်သွားသော်လည်း သူ့ အမှုတွဲများ ဖြစ်သည့် ဦးမျိုးမြင့်ညိမ်း နှင့် ကိုစိန်လှိုင် တို့ မလွတ်သည့် အတွက် သူ့ စိတ် ထဲ မှာ အပြစ် မကင်းသလို ခံစားရပုံ ပေါ်သည် ။ သူ က သူ့ ကိုယ် သူ လူမြင်ကွင်း ၊ မီဒီယာမြင်ကွင်းများ ဆီမှ ခါတိုင်းထက် ပိုပြီး ရှောင် ထွက်လာသည် ။ စင်စစ် သူ လွတ်သွားခဲ့သည့် အတွက် မည်သူကမျှ တစ်မျိုးတစ်မည် မဖြစ် ။ ဝမ်းသာအားရသာ ဖြစ်ခဲ့ကြသည် ။ သူ ၏ ရဲဘော်ရဲဘက် စိတ် ကသာ သူ့ ကို ထိုးနှက်ဖြစ်စေခဲ့သည် ဟု ထင် ရလေသည် ။ နဂိုကမှ လူတွေကြား မှာ စကား မများလိုသော သူ က ပွဲတကာ ကို သတ်သတ်မှတ်မှတ်ပင် ရှောင် ခဲ့သည် ။

သို့ရာတွင် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း ( teen ) ကို ကိုယ်တို့ လုပ်ဖြစ်သည့်အခါ သူ က တက်ကြွစွာ အားပေးသည် ။ ပူးပေါင်းပေးသည် ။ မင်းကိုဉာဏ် ကလောင်အမည် ဖြင့် စာအုပ်အညွှန်းတွေ ရေးပေးသည် ။ စာပေဝါသနာ ပါသော လူငယ်များ ကိုလည်း teen မှာ လက်သွေးဖို့ အကြံ ပေးသည် ။

“ ကလောင်ငယ် ” ကဏ္ဍ ကို သူ မွေးထုတ်သော်လည်း ကိုယ် က ကြီးပြင်းရှင်သန်အောင် ဆောင်ရွက်ရ သကဲ့သို့ teen ကိုလည်း ကိုယ် က မွေးထုတ်ပျိုးထောင်နေချိန် မှာ သူ က အားပေးသည် ။ ကြီးထွားအောင် ကူညီသည် ။ အကြံပေးသည် ။ ပွဲတကာ ကို ရှောင်သလောက် teen က တစ်ခုခု လုပ်လျှင်ဖြင့် သူ မနေနိုင် ။ သူ့ ကိုယ် သူ teen ၏ တာဝန်ရှိသူ တစ်ဦး လို ခံယူပုံ ရသည် ။ သို့ရာတွင် သည်အကြောင်း ကို လည်း သူ နှင့် အတွင်းကျကျ စကားဖောင် မဖွဲ့ဖြစ် ။

ကိုဉာဏ် က စမ်းချောင်း ၊ အင်းစိန် ၊ ဟားဗတ် စာအုပ်မိတ်ဆက်ပွဲ မှာ သူတို့ ထောင်ကျနေစဉ် ကာလအတွင်း ကိုယ် က သူ နှင့် သူ့ မိသားစု အပေါ် တာဝန် ကျေခဲ့သလောက် ကိုယ် ထောင်ကျနေစဉ်ကာလအတွင်း သူ က ကိုယ် နှင့် ကိုယ့်မိဘ အပေါ် တာဝန် မကျေနိုင်ခဲ့သည့် အတွက် ဝမ်းနည်း စိတ်မကောင်းကြောင်း ဆိုခဲ့သည် ။ ကိုယ် လွတ်လာပြီး သူ နှင့် မကြာခဏတွေ့ ဖြစ်သည့် တိုင် သူ က သည်အကြောင်း ကို အကြမ်းဖျင်းတော့ ပြောဖူးသည် ။ အသေးစိတ် အကျယ်တဝင့် မပြောခဲ့ ။ သည်လိုပွဲ မှာမှ လူသိရှင်ကြား တောင်းပန်စကား ဆိုလိုက်ပြန်တော့ သူ က မျိုသိပ်နိုင်လွန်းသူ မဟုတ်တော့ပြန် ။ စင်စစ်လည်း သည်ပွဲ မှာ သူ မျိုသိပ်ထားသည်များ မှ အချို့ကို ထုတ်ဖော်ပြောကြားခဲ့လေသည် ။

သူ က လူတွေ ဟာ မုန့် ဝေတော့ မှ အလျှိုလျှို တန်းစီကြတယ် ။ တုတ် ဝေတုန်းကတော့ မပါကြဘူး ဟု အနက်ရသည့် စကားများ ကို ရည်ရွယ်ချက် ရှိရှိ ပြောခဲ့သည် ။ တစ်ချိန်က သူ့ ပခုံးပေါ် ရောက်နေပြီ ဟု သူ သတ်မှတ်ထားသော ခေတ်ဝန် ကို သူ ထမ်းခဲ့သော်လည်း သူ က ဝန်ထမ်းခ ဟူ၍ ရင်းစား ပြန်တောင်းရန် မကြိုးစားခဲ့ ။

သို့ရာတွင် သူ့ လောက်မှ ခေတ်ဝန် ကို မကျေပွန်ခဲ့သူများ က ယခုအခါ မှ လေးစားအပ်သော မီဒီယာသမား ၊ စာပေသမားများ အဖြစ် မုန့်ဝေ ဇယားတန်းစီ ရာတွင် ရှေ့တန်း က ကန့်လန့်ကန့်လန့် နှင့် စန့်စန့်ကြီး ပေါ်လာသည့်အခါ သူ ယားကျိကျိ ဖြစ်ခဲ့ပုံပေါ်သည် ။ ထိုနေ့ က သူ စကား အများကြီး ပြောခဲ့သည် ။ ထို့နောက်တွင် သူ နှင့် စကားအေးအေးဆေးဆေး ပြောရန် အခြေအနေ မပေးတော့ ။

သူ က သူ့ ကျန်းမာရေး ကိစ္စ ကို လှမ်း တိုင်ပင်သည့်တိုင် ကိုယ့် မှာ က ခရီးများစွာ ၊ တာဝန်များစွာ ။ တစ်သွားတည်း သွားနေရသည့် ကိုယ့် ကို “ နေအိမ်အကျယ်ချုပ် ” မဟုတ်ဘဲ “ နေအိမ်နှင့်မနေရ ” ပုဒ်မ ကျခံနေရသူ ဟု ကိုဉာဏ် က နောက်ပြောင်တတ်သည် ။

သူ့ အိမ် ကိုသွားမည် ၊ သူ ထိုင်လေ့ ရှိသည့် လက်ဖက်ရည်ဆိုင်သို့ သွားမည် ဟု အားခဲသည့်တိုင် မရောက်နိုင်ဘဲ ဖြစ်နေချိန်တွင် သူ က ဝိတိုရိယ ပေါ် သို့ ရောက်သွားခဲ့ပြီ ။ သူ့ မှတ်ဉာဏ် စွမ်းရည်များ ဝေဝေဝါးဝါး ဖြစ်လာချိန်တွင် အစကတွေ့ဖို့ မကြိုးစားခဲ့မိလေခြင်း ဟူသည့် နောင်တ မျက်ဝန်းများ ဖြင့် ကိုယ် တို့ ရောက်သွားခဲ့ကြသည် ။ သူ က မှတ်မိကြောင်း အမူအရာတွေ ပြသည် ။ စားချင်သည်များ ကို ဝယ်ကျွေးမည် ဟု ဆိုတော့ စားစရာများ ကို ခေါင်းညိတ်ပြီး ရွေးပြော ပြောပြသည် ။ ထိုနေ့ ည က သမီး ဖြစ်သူ ယုယ ကို “ ကိုမျိုး နဲ့ မသီတာ လာ သွားတယ် ။ ငါ တော့ အဖမ်း ခံရဦးမယ် ထင်တယ် ” ဟု သဘော ဆောင်သော အပြောမျိုး ပြောသေးသည် ဟု ဆိုသည် ။ သူ့ မှတ်ဉာဏ် မှာ ကိုယ်တို့ ကို ထုတ်ဝေသူများ ဟု စွဲစွဲထင်ထင် ရှိခဲ့သည် က သေချာသလောက်ပင် ။ သို့ရာတွင် ကိုဉာဏ် နှင့် အပြန်အလှန် စကား ပြောခွင့် ကိုကား ထိုစဉ်ကပင် ဆုံးရှုံးခဲ့ရသည် ။ ထိုကိစ္စ ကို ဖြင့် ယခုတိုင် နောင်တ ရမိသည် ။ သူ့ မှာ ပြောချင်ရာများ ရှိနေချိန်တွင် သူ ပြောချင်သမျှ ကို နားမထောင်ဖြစ်ခဲ့လေခြင်း ။

