❝ လေးဆယ်ကျော် မှ တစ်ဘဝ ❞
အရက်ဖြူဆိုင်ကြီး ထဲ မှ အရက် ဝယ်ခဲ့ကြပြီး လမ်း ဘေး က အမြည်းဆိုင်ကလေး တွင် ထိုင် ကြသည် ။ အမြည်းဆိုင်ကလေး မှ ရေ ၊ အမြည်း ဖန်ခွက် စသည်တို့ ရရှိကြ သည် ။ လမ်းဘေးဆိုင်ကလေးများ မှာ မြေကြီး ပေါ် တွင် ဖြစ် သလို တည်ခင်းရောင်းချသည် မှန်သော်လည်း လူမစဲ ချေ ။ ကိုယ့် ဝိုင်းကလေးများ နှင့် ကိုယ် စည်စည်ကားကား ရှိသည် ။ ဆူဆူညံညံ ရှိသည် ။ သီချင်း ကို လည်း လွတ်လွတ်လပ်လပ် ဆို နိုင်သည် ။ ကမည် ဆိုလျှင်လည်း ကျယ်ကျယ်ဝန်းဝန်း က,နိုင်သည် ။ ဝါသနာ ပါသူများ ၊ ပျော်ရွှင်တတ်သူများ က လက်ခုပ် တီးပေးကြပါလိမ့်မည် ။
အရက် ရောင်းသော အရက်ဖြူဆိုင်ကြီး ထဲ ၌ ထိုင် သောက်သူ မရှိသလောက်အောင် ရှင်း နေသည် ။ လမ်းဘေး မှ အမြည်းဆိုင်ကလေးများ သည် အရက်ဆိုင်ကလေးများ အဖြစ် အလိုလို ဘဝ ပြောင်းနေသည် ။ အမြည်း စားစရာက လည်း တရုတ်အစာ ၊ ကုလားအစာ ၊ ဗမာအစာ အစုံရ သည် ။
“ ဘဝသံသရာတဲ့ အဟဲ့ x x x ရှည်လျားထွေပြား မနေမနား x x တစ်ယောက်တည်း သောက်ကြတာ x x ”
ရုတ်တရက် ဆရာဦးသုခ ၏ ဘဝသံသရာ သီချင်း ကို ဖျက် ဆိုသံ ကြား လိုက်ရသဖြင့် အရက်ဝိုင်းကလေးများ မှ လှမ်း ကြည့်ကြသည် ။ သီချင်း ဆို လာသူကား အသက် ၄၀ ခန့် ရှိပြီ ။ ပုဆိုးတိုတို နှင့် ဒယိမ်းဒယိုင် လျှောက် လာနေ သည် ။ သူ့ မျက်ထောင့်များ က နီ နေသည် ။ သူ့ မျက်နှာ သည် ပွအစ်အစ် သူ့ မေးစေ့ မှာ မုတ်ဆိတ်မွေး ဗရဗျစ် နှင့် ...
“ ဘဝသံသရာ တဲ့ ၊ ဟေ့ ... ညီလေး ငါ့ နည်းနည်း ပေး ပါကွာ ၊ ငါ နည်းနည်းလေး လို နေလို့ ၊ လက်တွေတောင် တုန် နေတယ် ”
သီချင်း အစကလေး ကို ဟစ် လိုက်ပြီး နီးရာ ဝိုင်းကလေး ထဲ ဝင် သွားသည် ။ ထို ဝိုင်း မှာ ကျောင်းသားအရွယ် လူငယ်များ ဝိုင်း ဖြစ်သည် ။ လူငယ်များ သည် သူ့ ကို ကြည့် ပြီး ပြုံး ကြသည် ။ အရက် အနည်းငယ် ပေး လိုက်သောအခါ သူ သည် အွတ်ခနဲ တစ်ကျိုက် တည်း သောက် ချလိုက်ကာ နေရာ မှ ထသည် ။
“ တူနယ် - တယ့်နယ် - တူနယ် ဗြောင် ... လဗြောင် လဗြောင် .. ”
သူ သည် ပါးစပ်ဆိုင်း ပေါက်ကရကို ခပ်ကျယ်ကျယ် တီး ပြီး လျှောက်သွားသည် ။ ကုလားကြီးနှစ်ဦး သောက်နေသော နေရာသို့ ရောက် သောအခါ သူ က သွား ဖြဲ ပြလိုက် သည် ။ တဟီး - ဟီး နှင့် မျက်နှာချို သွေး သံ ကြီး က ထွက် လာသည် ။ နောက်ပြီး ဘေးမှာ ဝင်၍ ဆောင့်ကြောင့် ထိုင် သည် ။
“ ဟဲ ... ဟဲ ... ဘိုင် ... နေကောင်းတယ်နော် ၊ ဘိုင် ကျွန်တော့် ကို နည်းနည်း ပေးပါ ၊ ကျွန်တော် ကောင်းကောင်း နေမကောင်းဘူး ဘိုင် ၊ ဒီမှာ ကြည့်စမ်းပါ ၊ ကိုယ်တွေ ပူနေ တယ် ၊ နည်းနည်း ပေးနော် ဘိုင် ... ဟဲ ဟဲ ”
သူသည် ဘိုင်ချင်း မိုးမွှန်အောင် ခေါ်ပြီး ကုလားကြီး တစ်ဦး ၏ လက် ကို ဆွဲကာ သူ့ နဖူး ကို စမ်းစေသည် ။ ကုလား ကြီးသည် “ ထပ်တရီ ” ဟု အော်ကာ လက် ကို ဆောင့် ရုန်းလိုက်သည် ။ သူ သည် ထိုင်နေရာမှ ဖင်ထိုင် လျက် ကျ သွား သည် ။
“ ဘိုင် ... ဆလံနော် ဘိုင် ၊ နည်းနည်းလေး လုပ်ပါ ”
သူ သည် လက် မလျှော့သေးဘဲ ဖင်ထိုင် လဲ ကျရာမှ ပြန် ထိုင်ကာ အရက် တောင်း နေပြန်သည် ။ ကုလားကြီးနှစ်ဦး သည် သူ့ ကို လှည့် မကြည့်တော့ချေ ။ အဝေး ကို ကြည့် နေကြသည် ။ မတောင်းရမှန်း သိသောအခါ သူ သည် အ သင့် ငှဲ့ ထားသော ကုလားကြီး၏ ဖန်ခွက် ကို ဆတ်ခနဲ အလစ် ကောက်ယူ မော့ လိုက်လေသည် ။ တစ်ဆက်တည်း ပင် ကုလားကြီးက သူ့ ရင်ဘတ်ကို ဆောင့် ကန်လိုက်ရာ သူ သည် ရေမြောင်း ထဲ သို့ ပက်လက် ကျသွားလေသည် ။
သူ တော်တော် နှင့် မထ နိုင်ချေ ။ အင်းအင်းအဲအဲ အသံ မြည်နေသည် ။ အမှန်စင်စစ် တကယ် နာကျင်သည် ထက် ပို အော် နေခြင်းသာ ဖြစ်သည် ။ ညည်းညူသံ ကြား လျှင် ကုလားကြီးတွေ သနားပြီး အရက် ထပ် တိုက်လေမလား ဟု သူ မျှော်လင့်သည် ။ သို့သော် သူ ကုန်း၍ ထ လာ သောအခါ ကုလားကြီးတွေ မရှိတော့ချေ ။
“ ထွီ ... စူဝက် ၊ သူ့ ဟာ သောက် ရတာ နဲ့ မကာမိဘူး ၊ ဗိုက် ကို အောင့် သွားတာပဲ ”
ဗိုက် ကို လက် နှင့် နှိပ်ရင်း ထ လိုက်သည် ။ ဗိုက် ထဲ က အောင့်သက်သက် ဖြစ်သွားသဖြင့် မျက်နှာ ရှုံ့မဲ့ သွားသည် ။
နေ က အတော် စောင်းပြီမို့ လမ်းကလေး ထဲ ၌ အရက် ဝိုင်းကလေးများ ခပ်ကျဲကျဲ ပင် ရှိတော့သည် ။
“ ဟေ့ ကိုဘထွန်း ၊ ဘာ လုပ်နေတာလဲဗျ ၊ သီချင်းက လေးများ မဟဲတော့ဘူးလား ”
ကိုတင်မောင် ၏ အသံ ကို သူ ကြား လိုက်သည် ။
“ ဒီကောင် ဆိုက်ကား သိမ်းလာပြီ ၊ သောက်ရအောင် လာ တာပဲ ” ဟု သူ့ စိတ် က အလိုလို သိသည် ။ သူ သည် ဗိုက် ကို နှိပ် ထားသော လက် ကို လွှတ်လိုက်ပြီးမှ ချက်ချင်း ပြန် နှိပ်သည် ။ မျက်နှာ ကို လည်း စောစော က ထက်ပိုပြီး ရှုံ့မဲ့ ထား လိုက်သည် ။
“ ဘာ ဖြစ်နေတာလဲဗျ ၊ ခင်ဗျား ကြည့်ရတာ ဒီနေ့ အလုပ် မဖြစ်သလိုပဲ ”
“ ဟုတ်တယ်ဗျာ ၊ ကျပ် ဗိုက် နာနေတယ် ။ အဲဒါ နည်းနည်း လို နေတယ်ဗျာ လုပ်ပါဦး ၊ အင်း ဟင်း ဟင်း ”
“ ခင်ဗျား သောက်ထားပြီ မဟုတ်လား ၊ တော်ပါတော့ ဗျာ ၊ သိပ် လွန်နေပါ့မယ် ”
ရပ် နေသော်လည်း ငြိမ်ငြိမ် မနေနိုင်ဘဲ တယိမ်းယိမ်း ဖြစ် နေသော သူ့ ခန္ဓာကိုယ်ကြီး ကို ကြည့်ကာ ကိုတင်မောင် က ပြောလိုက်သည် ။ သူ သည် မျက်ထောင့်နီကြီး နှင့် ကြည့် ရင်း ...
“ နည်းနည်းပဲ ထပ် ပေးပါဗျာ ၊ ကျုပ် ဗိုက် သိပ် နာနေ လို့ပါ ”
“ ဒါဖြင့်လည်း လာဗျာ ၊ ငါးမူးဖိုး သောက်သွား ”
ကိုတင်မောင် က ရှေ့ မှ ထွက်သွားသည် ။ သူ က နောက် မှ ယိမ်းထိုးယိမ်းထိုး နှင့် လိုက် သွားသည် ။ အကျင့် အတိုင်း “ တူနယ် - တယ့်နယ် ” ဟု ယောင် ဆို လိုက်မည် လုပ်ပြီး မှ ရပ် လိုက်ရသည် ။ ဒါတောင်မှ “ တူနယ် ” ဟု အကျယ်ကြီး ထွက် သွားသဖြင့် ကိုတင်မောင် က ပြန်လှည့် ကြည့် လိုက်သည် ။ သူ က မျက်နှာပိုး သတ် ထားလိုက်သည် ။
ကိုတင်မောင့် ဖောက်သည် အမြည်းဆိုင်ကလေး မှ သူ့ ကို ငါးမူးဖိုး ပေး လိုက်သည် ။ သူ သည် တစ်ကျိုက် တည်း သောက် ပစ်သည် ။ တံထွေး ကို ဗျစ်ခနဲ ထွေး လိုက်ပြီး ကိုတင်မောင့် ကို ပင် နှုတ်ဆက်ရမှန်း မသိဘဲ ဒယိမ်းဒယိုင် နှင့် ပြန် ထွက်သွားလေသည် ။
“ ဪ ... ကိုဘထွန်း ၊ ကိုဘထွန်း ၊ အရက်ကျွန်ကြီး ဖြစ် နေတော့တာပဲ ။ သူ့ခမျာ အရက် သူတောင်းစားကြီး တောင် ဖြစ်နေပြီ ”
ကိုတင်မောင် က စိတ်မကောင်းစွာ ဖြင့် ညည်းညူ လိုက်သည် ။
“ သူ နေ့တိုင်း ဒီလိုပဲ လျှောက် တောင်း သောက်နေ တာ မရှက်ဘူးလား မသိဘူး ”
ဈေးဆိုင်ရှင် မိန်းမ က ခရမ်းချဉ်သီး သုပ် နေရာမှ ပြော လိုက်သောအခါ ကိုတင်မောင် က ...
“ ဟိုတုန်းက ဒီလို မဟုတ်ပါဘူးဗျာ ၊ ကျွန်တော် နဲ့ သူ ရုံး တစ်ရုံး မှာ ရုံးလုလင် လုပ်ခဲ့ဖူးတာပဲ ။ သိပ် ရိုးတယ် ။ နောက်တော့ ဘယ်လို အရက်သမား ဖြစ်သွားမှန်း မသိဘူး ။ အရက် ကြောင့်လည်း အလုပ် ပြုတ် သွားတာပေါ့ ။ ခုတော့ အလုပ် လည်း မလုပ်ဘူး ၊ မိန်းမ ဈေး ရောင်းတာ ကို ဖဲ့ ပြီး အရက် သောက်တယ် ။ မဝ ရင် သူများ ဆီ မှာ တောင်း တယ် ”
••• ••• ••• •••
“ အဖေ ... အဖေ့ ထပါဦး အဖေရဲ့ ”
ကိုဘထွန်း သည် အင်းခနဲ တစ်ချက် လှုပ်ပြီး ပြန် ငြိမ်သွားသည် ။
“ အမေ တော်တော် ဖျားနေတယ် ၊ သတိ မရ တစ်ချက် ရ တစ်ချက် နဲ့ ထပါ အဖေ ရဲ့ ”
သူ့ ကို လှုပ်ကာ လှုပ်ကာ နှိုး နေသူ မိန်းကလေး မှာ ငိုသံ ပါ နေသည် ။ သူ က တအင်းအင်း တအဲအဲ နှင့် ယောင် ရမ်း နေပါသည် ။ “ ဘယ်ရူရဲ ” ဟု လည်း မပီမသ မေး နေ သည် ။ သူ့ မျက်လုံး က မဖွင့်သေး ။
“ သမီးပါ ... မိချို လေ ၊ ထ ပါဦး ။ နောက်ပြီး အဖေ အိပ် နေတာက လမ်းဘေးကြီး မှာ ”
မျက်လုံး ကို အတင်း ဖြဲ ကြည့်သည် ။ သူ့ မျက်လုံး ထဲ ၌ သူ့ သမီး မိချို ကို မပီမသ မြင် သည် ။
“ သမီးလားဟေ့ ၊ သမီးလေး ”
သူ သည် မိချို ကို ဆွဲ၍ ထ ထိုင်သည် ။ သူ့ ကျော နှင့် ရင်ဘတ် တွင် ဖုန်များ ပေကျံ နေသည် ။ မိချို က ဖုန်များ ကို ပုတ်ချ ပေးသည် ။ သည်တော့ မှ ကိုဘထွန်း သည် အရက်ဆိုင် လမ်းကလေး ၏ ထိပ် ပလက်ဖောင်း ပေါ် မှာ အိပ်နေကြောင်း သိရသည် ။ သူ နှင့် အလှမ်းဝေးဝေး ၌ သူ ကဲ့သို့ အိပ် နေသူ ကုလားတစ်ဦးကို မြင် ရသည် ။ သူတို့ ကတော့ မဆန်းပြီ ။
ကိုဘထွန်း သည် ထိုင်ရာ မှ ထ ရပ်သည် ။ ခုနစ်နှစ် အရွယ်မျှ ရှိသေးသော သမီးမိချို ပခုံး ပေါ် လက် တင်လိုက် သည် ။ အရက် ရှိန် က မပြေ သေး ။
“ သွားစို့ သမီး ၊ သမီး အမေ ကော ဈေး ထဲ က ပြန် ရောက်ပြီလား ”
“ အို ... အမေ ဖျားနေတယ်လေ အဖေ ရဲ့ ၊ ဒါကြောင့် အဖေ့ ကို လိုက်ရှာပြီး ခေါ် ရတာပေါ့ ”
“ ဟေ ”
သူ သည် လမ်းလျှောက် နေရာမှ တုံ့ခနဲ ရပ် လိုက် သည် ။
“ ဟုတ်တယ် အမေ သိပ် ဖျားနေတာ ၊ သတိ မရတစ် ချက် ရ တစ်ချက်နဲ့ အိမ် ဘေးက ဒေါ်ကြီးမြ တို့ က နင့် အဖေ သွား ရှာ ခေါ်ခဲ့ ဆိုလို့ သမီး လိုက် ရှာတာ ၊ ဒီမှာတော့ အဖေ က ပလက်ဖောင်း ပေါ် မှာ မူး အိပ် နေတယ် ”
မိချို က စိတ်ပျက်သံ ၊ အပြစ်တင်သံ နှင့် ပြောသည် ။ သူတို့ ဆက် လျှောက်လာခဲ့ကြသည် ။
“ အဖေ ... ဆရာဝန် ခေါ်ပေးပါနော် ”
“ ဆရာဝန် ခေါ်ရမယ် ဟုတ်လား ”
“ အင်းပေါ့ ... အဖေ ရဲ့ ”
ကိုဘထွန်း သည် ငြိမ် သွားသည် ။ သူ လမ်းလျှောက်ပုံ မှာ သံပတ် ပေးထားသော စက်ရုပ် နှင့် တူလှသည် ။ သူ့ ရင် ထဲ မှာ “ ဆရာဝန် ... ဆရာဝန် ” ဟူသော ဂယက်လှိုင်း က ထ နေသည် ။ ဆရာဝန် ဘယ်လို ခေါ်ရပါ့မလဲ ။ သူတို့ မှာ ငါးကျပ် ပြည့်အောင် ပင် စုမိ ဆောင်းမိ မရှိ ။ သူ သည် ပြင်းပြ စွာ တုန်လှုပ် နေ သည် ။
“ ဆရာဝန် ခေါ်ပါနော် အဖေ ၊ အမေ က သိပ် ဖျားနေ တာ ”
သူ သည် သမီး ကို ငုံ့ ကြည့်လိုက်သည် ။ သမီး မိချို မျက်နှာ တွင် မျက်ရည်များ စီး ကျနေသည်ကို လမ်းမီးရောင် ဖြင့် မြင် လိုက်ရသောကြောင့် သူ ရင်ဆို့ သွားသည် ။
“ ဘာ တွေးနေတာလဲ အဖေ ၊ ဆရာဝန် ခေါ်ဖို့ ငွေ မရှိ လို့လား ဟင် ၊ သမီး နားကပ်ကလေး ချွတ် ပေးလိုက်မှာပေါ့ အဖေ ရယ် ”
ကိုဘထွန်း သည် အရွယ် နှင့် မလိုက်ဘဲ တတ်လှ သိလှ သော သမီး ၏ ပခုံးလေး ကို လက် ဖြင့် ဖျစ်ညှစ် ထားလိုက် မိသည် ။
“ အေး ... အဖေ ခေါ်မယ် ၊ ဆရာဝန် ခေါ်မယ် ၊ သမီး နားကပ် ပေးစရာ မလိုပါဘူးကွာ ၊ ဆရာဝန် ကို အဖေ ဦးချ တောင်းပန် ပါမယ် ”
သူတို့ နေသော ကျူးကျော်လမ်းကလေး ထဲ သို့ ရောက် လာသည် ။ မိချို သည် ကိုဘထွန်း ရှေ့မှ အပြေးကလေး ထွက် သွားလေသည် ။ မိခင် ကို စိတ် မချသော သမီး ကလေးပါ လား ။ ကိုဘထွန်း သည် လည်း နောက် မှ ခြေ သွက်သွက် နှင့် လျှောက် လိုက်ခဲ့သည် ။
အိမ်ရှေ့ သို့ ရောက်လာသည် ။ ကိုဘထွန်း သည် သူ့ အရပ် နှင့် မလွတ်တလွတ် ရှိသော တံစက်မြိတ် ကို ကုန်း၍ အိမ် ထဲ သို့ ဝင် လိုက်သည် ။
“ အို ... အမေ ရဲ့ သမီး ကို ပစ် ထားခဲ့ပြီလား ၊ အီး ဟီး ဟီး”
ကိုဘထွန်း ၏ မျက်လုံးများ သည် ပြာခနဲ ဖြစ် သွား သည် ။ ရုတ်တရက် မိချို ၏ ငိုသံ က သူ့ ရင် ကို ပြေးဆောင့်ခံလိုက်ရသည် ။ သူ သည် တဲ တိုင် ကို မှီ၍ ရပ် နေလိုက်ရ သည် ။ ရင် တစ်ခုလုံး တင်းကျပ် နာကျင်နေသည် ။
“ သမီး ကို တောင် စောင့် မနေတော့ဘူး နော် အမေ ၊ အဖေ့ ကို သမီး က သွား ခေါ်နေတာ ကိုး အမေရဲ့ ၊ အဲဒါ အဖေ့ ကြောင့် အမေ သေတာ ၊ အဖေ့ ကြောင့် သေ တာ ”
“ အဖေ့ ကြောင့် သေတာ တဲ့ ”
ကိုဘထွန်း ခေါင်း သည် ပွ တက်လာသည် ။ မိုးကြီး တစ်ခုလုံး သူ့ ကိုယ်ပေါ် ပြို ကျ ခံရသလို ထင် လိုက်မိသည် ။ သမီး မိချို က အဖေ့ ကြောင့် သေတာ ဟူသော စကား ဖြင့် ငို လိုက်သံသည် သူ့ ကို မိုးကြိုး ပစ် ခံရသလို ခံစား လိုက်ရ သည် ။
“ ဟုတ်တယ် ငါ့ ကြောင့် ပဲ ၊ ငါ မိုက်တာ ၊ သွေးဆုံး ကိုင် ပြီး တရှောင်ရှောင် ဖြစ် နေတဲ့ မယား ကို ဂရု မစိုက်ဘဲ အရက် ပဲ ဂရု စိုက် နေလို့ ဖြစ်တာ ၊ အို ... ငါ့ ကြောင့် ၊ ငါ့ ကြောင့် ”
ငါ့ကြောင့် ပေါင်း များစွာ သည် ရင်ထဲ ဝယ် လှိုင်းတံပိုး ထ ကာ အလိပ်လိုက် တက် လာလေသည် ။
••• ••• ••• •••
အရက်ဆိုင်လမ်းကြားကလေး ထဲ သို့ ကိုဘထွန်း ပေါ် မလာသည် မှာ တစ်ပတ်ခန့် ရှိလေပြီ ။ သူ့ ကို ခင်မင်သူ များ က မျှော် နေကြသည် ။ မမြင်တာ ကြာပြီ ဟုလည်း ဆို ကြသည် ။ နေထိုင်မှ ကောင်းရဲ့လား ဟု တစ်ယောက် ကို တစ်ယောက် မေး နေကြသည် ။ ကိုတင်မောင် လည်း မသိချေ ။ မျှော် နေသူများ အထဲ တွင် ကိုတင်မောင် လည်း ပါဝင်သည် ။
ပေါ်မယ့် ပေါ် လာ တော့လည်း အံ့သြစရာ ကောင်း သည် ။ ကိုဘထွန်း သည် ဗန်းကြီး တစ်ခု ကို မ,လာသည် ။ ဗန်းကြီး ထဲ ၌ ငါးကြော် ၊ အမဲကြော် ၊ ပဲလှော် စသည် တို့ ပါ သည် ။ သူ သည် လမ်းကြားကလေး ထဲ သို့ ခပ်တည် တည် ဝင် လာသည် ။ လမ်းဘေး မှ အရက်ဝိုင်းကလေးများ ကို သူ လှည့် မကြည့်ချေ ။ တစ်နေရာ ရောက်သောအခါ သူ သည် ဗန်းကြီး ကို ချလိုက်ပြီး မြေကြီး ပေါ် တွင် ထိုင် ချ လိုက်သည် ။
“ ငါးကြော် ၊ အမဲကြော် ရမယ်ဗျို့ ၊ ငါးရှဉ့်ကြော် လည်း ကောင်းတယ်နော် ၊ စားကြည့် အရသာ ရှိရမယ် ။ အာမခံတယ် ”
ကိုဘထွန်း ၏ အသံကြီး သည် အရက်ဝိုင်းများ ဆီ သို့ လွင့် လာသည် ။ ဟိုတုန်းက “ တူနယ် - တယ့်နယ် ” ဟု ပါးစပ်ဆိုင်း တီးလေ့ ရှိသော ကိုဘထွန်း ၊ သီချင်း ဆို၍ အရက် တောင်း သောက်လေ့ ရှိသော ကိုဘထွန်း ။
ယခု ကိုဘထွန်း နှင့် ကွာခြားလှချေသည် ။
အသိမိတ်ဆွေများ က သူ့ဆီ ပြေး လာကြသည် ။ တချို့ အရက်ခွက်ကလေးများ ကိုင်ပြီး ပြေး လာသည် ။ သူ့ ကို လည်း ပေး ကြသည် ။
“ လုပ်ကြပါ ဗျာ ... ကျွန်တော် မလုပ်တော့ဘူး ”
သူ က ခေါင်းခါသည် ။ လက် ကာသည် ။ ပါးစပ် က လည်း ငြင်းဆန်သည် ။ အရက် ပေးသူများ သည် အရက် ခွက်ကလေးများ ကို ပြန်ရုပ်ရင်း ငေး ကြောင်ကြောင် နှင့် ကြည့် နေမိကြသည် ။
“ ကျွန်တော် မသောက်တော့ဘူး ဆုံးဖြတ်ထား တယ် ။ ကျွန်တော့် ကြောင့် ကျွန်တော့် မိန်းမ ဆုံး သွားပြီဗျာ ”
သူ က ညှိုးငယ်စွာ ဖြင့် ပြော ပြလေသည် ။
မိန်းမ အသည်းအသန် ဖြစ်နေခိုက် ယောက်ျား က လမ်းဘေး မှာ မူး လဲ နေခဲ့သည် ။ မိန်းမ အသက် ကို ပင် မမီ လိုက်ဘဲ တာဝန် မဲ့ ခဲ့ရသည် ဆိုခြင်းများ ကို ပြော မထွက်ပေ ။
သူ့ ဘဝ ၊ သူ့ အဖြစ် ကို နားမလည်သူများ က နဝေ တိမ်တောင် ဖြစ်နေသည် ။
အမြည်း ဝယ်သူများ တဖွဲဖွဲ ရောက် လာသည် ။
တချို့က ဈေး ဆစ် လျှင် “ ဟာ ... မလုပ်ပါနဲ့ ဗျာ ၊ တစ် တုံး ငါးမူး က ရောင်းလို့ မဖြစ်ပါဘူး ၊ အမဲသား က တစ်ပိဿာ ရှစ်ကျပ် ဈေး မို့လို့ပါ ။ ကျွန်တော် လည်း ကောင်း ကောင်း ကြော် ထားပါတယ် ” စသည်ဖြင့် ပြောတတ်ပေပြီ ။
ယခင် က ဤ အရက်ဆိုင် ရှေ့ လမ်းဘေး သို့ ရောက် ခြင်း သည် အရက် တောင်း သောက်ရန် ဖြစ်၍ ယခု ရောက် ခြင်း မှာ သူ နှင့် သမီးလေး ၏ ဝမ်းရေး အတွက် ဈေး ရောင်း ရန် ဖြစ်သည် ။ ထိုအခါ ဈေးသည် ပီသ ရ ပါလိမ့်မည် ။
သူ နောင်တ ရပါပြီ ။ အရက်ဝိုင်းများ တွင် အရှက် မဲ့ စွာ အရက် လိုက် တောင်း ရင်း အဆဲ ခံခဲ့ရသည် ၊ အဆို ခံခဲ့ရ သည် ၊ အရိုက်အပုတ် ခံခဲ့ရသည် ။ အရက် မှ လွဲ ၍ မယား ကို လည်းကောင်း ၊ သမီး ကို လည်းကောင်း ရှိရကောင်းမှန်း မသိခဲ့ချေ ။ အရက် မှ လွဲ၍ သံယောဇဉ် မတွယ်တာခဲ့ချေ ။ သူ့ ဘဝ သည် အရက် ၊ အရက် သံသရာ ၌ ကျင်လည် ခဲ့သည် ။ အရက် ဝဲ ၌ နစ်မြုပ်ခဲ့သည် ။
ယခု သည်လို မဟုတ်တော့ ။ မသောက် မနေရ အ တင်း တိုက် ၍ လည်း သူ မသောက် ။ အလကား ရ၍လည်း သူ မမက်မော ။ သူ သည် အမှောင်တိုက် မှ ဘွားခနဲ ထွက် ၍ အလင်းရောင် ကို မြင် ပြီ ဖြစ်သည် ။ အလင်းရောင် အောက် ၌ သမီးကလေး မိချို ကို သူ တွေ့သည် ။ မိချို ၏ ပညာရေး ကို သူ စဉ်းစားသည် ။ မိချို ကို ကျောင်း နုတ် ထားခဲ့သည် မှာ ကြာပြီ ။ စီးပွားရေး မပြေလည်ခဲ့ သော ကြောင့် ကျောင်း မှ ထွက် ၍ မိခင် ကို ကူညီ ခဲ့ရသည် ။ တကယ်ဆိုလျှင် ဖခင် တစ်ယောက် လုံး ရှိ နေပါလျက် မိချို ကျောင်း ဆက် မနေနိုင် ခြင်း မှာ သူ ညံ့လို့ ဟု တွေး၍ ယူကျုံးမရ ဖြစ်သည် ။ ကုန်ခဲ့ သော အချိန်တွေ ကို နှမြော မိသည် ။
ခုတော့ မိချို ကျောင်း ဆက် နေရပါပြီ ။ သူ ကျေနပ်ပြီ ။ ဝမ်းသာပြီ ။ သို့သော် ဖခင် တစ်ယောက် ၏ တာဝန်ကြေွး များကို အသက် ၄ဝ ကျော် မှ ပေးဆပ် ရသဖြင့် ဝမ်းနည်း မိသည် ။
“ အဖေ .. ဘယ်လောက် ကျန်သေးသလဲ ”
မိချို ရောက်လာသည် ။ ကျောင်း က အပြန် ဝင် လာ ခြင်း ဖြစ်သည် ။ ကျောင်း လွယ်အိတ်ကလေး နှင့် ဖြစ်သည် ။
“ နည်းနည်း ကျန်သေးတယ် သမီး ရဲ့ ”
“ သမီး ပြန်နှင့်မယ် လေ .. ထမင်း ချက် ရဦးမယ် မဟုတ်လား ”
ကိုဘထွန်း က ခေါင်းညိတ် ပြလိုက်သည် ။
“ အဖေ ကုန်ကုန်ချင်း ပြန်ခဲ့မယ် သမီး ”
မိချို သည် သမင်ပျိုမလေး ကဲ့ သို့ ပြေး ထွက်သွားလေ သည် ။
“ ကိုင်း .. ပြန် တော့မယ်နော် ၊ အမြည်း အလိုရှိတဲ့ မိတ် ဆွေများ ယူ ထားလိုက်ကြပါ ”
အမှောင်ရိပ် ပင် သန်း လာပေပြီ ။ အရက် သောက်သူ များ လည်း ပါး သွား၏ ။ မကြာခင် ကိုဘထွန်း ဗန်း ထဲ မှ အကြော်များ ကုန် သွားသည် ။ ကိုဘထွန်း သည် ဗန်း ကို ဆွဲ ၍ လမ်းကြား ထဲ မှ ထွက် ခဲ့လေသည် ။ သူ့ နောက် မှ ဆိုက်ကား ဘဲလ် တီးသံ ကြား သဖြင့် လှည့် ကြည့်လိုက်မိသည် ။
“ ဟင် ... ကိုတင်မောင် ပါ လား ”
“ ကဲ ... ကိုဘထွန်း တက် ... ခင်ဗျားတို့ ဘက် ကျွန်တော် လမ်း ကြုံ သားပဲ ”
ကိုဘထွန်း က ဆိုက်ကား ပေါ် သို့ တက် ထိုင်သည် ။ ဆိုက်ကား တစ်လိမ့် နှစ်လိမ် လိမ့်ပြီးသောအခါ အိတ် ထဲ မှ ဈေး ရောင်းရသော ပိုက်ဆံများ ကို ထုတ် လိုက်သည် ။
“ ခင်ဗျား အကြောင်း ကြား ရတာ ယုံတောင် မယုံဘူး ဗျာ တကယ်ပဲ ”
ကိုတင်မောင် က ဆိုက်ကား နင်း ရင်း ပြော သည် ။ သူ ကြားလိုက်ပုံ မရ ။
“ ခင်ဗျား ဘဝတော့ တုံးပြီ ၊ တစ်သက်လုံး ဒီလိုပဲ သွားပြီး သေမှာပဲ လို့ ကျွန်တော် ထင် ထားခဲ့တာ ။ ခုတော့ လည်း အကောင်းဆုံး ၊ အတော်ဆုံး ပြောင်းလဲ သွားတာပဲ ”
လက် ထဲ မှ အကြွေများ ၊ ကျပ်တန်များ ကို ရေတွက် နေရင်း သူ က ပြုံး လိုက်သည် ။ သူ ဝမ်းသာ နေသည် ။
“ လူ ဆိုတာ မကောင်းတာ ကို မကောင်းမှန်း သိပြီး ရှောင်ကြဉ်နိုင်ဖို့ အရေးကြီးတယ် မဟုတ်လား ”
“ မှန်တာပေါ့ဗျ ”
ကိုတင်မောင် က ခေါင်း ညိတ်ပြီး ဆိုက်ကား ကို ရပ် လိုက်သည် ။ သူ တို့ လမ်းထိပ် ရောက်နေပြီပဲ ။ ကိုတင်မောင် ကို နှုတ်ဆက်၍ လမ်းကြား ထဲ သို့ ဝင် ခဲ့သည် ။ တဲ ရှေ့ ရောက်သောအခါ သမီး မိချို ၏ စာကျက်သံ က ကြိုဆို နေ သည် ။ သူ သည် ခဏ ရပ်၍ သမီး အသံ ကို နား ထောင် လိုက် မိသည် ။
နေဝင်ရီတရော အချိန်ကျပြီ ။
လေပြည်လေညင်း လာနေသည် ။
မိချို ၏ စာကျက်သံ ကို တီးတိုး လိုက် ရွတ်ရင်း ကိုဘထွန်း သည် တဲ တွင်း သို့ ခေါင်းငုံ့ရင်း ဝင် လိုက်လေ သည် ။
◾ ပေါင်းတည် - စန်းမြင့်
📖 မြဝတီ မဂ္ဂဇင်း
၁၉၆၈ ၊ စက်တင်ဘာ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment