Sunday, December 31, 2023

ကျွန်တော် မမှားပါဘူးနော်


 

❝ ကျွန်တော် မမှားပါဘူးနော် ❞

[ ၁ ]

ဟော ရောက်နေတာ ကြာပြီလား ။ ဆောရီး ဗျို့ - ကျွန်တော် နောက်ကျ သွားတယ် ။ နေပါစေ ၊ နေပါစေ စောစောက ပဲ ကျွန်တော် သောက်ခဲ့ပြီးပြီ ။ တကယ် ပြောတာပါ ။ ဘာ ရှက်စရာ ရှိလို့လဲဗျာ ။ ခင်ဗျား လည်း ကျွန်တော့် အကြောင်း သိနေသား ဥစ္စာ ။ ကျွန်တော့် မလဲ အခုမှ ကလေး ပြန် ဖြစ်နေတယ် ။ မနက် လင်း လာရင် ကျွန်တော် သွားဖို့ ဆိုပြီး ဒေါ်ရီရီမြင့် က တစ်နေ့ တွက် ငွေ ၂ဝိ/ - ထုတ် ပေးတယ်လေ ။ မုန့်ဖိုး ပေါ့ ဗျာ ။

ခင်ဗျား သိသားနဲ့ ။ ဒီနေ့ ကုန်ဈေးနှုန်း အခြေအနေ နဲ့ ဘယ် လောက်နိုင်မလဲ ။ တစ်ယောက်တည်း လက်ဖက်ရည် ဆိုင် ထိုင် ရင် ကို လက်ဖက်ရည် တစ်ခွက် နဲ့ အီကြာကွေး တစ်ချောင်း စားတာ နဲ့ ငွေ ၇ဝိ/ – ကုန်သွားပြီ ။ နေ့ခင်း နဲ့ ညနေ ပိုင်း ကျန်သေးတယ် ။ ကျွန်တော် က လက်ဖက်ရည် ကြိုက် တဲ့ သူ ဗျ ။ လက်ဖက်ရည် သောက် ရင် လည်း မုန့်လ ည်း စား ရဦး မှ ။ တစ်ခါတလေ မြို့ ထဲ ကို ထွက် လို့ များ အပေါင်းအသင်း မိတ်ဆွေတွေ နဲ့ တွေ့ မှာ တောင် စိုးရိမ်ရတယ် ။ တွေ့ ရင် ရှိတဲ့ ပိုက်ဆံလေး နဲ့ မလောက်တော့ ကျွေးချင် မွေးချင် စေတနာတွေ ရှိပေမဲ့ အားနာ မျက်နှာ ပူရတယ် ဗျာ ။ ကျွန်တော့် ပင်စင်လစာ တော့ ရှိတာပေါ့ ။ ဒေါ်ရီရီမြင့် က အပိုင် သိမ်း ထားတယ်လေ ။ ပင်စင် ထုတ် ပြီး ရင် သူ့ ကို ပဲ အကုန် အပ် ရတယ် ။ ပြီးတော့မှ သူ က နည်းနည်းချင်း ကျွန်တော် သုံးဖို့ ဆိုပြီး ပြန် ပေးတယ် ။ အကြောင်းပြချက် က တော့ ရှိ ရင် ရှိ သလို သုံးလို့ ကုန်မှာ စိုးလို့တဲ့ ။

ဒါပေမဲ့ ကျွန်တော် က လည်း ဘယ် ခေမလဲ ။ သူ မသိ တဲ့ တချို့ ကိစ္စလေးတွေ ကျတော့ အကွက် ဖျောက် ကလေး တွေ လုပ် ရတာပေါ့  ။ ဟို တစ်နေ့ က မုံရွာ ကို ခဏ သွား လိုက် တယ် ။ မုံရွာ က တပည့်တွေ က ငွေ တစ်ထောင် ၊ အိန္ဒိယ လုံချည် က နှစ်ထည် ၊ ပြီးတော့ ဘုတလင်စောင် က သုံးထည် ဆရာကြီး အတွက် ဆိုပြီး ကန်တော့ လိုက် ကြတယ် ။ ကျွန်တော့် တပည့်တွေ ကျန်းမာချမ်းသာကြပါစေ ၊ နောက် လည်း မုံရွာ ကို ကျွန်တော် ရောက်ရင် သည့်ထက် မ က ကန်တော့ နိုင်ကြပါစေ ။

ဒီမယ် ခင်ဗျ ၊ ပင်စင်စား ဆိုပေမဲ့ ကျွန်တော်တို့ ကျောင်းဆရာ ပင်စင်စားတွေ က လည်း မျက်နှာ မငယ်ရပါ ဘူး ။ ဘယ်နေရာ သွားသွား ၊ ဘယ်နား နေနေ ကိုယ့် တပည့် တပန်းတွေ နဲ့ တွေ့ တတ် ပါတယ် ။ အရပ်ဘက် ဖြစ်ဖြစ် ၊ စစ်ဘက် ဖြစ်ဖြစ် တပည့်တွေ ရှိ နေကြပါတယ် ။ ကျွန်တော့် ကျောင်းဆရာ လုပ်သက် နည်းရိုးလား ဗျာ ၊ လုပ်သက် အနှစ် ၃ဝ ကျော် မှာ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်း တွေ မှာ အလုပ် လုပ် ခဲ့ရတာ ။ နယ်စုံဒေသစုံ တပည့်တွေ က လည်း များ မှ များပါဘိသနဲ့ ။ ကျောင်းသား တုန်း က ဆိုး တဲ့ တပည့် ရော ၊ တော် တဲ့ တပည့် တွေ ပါ ကျွန်တော့် ကို ပြန် တွေ့ရင် ဆရာကြီး − ဆရာကြီး နဲ့ ကျွေးချင် မွေးချင် ကန်တော့ချင် ကြတယ် ။

မုံရွာ က ပြန် လာတော့ ဒေါ်ရီရီမြင့် ကို “ တပည့်တွေ က ကန်တော့လိုက်ကြတာဟေ့ ” ဆိုပြီး လုံချည် နဲ့ စောင် ကို ပေးလိုက်တယ် ။ ဟို - ငွေ တစ်ထောင် လား ၊ အမယ်လေး ဒါလေး တော့ လည်း သည်း သည်းခံပါ ။ ဒေါ်ရီရီမြင့် ကို မအပ်နိုင်ပေါင် ဗျာ ။ သူ့ ဆီ ရောက်သွားရင် ပြန်လမ်း မရှိဗျ ။ ကျွန်တော့် မလဲ အိပ်ကပ် ထဲ မှာ ငွေပို ငွေလျှံလေးတွေ ထားဦး မှ ဖြစ်မယ် ။ အင်း ဒီ လျှို့ဝှက်ချက်ကြီးများ သိ သွား ရင် ဒေါ်ရီရီမြင့် က ကျွန်တော့် ကို ဆူတော့မှာ ပဲ ။ မသကာ စကား တောင် များကြရဦးမယ် ။

အသက်အရွယ် ကြီးလာတဲ့ အချိန် မှာ စကား များ ရန်ဖြစ် ကြရင် ရယ်စရာကြီး ပေါ့ ဗျာ ။ ဒါပေမဲ့ ရန်ဖြစ်စရာ ရှိ ရန်ဖြစ်ကြတုန်းပဲ ။ အရင် လို သာ မဟုတ်တာ ။ ဆင်ခြင်တုံ တရား နဲ့ ထိန်းရပြီ လေ ။ အော်ကြီးဟစ်ကျယ် နဲ့ သူ တစ်ခွန်း ငါ တစ်ခွန်း မပြောကြတော့ပါဘူး ။ သူ့ ဘက် က လည်း လျှော့ ၊ ကိုယ့် ဘက် ကလ ည်း လျှော့ ပေါ့ ။ ကလေးတွေ က လည်း အရွယ်ရောက် လို့ လုပ်ငန်း ကိုယ်စီ နဲ့ ဖြစ် ကုန်ကြပြီ ။ နောက် ကျွန်တော်တို့ နှစ်ယောက် အသက်က လည်း ၆ဝ ကျော် ၊ ၇ဝ ဖက် ရောက်နေပြီပဲ ခင်ဗျ ။ စိတ်နောက် ကိုယ်ပါ မလိုက်နိုင် ကြတော့ပါဘူး ။ ကျွန်တော်တို့ လည်း နောက်ထပ် ကျန်းကျန်းမာ နဲ့ နေရလှ မသကာ ၁ဝ နှစ် ပေါ့ဗျာ ။ မသေခင်လေး မှာ ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး နေ ချင်ပါတယ် ။

ရန်ဖြစ်တာလား ၊ ခင်ဗျား နှယ် ကျွန်တော် နဲ့ ဒေါ်ရီရီ မြင့် က ရ ကတည်း က ရန်ဖြစ် ခဲ့ကြတာ ။ မရယ်နဲ့ လေ ။ ခင်ဗျားတို့ က လူငယ်တွေ ဆို တော့ ကျွန်တော့် အကြောင်းတွေ ကို ပြောရဦးမယ် ။ ရင်ဖွင့်တယ် ဆိုပါစို့ ဗျာ ။ အင်း ရင်ဖွင့် လိုက်တော့ လည်း ရင် ထဲ မှာ အနာတွေ နဲ့ ။ ဒီ အရွယ်ကြီး ရောက် မှ ကလေး စကား ပြောတယ်လို့ တော့ မထင်နဲ့ ဗျို့ ။

ကျွန်တော် နဲ့ ဒေါ်ရီရီမြင့် က သမီးရည်းစား ဘဝ ကတည်း က သိပ် ချစ်တာ ။ ရီ တဲ့ ၊ မောင် တဲ့ အဲဒီလို ခေါ်ခဲ့ကြ တာနော် ။ ချစ်တာပေါ့ ဗျာ ။ သိပ် ချစ်တာပေါ့ ။ အဲဒီတုန်းက ခေတ်စား နေတဲ့ သက်ဝေ သီချင်း ထဲ က လိုပေါ့ ။ ဒါပေမဲ့ ချစ် တာ သာ ချစ်တာ နော ။ အိမ်ထောင် ကျ လို့ လခ ထုတ်တဲ့ ရက် လည်း ရောက် ရော ၊ စောစော က ရီ တွေ ၊ မောင် တွေ ဘေးဖယ် ပြီး သူ နဲ့ ကျွန်တော် အကြီးအကျယ် ရန်ဖြစ်ကြ တော့တာပါပဲ ။ အဖြစ်က ဒီလိုလေ ဗျာ ။ သူ က လည်း အ ထက်တန်းပြ ဆရာမ ၊ ကျွန်တော် က လည်း အထက်တန်းပြ ဆရာ ။ လခ ထုတ်တဲ့ အခါကျ ရတဲ့ လခလေး ထဲ က သူ့ ဘက် ကိုယ့် ဖက် ကို ပေးချင် ကမ်းချင် ကြတယ် ။ နှစ်ဘက် စလုံး ဘယ်သူ မှ မပြည့်စုံဘူး ။

ကျွန်တော့် မှာ လည်း သား အကြီးဆုံး ဆိုတော့ တာဝန် ရှိတယ် ။ သူ က လည်း သမီး အကြီးဆုံး မို့ သူ့ မောင်တွေ ၊ ညီမတွေ ကို ပေးချင်ရှာ မှာပဲ ။ ဉာတကာနဉ္စသင်္ဂဟော လို့ ဆိုထား ပေမယ့် ကျွန်တော်တို့ လင်မယား မှာ တော့ ဉာတကာတွေ များ လွန်းတော့ ဘယ်သူ့ဘက် ကို မှ ဦးစား အပေး မခံချင်ဘူး ။ လခ ထုတ်တိုင်း စကား များကြရတယ် ။ ကျွန်တော်တို့ အိမ်ထောင်သက် နှစ်ပေါင်း ၄၀ နီးပါး ရှိပြီပဲ ခင်ဗျာ ။ အဲဒီ အနှစ် ၄ဝ လုံးလုံး စကား များခဲ့ရတာ ။ အခုထိ အခုထိ ပါပဲ ။ နောက်တော့ ကျွန်တော် က လည်း သူ မသိ အောင် ကျွန်တော့်ဘက် ကို ခိုး ပေးရတယ် ။ သူ က လည်း ကျွန်တော့် လို နေမှာပဲ ပေါ့ ။ အဲဒီမှာ တင် ကျွန်တော် အသိတရား တစ်ခု ရခဲ့တယ် ။ အင်း - ဘယ်လောက်ကြီး ပဲ ပညာ တွေ တတ်တတ် တစ်ဦး ကို တစ်ဦး နားလည် ပြီး ချစ်ကြ ပေ မဲ့ အိမ်ထောင် တစ်ခု မှာ စီးပွားရေး မဟန် ရင် အဆင်ပြေ နိုင်ပါ့မလား ပေါ့ ။

ကျွန်တော့် မှာ သား ၃ ယောက် ရှိခဲ့ပါတယ် ။ သား ၃ ယောက် စလုံး ကို ကျူရှင် တစ်ခု မှ မထားဘဲ RIT ရောက် အောင် ကျွန်တော် ကိုယ်တိုင် စာ သင် ပေးခဲ့တာ ခင်ဗျ ။ အခု ဆို ရင် အကြီးဆုံး သား မောင်မိုးသန်း က ပျဉ်းမနားသကြား စက်ရုံ မှာ အရာရှိ ။ လုပ်သက် တောင် ၁၄ နှစ် နီးပါး ရှိနေပြီ ။ သားလတ် မောင်တိုးသန်း က အာခီတက် က ဆင်းပြီး မန္တလေး မှာ ပဲ ကန်ထရိုက် လုပ်နေတယ် ။ အငယ်ဆုံးလေး မောင်စိုးသန်း က တော့ သင်္ဘောသား လေ ။

သားတွေ အားလုံး သူတို့ စီးပွားရေး နဲ့ သူတို့ အဆင် ပြေ ကြပါတယ် ။ ငယ်ငယ်တုန်း က တော့ ကလေးတွေ ခမျာ လည်း အဖေ နဲ့ အမေ ခဏခဏ ရန်ဖြစ်တာ မြင်တိုင်း စိတ် ဆင်းရဲ ရှာမှာပေါ့ ဗျာ ။ ဒါပေမဲ့ ကလေးတွေ က တော်သဗျ ၊ သိလား ။ သားသမီး ဆိုပေမယ့် မိဘ ဆီ က ကောင်းတဲ့ စရိုက် လက္ခဏာ ကောင်းမွေ ကို သာ ယူခဲ့ကြတယ် ။ သူတို့လေး တွေ အိမ်ထောင်စု အကြောင်း မေးရင် ရန်ဖြစ်တယ် ဆိုတဲ့ အသံ မကြားရဘူး ။ သူတို့ ကို မေးပြီး မှ ကျွန်တော့် မှာ သာ သာဓု ခေါ်ရင်း စိတ် ထဲ မှာ ရှက် သွားတယ် ။

•••••   •••••   •••••

[ ၂ ]

၁၉၅၂ ခုနှစ် မှာ ကျွန်တော် အင်တာ အောင် ပါတယ် ။ အဲဒီ အချိန် မှာ အိမ် က စီးပွားရေး ချွတ်ခြုံကျ နေပြီ ။ ကျွန်တော့် အဖေ့ က ဦးဖိုးလူ တဲ့ ။ အမေ က ဒေါ်လှစိန် တဲ့ ။ ရွာ မှာ တော့ ပဂေး ပေါ့ ခင်ဗျာ ။ ယာ ဧက ၅ဝဝ ကျော် တောင် ပို င် တယ်  ။ ဝါ ထွက်ချိန် ရောက်ရင် မြင်းမူ က ဝါစက်သူဌေး ဦးစိန်း ဆီ မှာ ကျွန်တော့် အဖေ က ဝါ သွား ရောင်းလေ့ ရှိတယ် ။ ကျွန်တော့် အဖေ ရဲ့ ဝါလှည်းတွေ က တစ်ခေါက် ထွက် ရင် လှည်း အစီး ပေါင်း ၅ဝ ကျော် ။

စိတ်ကူးယဉ် ကြည့်မိပါ ရဲ့ ။ တစ်ကြိမ် တစ်ခါ လောက် မြေးတွေ ၊ သားတွေ နဲ့ မိသားတစ်စုသိုက်သိုက်ဝန်းဝန်း တစ်ရက်တလေ လောက် နေချင်လိုက်တာ လေ ။ သူတို့ ခေတ် မှာ စီးပွား ရှာ တာ သက်စွန့်ဆံဖျား နဲ့ အန္တရာယ် ကြီးလှပါတယ် ဗျာ ။ ဟို တလော က သားငယ် က ဂျပန် က နေပြီး လူကြုံ နဲ့ ဖေဖေ့ အတွက် တဲ့ ဂျာကင်အင်္ကျီ တစ်ထည် နဲ့ ရက်လေဗယ် တစ်လုံး ဗျား ၊ ကျွန်တော် အရက် ကြိုက်မှန်း သိလို့ ပို့ လိုက်ရှာတာ ပေါ့ ။ တစ်ပက် ဘယ်လောက် ကျ မှန်း မပြောတတ်ပါဘူး ။

ကျွန်တော့် ဘဝ မှာ ဒီလောက် တန်ဖိုး ကြီးတဲ့ အရက်မျိုး တစ်ခါမှ မသောက် ခဲ့ ဖူးဘူး ။ ဪ - ငါ့ သားငယ် ကျေးဇူး ကြောင့် အဖိုးတန် အရက် ကို အာ စွတ်ရုံတင် မက တဝကြီး သောက်ရတော့မဟဲ့ လို့ တွေး ပြီး စိတ်ချမ်းသာ လိုက်တာ ။ ဘယ် သောက်ရမလဲ ဗျာ ၊ ဒေါ်ရီရီမြင့် လေ ပုလ င်းကို တစ်ခါ တည်း သိမ်း သွားပြီး ဈေးချို ကို တောင်ဘက် အိမ် က ကောင်လေး သွား ရောင်း ခိုင်းတယ် ။ ပြီးမှ မောင် ကြိုက်တဲ့ အာမီရမ် တဲ့ ဗျာ ။ ကျွန်တော် ဒေါသ ဖြစ်လွန်းလို့ စကား ကို မပြော နိုင် ဘူး ။ တစ်ခါတလေ တော့ နည်းနည်း ကြမ်း ပြတာပေါ့ဗျ ။ ဟ ကိုယ့် ပင်စင် လစာ ကိုယ့် ဘာသာ သုံးတာပဲ ။ ခင်ဗျား က ဘာ ပြောစရာ ရှိလို့လဲ ဆိုပြီး အာဠာဝက ဝင် ကြည့်တယ် ။ မရဘူး ဗျာ ၊ သူ့ ဘက် က လည်း လုံးဝ ကို မလျှော့တာ ။ ဒေါသ ဖြစ်လွန်း လို့ အိမ် ရှေ့ က တူရွင်းပြား ကို ကောက် ကိုင် လိုက်တယ် ။ အဲဒါ နံဘေးအိမ် က မောင်ကျော်ဦး တို့ လင်မယား က ဆရာကြီး လွန်မယ် လွန်မယ် ဆိုပြီး လာ ဆွဲကြတယ်လေ ။ ဟ - ကျွန်တော် က ဘာ လုပ်မှာမို့ တုန်း ။ ကျွန်တော် ဒေါသ ဖြစ်ရင် တူးရွင်းပြား ယူပြီး မြေကြီး တွေ လျှောက်ဆွ ၊ သစ် သစ်ပင် စိုက်တာ ဗျ ။ အခုတော့ မောင်ကျော်ဦး တို့ က စေတနာ နဲ့ အပူအပန် ကြီး တော့ ဆရာကြီး တို့ လင်မယား ရန်ဖြစ်လို့ ဆို ပြီး ရပ်ကျော် ရွာကျော် ဖြစ်ကုန်ပါရော လား ။ လူ့ ဘဝ ဆိုတာ ဒီလိုပါပဲ လေ ။ ပျော်တာ လည်း ရှိ ၊ ဝမ်းနည်း တာ လည်း ရှိ ၊ ပြည့်စုံ တာ လည်း ရှိ ၊ မပြည့်စုံ တာ လည်း ရှိ ။ စီးပွားရေး ကို ကျားကုပ်ကျားခဲ ရှာ ။ ကလေးတွေ ကို ပြုစု ပျိုးထောင် ပေး ။ အခု ချိန် ကျ တော့ ကိုယ့် အနား မှာ တစ်ယောက် မှ မရှိတော့ဘူး ။ နှစ်ယောက် နဲ့ စ ခဲ့ကြတဲ့ ဘဝ ဟာ နှစ်ယောက် နဲ့ အဆုံးသတ် ကြရမှာ ဖြစ်မြဲ မ္မတာပါပဲ ။ အတောင် စုံ တော့ အဝေး ပျံကြမှာပေါ့ ဗျာ ။ သူတို့လေးတွေ အပြစ် လည်း မဟုတ်ပါဘူး ။ အခြေအနေ တွေ က ဖန်တီး ခဲ့တာ ကိုး ။ ရွာ က ဆွေ မကင်း မျိုး မကင်း ကလေးမလေး တစ်ယောက် ခေါ် ထား ရတယ် ။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ တဲ့ စိတ် ကို မှီပြီး ရုပ် ဖြစ်ရတာ ။ အဲဒီ ခန္ဓာရုပ်ကြီး ဟာ အချိန်မရွေး ဖောက်ပြန် နိုင်တယ် ။ ရုပ် မှာ မှီတွယ် နေတဲ့ ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယော ဓာတ်တွေ ဟာ အသက် ကြီး လာလေ ချွတ်ယွင်း လာ လေ ပဲ ဗျ ။

•••••   •••••   •••••

[ ၄ ]

“ ဖေဖေ တို့ လည်း အသက် ကြီးပါပြီ ။ အခု အချိန်မှာ ဖေဖေ တို့ အနား ကို ကျွန်တော် ဖြစ်ဖြစ် ညီငယ် နဲ့ ညီညီ ဖြစ်ဖြစ် တစ်ယောက် ယောက် နေ သင့်ပါတယ် ။ ကျွန်တော် လည်း အလုပ် ကို မန္တလေး ပြောင်းဖို့ လျှောက်လွှာ တင် ထား ပါတယ် ။ ဖေဖေ့ သမီး က လည်း မန္တလေး ကို ပြောင်းဖို့ စိတ် ထက်သန်ပါတယ် ”

သား အကြီး ဆီ က စာ ရတော့ ကျွန်တော် တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် စလုံး ပျော် သွားတယ် ။ စာ လည်း ဖတ် ပြီးရော ဒီ အလုပ် ပြောင်းဖို့ ရွှေ့ဖို့ အတွက် ဘယ်သူ့ ဆီ သွား ပြောရမလဲ ။ ဘယ်လို လုပ်ရင် ရမလဲ ဆိုပြီး ဟို စုံစမ်း ရ ၊ ဒီ စုံစမ်းရ နဲ့ သားကြီးတို့ ဌာန မှာ ကျွန်တော့် တပည့် ဘယ်သူတွေများ ရှိ ကြသလဲ ပေါ့ ။ ရှိရင် ပြောတန် ပြောရ မှာ ပေါ့ မဟုတ်ဘူးလား ။ သားကြီး မိန်းမ က တံတားဦး သူ  ၊ ကလေးမလေး မိဘများ ကလည်း ကျွန်တော် တို့ လို ပါပဲ ။ အစိုးရ ဝန်ထမ်း တွေ ပေါ့ ။ ပြောရဦးမယ် ၊ အဲဒီ ဘက် က လည်း စီးပွားရေး မကောင်းကြဘူး တဲ့ ။ ဒါပေမဲ့ တောနေ ဆိုတော့ မြို့ မှာ နေကြတဲ့ သူတွေ လောက် မကျပ်တည်းကြဘူးပေါ့ ။ ပြီးခဲ့တဲ့ နွေ မှာ သား အကြီး က သူ့ ကလေး နှစ်ယောက် ကို ကျွန်တော် တို့ ဆီ အရင် ပို့ လိုက်တယ် ။ ဒီ နှစ် ထဲ မန္တလေး ကို ပြောင်းရွှေ့ဖို့ အမိန့် ကျ လာရင် ကလေးတွေ ပညာ သင် တာ နှောင့်နှေး သွားမှာ စိုးလို့ တဲ့ ။ ဒါကြောင့် ကလေးတွေ ကို အရင်ပို့ လိုက်ရတာပေါ့ တဲ့ ။ သားကြီး က မှာ လိုက်တာ လေ ။ ဟောဗျား - ကောင်း ရော ။ အကြီးမလေး ခင်ငြိမ်းသစ် က ၂ တန်း ၊ အငယ်ကောင် ကျော်စွာထွန်း က ၁ တန်း တောင် ရောက်နေ ကြပြီ ။ သူတို့ မောင်နှမ နှစ်ယောက် ကို အမှတ် ( ၁၃ ) ကျောင်း မှာ သွား အပ်ရတယ် ။ မနက် လင်း ရင် ကလေး နှစ်ယောက် ကို ဆိုင်ကယ် ပေါ် တင် ၊ ကျောင်း ပို့ ၊ နေ့ခင်း မှာ မုန့်သွား ကျွေး ၊ ညနေ ကျ တစ်ခါ ပြန် ကြို ၊ အရင် က လို လွတ်လွတ်လပ်လပ် မထွက် နို င် တော့ ဘူးခင်ဗျ ။ ဒီ ကလေး နှစ်ယောက် ဂျူတီ နဲ့ ပိ နေတယ် ။ ဒေါ်ရီရီမြင့် လည်း မလှုပ်နိုင်ဘူး ။ မနက် လင်း ရင် ကလေးတွေ ကို ချက် ပြုတ် ကျွေး ၊ ညနေ ကလေးတွေ ကျောင်း က ပြန်လာ ရင် ကျူရှင် ပေးရ နဲ့ အင်း - သား အချစ် ၊ မြေး အနှစ် ပေကိုး ။ စနေ - တနင်္ဂနွေ ကျောင်းပိတ်ကြ တော့ လည်း မနားရ ပြန် ပါဘူး ။ ဘဘ မန္တလေးတောင် လိုက်ပို့ပါဦး ။ ဘုရားကြီး သွားချင်တယ် ။ နန်းတွင်း ထဲ သွားချင်တယ် ဆိုတော့ မနေ သာပါဘူး ဗျာ ။ သားကြီး ပြောင်းလာမယ့်သ တင်း ကို သားလတ် က သိ တော့ တယ်ပြီး မကြည်လင်ချင်ဘူး ။ ဒီ အိမ် က သူ ဆောက်ပေး ထားတာ မဟုတ်လား ။ ညီအစ်ကို ချင်း ချစ် ကြပေမယ့် အားလုံး သား နဲ့ မယား နဲ့ ဖြစ် ကုန်ကြပြီလေ ။ သူတို့ က မပြော တောင် သူတို့ ရဲ့ မယားတွေ က ကျေနပ် ချင် မှ ကျေနပ် မှာ ။ ကျွန်တော် က တော့ ချွေးမ သုံးယောက် စလုံး ကို တန်းတူ ရည်တူ ဆက်ဆံရတယ် ။ ဘယ် ချွေးမ တော့ ဘယ်လို ဆိုတာမျိုး အဖြစ် မခံရဲဘူး ။ အိမ် ဆောက်တာ သားကြီး  တို့ ၊ သားငယ် တို့ ပိုက်ဆံ ပါ ပေမယ့် သားလတ် ရဲ့ ပိုက်ဆံ က အများဆုံး မဟုတ်လား ။ ဘာပဲ ဖြစ်ဖြစ်ပေါ့ နော - သားကြီး မန္တလေး ကို ပြောင်း လာရင် ပွင့်ပွင့်လင်းလင်း ပြော မှ ဖြစ် မယ် ။ ညီအစ်ကို တစ်တွေ စိတ်ဝမ်း မကွဲစေချင်ဘူး လေ ။ သားကြီး က အရိုး အအေး ၊ ငယ်ငယ် ကတည်း က သူ့ ညီတွေ ကို လည်း သိပ် ချစ်ပြီး အနစ်နာ ခံရှာတာ ။

သီတင်းကျွတ် ကျောင်းပိတ်ရက် ရောက်တော့ သားကြီး တို့ လင်မယား ရောက် လာကြတယ် ။ အပြီး ပြောင်းလာ တဲ့ သဘောပဲ တဲ့ ။ ရုံး မှာ ခွင့်ရက်ရှည် တင်လာခဲ့တာ တဲ့ ။ ခွင့်ရက် စေ့ လို့ ပြောင်းခွင့် မရသေး ရင် တစ်ခါတည်း ထွက် စာ တင်တော့မယ် တဲ့ ။ ကျွန်တော် က ဘာမှ မပြောသေးပါ ဘူး ။ အခု လောလောဆယ် အစီအစဉ် တော့ ဘယ်လို ရှိသလဲ လို့ မေးကြည့်မိပါတယ် ။ သားကြီး က ..

“ ကျွန်တော်တို့ စု ထားတာ ငွေ ၅ သောင်း လောက် ရှိတယ် ဖေဖေ ၊ အဲဒါ ဖေဖေ တို့ ဆီ က ငွေ ခဏ ဖြည့်ပြီး တရုတ်တန်းဈေး မှာ အထည်ဆိုင် ထွက်ချင် ပါတယ် ။ ဖေဖေ့ သမီး က လည်း အရင်တုန်း ကတည်း က ဈေးရောင်း ခဲ့ ဖူးတော့ အဆင်ပြေ သွားမယ် ထင်တယ် ” လို့ ပြောတယ် ။ ဒီ ကိစ္စ ဆုံးဖြတ် ပြီးပြီလား လို့ သားအကြီး ကို မေးလို့ မှ မဆုံးသေး ဘူး ဒေါ်ရီရီမြင့် က ဗျာ ၊ မပူနဲ့ သား မေမေ့ မှာ ရှိပါတယ် ဆိုပြီး သူ ဘယ်တုန်းက စုထားမှန်း မသိတဲ့ ငွေတွေ ကို သာ ရှေ့ချ ပြ ပါလေ ရော ၊ ဒီလိုနဲ့ သူတို့ သားအမိ တစ်တွေ တရုတ်တန်းဈေး ဆိုင်ခန်း ငှား ဖို့ သွား မေး ၊ ငှားမည့် ဆိုင်ခန်း နေရာ လိုက်ကြည့်နဲ့  တစ်လ အတွင်း စဘော် ပေးပြီး အထည်ဆိုင် ဖွင့် လိုက်ကြတာပဲ ။ ကျွန်တော် လား ကျွန်တော် က ဘယ် နေရာ မှ မပါလိုက်ရဘူးလေ ။ ကလေးတွေ ကျောင်းပို့ ကျောင်းကြို အတွက် ကျွန်တော့် ကို လုံးဝဥဿုံ တာဝန် လွှဲ အပ်ထားတာ ခင်ဗျ ။ နောက် သူတို့ လင်မယား ဈေးထွက် တော့ လည်း ကျွန်တော့် မှာ ကလေးတွေ ကျောင်းပို့ ကျောင်းကြို ရုံ တ င်မဟုတ်ဘူး ။ သူတို့ လင်မယား ဆီ ကို ထမင်း ပို့ ရတဲ့ တာဝန်ပါ ယူရတယ် ။

တစ်ရက် က တရုတ်တန်းဈေး မှာ ထမင်း ပို့ ဖို့ သွား တုန်း ဆေးရုံကြီး ထောင့် မှာ သားလတ် နဲ့ သွား တွေ့ တယ် ။ ဆန်နီကား ပေါ် က ဆင်း လာတဲ့ သားလတ် ရဲ့ မျက်နှာ က တယ်ပြီး ကြည်ကြည်လင်လင် မရှိဘူး “ ဖေဖေ ၊ ဘယ်လဲ ” လို့ မေးတော့ ဈေး ထမင်း သွားပို့ဖို့ လို့ ပြောရတော့တာ ပေါ့ ၊ ညာ လို့ လည်း မဖြစ်ဘူး လေ ။ သားလတ် က ဖေဖေ ဘာကြောင့် အပင်ပန်း ခံရတာလဲ တဲ့ ဖေဖေကြောင့် ခက်ပါ တယ် လို့ ပြောပြီး ကားပေါ် ပြန် တက် မောင်းထွက် သွား တယ်ဗျာ ။ ကျွန်တော့် မှာ ဘာမှ ပြောခွင့် တောင် မရလိုက် ပါဘူး ၊ ဆိုင်ကယ် ပေါ် က ထိုင်ရင်း သား ကို ငေးကြည့် နေ မိတယ် ။ ဒီ အစီအစဉ်တွေ က ဒေါ်ရီရီမြင့် အစီအစဉ်တွေ ပါ ဗျာ ။ သားတွေ က အထင် လွဲ တော့ ကျွန်တော့် အပေါ် မှာ သားတွေ ထဲ မှာ သားလတ် က စိတ် ထက်တယ် ။ မထင် ရင် မထင် သလို ပြော တာ ။ တစ်ခါတုန်း က ကျွန်တော့် ကို ဘယ်လို ပြောတယ် ထင်လဲ ။ ဖေဖေ ဟာ သူ့ ဘဝ တစ်လျှောက်လုံး ဘယ်တော့ မှ အမှား မလုပ်ခဲ့ဘူး တဲ့ ။ ညီအစ်ကို ချင်း ပြောခဲ့တာ ကို ကျွန်တော် ပြန် ကြားရတာ ။

ခုခေတ် ကလေး တွေ က သိပ် တတ်ကြပါတယ် ။ အိမ် က မြေးလေး ကျော်စွာထွန်း ဆိုရင် လည် လိုက်တာ ဗျာ ။ တစ်ရက် က သူ့ အဖေ ကို သွား ကြိုဖို့ မေ့နေတယ် ။ အဲဒါ ဘဘ ၊ ဖေဖေ့ ကို သွား ကြိုပေးပါ တဲ့ ။ ကျွန်တော့် ကို ပြော တာနော် ။ ဘဘ ဆိုင်ကယ် က ဆီ မရှိဘူးကွ လို့ မြေး ကို ပြော တော့ ဆီ မရှိရင် ဘွားဘွား ဆီ က ပိုက်ဆံ တောင်းပြီး ထည့် ပါ တဲ့ ။ ဟား ဟား ဟုတ်ပေ့ဗျာ ။ သူ့ အဘွား ဆီ က ပိုက်ဆံ တောင်း ပြီး ဆိုင်ကယ် ဆီ ထည့် တာ သိနေတာ ကိုး ။ ကလေး ဆိုပေမယ့် သူ့ အဖေ ကျတော့ သိ လိုက်တာ ပြောပါတယ် ။ တစ်လ လောက် ကြာ တော့ သူတို့ အရောင်းအဝယ် က မဆိုး ဘူးဗျ ။ တစ်မနက် ၁ဝဝ လောက် အသားတင် ကျန်တာတဲ့ ။ အဆင်ပြေတယ် ဆိုတော့ ဝမ်းသာစရာပါ ပဲ ဗျာ ။ မိန်းမ က ဆိုင် ဖွင့် သားကြီး က လိုအပ် တာ ကူညီ ၊ ညနေ ဆိုင်သိမ်း ပြန် လာ လုပ်ငန်း က လည်း မြတ် နေတော့ သား က စိတ်ဝင်စား လာပြီ ။ တစ်လ တစ်ထောင် ကျော် ရတဲ့ သူ့ လုပ်ငန်း ကို သတိ မရဘူး ။ ပြောင်းလို့ ရ ရင် ရ မရ ရင် ထွက်တော့မယ် ဆိုတဲ့ စကား ကို ပဲ အမြဲ ပြော နေတာပဲ ။ ကျွန်တော် လည်း စိတ်အားထက်သန် နေတဲ့ သား ကို ကြည့်ပြီး ဘယ် က နေ စပြီး ပြောရမလဲ လို့ စဉ်းစား နေမိတယ် ။ ဒီ စကားတွေ ဟာ မပြောလို့ လည်း မဖြစ်ဘူး ။ သားကြီး ရဲ့ ဘဝ တစ်လျှောက် လုံး နဲ့ ဆိုင်မယ့် ကိစ္စ ၊ ဘဝ မှာ အဆုံးအဖြတ် တစ်ချက် မှား သွားရင် အဖတ်ဆယ်လို့ ရမှာ မဟုတ်ဘူး ။ သား ကို ဒီ စကား တွေ သိပ် ပြောချင်တယ် ။ ကျွန်တော် နဲ့ တွေ့တိုင်း ဖေဖေ ရ တစ်နာရီ အတွင်း အထည်တွေ ဘယ်လို ရောင်းရ တာ ၊ ဘယ်လို မြတ်လိုက်တာပေါ့ လေ ၊ စန်းစန်းဝေ က သိပ် ဈေးရောင်းတတ်တယ် ဖေဖေ ရ ဆိုပြီး သူ့ မိန်းမ ကို လည်း အမွှန်းတင် ပြ ၊ လုပ်ငန်း အကြောင်း ပြောတဲ့ သား ကို ကျွန်တော့် ရင် ထဲ က စကားတွေ ကို ပြော မှ ဖြစ်တော့မယ် လို့ ဆုံး ဖြတ် လိုက်တယ် ။

“ သား - ဖေဖေ ပြောချင်တယ် ကွာ ။ ဖေဖေ ပြောမယ့် စကားတွေ ကို လည်း သား လက်ခံ ချင် မှ လက်ခံပါ ။ ဒါပေမဲ့ ဖေဖေ က တော့ ပြောရမှာ ပဲ ။ အခု သား စိတ်ကူး က မန္တလေး မှာ ဖေဖေ တို့ နဲ့ အိုးမကွာ အိမ်မကွာ နေပြီး သား ဇနီး နဲ့ စီးပွားရေး လုပ်ငန်း လုပ်ကြမယ် ။ ဖေဖေတို့ ကို လည်း ပြုစု လို့ ရတယ်ပေါ့ နော် ။ မိဘ အပေါ် မှာ ထားတဲ့ သား မေတ္တာ စေတနာ ကို ဖေဖေ နားလည် သဘောပေါက် ပါတယ် သား ရယ် ။ သာဓု လည်း ခေါ် ပါတယ် ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ် ကို တွက်ဆဦး သား ။ အလျင်စလို မဆုံးဖြတ် နဲ့ ။ ညီလတ် ကို လည်း ဘယ်လိုမှ မအောက်မေ့နဲ့ နော် ။ သား က ဖေဖေ တို့ နဲ့ နေပါပြီ တဲ့ ။ ညီလတ် က ဘယ်လိုမှ သဘော မထား တောင် ညီလတ် ရဲ့ မိန်းမ နဲ့ ရန်ကုန် က ညီငယ် ရဲ့ မိန်းမတွေ က တို့ တစ်တွေ ဆောက်ပေး ထားတဲ့ အိမ် ပေါ် မှာ သူတို့ လင်မယား အခန့်သား တက် နေကြတယ် လို့ မမြင် ပေဘူးလား ။ နောက်ပြီး ဖေဖေ ပြောဦးမယ် ။ သား က အလုပ် ထွက်ပြီး သားဇနီး နဲ့ အတူ အရောင်းအဝယ် မှာ ကူ မယ်ပေါ့ နော် ။ သား ရယ် စဉ်းစားကြည့်ဦး ။ ဒီ အရောင်း အဝယ်အလုပ် က သား မိန်းမ က ဦးစီး လုပ်တာ ။ လုပ်ငန်း အကြောင်း သား က ဘာမှ သိသေးတာ မဟုတ်ဘူး ။ အလုပ် ဆိုတာ အဆင်ပြေ တဲ့ အခါ ရှိသလို အဆင် မပြေတာ လည်း ကြုံရမယ် ၊ သား မိန်းမ ဘက် က လည်း အခု အချိန်မှာ ပြည့်စုံ ကြတာ မဟုတ်ဘူး ။ လုပ်ငန်း အဆင်ပြေ လို့ သား မိန်းမ က သူ့ ဘက် က ဆွေမျိုးတွေ ကို ပေးရင် သား ဘယ်လို မြင်မလဲ ဟင် ။ နောက် တစ်ခါ လုပ်ငန်း အဆင်မပြေ တဲ့ အခါ ကျ တော့ စိတ် အကျဉ်းအကျပ် ဖြစ်ပြီး တစ်ဦး ကို တစ်ဦး အပြစ် ရှာ တာမျိုး ဖြစ်တတ်တယ် ။ သား စဉ်းစားဖို့ ဖေဖေ ပြောတာပါ ။ နေဝင်ချိန် ရောက်နေတဲ့ ဖေဖေ တို့ ဘဝလေး ကို ငဲ့ကွက်ပြီး သား ရဲ့အခွင့်အရေးတွေ ကို မစွန့်လွှတ်ချင်ပါ နဲ့ သား ရယ် ။ အခု သား ရဲ့ဘဝ ကို ကြည့်စမ်း ၊ ရတဲ့ လစာ နဲ့ လောက်ငတယ် ။ ရေမီး အပြည်အစုံ နဲ့ အိမ် ရတယ် ။ စဉ်းစားပါဦး သား ရယ် ။ အလုပ် ထွက်ပြီး သား မိန်းမ နဲ့ စီးပွားရေး အတူ လုပ်ကြတယ် ဆိုပေမယ့် ဖေဖေ ပြောချင်တယ် သား ။ အရောင်းအဝယ် လုပ်ငန်း မှာ သား မိန်းမ က ငွေရေးကြေးရေး ကို ချုပ် ထား ရင် သား ဘယ်လိုမှ မတတ်နိုင်ဘူး ။ ယုတ်စွ အဆုံး ၊ သား က ဖေဖေ တို့ ကို ပေးချင်ဦး သား စေတနာ လိုအင် ကို သား မိန်းမ က နားလည် သဘောပေါက် မှ ဖြစ်မှာ ။ ဖေဖေ က ဘယ်လို အမြင် ဘယ်လို အတွေး နဲ့ မှ ပြောတာ မဟုတ်ဘူး နော် ။ သား မိန်းမ အပေါ် မှာ မကောင်းမြင် တဲ့ အတွေးတွေ နဲ့ ယူဆ သုံးသပ်တာ မဟုတ်ဘူး နော် ။ ဖြစ်လာတတ်တဲ့ သဘော ကို ပဲ ဖေဖေ က ပြော ပြတာ ။ ဖေဖေ ပြော သလိုပဲ ဖြစ် ချင် မှ လည်း ဖြစ်မယ် ၊ ဆုံးဖြတ်မယ် ဆိုရင် လည်း အားလုံး ထောင့်စေ့ အောင် ကြည့်ပြီး မှ ဆုံးဖြတ် စေချင်တယ် သား ”

ကျွန်တော် က ပြော လိုက်တော့ သားကြီး ခမျာ ငိုင် ကျ သွား ရှာတယ် ။ မတတ်နိုင်ဘူးဗျ ၊ သားကြီး က သိပ် ရိုး အေးတာ ။ သူ့ ရှေ့ရေး အတွက် ပြောလိုက်ရတာပဲ ။ ကျွန်တော် ဟာ ကျောင်းဆရာ ပါ ဗျာ ။ ဆရာ ဆိုတာ ကိုယ် တတ်သိ နားလည်ခဲ့တဲ့ ပညာတွေ ကို တပည့်တွေ အပေါ်  မှာ ဆုံးမ သွန်သင် ပညာ အမွေ ပေးခဲ့ရတာ မဟုတ်လား ။ ဒါပေမဲ့ ကျွန်တော့် သား ကို တော့ ကျောင်းပညာ တင် မဟုတ်တော့ပါဘူး ၊ နှစ်ပေါင်း များစွာ ကျွန်တော့် ဘဝ နဲ့ ရင်း ခဲ့တဲ့ အသိ ပညာ ကို ပါ ပြောပြ သင်ပေး လိုက် ရပါတယ် ။ အခု အချိန် မှာ ဖေဖေ ဘာဖြစ်နေလဲ ၊ ဖေဖေ့ ကို ကြည့် ပြီးမှ သား ဆုံးဖြတ် စေ ချင်တယ် လို့ သားကြီး မောင်မိုးသန်း ကို ပြော လိုက်ရတယ် ။ ဒီလို ပြောလိုက်တာ ကျွန်တော် မမှားပါဘူး နော် ... ။

◾ညိုထွန်းလူ

📖 မြန်မာ့ဓန မဂ္ဂဇင်း
      ၁၉၉၂ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

Saturday, December 30, 2023

ကမ္ဘာမကြေ မှာ ခြွေတဲ့ ဥဒါန်း


 

❝ ကမ္ဘာမကြေ မှာ ခြွေတဲ့ ဥဒါန်း ❞

၁  ။

ပုထုဇဉ် လူသားတိုင်း သည် သေ မှာ ကို ကြောက်ကြ သူတွေချည်း ဖြစ်၏ ။ “ တို့ က သေ ရ မှာ ကြောက်တာ မဟုတ်ဘူး ၊ ဘာ ဂရုစိုက် နေ ရမှာ လဲ ” အစ ရှိ သဖြင့် ဘာညာကွိကွ ကြုံးဝါး သံတွေ ကို လူတိုင်း ကြားဖူးကြ ပေလိမ့်မည် ။ သို့သော် ထို စကား တို့ သည် အကြောင်း တစ်ခု ခု ကြောင့် စိတ်တို စိတ်ညစ် လျက် ရှိစဉ် ထိုသို့ “ တို ... ညစ်သော ” စိတ်ကလေး ထွက်ပေါက် ရ စေရန် မာန်တင်း၍ ဒေါသ အလျောက် ၊ သောက အလျောက် ၊ ငါ့ လှေ ငါ ထိုး ပဂိုး ( ပဲခူး ) ရောက်ရောက် ဆိုသလို မျက်စိ စုံမှိတ် ကာ ရမ်း ကြိတ်လိုက်ကြခြင်း သာဖြစ်သည် ။ တကယ် သေဘေး နှင့် ရင်ဆိုင် လာကြရသော အခါ တွင် ကား တည်တည်ငြိမ်ငြိမ် ရင်ဆိုင် သွားနိုင် သူ က ရှာ မှ ရှားပင် ။ ပုထုဇဉ်တွေ ကို ပြောပါတယ် ။ ပြောတုန်းက လေ တစ်လုံး မိုး တစ်လုံး ဆိုသော် လည်း တကယ် သေတွင်း သေဝ ရောက်သော အခါ “ စားပြီး နားမလည် ” ဖြစ်သွားကြသူ တွေ သာ များကြ၏ ။

ထို အကြောင်းအရာမျိုး ကို သာမန် လူတွေ ထက် ဆရာဝန် တစ်ယောက် ဖြစ်သော ဒေါက်တာမောင်ထူး တို့ က ပို၍ ပင် သိနေသေးသည်  ။ နေ့စဉ် လူကောင်း တွေ ထက် လူနာ တွေ ကို ပိုထိ တွေ့ ဆက်ဆံ နေရတာ မဟုတ်လား ။ လူနာ တွေ ကို ကုသ ကယ်တင် နေရသည် ဆိုသော်ငြား ရောဂါ ကျွမ်း နေ၍ ... ၊ မီးစာကုန် ဆီခမ်း၍ ... စသဖြင့် တဖြုတ်ဖြုတ် သေ နေသော လူသေ တွေ ကို မရေနိုင် ၊ မတွက်နိုင် အောင် ဒေါက်တာ မောင်ထူး တွေ့ရှိခဲ့ရဖူးသည် ပဲ ။ သူ့ အဖို့ လူတို့ ၏ သေခြင်းတရား သည် အဆန်း မဟုတ် ။ မျက်စိ အောက် မှာ ပင် အသက် ငင် ပြီး သေသွား ကြတာမျိုးတွေ ကို တွေ့ရဖူးပေါင်း များ ခဲ့လှ သဖြင့် ရိုး နေပြီ ဟု ပင် ဆိုနိုင်သည် ။ သေခြင်းတရား နှင့် ပတ်သက်လျှင် အရပ်သား တွေ ထက် ဆရာဝန် တွေ က ပို တွေ့ကြုံရသည် ပဲ ။

သို့သော် .... ဦးဘချော လို လူနာ ၏ သေ ပုံက တော့ဖြင့် ဒေါက်တာမောင်ထူး ၏ တစ်သက် မှ ဒီတစ်ခါပဲ ကြုံရဖူးသေးသည် ဟု ဆိုရ မလို ရှိတော့၏ ။ မှန်၏ ။ သူ ၏ တစ်သက်တာ လူနာ မှ တ်တမ်း တွင် ထူးဆန်းစွာ ဇီဝိန်ချုပ် သွားခဲ့သော လူနာ အဖြစ် တော့ ထို ဦးဘချော ကိုပဲ ပထမဆုံး လူနာ အဖြစ် မှတ်တမ်း တင် ရတော့မည် ဖြစ်လေသည်  ။

၂ ။

ဦးဘချော တို့ မိသားစု နှင့် ဒေါက်တာမောင်ထူး တို့ က သိဟောင်း ကျွမ်းဟောင်းများ တော့ မဟုတ်ကြပါ ။ ဟောက်ဆာဂျင် ဆင်းပြီး ၊ ' ဆ - မ ' လက်မှတ် ရပြီး နောက် တာဝန် ထမ်းဆောင်ရန် ပထမဆုံး ပိုစတင် ကျလာသော နယ်မြို့ကလေး သို့ ရောက်မှ သိကျွမ်း လာရသည့် မိသားစု သာ ဖြစ်ပါသည်  ။ သူ တာဝန်ကျသော ဆေးရုံ က တိုက်နယ် အဆင့် ဆေးရုံကလေး မျှသာ ဖြစ် သည် ။ မြို့ကလေး က ခပ်သေးသေး ... ဆေးရုံ ကလေး က လည်း ပုလုကွေး ... ၊ လူနာ က ခပ်ပါးပါး ... ။ သည်တော့ သူ ပင် ဆေးရုံအုပ်ကြီး ၊ သူ ပင် ဆေးရုံဆရာဝန် အဖြစ် တစ်ကိုယ်တော်ပြဇာတ် ကို က ရလေ၏ ။ အကူ လက်ထောက် နာ့စ် Nurse နှင့် သားဖွားဆရာမ သုံးလေးယောက် သည် သူ ၏ ကျန်းမာရေး တပ်မဟာ တည်း ။ သူတို့ ပဲ ရဲဘော်ရဲဘက်တွေ ဖြစ်ကြတော့သည်  ။

မြို့ကလေး က ငယ်သော် လည်း စီးပွားရေး ဖွံ့ဖြိုးသည် ။ နယ်မြို့ငယ်ကလေး တို့ ထုံးစံ အတိုင်း ဆေးရုံ ကို ကြောက်ကြသည် ။ “ ဆေးရုံ တက်ပါ ” ဟု ဆို လိုက် လျှင် မျက်စိမျက်နှာ ပျက်ပျက် နှင့် “ မတက်လို့ မရဘူးလား ... ဆရာ ၊ ဖြစ်နိုင်ရင် မတက်ပါရစေနဲ့  ၊ ဆရာနဲ့ ပဲ အပြင်မှာ ကုပါရစေ ” ဟု ပြန်ပြော လာသူက အများ ဖြစ်သည် ။ သူတို့ က သူတို့ ဆေးရုံ မတက်ချင်ကြသည့် ဆန္ဒကို အစွဲပြု၍ “ ဆရာ ရယ် ၊ မြို့ ထဲ မှာ ကိုယ်ပိုင် ဆေးခန်းလေး ဖွင့်စမ်းပါ ၊ ဆရာတို့ ဆေးရုံ က မြို့ အပြင် မှာ သီးခြားရှိနေတာ ဆိုတော့ လာရသွားရတာ မလွယ်ကူဘူး ၊ လွယ်ကူတယ် ပဲ ထားဦးတော့ ... ကျွန်မ တို့ က ဆေးရုံ တက်ရမှာ ကို ကြောက် ကို ကြောက်တာ ဆရာ ရဲ့ ၊ လူနာစောင့်မယ့် သူ က ည လိုက်အိပ်ဦး ၊ အိမ် က လူတွေလဲ ထမင်းချိုင့် ပို့ဦး နဲ့ တာဝန်တွေ ပိုလှတယ် ၊ မြို့ ထဲ မှာ ဆရာ ဆေးခန်း ဖွင့်လိုက်ရင် အေးရော ၊ နေမကောင်း ရင် ဆရာ့ ဆေးခန်း ကို ပြေး လာပြကြရုံပဲ ” ဟု ဝိုင်းဝန်း တိုက်တွန်းကြ ချေ သေး၏ ။ ထိုသို့ တောင်းဆိုလာသော ပရိသတ် က ရှစ်ဆယ် ရာနှုန်းခန့် ဖြစ်နေသည် ။

“ သံဃာ အား ဘုရား မဆန်သာ ” ဆိုသလိုပင်  ။ မူလက ကိုယ် တာဝန်ကျရာ ဆေးရုံ မှာ ပင် ကု သရေး ကို လုပ်ရင်း ခပ်အေးအေး နေမည် ဟု ရည်မှန်းခဲ့သော ဒေါက်တာမောင်ထူး မှာ ထို ရည်ရွယ်ချက် ကို ဖျက်၍ အများ တောင်းဆိုချက် ကို လိုက်လျောကာ မြို့ ထဲ မှာ ဆေးခန်း ဖွင့်ဖို့ နေရာ ရှာရ လေတော့၏ ။ အဲဒီမှာ ပင် ဦးဘချောတို့ မိ သားစု နှင့် ပတ်သက် လာခဲ့ရခြင်း ဖြစ်တော့သည် ။ ဦးဘချော တို့ အိမ် မှာ မြို့ ထဲ ပိုင်း ကျသည် ။ ဈေး နှင့် လည်း နီးသည် ။ အိမ်ကြီး က နှစ်ထပ် ပျဉ်ထောင် ငါးပင်အိမ်ကြီး ဖြစ်ပြီး အောက်ထပ် မှာ နှစ်ခန်းတွဲ အခန်းကျယ်ကြီး တစ်ခု ငှားရမ်း ရန် လွတ်နေသည်  ။ ဒေါက်တာမောင်ထူး နှင့် ဆေးရုံ တွင် လုပ်ကိုင် နေရသော မြို့ခံ သူနာပြု ဆရာမကြီး က ဦးဘချော တို့ မိသားစု နှင့် ရင်းနှီး၏ ။ ထို့ကြောင့် သူမ က ကြားခံ ဆက်သွယ်ပေးမည် ။ နေရာ က အကွက်အကွင်း ကျရုံ မ က ငှားရမ်းခ ဈေးနှုန်း လည်း မကြီး ။ စပေါ်တွေ ဘာတွေ လည်း တင်စရာ မလို ။ ဈေးနှုန်း ချိုချို သာသာ နှင့် ပင် ငှားရမ်းကြလိမ့်ဦးမည် ။ အဘယ်ကြောင့် ဆိုသော် မိမိတို့ အိမ် အောက်ထပ် ၌ ' အရေးဟဲ့ ' ဆို အနီးကပ် အားကိုးစရာ ဆရာဝန် တစ်ဦး ရောက်ရှိလာမည် မို့ ဦးဘချော တို့ မိသားစု က ဝမ်းသာအားရပင် ဈေးချိုချို နှင့် လက်ခံ ငှားရမ်း ပေးကြလိမ့်ဦးမည် ဟု ဆို၏ ။

မြို့ခံ သူနာပြုဆရာမကြီး ၏ အညွှန်း ဖြင့် ပင် ဒေါက်တာမောင်ထူး ခေါင်းညိတ် လိုက်ရသည်  ။ တကယ် ဆက်သွယ် ငှားရမ်းသော အခါမှာ လည်း ဆရာမကြီး ပြောတာ အမှန်ပင် ဖြစ်ကြောင်း တွေ့ရ၏ ။ သူ ပင် ဘာမှ လိုက် မပြောလိုက်ရ ။ ဆရာမကြီး က “ ဆရာ ရေ ... ကျွန်မ နဲ့ အားလုံး ပြောပြီးပြီ ၊ တစ်လ ကို တစ်သောင်း ပဲ ပေးပါ ... တဲ့  ၊ ကြို မတောင်းဘူး နော် ၊ တစ်လ ကုန် မှ တစ်ခါ ငှားရမ်းခ ရှင်းပေး ရမှာ ” ဟု လာ ပြော၏ ။ ဆေးခန်း အတွက် ဒီကော်ရေးရှင်း Decoration များ ပြင်ဆင်ကြသည့် နေ့ ကျမှ ဒေါက်တာမောင်ထူး သိရသည် မှ ဤကိစ္စ နှင့် ပတ်သက်၍ သူနာပြု ဆရာမကြီး က ဦးဘချော နှင့် စကား မပြောခဲ့ရဘဲ ဦးဘချော ကတော် ဒေါ်ဒေါ်မြ တစ်ယောက် တည်း ၏ သဘောတူ ခေါင်းညိတ်မှု နှင့် ပင် အဆင်ပြေ ပြီးပြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပင် ။ သူ့ အနေဖြင့် မူ ဦးဘချော ကို လည်း မသိ ၊ မြင် လည်း မမြင်ဖူးခဲ့ ။ လက်သမားတွေ နှင့် အတူ ဆေးခန်း အတွက် ပြင်ဆင် နေကြချိန် တွင် ဦးဘချော က အခန်း ရှေ့မှ ဖြတ် ဝင် လာသည်  ။ လုပ်ကြကိုင်ကြတာ တွေ ကို ခဏ ဖြန့်ကျက်ကြည့်ရှု ကာ မေး၏ ။

“ ဒီမှာ ဆေးခန်း ဖွင့်ကြဖို့ ဆိုတဲ့ ကိစ္စ အတွက် ပြင်ဆင် နေကြတာနဲ့ တူပါရဲ့ ၊ ဟုတ်သလား ... မောင်ရင်လေး တို့  ”

ဦးဘချော ၏ ပုံစံ က ပီဘိ သူစိမ်း ပြင်ပြင်ပင် ။

သူ့ အိမ် အောက်ထပ် မှာ လာ၍ ဆေးခန်းဖွင့်ကြ မှာ ကို အိမ်ပိုင်ရှင် မဟုတ်သော တခြား ရပ်ကွက် ထဲ က သူစိမ်း တစ်ယောက် က လာရောက် မေးမြန်း စပ်စုပုံမျိုး ဖြစ်နေသည် ။

“ ဟုတ်ပါတယ် ခင်ဗျ ... နောက် နှစ်ရက် လောက် ရှိမှ ဖွင့်နိုင်လိမ့်မယ် ၊ ဘကြီး က ဆေးခန်း ပြချင်လို့ လား ”

ဆေးရုံ က အကူ လုပ်သားကလေး က မေး တော့ ဦးဘချော က ခေါင်းခါ ပြသည် ။

“ မဟုတ်ပါဘူး ၊ ဆေးခန်း ထိုင် ကုပေးမယ့် ဆရာဝန် ကို မမြင်ဖူးလို့ သိရအောင် ကြည့်တာပါ ”

“ ဪ ... ၊ ဆရာ့ ကို မြင်ဖူးချင်တာလား ။ ဘကြီး ရှေ့က ထိုင်ခုံ မှာ ထိုင် နေတာ ဒီ ဆေးခန်း ဖွင့်မယ့် ဆရာဝန် ပါ ခင်ဗျ ၊ ဒေါက်တာ ဦးမောင်ထူး တဲ့ ၊ ကျွန်တော်တို့ မြို့ကလေး ရဲ့ ဆေးရုံ မှာ တာဝန်ကျ လာတဲ့ ဆရာဝန် လေ ”

သည်တော့ မှ ဦးဘချော က ဒေါက်တာမောင်ထူး ကို ငုံ့ကြည့်သည်  ။ အသက်အရွယ် အရ ဂါရဝ ပြုရမည့် ယဉ်ကျေးမှု အရ ဒေါက်တာမောင်ထူး လည်း ထိုင်ခုံ က အမြန် ထ ရပ် လိုက်ရလေ သည်  ။

“ ဪ ... ၊ ဆရာဝန် က ဒီက ဆရာလေး ကိုး ၊ ခပ်ငယ်ငယ်ပဲ ရှိသေးတာပါ ကလား ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် ပါပဲ ခင်ဗျ ၊ နာမည် က မောင်ထူး ပါ ခင်ဗျာ ”

“ ဆရာလေး က ဆေးခန်း ဖွင့်မယ့် ဆရာဝန် ဆိုတော့ မေးကြည့်ရဦးမှာ ပဲ ”

“ ဘာများ လဲ ခင်ဗျ ၊ ဘာ မေးစရာ ရှိလို့ လဲ ။ မေးပါ ခင်ဗျား ”

“ ထူးထူးထွေထွေတော့ မဟုတ်ပါဘူး ဆရာ လေးရယ် ၊ ဆရာလေး က ဒီ အောက်ထပ် ကို ငှားရမ်းပြီး ဆေးခန်း ဖွင့် မှာ ဆိုတော့ ငှားရမ်းခ တွေ ဘာတွေရော ပိုင်ရှင်များ နဲ့ ပြေပြေလည်လည် ရှိကြရဲ့ လား ”

ဒေါက်တာမောင်ထူး လုံးဝ ထင်မှတ် မျှော်လင့် မထားသော မေးခွန်း ဖြစ်သည် ။ “ ငှားရမ်းခ ” ကိစ္စ ကို လာမေးသည် ဆိုတော့ “ ဧကန္တ  ... သည် လူကြီး က မြူနီစီပယ် က လား ၊ အကောက်ခွန်ဌာန ကလား ” ဟု တွေး လိုက်မိ၏ ။ စည်ပင်သာယာ ကလည်း ဖြစ်နိုင်တာပဲလေ ။

“ ပြေပြေလည်လည် ပါပဲ ခင်ဗျ ၊ နှစ်ဦးနှစ်ဘက် စလုံး ကျေနပ်ကြပါတယ် ၊ ဦးကြီး က ဘာလို့ မေးတာလဲ ခင်ဗျား ”

“ ဪ ... ၊ ဒါဆိုရင်လဲ အေးတာပါပဲ ၊ တကယ်လို့ မပြေလည်ကြရင် လဲ ဦးကြီး က ကြားဝင် ပြော ပေးတန်တာ ကို ပြောပေး ရအောင်လို့ ပါ ”

မပြေလည် ခဲ့သော် ကြား က ဝင်၍ ညှိနှိုင်း ပြောဆို ပေးရအောင်လို့ ဟု ဆို လာလေတော့ “ ဤပုဂ္ဂိုလ် သည် ဤ ရပ်ကွက် မှာ သြဇာ ညောင်း သော ရပ်ကွက်လူကြီးပေလား ” ဟု ဒေါက်တာ မောင်ထူး တွေး လိုက်မိရပြန်၏ ။

“ ဟုတ်ကဲ့ ... ၊ ခုလို ကူညီ ပေးဖို့ စကားပြော လာတဲ့ အတွက် ကျေးဇူး တင်ပါတယ် ခင်ဗျ ။ ဒါနဲ့ ဦးကြီး က ဘယ်သူလဲ ။ ဒီ ရပ်ကွက် လူကြီးများ လား ၊ ကိုယ့် ကိုယ် ကို မိတ်ဆက် ပေးပါဦးခင်ဗျ ”

“ မဟုတ်ပါဘူး ဆရာလေး ရယ် ၊ ဦးကြီး နာမည် က ဦးဘချော တဲ့  ၊ ဒီ အိမ်ကြီး ရဲ့ ပိုင်ရှင် ကွဲ့  ၊ ဒီ အိမ်ကြီး ဟာ ဦးကြီး မိဘများ ဆီ က အ မွေ ဆက်ခံ လိုက်ရတဲ့ အိမ်ကြီး ပဲ ဥစ္စာ ၊ အဲဒါ ဒီ အောက်ထပ် ကို ဆေးကုသခန်း ဖွင့်ဖို့ အိမ် က အဖွားကြီး က ဆရာဝန် တစ်ယောက် ကို ငှားလိုက်တယ် လို့ အခုပဲ လက်ဖက်ရည်ဆိုင် က သတင်း ကြားလာခဲ့ လို့ မေးစမ်း ကြည့်ရတာလေ ”

ဒေါက်တာမောင်ထူး သာ မက ဆေးရုံ ကအ ကူ ကောင်ကလေး နှင့် အခန်း ပြင်ဆင် နေကြသော လက်သမားဆရာ နှစ်ဦး ပါ ကိုယ့် နဖူး ကိုယ် လက်ဝါး နှင့် ရိုက် လိုက်မိကြရ လေသည် ။

“ လက်စသတ် တော့ အိမ်ပိုင်ရှင် စစ်စစ်ကြီး က လာ မေးနေခြင်းပါကလား” ဟု အဲဒီတော့ မှ သိ လိုက်ကြရခြင်း ဖြစ်တော့၏ ။

“ ဟောဗျာ ၊ အဲဒီ ကိစ္စ ကို ဦးကြီး က ဘာမှ မသိခဲ့ဘူးလား ခင်ဗျာ ”

“ အခုတော့ လက်ဖက်ရည်ဆိုင် က သတင်း ကြားလာခဲ့လို့ သိရပါပြီ ပြောပါတော့ ၊ အေး .. အေး ၊ အားလုံး အဆင်ပြေကြတယ် ဆို ရင် ပြီးတာပါပဲကွယ် ၊ ကဲ ... ဦးကြီး သွားမယ်နော် ”

“ ဟုတ် ... ဟုတ်ကဲ့ခင်ဗျ ”

ဦးဘချော က နှတ်ဆက်၍ အိမ် တစ်ဘက်ခန်း သို့ ဆက် ဝင် သွားလေသည် ။ ဒေါက်တာမောင်ထူး မှာ မူ ပါးစပ် အဟောင်းသား နှင့် ကျန်ရစ်ခဲ့ရလေတော့သည် ။ ဖြစ်မှ ဖြစ်ရလေ ။ ကိုယ့် အိမ် အောက်ထပ် က အခန်း နှစ်ခန်းတွဲ ငှားရမ်းတဲ့ ကိစ္စ ကို အရပ် ထဲ ရှိ လက်ဖက်ရည် ဆိုင် က သတင်း ကြား လာတော့မှ သိ လာ ရပြီး မေးမြန်းရသည် ဆိုတော့ အတော် စဉ်းစားချင် စရာကြီး ဖြစ်နေသည် ။ တကယ်ဆို ဦးဘချော က သည် အိမ်ကြီး ၏ အိမ်ပိုင်ရှင် အစစ် အိမ်ဦး နတ်ကြီး ပင် မဟုတ်ပါလား ။

“ ဧကန္တ သည် အိမ် က မိသားစုဝင်တွေ က အိ မ်ဦးနတ် ကို ပွဲတော် မဆက်ဘဲ ဥပေက္ခာ ရှုထား ကြလေရော့သလား ” ဟု တွေးရင်း ခေါင်းကုတ် ကျန်ရစ် ခဲ့ရလေတော့သည် ။

၃ ။

ဒေါက်တာမောင်ထူး အဖို့ ဦးဘချော ၏ မြို့ လယ် က အိမ်ခန်း နှစ်ခန်းတွဲ မြေညီထပ် တွင် ငှားရမ်း၍ ဆေးခန်း ဖွင့်ရသည် မှာ အတော် အဆင်ပြေသည် ဟု ဆိုရမည် ။ သွားလာရေး လွယ်ကူသည့် အပြင် မြို့ကလေး ၏ လူနာ အများ စု ကပင် ဆေးရုံ တက်ရန် နှင့် မြို့ အပြင် ကျသော ဆေးရုံ သို့ လာရောက် ပြသရန် နောက်တွန့်ကြ ၍ တစ်ကြောင်း ၊ ဒေါက်တာမောင်ထူး ကိုယ်တိုင် က ဆေးဝါးကုသမှု စရိတ်စက ကို သင့်တင့်မျှ တရုံသာ ယူလေ့ရှိသည် က တစ်ကြောင်း တို့ကြောင့် ဆေးခန်းကလေး မှာ လူနာများ အဆက်မပြတ် လှပေ ။

ထို ဆေးခန်းကလေး အောင်မြင် လာသောအခါ ဒေါက်တာမောင်ထူး မှာ တစ်ယောက်တည်း ဖင်မနိုင် ၊ ခေါင်းမနိုင် ဖြစ်လာတော့ သဖြင့် ဆေးခန်း အကူ အဖြစ် လူ ငှားရတော့သည် ။ ဤ ကိစ္စ တွင် လည်း ဆေးရုံမှ လုပ်ဖော်ကိုင်ဖက် နာ့စ်မလေးများ ၊ သူနာပြု ဆရာမများ ကို ငှားရမ်း၍ မဖြစ်ချေ ။ အကြောင်းမူ ထို ဆရာမများ မှာ လည်း သူ့ ရပ်ကွက် နှင့် သူ သတ်မှတ် ထားသော နယ်မြေ အလိုက် လူနာများ ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ အတွက် အလုပ် များကြရသူ တွေ ချည်း ဖြစ်နေသော ကြောင့် ပင် ။ ထို့ကြောင့် သာမန် အရပ်သူများ ထဲ မှ သာ ဆေး ပေးရန် ၊ တိုကင် နံပါတ်ပြား ပေးရန် ၊ လူနာ အလှည့်ကျ ခေါ်ပေးရန် ... စသော ဆေးခန်း အကူအညီ လုပ်ငန်းများ အတွက် ငှားရမ်းရတော့၏ ။

ဤနေရာ တွင် ပို၍ အဆင် ပြေ သွားရသည် မှာ ဝေးဝေး က ငှားစရာ မလိုဘဲ ဆေးခန်း ဖွင့် ရာ နေအိမ် မှာ ပင် အလုပ် ဝင်မည့် သူ က အသင့် ရှိနေခြင်း ဖြစ်၏ ။ ဆေးခန်း မှာ လူနာ များ သဖြင့် အကူ လူ ငှားရတော့ မည့် အကြောင်း ကို ညည်းညူမိသည် နှင့် ပင် ဦးဘချော ကတော် ဒေါ်ဒေါ်မြ က တောင်းပန် လာလေသည် ။

“ ဆရာရယ် ... ဆေးခန်း မှာ လူ အကူ ငှားရမယ် ဆိုရင်လဲ တခြား ဝေးဝေး ကို ရှာ မနေပါနဲ့  ။ ဒေါ်ဒေါ့် သမီး မင်း နှမ “ ဝင်းနီလာ ” ကို ခေါ် သုံးကြည့်စမ်းပါ ... မတတ်တာ မသိတာ တော့လဲ သင်ပြပေးပေါ့ ၊ သူ လဲ ဘွဲ့ရပြီးသားပါ ကွယ် ၊ ဆေးခန်း ဖွင့်ဖို့ လဲ ဘာမှ အခက်အခဲ မ ရှိဘူးလေ ၊ ဒီ အိမ် က လူ ပဲ ဆိုတော့ ဆေးခန်း ဖွင့် ချိန် မှာ သူ က အောက်ထပ် ဆင်းပြီး ကြိုတင် ဖွင့် ထားရုံပဲ ၊ လူနာတွေ လာတော့လဲ တိုကင် ကြို ဝေထား နှင့် ရုံပဲပေါ့ ”

ဒေါ်ဒေါ်မြ ပြောတာ လည်း အဟုတ်သားပင် ။ ဆေးခန်း အကူ ရောက် မလာနိုင်၍ ခေါင်းခြော က် စရာ မလို ။ ဆေးခန်း ဖွင့်သည့် အိမ် အပေါ် ထပ်မှာ ပင် ရှိနေပြီ မဟုတ်လား ။ နောက် တစ်ချက် က ဆေးခန်း ဖွင့်ဖို့ အတွက် အိမ်အောက်ထပ် နှစ်ခန်းတွဲ ကို ဈေးချိုချို နှင့် ငှားရမ်း ပေးခဲ့ကြသော ကျေးဇူးတရား ၏ မျက်နှာ ကို ထောက်ထားရဦးမည် ။ သည် လိုနှင့် နောက် ဆုံးတော့ အိမ်ပိုင်ရှင် တို့ ၏ သမီး ဖြစ်သူ “ ဝင်းနီလာ ” ကို သာ ဆေးခန်းအကူ အဖြစ် ငှားရမ်းလို က်ရတော့၏ ။

ဝင်းနီလာ အလုပ် စ ဝင်တော့ အနီးဝန်းကျင် က လူတွေ က ပြုံးစိစိ ဖြင့် ကလိတိတိ ကြည့်ကြ၏ ။ “ ဒေါ်ဒေါ်မြ တို့ ကတော့ ပိုင် သကွာ ၊ တစ်ခါတည်း သပိတ်ဝင် အိတ်ဝင် ကြံတော့တာ .. ၊ အိမ်အောက် က အငှား ဆေးခန်း ကို အပိုင် ဆေးခန်း ဖြစ်အောင် ချယ်နယ် လိုင်း ပြောင်း ဖမ်းနေတာ ” ဟု တိုးတိုး တိတ်တိတ် ဝေဖန် စကားသံများ ကို လည်း ကြားရ၏ ။ ပြောမယ် ဆို လည်း ပြောစရာ ကိုး ။

ဒေါက်တာမောင်ထူး က လူပျို ဆရာဝန် ဖြစ်သည် ။ ဝင်းနီလာ က လည်း အသက် ၂၀ ဝန်း ကျင် သာသာ လုံးကြီးပေါက်လှ အသားညို ချော အပျိုစင် ဖြစ်သည် ။ ဆိုတော့ အတွေး ခေါင်ချင်စရာ ၊ ဝေဖန် ကလိချင်စရာ ဖြ စ်နေသည် ။ မည်သူတွေ မည်သို့ ဝေဖန်စေကာ မူ ဒေါက်တာမောင်ထူး အဖို့ ကတော့ ဝင်းနီလာ ကို ငှားရမ်းမိသည့် အတွက် အဆင်ပြေတာ အမှန်ပင် ။ သူ မရောက်ခင် ပင် ဝင်းနီလာ က ရေမိုးချိုး ၊ အဝတ်အစား လဲ ပြင်ဆင်ပြီး အောက်ထပ် ဆင်းကာ ဆေးခန်း ဖွင့် နှင့် ပြီး ဖြစ် သည် ။ ဆေးရုံ က အရေးပေါ် လူနာကိစ္စမျိုး ရှောင်တခင် ပေါ်လာ၍ လှမ်း ဖုန်းဆက် ခေါ်သောကြောင့် ဆေးရုံ ကို ပြေးရဦး မည် ဆိုတော့လည်း နောက်ဆံ တင်းစရာ မလို ။ “ နီလာရေ ၊ အချိန်တန်လို့ မှ ပြန် ရောက် မလာနိုင် ခဲ့ရင် ဒီနေ့ အဖို့ ဆေးခန်း သာ ပိတ်ထား နှင့် ပေတော့ ... ဆရာ တစ်ခေါက် ပြန် မလာနိုင် ရင် ဖုန်း လှမ်းဆက် လိုက်မယ် ...”  ဟု မှာ ကြား ထားခဲ့ရုံ နှင့် ကိစ္စပြီး၏ ။

ဝင်းနီလာ က လည်း သူ သင်ပြ ပေးသမျှ ဆေးဝါး ပေးပုံ ၊ ကျသင့်ငွေ တွက်ချက်ပုံ ၊ သူ့ မှတ်ချက် စာရွက် ပေါ် က မြေကြီး ကို ကြက်ယက် ထား သကဲ့သို့ ရှုပ်ပွေသော ဆရာဝန် လက်ရေး ကို ဖတ်ကာ နောက်ထပ် ဘယ်နှစ်ရက် ဆက်၍ ပြရန် လိုသေးသည် ဟု မှာ ကြားရန်တို့ မှ အစ ကြိုးကြိုးစားစား လိုက်နာ သင်ယူကာ ဆောင်ရွက် ပေးနိုင် သဖြင့် ဒေါက်တာမောင်ထူး ဘဝင် ကျ၍ မဆုံး ။ ဝင်းနီလာ ဆေးခန်း မှာ အလုပ် ဝင် ၍ နှစ်လ ၊ သုံးလ အတွင်း မှာ တော့ ' ဆရာ ' နှင့် ' နီလာ ' ဖြစ်သော် လည်း နောင် လေးငါးခြောက် လ ကြာလာသော အချိန် တွင် တော့ “ အစ်ကို ” နှင့် “ နီလာ ” ဟု အခေါ်အဝေါ်တွေ ပြောင်းလဲ တိုးတက် လာသည် ကို လူနာများ ကြား ကြရလေ တော့သည်  ။ ဘာ ကြာလိုက်လို့ တုန်း...  ။ တစ်နှစ် ပြည့်လုလု ကာလ တွင် အများ မျှော်လင့်ကြသည့် အတိုင်း “ ဇာတ်လမ်း က မသန်း ” ဖြစ်လာကြလေတော့သည်  ။ “ ချဉ်သီး နှင့် ဆား ... အတူထား၍ ” ဟု ပဲ ဆိုဆို ၊ “ ကြိုး ချင်း ထား ကြိုး ချင်း ငြိ - အိုး ချင်း ထား တော့ အိုး ချင်း ထိ ” ဟု ပဲ ပြောပြော အ ပျိုချော ဝင်းနီလာ နှင့် လူပျိုသိုး ဒေါက်တာမောင်ထူး တို့ နဖူးစာ မင်ရည် ပျစ်ပျစ်ထူ ကာ ချစ်သူ ဘဝ သို့ ရောက်ရှိ သွားကြ လေကုန်သတည်း ။

၄ ။

ချစ်သူ ဘဝ ရောက်လာကြပြီ ဆိုတော့ ဒေါက်တာမောင်ထူး မှာ သည် အတိုင်း မနေသာ တော့ ။ တစ်ချိန်တစ်ခါ က ကင်းကင်း နေခဲ့ သော်လည်း နောင် တစ်နေ့ သော အနာဂတ် တွင် ထိတွေ့ ဆက်ဆံ လာရတော့မည် ဖြစ်သော ဝင်းနီလာ တို့ မိသားစုကြီး နှင့် ပတ်သက်၍ မျက်လုံး ဒေါက်ထောက် ကာ စူးစမ်း အကဲခတ် ကြည့်လာရ တော့၏ ။ ဝင်းနီလာ မှာ အစ်ကို နှစ်ယောက် နှင့် မောင် တစ်ယောက် ရှိ၏ ။ ယောက်ဖ အင်အား ကတော့ မသေးလှ ။ သုံးယောက် တိတိ ရှိ၏ ။ တစ်ဖန် ခယ်မ ဖြစ်လာမည့် သူ က နှစ်ယောက် ။ သည် တော့ စုစုပေါင်း ၅ ယောက် ။ ယောက်ဖ အလောင်းအလျာ သုံးယောက် တွင် အကြီးဆုံး တစ်ယောက် ကတော့ ဘောလုံးသမား ဖြစ်တာ ကို တွေ့ရ၏ ။ နေ့ ရှိသမျှ ဘောလုံး ဂျာနယ်တွေ ကို တကုတ်ကုတ် ဖတ်လိုက် ၊ သူ နှင့် သွေးတူ မွေးတူတွေ နှင့် အာဆင်နယ် က ဘယ်ကဲ့သို့ ၊ မန်ယူ က ဘယ် ညာ ၊ မောင်း ထိုး လျှင် ဘယ် နှစ်မောင်း ၊ အထက်ကြေး က ဘယ်နှစ်ပြား ၊ အောက်ကြေး က ဘယ်နှစ်ပြား ... စသဖြင့် အာပေါင် အာရင်း သန်သန် ငြင်းခုန် နေသံတွေ ကြားရ၏ ။ ဒါက ... အကြီးဆုံး ယောက်ဖ ။

သူ့ အောက် က ဒုတိယ ယောက်ဖ ကို တိုးတိုး တိတ်တိတ် ကြိတ်၍ အကဲဖမ်း ကြည့် ပြန်တော့ သူ့ ဟာ သူ တစ်ယောက်တည်း နားကြပ် ကက်ဆက် ဝေါ့ခ်မင်း တစ်လုံးနှင့် အလုပ် ရှုပ် နေလေ့ ရှိတာ တွေ့ရ၏ ။ သူ က တော့ တစ်ကိုယ်တော် ။ သူ တစ်ယောက် တည်း နေရင်း က ပင် ပွစိပွစိ ဖြင့် နှတ်ခမ်း တလှုပ်လှုပ် ရွတ်ကာ ဒေါက်တာမောင်ထူး နားမလည် နိုင်သော စကားလုံးတွေ ကို မြင်း အီးပေါက် သည့် နှယ် ပေါက်ပေါက်ဖောက် နေလေ့ ရှိ၏ ။

“ နီလာ ... နီလာ ရဲ့ ဒုတိယ အစ်ကို က သူ့ တစ်ယောက် တည်း ဘာတွေ ပြောနေတာတဲ့ လဲ ၊ သူ က စိတ်ရော မှန်ရဲ့ လားဟင် ”

“ မှန်ပါတယ် အစ်ကို ရဲ့  ၊ ဝေါ့ခ်မင်းကက်ဆက်ကလေး နဲ့ နားကြပ် တပ်ပြီး နားထောင် နေ တာက ရက်ပ်ပါ သီချင်းတွေလေ ၊ ပါးစပ် က တလှုပ်လှုပ် ရွတ်နေတာက ရက်ပ်သီချင်း စာသား တွေပါ ၊ သူ က ... ရက်ပ်ပါ ဖြစ်ဖို့ ကြိုးစား နေတာ တဲ့  ”

သေဟဲ့ နန္ဒိယ ...  ။ လက်စသတ်တော့ “ ရက်ပ်ပါ ” တည်း ဟူသော ခေတ်ပေါ် ဂီတခရေဇီ ဆိုပါကလား ။ ဒေါက်တာမောင်ထူး လန့် သွားသည် ။ မသိပါဘူး ။ တစ်ယောက်တည်း စကား တပြောပြော နဲ့ ဆိုတော့ ကျပ် မပြည့်တဲ့ အဆံ ချောင် အောက်မေ့လို့ ။  

ဒုတိယ ပြီးတော့ တတိယ ယောက်ဖ အငယ် ကို ဆက်လက် စူးစမ်းပြန်၏ ။ သည် သူငယ် က တော့ လစဉ် လဆန်း စတင်သော ရက် နှင့် လလယ် တစ်ရက် လောက် တွင် သာ ပျာယာခတ် လေ့ ရှိပြီး ကျန်သည့် ၂၈ ရက် လောက်က ငြိမ်ငြိမ်သက်သက် ရှိတာကို တွေ့ရ၏ ။ သို့ရာတွင် သူ ပျာ ယာခတ်သော ထို နှစ်ရက် တွင် တော့ “ တောက် ... အသေအချာ အပိုင်ခွင် ဆိုကာ မှ အလယ် ထိုင် ဖေါက်သွားတယ် ”  ၊ “ ဟောဗျ ... ၊ ခု တစ်ပတ်တော့ နောက်ပိတ် လွဲသွားတာကိုး ” ဟူသော မကျေမချမ်း ကြုံးဝါးသံတွေ ကိုသာ ကြားရလေ့ရှိ၏ ။

ယောက်ဖ အလောင်းအလျာ ၃ ယောက် က တော့ သူ့ နည်း နှင့် သူ ခေသူများ မဟုတ်ကြ ဟု ဆုံးဖြတ်ချက် ချရ မလို ရှိ၏ ။ “ လည် ( လယ် ) ရာပြန်စားရေးကိစ္စ ” တွင် လည်း ညီညာကြသော တောင်သူဦးကြီးများ ဖြစ်ကြ ၏ ။ ဆက်လက်၍ ခယ်မ ဖြစ်လာမည့် သူ နှစ်ဦး ကို လည်း သေသေချာချာ အကဲခတ် ကြည့်လိုက် တော့ “ ပျာကလပ်စိန် ” နှင့် “ လေဒီဆတ်စလူး ” ဟု ဘွဲ့ ပေးရမည့် သူတွေချည်း ။ ယောက်ဖများ နှင့် ခယ်မများ အလှည့် ပြီး၍ ယောက္ခမ လောင်းအလျာများ ဖြစ်ကြသည့် ဦးဘချော နှင့် ဒေါ်မြ တို့ ကို စေ့ငု ကြည့်မိပြန်၏ ။ နှစ်ယောက် စလုံး ပင် ခပ်အေးအေး နေကြပုံ ရသည် ။ သို့သော် တစ်ခါတစ်ခါ တွင် မူ “ မမြ ရယ် ... ၊ မင်း ရဲ့ နှစ်လုံး ရောဂါ က နှစ် ထဲ က စသတ် ပြုတ်ပြီး ငါ့ ဆီ ကို “ နှလုံး ” ရောဂါ အဖြစ် အသွင် ကူးပြောင်း ကူးစက်စ ပြုလာနေပြီ နော် ။ ငါ မခံစားနိုင်တော့ဘူး ” ဟူသော ဦးဘချော ၏ ညည်းညူသံ ကို ကြက်သီး ဘဲသီး ထဖွယ် ကြား ရတတ် ပြန်လေသည် ။ ဒေါ်ဒေါ်မြ ကလည်း တစ်နည်းတစ်ဖုံ ကျောချမ်းချင်စရာပါကလား ။

ထိုအခါ မျိုး တွင် “ ကိုဘချော ... ကျုပ် အာရုံ နဲ့ ကျုပ် နေတာနော် ၊ အပို ပူဆာ မလာနဲ့ ... ဟို လူနာ လို ဖြစ်သွားမယ် ” ဟူသည့် ဒေါ်မြ ၏ ခပ်တင်းတင်း ဝမ်နင် ပေးသံ နှင့် “ အေးလေ ... ၊ ဒီလိုဖြင့်လဲ လုပ်ပေါ့ ... ငါ က တော့ ဝဋ် ရှိသမျှ ပေါ့ကွာ ၊ တစ်နေ့ တော့ ဒီ ဝဋ် မကျွတ်ဘဲ မနေပါဘူးကွ ” ဟူသော ဦးဘချော ၏ အငေါ် တူး ချေပသံ ကို နားဆင် ခံစားရ ပြန်လေသည် ။ မည်သို့ရှိစေ ဤ တစ်မိသားစုလုံး တွင် သူ့ ယောက္ခထီးကြီး ဦးဘချော သည် သာ အငြိမ်သက်ဆုံး ၊ အအေးချမ်း ဆုံး ဖြစ်သည် ဟု ဒေါက်တာမောင်ထူး မှတ်ချက် ချ မိ၏ ။

ထို့ကြောင့် မနက်ခင်း တိုင်း မှာ ဦးဘချော ကြိုက်တတ်သည့် လက်ဖက်ရည် နှင့် ပဲပလာတာ ကို ဆေးခန်း သို့ လာ လေတိုင်း ပါဆယ် ဆွဲ လာဖို့ သဒ္ဓါ ပေါက် ၏ ။ ယောက္ခထီးကြီး က လည်း လက်ဖက်ရည် နှင့် ပဲပလာတာ ပါဆယ်ထုပ်ကလေးတွေ ကို လက်ခံ ရယူလေ တိုင်း ဒေါက်တာ မောင်ထူး ကို မရိုးနိုင်သော စကားဖြ င့် တုန့်ပြန်လေ့ ရှိ၏ ။ သူ့ မိသားစု ကို ငေါ့ ပြီး ပြောလေ့ ရှိသော တုန့်ပြန်ချက်မျိုး ဖြစ်သည် ။ “ ကျေးဇူးပါပဲ ဆရာလေး ရယ် ၊ ကျုပ် အိမ် အောက်ခန်း မှာ ဆရာလေး ဆေးခန်း လာဖွင့် ပေလို့ မနက်တိုင်း လက်ဖက်ရည် နဲ့ ပဲပလာတာ ကလေး မှန်မှန် မှီဝဲရပေတယ် ၊ အိမ် က လူ တွေ လို သာဖြင့် ကျုပ် ငတ် နေတာ ကြာရော့မယ်  ၊ သာဓု ... သာဓု ... သာဓု ”

၅ ။

ခုတော့ဖြင့် ဦးဘချော တစ်ယောက် သာဓု မခေါ်နိုင်တော့ပြီ ။ တဖြည်းဖြည်း ကျန်းမာရေး ချို့ယွင်း လာခဲ့သော ဦးဘချော ကို ဒေါက်တာ မောင်ထူး ကိုယ် တိုင် အနီးကပ် စောင့်ရှောက် ပါလျက် နှင့် လက် လွှတ် ရတော့ မည့် အခြေသို့ ဆိုက်ရောက် လာခဲ့ပြီ ဖြစ်သည် ။ ဦးဘချော ၏ ရောဂါတွေ က လည်း “ စုံပါ သော်ကော ... ရောတိရောရာ ” ဆိုသလို ဖြစ်၏ ။ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ အမယ် စုံလှသည် ။ အဆုတ် က မကောင်း ။ အသည်း က ကြီးနေသည် ။ ကျောက်ကပ် က ကောင်းကောင်း အလုပ် မလုပ်တော့ သဖြင့် တစ်ကိုယ်လုံး ဖောရောင် နေတာ လည်း ရှိသေးသည်  ။ ဒေါက်တာမောင်ထူး မှာ ဂဏန်း အကောင် တစ်ရာ လောက် က ဟိုမှ သ ည် မှ ဝိုင်း ဖောက် ထားကြသော လယ်ကန်သင်းရိုး ရေထွက်ပေါက် များစွာ ကို လိုက်လံ ဖာထေး မြေဖို့ နေ ရသည့် လယ်သမား လို ဖြစ်နေ၏ ။ သည် တစ်ပေါက် ပိတ်တုန်း ဟို က တစ်ပေါက် က ယို ဆို သလို ဖြစ် နေရ၏ ။ တော်ရ လု ဆဲဆဲ ယောက္ခထီးကြီး မို့ ဒေါက်တာ မောင်ထူး က ကြိုးစား ကုသပါသော်လည်း ဆေးဆရာ တို့ မည်သည် ဝေဒနာ ကို သာ ကုနိုင် သည် ၊ ' သေနာ ' ကို ကား ကုနိုင် ရိုး ထုံးစံ မရှိပြီ ။

ယနေ့ နံနက် တွင် ဒေါက်တာမောင်ထူး ၏ ဆေးခန်း ပိတ်ထားသည်  ။ အရေးတကြီး လူနာ ဖြစ်သော ဦးဘချော ကို ဆေးခန်း အပေါ်ထပ် အိမ်ခန်း ထဲ မှာ ကု နေရသော ကြောင့် ဖြစ်သည်  ။ သို့သော် မရတော့ပါ ။ သွေးတိုး ၊ သွေးခုန်နှုန်း က တဖြည်းဖြည်း ဆုတ်ယုတ် လာနေပြီ မို့ စိတ် မကောင်းစွာ နှင့် ပင် ပွင့်ပွင့်လင်းလင်း အသိ ပေး လိုက်ရလေတော့သည် ။

“ မရတော့ဘူး အဒေါ် ၊ ဒါ ... သူ့ နောက်ဆုံး အချိန်ပဲ ”

သည် တော့ တစ်မိသားစုလုံး ဝိုင်းဝန်း ရောက်လာကြသည် ။ အိပ်ရာ ပေါ် မှာ ပက်လက်ကလေး မိန်းမော နေသော ဦးဘချော ကို မျက်ရည် လည်ရွဲ ဖြင့် ဝိုင်း ကြည့် နေကြသည် ။ ဒေါက်တာ မောင်ထူး လည်း အနား မှာ ရှိနေ၏ ။ သား အကြီး ဖြစ်သူ က ကက်ဆက် ကို ယူ လာ ကာ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်သည့် တရားတိတ်ခွေ တစ်ခွေ ကို ထည့် ဖွင့်တော့ ဦးဘချော က မျက်လုံး ဖွင့်ကြည့်ကာ လက်ဝါး ကာ ပြ သည် ။ “ မဖွင့်ပါ နှင့်  ” ဆိုသော သဘော ။ ဦးဘချော သတိ လက် မလွတ်တာတော့ သေချာသည် ။ ဒေါက်တာမောင်ထူး လည်း နံဘေး မှ ကြည့်ကာ စိတ် ထဲမှာ တအံ့တသြ ဖြစ်လာမိသည် ။ ဟုတ်၏ ။ ပြောခဲ့ပါပကော ... ။ ဆရာဝန် တစ်ယောက် အနေ ဖြင့် နောက်ဆုံး အသက် ငင်နေ သည့် လူနာများစွာ ကို တွေ့ကြုံခဲ့ဖူးသည် ဟု ... ။

ယခု ဒေါက်တာမောင်ထူး တအံ့တသြ ဖြစ် လာ ရတာက ဦးဘချော ၏ တည်ငြိမ်မှု ၊ ဣန္ဒြေ မပျက်မှု ၊ ကြံ့ကြံ့ခံနိုင်မှု အတွက် ဖြစ်သည် ။ အသက် ထွက် ညင်သာ သည် ဟူသော နောက်ဆုံး အသက် ကယ်ဆေး “ ဆိုလူကော့တက် ” မက လို့ ဘယ်လို ဆေးမျိုး ထိုး ထားထား ၊ အသက် ထွက် လုနီး လူနာတိုင်း ကတော့ နည်းနည်း ဖြစ်ဖြစ် ကသောင်းကနင်း ရုန်းရင်းဆန်ခတ် ဖြစ် ကြစမြဲ ။ သို့သော် ယခု ဦးဘချော ၏ ပုံစံ က သေခြင်းတရား ကို ရင်ဆိုင်ဖို့ အတွက် မတုန်လှုပ်သော တရားထူး တရားမြတ် ကို ကျင့်ကြံအားထုတ် ရရှိ ထားပြီးသော သာမန်ပုထုဇဉ် အဆင့် ကို ကျော်လွန် ထားပြီး ဖြစ်သည့် လူ တစ်ယောက် ၏ ပုံစံမျိုး ဖြစ်နေသည်  ။ ဧကန္တ  ... သည် အဘိုးကြီး လူသူ လေးပါး မသိရအောင်များ တရားထူး ၊ တရားမြတ်တွေ တစ်မဂ်တစ်ဖိုလ် ရအောင် ကျင့်ကြံ ထားပြီး ဖြစ်နေရော့ သလားဟု ပင် သံသယ ဝင်ချင်စရာ ဖြစ် နေသည် ။

ထိုခဏ မှာ ပင် ဦးဘချော က မျက်လုံး ဖွင့် ၍ ကြည့်၏ ။ ဒေါ်မြ ကို မြင်သော အခါ “ မမြ ” ဟု ခေါ်၏ ။ ဗလုံးပထွေး မဟုတ် ။ လေသံ က တည်တည်ငြိမ်ငြိမ် ၊ သဲသဲကွဲကွဲ ရှိ၏ ။

“ တော် ၊ ကိုဘချော ၊ ပြောလေ ၊ ဘာ ပြောချင်လို့ လဲ ”

ဒေါ်မြ က ငိုရှိုက်သံ တစ်ဝက် ဖြင့် စကား လမ်းခင်း ပေးသည်  ။ မသွားခင်ကလေး မှာ သူ မှာ ချင်တာ တွေ ၊ ပြောချင်တာ တွေ မှာ သွား ၊ ပြော သွား ပါစေတော့ ဟု လမ်းဖွင့် ပေးပုံမျိုး ဖြစ်သည် ။ ဦးဘချော က ထပ် ပြောသည် ။

“ ငါ့ အခြေအနေ ငါ သိတယ် ၊ ငါ ကတော့ ဝဋ် ရှိသမျှပေါ့ ... တစ်နေ့ ဒီ ဝဋ် က မကျွတ်ဘဲ မနေ သေးပါဘူး လို့ ပြောခဲ့တာ မှတ်မိတယ် မဟုတ် လား ... အခု အဲဒီ ဝဋ် ကျွတ်ချိန် ကို ရောက် တော့မယ် ”

“ မှတ်မိပါတယ် တော် ၊ ပြောလေ ၊ ဘာ မှာချင်လို့ လဲ ”

ဒေါ်မြ က ငိုသံ ဖြင့် မေး၏ ။ သည် မှာ ပင် ဦးဘချော ၏ လေသံ က အတန်ငယ် မာ လာပြန်၏ ။

“ ဟင့်အင်း ... ဘာမှ မမှာ ချင်ဘူး ၊ နင်တို့ က တစ်သက်လုံး က ငါ ထိုင် ပြော လာတာ တောင် နား မထောင်ခဲ့ ဘဲ နဲ့ သေခါနီး မှ ထပ် မှာ နေတော့ ဘာ ထူးမှာ လဲ ... ငါ လေ ကုန်တာပဲ အဖတ်တင် မှာ ပေါ့ ၊ ငါ မှာ ချင်တာက ဟို ဆရာလေး ပဲ ၊ ဆရာလေး ”

မမျှော်လင့်ခဲ့ပါဘဲ နှင့် မြားဦး က ဒေါက်တာ မောင်ထူး ဘက် သို့ ဦးလှည့် လာ၏ ။ ဒေါက်တာ မောင်ထူး ရှေ့သို့ တိုး ကပ် သွားလိုက်ရ၏ ။ ဦးဘချော က ဒေါက်တာမောင်ထူး ၏ မျက်နှာ ဆီ သို့ မော့ ကြည့်၏ ။

“ ခင်ဗျာ ၊ ကျွန်တော် ရှိတယ် ဦးကြီး ၊ ပြောပါ ၊ ဘာ မှာ ချင်လို့ လဲ ခင်ဗျာ ”

ဒေါက်တာမောင်ထူး အသံ ကို ကြားတော့ ဦးဘချော ကျေနပ် သွားပုံ ရသည်  ။

“ အချိန် လည်း မရှိတော့ပါဘူး ၊ တိုတိုပဲ မှာ ခဲ့ပါ့မယ် ၊ ဆရာလေး နဲ့ ဦးကြီး သမီး ဝင်းနီလာ တို့ ကြိုက် နေကြတယ် ဆိုတာ ဟုတ်သလား ”

ဒေါက်တာမောင်ထူး နှင့် ဝင်းနီလာ တို့ အကြည့်ချင်း ဆုံ သွားကြသည် ။ ဧကန္တ တော့ သူ့သမီး ဝင်းနီလာ နှင့် ဒေါက်တာမောင်ထူး တို့ မင်္ဂလာ ကိစ္စ အတွက် ဇော ကပ် နေပုံ ရသည် ဟု တွေးလိုက် မိကြ၏ ။ ရုပ်ရှင် ထဲ က လို “ သမီးလေး ကို ဆရာလေး တစ်သက် စောင့်ရှောက်ပါ ” ဆိုတာမျိုး မှာ ကြား ခဲ့ချင်နေတာလား မသိ ။ သူတို့ ချင်း ကြိုက် နေကြသည့် ကိစ္စ ကလည်း နှုတ် က ဖွင့် မပြော ကြသည့် တိုင် ဒေါ်မြ ရော ၊ ယောက်ဖလောင်း ၊ ခယ်မလောင်း တွေ အားလုံး သိထား ကြပြီး ဖြစ်၍ အထူးတလည် ဖုံးကွယ် နေစရာ မရှိ ။ ထို့ကြောင့် ဒေါက်တာမောင်ထူး ဝန်ခံချက် ပေး လိုက်ရ၏ ။

“ ဟုတ်ပါတယ် ... ဦးကြီး ၊ အဲဒီ အတွက် စိတ် ချပါ ခင်ဗျာ ၊ ကျွန်တော် ဦးကြီး သမီး ကို မိသား ဖသားပီပီ လူကြီးစုံရာ နဲ့ တောင်းရမ်း လက်ထပ် ပြီး တစ်သက်လုံး သားမှတ်မှတ် မယားမှတ်မှ တ် နဲ့ .. ”

ဦးဘချော လက်ဝါး ကာ ပြလိုက်၍ ဒေါက်တာမောင်ထူး စကားတွေ တစ်ဝက် တစ်ပျက် နှင့် ရပ် သွား ရသည် ။ ထိုအခိုက်မှာ ပင် ဦးဘချော က ပြော၏ ။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ကျုပ် မှာ ချ င်တာက အဲလို မဟုတ်ဘူး ၊ အဲဒါက ဆရာလေး ဘက် က အပိုင်း ... ကျုပ် ဘက် က မှာ ချင် တဲ့ အပိုင်း က ဝင်းနီလာ ကို ယူမယ် ဆိုရင် မယူခင် အသေအချာ စဉ်းစားဖို့ ပါ ... နောက်မှ ကျုပ် လို ဖြစ်ရမှာ ကို ယောက်ျားသားချင်း ကိုယ်ချင်း စာ လို့ မှာ ချင်တာ ... ကျုပ် က ဒီ အိမ် က လူတွေ အားလုံး အကြောင်း သိ ပြီးသား ၊ ကျုပ် က လွဲ ရင် တစ်အိမ်လုံး က တစ်သွေးတည်း တစ်စိတ်တစ် ဝမ်းတည်း ပဲ ၊ ဒါကြောင့် ဆရာလေး သေသေချာချာ စဉ်းစားဖို့ ဆရာလေး ကို ပဲ မှာ ခဲ့ ချင်တာပါ ၊ ဝင်းနီလာ ကို လည်း အဟုတ် မှတ် မနေနဲ့ ... သူ ဟာ ဆရာလေး နဲ့ ရပြီးပြီ ဆို တာ နဲ့ မရခင်က ဘာ ကတိတွေ ပေးခဲ့ ပေးခဲ့ သူ ဟာ လင် ဖြစ်တဲ့ ဆရာလေး ရဲ့ စကားတွေ ကို ကန့်လန့်တိုက် မှာ အမှန်ပဲ ၊ ဆရာလေး က “ အ ရှေ့ ” ဆိုရင် သူ က “ အနောက် ” ဖြစ်လိမ့်မယ် ။ ဆရာလေး က ဝါးလုံး လို့ ပြော ရင် ဝါးလုံးကြီး မြင် ပါလျက် နဲ့ ဝါးခြမ်း လို့ ခွ တိုက်ပြီး ငြင်း လိမ့် မယ် ... သူတို့ ဧည့်ဝိုင်း ထဲ ခွင်ထဲ ဝင် မိသွားပြီးပြီ ဆိုတာ နဲ့ ဆရာလေး တစ်သက် လုံး စိတ်ဆင်းရဲ အောင် ၊ နဂိုက အကျင့်စာရိတ္တ ကောင်း ပြီး အရက် ဆို အနံ့ တောင် မခံတတ်တဲ့ ဆရာလေး ကို စိတ်ညစ်ညစ် နဲ့ အရက်ချည်း ဖိသောက် သွားတဲ့ ယစ်ထုပ်ကြီး ဘဝ ရောက် အောင် နေ့ ရှိ သမျှ တွန်းပို့ ပေးလိမ့်မယ် ၊ အဲဒါ သူ့ အမေ ကျုပ် မယား မမြ ရဲ့ နည်းလမ်းတွေ ပဲ ၊ ဝင်းနီလာ က သူ တင် မကဘူး ၊ သူ့ ဘက် က စစ်ကူ အဖြစ် ဆရာလေး ဘာပြောပြော ဘယ်တော့ မှ နား မထောင် တဲ့ သားသမီး တွေ လည်း မွေး ပေးပြီး အိမ်ထောင်ဦးစီး ကို စက္ကန့်မလပ် စိတ် ဆင်းရဲရအောင် စွမ်းဆောင်မယ့် အိမ်ဦးနတ် နှိပ်ကွပ်ရေး ကွန်မန်ဒိုအသင်း လည်း ထူထောင် ဦး မှာ မုချပဲ ဆိုတာ စိတ်သာ ချထား လိုက်ပေတော့ ... ဒါကြောင့် မလွန်ခင် မှာ ပြူး နေအောင် စဉ်းစား ”

“ ခင်ဗျာ ”

ဒေါက်တာမောင်ထူး ခေါင်းနပန်း ကြီးသွား ကာ ပါးစပ် ဟောင်းလောင်း ဖြစ် သွားသလို ဝိုင်းအုံ နေကြသော မိသားစုဝင်တွေ လည်း ဟင် ခနဲ အလန့်တကြား ဖြစ် သွားကြ၏ ။ သို့သော် သူတို့ ဘာ စကား မှ ပြန် နှစ်သိမ့်ချိန် မရလိုက် ။ အဘယ်ကြောင့် ဆိုသော် ဦးဘချော က သူ ၏ လက်ဖဝါး နှစ်ဘက် ကို လက်အုပ် ချီ သည့် သဏ္ဍာန် ဖြင့် သူ့ ရင်ဘတ် ပေါ် ပူးယှက် တင်လိုက်ပြီး နောက် ကြည်လင် ပီသစွာသော ဆုတောင်း စကားလုံးများ ကို ဆက် ပြောလာ သောကြောင့် ဖြစ်သည် ။ ဦးဘချော ၏ ဒေါသတကြီး အသံ ကို အားလုံးပင် ပီပီသသ ကြား လိုက်ကြရသည် မှ သေချာ လှတော့၏ ။

“ ကိုးကွယ်ရာ အစစ် ဖြစ်တော်မူသော ဗုဒ္ဓ မြတ်စွာဘုရား ... တပည့်တော် ၏ နောက်ဆုံး ဆုတောင်း ကို သနား ငဲ့ညှာစွာ ဖြည့်ဆည်းပေး တော်မူပါ ၊ လင် ဖြစ်သော ၊ ဖခင်ကြီး ဖြစ်သော ကျွန်တော်မျိုး ၏ စကား ကို ဘယ်တုန်းက မှ အ ရေး လုပ် ၊ နား မထောင် ခဲ့ကြဘဲ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ကိစ္စတွေ ဖြင့် ထင်ရာ စိုင်း ခဲ့ကြသော ၊ ရပ်ထဲ ရွာထဲ အရှက် မရှိ ဒူးပေါ် ပေါင်ပေါ် စကတ်ကွဲတွေ ၊ စွပ်ကျယ်ချိုင်းပြတ်တွေ ဝတ် စားဆင်ယင် ကာ ပျံတန်တန် နန့်တန့်တန့် ဆတ်စလူး ထ နေခဲ့ကြသော သည် မယား ၊ သည် သား ၊ သည် သမီး တွေ နှင့် တပည့်တော် သည် ဘဝ ဆက်ဆက် ၊ သံသရာ ဆက်ဆက် ဘယ်တော့ မှ ပြန် မဆုံဘဲ အလွဲကြီး လွဲ ရပါလို၏ ။ သင်းတို့ နှင့် တပည့်တော် သည် ယခု ဘဝ နောက် ဆုံး ဆုံတွေ့ကြရခြင်း သာ ဖြစ်ရပါလို ၏ အရှင်မြတ်ဘုရား ။ ကိုင်း ... မှတ်ထားကွ ၊ ဘချော ... တဲ့ ၊ ငါ့ ကိစ္စ ပြီးပြီ ၊ ငါ သွားပြီ ဟေ့ ။ ခွေးသအုပ်မကြီး နဲ့ အဖွဲ့ “ အူ ” လို့ သာ နေခဲ့ကြ ပေတော့ ”

ဘယ်သူ မှ ဘာမှ ပြန် ပြောချိန် မရလိုက် ။ ထို စကား ဆုံးသည် နှင့် အလန့်တကြား ငုံ့ ကြည့်လို က်ကြသော အခါ ဟင်းခနဲ အသံကြီး နှင့် အတူ ခေါက် ခနဲ ဇက် ကျိုး ကျသွားသည့် ဦးဘချော ၏ နောက်ဆုံး လှုပ်ရှားမှု ကိုသာ မြင် တွေ့လိုက်ကြ ရ လေတော့သည်  ။ အူသံတွေ ( အဲလေ ) ငိုသံ တွေ က တော့ စီခနဲ ... ။

◾နန္ဒာစိုး ( ဆင်ဖြူကျွန်း )

📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
      အမှတ် - ၄၂
      နိုဝင်ဘာလ ၊ ၂၀၁၅

#ကိုအောင်နိုင်ဦး

.

Friday, December 29, 2023

မှဲ့ တစ်ခု ရဲ့ အနုပညာ


 

❝ မှဲ့ တစ်ခု ရဲ့ အနုပညာ ❞

ခမ်း တို့ ရွာကလေး တွင် ကျွန်တော် ခဏ ရောက် နေသည် ။ မန်ကျည်းပင် ၊ ရေတမာပင်များ ဖြင့် အုပ်အုပ်ဆိုင်းဆိုင်း ရှိသော ၊ အလို လောဘ နည်း၍ ရိုးသားသည့် ရွာသားများ ကြောင့် အေးချမ်းပြီး ပျော်စရာ ကောင်းသော ခမ်း တို့ ရွာကလေး ။ ခဏ ဆိုပေမယ့် အဲဒီမှာ နေရစဉ် ကျွန်တော် ပျော်သည် ။ ထို ရွာကလေး ကို ကျွန်တော် ချစ်သည် ။

ဒီ ရွာလေး ကို သံယောဇဉ် တွယ်ရခြင်း တွင် ခမ်း ကြောင့် လည်း အများကြီး ပါသည် ။ ခမ်း သည် ဒီ ရွာ မှာ မွေးပြီး ဒီ ရွာ မှာ ကြီး သည့် တောသူလေး တစ်ယောက် ဖြစ်သည် ။ တောသူ ဆိုသော်လည်း ခမ်း ၏ အသားအရေ သည် အသင့်အတင့် ဖြူဖွေး သည် ။ မျက်လုံး မျက်ဖန် ကောင်း ၍ မေးရိုး အနည်းငယ် မြင့်သည် ။ စစချင်း ခမ်း ကို ကျွန်တော် စိတ်ဝင်စား မိသည် မှာ ခမ်း ၏ အမြဲ လိုလို ညှိုးငယ် နေ တတ်သည့် မျက်နှာ ကြောင့် ဖြစ်သည် ။

ခမ်း ၏ ညာဘက် မျက်လုံး အောက် ပါးပြင် အပေါ်ပိုင်း မကျတကျ နေရာ တွင် မှဲ့ တစ်ခု ရှိသည် ။ မှဲ့ က အကြီးကြီး မဟုတ် ။ ဒါပေမဲ့ အသား ဖြူဖြူ ပေါ် မှာ မှဲ့ က မည်းနက် တော့ ထင်း နေသည် ။ ကျွန်တော့် အတွက် တော့ မှဲ့ သည် မှဲ့ သာ ဖြစ်၍ ထို မှဲ့ ကြောင့် ရိုးသားသည့် တောသူမလေး ခမ်း ၏ အလှ မှာ ပို ပြည့်စုံ သွားခဲ့ရသည် ဟု ကျွန်တော် က တော့ အခိုင်အမာ ယုံကြည်ပါသည် ။ သို့သော် အရာဝတ္ထု တစ်ခု တည်း ကို ပဲ အဓိပ္ပါယ် ဖွင့်ဆိုပုံချင်း မတူကြသည့် လူ့ သဘာဝ အရ ခမ်း တို့ ရွာ က လူ အများစု က တစ်မျိုး အဓိပ္ပါယ် ဖွင့်ဆို လိုက်ကြတော့ အဲဒီ မှဲ့ က ‘ မျက်ရည်ခံ မှဲ့ ’ ဖြစ် သွားသည် ။ ဒါကပဲ ဇာတ်ရှုပ် တစ်ခု ရဲ့ အစ ။

မုဆိုးမလေး ခမ်း ၏ အသက် သည် အခု မှ အစိတ် ပင် မပြည့်တတ်သေး ။ သို့သော် ခမ်း တစ်ယောက် အသက် နှင့် မမျှ အောင် ခါးစည်း ခံခဲ့ရ ပြီးပြီ ။ ရိုးသား ပွင့်လင်း၍ ဖော်ရွေသော ၊ ဧည့်သည် အပေါ် ဧည့်ဝတ် ကျေပွန်သော ခမ်း တို့ ရွာ လူမှု အသိုင်းအဝိုင်း သည် ခမ်း ၏ မျက်ရည်ခံ မှဲ့ ကိစ္စ မှာတော့ သဘော လည်း မကောင်း ၊ သဘောထား လည်း မကြီးခဲ့ကြချေ ။ သူတို့ အမြင် မှာ တော့ ခမ်း သည် ယောက်ျားသားများ မပေါင်းအပ်သော ‘ ဝေရာမဏိ ’ ဆောက်တည် သင့်သော ‘ စုန်း ၊ ဘီလူး ၊ သရဲ ၊ သဘက် ’ တစ်ကောင် ဖြစ်လေသည် ။

ခမ်း သည် အသက် ဆယ့်ရှစ်နှစ် ကတည်း က အိမ်ထောင် ကျခဲ့သည် ။ ခမ်း ၏ ငယ်ချစ်ဦး သည် ခမ်း တို့ ရွာ က နေနိုင် စားနိုင် သည့် မိသားစု တစ်စု မှ ပေါက်ဖွား လာ သူ တစ်ဦး ဖြစ်သည် ။ ခမ်း တို့ နှစ်ယောက် အကြောင်း ကို ကောင်လေး မိဘများ သိတော့ လုံးဝ သဘော မတူကြ ။ တကယ်တော့ ခမ်း တို့ မိသားစု က လည်း မဆင်းရဲပါ ။ ရွာ အရှေ့ပိုင်း တွင် လယ်အတော် များများ ပိုင်သည် ။ မိသားစု ချင်း ယှဉ် လျှင် ခမ်းတို့ က ပင် သာ ချင် သာ နိုင်ပါသေးသည် ။ သို့သော် ပြဿနာ က ခမ်း ၏ မှဲ့ ။ အဲဒီ မှဲ့ က ခမ်း ဘဝ ကို တော်တော် ဂြိုဟ်မွှေ ခဲ့သည် ။

ကောင်လေး မိဘများ က သိပ်ရှေးရိုး အဆန်ကြီး တော့မဟုတ် ။ ဒါပေမဲ့ သူတို့ လည်း အစဉ်အလာ ယုံကြည်မှု ကို မလွန်ဆန် နိုင် ထင့် ။ သူတို့ သားလေး ကို ဆုံးရှုံး ရ မှာ ကြောက် လေသည် ဆိုတော့ သူတို့ သား နှင့် ခမ်း ကိစ္စ ကို အသည်းအသန် ဖျက် ကြသည် ပေါ့ ။ နောက်ဆုံး တိုတို ပြော ရလျှင် အချစ်ကြီး ချစ်နေကြသည့် ခမ်းတို့ နှစ်ယောက် ခိုးရာ လိုက် ပြေးကြသည် ။ မျက်ရည်ခံမှဲ့ မက လို့ ဘာမှဲ့ ဖြစ်ဖြစ် ဂရုမစိုက် ဟု ဆိုသည့် သူ့ ကောင်လေး က ခမ်း ကို ဝေးဝေးလံလံ ရွာ တစ်ရွာ သို့ ခိုးပြေး သွားပြီး ပေါင်းသင်း နေထိုင်ကြသည် ဆို၏ ။ ကိုယ့် ချစ်သူ နှင့် ပေါင်းရ သဖြင့် ခမ်း တို့ အပျော်ကြီး ပျော်ခဲ့ကြသည် ။ သို့သော် ခမ်း တို့ ဇာတ်သိမ်း က မလှခဲ့ပါ ။

ဒီ အကြောင်းတွေ ကို ပြန် ပြောစဉ် က ခမ်း ၏ မျက်လုံးများ သည် မျက်ရည်များ နှင့် စိုစွတ် နေခဲ့၏ ။ သို့သော် ခမ်း ဇာတ်လမ်း ကို နားဆင်ရသည် မှာ လွတ်လွတ်လပ်လပ် မရှိလှပါ ။ ခမ်း တို့ ရပ်ရွာ လူမှုအသိုင်းအဝိုင်း ... အဲ စကားလုံး ကြီးကြီး သုံးရ လျှင် မြန်မာ့ လူ့ရွာ အသိုင်းအဝိုင်း တွင် တစ်ခုလပ် ၊ မုဆိုးမ ဆိုသည် မှာ သွေးမတော် သားမစပ် ယောက်ျားသားများ နှင့် အနေအထိုင် များစွာ ဆင်ခြင်ရသည် မဟုတ်လော ။ ခမ်း နှင့် ကျွန်တော် တို့ မှာ တစ်ဦး ကို တစ်ဦး ပိုမို ရင်းနှီး လာခဲ့သည် နှင့် အမျှ ဒေါက်ထောက် ကြည့်လာ ကြသည့်မျက်လုံးများ ကို ကြည့် ရှောင် နေရသည် ။ ခမ်း အကြောင်း ကို ခမ်း ဆီ က နည်းနည်း ၊ ဟိုလူ ဒီလူ  ဆီ က နည်းနည်းချင်း မေး ပြီး ဇာတ်ရည် လည် ခဲ့ရသည် ။

တိုက်ဆိုင်တာများ ခမ်းတို့ နှစ်ယောက် အိမ်ထောင်သက် သုံးနှစ် လောက် မရှိ တရှိ တွင် ခမ်း ရဲ့ ခင်ပွန်းလေး ဆုံးပါး ရှာသည် ။ ခမ်းတို့ တွင် သားသမီး လည်း မထွန်းကားခဲ့ ။ ဒီ့ နောက်တော့ ခမ်း လည်း မိဘ ရပ်ရွာ ပြန်လာခဲ့သည် ။ ခမ်း ရဲ့ ခင်ပွန်း ဆုံးတာ က တော့ ကြည့် ရတာ သွေးရိုးသားရိုး ဟုတ်ပုံပါ ။ ဒါပေမဲ့ သူ့ မှဲ့ ကြောင့် ခမ်း ခမျာ ယောက္ခမများ ၏ ပိုးစိုးပက်စက် အပြော ကို ခံခဲ့ရ ရှာသည် ။ ‘ စုန်းမ ’ ၊ ‘ ဘီလူးမ ’ စသည် ဖြင့် နာမည် အမျိုးမျိုး အတပ် ခံ ခဲ့ရသည် ။

ခမ်း မိဘများ က တော့ သူတို့ သမီးလေး မိဘ မျက်နှာ အိုးမည်းသုတ် ခဲ့သည့် အပေါ်  ခွင့်လွှတ်ကြ ပါသည် ။ ဒါကတော့ အဆန်း မဟုတ်ပါ ။ မိဘ ပေ ပဲ ။ ခွင့်လွှတ်ရ မှာပေါ့ ။ မျက်ရည်ခံ မှဲ့လေး တစ်ပေါက် ကြောင့် သူများ တံတွေးခွက် ပက်လက် မျော ရ ရှာသည့် သူတို့ သမီးလေး ကို ကြည့်ပြီး မျက်ရည် လည်ကြရသည် ဟု သူတို့ က ဆိုသည် ။ အကယ်၍ ခမ်း ကို မွေးစဉ် က သာ သူ့ မိဘများ က ခေတ်မီ ဆေးပညာများ နှင့် အထိအတွေ့ ရှိသည့် မြို့ကြီးပြကြီး မှာ သာ နေနေကြမည် ဆိုလျှင် ခမ်း ၏ မှဲ့ ကို သူတို့ ခွဲစိတ်ပြီး ဖျောက်ပစ် ကောင်း ဖျောက်ပစ် ခဲ့ကြ နိုင်ပါသည် ။ မခွဲစိတ် ဖြစ်ခဲ့လျှင် လည်း မြို့ ပေါ် မှာ မို့ ဒီလိုမျိုး အမြင်တွေ ရှိချင် မှ ရှိပါမည် ။ သို့သော် သိပ်တော့ မသေချာပါ ။

ခမ်း တစ်ယောက် မုဆိုးမ ဖြစ်ရခြင်း တွင် သူ့ မျက်ရည်ခံ မှဲ့ ကြောင့် ဟုတ်ချင် လည်း ဟုတ်မည် ။ ဟုတ်ချင် မှ လည်း ဟုတ်ပါ လိမ့်မည် ။ သို့သော် ဟုတ်သော် ရှိ မဟုတ်သော် ရှိ ခမ်း အတွက် တော့ နစ်နာလှသည် ။ အရွယ် ရှိသေးပြီး တစ်ပင် လဲ မူ တစ်ပင် ထူ လို က ထူနိုင်သေးသည့် ခမ်း ကို ယောက်ျား တော်တော်များများ က ယူ ရ မှာ လက်တွန့် ကုန်ကြသည် ဟု ခမ်း က သူတို့ ပိုင် လယ်ကွင်းများ ဘက် ဆီ အသွား မန်ကျည်းပင်ကြီး တစ်ပင် အောက် တွင် ကျွန်တော့် ကို ပြောပြဖူးသည် ။ သို့သော်လည်း တဲ့ တစ်ဦးတည်း သော ယောက်ျားပျို က တော့ အများ လို အယူ မသီး ဘဲ ခမ်း ရဲ့ ဘဝ ကို စာနာပြီး လက်ထပ်ရန် ကြောင်းလမ်း ခဲ့ဖူးသည် တဲ့ ။

ခမ်း က အစ က ငြင်းဆန် နေခဲ့သည် ဟု ဆိုသည် ။ ခမ်း မိဘများ က လည်း သူတို့ သမီးလေး နောင်ရေး ကြည့်ပြီး ဝိုင်းဝန်း နားချကြ ကာ မှ နောက်ပိုင်း ခမ်း က လက်ခံခဲ့သည် ဟု ပြော ပြသည် ။ သို့သော် သူတို့ နှစ်ယောက် မပေါင်းစည်း ဖြစ်ခဲ့ပါ ။ အကြောင်းရင်း ကို ပြောပြမည် ကြံဆဲ ကောက်စိုက်သမ တစ်စု လာ နေ သဖြင့် ကျွန်တော် တို့ စကားစ ဖြတ်ခဲ့သည် ။ နောက် မှ ရွာ က ကာလသား တချို့ ကို မေးကြည့် မှ အဆိုပါ ကောင်လေးသည် ခမ်း နှင့် မင်္ဂလာ မဆောင် မီကလေး မှာ တင် မြွေကိုက် ခံရပြီး သေဆုံး သွားခဲ့သည် တဲ့ ။ တိုက်ဆိုင်မှု က လည်း လွန်လွန်းလှသည် ။ ခမ်း တစ်ယောက် တစ်ခါ သေဖူးတာ တောင် ပျဉ်ဖိုး နားမလည် ဟု ရပ် ထဲ ရွာ ထဲ က ပြောစရာ ဖြစ် ကျန် ခဲ့သည် ။

ဒီနောက် မှာ တော့ ခမ်း လည်း ဦးကျိုး သွားခဲ့သည် ။

ကျွန်တော် နှင့် တွေ့ သည့် အချိန် တွင် ခမ်း သည် ရုပ်ပိုင်း ရော စိတ်ဓာတ်ပိုင်း ပါ အတော်လေး ညှိုးငယ် နေလေပြီ ။ အသက် ငယ်ငယ် နှင့် အဘွားကြီးအိုလေး လို ဖြစ်နေပါပြီ ။ ခမ်း သည် အိမ်ထောင် မကျခင် က သူတို့ ရွာ တွင် အချောဆုံး အလှဆုံး ဟု အားလုံး က လက်ခံ ထားရသူ ဖြစ်သည် ။ သို့သော် ယခု မူ ခမ်း ကို ကြည့်ရသည် မှာ သားဆိုး ၊ သမီးဆိုး ၊ လင်ဆိုး ဒဏ် ကို နှစ်ပေါင်းများစွာ ခံစား ထားရသည့် ကံဆိုးမ တစ်ဦး လို ဖြစ်နေပါသည် ။

ကျွန်တော် သူ့ ကို လက်ထပ် ခွင့် တောင်းတော့ ခမ်း တစ်ယောက် ငိုင်ကျ သွားခဲ့သည် ။ ကျွန်တော် ထင်ထားသည် က တစ်မျိုး ။ ကျွန်တော် အခုလို ပြော လိုက်လျှင် ခမ်း သည် မတုန် မလှုပ် ကျောက်ရုပ် လိုဖြစ်ချင် လည်း ဖြစ်နေမည် ။ ဒါမှမဟုတ် နုနယ် ပျိုမျစ်သေးသူ တို့ ထုံးစံ ရှက်သွေး ဖြာချင် ဖြာမည် ။ အိမ်ထောင် ကျဖူးသည် ဆိုသော်လည်း ခမ်းတို့ အရွယ် သည် စိတ် ကစား ချင် ကစား တတ် သေးသည် မဟုတ်လော ။ ဒါပေမဲ့ တကယ့် တကယ် ကျတော့ ခမ်း တစ်ယောက် အရုပ်ကြိုးပြတ် ဖြစ် သွားသည် ။ ခမ်း ပုံစံ က ဟိုး တွင်း အဆုံး ကို ကျသွား သူ တစ်ယောက် လို ။

ခမ်း ကျွန်တော့် ကို လက်ထပ်ရန် ငြင်းဆန်ခြင်း တွင် မြို့ သား နှင့် တောသူ ဖြစ်နေခြင်းကြောင့် ဆိုသည် ထက် ၊ လူပျို နှင့် မုဆိုးမ ဖြစ်နေခြင်းကြောင့် ဟု ဆိုသည် ထက် သူ့ ဘဝ ရဲ့ ကျိန်စာ ဖြစ်သည့် မျက်ရည်ခံ မှဲ့ ကြောင့် မှန်း ကျွန်တော် နားလည် ပါသည် ။

“ ခမ်း ရယ် ... မျက်ရည်ခံမှဲ့ ပါလို့ မုဆိုးမ ဖြစ်ရတယ် ဆိုတာ ကျွန်တော် လုံးဝ ( လုံးဝ ) အယုံအကြည် မရှိဘူး ။ သူ့ ဟာ သူ တိုက်ဆိုင် သွားတာ ဖြစ်မှာပါ ။ အအို မို့ လို့ လူပျို နဲ့ မတန်ဘူး ဆိုတာ လည်း အဓိပ္ပါယ် မရှိပါဘူး ။ ဒီ ခေတ် မှာ သိပ္ပံပညာ ဒီလောက် ထွန်းကား နေတာ ဒါမျိုး အယူအဆတွေ ကို လက်မခံ သင့်တော့ပါဘူးလေ ... မဟုတ်ဘူးလား ”

“ အစ်ကို ပြောတဲ့ အချက်တွေ ကို ခမ်း လက်ခံပါတယ် ။ ဒါပေမဲ့ ခမ်း လေ ဒီ မှဲ့ ပါရင် ဒီလို ဖြစ်တတ်တယ် ။ ဒီ မှဲ့ကြောင့် ဒီလို ဖြစ်ရတယ် လို့ အကြိမ်ကြိမ် ကြားရဖန် များလွန်း တော့ ခေါင်း ထဲ ဒါကြီးကို ပဲ အမှန် ထင်နေပြီ ။ မဟုတ်မှန်း သိပေမယ့် လည်း လွန်ဆန်လို့ မရဘူး ။ လွန်ဆန်ဖို့ လည်း မကြိုးစား ကြည့်ချင်တော့ဘူး ”

ခမ်း က ခေါင်း ကို ဖြည်းညင်းစွာ ခါယမ်း ရင်း ပြောသည် ။

“ ခမ်း ရယ် ကျွန်တော် ခမ်း ကို ယူပြီး သေခဲ့ ရင် တောင် ကိုယ့် ဟာ ကိုယ် သက်တမ်းစေ့ လို့ သေတာ ဖြစ်မှာပါ ။ ခမ်း မှဲ့ နဲ့ ဘာမှ မဆိုင်ပါဘူးကွ ”

“ ဒါတော့ ဒါပေါ့လေ ။ ဒါပေမဲ့ ခမ်း တစ်ခါ က နှစ်ခါ ၊ နှစ်ခါ က သုံးခါ မဖြစ်ချင် တော့ဘူး ”

ခမ်း တစ်ယောက် အတော်လေး ကို ခေါင်းမာ လေသည် ။

ပြဿနာ က ခမ်း ၏ ဆင်ခြင်တုံတရား မဟုတ်တော့ ။ ခမ်း တွင် ခေတ် နှင့် လိုက်လျော ညီထွေအတွေးအခေါ် မျိုး မရှိ မဟုတ် ၊ ရှိသည် ။ ခမ်း သည် ဒီလောက် ရှေးရိုးစွဲ မဟုတ် ။ ပြဿနာ က သူ့ ကိုယ် ၌ က လောကကြီး နှင့် အလောင်းအစား လုပ်ဖို့ရာ ထပ် မစွန့်စား ချင်တော့ခြင်း ပင် ။ ခမ်း သည် လောကကြီး ကို လက်မြှောက် အရှုံးပေးပြီး ဖြစ်လေပြီ ကော ။

ခမ်း က ခိုက်တတ်သည့် မိန်းမ တစ်ဦး အဖြစ် သူ့ ကိုယ် သူ လက်ခံ ထား လိုက်သည် မှာ ကျင့်သား ရနေပြီ မို့ ဒါကိုပဲ စိတ် ထဲ အမှန် ထင် နေပါပြီ တဲ့ ။ အများ သူငါ အပုပ်ချ ပြောကြသည် ကို ခါးခါးသီးသီး ခံခဲ့ရသည် မို့လည်း သူ့ စိတ် မှာ အဆမတန် နာကျင် နေပါပြီ တဲ့ ။ ဒီ ဝေဒနာတွေ ကို ထပ်ပြီး မခံစား လိုတော့ပါ တဲ့ ။ ကျွန်တော် က တော့ မလျှော့သော ဇွဲ ဖြင့် ခမ်း စိတ်ပြောင်း လာအောင် ကြိုးပမ်းပါသည် ။ ဒါပေမဲ့ မထူးခြားပါ ။ ခမ်း က သိပ် ခေါင်းမာ သွားပြီ ။ ရှေ့ တစ်လှမ်း တိုး ဖို့ ပြော ခါ မှ နောက် ကို ပင် သုံးလှမ်း ခန့် ပြန် ဆုတ် သွားခဲ့ပါသည် ။

အရင် က မှ ခမ်း နှင့် ကျွန်တော် တို့ ရံဖန်ရံခါ တွေ့ဖြစ်ကြသေးသည် ။ ခမ်း တို့အိမ် ဧည့်ခန်း လူကြီး သူမများ ရှေ့ ပေါ်ပေါ်တင်တင် ပဲ ဖြစ်ဖြစ် ၊ ခမ်းတို့ အိမ် ရှေ့ က ဝါးကွပ်ပျစ်ကလေး ပေါ် မှာ ပဲဖြစ်ဖြစ် ၊ ခမ်းတို့ မိသားစု ပိုင် လယ်ကွင်းများ နား က အရိပ် အာဝါသ ကောင်းသည့် လက် နှစ်ဖက်စာ သစ်ပင်ကြီးများ အောက် မှာ ပဲ ဖြစ်ဖြစ် မလွတ်လပ်ဘူး ပဲ ထားပါဦး အတိုင်းအတာ တစ်ခု အထိတော့ စကား ပြောခွင့် ရခဲ့သေးသည် ။ ယခုမူ ခမ်း သည် ကျွန်တော့် ကို လုံးဝ အတွေ့ မခံတော့ဘဲ ရှောင်လို့ နေသည် ။ ခမ်း ကို မြင်ရခဲ သွားသည် ။ မြင်ရ လျှင် လည်း ဘေး မှာ အဖော် တစ်ယောက် လောက် ပါ နေတတ်သည် ။ အကယ်၍ ခမ်း သာ ကျွန်တော့် ကို ထပ် အတွေ့ ခံခဲ့ လျှင် ကျွန်တော် သူ့ ကို အောင်အောင်မြင်မြင် စည်းရုံး နိုင်လိမ့်မည် ဟု ခိုင်ခိုင်မာမာ ယုံကြည် နေ သဖြင့် ကျွန်တော့် မှာ မချင့်မရဲ ဖြစ် ရသည် ။ နောက်ဆုံး ကျွန်တော် လူကြီးများ မှ တစ်ဆင့် နားဖောက် ကြည့်သည် ။ ခမ်း မိဘများ က သူတို့ သမီး သဘော ပါ တဲ့ ။ ဒါပေမဲ့ ခမ်း ကိုယ် ၌ က ‘ အိမ်ထောင် မပြုလိုတော့ပါ ’ တဲ့ ။

ဒီလိုနှင့် နောက်ဆုံး ဒီ ရွာ မှာ ကျွန်တော် ရှိနေမည့် ရက်တွေ ထဲ က နောက်ဆုံးရက် ကို ရောက်ရှိ လာခဲ့သည် ။ ခမ်း များ ကျွန်တော့် ကို ရွာ ထိပ် ထိ လိုက်ပို့ နှုတ်ဆက် လေမလား ဟု မျှော် နေမိသည် ။ သို့သော် သူ ရောက် မလာခဲ့ ။ ရွာ နှင့် တစ်မိုင် သာသာ ဝေးသည့် တာဆုံ အထိ ရောက်အောင် အိမ်ရှင် က ကျွန်တော့် ကို နံနက် အစောကြီး နွားလှည်း နှင့် လိုက် ပို့သည် ။ ရွာ က ထွက် လို့ ငါးမိနစ် ခန့် မကြာ တကြာ ခမ်း ၏ မောင် အငယ်ဆုံး ကောင်လေး နောက် က ပြေး လိုက် လာ သဖြင့် လှည်း ကို ရပ်ခိုင်း ရ ပါသည် ။

“ ကိုကြီး … မမ က ဒါလေး ပေးခိုင်းလိုက်လို့ ”

ခမ်း ပေး လိုက်သည် က ကျွန်တော့် အတွက် သူ ကိုယ်တိုင် ချုပ်ထားသည် ဟု ဆိုသည့် အင်္ကျီ တစ်ထည် နှင့် စာ တစ်စောင် ။ စာ ထဲ မှာ တော့ ခမ်း က သူ့ အပြုအမူ အားလုံး အတွက် တောင်းပန် ထားသည် ။ သူ့ ကို အထင် မလွဲဖို့ ပြော ထားသည် ။ သူ့ ရဲ့ ဘေးကျပ်နံကျပ် အနေအထား ကို ထပ်ဆင့် ရှင်းပြ ထားသည် ။ ကျွန်တော့် အားပေး စကားများ အတွက် ကျွန်တော့် ကို ကျေးဇူး တင် ထားသည် ။ အကယ်၍ သူ ကျွန်တော့် ကို လက်ထပ် ခဲ့ လျှင် ဖြစ်လာမည့် အကျိုးဆက်များ ကို စဉ်းစား ပြ ထားသည် ။ ခမ်း  ကျွန်တော့် ကို ရှောင် နေစဉ်အတွင်း သူ့ စိတ် ထဲ မှာ အတော်လေး ကို လွန်ဆွဲ ထားရပုံ ပေါ်သည် ။

ရာသီ က ဆောင်း ဝင် စ ဖြစ်သည် ။ နံနက် စောစော လယ်ကွင်း ကို ဖြတ်တိုက် လာသည့် လေ တို့ က အေးစိမ့်လှသည် ။ နေ ကို တော့ ကောင်းကောင်း မမြင်ရသေးပါ ။ ကျွန်တော် သည် ခမ်း ပေး လိုက်သည့် အင်္ကျီလေး ကို လှည်း ပေါ် မှာ ဝတ် လိုက်၏ ။ နွား နှစ်ကောင် ကို အော်ငေါက် နေသည့် လှည်းသမား ၏ အသံ နှင့် တကျွိကျွိ မြည် နေသည့် လှည်းဝန်ရိုးသံ တို့ သည် သာ ခမ်း ကိုယ်စား ကျွန်တော့် ကို နှုတ်ဆက် လျက် ရှိလေသည် ။

◾ဝေယံဘုန်း

📖 နွယ်နီ မဂ္ဂဇင်း
     ၂ဝဝ၉ ၊ မတ်

#ကိုအောင်နိုင်ဦး

.

Thursday, December 28, 2023

ဥစ္စာ ကို ဉာဏ်‌ စောင့်‌လေ၏


 

❝ ဥစ္စာ ကို ဉာဏ်‌ စောင့်‌လေ၏ ❞

၂၀၀၃ ခုနှစ် ၊ မတ်လ ၁၂ ရက် ဗုဒ္ဓဟူး‌နေ့ က ‌အောင်လံမြို့ ‌ဈေးကြီး အ‌ရှေ့ဘက်တန်း မှ ဆေးဆိုင် သို့ အဝင် ဆိုင်‌ ရှေ့ တွင် ရပ်ထား‌သော ကား အ‌ကောင်းစားက‌လေး တစ်စီး ကို သတိပြု မိ‌လေ၏ ။

“‌ ဟေး ... ဒါ ခင်ဗျား ကားလားဗျ ”

‌ဆေးဆိုင်ပိုင်ရှင် ကိုတုတ် ကို‌ မေးကြည့်မိ၏ ။ ( သတင်း‌ထောက် တယ် စပ်စုသကိုး )

“ ကျွန်‌တော့် ကား မဟုတ်ရပါဘူးဗျာ ၊ ‌ဟောဟို မှာ လာ‌နေပါပြီ ပိုင်ရှင် ”

သူ ညွှန်ရာ သို့ ကြည့်လိုက်ရာ လူငယ် လင်မယား နှစ်‌ယောက်  ‌ဈေး ထဲ မှ ဝယ်ခြမ်း ပြီး ပြန် ထွက်လာသည် ကို တွေ့လိုက်ရ‌လေ၏ ။ ကား‌ ပေါ် တက် ဝူးခနဲ‌ မောင်းထွက် သွားကြ ‌လေ၏ ။

“ ထိပ်‌ပြောင်ကြီး သားလားလို့ ”

“ ဟုတ်ပါ့ ”

“ အရင် က ဒီ ကား မဟုတ်ဘူးလားလို့ ”

“ သိန်း ၁၀ဝ အလိုက်‌ ပေး ပြီး လဲထားတာ ”

“ အယ် ... တယ်ဟုတ်ပါလား ”

“ တယ် မဟုတ်ဘူး ဗျို့ ၊ က‌လေး က စီးပွား‌ရေး သိပ် မလုပ်တတ်‌သေးဘူး ၊ ရှာ တဲ့ ဘက် အား မသန်ဘူး ၊ သုံး တဲ့ ဘက် အားသန်‌ နေ လို့ သတိ‌ပေး‌ နေရတယ် ၊ ကျွန်‌တော် နဲ့ က အမျိုး‌လေ ဗျာ ”

“ ဟင်း ... ဟင်း ... ကိုတုတ် က လည်း ဝန်က‌တော်‌ ကြောင့်ကြဗျာ ”

“ အင်း ...  ‌နေ့စဉ်‌ တွေ့မြင်‌ နေရ‌တော့ စိတ်ပူမိတာ‌ပေါ့ဗျာ ၊ ဒီ က‌လေး အတွက်ပါ ဗျာ ”

ပူမည် ဆို လည်း ပူ‌လောက်ပါ၏ ။ ဖြစ်တတ်သည့် သ‌ဘောတရား‌ လေ ။

“ ဟာ ... ချမ်း‌လေး လာ‌ဟေ့ ”

လက်ဖက်ရည်ဆိုင်‌ ရှေ့ ခုံပုက‌လေး‌ ပေါ် မှ ‌ခေါ်သံ ကြား၍ ကြည့် လိုက်ရာ ...

“ ဟင် ... ဒင်ကြီး ”

သူ က ကျွန်‌တော့် ကို ချမ်း‌လေး ၊ ကျွန်‌တော် က  သူ့ကို ဒင်ကြီး ၊ အပြန်အလှန် ချစ်စနိုး ‌ခေါ်ကြ‌လေ၏ ။ တောသား အချင်းချင်း ငယ်‌ပေါင်း‌တွေ ။ ထမင်းချိန် နီး‌ နေ‌သော်လည်း သူ့ ကို ငဲ့ ၍ ဝင် ထိုင် ၊ ကော်ဖီ တစ်ခွက် မှာ လိုက်၏ ။ နာမည် အရင်း က ဦး‌အောင်ဒင် ခင်ဗျာ့ ၊ အောင်လံမြို့ အ‌ရှေ့ဘက် ‌ဖောင်ရိုး ဆို‌သော ရွာက‌လေး ဇာတိ ၊ သူတို့ ငယ်စဉ် (၁၉၄၉ - ၅၀ ) က ရွာ မှာ မူလတန်း‌ကျောင်း မရှိ‌သေး ၊ ‌လောကနိတိ ပရိတ်ကြီး ဘုန်းကြီးစာ သင်ရ၏ ။ အတန်းစာ မတတ်‌ သော် လည်း ဒင်ကြီး ကား လာဘ် မြင်သူ ဖြစ်ရကား အောင်လံမြို့‌ ပေါ် တက် ပွဲရုံ‌ ထောင်‌ လေ၏ ။ အ‌ပေါင်းအသင်း ဆံ့ လူချစ်လူခင် များသဖြင့် ‌နေ့ချင်း ညချင်း နာမည် တက်‌ လေ၏ ။

၁၉၈၀ - ၁၉၉ဝ ‌အောင်လံ မျိုး‌မြေပဲများ ပဲခူး‌ ဈေးကွက် တွင် စန်းပွင့်‌ နေ‌သော ကာလ ဒင်ကြီး ပဲခူး‌ အောင်လံ ပဲ ကုန်ကူး‌ လေရာ ပဲ တစ်ရာသီ ( သတင်းကျွတ် - တန်ဆာင်မုန်း - နတ်‌တော် ) တည်း နှင့် အမြတ်‌ ကောင်းစွာ ရ၍ ကား တစ်စီး ဝယ် နိုင်‌လေ၏ ။ ၁၉၉၅ -၂၀၀၀ လူစီး အ‌ဝေး‌ပြေး မှန်လုံ အိတ်စပတ်ကားကြီးများ ‌ခေတ် ထ လာ‌ သော အခါ ဒင်ကြီး အိတ်စပရက်‌ ထောင်‌ လေ၏ ။ ၂၀၀ဝ  ပြည့်နှစ် ဒီဇင်ဘာ ပထမပတ် ဒင်ကြီး နဲ့ ကျွန်‌တော် သူ့ ကားကြီး‌ ပေါ်‌ တွေ့ ၊ ‌အောင်လံ - ရန်ကုန် လမ်းမကြီး‌ ပေါ် မှာ -

“ ဒင်ကြီး ဘယ်နှစီးလဲ ဟ ”

“ ရှစ်စီး ၊ ‌ခြောက်စီး က‌ ပြေး‌နေတယ် ၊ နှစ်စီး က ဝပ်‌ရှော့ မှာ ”

“ လုပ်လှချည်လား ”

“ ရတုန်း ရှာရတာ‌ပေါ့ဟ ချမ်း‌လေး ရ ”

ယ‌နေ့ သူ နဲ့ လက်ဖက်ရည်ဆိုင် မှာ‌ တွေ့‌ တော့ သူ့ မှာ ကား တစ်စီး မှ မကျန်‌တော့ပါ ၊ သူ ကိုယ်တိုင် ရိပ်သာ‌ ရောက်‌ နေပါ၏ ။ သူ့ သား အငယ်‌ကောင် လှော်ခတ် ပစ် လိုက်ရာ ကား ရှစ်စီးလုံး ကုန်‌သော ဟူ၏ ။ ဉာဏ်က‌လေး နဲ့ ထိန်းပြီး ဆ,လုပ်မည် ဆိုပါက ဆုတ်ယုတ်စရာ မရှိ တိုးပွား ဖို့ သာ ရှိပါ၏ ။

“ အ‌မေ‌ နေမ‌ကောင်းဘူး ၊ လာခဲ့ဦး ”

တစ်‌နေ့‌သော အခါ ကျွန်‌တော်ရှစ်တန်း ၊ ကိုးတန်း ၊ ၁ဝ တန်း ( ၁၉၆၀ - ၆၁ - ၆၂ - ၆၃ ) နေ ခဲ့‌သော  ‌မွေးစား အ‌မေ   ‌ဒေါ်ကြည်ကြည် အိမ် သို့ ရောက်‌လေ၏ ။ လမ်း အ‌နောက်ဘက် တစ်ခြမ်းလုံး တွင် ဒေါ်ကြည်ကြည် နှင့် လမ်းမ အ‌ရှေ့ဘက်ခြမ်း တွင် ဦးတင်‌မောင် တို့ နှစ်ဦး သာ သိ‌ဟောင်း ကျွမ်း‌ဟောင်းများ ရှိ‌တော့၏ ။ အခြား သူများ ကား နောက် မှ ဝင် လာ‌သော မျက်နှာစိမ်းများ ဖြစ်ကုန်၏ ။ မူလ‌ နေထိုင်သူများ က အိမ်‌ပေါင်လှီး ၍ ထွက်သွားကြ‌လေပြီ ။ ထို့‌ကြောင့်လည်း ကိုတုတ် က မနက် က သူ့ တူ‌တော်‌မောင် အတွက် ရှေ့‌ရေး‌ တွေးပူ‌ နေခြင်း  ဖြစ်ပုံရပါ၏ ။ မိဘ လက်ငုတ် ဆက် လုပ်ရမှာ ၊ မိဘ ထက် သာလွန်‌ အောင် ကြိုးစားရမှာ ဖြစ်ပါ‌ သော် လည်း အချို့‌သော သူများ သည် ... ။    

ဥစ္စာ ကို ထက်မြက်‌သော ဉာဏ် နှင့် ‌စောင့်‌ရှောက် ထိန်းသိမ်း နိုင်ကြပါ‌စေ သတည်း ။

( ဆယ်နှစ် ဆယ်မိုး ရှာထား‌သော ပစ္စည်းဥစ္စာ ဆယ်မိနစ် အတွင်း ပျောက်ပျက် သွားနိုင်သည် ။ )

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

ဆောင်းနှောင်းရွက်ကျင်


 

❝ ဆောင်းနှောင်းရွက်ကျင် ❞

၁ ။

ဆောင်းနှောင်း သစ်ရွက်တို့ သည်  ဝါရွှေသော အရောင် သို့ ပြောင်းကြ လေသည် ။ ထို့နောက် လေ အဝှေ့ မှာ ရင့်ရော်သော သစ်ရွက်တို့ မြေ ပေါ် သို့ ကြွေဆင်း ကြသည် ။ အမေနှင်း မှာ အဘခိုင် ဆုံးပြီး ကတည်း က အထီးတည်း ပင် ရှိခဲ့သည် ။ ဆောင်းနှောင်း လေရူးကလေး ဝှေ့၍ ချမ်းအေး လာပြီ ဆိုလျှင် အမေနှင်း ရင် မှာ ကျဉ်ခနဲ စစ်ခနဲ ကိုက်ခဲ လာရမြဲ ဖြစ်သည် ။

ကိုခိုင်မင်း သာ ရှိခဲ့လျှင် မြေ ပေါ် မှာ ကြွေကျသော သစ်ရွက်တို့ ကို လှည်းကျင်း ကာ ၊ ဗာဒံပင်အိုများ ၏ ခြေရင်း ၌ အမှိုက် တို့ ကို စုပုံ မီးရှို့ ဖြစ်ကြပေလိမ့်မည် ။ မီးဖိုကလေး ၏ အနွေးဓာတ် ဘေး မှာ ထိုင်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြော ဖြစ်ကြမည် ။ သူတို့ မှာ တော့ ပြောစရာတွေ မရေမတွက် နိုင်အောင် ရှိခဲ့ကြသည် ။ ဆောင်း ၏ နှင်းငွေ့နှင်းရည် ဖြင့် စိုစွတ်သော ရော်ရွက် တို့ ကြောင့် မီးခိုး အူ လျှင် အမေနှင်း ချောင်း တဟွတ်ဟွတ် ဆိုး တော့သည် ။

“ မနှင်း နှယ် ညည်း ညှော်လှသယ် ”

သစ်ရွက်မှိုက်များ ကို တံမြက်စည်းရိုးဖြင့် မီးတောက် ညီအောင် ထိုးဆွ ကာ သူ့ အဘွားအို ထံ သို့ မီးခိုးများ မလာစေရန် ကာကွယ်သည် ။ အမေနှင်း ကတော့ မှုန်ရီမှုန်ဝါး မျက်လုံးများ ဖြင့် မီးတောက် နီကြင်ကြင် ထဲ မှ ခြောက်သွေ့ မွဲရော်ကာ လွင့်ကြွေ လိမ်ကောက် သွားသော အရွက်များ ကို ငေး နေသည် ။

“ ကိုခိုင်မင်း ရဲ့ တော့် တူကလေးများ လည်း ပေါ်မလာ ပြန်ဘူး ”

“ အေးကွယ် ၊ လုပ်ခင်း ကိုင်ခင်း အတန် ဟန်ကြ ထင်ရဲ့ ”

အဘခိုင် ပြော လည်း ပြောစရာ ပင် ။ အဘခိုင် တူကလေး မောင်ပန်းလှ ( ခုတော့ အသက် လေးဆယ် ကျော် လို့ ငါးဆယ် တွင်း မှာပါ ) က ကျပ်တည်း ကျဉ်းမြောင်း မှ ၊ လုပ်ခင်း ကိုင်ခင်း အဆင် မပြေပါ မှ လူအို လူမင်းတွေ ကို သတိ ရ တတ်သည် ။

“ အမေနှင်း ရဲ့ ကျွန်တော့် မြေကလေး အပေါင် ဆုံးတော့ မှာ မို့ ရွေး ပေးစမ်းပါဦး ၊ ကျွန်တော့် သမီးလေး အလှူ သွားစရာ ရှိလို့ ကြိုး တစ်ကုံး လောက် ငှားပါဦး ” ဆိုကာ ပေါက်ချ လာတတ် သည် ။ အမေနှင်း ကတော့ ဆွေမျိုးသားချင်း နည်းပါးသူ ပီပီ သည် တူကလေး ကို ခင်တွယ်သည် ။ မြေးကလေးများ အလည် လာ လျှင် လည်း ပေါက်ပေါက်ဆုပ် ၊ မုန့်သြဇာ ချ ကျွေးရသည် မှာ အမော ။ အင်း ... ခုတော့ ဖိုးခိုင်မင်း မရှိမှ သူတို့ ချူချာ လို့ ဖြူခါ ပြာခါ လဲကျပေါ့ ။ 

အမေနှင်း ဗာဒံပင်အိုကြီး နှစ်ပင် အောက် မှာ ရွက်ခြောက် တွေ ကို ဒန့်ကျွဲတံမြက်စည်း ဖြင့် တဖြည်းဖြည်း လှည်း ထုတ် ရင်း အတွေးတွေ စီ နေသည် ။ သူ့ ဘေး မှာ တော့ ကြောင်ကလေး နတ်မှောင် က တညောင်ညောင် အော် နေသည် ။

“ ဪ သူ့ ခမျာ ဆာ ရှာပေါ့ လေ ။ ငါ့ မလည်း တမေ့ တမော ”

အမေနှင်း က အမှိုက်လှည်းခြင်း ကို လက်စ သိမ်း ကာ ကြောင်နက်ကလေး ကို ယုယစွာ ပွေ့သည် ။ လေရူး တစ်ချက် ဝှေ့ လိုက်ရာ သစ်ရွက် တို့ ရုတ်ရုတ်သဲသဲ လွင့်သည် ။

“ ရော် ကမြင်းမ လေနှယ် ” 

လေ ကို ကျိန်ဆဲသည် ။ ကြောင်ကလေး နက်မှောင် မှာ သူ မွေးမထားဘဲ သံယောဇဉ် တွယ် နေရသော ကြောင့် ဖြစ် သည် ။ ဖိုးခိုင်မင်း ရှိစဉ် ကတော့ သူ သည် သတ္တဝါတွေ သည်းညည်းခံ ခဲသည် ။ ခွေး မွေး ဖို့ ဝါသနာ ပါသော ဖိုးခိုင်မင်း က သင်္ဘောခွေး ၊ ချင်းခွေး ၊ အင်းခွေး စုံအောင် ယူလာလေ သမျှ ...  ။

“ ပြန်ပေး လိုက်စမ်းပါ တော် ၊ ဘယ့်နှယ် အိမ် ခေါ်လာ ပြန်ပြီ ”

တဆူဆူ တပူပူ လုပ် တတ်သည် ။ ခုတော့ မောင်ပန်းလှ တို့ လင်မယား အစာ ဝဝ ကျွေး မထား လို့ မျက်ခမ်းကလေး ပေမှေး နှင့် မွေးရာပါ ဒုက္ခိတ ကြောင်ပိန်လေး တစ်ကောင် သူ့ အိမ် ပေါ်သို့ မခေါ်မပင့် ချေဘဲ ရောက် လာခဲ့သည် ။ ငါးကလေး ၊ သားကလေး ပင် ကိုယ့် တစ်ကိုယ် မစားရက် လို့ ချွေတာ သာ ရှိမည် နက်မှောင်ကလေး တော့ ကျွေး ရသည် ပင် ။

နက်မှောင်ပေမှေး က ခေါင်းကလေး ထောင်ပြီး အမေအို လက် ထဲ က ဆင်း ပြေးလေသည် ။ ထို့နောက် အမေနှင်း ၏ အိုးမည်း ခွက်မည်းကလေးများ ဗုံ စီ သလို စီထားရာ မီးဖိုချောင် ကလေး ထဲ မှ ပိုးဟပ်များ ကို လိုက် ဖမ်းပြီး စားသည် ။

“ ဟဲ့ကောင် အနှံ့ စပ်ကရာ စား လို့ နင် ပိန် နေသာဟဲ့ ”

အမေနှင်း က ကြုံးဝါးရင်း သူ့ ကြောင်ကလေး လည်ပင်း မှ ချူသံကလေး ကို ခေါင်း တညိတ်ညိတ် နားထောင် ကာ -

“ ပူစီ ... မီမီ ... မီမီ ... လာလာ ”

ငါးကျပ်တင် ပေါက်စကလေး တစ်ကောင် ဖြတ်ကာ ကျွေးသည် ။ မီးဖို ထောင့် မှ သစ်သား ငရုတ်ဆုံကြီး ကို သယ်ကာ သူ့ အတွက် ငါးကျပ်တင် တစ်ကောင် ကို အရိုးသင်ပြီး ထောင်း သည် ။ တစ်ဖက် က ထောင်း ရင်း လက် တစ်ဖက် က ကျပ်ခိုးစင် နိမ့်နိမ့် ပေါ် မှ ကြက်သွန်တောင်း ကို လှမ်း ဆွဲသည် ။ ကြက်သွန် များ က ပြန့်ကျဲ မှောက်ကျ ကုန် သည် ။

ကြက်သွန်တွေ က အတက် အစို့တွေ ထွက်ပြီ ။ မနှစ် က မောင်ပန်းလှ တို့ လင် မယား ကြက်သွန်ခင်း စိုက် လို့ တစ်တောင်း ပေး ထားတာပေါ့ ။ ကြက်သွန် အူပွ တစ်လုံး ကို ဓား ခပ်တုံးတုံး ဖြင့် အခွံ သင်သည် ။ ကြက်သွန် သင် နေစဉ် နက်မှောင် မောင်မင်းကြီးသား က နှုတ်ခမ်းပါးနား သပ်ကာ ကျောဆန့် လာရာက အမေနှင်း ဆုံ ထဲ မှ ငါးဖတ် တစ်စ ကို နှိုက်ဖို့ ကြိုးစားသည် ။ အမေနှင်း က ဓား အမြီး ဖျားကလေး နှင့် မရိုက်ရက် ရိုက်ရက် ရွယ်ရင်း

“ ဟင်းနော် ... ဟင်းနော် ၊ မင်းကြီးဘုရား က မျိုလို့ စားလို့ မဝနိုင်ပေဘူးနှော ... ”

ကြောင် က ညောင်ခနဲ မြည်သည် ။ အမေနှင်း ခြေဖမိုး ကို ပွတ်သပ်ကာ တအီအီ လုပ်သည် ။ သည်လို ချွဲ ပြ လိုက်တော့ တင်းထားသော မာန်ကလေး လျှောကျ သွားကာ -

“ ဟဲ့ ငါ့ သား ဝပြီလား ဟဲ့ ၊ ငနက်ကြီး ရဲ့ ”

ငါးအမြီး ကို ဖဲ့ကာ ကျွေး လေသည် ။

ooooo   ooooo   ooooo

၂ ။

နေခြည် တဝင်းဝင်း လင်း လာလျှင် အရှေ့ဘက် တောအုပ် ၌ သစ်ပင်တို့ ၏ အနားစွန်း ဝယ် နေခြည် ၏ ရောင်လျှံ ဖြင့် တဝင်းဝင်း တလျှံလျှံ တောက်ပ လာသည် ။ အမေနှင်း ၏ အိမ်ခန်း ထဲ သို့ နွေးသော နေခြည်ပေါက်များ ပြောက်ကျိ ပြောက်ကျား ခုန်ဝင် လာသည် ။ မနက်ခင်း ၏ လင်းကျင်း သန့်ရှင်းမှု နှင့်အတူ ဆိပ်ဖလူးပင် နှင့် ကရမက်ပန်းချုံ မှ ပန်းနံ့ တို့ သန့်ခနဲ ဝင် လာသည် ။ မေတ္တာပို့ ၊ ပုတီးစိပ်ပြီး မနက်ခင်း ဝမ်းမီး ကို ထမင်းရည် ဖြည့်တင်း ပြီးသော အမေနှင်း သည် ပြတင်းတံခါးများ ကို လိုက်လံ ဖွင့်လေသည် ။ အမေနှင်း ၏ နှလုံးသား တွင် လည်း ပေါ့ပါးလျက် ဟောင်းမြင်း သော ကြိမ်ခြင်းဝိုင်းဝိုင်းကလေး ကို ဆွဲ ကာ ဈေး သွားဖို့ ပြင်သည် ။

“ မမယ်သင် တို့ မထားမြင့် တို့ ၊ ဟဲ့ ဈေး လိုက်ကြဦးမလား”

အိမ်ရှေ့ ဝင်းခြံ အနီး မှာ ထူထပ်စွာ ပွင့် နေသော ကရမက် နွယ်ပင်မှ အခက်တို့ ကို လှမ်း ချိုးကာ အိမ်နီးချင်းများ ကို ခေါ်ငင် နေသည် ။

“ သွားနှင့် အရီး ရေ ၊ သွားနှင့် ”

အရီး မှာ မသွားနိုင်သေးပါ ။ ပန်းရနံ့များ က အေးသော ဆောင်းလေ ထဲ တွင် သင်းကြိုင်ပျံ့မွှေး နေသည် ။ ပန်း အခက်အခက် အဆုပ်ဆုပ် နှင့် ပန်းချုံကြီး မှာ နှင်းပွင့်ဖြူတွေ သီးနေ သည့်နှယ် ။ ခိုင်မာသော နွယ်များ က ဆီးချုံ ကို ယှက်ဖြန့် အုပ်မိုး ကာ ပန်းထီး ဖြန့်ကြက် သလို နွယ်တွေ တခွေခွေ ။ ပန်းခိုင် အသွယ်သွယ် နွယ်ကျ နေသည် ။ သည်ပန်း ရနံ့ ကား အမေနှင်း ယနေ့ တိုင် မြတ်နိုးစွာ လိမ်းကျံဆဲ ဖြစ်သော ကရမက် သနပ်ခါး ၏ ရနံ့မျိုး ဖြစ်သည် ။ ရင်ထဲ လှိုက်အောင် တသင်းသင်း ရှိုက်ငင် မွှေး သည် ။

ကိုခိုင်မင်း ရှိစဉ် က ပေါ့ ။ သည် ကရမက်ပင်ကလေး ကို တယုတယ ရှာကြံ တောင်း လာပြီး အိမ်ရှေ့ ဝင်းခြံနား မှာ ပျိုးပေး သည် ။ ပန်းပင်ပေါက်ကလေး သွား တောင်း ရင်း ဘုန်းကြီး လူထွက် ကိုစံခ အိမ် က ခွေးကြီး ကိုက် လွှတ် လိုက် သမို့လား ။ သင်း ခြေထောက် မှာ ခွေး စွယ်ရာကြီး နက်ရှိုင်းလျက် သွေးခြင်း ခြင်း နီရဲလျက် ။ သို့ပေတဲ့ သင်း က အပြုံး မပျက် ။ 

“ နည်းနည်းလေးသာပ ၊ အစွယ် နဲ့ ခြစ်သာပါ ။ ကျားစွယ် သွေး လိမ်းရင် ပျောက် မှာ ပဲ ”

အမေနှင်း မတော့ ဘုန်းကြီး ဦးရေဝတ ရေမန်း လည်း တိုက် ရ ၊ အညှော် မဝင် အောင် အုပ်ဆေး လိမ်းပေးရ နှင့် ပူပင်ခဲ့ရ သည် ။

“ ရှင်နှင်း ရ ဒီ အပင်မျိုး က တစ်ရုံကြီး ပွားမှာ ပ ။ မင်း မြေးတွေ တဝကြီး ပန် ပေရော့ ”

အင်း သင်း ရော ငါ ရော ရယ်လိုက်ကြရတာလေ ။ ဂျပန် သ,တ်တာ က တစ်ယောက် ၊ ကုန်ဝယ်ရင်း လှေမှောက်တာ က အငယ်ကောင် ၊ စစ်တွင်း က ငါ့ သား နှစ်ယောက်လုံး ဆုံးခဲ့ပါရော့ လား ။ သည် ကတည်း က ငါ့ မှာ ကလေးသားမြေး မရှိ ။ သင်း မို့ ပြောရက်ပေသည် ။

“ ဘွားလေး ပန်း တစ်မတ်ဖိုး ပေးပါ ဘွားလေး ”

တံချူကလေး ကို လက် တစ်ဖက် က ကိုင်ရင်း ပန်းများ နှင့် ပီတိ ဖြစ်နေသော အဘွား ၏ ပါးခွက်ခွက်ကြီး ချိုင့်ဝင် သွားအောင် ပြုံးလိုက်ပုံ က ကလေးမငယ် က နားမလည် သလို တွင်တွင် ခေါ်နေသည် ။

“ ဟဲ့ အို ကြည်ကြည်တင်လေး ပါလား ။ အေး အေး အဘွား ခူးလိုက်ဦးမယ် ”

အဘွား က ကလေးမ အတွက် ပန်းများ ကို ခူးပေး ရင်း မျက်ရည် စို့ ချင်လာသည် ။

“ အင်း သင်း ကတော့ ငါ့ တစ်သက်စာ စားရော့ စိုက်ပေး သွားတာပဲ ”

ပန်းရနံ့ က သင်းပျံ့နေသည် ။ ဆယ့်နှစ်နှစ် သမီးကလေး က တော့ အမေနှင်း ၏ တုန်ချည့် တုန်ချည့် လှုပ်ရှားကာ တံချူ ဖြင့် တစမ်းစမ်း ပန်းခူး နေသော လက်များ ကို အားမလို အားမရ မော့ ကြည့်နေသည် ။

ooooo   ooooo   ooooo

၃ ။

နေ မွန်းတည့် လှပြီ ။ သည် ကနေ့ တော့ ဆွမ်း မီဖို့ မလွယ် တော့ ။ ဆွမ်းခံ ပြန်ချိန် လည်း တန်ပါပြီ ။ ပန်း ရောင်းပြီး ဈေးဝယ် ပြန်ခဲ့သော အမေနှင်း ၏ ခြင်းအိုကလေး ထဲ တွင် အကောင်းဆုံး အစားအစာများ ပါ ပါသည် ။ နက်မှောင် အတွက် ငါးစိုငါးစိမ်း ကလေးများ ရယ်ပါ ။

ကြက်တွေ က စည်းရိုး မလုံသော သူ့ ခြံ ထဲ သို့ တိုးဝင် ကာ မြေစမ်း ခရမ်းပျိုး စိုက်ထားသော သစ္စာပန်းပင်ကလေးများ ကို ဆိတ်ဆွ ကြသည် ။ နှီးရေပုံးစုတ် ထဲ မှာ ပျိုး ထားသော ဒန်းကြီး ပင်ပေါက်ကလေးများ နှင့် သလဲပင်ပေါက်ကလေးများ ကို လည်း ဆိတ်ဖဲ့ စား ကြသည် ။

အမေနှင်း မှာ လက် ထဲ က ခြင်းကလေး ကို အိမ် အောက် ကွပ်ပျစ် မှာ တင်ကာ ခေါင်း ပေါ် မှ ပဝါ ကို ပင် မဖြုတ်နိုင် သေးဘဲ

“ ရွှေ ... ရွေး... ”

ကြက် ခြောက်ရပါသည် ။ လူ အိုတော့ ကြက် က မလေး ပါ ။ ကြက် သားအမိ သားအဖ တစ်သိုက် သည် လည် တညိတ်ညိတ် ခေါင်း တခါခါ နှင့် ကလွတ်ကလွတ် မြည်ကာ အစာ ရှာ နေကြဆဲ ဖြစ်ပါသည် ။ အမေနှင်း က ခဲလုံးသေးသေးလေးများ နှင့် ပေါက် မှ ခြေဦးတည့်ရာ ပြေး ကြသည် ။ ခြေနာ နေသော ကြက်ပေါက်စကလေး တစ်ကောင် မှာ အမေ နှင့် အဖေ ကို မမီဘဲ တကျည်ကျည် အော်ကာ ကျန်ခဲ့သည် ။ နက်မှောင် က မီးဖိုချောင် ပြာပုံမှာ ကွေး ရာ က ပြေး ထွက် လာပြီး ကြက်ကလေး နောက် က လိုက်သည် ။ ကြက်ကလေး က စူးစူးဝါး အော်သည် ။ နက်မှောင် မာန်ဖီ နေစဉ် အမေနှင်း က နက်မှောင် ကို ပွေ့ချီ လိုက် ရသည် ။

“ အင်း သင်းကလေး လည်း ငါ့ လိုပဲ ထော့နင်းထော့နင်း နဲ့ သေမင်း နဲ့ တွေ့ဖို့ ကျန်ခဲ့ သလိုပဲ ။ သွားပါစေ သား ရယ် ”

ooooo   ooooo   ooooo

၄ ။

“ မောင်ပန်းလှ တို့ လင်မယား က တော့ ဒီ အိမ်ကြီး ကို ရောင်းပြီး သူတို့ နဲ့ လာ နေဖို့ ခေါ်ပါတယ် ။ ကျုပ် မှာ က မရောင်း ရက် လို့သာ အငှား ထားဖို့ ကြံရသာ ။ လူလေးတို့ မိန်းကလေး တို့ ကြည့်ကြပါ ၊ လသာဆောင် နဲ့ အတွင်းခန်းတွေ က လည်း အကျယ်ကြီး ပါ ပဲ ။ အပေါ်ထပ် ၊ အောက်ထပ် ကိုယ်လုံးပေါ် မှန်ကြီး လည်း နှစ်စုံတောင် ရှိပါတယ် ။ အင်း ... ဖိုးခိုင်မင်း ရှိစဉ် ကတည်း က ဒီ မှန်ကြီးတွေ ဘုန်းကြီးကျောင်း လှူကြ မလို့ မလှူဖြစ်သေးလို့ဘဲ ။ ဘုရားစင် က ဘုရား က လည်း ဒက္ခိဏ သာခါရုပ်ပွားတော် ပါ ၊ တစ်မြို့လုံး မီးကြီး နှစ်ခါ လောင် သာ တောင် ကွင်း ခဲ့ပါတယ် ။ ကျုပ် လည်း တစ်ကိုယ်ရေ တစ်ကာယ သမား ၊ အေးအေး နေတယ် ။ လူကလေးတို့ ၊ မိန်းကလေးတို့ လည်း ဒီ ကလေး သုံးယောက် မဟုတ်လား ။ အခန်းတွေ က အကျယ်ကြီး ပါ ။ စိတ် ချမ်းသာ သလို သာ နေကြပေရော့ ။ ကျုပ် က တော့ မီးဖိုနား က အဖီကလေး ထဲ မှာ နေမယ် ။ လောလောဆယ် တော့ တစ်မီးဖိုတည်း အတူ ချက်ကြတာပေါ့ ”

မြို့သိမ်မြို့ငယ်ကလေး သို့ ရာထူးတိုး ပြီး ပြောင်းရွှေ့ လာရသည့် အရာရှိငယ်ကလေး သည် ကြုံလှီသော အဘွားအို နှင့် မလိုက်အောင် ကြီးမား ခံ့ထည်သော ဝါးကပ်မိုး ၊ ထရံ ကာ ၊ ပျဉ်ခင်း ၊ အဖီသွပ်တန်းချ အိမ်ကြီး ကို အားရ ကျေနပ်စွာ ကြည့်သည် ။ ဇနီးသည်ကလေး ကတော့ အိမ်ပေါ် မှာ တဒုန်း ဒုန်း ပြေးလွှား ဆော့ကစား နေကြသည့် ကလေးများ ကို ထိန်း ရင်း

“ အမေရယ် ရှစ်ဆယ် ဆိုတာ တော့ လျှော့ပါ ။ သမီးတို့ လည်း သူ့ တစ်ယောက် လုပ်စာ နဲ့ ဒီ ကလေးတွေ နဲ့ စားရတာ ဆိုတော့ ”

ချွဲသံကလေး ဖြင့် တောင်းပန်သည် ။ စိတ် ထဲ မှာ တော့ တစ်ရာ မက တန်သည် ဟု လက်ခံ ယုံကြည်ပြီး ဖြစ်သည် ။

အမေနှင်း ပါးပြင် မှာ တင်း သွားသည် ။ နေခြည်ဝင်းဝင်း က သူ့ နားပေါက်ကျယ်ကြီးများ မှ တွဲကျ နေသော တစ်ဖက်ပိတ် နားတောင်း အစုံ ကို ရွှေရည် ဝင်းစေသည် ။ သို့သော် သူ့ မှာ ရင် ထဲ က မချိလှ ။ ဟိုစဉ်က လင်စုံ မယားဖက် ၊ တပည့်တွေ တပန်းတွေ တစ်လှေကြီး နှင့် စားသောက် ဝိုင်းဖွဲ့ ရာ အိမ်ကြီး ပေါ် မှာ သူစိမ်း ပြင်ပြင်တွေ တင် ရဦးမည် ။ ဈေး စကား ပြောနေ ရသေးသည် ဆိုတော့ ရင် ထဲ မှာ အနင့်သား ။ သို့သော် သူ့ မှာ ပန်းကလေး ရောင်း လိုက် ၊ ရာသီ ပေါ် အသီးအနှံကလေး ဖလှယ် လိုက် နှင့် လူပေး သူပေး စား နေရသည့် ဘဝ ၊ ရှိခဲ့ သမျှ လည်း လှူတာ ရော ၊ ဆေးဖိုးဝါးခ ရော ၊ အလိမ် ခံရတာ ရော ကုန်သလောက် ရှိခဲ့ပြီ မို့ ရွှေနားတောင်း တဝင်းဝင်း နှင့် မငြင်းသာ တော့ ။ လေသံ ပျော့ကလေး နှင့် -

“ အင်း ... သာ ဆို လည်း ခုနှစ်ဆယ် တော့ ထားပေါ့ သမီး တို့ ရယ် ၊ အမေ့ မလည်း လှူရေးတန်းရေး နဲ့ ”

“ ဟုတ်ပါတယ်ကွာ ၊ မင်း ကလည်း ပေးလိုက်ပါ ”

“ ကဲ ညနေကျ တစ်ခါတည်း ပြောင်းလာမယ်နော အမေ  ”

အမေနှင်း က ခေါင်း ကို လေးလေး ညိတ်သည် ။ ကလေး တစ်ယောက် က ပြတင်းပေါက် မှ နေပြီး ဆိပ်ဖလူးကိုင်း ကို လှမ်း ဆွဲသည် ။

သူ့ အဖေ က “ ဟေ့ကောင် သေတော့မှာပဲ ” အော်ကာ ပြေး သွား သည် ။ အမေနှင်း က ဘုရား တ , သည် ။

ooooo   ooooo   ooooo

၅ ။

ရွက်ခြောက်ရွက်အို တို့ကို လှည်းကြ ကျင်းကြသံများ ကြား နေရသည် ။ သစ်ရွက်များ အသံ က တဂျွမ်းဂျွမ်း မြည်သည်  ။ ကလေး အဖေ က တံမြက်စည်း လှည်းရင်း သီချင်းတစ်ပုဒ် ဆိုသည် ။ သားများ က လိုက် ဆိုကြသည် ။ ထို သီချင်းသံ ကို အမေနှင်း နား လည်ပါ ။

ထို့နောက် ညှော်နံ့ စူးစူးရှရှ နှာခေါင်း ထဲ သို့ တိုးဝင် လာ သည် ။ ကြက်သွန်ဖြူ ဆီသတ် သော ညှော်နံ့ ဖြစ်သည် ။ အမေ နှင်း က ချောင်း တဟွတ်ဟွတ် ဆိုးသည် ။ ခြင်ထောင်ကလေး ထဲ သို့ ကပျာကယာ ဝင်သည် ။

“ ဟဲ့ကြောင် ကြောင်စုတ် ၊ ငါ့ ငါးကြော်တွေ ခိုးစားပြန်ပြီ ”

မီးဖို ထဲ မှ ကြုံးဝါးသံ ၊ ရိုက်နှက်သံ ၊ ကြောင် တစ်ကောင် ၏ နာနာကြည်းကြည်း အော်သံများ ထွက်ပေါ် လာသည် ။ အမေနှင်း စိတ် မှာ ထောင်းခနဲ ဖြစ်သွားကာ “ အုပ်ဆိုင်း မှ မထားတာ  ခိုးစား တာ တောင် နည်းသေး ” ဟု တွေး လိုက်သည် ။ နက်မှောင် က ထုပ်တန်း မှ ဝုန်းခနဲ ခုန်ဆင်း လာပြီး အမေနှင်း ခြင်ထောင် ဘေး မှာ တညောင်ညောင် မြည်သည် ။ အမေနှင်း က နက်မှောင် အမြီး ကို ဆွဲကာ ခြင်ထောင် ထဲ သို့ သွင်းသည် ။ ခြင်ထောင် ဖွင့်စဉ် လေအပင့် မှာ သစ်ရွက် ညှော်နံ့ က ကြက်သွန် ဖြူ ညှော်နံ့ နှင့် အတူ လုံးခနဲ ခဲခနဲ တူးတူးခါးခါးကြီး ဝင်လာသည် ။ ကြောင် က တအင်အင် ညည်း ကာ အဘွား ကိုယ်ငွေ့ လှုံသည် ။

အမေနှင်း က နက်မှောင် ကို စမ်း ကာ -

“ သား သား ကို နှိပ်စက်ကြ ပြန်ပလား ”

ကြောင် က နားမလည် သော်လည်း တအင်အင် မြည်ကာ တိုင်တန်း နေသည် ။ အမေနှင်း က နက်မှောင် ကျောပြင် ကို ပွတ်သပ်ရင်း မီး လောင် ၍ အမွေးစား သွားသော အနာရွတ် ကို စမ်းသပ် ကာ -

“ သင်းတို့ ငရဲ လားမယ့် ဟာတွေပါ သား ရယ် ။ အကုသိုလ် များလိုက်ကြတာ ”

ပြီးခဲ့သည့် တစ်ရက် နှစ်ရက် က နက်မှောင် မီးဖိုဘေး မှာ ခွေ နေစဉ် အလတ်ကောင် က မီးစ နှင့် ကောက် ထိုး သဖြင့် သည် ဒဏ်ရာ ရ ခဲ့သည် ။ အမေနှင်း မျက်ရည် ကျ ရသည် ။ အမေနှင်း ကိုယ်တိုင် အားကိုးရာ မဲ့ မှ တော့ သူ့ ကြောင် မှာ လည်း သည်လို ဖြစ်ရမပေါ့ ။ တရား နှင့် ဖြေသည် ။

“ အိမ်ကြီး ရောင်းပြီး မောင်ပန်းလှ တို့ လင်မယား ဆီ သွား နေလည်း သင်းတို့ က ပိုက်ဆံကလေး လက် ထဲ ရှိတုန်း ကြည်ဖြူ ကြမှာပဲ ။ အင်း ... ဒီ အိမ်ကြီး ငှား တာတောင် သင်းတို့ မတိုင်ပင် ကောင်းလားလို့ တဖျစ်ဖျစ် ။ ငါ က ခုလို ပြောရင် ငါ့ ကို ပဲ ဝိုင်း အပြစ်တင် ကြမှာ ။ သူ့ မယား မိရွှေ က လည်း စွာစွာ နဲ့ ။ ဪ ကိုခိုင်မင်း ရေ ၊ ရှင် မရှိလို့ သာ နှော ကျေးဇူးရှင်ကြီး ရဲ့ ”

မျက်ရည် မကျတော့ သော်လည်း တမ်း တ မိသည် ။ နက်မှောင် က တညောင်ညောင် တကျည်ကျည် လုပ်လာပြန် သည် ။ လူအိုနံ့ ၊ ဆေးလိပ်နံ့ နှင့် မွန်းပိတ် နေသော ခြင်ထောင်အိုကြီး ထဲ မှာ နေလိုဟန် မရှိပါ ။ အမေနှင်း လက် ကို ကိုက်သည် ။

“ သင်းကလည်း လေ ... ”

အမေနှင်း က ခြင်ထောင် ကို ဖွင့် ကာ ကြောင် ကို ထုတ် သည် ။ မီးခိုးများ က အပေါ်ဆင့် ဝါးကပ် ထဲ မှ လုံးခနဲ ဝင် လာ သည် ။

“ ရော် အိမ် ကို မီးတင်ရှို့တော့မယ် ထင်ရဲ့” 

ညှော်နံ့ ကို ဂရုမပြုနိုင်ဘဲ ထ , ထိုင်သည် ။ ချောင်း တဟွတ်ဟွတ် ဆိုးသည် ။ သစ်ရွက်တို့ တဖျစ်ဖျစ် မြည်သံ ကြားရသည် ။

“ အဖေကြီးတို့ ပြီးရင် လာကြတော့ ၊ ထမင်းစားမယ် ”

“ ခဏနေဦး ဟေ့ အမှိုက် မကုန်သေးလို့ ”

ခါတိုင်း တော့ အမှိုက် ရှင်းသည့် အလုပ် ကို အမေနှင်း ကိုယ်တိုင် လုပ်ခဲ့သည် ။ ခုတော့ အမြင် မတော် လို့ ထင့် ၊ ကလေး အဖေ အခွန်ဦးစီးမှူးလေး က -

“ ကျွန်တော်တို့ လှည်း ပါ့မယ်ဗျာ ” ဟု ဆိုသည် ။

အမေနှင်း ကိုယ်တိုင် အပူ ပြန်လိုက် ၊ အချမ်း ပေါ်လိုက် နှင့် ကိုယ်တွင်းဓာတ်တွေ ဖောက်ပြန် နေချိန် မို့ သင်းတို့ ကို ခွင့်ပြု လိုက်ရသည် ။

“ အင်း ... သင်းမိန်းမ ကလည်း ထမင်းစား အတင်း ခေါ် ၊ မီးတန်းလန်း နဲ့ ထ သွား ရင်တော့ အမှိုက်တွေ ကလည်း ကြွပ်ရွ လို့ ဖိုးခိုင်မင်း ဆောက် သွားတဲ့ အိမ်ကြီး ပေါ် မီးပွား ကျ ရင်တော့ ဘုရား ဘုရား ”

အမေနှင်း က တောင်ဝှေး ကို အားပြု ကာ လှေကား မှ ဆင်း သည် ။ မပြုံးချင်ဘဲ ပါးချိုင့်ခွက် အောင် ပြုံး လိုက်ပြီး -

“ ဟဲ့ သားအဖ တစ်တွေ မပြီးကြသေးဘူးလား ”

သူ့ အမေး ကို ကြားကြဟန် မတူ ။ ကလေးများ သည် မီးဖို ဘေး မှာ ဝိုင်း ထိုင်ကာ မီးစများ ကို ထိုး ဆွ ကစား နေကြသည် ။ စိမ်းဝါပြာလဲ့ နီရွှေသော မီးတောက် ထဲ မှာ ပျော်စရာ ကမ္ဘာကလေး တစ်ခု ရှိသည့် နှယ် ။ မီးပွားမီးစများ က လေရူး အဝှေ့ မှာ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်ကာ ဝဲပျံ ကြသည် ။ ကလေး အဖေ က ရေတွင်း မှာ ရေ ငင် နေသည် ။

အမေနှင်း က မီးဖိုနား သို့ သွား ကာ

“ ဟဲ့ ဟဲ့ မဆော့ကြနဲ့ ”

နက်မှောင် က သူ့ ခြေထောက် တို့ ကို ဝှေ့လျက် တညောင်ညောင် မြည် ပြန်သည် ။ အမှတ်တမဲ့ မို့ လဲ မလို ဖြစ်သွားကာ -

“ ဟဲ့ ပလုတ်တုတ် ”

ယောင် လိုက်သည် ။ ကလေးများ က အမေနှင်း ကို ကြည့် ကာ ရယ် လိုက် ကြသည် ။ နီရဲသော မီးပွားကလေးများ တဖျပ် ဖျပ် လွန့်လူးပြီး ရွက်အို ဘဝ ကို အဆုံးသတ် သွား ကြသည် ။ ညနေ ၏ နီရဲသော ကောင်းကင် တိမ်တိုက်များ သည် နေရောင် ကို ပွေ့ပိုက်လျက် မည်းမှောင်သော အိမ်ကြီး ပေါ် ၌ လှပစွာ ကွန့်မြူး နေကြသည် ။

ကလေးငယ် တစ်ယောက် က ဗာဒံပင်အို ပေါ် မှ ရွက်ခြောက် နီကြင်ကြင် ကို ကောက် ကာ မီး ထဲ သို့ ပစ် ထည့် လိုက် သည် ။ နီရဲ ငြိမ်းသေစ မီး ထဲ တွင် ရွက်အိုကလေး သည် ခဏမျှ တည်ငြိမ် နေသေးသည် ။ ပြီးတော့ တဖျစ်ဖျစ် မြည်ကာ တွန့်လိမ် လာသည် ။ နောက်တော့ မည်းမှောင် လောင်ကျွမ်း သွားသည် ။ လေရူး တစ်ချက် ဝှေ့ လိုက်သော အခါ မီး အမှုန်အစကလေး များ မြေ ပေါ် သို့ လွင့်စဉ် သွားပြီး ပြာစကလေးများ အဖြစ် ဘဝ ပြောင်း ကြသည် ။ 

အမေနှင်း က ငြိမ်းသေ သွားသော မီးပွားမီးစကလေးများ ကို စိုက် ကြည့် နေစဉ် ကြောင်ကလေး နက်မှောင် က တအင်အင် မြည် လေသည် ။  ။

◾ခင်မြဇင်

📖 ရှုမဝ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၁၉၈၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Wednesday, December 27, 2023

ဝမ်းတွင်း သက်တံ့


 

❝ ဝမ်းတွင်း သက်တံ့ ❞

မီးရထား ရဲ့ ဥဩသံ က ဆက်ဇိုဖုန်း တစ်လက် က ထွက် လာတဲ့ အသံ နဲ့ တူ နေ တယ် ။ ခဏ နေရင် ရထား ထွက်တော့မယ် ဆိုတဲ့ အသိ က ခရီးသည်တွေ ရော လိုက် ပို့ကြတဲ့ သူတွေ ပါ စိတ် ထဲ မှာ သိ နေကြတယ် ။ တစ်ယောက် နဲ့ တစ် ယောက် ခွဲခွာကြရမယ့် သူတွေ က လွမ်းစိတ် ၊ လွမ်းမျက်လုံးလေး တွေ ကိုယ်စီ နဲ့ လက်ကိုင်ပဝါ ကို နာနာ ချေ ရင်း စာ မှန်မှန် ရေးဖို့ မှာ ကြတဲ့ အချိန် ၊ ပြောလက်စ စကားတွေ မကုန်နိုင် တဲ့ အချိန် ၊ ရထားကြီး ရယ် ကျေးဇူးပြုပြီး မထွက်လိုက်ပါ နဲ့ ဦး ၊  ခဏ လောက် တော့ စောင့်ပါဦး လို့ စိတ် ထဲ ကနေ လှမ်း တား နေကြတဲ့ အချိန် ပေါ့ ။

တစ်ဦး နဲ့ တစ်ဦး ပြန်လည် ဆုံစည်းကြရမယ့် သူတွေ အတွက် တော့ ရထားသံ က နားဝင်ပီယံ ရှိ လှချည့် ။ မောင် ပြန်လာပြီ အချစ်ရေ လို့ သူတို့ ကိုယ် စား ပြောပေး နေ သယောင်ယောင် ။ ကျွန်တော် ပြန် လာပြီ အမေ လို့ သား ကို မျှော် နေမယ့် အမေတွေ အတွက် မင်္ဂလာ ရှိလှတဲ့ ဥသြသံ ပေါ့ ။ မီးရထား တစ်စင်း က တော့ မြို့ တစ်မြို့ ကနေ ထွက် လာ ပါပြီ ။ သူ့ လမ်းဆုံး မြို့ အထိ ခုတ်မောင်း သွားတော့မယ် ။

ရထားသံလမ်း က နိုင်ငံခြား တိုင်းပြည် တစ်ပြည် က ရွှေ နဲ့ စက် ဝယ်ရတာ ။ ဇလီဖားတုံး က လည်း အဖိုးတန် ရတနာ တစ်ပါး ဖြစ်တဲ့ ပျဉ်းကတိုး သား ။ သူ့ ဇာတိ က ပဲခူးရိုးမ ဒါမှမဟုတ် ရှမ်းရိုးမ က ။ အောက် က ကျောက် စရစ်ခဲ တွေ က မန္တ လေး ထုံးဘို ဇာတိ ၊ မဟုတ်ရင် စဉ့်ကိုင် ဘယ်လင်း ဇာတိ ၊ ပျဉ်းမနား ရေဆင်းဇာတိ လည်း ဖြစ်နိုင်သေးသယ် ။

မီးရထားသံလမ်း က “ ဆပ်ခင်းကြီး ” ရွာကလေး နား မှာ မကွေ့ မကောက် ဖြတ် သွားတယ် ။ ရွာစည်းရိုး နား ကပ် ဖြတ်သွာတာမျိုး တော့ မဟုတ် ဘူး ။ ရွာ နဲ့ ရထားလမ်းကြား မှာ လှည်းလမ်း တစ်ခု နဲ့ လယ် နှစ်ပွဲ ခြား သေး တယ် ။ ရွာကလေး က အိမ်ခြေ လေးဆယ် နီးပါးရှိတဲ့ ရွာကလေး ။ ဇနပုဒ် ကလေး ။ ရွာ မှာ ဘာ နာမည် မှ ရေး မထားတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိတယ် ။ ဒီ ကျောင်း မှာ ဆရာတော် သုံး ဆက် ကျောင်း ထိုင် ခဲ့ဖူးတယ် ။ ပထမ ဆရာတော် က သက်တော် ( ၇ဝ ) မှာ ပျံလွန်တော် မူခဲ့တယ် ။ ဒုတိယ ဆရာတော် က သက်တော် ခြောက်ဆယ် ကျော် မှာ ပျံလွန် ရ ပြန်တယ် ။ အခု ဆရာတော် က သက်တော် ငါးဆယ် နီးပါး ပဲ ရှိ သေးတယ် ။

ရွာသားတွေ အားလုံး တိုင်ပင် မထားကြဘဲ လယ်သမားတွေ ဖြစ် နေ ကြတယ် ။ အတိတ် ဘဝ က ဆုတောင်း တူ ခဲ့ကြလေ သလား မသိ ။ သူတို့ တစ်တွေ လယ်ယာခွင် မှာ ဆင်းရဲပင်ပန်းတာ လည်း တူ ကြတယ် ။ အနာ ရောဂါ ဖိစီး ခံစားကြရတာ မှာ လည်း တူ ကြတယ် ။ ပညာ အခြေခံ နည်း ကြရာ မှာ လည်း တူ နေ ကြပြန်တယ် ။

မီးရထား လောက သား မဟုတ် ရင် ဒီဇယ်စက်ခေါင်း က ဘယ် နိုင်ငံ က ထုတ်လုပ်တယ် ဆိုတာ တပ်အပ် မပြော နိုင်ပေဘူး ။ ရေနွား ၊ ဆေဇန်း ၊ ပေါလ် ဂေါ်ဂင် ၊  ဗင်းဆင့်ဗန်းဂိုး ၊ မိုဒီဂလရာနီ တို့ ရဲ့ ပန်းချီကားတွေ ကို ပြတိုက်တွေ ထဲမှာ စနစ်တကျ သိမ်းဆည်း ပြသ ထားတတ် တဲ့ ပြင်သစ်နိုင်ငံ လုပ် ဒီဇယ် စက်ခေါင်း ဖြစ် ချင် ဖြစ်မယ် ။ ဒါမှမဟုတ် ကမ္ဘာကျော် ဘောလုံးသမား ဖရန့်ဇ် ဘက် ကင်ဘောဝါ ၊ ဂတ်မူလာ ၊ ယူဝီဆီးလား တို့ ကို မွေးထုတ် ပေးလိုက်တဲ့ ဂျာမနီနိုင်ငံ က လည်း ဖြစ်နိုင်တယ် ။ သေချာတာ တစ်ခု က တော့ စက်ခေါင်း တစ်လုံး ဖြစ်ဖို့ ချွေးစက်တွေ လိုအပ်တယ် ဆိုတဲ့ အကြောင်း ပဲ ။ လူတွေ က ချွေး တစ်စက် ၊ သွေး တစ်စက် စွန်းပေ သွားခဲ့ရင် ရေဆေး တိုက်ချွတ် ပစ် လို့ ရတယ် လို့ အထင် ရှိကြတယ် ။ ဟောဒီ စက်ခေါင်း ရဲ့ ကြမ်းပြင် တစ်နေရာ မှာ ဥရောပ အလုပ်သမားတွေ ရဲ့ ချွေးစက်တွေ နဲ့ အင်းစိန် နဲ့ ရွာထောင်စက်ရုံ က အလုပ်သမားတွေ ရဲ့ ချွေးစက်တွေ စွန်းထင်း ပေါင်းဆုံ ခဲ့ကြဖူးတယ် ။ ဘယ်လို မှ ဆေးကြော တိုက်ချွတ် လို့ မရတော့ဘူး ။

ဆပ်ခင်းကြီး ရွာ နား က ရထားသံလမ်း က ရထားလမ်း စ ဖောက် ကတည်း က ရှိ နေတဲ့ သံလမ်း တော့ မဟုတ်ဘူး ။ အသစ် လဲလှယ် ပေးထားတဲ့ သံလမ်း ။ အရင် သံလမ်းတွေ က ခါးသည်း တဲ့ စစ်ဒဏ် ကြောင့် အပိုင်းပိုင်း အတစ်တစ် ဖြတ် ခဲ့ရပြီ ။ ဘဝ ပြောင်း သွား ကြပြီ ။ သံဖြူသမားတွေ ၊ ပန်းပဲ လုပ်သားတွေ ၊ တွင်ခုံလုပ်သမားတွေ ၊ ဆီချေးတွေ ပေကျံ နေတဲ့ ဝပ်ရှော့ လုပ်သားတွေ နဲ့ ဘဝ တူ ဖြစ် သွားရပြီ ။ အလွန် အသုံးဝင်တဲ့ ပေခုံတွေ ပေါ့ ။

ရွာကလေး က အရင် တည် ၊ နောက်ပြီး မှ မီးရထားလမ်း က ဖောက် ၊ မီးရထား ထက် ရွာကလေး က အသက် ကြီးတယ် ။ ဆပ်ခင်းကြီး က အစ်ကို ဆိုရင် မီးရထား က ညီ ပဲပေါ့ ။ ရေနွေးငွေ့ စက်ခေါင်း က လွင့်စင် ကျကျန် ခဲ့တဲ့ ကျောက်မီးသွေးတုံးလေးတွေ ကို ရွာသားတွေ လိုက် ကောက်ခဲ့ကြ ဖူးတယ် ။ ရေနွေးငွေ့ စက်ခေါင်းတွေ ရော ဒီဇယ်စက်ခေါင်းတွေ ပါ ရွာကလေး နား မှာ ဥဒဟို ဖြတ် သွား ခဲ့ကြဖူးပြီ ။ ဒါပေမယ့် ဆပ်ခင်းကြီး သား တစ်ယောက် မှ ရထား မစီး ဖူး သေးဘူး ။ တခြား ရွာ က ကျောင်း လာ ထိုင်တဲ့ ဒုတိယ ကျောင်းထိုင် ဆရာတော် တစ်ပါး ပဲ ရထား ကို စီး ဖူးတယ် ။ ဘူတာရုံ ရှိတဲ့ မြို့ကလေး ကို သွား စီးရတာ ။ လှည်း တစ်တန် ၊ လှေ တစ်တန် နဲ့ ကြွ ရ ရှာတယ် ။ ဆေးကု သွားတဲ့ ဒီ ဆရာတော် က အပြန် မှာ ရထား စီး ရတဲ့ အတွေ့အကြုံ ကို အားပါးတရ ဖောက်သည် ချ ချင် ပေမယ့် ဆန္ဒ မပြည့်ဘဲ ပျံလွန်  ရရှာတယ် ။

အခု ကျောင်းထိုင် နေတဲ့ ဆရာတော် က တော့ တစ်နေ့ နေ့ မှာ သူ လည်း ပဲ မီးရထား စီးဖူးရမယ် လို့ မျှော်လင့် ထားတယ် ။ ဆန္ဒ က တော့ မြန်မာပြည် အနှံ့ ဘုရားစုံ လည် ဖူး ချင်တာ ။ ဘုရာစုံ ဖူး ပြီး အပြန် ကျ ရင် အတွေ့ အကြုံတွေ ကို တရား ထဲ ထည့် ဟော လိုက်ဦးမဟဲ့ တဲ့ ။ ကြိတ်ပြီး ကြုံးဝါး နေတယ် ။

ကျောင်းဝင်း ထဲ မှာ ဆူဆူညံညံ အော်ဟစ် ကစား နေကြတဲ့ ကလေး တွေ ကို ဆရာတော် ငေးမော ကြည့် နေတာ အတော် ကြာသွားပြီ ။ ကလေး တော်တော်များများ က ဖတဆိုးလေးတွေ ဖြစ် နေကြတာ ဆပ်ခင်းကြီးရွာ ရဲ့ ထူးခြားချက် ပဲ ။ ကလေးတွေ ဘာကြောင့် မိဘမဲ့ ဖြစ် ရတာလဲ ။ လင်မယားတွေ ဘာလို့ ခဏခဏ ကွဲကြ ရ တာလဲ ။ ကံတရား ကြောင့်လား ။ ကြမ္မာ ကြောင့် လား ။ တခြား ရွာတွေ မှာ ရော သားကွဲ မယားကွဲ တွေ မရှိ ဘူးလား ။ ဆရာ တော် စဉ်းစား ကြည့်တယ် ။ တိကျတဲ့ အဖြေ မရဘူး ။ ကျောင်းသားလေးတွေ ထွေခင်းတမ်း ကစား နေကြတယ် ။ ကျောင်းသူလေးတွေ က ထုပ်ဆီးတိုးတမ်း ပေါ့ ။ ကလေးတွေ အထဲ မှာ မိစုံ ဖစုံ က အရှား သား ။ မိစုံ ဖစုံ ရှိတဲ့ ကလေးတွေ သူတို့ မိဘတွေ နဲ့ သေတပန်သက် တဆုံး အတူ နေသွား နိုင်ကြပါစေ လို့ ဆရာ တော် မကြာခဏ ဆုတောင်း ရတယ် ။

ဆရာတော့် ဆီ ကို ပြဿနာတွေ သပိတ် နဲ့ သယ် တဲ့ ကလေးက သယ် တယ် ။ ဆွမ်းချိုင့် ထဲ ထည့် သူ က ထည့် ခဲ့တယ် ။ မောင်းထောင်ချိုင့် နဲ့ မဆံ့ အောင် လုပ် သူ က လုပ် ။ မိုးဗြဲဒယ် ထဲ ထည့်ပြီး ပြဿနာတွေ ကို သုံးလေး ယောက် မ တဲ့ သူ က မ ကြ ။ သင်္ကန်းဟောင်းတွေ နဲ့ စု ချည်တဲ့ ကလေး က စုချည် ထားရဲ့ ။ ဘုရားခန်း မှာ ရော ၊ ကျက်သရေခန်း မှာ ပါ ကလေးတွေ သယ်လာ တဲ့ ပြဿနာတွေ နဲ့ ပြည့်နှက် နေတယ် ။ မိတဆိုး ဖတဆိုး ကလေးတွေက  ပြဿနာတွေ သယ် အလာ ဆုံးပဲ ။ ဆရာတော် ဘုရားစုံ သွား ဖူးလို့ ရှိရင် ဒီ ကလေးတွေ ကို လည်း ခေါ်သွား ချင်ရဲ့ ။ ကပ္ပိယ အဖြစ် ခေါ်ရမယ့် သူ ကို သူ စဉ်းစား ကြည့်တော့ ဆပ်ခင်းကြီး တစ်ရွာလုံး အပြင် ကြိုးကြာအိုင် က ပါ ပါ လိုက်သေးတယ် ။ ဆရာတော် ဆက် မတွေးတော့ဘူး ။ ကြာရင် ရထားတွဲ နဲ့ မဆံ့ဘဲ ဖြစ်ရော့မယ် ။ သူ့ ဒကာ ဒကာမတွေ နဲ့ ပတ်သက်ပြီး မချင့်မရဲ ဖြစ် မိ တာ တစ်ခု က ပညာ အခြေခံ နည်းကြတဲ့ အကြောင်းပဲ ။ ဘာလို့ စာ မသင်ကြ တာတုံး ။ ပညာ မတတ် လို့ မသင် ၊ မသင် လို့ မတတ် နဲ့ ချား လို ချာချာ လည် နေတယ် ။ ဒါလည်း အမယ်ဘုတ် ရဲ့ ချည်ခင် ပဲ ။

ဆပ်ခင်းကြီး ရွာသား တစ်ယောက် အဝါရောင် ထူပိန်း နေတဲ့ လယ်ကွင်းပြင် မှာ ရပ်နေတယ် ။ သူ့ ခြေဖနောင့် နှစ်ဖက်စလုံး မှာ အက်ကွဲကြောင်း တွေ ဗလပွ နဲ့ ။ တစ်လက်မ ကို တစ်မိုင်စကေး နဲ့ ရေး ထားတဲ့ မြစ်ဝကျွန်းပေါ် ဒေသ ရဲ့ မြေပုံ ထဲ က မြစ်တွေ ၊ ချောင်းတွေ ၊ မြောင်းတွေ နဲ့ တူ သေးတော့ ။ အဝေး မှာ တစ်ရိပ်ရိပ် ခုတ်မောင်း နေတဲ့ မီးရထား တစ်စင်း ကို ဆွေးမြေ့တဲ့ မျက်လုံး နဲ့ ငေးမော ကြည့်နေတယ် ။ ဘယ့်နှယ်လဲ ၊ လူတွေ ကိုယ့် အိမ်ကို မှ နေကြသေးရဲ့လား ။ ခရီး သွား သွား နိုင်ကြ လွန်းတယ် ။ ဘာတွေများ လုပ်ကိုင် စားကြတဲ့ လူတွေပါလိမ့် နော် ။ မီးရထား ကို မြင်ရတိုင်း ၊ ဥသြသံ ကြားရတိုင်း ၊ တံလျှပ်တွေ ကြားက သံလမ်း ပြောင်ပြောင်တွေ ကို မြင်ရတိုင်း ရထား စီးဖူး ချင်စိတ် ပေါ်လာတယ် ။

ဒီ ရထားတွဲ ဟာ မဇ္ဈိမတိုင်းဖွား တစ်ယောက် ဆိုတာ တွဲပေါ် မှာ ပါတဲ့ ခရီးသည်တွေ က မသိကြဘူး ။ မဇ္ဈိမ ရထားလုပ်သားတွေ ရဲ့ ချွေးစက်တွေ စွန်းပေ နေတာ ကို လည်း သတိ မရကြဘူး ။ မူးယစ် စေတဲ့ ဆေးလုံးတွေ ကို စပ်ပြီး သောက်ဖို့ ဖော်မြူလာ အသစ် ရှာ နေတဲ့ ဆန်ကုန်မြေလေး တစ်ယောက် ဒီ တွဲပေါ် မှာ တလိမ့်လိမ့် တလူးလူး နဲ့ လိုက်ပါ လာတယ် ။ ထိုင်ခုံ ကြား က ကိုက် လိုက် တဲ့ ကြမ်းပိုး ကြောင့် လူသူ ရှေ့ မရှောင် သူ့ ရဲ့ ခပ်ပိန်ပိန် တင်ပါး ကို တဂျီးဂျီး ကုတ် နေတဲ့ အငြိမ်းစား အငြိမ့်မင်းသမီး တ စ်ယောက် က လူ အန္ဓကလေး နဲ့ မျက်နှာချင်း ဆိုင် ထိုင် လို့ ။ အလုပ်သမား ၊ လယ်သမား ဦးဆောင်တဲ့ ခေတ် ကို မျှော်လင့် နေတဲ့ လူငယ်လေး က မှိုင်းပြာပြာ အလယ်ရိုးမ ဆီ ငေးမျှော် ရင်း လိုက် လာတယ် ။ လေးကောင်ဂျင်ဝို င်းမှာ အနိုင် ကြ မ်းလာခဲ့တဲ့ လူလတ် တစ်ယောက် က ဒီ ရထား ပေါ် မှာ တင် တစ်ဆက်ရှင် လောက် လှည့် လိုက် ရရင် လို့ တွေးရင်း မျက်လုံး ထဲ မှာ အက်ဖ်အီးစီတွေ ကို မြင်ယောင် နေတယ် ။ ခြေ တစ်ဖက် ကို “ ..... ရှင် ”  ဆိုတဲ့ စကားလုံးလှလှ တစ်လုံး နဲ့ အဓမ္မ အလဲ အလှယ် ခံခဲ့ရ သူလည်း ဒီ တွဲ မှာ ပိန်လိန်ကောက်ကွေး ပြီး လိုက် လာတယ် ။  ဖြတ် ခဲ့ရတဲ့ ခြေတစ်ဖက် အတွက် ဆွေးရင်း အစား ထိုး မဝယ်နိုင်သေး တဲ့ ခြေတု တစ်ဖက် အတွက် တွေးလို့ ။ တရား မဝင် သားကြော ဖြတ် ပေးပြီး လူ တစ်လုံး သူ တစ်လုံး ဖြစ်နေတဲ့ လူ တစ်ယောက် က သားဖွားနဲ့ မီးယပ်ပါရဂူ ဆရာဝန်ကြီး တစ်ယောက် နဲ့ ထိုင်ခုံ တစ်လုံး မှာ ကျောချင်းကပ် ထိုင် လိုက် လာ ကြတယ် ။

မဇ္ဈိမနွယ်ဖွား ရထားကြီး ဟာ မကြာခင် မှာ မြစ်ငယ် ရထားဆေးကု ခန်း တက် ရဦးတော့မယ် ။ မြစ်ငယ် မှာ မီးရထား အလုပ်သမားတွေ က တွဲကြီး ကို အူ အတက် ဖြတ် ပေးကြလိမ့်မယ် ။ ဟာနီးယား ကို ခွဲစိတ်ကြ လိမ့်မယ် ။ ချောင်းဆိုး သွေးပါ အတွက် ဆေးပြင်းတွေ ထိုး ကြ လိမ့်မယ် ။ တြိကဋုက်ဆေး တိုက်ကြလိမ့်မယ် ။ မဘဲမြင်းမိုရ်ကုန်း ကျွေးကြ လိမ့်မယ် ။ ဆေးဖယောင်းချက် တွေ ကပ်ပေး ကြလိမ့်မယ် ။ ပြီးရင် ပလတ်စတစ် ဆာဂျရီ လုပ်ပေး လိမ့်မယ် ။ စေးပျစ် နေတဲ့ လိမ္မော်ရောင် အောက် မှာ သိပ်သည်း နေတဲ့ အဝါရောင် လယ်ကွင်းပြင်ကျယ်ကြီး ရှိတယ် ။ ခပ်လှမ်းလှမ်း မှာ မှိုင်းညို့ နေတဲ့ ရိုးမ က နောက်ခံ ထားလို့ ။ ရောင်စုံ ရထား တစ်စင်း တရွေ့ရွေ့ ခုတ်မောင်း လာ တာ ဟာ မြန်မာပန်းချီကျော် တစ်ဦး ရဲ့ လက်ရာမြောက် အိတ်စ်ပရက်ရှင်း ပန်းချီကား တစ်ချပ် ပါ ပဲ ။

ဒီလို လိမ္မော်ရောင် နေပြင်းပြင်း အောက်မှာ တစ်နေ့ က ဆပ်ခင်းကြီး ရွာသား ကလေးငယ် သုံးယောက် အရိပ် မခိုကြဘဲ ရထား အလာကို  စောင့် နေခဲ့ ကြဖူးတယ် ။ ရထား က တဖြည်းဖြည်း နီးလာတာ နဲ့ အမျှ သူတို့ ရင် ထဲ မှာ လည်း ရထား ခုတ်သံ နဲ့ အပြိုင် တထိတ်ထိတ် နဲ့ ပေါ့ ။ ရထားသံလမ်း နဲ့ အပြိုင် မီတာ ၄၀ လောက် ရှည်တဲ့ ဖုန်သောသော လှည်းလမ်းကလေး ဆီ သူ တို့ ကြည့် နေကြတယ် ။ ရထား နဲ့ သူတို့ အပြေး ပြိုင်ကြမလို့ တဲ့ လေ ။ ဒီလို ပြိုင် ကြတာ သူတို့ မှ မဟုတ်ဘူး ။ သူတို့ အဖေတွေ တုန်း ကလည်း အပြေး မြန်တဲ့ နွားလှည်း နဲ့ ဒုန်းစိုင်း ယှဉ်ပြိုင်ခဲ့ကြ ဖူးတယ် ။  ကလေးတွေ သတ်မှတ်တဲ့ နေရာ ကို ရထား က ရောက်ပြီ ။ စက် နဲ့ လူ နဲ့ အားချင်း ပြိုင်ပြီ ။ မျက်စိ ကို စုံမှိတ် ၊  ခြေကုန် သုတ် ပြေးပြီ ။  သူတို့ အတွက် တော့ တကယ့် အရေးကြီးတဲ့ ဧရာမ ပြိုင်ပွဲကြီး ။ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲ သွားပါစေ ဆိုတဲ့ စိတ်ဓာတ် ကိုယ်စီ နဲ့ ။ မီတာ ဆယ့်ငါး ၊ နှစ်ဆယ် ယှဉ် တုန်းပဲ ။ အစိတ် ပြေး တုန်းပဲ ။ သုံးဆယ် ပြေးအား ကို အမြန်ဆုံး မြှင့် လိုက်တယ် ။ ဒါပေမယ့် သူတို့ နဲ့  ယှဉ်ရက် က ခေါင်းတွဲကြီး မဟုတ်တော့ ဇွဲမလျှော့ ဆက် ပြေးကြတယ် ။ ပန်းတိုင် ရောက်ပြီ ။ သွားပြီ ။ သွားပြီ ။ သူတို့ ကလေးတွေ မော နေကြတယ် ။ တစ်ယောက် ရဲ့ နှလုံးခုန်သံ တစ်ယောက် ကြား နေ ကြရတယ် ။ နှုတ်ခမ်း က လွဲလို့ မျက်နှာ တစ်ခုလုံး ချွေး တွေ စိုလို့ ။ ဒီတစ်ခါ တော့ ရှုံးပြီ ။ ကိစ္စ မရှိ ။ နောက် တစ်ခါ နိုင်ရမယ် ။ နိုင် ရုံ တင် မကဘူး ။  ရထားကြီး ပါ စီး ရမယ် ။ သူတို့ အချင်းချင်း ဖွင့်သာ မပြောကြတာ ။  စိတ် ထဲ မှာ မကျေမနပ် ဖြစ်နေတာ တစ်ခု ရှိတယ် ။ အဲဒါကတော့ ရထားတွဲ ပေါ် မှာ ပါ လာကြတဲ့ လူတွေ က သူတို့ ပြိုင်ပွဲ ကို အားပေးဖို့ နေနေ သာသာ ဘယ်သူ က မှ အာရုံ စိုက်တာ ၊ ကြည့် သွားတာ မခံလိုက်ရဘူး လို့ ထင် နေကြတဲ့ အချက်ပဲ ။ တကယ် လည်း ဘယ်သူ မှ ဂရုမစိုက် ခဲ့ကြပါဘူး ။

ရထားတွဲကြီး က သာ စကား ပြော တတ် ရင် ကျုပ် က  စိနတိုင်းသား ဗျ လို့ ပြောလိမ့်မယ် ။ ကျွန်တော့် ကို မွေးဖွား လိုက်တဲ့ အလုပ်သမားတွေ က ခရီးသည် အမျိုး စုံ တင်ဆောင် သွားလိမ့်မယ် ဆိုတာတော့ သူ တို့ သိကြတယ် ။ ဒီလောက် အရောင်အသွေး စုံကြမယ် လို့ သူတို့ ထင်ကြမှာ မဟုတ်ဘူး ။ တည်ဆောက်ရေး လုပ်သားတွေ ၊ ထွန်စက်မောင်းသမားတွေ ၊ ရုံးသူ ရုံးသားတွေ ၊  ရွှံ့ပေ နေတဲ့ လယ်သူမတွေ ၊  ဖဝါးအက် နေတဲ့ တောင်သူတွေ ၊ ပန်းရံ နဲ့ လက် သမားတွေ စီး ကြလိမ့်မယ် လို့ သူတို့ ထင်ခဲ့ကြတာ ။ အခုတော့ဗျာ .... လို့ လေပူတွေ မှုတ်ထုတ် ရင်း သူ့ စကား ကို ခဏ နား လိမ့်မယ် ။

ဒီ တွဲ ပေါ် မှာ မြို့ တစ်မြို့က ပညာရေးဝန်ဆောင် ပေးမယ့် ဘော်ဒါ ကျောင်း ကို သွားမယ့် လူငယ်ကလေး တစ်ယောက် ချစ်ရည်းစား ကို လွမ်း တဲ့ မျက်နှာ နဲ့ လိုက် လာတယ် ။ သူ နဲ့ ဓားလွယ်ခုတ် နေရာ မှာ စားပွဲရုံ တစ်ခု မှာ စားပွဲထိုး အလုပ် သွား လုပ်မယ့် အသားညိုညို လူငယ်လေး တစ်ယောက် က တော့ ဟိုတယ်သုံး အင်္ဂလိပ် စကားပြော ကို အလွတ် ကျက် နေ လေရဲ့ ။ ပြည်သူပိုင် အသိမ်း ခံရလို့ စိတ်ရောဂါ ရခဲ့ဖူး သူ တစ်ယောက် က လည်း ဒီ ရထားကြီး ကို သူ ပိုင် စိတ်ကူး နဲ့ ပြန် သိမ်း ကြည့် နေမိတယ် ။ မျက်နှာ နီနေတဲ့ လူလတ်ပိုင်း တစ်ယောက် က အရက်ပုလင်း ကို ဖွင့် လို့ တစ်စွတ်စွတ် သောက် နေတယ် ။ သူ့ ဘဝမီး ကို ရမ် နဲ့ ငြိမ်း နေတယ် ထင်ပါရဲ့ ။ သောက်ရေသန့် ပုလင်း ထဲ က ရေ ကို သွန်ချတာ က မှ နှေး လိမ့်ဦးမယ် ။

ပါတိတ် အထက်အောက် ဝတ် ထားတဲ့ အမျိုးသမီး က ရထား ပေါ် မှာ မယုံမရဲ နဲ့ ထိုင် လိုက် လာတယ် ။ သူ့ ဘဝ က သူ့ ကို ခြောက်လှန့် နေတယ် ။ တွဲ ကတော့ ဒီလို တွဲပဲ ။ သူ့ အရှက် နဲ့ မာန ကို အိတ်သွန် ဖာမှောက် အနင်းချေ ခံခဲ့ရတာ ဒီ တွဲများ ဖြစ်လေ မလား ။ ကြယ်သီး ကို ဖြုတ် ၊ ဇစ် ကို ဆွဲချ ၊ ခြေကျင်း ဝတ် ကနေ ဘောင်းဘီရှည် တစ်ထည်ကို ချွတ်လိုက်ပုံ က ပုဆိုး တစ်ထည် ကွင်းလုံး ချွတ် ပစ်တာ ထက် မြန်သေးတဲ့ လူတွေ ။ လူသွားလမ်းကလေး မှာ လူရိပ် မြင်ရင် တွဲ အပြင် ဘက် ကို သူ့ မျက်နှာ လွှဲ နေ လိုက်တယ် ။ အထက် အညာ က ဆရာတော် တစ်ပါး ကို ရှေးဟောင်းပစ္စည်း ခိုး ရောင်းသူ တစ်ယောက် က စီးကရက် နဲ့ ဝတ် ဖြည့်ရင်း သူ လိုရာ ကို တဖြည်းဖြည်း ချဉ်းကပ် နေတယ် ။ သစ်ပင်တွေ ကို ချစ်တဲ့ ၊ တိရစ္ဆာန်တွေ ကို ချစ်မြတ်နိုးတဲ့ ၊ စိမ်းလန်း ငြိမ်းချမ်းမှု ကို နှစ်သက်တဲ့ လူငယ် တစ်ယောက် ၊ အလွန် နာမည်ပျက် တဲ့ ဆင်ပစ် မုဆိုး တစ်ဦး နဲ့ မျက်နှာချင်းဆိုင် ထိုင် လိုက် လာတယ် ။

မီးရထား ကို မြင်တိုင်း ရင် ထဲ မှာ မချင့်မရဲ ဖြစ်နေရသူ တစ်ယောက် ရှိတယ် ။ သူ က ပုစွန်လုံး နှိုက် နေတယ် ။ ရထားသံ ကြား တော့ ပုစွန်လုံး က မထွက် တော့ဘူး ။ သူ ကျောင်း နေတဲ့ နွားမအုပ် ထဲ က ဂျိုကုတ်မ က ရထား သံလမ်း ပေါ် ရောက် နေပြီ ။ သူ လှမ်း ပြီးတော့ ခြောက်တယ် ။ ဂျိုကုတ်မ က အစာ ငမ်း နေတယ် ။ သူ့ ရှေ့ တင် အရှင်လတ်လတ် နုတ်နုတ်စင်း ခံ လိုက်ရတာ မြင် နေ ရတယ် ။ တခြား ရွာ က နွားမအုပ်ပိုင်ရှင် ရဲ့ ခက်ထန်တဲ့ မျက်နှာကြီး ကို မြင်ယောင် နေရာ က သူ လည်း ပဲ အဖမ်း ခံရနိုင်တယ် ဆိုတာ ကြားဖူး လို့ လူလွတ် ထွက်ပြေး ခဲ့ရဖူးတယ် ။ ဘယ်ကို ပြေးရမယ် မသိ ။ ခြေဦး တည့် ရာ စွတ်ပြေး မိတယ် ။ ကလေး ခြေလှမ်းနဲ့ တော်တော်ဝေးဝေး ပြေး ပြီး မှ လည် ပြန် ကြည့် လိုက်တော့ ဂျိုကုတ်မ ရဲ့ နီနီရဲရဲ အသားတစ်တွေ ကို လူ တချို့ က ရထားပေါ် ဆွဲတင် နေကြလေရဲ့ ။ အဲဒီ မြင်ကွင်း က သူ့ အတွက် ကနေ့ အထိ မမေ့နိုင်စရာပါပဲ ။

ရထား တစ်စင်း ဖြတ်သွား ပြီး ရင် နောက်ဆုံးတွဲ ရဲ့ နောက်ပိုင်း မှာ ဖုန်မှုန့်တွေ ၊ အမှိုက်တွေ တဝဲဝဲ ဖြစ်စေတဲ့ လေပွေလေး တစ်ခု ဖြစ် ကျန် နေခဲ့တတ်တယ် ။ ဒီ လေပွေလေး ထဲ က အလွန် လှတဲ့ ယိုစုံ အိတ်ခွံလေး တစ်ခု ကို ဆပ်ခင်းကြီး က ကလေး တစ်သိုက် ကောက်ရခဲ့ ကြ ဖူးတယ် ။ တံဆိပ် က ရောင် စုံ ။ ချစ်စရာကလေး ။ သူတို့ ပလတ်စတစ်အိတ်ကလေး ကို ဖြဲ ပြီး အကတ်အသတ် ယို လက်ကျန်ကလေး ကို နည်းနည်းစီ မျှ ပြီး မြည်း ကြည့် ခဲ့ကြဖူး တယ် ။ အလိုလေး အရသာ ရှိ လှပါလား ။ ငါ့ မှာ သာ ပိုက်ဆံတွေ အများကြီး ရှိ ရင် ဒီလို ယိုစုံတွေ တဝကြီး စား ပစ်မယ် ဆိုတဲ့ စိတ်ကူး ကိုယ်စီ ရ သွား ကြတယ် ။

ကြော်ငြာမင်းသမီး သိပ် ဖြစ်ချင်တဲ့ တောမြို့ ကလေး က လှယဉ်ကျေးမယ် တစ်ဦး ထိုင် လိုက်ရင် အိခနဲ ဖြစ် သွားတဲ့ ခုံ တစ်ခုံ မှာ ထိုင် လိုက် လာ တယ် ။ သူ ရှေ့ က ကတ်ကြေးကိုက် အလွန် တော် တဲ့ လူကြီး တစ်ယောက် ထိုင် လို့ ။ သူ့ ဆီ မှာ ခရက်ဒစ်ကဒ်တွေ အများကြီး ရှိတယ် ။ ရောင်စုံ ရှိတယ် ။ ခရက်ဒစ်ကဒ်တွေ ကို ပိုကာ ကစားသူ တစ်ယောက်လို သူ့ လက် ထဲ မှာ ကိုင် ထား နိုင်တယ် ။ ဆွဲကြိုးတွေ ၊ လက်ကောက်တွေ ကို ကတ်ကြေး ကိုက်တဲ့ လူ တော့ မဟုတ်ဘူး ။ ငွေလင်ပန်း ပေါ် က မြစိမ်းရောင် ကတ္တီပါစ ၊ မြစိမ်းရောင် ကတ္တီပါ စ ပေါ် က ဘော်ငွေရောင် ကတ်ကြေး နဲ့ ပိုးသား ၊ ဖဲသား အတိ ပြီးတဲ့ ဖဲကြိုး လှလှတွေ ကို ကတ်ကြေးကိုက် ညှပ် ပေး ရသူပေါ့ ။ သူ့ ညာဘက် လက် နဲ့ ဘီယာ ဘူးခွံ ကို သူ ပစ် လိုက်တယ် ။ ဘီယာဘူးခွံ က ကန်သင်းထိပ် မှာ ကျွမ်းထိုး မှောက်ခုံ လွင့်သွား လေရဲ့ ။

တို့ မြို့ မှာတော့ အေအိုင်ဒီအက်စ် ရောဂါ ကြောင့် ပထမဆုံး သေ သွား တဲ့ မသာ က တော့ ဒီ အကောင် ပဲ လို့ ပြောရတော့မယ့် နယ်မြို့  က ' မ သမား ' တစ်ယောက် ဒူး ကို တဇတ်ဇတ် နန့်ရင်း လိုက် ပါလာတယ် ။ ခေတ်သစ် သမထီး စိတ် ဝင်နေတဲ့ ရသေ့ တစ်ပါး လည်း ဒီတွဲ မှာ ပါလာတယ် ။ သူ့ လက်ဖျံ က ခြင်္သေ့ရုပ် ဆေးမင်ကြောင် ကြောင့် သူ ဟာ အင်္ဂါနေ့ဖွား ဖြစ်ဖွယ် ရှိတယ် ။ ရသေ့ က မုတ်ဆိတ်ကျင်စွယ် ရော ခေါင်း ပါ ပြောင်အောင် ရိတ် ထားတယ် ။  သူ တည်ခဲ့တဲ့ ဘုရားတွေ အတွက် အားရ ကျေနပ် နေပုံပဲ ။ ဒီ ဘုရားတွေ အကြောင်း ဂုဏ်ပြု စပ်ဆိုမယ့် ၊ နောက် ထုတ်မယ့် သီချင်းခွေ အတွက် စကား လုံးတွေ ကို နှစ်ချပ်ပြူ ဆင်းဒဝစ်   မြုံ့ ရင်း စဉ်းစား လာတယ် ။

ကိုရီးယားနိုင်ငံ မီးရထား အလုပ်သမားတွေ က အလုပ်သမား အခွင့်အရေးတွေ အတွက် သပိတ်မှောက် တိုက်ပွဲ ဆင်ခဲ့ကြဖူးတယ် ။ တိုက်ပွဲ က ရက်ရှည်ပြီး အဆင်းရဲ အပင်ပန်း ခံပြီးမှ အောင်ပွဲ ရ ခဲ့ ကြတယ် ။ လုပ်ငန်းခွင် ပြန် ရောက်တော့ တည်ဆောက်လက်စ ရထားတွေ ကို ဆက်ပြီး တည်ဆောက် ကြတယ် ။ အောင်ပွဲခံ စိတ် အပြည့် နဲ့ အလုပ် လုပ်ရင်း လုပ်သားတွေ ပြောကြတဲ့ စကားတွေ က “ ဒီ တွဲတွေ က ဘယ် တိုင်းပြည် ရောက်မယ်လို့ ငါ တို့ မသိနိုင် ဘူး ။ ဘယ် တိုင်းပြည် ပဲ ရောက်သွားပါစေ ကွာ ။ တို့ တွဲတွေ ရောက်တဲ့ တိုင်းပြည် က အလုပ်သမားတွေ လည်း တို့ လိုပဲ တိုက်ပွဲတွေ မှာ အောင်နိုင်တဲ့ သူတွေ ဖြစ်ပါစေလို့ ဆုတောင်းတယ် ” တဲ့ ။

တစ်ဝက်ခ ပဲ ပေး ရတဲ့ ကလေးလက်မှတ် ကိုင်ဆောင် ထားသူ က စိုးရိမ်သောက ဖြစ် ရတာ ကျ တော့ လူကြီး တစ်ယောက် ထက် မနည်းဘဲ ဖြစ်နေ ရတာ ဘာကြောင့် လဲ ။ လူလတ် တစ်ယောက် က ဒီ ပုစ္ဆာ ကို အဖြေ ရှာရင်း လိုက် လာတယ် ။ သူ့ နံဘေး မှာ မလိုင်အပြည့် နို့ဆီ ၊ မလိုင်လုံး ၊ မလိုင်မုန့် ၊  မလိုင်ခဲ ၊ မလိုင်ကျွတ် ၊ မလိုင် ကရေကရာ တွေ ကို သိပ် ကြိုက်တဲ့ ကိုလက်စထရော ဇောတိက တစ်ယောက် ပါလာတယ် ။ သူ့ လက်ကြား မှာ စီးကရက် တစ်လိပ် က တငွေ့ငွေ့ လောင်လို့ ။  ဒီ ကိုလက်စထရော ဇောတိက ကြီး သေ ရင် ကျွန်းသား ခေါင်း ထဲ ထည့်ပြီး သင်္ဂြိုဟ် လိမ့်မယ် ။ သူ့ လက်ထဲ က စီးကရက် နဲ့ ကျွန်းသစ်တွေ နဲ့ လဲလှယ် နေရတာ ကို သူ မသိချင်ဟန် ဆောင် နေတယ် ။

သာသနာ့တက္ကသိုလ် နဲ့ တက္ကသိုလ် ချင်း မှား တက် ခဲ့ရတဲ့ ဦးပဇင်းပျို တစ်ပါး ခါး ကို မတ်မတ် ထိုင် လိုက် လာတယ် ။ ဘားတော့ဘရက် ၊ ပက်ဗလို နီရူဒါခါလီဂျီဘရန် ၊ ရာတော့ဆလပ်ဆိုက်ဖရဲ အစ ရှိတဲ့ ကဗျာဆရာတွေ ရဲ့ ကဗျာတွေ သူ့ အသွေးအသား ထဲ မှာ လှည့်ပတ် နေကြတယ် ။ ဆရာ ဒဂုန် တာရာ ၊ ဆရာကြည်အောင် နဲ့ ဆရာတင်မိုး တို့ ရဲ့ ကဗျာတွေ လည်း သူ့ နှုတ်ဖျား မှာ တရွရွ နဲ့ ။ ရထား ထွက် ကတည်း က ကဗျာမျိုးစုံ စိတ်ကူးနဲ့  ရွတ် လာ လိုက်တာ အခု ပြင်သစ်ကဗျာဆရာ ပရေဗား ရေးတဲ့ “ ပီကာဆိုရဲ့ ပဉ္စလက် မီးအိမ် ”  ဆိုတဲ့ ကဗျာ ကို ရွတ် နေတယ် ။

တက္ကသိုလ် က ဘွဲ့  ၊ ဘွဲ့လွန် နဲ့ ဒီပလိုမာ လက်မှတ်တွေ တသီကြီး ရ ထားတဲ့ လူ တစ်ယောက် အခု လည်း ကွန်ပျူတာကျောင်း တစ်ခု ဆီ ကို ခရီး ဆက် နေပြန်ပြီ ။ သူ က တော့ ပရိတ်ကြီး ဆယ့်တစ်သုတ်လုံး အလွတ် ရတဲ့ သူ ။ သူ ဝဋ္ဋသုတ် ကို ရာဟုဂြိုလ်သက်ပြည့်အောင် ရွတ် နေ လေရဲ့  ။

မျက်နှာ တစ်ခုလုံး ဆေးသား တွေ တင် ထားပြီး ကျွန်မ က တော့ မို့မောက်ဖွံ့ထွားတဲ့ ဟောဒီ ရင်သား အစုံ အတွက် သိပ် ဂုဏ်ယူတာပါပဲ ရှင် ၊ ကြည့်ကြပါဦး ဆိုတဲ့ မျက်နှာပေး နဲ့ ထိုင်ရင်း ကိုယ်ဟန် ပြ လာတဲ့ အမျိုးသမီး တစ်ယောက် လည်း ပါ လာတယ် ။ တိရစ္ဆာန်အဆီတွေ အများကြီး စားပြီး မျက်နှာကြီး ကလည်း အဆီပြန် လို့ စိတ် ကလည်း တိရစ္ဆာန်စိတ် ပေါက်နေတဲ့ အသားဖြူဖြူ လူ တစ်ယောက် က အဲဒီ အမျိုးသမီးကို သား ကြည့် ၊ မယား ကြည့် ကြည့် ရင်း လိုက်လာတယ် ။ တံတွေး ခဏခဏ မျို လိုက် ၊ တိုနံ့နံ့ နှာခေါင်း ကို ရှုံ့ချည်ပွချည် လုပ်လိုက် နဲ့ ဟမ်ဘာဂါ ကို ပလုပ်ပလောင်း ဝါးရင်း လက် က လည်း ဟမ်ဘာဂါ ကို နာနာဖျစ် နေ တတ်လေရဲ့ ။

ညတိုင်း မီးလင်း နိုင်တဲ့ အိမ် က ဆပ်ခင်းကြီး မှာ အရှား သား ။ အခု ရက် မှာ ဒေါ်ကု,လားမ အိမ် က ဒီဇယ်မီးခွက်ကလေး မလင်း စဖူး လင်း နေ တယ် ။ ဒေါ်ကု,လားမ နေ မကောင်းတာ ကြာပြီ ။ ဒါကြောင့် ဆရာတော် က ဒီဇယ်ဆီကလေး နည်းနည်း စွန့် လိုက်တယ် ။ သူ ဇီဝမီး နဲ့ ဒီဇယ်မီး ဘယ်သူ အရင် ငြိမ်း မလဲ ။ မပြိုင်ကောင်း တာ ကို ပြိုင် နေရ ရှာတယ် ။

ဒီ ရက် မှာ ပဲ ကလေး ခြောက်ယောက် တို့ ရဲ့အမေ လင်ပစ်မ စိန်တုတ် ရွာ က ပျောက်သွားတယ် ။ ဆန် အချေး သွား သတဲ့ ။ တစ်ရက် ပေါ် မလာ ၊ နှစ်ရက် ပေါ် မလာနဲ့ ကလေးတွေ ငို ကျန်ရစ်တယ် ။ ရွာ နဲ့ ကီလိုမီတာ တော်တော် ဝေးတဲ့ နေရာ မှာ မိစိန်တုတ် ကို တွေ့ ကြတယ် ။ လက် ထဲ မှာ ဆန်အိတ်ခွံကလေး ကျစ်ကျစ် ဆုပ်လို့ ။ ခန္ဓာ က တော့ ရထားသံလမ်း ပေါ် မှာ သုံးပိုင်း ပြတ် နေ သတဲ့ ။ သူ့ ကလေး ခြောက်ယောက် က ပုံစံတစ်ဆယ် မပါဘဲ ဆရာတော် ရဲ့ ကျောင်း ကို တိုက်ရိုက် ပြောင်း သွားကြတယ် ။

ကဗျာဆရာတွေ က မီးရထား ကို နဂါး နဲ့ တင်စား ခဲ့တယ် ။ တချို့ က ကင်းခြေများ တစ်ကောင်တဲ့ ။ နဂါး ပဲ ဖြစ်ဖြစ် ၊ ကင်းခြေများ ပဲ ဖြစ်ဖြစ် အဆိပ် ပြင်း လှပါ ကလား ။

မီးရထား စီးမယ့် မယ်တက္ကသိုလ် ပဲ ဖြစ်ဖြစ် ၊ အရပ်ပျက်မ ပဲ ဖြစ်ဖြစ် လက်မှတ် တစ်စောင် တော့ ဝယ်ရလိမ့်မယ် ။ ကုမ္ပဏီပိုင်ရှင် ပဲ ဖြစ်ဖြစ် ၊ ဆေး လည် ရောင်းသူပဲ ဖြစ်ဖြစ် လက်မှတ် တစ်စောင် တော့ ကိုင်ထား ရ လိမ့်မယ် ။ သီလရှင် ပဲ ဖြစ်ဖြစ် ၊ ဗွီဒီယို မင်းသမီး ပဲ ဖြစ်ဖြစ် လက်မှတ် တစ်စောင် တော့ ဆောင် ထား ရလိမ့်မယ် ။ သုဘရာဇာ ပဲ ဖြစ်ဖြစ် ၊ ဆေးဆရာ ပဲ ဖြစ်ဖြစ် ၊  သင်းအုပ် ဆရာပဲ ဖြစ်ဖြစ် ၊ ခိုးဆိုး လုယက်သမား ပဲ ဖြစ်ဖြစ် ၊ ယောဂီမ ပဲ ဖြစ်ဖြစ် ၊  ငါးစိမ်းသည် ပဲ ဖြစ်ဖြစ် ။

မီးရထား လက်မှတ် တစ်စောင် ဟာ ဘဝ တစ်ခု တဲ့ ။ ဘဝ တစ်ခုမှာ သောက တစ်ဆယ် ရှိချင် ရှိမယ် ။ ဝေဒနာ တစ်ရာ လည်း ရှိ နိုင်တယ် ။ ပူမှု တစ်ထောင် ၊ ကြေကွဲမှု တစ်သောင်း .... တစ်သိန်း .... တစ်သန်း ရှိ နိုင်တယ် ။

ကျွန်တော် ကျောင်း နေ ချင်တယ် အဖေ လို့ ပူဆာရမယ့် ကလေး က ကျွန်တော် မီးရထားကြီး စီးချင်တယ် အဖေ တဲ့ ။ ကျွန်တော့် ကို ရှင်ပြု မပေး သေးဘူးလား လို့ မေးရမယ့် ကလေး က ကျွန်တော်တို့ ရထား မစီးရသေးဘူး လား အဖေ တဲ့ ။

မီးရထား ဟာ ရောင်စုံ ပိုးနက်သန်ကောင် တစ်ကောင် နဲ့ တူ နေတယ် ။ ဒီ ပိုးနက်သန်ကောင် ရဲ့ အစာလမ်းကြောင်း ထဲ မှာ မြန်မာမလေးတွေ ရဲ့ မျက်ရည်တွေ စွန်းခဲ့ဖူးတယ် ။ အိုင်းရစ် ကော်ဖီတွေ ဖိတ်ကျ ခဲ့ ဖူးတယ် ။ မယ့်ပါး က သနပ်ခါးတွေ ပျက် ခဲ့ဖူးတယ် ။ ရိုးလက်စ် နာရီ တစ်လုံး ကို မီးရထား လေထီးသမား တစ်ယောက် က ဖြုတ်ပြီး ခုန်ဆင်း သွားခဲ့ ဖူးတယ် ။ ကိုယ်ဝန် နေ့စေ့ လစေ့ နဲ့ အမျိုးသမီး တစ်ဦး ရထား ပေါ် မှာ တင် ရေမွှာ ပေါက် ၊ ရထားပေါ် မှာ တင် ရင်သွေး ကို မွေးဖွား သန့်စင်ခဲ့ ဖူးတယ် ။ အာဟာရဓာတ် မပြည့်သူ တစ်ယောက် အသက်ရှု ရပ်တန့် သွားခဲ့ ဖူးတယ် ။

ပိုးနက်သန်ကောင် ရဲ့ ရင်ခွင် ကို တချို့က ဒန်းလော့မွေ့ရာ တဲ့ ။ တချို့ က ရွေ့လျား မတ်ကက် တဲ့ ။ တချို့ လူတွေ အတွက် ရွှေချောင်းတွေ သယ် ပေးတဲ့ စက်မြင်း ။ တချို့လူတွေ အတွက်တော့ ဘဝ သင်ခန်းစာ အသစ်တွေ ပြဋ္ဌာန်း နေတဲ့ ကျောင်းကြီး တဲ့ ။ တချို့က အဆင့်မြင့် ပြဇာတ်တွေ ကို တင်ဆက် နေတဲ့ ဘဝဇာတ်ခုံ တဲ့ ။ တချို့ က ကမ္ဘာ့ အကောင်းဆုံး ဘဝ သရုပ်ဖော် ဝတ္ထုရှည်ကြီး တဲ့ ။ ရွေ့လျား နေတဲ့ ပန်းချီဂယ်လာရီ လို့ ဆို သူ လည်း ရှိ ရဲ့ ။

အကော်ဒီယံ ကို စိတ် နာပြီး ဆက် မတီးတော့တဲ့ သူ တစ်ယောက် နဲ့ စီးကရက် ကို စိတ် နာပြီး စီးကရက် ဖြတ် လိုက်တဲ့ သူ တစ်ယောက် ထိုင်ခုံ တစ်ခု မှာ အတူ ယှဉ် ထိုင်လို့ ။ ကျောက်အောင် လို့ သိန်း တော်တော်များများ ကို တစ်ထိုင်တည်း ရ လိုက်သူ နဲ့ ရေတိမ် နစ်တာ မှ တစ်သက်လုံး ရေတိမ် နစ် နေ တာပါဗျာ ဆိုတဲ့ လူ နှစ်ယောက် က ကျောချင်း ကပ် လျက် ။  တန်ခိုးကြီး ဘုရားကြီး က ဂေါပက လူကြီး တစ်ယောက် ရဲ့ တိုက်ပုံအင်္ကျီအဖြူ နဲ့ သားသတ်သမား တစ်ယောက် ရဲ့ တိုက်ပုံအင်္ကျီအဖြူ တို့ က ရထား လှုပ် လိုက်ရင် ထိထိ သွား တတ်တယ် ။ ကမ္ဘာလှည့်ခရီးသည်တွေ ကို လမ်းညွှန်ရတဲ့ သူ နဲ့ လမ်းနံဘေး လောင်းကစားဝိုင်း က အလံရှူး တို့ က ပြတင်း တစ်ပေါက်တည်း ကို ငေး ကြည့် နေ ကြတယ် ။ ဆေးတက္ကသိုလ် က ခန္ဓာဗေဒ ကထိက နဲ့ ပလက်ဖောင်း ပေါ် က ကြွက်နို့သတ်သမား ရဲ့ လက်ထောက် လူငယ်လေး တို့ အေစီယံနိုင်ငံတွေ အကြောင်း ပြော ရင်း လိုက်လာ ကြတယ် ။ ရထားသံ က ကျေးလက် ရှင်ပြု နားသ အလှူ မှာ တီးတဲ့ ဒိုးပတ်သံ လို ဆူဆူမြိုင်မြိုင် ရှိ လှတယ် ။

နောက်ဆုံး က ဘရိတ်တွဲ ထဲ မှာ ဂါတ်ဗိုလ်ကြီး နဲ့ အခုမှ သိ ကြတဲ့ မိတ်ဆွေ လေးယောက် ပါ လာတယ် ။ ပိန်ပိန်ပါးပါး နတ်ကတော် မိန်းမလျာ က အဲဒီထဲ မှာ အသက် အငယ်ဆုံး ပဲ ။ နွားဝှေးသင်း တဲ့ လူ က သူ့ ပခုံး ပေါ်  က တဘက် နဲ့ မျက်နှာ ခဏခဏ သုတ် နေတယ် ။ လမ်းဘေး မျက်လှည့်ဝိုင်း မှာ ဘင် တီးတဲ့ လူ က ရထားသံ ကို ဂီတသံတွေ လို ခံစားရင်း လိုက်ပါ လာတယ် ။ အင်္ဂလိပ်စာ အဓိက နောက်ဆုံးနှစ် ကျောင်းသား က ဆရာကြီးသခင် ကိုယ်တော်မှိုင်း ရဲ့ ဂဠုန်ပျံဒီပနီ ကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရင်း ခေါင်း တငြိမ့် ငြိမ့် နဲ့ ။ ခါတိုင်း ထက် ခရီးသည် နည်း နေပေမယ့် ဂါတ်ဗိုလ်ကြီး က စိတ် မပျက် ဘူး ။ ဒီ အပတ် တော့ ဂူအောင်း နေတာ မက လို့ သံကွင်း ပဲ စွပ် နေ နေ ကွာ ဆိုပြီး အလယ်ထိုင် “ သုံး ” ပါတဲ့ ဆယ့်ရှစ် ဘရိတ် ကို အမိ ဖမ်း နေ လေရဲ့  ။

မသွား မဖြစ်လို့ သွားရမယ့် ခရီးသည် နဲ့ မရှိမဲ့ ရှိမဲ့ နဲ့ သွားကြရတဲ့ ခရီးသည်တွေ က ပိုးနက်သန်ကောင်ကြီး ကို နှေးလွန်း သတဲ့ ။ မရဘူးသေးတဲ့ စည်းစိမ် ဥစ္စာတွေ တစ်နေ့ တခြား ဒီရေ အလား တိုးပွားပြီး သိန်းစကား ၊ သန်းစကား ၊ စိန်စကား ၊ ကျောက်စကား ၊ ပါဂျာရိုးစကား ပြောနေကြ သူတွေ က လည်း ဒီကောင်ကြီး ကို နှေး သတဲ့ ။ အက်ဖ်အီးစီတွေ ၊ ဒေါ်လာတွေ ၊ ဆပွား တိုး နေသူတွေ က ကျည်ဆံရထား တစ်စင်း ဖြစ် သွားရင် သိပ် ကောင်းမှာပဲ လို့ တွေး နေတယ် ။ သူတို့ အဖို့ အချိန် က ငွေ ဖြစ် သတဲ့ ။ ရထားတွဲ ရဲ့ တန်ဖိုး ကို ဈေး သင့်ပြီး တွက်ချက် ဝယ်ယူ နေ ကြတယ် ။ သူတို့ ရထား ဘယ်နှစ်စင်း ပိုင် နေ ကြပြီလဲ ။

မီးရထား သိပ် စီးချင်နေတဲ့ ကလေး တစ်ယောက် ရွာ ထဲ က ပြေးထွက် လာ နေတယ် ။ ပါးစပ် က လည်း သံကုန် အော်ဟစ်လို့ ။ ခရီးသည် အားလုံးကို လက် ဝှေ့ယမ်း ပြရင်း နှုတ်ဆက် နေတယ် ။ ရထား ပေါ် က ပန်းရောင်စုံ ၊ လိပ်ပြာ ရောင်စုံတွေ က သူ့ကို ဂရု မစိုက်ကြဘူး ။ သူ က ခုန်ပေါက် အော်ဟစ် ရင်း ဆက် ပြီးတော့ နှုတ်ဆက် နေတယ် ။ ရထား ပေါ် က ချောကလက်တွေ ၊  ဂျယ်လီ တွေ ၊ ချူအင်ဂမ်းတွေ က သူ့ ကို အသိအမှတ် မပြုကြဘူး ။ သူ ဝမ်းနည်း စိတ် ဝင် လာတယ် ။ ဒါပေမယ့် ဆက် ပြီးတော့ အော်ဟစ် ဝှေ့ယမ်း နှုတ်ဆက် တုန်း ပဲ ။ ဂျင်းစကတ်တွေ ၊ ပါတိတ်ရှပ်တွေ က သူ့ ကို မကြည့်ကြဘူး ။ ရှိတယ်လို့ မထင်ဘူး ။ ဝှေ့ယမ်း နှုတ်ဆက် နေရင်းက ရထားတွဲ မှာ ရေး ထားတဲ့ စာတမ်း ကို လှမ်း ဖတ်ကြည့်တယ် ။ “ အ ” ရယ် ၊ “ ထ ” ရယ် ပဲ ဖတ် လိုက်ရသေးတယ် ။ ပိုးနက်သန်ကောင်ကြီး က အမြန် ပြေး သွားပြီ ။

ကလေး ရဲ့သွေးတွေ ဆူ လာတယ် ။ ရထား စီးချင်တဲ့ သူ လို ဘဝတူ ကလေးတွေ ရဲ့ သွေးတွေအားလုံး သူ့ ခန္ဓာကိုယ် ထဲ ဆောင့်တိုး ဝင် လာသလို ပဲ ။ ငယ်ထိပ် က နေ ခြေဖျား အထိ သူ့ ကိုယ်တွေ ပူနွေး နေပြီ ။ ဂျိုကုတ်မ ကို တိုက်ချသ,တ်သွား ဖူးတဲ့ ရထားကြီး က သူ့ ကို သူစိမ်းပြင်ပြင် ဆက်ဆံ နေ တယ် ။ သူ့ မှာ ဝမ်းနည်း အားငယ်စိတ် တွေ ဖိစီး လာတယ် ။ ဆပ်ခင်းကြီး ရွာသား အားလုံးရဲ့ သွေးတွေ သူ့ ကိုယ်မှာ ထပ် ဝင်လာ ပြန်ပြီး ရီးစိန်တုတ် ကို ထက်ပိုင်း ဖြတ် တဲ့ အကောင်ကြီး ၊  သေပေရော့ ။ သူ့ မျက်လုံး ထဲ မှာ ချွေးတွေ ရော ၊ မျက်ရည်တွေ ပါ ရောပြီး ကျိန်းစပ် နေတယ် ။ ရထားကြီး က ကြည့်နေရင်း ဝေဝါး လာတယ် ။ မသာ မီးရထားကြီး ။

ကျောက်ခဲ တစ်လုံး ။ ငန်းဥ လောက် ။ ဘယ်မှာလဲ ။ ဒီ ကျောက်ခဲ ။ သူ ရှာတယ် ။ မတွေ့ဘူး ။ မာတဲ့ ပစ္စည်း ။ ထု စရာ ။ ဘာဖြစ်ဖြစ် ။ မာ ရင် ပြီးရော ။ မြေစိုင်ခဲ ။ မာသားပဲ ။ မြန်မြန် ။ ဖဲ့ ။ ပဲ့ ပါ ဟ ။ ရထားသံ က တဝေါဝေါ နဲ့ ။ အလွန် အော့နှလုံး နာစရာ ကောင်းတဲ့ လူ တစ်ယောက် ရဲ့ အရေခွံ ကို ကျက်ထားတဲ့ ဗုံ တစ်လုံး ကို အရက် မူးပြီး တီး နေတဲ့ အသံ နဲ့ တူ နေတယ် ။ ကလေး ကို သရော် နေ သလိုပဲ ။

ပဲ့ပြီ ။ ပဲ့ပြီ ။ ဝသုန္ဓရေ နတ်သား ရဲ့ ရတနာ တစ်လုံး သူ ရ သွားပြီ ။ မြေစိုင်ခဲ ကို ချက်ချင်း ကောက် ကိုင်ပြီး လက် ကို အမြန် မြှောက် လိုက်တယ် ။ သူ့ စိတ် ထဲ မှာတော့ အာရ်ပီဂျီ တစ်လက် ပေါ့ ။

မိတ်ဆွေ .... ရထားလမ်း နံဘေး မှာ ကလေး တစ်ယောက် ကို တွေ့ ရင် ကိုယ် က အရင် ဦးအောင် ပြုံးပြ နှုတ်ဆက် လိုက်ပါ မိတ်ဆွေ ။

◾အောင်ဘာလေ

📖 ပန်းဝေသီ မဂ္ဂဇင်း
      မေ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး

.