သူ မရှိကာမှ လုပ်ဖြစ်သည့် PEN Myanmar အဖွဲ့ကြီး ၏ လှုပ်ရှားမှုများ ကို ဆောင်ရွက်သည့် အခါတွင်လည်း သူ့ ကို အထူးတလည် သတိရဖြစ်သည် ။ PEN အကြောင်း စ သိရသည် က သူတို့ ထောင်ကျစမှာ သူတို့ ကို PEN စင်တာတစ်ခု က ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ် အသိအမှတ် ပြုခဲ့ရာ က စသည်ဟု ဆိုရမည်လေ ။

စင်စစ် သည် အသိအမှတ် ပြုမှုကတော့ တုတ်ဖျား က မုန့်ပျားသဘော ။ သို့သော် သူ က မည်သည့် အဖွဲ့ကြီး ၏ အသိအမှတ် ပြုမှုမျိုး ကိုမျှ လိုအပ်နေသူလည်း မဟုတ် ။ သူ ဆုံးခါစရက်များ တွင် သူ့ အကြောင်းကသာ ဖေ့စ်ဘွတ်ခ်တစ်ခွင် နှင့် စာမျက်နှာ အများအပြား တွင် တသွင်သွင် ပါနေခဲ့သည် ကိုး ။ သူ့ ကို ချစ်သော စာဖတ်သူများ က ဈာပန ကို လာ ပို့ခဲ့ကြသည် ။ နာမည်ကျော် စာရေးဆရာကြီးအချို့ ၊ သတင်းစာဆရာကြီးအချို့ ၏ ဈာပန တွင် သူတို့ ဝေစားခဲ့သော မုန့်ပိုင်ရှင်အဖွဲ့အစည်းကြီးငယ်များ ၏ ပန်းခွေ ၊ ပန်းခြင်း ၊ သဝဏ်လွှာများဖြင့် ပကတိ ပုံစံတကျ စည်ကားခဲ့ သလောက် သူ့ ဈာပန တွင် မူ သူ့ ကို နှင့် သူ က ချစ်သော တုတ်ဝေခံများ ၊ စာဖတ်သူများ ၏ ပကတိ ရိုးစင်းသော ကြေကွဲမျက်ဝန်းများဖြင့် ပြည့်နှက်ချင်တိုင်း ပြည့်နှက်ခဲ့သည် ။ သူ့ နှယ်ပင် သူ့နောက်ဆုံး ခရီး ကား မုန့်ဝေတန်းစီခရီး မဟုတ်ခဲ့ ။

ကိုဉာဏ် … ဘာတွေ ဖြစ်ကုန်ကြပြီလဲ လို့ မေးချင်နေသေး မဟုတ်လား ။ ဒေဝတာမြို့တော် ရဲ့ မုန့်မကြိုက်တဲ့ တုတ်ကြီးကြီး အဝေခံ အရေးတော်ပုံတပ်သားကြီး ဆရာ ဦးဝင်းတင် နဲ့ အတူပဲ အဲဒီအမေး ကို ဆက်ကာ ဆက်ကာ မေးနေပေရော့ ။

◾မသီတာ ( စမ်းချောင်း )

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment