စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Friday, August 7, 2026
သူက ကိစ္စ မရှိဘူး
Friday, July 31, 2026
ယုံစားထိုက်သူ
❝ ယုံစားထိုက်သူ ❞
( ပိထွန်း )
သူဌေးက သူ့လူယုံတော်ကို မေးလိုက်သည် ။
သူဌေး - ငါ့ငွေတွေ ပျောက်နေတယ် ၊ မင်း ခိုးတာတော့ မဟုတ်ပါဘူးနော် ။
လူယုံ - ဆရာက ကျွန်တော့်ကို မယုံဘူးလား ။
သူဌေး - သော့တွေအားလုံး စားပွဲပေါ်မှာပဲ ထားတာလေ ၊ ဒါကြောင့် မေးနေရတာ ။
လူယုံ - ဒါပေမယ့် ဆရာရယ် ... သော့တွေက တစ်ချောင်းမှ ဖွင့်လို့မှ မရတာ ။
( အိန္ဒိယနိုင်ငံ ၊ U.P ပြည်နယ်ရှိ မြို့ကြီးများတွင် ဟိန္ဒီဘာသာဖြင့်ထုတ်ဝေသည့် ၇ . ၁၁ . ၂၀၁၃ နေ့ထုတ် i next သတင်း စာပါ joke of the day မှ Shubham ပေးပို့သော ဟာသကို ပြန်ဆိုပါသည် )
••••• ••••• •••••
❝ ကိုယ့်အကြိုက်နဲ့ ကိုယ် ❞
ညီမလေး - အစ်ကိုလေး ... ဖွားဖွားကြီး မွေးနေ့မှာ ဘာလက်ဆောင်ပေးမယ် စိတ်ကူးလဲ ။
အစ်ကို - ဘောလုံး ။
ညီမလေး - ဟင် .. ဘာရယ် ... ဖွားဖွားကြီးက ဘောလုံးကစားရမယ့် အရွယ်လား ။
အစ်ကို - ငါ့မွေးနေ့တုန်းကတောင် တရားစာအုပ်ပေးခဲ့သေးတာပဲ ... ဖွားဖွားကြီးက ။
( အိန္ဒိယနိုင်ငံ ၊ ဗီဟာ ( ရ် ) ပြည်နယ်ရှိ မြို့ကြီး များတွင် ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသည့် ၃၀ - ၁၁ - ၂၀၁၃ နေ့ထုတ် ပ ( ရ် ) ဘာတ် ( သ် ) ခဗား ( ရ်ု ) သတင်းစာ ဟာသကို ပြန်ဆိုပါသည် )
▢ ပိထွန်း
📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၅
Thursday, July 23, 2026
မတတ်နိုင်ဘူး
Tuesday, July 21, 2026
ပိုင်ချက်က
❝ ပိုင်ချက်က ❞
မိတ်ဆွေ - “ မင်းကွာ ... မျက်စိစွေစွေ ၊ နှာတံကောက်ကောက် ၊ မြည်းလို နားရွက်ရှည်နေတဲ့ လူကို ဘာဖြစ်လို့ ငွေကိုင် ခန့်ထားရတာလဲ ”
လုပ်ငန်းရှင် - “ မင်း မသိပါဘူးကွာ ထွက်ပြေးရင် ရှာရ လွယ်အောင်လို့ ”
( ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသည့် ဆန်ဝိရွနား ( ထ် ) ၏ ဟန် ( စ် ) နေးကီဗာရီး - မှ ထုတ်နုတ်ပြန်ဆိုသည် )
▢ ပိထွန်း
📖 ရယ်စရာ မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၁၆
Thursday, July 16, 2026
နို့စို့ကလေး
❝ နို့စို့ကလေး ❞
( ပိထွန်း )
ဆရာမ - “ သားလေး လာဦး ”
ကျောင်းသား - “ ဟုတ်ကဲ့ ... လာပါပြီ ဆရာမ ”
ဆရာမ - “ သားတို့ အိမ်မှာ ဘယ်သူ အငယ်ဆုံးလဲ ”
ကျောင်းသား - “ ဖေဖေကြီးပါ ”
ဆရာမ - “ ဟင် သားဖေဖေက သားထက်တောင် ငယ်နေသေးတာလား ”
ကျောင်းသား - “ ဟုတ်ကဲ့ ... ငယ်တယ် ဆရာမ ”
ဆရာမ - “ ဘယ်လိုဖြစ်လို့လဲ ... ဆရာမကို ပြောပြပါဦး ”
ကျောင်းသား - “ သား ငယ်ငယ်က အမေနဲ့အတူ အိပ်ရတယ် ... အခု ကြီးလာတော့ တစ်ယောက်တည်း အိပ်တယ် ... ဒါပေမယ့် ဖေဖေက အခုထိ မေမေနဲ့ အတူ အိပ်နေတုန်းပဲ ”
( အိန္ဒိယနိုင်ငံ ၊ ဗာရာဏသီမြို့တွင် ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသည့် ၂၃ - ၃ - ၂ဝ၁ဝ နေ့ထုတ် compact သတင်းစာမှ ပြန်ဆိုဖော်ပြပါသည် )
▢ ပိထွန်း
📖 ရယ်စရာ မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၅
Tuesday, July 7, 2026
ဆရာကျေးဇူး
Monday, July 6, 2026
စဉ်းစားပြီးမှ ဆုတောင်းကြ
❝ စဉ်းစားပြီးမှ ဆုတောင်းကြ ❞
▣ ပိထွန်း
တစ်နေ့ ... မောင်ထွေး အိမ်မက်ထဲ ဘုရားသခင် ရောက်လာသည် ။ ဘုရားသခင်က မောင်ထွေးကို မေးလိုက်သည် ။
“ လိုရာဆုတောင်းစေဗျား ”
မောင်ထွေးက ချက်ချင်းပင် ။
“ အလုပ်တစ်ခု ရချင်တယ် ... ကားကြီးကြီး တစ်စီး ... အဲဒီကားထဲမှာ ကောင်မလေးတွေ အများကြီး ပါစေ့ချင်တယ် ”
“ တောင်းတဲ့အတိုင်း ပြည့်စေဗျား ”
ပြောပြီး ဘုရားသခင် ပျောက်ကွယ်သွားသည် ။ မောင်ထွေး ဆုတောင်း ပြည့်ခဲ့ပါသည် ။
အခု ... မောင်ထွေး အမျိုးသမီးကောလိပ် ဘတ် ( စ် ) ကားမှာ လက်မှတ်ရောင်းနေပြီတည်း ... ။
( အိန္ဒိယနိုင်ငံ ၊ ဗာရာဏသီမြို့တွင်ဟိန္ဒီဘာသာဖြင့်ထုတ်ဝေသည့် ၂၉ . ၄ . ၂၀၁၀ နေ့ထုတ် compact သတင်းစာမှ ပြန်ဆိုဖော်ပြပါသည် )
▢ ပိထွန်း
📖 ရယ်စရာ မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၅