🗡 ခြံစောင့် ခွေးမောင်း ဘ၀မှ လွတ်ကင်း၍
“ အဖေ့ ဧည့်သည် ”
စာရေးနေရာမှ ဘောပင်ကို အသာချထားပြီး အခန်းအပြင်ဘက် ထွက်ခဲ့ပါ၏ ။
လူငယ်တစ်ယောက် သားသားနားနား ၀င်းတံခါးရှေ့မှာ ရပ်ထားတဲ့ သူ့ကားက အမြင့်ကား ။
“ ဆရာ မောင်ချမ်းသာ ဆိုတာ ... ”
“ ဟုတ်ပါတယ် ငါ့တူ ၊ မောင်ရင် အခုတွေ့နေရတာ မောင်ချမ်းသာပါပဲ ၊ ကဲ ဆို ”
“ ဆရာ့ဆီက အကြံဥာဏ် တောင်းချင်လို့ပါဆရာ ”
“ ပြောပါဦး ”
“ ကျွန်တော ရန်ကုန်မြို့ ........ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ သမက်ပါ ဆရာ ၊ ဆရာနဲ့ တွေ့ချင်နေတာ ဆရာ ၊ ဆရာ့ စာတွေ ဖတ်ပြီး ဆရာနဲ့ တွေ့ချင်နေတာ ဒီလိုပါဆရာ ”
( သူဌေးသမက်က အကြံဥာဏ် လိုချင်တယ်ဆိုတော့ ခက်တော့ ခက်သား ၊ သူ့ ယောက္ခမတစ်ယောက်လုံး သူဌေးကြီး ဖြစ်နေပြီးတော့ )
“ ဆရာ ခဏခဏ ရေးလေ့ရှိတဲ့ သူဌေးသမက်ဟာ သူဌေး မဟုတ်ဘူးဆိုတဲ့ စကားကို ကျွန်တော် လက်ခံပါတယ် ဆရာရယ် ၊ အခုဟာက ဒီထက် ပိုဆိုးနေလို့ ”
“ ငါ့တူက သူဌေးကြီးရဲ့ သမီးကို ခိုးပြေး ၊ သူဌေးကြီးက ပစ်ထား ၊ သားသမီးတွေ ရမှ သူဌေးကြီးက မြေးတွေ သံယောဇဉ်နဲ့ ပြန်ခေါ် ဒီလို ဇာတ်လမ်းမျိုးလားကွာ ”
“ အမှန်ပါပဲ ဆရာ ၊ ကျွန်တော်တို့ ဆယ်တန်းနှစ်မှာ စာမေးပွဲ မဖြေခင် ခိုးပြေးကြတာပါ ဆရာ ”
“ ဗီဒီယို ရုပ်ရှင် ဇာတ်လမ်းတွေထဲမှာတော့ သူဌေးကြီးက အမျက်ပြေလို့ ပြန်ခေါ် ၊ ချစ်ခင်ရင်းနှီး ဖော်ရွှေစွာ လက်ခံ ၊ မိသားစု ပျော်ရွှင်စွာ နေထိုင်ကြလေတော့သတည်း ဒီလို မဟုတ်ဘူးလားကွာ ”
“ အဲဒါက ဇာတ်လမ်းပါ ဆရာ ၊ အခု ကျွန်တော့် အဖြစ်က ရင်နာလွန်းလို့ပါ ဆရာရယ် ”
သူကလေး မျက်နှာ ချက်ချင်း ညှိုးသွားပါ၏ ။ ကြာလျှင် ချုံးပွဲချ ငိုပေတော့မည် ။
“ လာ ငါ့တူ ”
ကျွန်တော်က ပရိုက်ဗိတ် အခန်းထဲသို့ ခေါ်သွင်းလိုက်ပါ၏ ။
“ ကဲ ငါ့တူ ဘာဖြစ်လာသလဲ ၊ ရဲရဲတင်းတင်း ရင်ဖွင့်ပေတော့ ၊ ဒီနေရာကတော့ မင်းနဲ့ငါ နှစ်ယောက်ထဲ ရှိတာ ”
“ မြေးတွေ သံယောဇဉ်ကြောင့် သူ့ဆီ ပြန်ခေါ်ထားပေမယ့် ကျွန်တော့်ကို အမြင် မကြည်ဘူး ဆရာ ၊ အခု ကျွန်တော်တို့ လင်မယား သားသမီး ငါးယောက်သာ ထွန်းကားကရော ၊ အဘိုးကြီးကတော့ စကားတောင် အဖက်လုပ် မပြောပါဘူး ဆရာ ”
“ ကျွန်တော့်ကို သူ့ လုပ်ငန်းထဲက လက်တိုလက်တောင်း ခွေးမောင်းခြံစောင့် လောက်သာ ထားတာပါ ဆရာ ”
“ သူ့ ကားမောင်းပေးရတဲ့ သူ့ ဒရိုင်ဘာ ၊ ဧည့်ခံပွဲမှာ စားပွဲထိုး ”
“ သဘောပေါက်ပါပြီ ငါ့တူ ၊ မင်းကို လူရာ မသွင်းဘူး ၊ ထမင်းအိုး ဟင်းအိုးထမ်း ၊ အိုးတိုက် ပန်းကန်ဆေး အဆင့်လောက်ပဲ ဆိုပါတော့ ”
“ အမှန်ပါပဲ ဆရာ ၊ ကျွန်တော် သူဌေးသမက်ဖြစ်ရတာ ဒဏ်နာလွန်းလို့ပါ ဆရာ ၊ သူက လူရာ မသွင်းတော့ ဘေးပတ်ဝန်းကျင်ကလည်း ကျွန်တော့်ကို မတူသလို မတန်သလို သူဌေးပေးထားတဲ့ ဟန်းဖုန်းကလေး ခါးမှာ ချိတ်ပြီး သူဌေးရဲ့ ကားကို မောင်းပြီး ဟန်လုပ်နေတဲ့ ငနဲ အလကား ကလေကချေကောင်လို့ သဘောထားနေကြတာပါ ဆရာ ”
“ ဆရာရယ် ဖြစ်နိုင်ရင် ဘ၀ကို တစ်ကတောင် ပြန်စလိုက်ချင်ပါရဲ့ ”
“ ငါ့တူက လူစွမ်းလူစ မပြဘူးလားကွာ ၊ သူဌေးရဲ့ အလုပ်တွေကို ကူလုပ်မပေးဘူးလားကွာ ”
“ ကူလုပ်ပေးတာကို သူက လက်မခံဘူး ဆရာ ၊ မြင်းရဲ့ အလုပ်ကို ခွေးက ၀င်ရှုပ်နေတယ်လို့ မြင်နေတာ ဆရာ ”
“ လုပ်ငန်းတစ်ခု ထူထောင်ပြီး လူလူသူသူ လုပ်ကြည့်ဖို့ အစွမ်းအစပြဖို့ စိတ်ကူးမကြည့်ဘူးလား ”
“ ဆရာရယ် ယောက္ခမကြီး ( သူဌေးကြီးကတော် ) ကို ဘုရားလိုက်ပို့ ၊ ခယ်မတွေ ရှော့ပင်း ထွက်တာ လိုက်ပို့ ၊ယောက်ဖတွေ မူးတာ ရမ်းတာ လိုက်ထိန်း ၊ ကျွန်တော့် ကလေးတွေ ကျောင်းပို့ ကျောင်းကြို ”
“ အင်း ဒီလိုဆိုတော့လဲ ”
ကျွန်တော် အမျိုးမျိုး စဉ်းစားကြည့်ပါ၏ ။ သည်လူငယ်လေး လမ်းပျောက်နေလေပြီ ။ အိမ်မှုကိစ္စတွေ လုပ်ကိုင်ပေးနေရတာနဲ့ပဲ အချိန်ကုန်ပြီ ။ သူဌေးရဲ့ အိမ်ကျွန်ဘ၀ထဲ နစ်နေလေပြီ ။
တော်သေးတာပေါ့ ။ သူ့ကောင်မလေးက သူ့ကို ချစ်နေပေသေးလို့ ၊ ပြောစရာဆိုလို့ သည်တစ်ချက် ကလေးသာ ရှိပါ၏ ။
သူဌေးကြီး၏ အရှိန်အ၀ါ သြဇာအောက် ရှိသူကလေး ပြားပြားဝပ်နေရလေပြီ ။ လမင်းကြီး အရှိန်အ၀ါကြောင့် ပိုးစုန်းကြူး အရောင်မထွက်နိုင်သကဲ့သို့ ။
“ ဆရာရယ် သူဌေးကြီး ကွယ်လွန်သွားတဲ့ အခါကျရင်တော့ ကျွန်တော် လူရာဝင်လာမလားပဲ ”
“ မထင်ပါနဲ့ ငါ့တူ ၊ ငါ့တူက သူဌေးကြီးရဲ့ ခြေရာကို နင်းနိုင်မှ လူတစ်လုံး သူတစ်လုံး ဖြစ်လာမှာ ”
“ ဆရာ ဒါဖြင့် ကျွန်တော် ဒီတစ်သက် လူဖြစ်ပါဦးတော့မလား ဆရာရယ် ”
သူ ငိုမဲ့ငိုမဲ့ ဖြစ်လာပြန်ပါ၏ ။
သူဌေးလက်ထဲ သူ့သမီးကို ပြန်အပ်ပြီး ထွက်ပြေးဖို့ ဆိုတာကလည်း မဖြစ်နိုင် ။ ပြီးတော့ သားသမီးကလည်း ငါးယောက်တောင် မွေးထားပြီးနေပြီ ။
“ ဆရာ ကျွန်တော် ဘာဆက်လုပ်ရမလဲ ဟင် ”
“ ဆရာ အကြံဥာဏ်ပေးချင်တာကတော့ ”
“ ပြောပါဆရာ ”
သူ့မျက်နှာ အရောင်လက်လာပါ၏ ။
“ သူဌေးကြီးရဲ့ လောင်းရိပ်အောက်က အမြန်ဆုံး ရုန်းထွက်ပါ ။ ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကြည့်ပါ ။ သူဌေးကြီး အဖြစ်နိုင်တောင်မှ သူဌေးပေါက်စကလေး ဖြစ်အောင် လုပ်ပြပါ ၊ ကိုယ့်အစွမ်းအစ ကိုယ်ပိုင် အရည်အချင်းတွေကို ဖော်ထုတ်ပြီး သုံးကြည့်ပါ ”
“ ပထမတော့ မင်းတို့ ဘ၀ ခက်ခဲ ပင်ပန်း ကြမ်းတမ်းမယ် ၊ နောက်တော့ လုပ်ရည်ကိုင်ရည် တက်လာလိမ့်မယ် ၊ လုပ်ရင်းကိုင်ရင်း စီးပွါးရှာရင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရလာလိမ့်မယ် ၊ ထွက်ပေါက်ကတော့ ဒီနည်းပဲ ရှိပါတယ် ။ ငါ့တူ သတ္တိရှိရှိနဲ့ စွန့်စွန့်စားစား လုပ်ပြလိုက်ပါ ငါ့တူ ”
“ ဒီလိုမှ မဟုတ်ရင်တော့ သူဌေးရဲ့ အိမ်ကျွန်ဘ၀က တက်မှာ မဟုတ်ဘူး ။ ဘယ်တော့မှာလဲ သူဌေး ဖြစ်လာမှာ မဟုတ်ဘူး ၊ သူဌေးသမက်ဆိုတဲ့ ရာထူးကနေ အမြန်ဆုံး နှုတ်ထွက်လိုက်ပါ ”
“ သူဌေးရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ချင်တဲ့နေ့ ၊ လူတစ်လုံး သူတစ်လုံး ( ကိုယ်စွမ်းကိုယ်စနဲ့ ) ဖြစ်လာတဲ့ နေ့မှာ ငါ့တူ လူရာဝင်လာပါလိမ့်မယ် ”
“ ဒါထက် ငါ့တူ လက်ဝါးကလေးကို ခဏလောက် ကြည့်ပါရစေ ”
သူ လက်ဝါးနှစ်ဖက်ကို ဖြန့်ပြပါ၏ ။
ကျွန်တော်က သူ့ လက်ဝါးများကို သေချာစွာ ကြည့် ၊ ဘောပင်နဲ့ ထောက်ကြည့် ။
“ အို ငါ့တူက သူဌေးဖြစ်ဖို့ ဇာတာက အရှင်းကြီး ပါနေတာပဲကွာ ၊ မကြောက်ပါနဲ့ ရဲရဲကြီး ရင်ဆိုင်လိုက်စမ်းပါ ”
“ တကယ်လား ဆရာ ”
“ တကယ်ပါ ငါ့တူ ၊ ဆရာက မင်းလက္ခဏာကို မြင်တဲ့အတိုင်း ဟောလိုက်တာပါ ”
“ ဆရာ ဒါဆို ကျွန်တော် ... ”
“ ငါ့တူမှာ လူစွမ်းလူစ လုပ်ရည်ကိုင်ရည်တွေ အပြည့်ရှိပါတယ်ကွာ ၊ လက္ခဏာမှာ အထင်းသား ပေါ်နေတာပဲဟာ ”
“ နောက် မင်းသူဌေး ဖြစ်သွားတဲ့အခါ ပြန်ဆုံကြသေးတာပေါ့ ”
သူကလေး ခေါင်းကိုမော့ ရင်ကိုကော့၍ ရွှင်လန်းတက်ကြွစွာ ပြန်ထွက်သွားပါ၏ ။
အားလုံးသော သူဌေးသမက် ပေါက်စကလေးများ ခြံစောင့် ခွေးမောင်း နင်းပြားဘ၀မှ လွတ်ကင်း၍ ချမ်းသာကြွယ်ဝသော သူဌေးမင်းများ ဖြစ်ကြပါစေသော် ။
( ဘ၀ဆိုတာ လုပ်ယူရင် ရတယ် )
မောင်ချမ်းသာ
မော်ဒန် သတင်းဂျာနယ် ၊ ၁၀ စက်တင်ဘာလ ၂၀၁၀
စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Monday, July 29, 2019
Wednesday, July 24, 2019
မောင်တို့ ချယ်ရီမြေ
တေးရေး အလင်္ကာကျော်စွာ ရွှေပြည်အေး
◾ အို မောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ ဟင်... ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ အတူတူလိုက်မလား သွားမယ်မေ အချစ်ရေ
◾ စိမ်းစိုတင့်မော ယိမ်းမလိုဆင့်နှော အိုချယ်ရီမြေ လန်းတယ်ထိုပန်းကလေးက တဝေေ၀ နမ်းဘွယ် ကိုယ်လှမ်းပေးစရာ့ တချွေချွေ ဂန္ဓာရုံထဲ နှံ့စွာထုံစွဲ သာယာမယ်လေ ချစ်သူပျော်ဘို့ မောင်တို့ ချယ်ရီမြေ ဖွင့်ယူခေါ်လို့ မောင်တို့ ချယ်ရီမြေ
◾ နှစ်ဖြာထွေးတဲ့ ယနေ့ညအခြေ ကမ္ဘာဝေးစေ မမေ့ပေ ရွှင်မဆုံး အပြုံးပန်းပွင့်နေ ခင်ရေ ကြယ်ကလေးများ အဆုံးသို့လေ ရှုစားပုံ မျက်လုံးတွေ မေကစားတာ တ၀င့်ဝင့်ပါနေ ချစ်သည်းစွဲ နစ်ပေါ့မေ ရစ်ဝဲပလေ မြဲတဲ့ နှစ်ဦးမေတ္တာ သစ္စာ မိုးစွေ စိတ်ကူးနဲ့ မြူးတဲ့ဖေ တကယ်ခင်ရင် လာပါမေ မောင်တို့ မောင်တို့ ချယ်ရီမြေ
◾ အို မောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ ဟင်... ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ အတူတူလိုက်မလား သွားမယ်မေ အချစ်ရေ
🌸🌸🌸 🌸🌸🌸 🌸🌸🌸
🌸 စန္ဒရား မျိုးနိုင် ရဲ့ ဂီတ တီးလုံး စာတန်းထိုး video
https://yadi.sk/i/CU2oztRKjZqnOg
🌸 စန္ဒရား မျိုးနိုင် ရဲ့ ဂီတ တီးလုံး သီးသန့် mp3
https://yadi.sk/d/CQFLZdKgj91Dbw
🌸 စိုင်းထီးဆိုင် သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့် mp3
https://yadi.sk/d/r50kh2Af1u9_QQ
🌸 ဝင်းဦး
https://yadi.sk/d/3MOQmBTRl7SyVw
🌸 playplay boy သန်းနိုင်
https://yadi.sk/d/q9CUmjSLbvJh5g
🌸 play boy သန်းနိုင် ( ထူးခြားတဲ့ အိပ်မက် စီးရီး မှ)
https://yadi.sk/d/a5QDhkaeOFSquQ
🌸 မြန်မာပြည် သိန်းတန်
https://yadi.sk/d/OWQtFi0C9izbQQ
🌸 သန်းမြတ်စိုး
https://yadi.sk/d/uCony6xITLEHdQ
🌸 စိုင်းထီးဆိုင် + ( မေဆွိ )
https://yadi.sk/d/JQUQLWmqIvv2Pw
🌸 စိုင်းထီးဆိုင် ( ဝင်းဦး အလွမ်းပြေ စီးရီး မှ )
https://yadi.sk/d/eVk3gXNYPhExPA
🌸 အောင်ရင် + မေဆွိ
https://yadi.sk/d/wkEvLVxnsaDArQ
🌸 ရန်အောင် ( မြန်မာ့အလှ တေးကဗျာ ၁ စီးရီး မှ )
https://yadi.sk/d/owx8Fclbkbew_Q
🌸 ရန်အောင် ( စိန်စီတဲ့ တေးတစ်ပုဒ် စီးရီး မှ )
https://yadi.sk/d/CSlHalbLQ0Tq8A
🌸 ရင်ဂို
https://yadi.sk/d/8RxZtnkAO986cA
🌸 မျိုးကျော်မြိုင်
https://yadi.sk/d/Xiu8gsznopkVnw
🌸 အောင်ထက်
https://yadi.sk/d/Pzo3wzDX6HwikA
Wednesday, July 17, 2019
ဗိုလ်အောင်ဆန်း
တေးရေး ▪ သဟာရဆရာတင်
( မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် ) ငါတို့မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ် ငါတို့မြန်မာပြည် မိဘအပေါင်းတို့ကရယ် အာဇာနည်အစစ်ကို ရှိဖို့ မွေးရမယ် အော် ဘုရင့်နောင် နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ မကြောက်တမ်း မရွံ့တမ်း မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်
( ရာဇ၀င် အတ္ထုပ္ပတ္တိ လည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့ မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
( မြန်မာနိုင်ငံ ထူထောင်ရန် နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ် နေမျိုးသာကီ မြန်မာပြည်လက်ရုံး မြန်မာနိုင်ငံအလုံး ထင်ပေါ်စေတယ် စိတ်အားသန်သန် မာန်ကိုမလျှော့တယ် ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ် တကယ်ပင် သတိုးမဟာ ဗန္ဓုလနှယ် အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ် သားကောင်းများလို့ ခေါ်ရလောက်ပေတယ် ဥဒါန်းတွင်စေဖွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ် )
( ရာဇ၀င် အတ္ထုပ္ပတ္တိ လည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ) တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ များဇာနည်နွယ် လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် တို့ မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်
◾ ကိုမြကြီး ၏ ဗိုလ်အောင်ဆန်း
https://yadi.sk/d/nDMuWkcApgOMCg
◾ ခင်ညွန့်ရီ ၏ ဗိုလ်အောင်ဆန်း
https://yadi.sk/d/H31sTyw-7-4Oqg
◾ ဂီတလုလင် မောင်ကိုကို ၏ ဗိုလ်အောင်ဆန်း စန္ဒရား လက်သံ
https://yadi.sk/d/YxO5KLBxZfqBLg
◾ နိုင်ဇော် ၏ ဗိုလ်အောင်ဆန်း ဂစ်တာ လက်သံ
https://yadi.sk/d/0H2-RtOwM-tP3g
◾ ရဲထွေး ( မြို့မ ) ၏ ဗိုလ်အောင်ဆန်း တီးလုံးသီးသန့်
https://yadi.sk/d/R4gLybvmPG_5xg
Monday, July 15, 2019
🚩 လွှမ်းမိုး ပြောပြတဲ့ မင်းသားကြီး ၀င်းဦး အကြောင်း
🚩 လွှမ်းမိုး ပြောပြတဲ့ မင်းသားကြီး ၀င်းဦး အကြောင်း
ဟိုးအရင်က ဘာရယ်လို့မဟုတ် ။ ရည်ရွယ်ချက်မဲ့ “ ဗျူး ” ခဲ့တာတွေကို ကံချွန် ပြန်အမှတ်ရတယ် ခင်ဗျ ။ တေးသံရှင် လွှမ်းမိုး ဟာ မန္တလေးရောက်ရင် ကံချွန်ဆီ ရောက်လာတတ်ပါတယ် ။ လမ်းမှာ မမျှော်လင့်ပဲ တွေ့လို့ လက်ပြ နှုတ်ဆက်တာမျိုး မဟုတ်ပါဘူး ။ ဟိုမေး ၊ ဒီမေးနဲ့ အိမ်ကို လိုက်လာတာပါ ။ ရန်ကုန်မှာတွေ့လည်း ကံချွန်ကို မြင်တာနဲ့ “ အစ်ကို ” လို့ ခေါ်တော့တာ ။ ကံချွန်ရုပ်က နုနေတာကိုး ။ ဒီတော့ သူဟာ ကံချွန်ထက် ငယ်တယ်ဆိုပြီး ကြေညာလိုက်တာနဲ့ သူ့အသက်က ပိုပြီး ငယ်သွားမယ်ပေါ့ ။ ဂိုး ကို ကျောပေးပြိး “ ဘက်ကစ် ” နဲ့ ဂိုးသွင်းတဲ့ သဘောပါပဲ ။
သူအိမ်လာတုန်း ကံချွန် ဗျူးဖူးတာ ရှိပါတယ် ။ သူပြောတာတွေကတော့ အမှန်တွေပါ ။ ဖြီးတယ်လို့ ယူဆမယ်ဆိုရင်တော့ ခေါင်းထဲမှာ မှတ်ထားတာတွေကို ပြန်တွေးရေးနေတဲ့ ကံချွန်သာ ဖြီးရေးတာဖြစ်ကြောင်း ...
ဖြီး ...... ။
xxxxx xxxxx xxxxxx
“ ဟေး .... ကိုလွှမ်း ”
“ ဟာ ... အစ်ကို ဘယ်သွားမလို့လဲ ”
“ ဈေး ၊ နင်က ဘယ်တုန်း ”
“ အစ်ကို့ဆီလာတာ ။ ဒီလမ်းထဲမှာဆိုလို့ ၀င်လာတာ ”
“ ဒါဖြင့် လာလေ ၊ ဟိုရှေ့က အိမ်ပဲ ”
“ အစ်ကို ဈေးသွားမလို့ဆို ၊ အားရဲ့လား ”
“ မအားပေမယ့် ရပါတယ် ။ ဈေးသွားရမယ့် ကိစ္စ နောက်မှ လုပ်လိုက်မယ် ။ နင်နဲ့က တွေ့ဖြစ်ခဲတယ် ”
( ကံချွန်က အင်တာဗျူးမှာ ကိုလွှမ်းမိုးရဲ့ ငယ်နာမည် စိုးစိုး ကို မခေါ်ပါ ။ စကားချပ် )
ကံချွန် နဲ့ လွှမ်းမိုးဟာ အတော်ကြာကြာ စကားတွေ ပြောဖြစ်ပါတယ် ။ ကံချွန့် အိမ်မှာပါ ။ ပြောရင်းကနေ ဘယ်လိုက ဘယ်လို သင်္ကြန်အကြောင်း ရောက်သွားလိုက်မှန်းတော့ မမှတ်မိတော့ပါဘူး ။ မန္တလေး သင်္ကြန်အကြောင်းတွေ ပြောဖြစ်ရော ။ သင်္ကြန်သီချင်းတွေက စသွားတယ် ထင်တာပဲ ။ အဲဒီမှာ ....
“ မန္တလေးသင်္ကြန်အကြောင်း ပြောရရင် ကျွန်တော် ဦးဝင်းဦး ကို အမှတ်ရမိတယ် ”
“ မန္တလေးသင်္ကြန်ဟာ ဦးဝင်းဦးသင်္ကြန် ဖြစ်ခဲ့ဖူးတာပဲလေ ”
“ ကျွန်တော် မန္တလေးသင်္ကြန် မှာ သီချင်း စဆိုတဲ့ ကာလက ကျွန်တော် နာမည်တက်နေချိန်ပေါ့လေ ။ အဲဒီတော့ ဦးဝင်းဦးက မဏ္ဍပ်တွေမှာ ဖိတ်လိုက်ရင် သီချင်းလာဆိုပေးတဲ့နှစ် ။ မြို့မလည်း မဖြစ်ဖူးထင်တယ် ။ အဲဒါတော့ သေသေချာချာ မမှတ်မိတော့ဘူး ။ ဦးဝင်းဦးနဲ့အတူ ကျော်စွာဝင်း တို့ ပါလာတဲ့နှစ်ပဲ ”
“ ဆက်ပါဦး ”
“ ကျွန်တော်က နန်းရှေ့က မဏ္ဍပ်မှာဆိုနေတာ ။ ကျွန်တော် ဆိုနေတုန်းပဲ မင်းသားကြီး ရောက်လာတာ ။ မဏ္ဍပ်က တာဝန်ရှိသူက လာပြောတယ် ။ မင်းသားကြီး ရောက်နေတယ်ပေါ့ ။ ဒီတော့ ကျွန်တော်က ပရိသတ်ကို မင်းသားကြီး ရောက်နေလို့ ကျွန်တော် နားပါ့မယ် ။ နားရမလားလို့ မေးလိုက်တယ် ။ ပရိသတ်က မနားပါနဲ့ ။ ကိုလွှမ်းမိုး ဆက်ဆိုပါ ။ စိုးစိုး ဆိုပါဆိုပြီး ၀ိုင်းအော်ကြတာ ။ ဒီလိုနဲ့ ကျွန်တော် ငါးပုဒ် ၊ခြောက်ပုဒ်ဆိုနေလိုက်သေးတယ် ။ ပြီးမှ မင်းသားကြီး ဆိုပြီးမှ ကျွန်တော် တစ်ခါ ပြန်ဆိုပေးပါ့မယ်လို့ နှုတ်ဆက်ပြီး လှည့်ဝင်ခဲ့တာ ။ အစ်ကို စဉ်းစားကြည့်စမ်းပါ ။ မင်းသားကြီး ဘယ်လို နေမလဲလို့ ။ ကျွန်တော် လုံဝ မထင်ဘူး အစ်ကိုရာ ။ ငါတော့ ဂိုးပြီဆိုပြီဆိုပြီး ဖြစ်သွားတယ် ။ မင်းသားကြီးက ပြုံးပြုံးကြီးနဲ့ ကျွန်တော့်ကို လက်ဆွဲ နှုတ်ဆက်ပြီး အစ်ကို မင်းပရိသတ်ပါ ။ မင်းသီချင်းတွေ သိပ်ကြိုက်တာ ပြောရင်း ကျွန်တော့် ပခုံးကို ဖက်ပြီး စင်ရှေ့ ပြန်ခေါ်တယ် ။ ပြီးတော့ “ ကျွန်တော့်ညီက နားချင်ပေမယ့် ကျွန်တော်က နားခွင့် မပေးနိုင်ပါဘူး ။ ကျွန်တော်က မောင်လွှမ်းမိုး ရဲ့ ပရိသတ်ပါ ။ ကဲ ... ညီလေး ၊ အစ်ကိုကြီး က ညီလေးသီချင်းကိ ညီလေးနဲ့အတူ ဆိုမယ် ဆိုပြီး ကျွန်တော့် သီချင်းကို ကျွန်တော့်ပခုံး ဖက်ထားပြီး ဆိုသွားတာ ပရိသတ်က လက်ခုပ် တဖြောင်းဖြောင်းပေါ့ ။ ကျွန်တော် အပြတ်လေးစားသွားတယ် အစ်ကိုရာ ။ မင်းသားကြီးရဲ့ သည်းခံနိုင်မှုရော ၊ အနုပညာဝါရော ၊ ပရိသတ်ကို ထိန်းသွားတဲ့ ပညာရော ၊ ကျွန်တော့်ကို စိတ်ရင်းကောင်းကောင်းထားဖို့ ပညာပေးသွားတာပဲလို့ ခံစားလိုက်ရတယ် ”
“ နောက်တော့ လွှမ်းမိုး ဆက်ဆိုသေးလား ”
“ မင်းသားကြီးက ကျွန်တော့်သီချင်းဆိုပြီးတော့ သူ့သီချင်း လေး ငါးပုဒ် ဆိုတယ် ။ ပြီးတော့ ကျွန်တော့်ညီလေး ဆက်ဖျော်ဖြေပါလိမ့်မယ်ဆိုပြီး အလှည့်ပေးတယ် ။ ပရိသတ်က မင်းသားကြီး တစ်ပုဒ်လောက် ဆိုပါဦးလို့ တောင်းဆိုတာကိုပဲ အပြုံးလေးနဲ့ တောင်းပန်ပြီး ကျွန်တော့်ညီလေးရဲ့ သီချင်းကို ကျွန်တော်ကိုယ်တိုင်က နားထောင်ချင်လို့ပါ ။ သူ့ကို အလှည့်ပေးပါရစေ ဆိုပြီး နောက်ဆုတ်တာ ၊ ကျွန်တော့်ကို ပညာတွေ အများကြီး ပေးသွားတယ်ဗျာ ။ အရမ်းလေးစားသွားတယ် ”
xxxxx xxxxx xxxxx
ဒါက လွမ်းမိုးပြောတဲ့ ဦးဝင်းဦးရဲ့ အကြောင်းပါ ။ ပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ ဒီအဓိပ္ပါယ်ပါပဲ ။ သုံးနှုန်းခဲ့တဲ့ စကားလုံးကတော့ ကွဲပြားနိုင်ပါတယ် ။ မင်းသားကြီးရဲ့ နည်းပညာ ၊ အတတ်ပညာ ၊ စိတ်သဘောထား အားလုံးဟာ ကျွန်တော်တို့ စိတ်နဲ့ တိုက်ဆိုင်တာ ရှိကောင်းမှ ရှိမယ် ။ အကြိုက်ချင်း ကွဲပြားတာ ရှိကောင်းရှိမယ် ။ ဒါပေမယ့် မင်းသားကြီး တော်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ တစ်ညီတစ်ညွတ်တည်း လက်ခံရမှာပါပဲ ။
ကံချွန်
၂၃ - ၂ - ၉၉
အလင်းတန်းဂျာနယ်
ဟိုးအရင်က ဘာရယ်လို့မဟုတ် ။ ရည်ရွယ်ချက်မဲ့ “ ဗျူး ” ခဲ့တာတွေကို ကံချွန် ပြန်အမှတ်ရတယ် ခင်ဗျ ။ တေးသံရှင် လွှမ်းမိုး ဟာ မန္တလေးရောက်ရင် ကံချွန်ဆီ ရောက်လာတတ်ပါတယ် ။ လမ်းမှာ မမျှော်လင့်ပဲ တွေ့လို့ လက်ပြ နှုတ်ဆက်တာမျိုး မဟုတ်ပါဘူး ။ ဟိုမေး ၊ ဒီမေးနဲ့ အိမ်ကို လိုက်လာတာပါ ။ ရန်ကုန်မှာတွေ့လည်း ကံချွန်ကို မြင်တာနဲ့ “ အစ်ကို ” လို့ ခေါ်တော့တာ ။ ကံချွန်ရုပ်က နုနေတာကိုး ။ ဒီတော့ သူဟာ ကံချွန်ထက် ငယ်တယ်ဆိုပြီး ကြေညာလိုက်တာနဲ့ သူ့အသက်က ပိုပြီး ငယ်သွားမယ်ပေါ့ ။ ဂိုး ကို ကျောပေးပြိး “ ဘက်ကစ် ” နဲ့ ဂိုးသွင်းတဲ့ သဘောပါပဲ ။
သူအိမ်လာတုန်း ကံချွန် ဗျူးဖူးတာ ရှိပါတယ် ။ သူပြောတာတွေကတော့ အမှန်တွေပါ ။ ဖြီးတယ်လို့ ယူဆမယ်ဆိုရင်တော့ ခေါင်းထဲမှာ မှတ်ထားတာတွေကို ပြန်တွေးရေးနေတဲ့ ကံချွန်သာ ဖြီးရေးတာဖြစ်ကြောင်း ...
ဖြီး ...... ။
xxxxx xxxxx xxxxxx
“ ဟေး .... ကိုလွှမ်း ”
“ ဟာ ... အစ်ကို ဘယ်သွားမလို့လဲ ”
“ ဈေး ၊ နင်က ဘယ်တုန်း ”
“ အစ်ကို့ဆီလာတာ ။ ဒီလမ်းထဲမှာဆိုလို့ ၀င်လာတာ ”
“ ဒါဖြင့် လာလေ ၊ ဟိုရှေ့က အိမ်ပဲ ”
“ အစ်ကို ဈေးသွားမလို့ဆို ၊ အားရဲ့လား ”
“ မအားပေမယ့် ရပါတယ် ။ ဈေးသွားရမယ့် ကိစ္စ နောက်မှ လုပ်လိုက်မယ် ။ နင်နဲ့က တွေ့ဖြစ်ခဲတယ် ”
( ကံချွန်က အင်တာဗျူးမှာ ကိုလွှမ်းမိုးရဲ့ ငယ်နာမည် စိုးစိုး ကို မခေါ်ပါ ။ စကားချပ် )
ကံချွန် နဲ့ လွှမ်းမိုးဟာ အတော်ကြာကြာ စကားတွေ ပြောဖြစ်ပါတယ် ။ ကံချွန့် အိမ်မှာပါ ။ ပြောရင်းကနေ ဘယ်လိုက ဘယ်လို သင်္ကြန်အကြောင်း ရောက်သွားလိုက်မှန်းတော့ မမှတ်မိတော့ပါဘူး ။ မန္တလေး သင်္ကြန်အကြောင်းတွေ ပြောဖြစ်ရော ။ သင်္ကြန်သီချင်းတွေက စသွားတယ် ထင်တာပဲ ။ အဲဒီမှာ ....
“ မန္တလေးသင်္ကြန်အကြောင်း ပြောရရင် ကျွန်တော် ဦးဝင်းဦး ကို အမှတ်ရမိတယ် ”
“ မန္တလေးသင်္ကြန်ဟာ ဦးဝင်းဦးသင်္ကြန် ဖြစ်ခဲ့ဖူးတာပဲလေ ”
“ ကျွန်တော် မန္တလေးသင်္ကြန် မှာ သီချင်း စဆိုတဲ့ ကာလက ကျွန်တော် နာမည်တက်နေချိန်ပေါ့လေ ။ အဲဒီတော့ ဦးဝင်းဦးက မဏ္ဍပ်တွေမှာ ဖိတ်လိုက်ရင် သီချင်းလာဆိုပေးတဲ့နှစ် ။ မြို့မလည်း မဖြစ်ဖူးထင်တယ် ။ အဲဒါတော့ သေသေချာချာ မမှတ်မိတော့ဘူး ။ ဦးဝင်းဦးနဲ့အတူ ကျော်စွာဝင်း တို့ ပါလာတဲ့နှစ်ပဲ ”
“ ဆက်ပါဦး ”
“ ကျွန်တော်က နန်းရှေ့က မဏ္ဍပ်မှာဆိုနေတာ ။ ကျွန်တော် ဆိုနေတုန်းပဲ မင်းသားကြီး ရောက်လာတာ ။ မဏ္ဍပ်က တာဝန်ရှိသူက လာပြောတယ် ။ မင်းသားကြီး ရောက်နေတယ်ပေါ့ ။ ဒီတော့ ကျွန်တော်က ပရိသတ်ကို မင်းသားကြီး ရောက်နေလို့ ကျွန်တော် နားပါ့မယ် ။ နားရမလားလို့ မေးလိုက်တယ် ။ ပရိသတ်က မနားပါနဲ့ ။ ကိုလွှမ်းမိုး ဆက်ဆိုပါ ။ စိုးစိုး ဆိုပါဆိုပြီး ၀ိုင်းအော်ကြတာ ။ ဒီလိုနဲ့ ကျွန်တော် ငါးပုဒ် ၊ခြောက်ပုဒ်ဆိုနေလိုက်သေးတယ် ။ ပြီးမှ မင်းသားကြီး ဆိုပြီးမှ ကျွန်တော် တစ်ခါ ပြန်ဆိုပေးပါ့မယ်လို့ နှုတ်ဆက်ပြီး လှည့်ဝင်ခဲ့တာ ။ အစ်ကို စဉ်းစားကြည့်စမ်းပါ ။ မင်းသားကြီး ဘယ်လို နေမလဲလို့ ။ ကျွန်တော် လုံဝ မထင်ဘူး အစ်ကိုရာ ။ ငါတော့ ဂိုးပြီဆိုပြီဆိုပြီး ဖြစ်သွားတယ် ။ မင်းသားကြီးက ပြုံးပြုံးကြီးနဲ့ ကျွန်တော့်ကို လက်ဆွဲ နှုတ်ဆက်ပြီး အစ်ကို မင်းပရိသတ်ပါ ။ မင်းသီချင်းတွေ သိပ်ကြိုက်တာ ပြောရင်း ကျွန်တော့် ပခုံးကို ဖက်ပြီး စင်ရှေ့ ပြန်ခေါ်တယ် ။ ပြီးတော့ “ ကျွန်တော့်ညီက နားချင်ပေမယ့် ကျွန်တော်က နားခွင့် မပေးနိုင်ပါဘူး ။ ကျွန်တော်က မောင်လွှမ်းမိုး ရဲ့ ပရိသတ်ပါ ။ ကဲ ... ညီလေး ၊ အစ်ကိုကြီး က ညီလေးသီချင်းကိ ညီလေးနဲ့အတူ ဆိုမယ် ဆိုပြီး ကျွန်တော့် သီချင်းကို ကျွန်တော့်ပခုံး ဖက်ထားပြီး ဆိုသွားတာ ပရိသတ်က လက်ခုပ် တဖြောင်းဖြောင်းပေါ့ ။ ကျွန်တော် အပြတ်လေးစားသွားတယ် အစ်ကိုရာ ။ မင်းသားကြီးရဲ့ သည်းခံနိုင်မှုရော ၊ အနုပညာဝါရော ၊ ပရိသတ်ကို ထိန်းသွားတဲ့ ပညာရော ၊ ကျွန်တော့်ကို စိတ်ရင်းကောင်းကောင်းထားဖို့ ပညာပေးသွားတာပဲလို့ ခံစားလိုက်ရတယ် ”
“ နောက်တော့ လွှမ်းမိုး ဆက်ဆိုသေးလား ”
“ မင်းသားကြီးက ကျွန်တော့်သီချင်းဆိုပြီးတော့ သူ့သီချင်း လေး ငါးပုဒ် ဆိုတယ် ။ ပြီးတော့ ကျွန်တော့်ညီလေး ဆက်ဖျော်ဖြေပါလိမ့်မယ်ဆိုပြီး အလှည့်ပေးတယ် ။ ပရိသတ်က မင်းသားကြီး တစ်ပုဒ်လောက် ဆိုပါဦးလို့ တောင်းဆိုတာကိုပဲ အပြုံးလေးနဲ့ တောင်းပန်ပြီး ကျွန်တော့်ညီလေးရဲ့ သီချင်းကို ကျွန်တော်ကိုယ်တိုင်က နားထောင်ချင်လို့ပါ ။ သူ့ကို အလှည့်ပေးပါရစေ ဆိုပြီး နောက်ဆုတ်တာ ၊ ကျွန်တော့်ကို ပညာတွေ အများကြီး ပေးသွားတယ်ဗျာ ။ အရမ်းလေးစားသွားတယ် ”
xxxxx xxxxx xxxxx
ဒါက လွမ်းမိုးပြောတဲ့ ဦးဝင်းဦးရဲ့ အကြောင်းပါ ။ ပြောခဲ့တဲ့ အဓိပ္ပါယ်ကတော့ ဒီအဓိပ္ပါယ်ပါပဲ ။ သုံးနှုန်းခဲ့တဲ့ စကားလုံးကတော့ ကွဲပြားနိုင်ပါတယ် ။ မင်းသားကြီးရဲ့ နည်းပညာ ၊ အတတ်ပညာ ၊ စိတ်သဘောထား အားလုံးဟာ ကျွန်တော်တို့ စိတ်နဲ့ တိုက်ဆိုင်တာ ရှိကောင်းမှ ရှိမယ် ။ အကြိုက်ချင်း ကွဲပြားတာ ရှိကောင်းရှိမယ် ။ ဒါပေမယ့် မင်းသားကြီး တော်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ တစ်ညီတစ်ညွတ်တည်း လက်ခံရမှာပါပဲ ။
ကံချွန်
၂၃ - ၂ - ၉၉
အလင်းတန်းဂျာနယ်
Friday, July 5, 2019
ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ်
🚘 ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ်
“ အဲဒါ မင်းဘယ်လိုသဘောရသလဲ ”
“ သူတို့ စိတ်ကူးထားတဲ့ ကုန်လှောင်ဖို့ ငွေထုတ်ချေးဖို့ ဆိုတာကတော့ လွယ်တော့ လွယ်တာပေါ့ အစ်ကိုကြီး ၊ ဒါပေမယ့် ဒီအလုပ်တွေက တကယ် မသေချာ မရေရာတဲ့ အလုပ်တွေ ၊ ဒီအလုပ်တွေက လောင်းကစာနဲ့ သိပ်မထူးလှဘူး ”
“ ငါလဲ ဒီသဘောပဲ ဒါပေမယ့် သူတို့က ငါ့လာ အပူကပ်နေတော့ ”
“ ခက်တယ် အစ်ကိုကြီး ဒီမှာ လုပ်စားလို့ ရလောက်တဲ့ ပညာ တစ်ခုခု ပါလာတယ် ဆိုရင်တော့ ”
၂၀၀၅ ခုနှစ် သြဂုတ်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့က အစ်ကိုကြီး ကိုတင်ရှိန်နဲ့ ကျွန်တော် ပြောဖြစ်ကြတဲ့ စကားတွေပါ ခင်ဗျာ ။
သူ့တူတွေ နိုင်ငံခြားထွက် အလုပ်လုပ်ရာက ပြန်လာကြတယ် ။ ငွေတွေ ပါလာတယ် ။ သည်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေတယ် ။
အဲဒါ အစ်ကိုကြီး နဲ့ ကျွန်တော် စကားစပ်မိစပ်ရာ ပြောကြတာ ။
ဖြစ်တတ်ပါတယ် ။ စမ်းတ၀ါးဝါး ။
တချို့ကျတော့ နိုင်ငံခြားသွား အလုပ်လုပ်ကြတယ် ။ သည်မှာ သုံးလို့ရမယ့်ပညာတွေ ၊ လုပ်စားလို့ ဖြစ်နိုင်လောက်တဲ့ ပညာတွေပါ တတ်လာခဲ့ကြတယ် ။
သူတို့ကျတော့ ပါလာတဲ့ ငွေကို ရင်းနှီးပြီး လုပ်ငန်းတစ်ခု ဖတ်ခနဲ ကောက်ထူထောင်လိုက်ရုံပဲ ။
နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ လူတွေထဲမျာ ကျွန်တော့်တူ မောင်ကောင်းကြီး ကတော့ .. ။
“ မပြောချင်တော့ပါဘူးဟယ် ”
“ ဒါဖြင့်လဲ မပြောပါနဲ့တော့ အစ်မရယ် ”
“ ဟေ့ အေး ငါပြောလိုက်ရမှ ဒါမှ ငါ့ရင်ထဲက အလုံးကြီး ကျသွားမှာ ”
သြော် လူ့သဘာဝ ၊ ရင်ထဲက အလုံးကြီးကို သူတစ်ပါးထံ အံချ ဖွင့်ချလိုက်ရရင် ရင်ရှင်းသွားသတဲ့ဗျာ ။
“ အင်း အင်း ဆိုပါဦး ”
“ ငါ့ဟယ် ငါ့သား မောင်ကောင်းကြီးပေါ့ ၊ နိုင်ငံခြားထွက်ချင်လှချည်ရဲ့ ၊ သင်္ဘောတက်ချင်လှချည်ရဲ့ ဆိုလို့ ငါ့ ဗင်ကားလေး ရောင်းပြီး သင်္ဘောပေါ် တင်ပေးလိုက်တာ ”
“ အမှန် အကန်လိုင်းလား ”
“ အမှန်အကန်လိုင်းပါဟယ် ၊ အဲဒါ ငါ့မှာ စိတ်ချလက်ချ ရှိနေတုန်း ဗြုန်းဆို ပြန်ရောက်လာရောဟယ် ၊ ဘာကြာတုန်း ၊ သင်္ဘောပေါ်မှာ သုံးလတည်းရယ် ”
“ နေထိုင် မကောင်းလို့လား အစ်မ ”
“ အကောင်း ပကတိကြီးပါတော် ”
“ ဟင် ဒါနဲ့များ ”
“ ဒီကောင်က လက်ကြောမတင်းတော့ သင်္ဘောပေါ်က မောင်းချလိုက်တာပေါ့ ၊ အိမ်မှာ နေတုန်းကလဲ သူက ပေါ်ကြော့ဟဲ့ ”
“ ဒါဖြင့် ဘာလို့ ”
“ အမယ်လေးဟယ် သေမတတ် ပူဆာ တညည်းညည်း တညူညူ ဂျီတိုက်နေတော့ နားအေး ပြီးရောဆိုပြီး ကားလေးရောင်းပြီး ရင်းလိုက်တာ ”
“ နေဦး အစ်မ ဒီကားလေး ရောင်းလိုက်တုန်းက ဘယ်လောက်ရတုန်း ”
“ ခြောက်သိန်းခွဲလေ ”
“ အင်း အစ်မ ကျွန်တော်က ကားနဲ့ပတ်သက်ရင် ဘာမှ မသိဘူး ။ နုံတယ် ဆိုဆို ၊ အတယ် ဆိုဆို အဲဒီ အစ်မတို့ ရောင်းလိုက်တဲ့ ကားမျိုး ဒီနေ့ဆို ဘယ်လောက် တန်ပါ့မလဲ ”
“ သိန်းနှစ်ရာ့ငါးဆယ် အောက်ထစ်ပေါ့ ငါ့မောင်ရယ် ”
ဟုတ်ပေလိမ့်မည် ။ ၁၉၉၅ ခုနှစ် ဧပြီလက ကျွန်တော့်သူငယ်ချင်း ရွှေချစ် ဆိုတဲ့ကောင် ကားဝယ်တာ လေးသိန်းကျော်လေးပဲ ပေးရတယ် ။
ဟိုတလောလေးက မေးကြည့်မိတော့ သိန်းနှစ်ရာ့ငါးဆယ် ခြောက်ဆယ် လောက် ပေါက်တယ်တဲ့ ခင်ဗျာ ။
( ပိုင်ရှင်ကို မမေးရဲဘူး ၊ ဘေးလူကို တီးခေါက်ကြည့်တာ ) ။
၁၉၉၅ - ယနေ့ ၂၀၀၅ - ဆယ်နှစ် အတွင်း ဖြစ်သွားတာ ။
“ ငါ့ဟယ် အဲဒီကားကလေးသာ ရောင်းမပစ်လိုက်ရဘူးဆိုရင် ဒီနေ့ ”
“ ဟုတ်တာပေါ့ အစ်မ ဒါလေးရောင်းပြီး စီးပွါးရေး လုပ်ငန်းတစ်ခု ထူထောင်လို့ ရသေးတာပေါ့ ”
“ အဲဒါ ငါပြောတာ ”
“ အခုကော အစ်မသား ဘာတွေ လုပ်နေတုန်း ၊ စီပွါးရေး တစ်ခုခု ”
“ အမယ်လေး ဟိုအလုပ်က သူနဲ့ မတန်ဘူး ၊ ဒီအလုပ်ကိုဖြင့် မကြိုက်ဘူးနဲ့ သင်္ဘောသားလူထွက်ကြီးက အိမ်မှာ ယောင်တောင်ပေါင်တောင်ပါပဲဟယ် ”
သြော် ကျွန်တော့် အစ်မကြီးရဲ့ အဖြစ်က မလွယ်ပါလား ။
“ ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ် ငါ့မောင်ရယ် ”
ကျွန်တော် ချက်ချင်း ထွက်ပြေးခဲ့ပါ၏ ။ မတော် ကျွန်တော့်ရှေ့မှာ ငိုနေမှဖြင့် ။
မောင်ချမ်းသာ
ကုမုဒြာ ၊ ၂၃ စက်တင်ဘာ ၂၀၀၅
Thursday, June 27, 2019
ချိန်းထားတဲ့ နေ့ ချိန်းထားတဲ့ နာရီ
🕐 ချိန်းထားတဲ့ နေ့ ချိန်းထားတဲ့ နာရီ
“ ဟ ဟေ့ကောင် မင်းအသက်အရွယ်ကြီးနဲ့ ”
“ လုပ်ပြီ ဦိးနားဝေးကတော့ ဆုံးအောင်များ ဖတ်ကြည့်စမ်းပါဦးတဲ့လား ”
“ အေးပါမောင် ”
ဤသို့ဖြင့် ဇာတ်လမ်းက စလေ၏ ။
“ ဟင် အစ်ကိုလေး သန်းမောင် အဲဒါ ဘာလုပ်တယ် ”
“ ဆားဗစ်ကျင်းလကွာ ”
( ဘာလဲတော့ မသိဘူးဗျာ ၊ ကျွန်တော်တို့ အောင်လံမှာ ရေလောင်းအိမ်သာဆောက်ဖို့ မြေကြီးကို တွင်းကြီး တူးပြီး မြေနုတ်ပစ်တာကို ဆားဗစ်ကျင်းလို့ ခေါ်ကြတာပဲ ၊ ပန်းရန်စကားလား ဘာလားမသိ။ )
“ ဟာဗျာ မိုးတွင်းကြီးကျခါမှ ”
“ အေးလကွာ ခုမှပဲ ”
ကျွန်တော် ၂၀၀၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျွန်တော့် ယောက်ဖ ကိုသန်းမောင်အိမ်ကို ရောက်သွားတော့ လူသုံးလေးယောက် မိုးကာကြီး မိုးပြီး မြေနုတ်နေကြတာ တွေ့သဗျာ့ ။ ဒါနဲ့ ကျွန်တော်က မေးမိ ။
အမှန်မှာ ခုရက်လောက်ဆို ပြီးဖို့ သင့်နေပါပြီ ။
ဖြစ်ပုံက သည်လိုပါ ။
ယောက်ဖက ခြောက်ဘီးကားကို ၁၀ ဘီးလုပ်ချင်တယ် ။ ကားပြောင်းမယ် ဆိုတော့ ငွေက လိုက်ရမယ် ။ ဒါနဲ့ ဘေးမှာ ကျန်နေသေးတဲ့ မြေကွက်ကို ပိုင်းပြီး ရောင်း ၊ ရောင်းလို့ ရတဲ့ ပိုက်ဆံ ကားထဲ ထည့် ၊ ခြောက်ဘီးက ၁၀ ဘီး ဖြစ်သွား ။
အကွက် တစ်ခြမ်းတော့ ပဲ့သွားတာပေါ့လေ ။
ဖဲ့ရောင်းလိုက်ရတဲ့ အကွက်ထဲမှာ ရေလောင်းအိမ်သာက ပါသွားတယ် ။
ဝယ်တဲ့ဘက်က သဘောကောင်းပါတယ် ။ ခြောက်လတိတိ အချိန်ပေးထားတယ် ။ ခြောက်လ ပြည့်ရင်တော့ အကွက်ကို ခြံစည်းရိုးခတ်မယ်ပေါ့ ။
ဟိုက စောင့်နေတယ် ။ ခြောက်လလည်း ပြည့်ရော ခြံစည်းရိုး ခတ်လိုက်ရော ။
ဟော ဖိုးသန်းမောင်တို့ မိသားစု အောက်ရှင်းဖို့ ခက်သွားရောဗျာ ။
အေးပါကွာ သူ့ရက်မှ မရောက်သေးတာ ၊ အေးပါကွာ လုပ်မှာပေါ့ ဘာခက်တာမှတ်လို့ ။
ကျွန်တော်က ကြုံတဲ့အခါ တိုက်တွန်းမိတယ် ။ ဖိုးသန်းမောင်က အေးဆေးပဲ ။
ဘေးက ၀င်ပြောတဲ့ ကျွန်တော့်ကိုတောင် စိတ်က ချဉ်နေပုံ ရတယ် ။
ဟုတ်တယ် ။ ကျွန်တော်ကလည်း မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင် ။
ခုတော့ ကဲ မှတ်ကရော ။ ဟင်း ကောင်းတယ် ။
ကျွန်တော် ကြိတ်ပြီး ပြုံးမိ ။ ဘယ့်နှယ်ဗျာ ဟိုဘက်က ခြောက်လကြီးတောင် အချိန်ပေးထားတာ ။
အဲဒါကို မထုံတက်သေး လုပ်နေတာ ။
ဟိုဘက်လူက ခြံစည်းရိုးလုပ်တာ တကယ်ဆို ခြောက်လ မကပါဘူးဗျာ ။ ရက်တောင် နည်းနည်း စွန်းပါသေးတယ် ။
အခု တကယ် ပိတ်လိုက်တော့ မိုးရွာရက်ထဲ ရောက်နေပြီ ။ မိုးထဲရေထဲ မိုးကာမိုးပြီး လှော်ခတ်နေရပြီ ။ မှတ်လဟ ။
လူ တော်တော်များဟာ သည်လိုပဲ ။ ခပ်ပေါ့ပေါ့ လုပ်တတ်ကြတယ် ။
ချိန်းထားတဲ့ ရက် နီးနေပြီ ။ ချိန်းထားတဲ့ရက် ရောက်နေပြီ ။ ချိန်းထားတဲ့ရက် ကျော်နေပြီ ။ မလာသေးဘူး ။ အကြွေး မဆပ်သေးဘူး ။ ကုန် မအပ်သေးဘူး ။ တစ်ဖက်လူက လည်ပင်း တရှည်ရှည် ။ သည်ဘက်လူက ဤ လေး အာ လေး ။ ကြာတော့ စိတ်မရှည်ဘူး ။ စကားတွေ ပြောရ ။ စကားတွေ များကြ ။ ရန်တွေ ဖြစ်ကြ ။ ရုံးတွေ ဂတ်တွေ ရောက်ကြ ။ တရားတွေ ဖြစ်ကြ ။ ထောင်တွေ ကျကြ ။ ဘယ်က စပါသလဲ ။ မလေးစားတာက စတာပါ ခင်ဗျာ ။
ကျွန်တော်တို့ စီးပွါးရေးလောကမှာ မိမိထက် ငယ်သူပဲ ဖြစ်ဖြစ် ၊ မိမိထက် ကြီးသူပဲ ဖြစ်ဖြစ် အလုပ်ဟာ အလုပ်ပဲ ခင်ဗျာ့ ။
အလုပ်နဲ့ ပတ်သက်လာရင် အလွန်လေးစားကြပါတယ် ။ ချိန်းတဲ့ရက်ကို ဂရုစိုက်ကြရပါတယ် ။
လေးစာတဲ့ လူ ၊ ဂရုစိုက်တဲ့ လူ ၊ တိကျတဲ့ လူ ကြီးပွါးသွားတာပဲဗျာ့ ။
မောင်ချမ်းသာ
ကုမုဒြာ ၊ ၈ ဇူလိုင်လ ၂၀၀၅
“ ဟ ဟေ့ကောင် မင်းအသက်အရွယ်ကြီးနဲ့ ”
“ လုပ်ပြီ ဦိးနားဝေးကတော့ ဆုံးအောင်များ ဖတ်ကြည့်စမ်းပါဦးတဲ့လား ”
“ အေးပါမောင် ”
ဤသို့ဖြင့် ဇာတ်လမ်းက စလေ၏ ။
“ ဟင် အစ်ကိုလေး သန်းမောင် အဲဒါ ဘာလုပ်တယ် ”
“ ဆားဗစ်ကျင်းလကွာ ”
( ဘာလဲတော့ မသိဘူးဗျာ ၊ ကျွန်တော်တို့ အောင်လံမှာ ရေလောင်းအိမ်သာဆောက်ဖို့ မြေကြီးကို တွင်းကြီး တူးပြီး မြေနုတ်ပစ်တာကို ဆားဗစ်ကျင်းလို့ ခေါ်ကြတာပဲ ၊ ပန်းရန်စကားလား ဘာလားမသိ။ )
“ ဟာဗျာ မိုးတွင်းကြီးကျခါမှ ”
“ အေးလကွာ ခုမှပဲ ”
ကျွန်တော် ၂၀၀၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျွန်တော့် ယောက်ဖ ကိုသန်းမောင်အိမ်ကို ရောက်သွားတော့ လူသုံးလေးယောက် မိုးကာကြီး မိုးပြီး မြေနုတ်နေကြတာ တွေ့သဗျာ့ ။ ဒါနဲ့ ကျွန်တော်က မေးမိ ။
အမှန်မှာ ခုရက်လောက်ဆို ပြီးဖို့ သင့်နေပါပြီ ။
ဖြစ်ပုံက သည်လိုပါ ။
ယောက်ဖက ခြောက်ဘီးကားကို ၁၀ ဘီးလုပ်ချင်တယ် ။ ကားပြောင်းမယ် ဆိုတော့ ငွေက လိုက်ရမယ် ။ ဒါနဲ့ ဘေးမှာ ကျန်နေသေးတဲ့ မြေကွက်ကို ပိုင်းပြီး ရောင်း ၊ ရောင်းလို့ ရတဲ့ ပိုက်ဆံ ကားထဲ ထည့် ၊ ခြောက်ဘီးက ၁၀ ဘီး ဖြစ်သွား ။
အကွက် တစ်ခြမ်းတော့ ပဲ့သွားတာပေါ့လေ ။
ဖဲ့ရောင်းလိုက်ရတဲ့ အကွက်ထဲမှာ ရေလောင်းအိမ်သာက ပါသွားတယ် ။
ဝယ်တဲ့ဘက်က သဘောကောင်းပါတယ် ။ ခြောက်လတိတိ အချိန်ပေးထားတယ် ။ ခြောက်လ ပြည့်ရင်တော့ အကွက်ကို ခြံစည်းရိုးခတ်မယ်ပေါ့ ။
ဟိုက စောင့်နေတယ် ။ ခြောက်လလည်း ပြည့်ရော ခြံစည်းရိုး ခတ်လိုက်ရော ။
ဟော ဖိုးသန်းမောင်တို့ မိသားစု အောက်ရှင်းဖို့ ခက်သွားရောဗျာ ။
အေးပါကွာ သူ့ရက်မှ မရောက်သေးတာ ၊ အေးပါကွာ လုပ်မှာပေါ့ ဘာခက်တာမှတ်လို့ ။
ကျွန်တော်က ကြုံတဲ့အခါ တိုက်တွန်းမိတယ် ။ ဖိုးသန်းမောင်က အေးဆေးပဲ ။
ဘေးက ၀င်ပြောတဲ့ ကျွန်တော့်ကိုတောင် စိတ်က ချဉ်နေပုံ ရတယ် ။
ဟုတ်တယ် ။ ကျွန်တော်ကလည်း မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင် ။
ခုတော့ ကဲ မှတ်ကရော ။ ဟင်း ကောင်းတယ် ။
ကျွန်တော် ကြိတ်ပြီး ပြုံးမိ ။ ဘယ့်နှယ်ဗျာ ဟိုဘက်က ခြောက်လကြီးတောင် အချိန်ပေးထားတာ ။
အဲဒါကို မထုံတက်သေး လုပ်နေတာ ။
ဟိုဘက်လူက ခြံစည်းရိုးလုပ်တာ တကယ်ဆို ခြောက်လ မကပါဘူးဗျာ ။ ရက်တောင် နည်းနည်း စွန်းပါသေးတယ် ။
အခု တကယ် ပိတ်လိုက်တော့ မိုးရွာရက်ထဲ ရောက်နေပြီ ။ မိုးထဲရေထဲ မိုးကာမိုးပြီး လှော်ခတ်နေရပြီ ။ မှတ်လဟ ။
လူ တော်တော်များဟာ သည်လိုပဲ ။ ခပ်ပေါ့ပေါ့ လုပ်တတ်ကြတယ် ။
ချိန်းထားတဲ့ ရက် နီးနေပြီ ။ ချိန်းထားတဲ့ရက် ရောက်နေပြီ ။ ချိန်းထားတဲ့ရက် ကျော်နေပြီ ။ မလာသေးဘူး ။ အကြွေး မဆပ်သေးဘူး ။ ကုန် မအပ်သေးဘူး ။ တစ်ဖက်လူက လည်ပင်း တရှည်ရှည် ။ သည်ဘက်လူက ဤ လေး အာ လေး ။ ကြာတော့ စိတ်မရှည်ဘူး ။ စကားတွေ ပြောရ ။ စကားတွေ များကြ ။ ရန်တွေ ဖြစ်ကြ ။ ရုံးတွေ ဂတ်တွေ ရောက်ကြ ။ တရားတွေ ဖြစ်ကြ ။ ထောင်တွေ ကျကြ ။ ဘယ်က စပါသလဲ ။ မလေးစားတာက စတာပါ ခင်ဗျာ ။
ကျွန်တော်တို့ စီးပွါးရေးလောကမှာ မိမိထက် ငယ်သူပဲ ဖြစ်ဖြစ် ၊ မိမိထက် ကြီးသူပဲ ဖြစ်ဖြစ် အလုပ်ဟာ အလုပ်ပဲ ခင်ဗျာ့ ။
အလုပ်နဲ့ ပတ်သက်လာရင် အလွန်လေးစားကြပါတယ် ။ ချိန်းတဲ့ရက်ကို ဂရုစိုက်ကြရပါတယ် ။
လေးစာတဲ့ လူ ၊ ဂရုစိုက်တဲ့ လူ ၊ တိကျတဲ့ လူ ကြီးပွါးသွားတာပဲဗျာ့ ။
မောင်ချမ်းသာ
ကုမုဒြာ ၊ ၈ ဇူလိုင်လ ၂၀၀၅
Monday, June 24, 2019
မေတ္တာ ဆိုတာ ခွင့်လွှတ်ခြင်း
💕 မေတ္တာဆိုတာ ခွင့်လွှတ်ခြင်း
◾ တေးရေး မောင်ဆွေနွယ်
တံလျှပ်ရေထင် ရွှေသမင် အလိုက်လွဲသည့်ပမာ မိုက်မဲမိတာကလည်း မောင့်ရဲ့အပြစ်ပါ အတတ်နိုင်ဆုံး ကြိုးစားကာ မေ့ဦးမှာ ဓနငွေစက်ယန္တရားကြားမှ မရွှေအထက်တန်းစားက အလှကြွေ ပျက်ခမ်းသွားရအောင်လည်း ပြုပဲပြုရက်တယ်လို့သာ
လူသိရှင်ကြား သတင်းပေးသလို သီချင်းကလေး ဆို၍ ဝေဒနာကို မကြောညာတော့ဘူး အညာ
( နှုတ်မဆက်ဘဲ ခွဲခွါသည့်အခါမှာ ရုတ်တရက်လည်း အသည်းနာမိတာ အမှန်ပါ ) သို့သော်လည်း သစ္စာကိုသာ အသိညွှတ်နှင်းကာ မေတ္တာဆိုတာ ခွင့်လွှတ်ခြင်းဟာ စိတ်ချမ်းသာမယ်ဆိုရင် စိတ်ချမ်းသာသလို မုန်းပါ မေ့ပါ ရက်စက်ပါ လွမ်းအသည်းညှာ သက်သေပြကာ ၀မ်းနည်းစရာ အရှက်မပြေသမျှသာ လမ်းခွဲမှာ မျက်ရည်မကျဘူး အညာ ကဗျာဖွဲ့လို့ ညာတဲ့သူကို အယူခံ မ၀င်ချင်သူပါ
လူသိရှင်ကြား သတင်းပေးသလို သီချင်းကလေး ဆို၍ ဝေဒနာကို မကြေညာတော့ဘူး အညာ
◾ ကိုတင်ဝင်း ( မူရင်းသီဆိုသူပါ ) ။
` စမ်းရေ ´ သီချင်းကို သူပဲ သီဆိုတာပါ ။ သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/Hi1HMu81nKrhcw
◾ ကိုတင်လှိုင်
သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/CJDJzgprrppi_Q
◾ အနိုင်
သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/H8zo76W2t0RNkA
◾ နီနီဝင်းရွှေ
သူ့သီချင်းကို အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/YHBHP0JwNEFLag
ဆရာ ဒုံမင်း ဦးဆန်းတင့် ရဲ့ လက်သံ သီးသန့် ကို လည်း အောက်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/WOpMUl6kRriyKA
အနိုင် သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့်ပါ။
https://yadi.sk/d/udb9zoKrqOBBDg
Thursday, June 20, 2019
ရှမ်း လူမျိုးတို့၏ ရာသီပွဲများ
🅣🅐🅘 ရှမ်းလူမျိုးတို့၏ ရာသီပွဲများ
တစ်နှစ်တွင် ဆယ့်နှစ်လ ရှိသည့်အနက် ရှမ်းလူမျိုးများသည် သူ့လနှင့်သူရာသီပွဲများ သတ်မှတ် ထားရှိပေသည် ။ ဗုဒ္ဓဘာသာကို အလွန် ရိုသေ ကိုင်းရှိုင်းကြသော လူမျိုးများ ဖြစ်သည့်အလျောက် ရာသီအလိုက် ကျင်းပသော ပွဲများမှာလည်း ဘာသာရေးနှင့် ယှက်နွှယ်လျက်ရှိ၏ ။
ယခု ဖော်ပြသည့် ရှမ်းလူမျိုးတို့၏ ရာသီပွဲများ အကြောင်းသည် ပြီးပြည့်စုံသည်ဟု မယုဆစေလိုပါ ။ ရှာဖွေ စုဆောင်း မှတ်သားရသရွေ့သာ ဖြစ်၍ လိုအပ်ဖြည့်စွက်ရန် ရှိသည်များကို တတ်သိနားလည်သော ပညာရှင်များ ဆက်လက်ရေးသားကြရန်ကိုလည်း မေတ္တာရပ်ခံလိုပါသည်။
◾ နတ်တော်လ(လိန်စိင်)
ပွဲလမ်းသဘင် အများဆုံးသော ရှမ်းလူမျိုးတို့၏ နှစ်ဦးကာလ မြတ်သော လပေတည်း။
ကောက်သစ်များ ရိတ်သိမ်းသူ ရိတ်သိမ်းနေကြပြီ။ ရိတ်သိမ်းရန် ပြင်ဆင်သူများကလည်း ပြင်ဆင်နေကြချိန်ဖြစ်၏ ။ အချို့ကလည်း စပါးကျီသွင်း၍ တလင်းသိမ်းကြလေပြီ ။ နတ်တော်လဆန်း ( ၁ ) ရက်နေ့သည် နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည့်အတိုင်း နှစ်သစ်ကူးပွဲနှင့် ကောက်သစ်စားပွဲကို ကျင်းပကြသည်။ ကောက်သစ်စားပွဲ ကျင်းပရာတွင် ပေါ်ဦးပေါ်ဖျား ကောက်သစ်ဆန်များဖြင့် ထမင်းထုပ်၊ ခေါပုတ်များ ပြုလုပ်ပြီး ရှေးဦးစွာ ဘုရားဆွမ်းတော်တင်ခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း ပြုလုပ်ကြပြီးနောက် စပါးသီးနှံ ဆန်စပါးအဖြစ် ရောက်ရှိအောင် ထွန်ယက်ပေးသော ကျွဲနွားများကို ဂုဏ်ပြုကျေးဇူးဆပ်သော အနေနှင့် လူတို့မစားသောက်မီ စားဦးစားဖျား ထမင်း နှင့် ခေါပုတ်များကို အရင်ကျွေးမွေးကြသည် ။ ပြီးမှ သက်ကြီး ရွယ်အိုများကို ကျွေးမွေးကန်တော့ကြသည် ။ လူငယ်များ စုပေါင်း၍ တပျော်တပါး စားသောက်ခြင်း ပြုကြ၏။
ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းကမူ တစ်အိမ်လျှင်ဆန်အနည်းငယ်၊ ဟင်းအနည်းငယ်စီ ယူဆောင်လာကြပြီး အားလုံးစုပေါင်း၍ ထမင်းနှင့်ဟင်း ရောပြွမ်းချက်သည့် ( ခေါက်တမွတ်း ) ကို တပျော်တပါး စားသောက်ကြသည်။၎င်းနောက် ၀ိုင်းပတ်ကာ တစ်ဦးခြေလှမ်းကို တစ်ဦးက စီးချက်ဝါးချက်ဖြင့် လိုက်ကရသော ( လာမ်းဝိန်း ) ခေါ် ယမုံးကကို ၀ိုင်းဖွဲ့ကကြသည်။ ဤလ၌ ရှမ်းလူမျိုးတို့ အမြတ်တနိုးပြုကြသော ( မောက်ကော်န် ) ( ၀ါ ) ( မောက်စိင် ) ခေါ် ချယ်ရီပန်းတို့ ပွင့်လန်းရာ အခါသမယလည်း ချယ်ရီပန်းသည် အပွင့်မရှိခင်က အကျည်းတန်သော်လည်း ပန်းများ ပွင့်လာချိန်တွင် မျက်စိပသာဒတွင် ရှုမငြီးလှသည်ဖြစ်ရာ ပေါ်ဦးပေါ်ဖျား ချယ်ရီပန်းများကို ဘုရားလှူရန် နှင့် ညောင်ရေအိုး ထိုးရန်မှအပ ချိုးဖဲ့ဖျက်စီးခြင်း မပြုကြပေ။
ရှေးအခါကာလက စော်ဘွားဟော်နန်းများ ဆောက်လုပ် ရာတွင် အထွတ်အမြတ် ဖြစ်သော ထုပ်တန်း ( မိုက်ကွမ် ) များကို ချယ်ရီသားများဖြင့် ထည့်သွင်း ဆောက်လုပ်ရကြောင်း မှတ်သားရဖူး၏ ။ ရဟန်း သံဃာတော်များကလည်း တစ်နှစ်ပတ်လုံး ပြစ်မှားမိခဲ့သမျှကို ( ပွိုင်းဝါတ် ) ခေါ် ၀တ်ဖြေပွဲ ( ၀ါ ) အာပတ်ဖြေပွဲများကို တခမ်းတနား ပြုလုပ်ကြလေသည် ။ ကောက်သစ်လည်း စပေါ်၊ လယ်ယာလုပ်ငန်းခွင်မှလည်း အားလပ်ချိန်ဖြစ်သည့် အလျောက် သေဆုံးသွားပြီဖြစ်သော မိမိတို့ ဆွေမျိုးမိဘများ ၊ အဖိုးအဖွားများအား ရည်စူး၍ ရပ်ဝေး ရပ်နီးရှိ ဆွေမျိုးဉာတိများ စုပေါင်းလျက် သေဆုံးသွားသူများ အတွက် ဆွမ်းကျွေး အမျှတမ်းဝေခြင်း ၊ ပိဋကတ် စာပေလှူဒါန်းခြင်းများ ပြုကြ၏။
◾ ပြာသိုလ(လိန်ကမ်)
ရှောင်ကြဉ်သောလ ( သို့မဟုတ် ) ( လိန်ကမ် ) အထောက်အကူပြုသော လ ဟုဆိုသည် ။ ဤလတွင် မိမိတို့ပိုင် ဥစ္စာပစ္စည်းများကို အပြင်သို့ ထုတ်ခြင်း မပြုကြပေ။စပါးကျီ အတွင်းရှိ စပါးများကိုပင် ထုတ်ရောင်းချခြင်း ၊ မီးဖို မှ ပြာများ သွန်ခြင်းနှင့် အိုးသစ် အိမ်သစ် ထူထောင်ခြင်းများကို ရှောင်ကြဉ်ကြရသည်။ ချမ်းအေးသော ဆောင်းကာလ ဟေမန္တရာသီဖြစ်သည်နှင့်အညီ သိုင်း ၊ ဗန်တို ၊ ဗန်ရှည်သင်ပွဲများ ၊ ဆေးမင်ကြောင် ထိုးပွဲများ ကျင်းပ၏။
◾ တပို့တွဲလ(လိန်ဆမ်)
သုံးလပိုင်းဟု အဓိပ္ပါယ်ရသည်။ ( ခေါက်ယာဂု ) ခေါ် ကောက်ညှင်းနှင့် ကြံသကာ ရော၍ ပေါင်းပြီး နှမ်း ၊ မြေပဲဆံ ၊ သစ်ကြားသီး ၊ အုန်သီးစသည်များဖြင့် ပြုလုပ်ထားသော ရှမ်း ထမနဲများကို တစ်အိမ်နှင့် တစ်အိမ် အပြန်အလှန် ပေးကမ်းဝေငှခြင်း၊ ဘုန်းကြီးကျောင်းများသို့ ပေးပို့လှူဒါန်းခြင်း ၊ အိုးစည် ဗုံမောင်းများ ပျော်ရွှင်စွာ တီးခတ် ကခုန်ကြခြင်း ၊ ဥပုသ် သီတင်းသီလ ဆောက်တည်ခြင်းများ ပြုကြ၏။
◾ တပေါင်းလ(လိန်ဆီ)
လေးလပိုင်း ဖြစ်သည် ။ တပေါင်း ဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည် ။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စုံလှပေသည် ။ လယ်ယာလုပ်ငန်းခွင် အားလပ်၍ ငွေပေါချိန်ဖြစ်ရာ စုပေါင်းရှင်ပြု ရဟန်းခံပွဲများမှာလည်း နေရာမလပ်ဖြစ်၏။ ရှမ်းပြည် မြောက်ပိုင်းတိုင်း ဘုရားပွဲတော်များအနက် ဘော်ကြိုတပေါင်းပွဲ၊ သိန္နီ တပေါင်းပွဲ နှင့် လားရှိုး မန်ဆူ တပေါင်းပွဲ များမှာ ကြက်ပျံမကျ စည်ကားလှပေသည်။
◾ တန်ခူးလ(လိန်ဟာ့)
ငါးလပိုင်း သင်္ကြန်သမယဖြစ်၏ ။ သင်္ကြန်မကျမီ တစ်ရက် အကြိုနေ့တွင် လှူဖွယ်တန်းဖွယ် ပစ္စည်းများ ၊ မုန့်ဖက်ထုပ်ပြုလုပ်ရန် ဖက်များ ၀ယ်ခြင်း နှင့် စပါး(သို့မဟုတ်) ပြောင်းဖူးစေ့များ လှော်၍ ပေါက်ပေါက်ပြုလုပ်ခြင်းများ ပြုကြသည်။ ညနေပိုင်းတွင် အိမ်တွင်ဖြစ်စေ ၊ ရေချောင်းကမ်းစပ်များ၌ ဖြစ်စေ မုန့်ထုပ် မုန့်ပေါင်းခြင်း၊ တပျော်တပါး ၀ိုင်းဖွဲ့ စားသောက်ခြင်းများ ပြုကြ၏ ။ မုန့်ထုပ်မုန့်ပေါင်းရာသို့ တစ်အိမ်နှင့် တစ်အိမ် ၀ိုင်းဝန်းကူညီခြင်းများ ပြုကြလေသည် ။ သင်္ကြန် အကျနေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ဥပုသ်သီတင်းဆောက်တည်၊ တရား ဓမ္မ နာယူခြင်းများ ပြုကြ၏ ။ (ရှမ်းလူမျိုးတို့သည်သင်္ကြန်အကျနေ့ကို အထွတ်အမြတ်ထားကြပြီး ရေကစားခြင်း မပြုကြပေ။)
သင်္ကြန် အကြတ်နေ့ ၊ ဤနေ့ကို ( ၀မ်းနောက် ) ရက်ပုပ်ဟုယူဆကာ သစ်ဝါးခုတ်ခြင်း၊ ဆန်ဖွတ် မောင်းထောင်းခြင်း မပြုကြဘဲ သူတော်စင်များက ဥပုသ်သီတင်းဆောက်တည်၍ ကျန်လူများက အေးအေးလူလူ အနားယူကြသည် ။ ရေကစားခြင်းလည်း မပြုကြပေ။
တံငါ မုဆိုးများကမူ ဤနေ့ ဤရက်တွင် တောစောင့် တောင်စောင့်နတ်၊ ရေစောင့် မြေစောင့်နတ်များ ၊ ဥပုသ်ဆောင် ၀င်နေကြသဖြင့် သားငါး တိရစ္ဆာန်များကို မစောင့်ရှောက်ကြဟု အယူရှိပြီး တောလိုက် ငါးဖမ်းခြင်း ပြုလုပ်ကြ၏။ သို့ရာတွင် ဆေးရုံအမှုထမ်းများ၏ မှတ်သား ပြောကြားချက် အရမူ ဤနေ့တွင် ထိုသူများ အပျော်ကျူးမှုကြောင့် အချင်းချင်း မှားယွင်း ပစ်ခတ်ဒဏ်ရာရခြင်း ၊ ရေနစ်ခြင်းများ အများဆုံးတွေ့ရ၏။ သင်္ကြန် အတက်နေ့ကို နေ့ကောင်းရက်သာ မင်္ဂလာအခါ ဟုဆိုကာ ဘုန်းကြီးကျောင်း
သို့သွား၍ ရဟန်းစုံ သံဃာစုံ ကန်တော့ခြင်း၊ တစ်ရွာနှင့် တစ်ရွာ သွားရောက်လည်ပတ်၍ မုန့်ဖက်ထုပ်များ အပြန်အလှန်ပေးဝေခြင်း၊ ရေကစားခြင်း ပြုကြသည်။ ရေကစားကြရာတွင် သမီးပျိုများရှိရာ အိမ်သို့ လူပျိုကာလသားများ လာရောက်ရေကစားခွင့်ရေပက်ခွင့် တောင်းလျှင် သမီးရှင်မိဘများက ကြည်ကြည်ဖြူဖြူ ရေပက်ခွင့်ပေးရ၏။ မဟုတ်ပါက “ ခင်ဗျားတို့ သမီးတော့ သင်္ကြန်ရေ မထိရရင် တစ်နှစ်တော့ အရွယ်လွန်အုံးမှာဘဲဗျို့ ” ဟု လှောင်ပြောင်ခြင်း ခံကြရသည် ၊ သင်္ကြန်တက်ပြီးနောက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့ ) တွင် ထမင်းထုပ် ဟင်းထုပ်များဖြင့် လူကြီးမိဘများကို သွားရောက် ကျွေးမွေးကန်တော့ခြင်း ၊ တစ်ရွာနှင့် တစ်ရွာ မုန့်ထုပ်များ ပေးပို့ ဂါရ၀ပြုခြင်း၊ ဘုန်းကြီးကျောင်းများသို့ သွားရောက် ကန်တော့ လှူဒါန်း ဒါနပြုခြင်းများ ဆောင်ရွက်ကြ၏။
ဘုန်းကြီးကျောင်းများမှာ ဘုရားရေသပ္ပယ်၍ ပြန်လာသူများကို အပြန် လမ်းတစ်လျှောက်တွင် လူငယ်လူရွယ်များက ( ကန်တော့နမ့်ခါ ) “ ရေကန်တော့ပါရစေ ခင်ဗျာ ” ဟု ယဉ်ကျေးသိမ်မွေ့စွာ ခွင့်ပန်ကာ ရေပက်ဖျန်းကြလေသည် ။ ရေကစားရာတွင် ဦးခေါင်း ဆံပင်ကို ရေမထိစေရန် အထူးဂရုစိုက်ကြရ၏။ အောက်ပိုင်းကိုသာ ရေလောင်းကြရပြီး ညစ်ညမ်း မသန့်ရှင်းသော ရေများဖြင့်ပက်ခြင်း ၊ နှမချင်း မစာနာ ဆူညံစွာ အော်ဟစ်လှောင်ပြောင်မှုများကို အထူးရှောင်ရှားကြပေသည်။
ညပိုင်းတွင် ပျော်ရွှင်တတ်သူများက ဖိုးသူတော်ရုပ် ၊ ရသေ့ရုပ် ၊ ရှင်လောင်းရုပ်များ ပြုလုပ်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ တစ်အိမ်တက်ဆင်း ကောင်းချီးပေး ပျော်ရွှင်ပွဲများ ပြုကြ၏ ။ အိမ်ရှင်အား ကျန်းမာချမ်းသာ၍ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ ဆထက်ထမ်းပိုး တိုးတက်စေကြောင်း ဆုမွန်ကောင်းများ တောင်းကာ အိမ်ရှင်၏ ဆန္ဒအတိုင်း ( ကွမ်းမတ် ) ခေါ် အမှာစကား တေးသီချင်းများ ဆိုပြရသည်။
သင်္ကြန် မုန့်ဖက်ထုပ်သည် ကြာလေ ကောင်းလေ ဟောင်းလေ သစ်လေ ဆိုသည့်ပမာ ရက်ကြာသွား၍ မုန့်များ မာတောင့်သွားသည့်တိုင် စားရသူများအတွက် မငြီးငွေ့နိုင်အောင်ဖြစ်၏ ။ ထို့ကြောင့် အိမ်သို့ လာရောက် ကောင်းချီးပေး ဆုမွန်တောင်းသူတီးခတ် ကခုန်သူများကို မုန့်ဖက်ထုပ်များ ပြန်ပေါင်း၍ တဖုံ ၊ မီးကင်၍ တစ်မျိုး၊ ရေနွေးကြမ်းအိုးများဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးကြလေသည်။
◾ ကဆုန်လ(လိန်ဟုတ်းက်)
ခြောက်လဟူ၍ဖြစ်၏ ။ ကဆုန် ညောင်ရေသွန်းခြင်း ၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း နှင့် စုပေါင်း ရဟန်းခံ ရှင်ပြုပွဲများ ၊ ဓမ္မ သဘင်ပွဲများ ပြုကြသည်။
◾ နယုန်လ(လိန်စိတ်း)
ခုနစ်လပိုင်းဟု အဓိပ္ပါယ်ရ၏ ။ ၀ါဝင်တော့မည် ဖြစ်သဖြင့် ရဟန်းခံရှင်ပြုပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြသည် ။ ရှင်ပြုပွဲများကို သုံးလေးရက်ကြာမျှ စည်ကားခမ်းနားစွာ ကျွေးမွေး ဧည့်ခံလျက် ပြုလုပ်ကြ၏ ။ ရှင်ပြုပွဲ ပထမနေ့တွင် ပွဲဝင် တရားဓမ္မ နာယူကြ၍ ဒုတိယနေ့၌ ရှင်လောင်းပြပွဲ ၊ ဧည့်ပရိသတ်များ ဧည့်ခံ ကျွေးမွေးပွဲနှင့် တတိယနေ့တွင် သင်္ကန်းဆည်းခြင်း ၊ ရေစက်သွန်းချအမျှဝေခြင်း ပြုကြသည် ။ စတုတ္ထနေ့ နံနက်တွင်ကား ရှင်မည်ခံပွဲ ၊ အလှူ့ဒကာ ၊ အလှူ့အမတို့အား ဒါနရှင် ဘွဲ့ အမည်ပေးအပ်ပွဲပြုကြ၏ ။ ရှင်လောင်းပြပွဲ ကျင်းပသောနေ့တွင် ရှင်လောင်းများကို ပခုံးထက်တင်၍ အိုးစည်ဗုံမောင်း တီးခတ်ကာ ရှင်လောင်းအက ပြိုင်ပွဲများလည်း တပျော်တပါး ကျင်းပကြသည်။
အလှူပွဲသို့ အခြားရပ်ရွာမှ လာရောက်သူများသည် အကူပစ္စည်းများနှင့် အတူရွာပြင်တွင် ခေတ္တ စခန်းချ ရပ်နားနေကြရပြီး နေ၀င်မိုးချုပ်သည့် အချိန်ကျမှ သေနတ် ဗျောက်အိုးများ ပစ်ဖောက်လျက် အိုးစည်ဗုံမောင်းများ တီးခတ်ကာ ရွာတွင်းသို့ဝင်လာကြလေသည်။
ရွာခံ အလှူ့ရှင်ဘက်ကလည်း သေနတ်ဗျောက်အိုးများ ပြန်လည်ပစ်ဖောက်ခြင်း ၊ အိုးစည်ဗုံမောင်းများ တီးခတ် ကခုန်လျက် ရွာအ၀င်ဝမှ ကြိုဆို ခေါ်ဆောင်လာပြီး အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြ၏ ။
◾ ၀ါဆိုလ(လိန်ပျတ်)
ရှစ်လပိုင်းတည်း ။ လပြည့်နေ့တွင် ဘုန်းကြီးကျောင်းသို့ သွားရောက် အလှူဒါနပြုကာ ဥပုသ်သီတင်း ဆောက်တည်ကြသည်။
ဘုန်းကြီးကျောင်းတွင် လူငယ်အမျိုးသမီးများက ဥပုသ်သီလ ယူသူများအား ထမင်းထုပ် ၊ ဟင်းထုပ်များ ကမ်းလှမ်း ကျွေးမွေးကြ၏ ။ ၎င်းနောက် စားကြွင်းစားကျန်များကို စုပေါင်းသိမ်းဆည်းကာ တပျော်တပါး ၀ိုင်းဖွဲ့စားသောက်ကြသည် ။ စားကြွင်းစားကျန်များ သိမ်းဆည်း စုပေါင်းစားသောက်ကြခြင်းမှာ လူကြီးသူမများအပေါ် လေးစားရိုသေခြင်းကို ပြသကြခြင်းဖြစ်၏ ။ ဥပုသ်သည်များကလည်း လူငယ်များကို အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းပေးကြသည် ။ ငွေကြေးတတ်နိုင်သူများက ကျောင်းသို့ လာရောက်သူများ လူစေ့သက်စေ့ လူတစ်ဦးလျှင် ငွေတစ်မတ်ကျ ပေးကမ်းလှူဒါန်းကြသည်။ (မတ်)ဆိုသော စကားလုံးသည် အသိအမှတ်ပြုခြင်းဟု အဓိပ္ပါယ်ရ၏ ။
ဘယဆေးဝါး ရောင်းဝယ် လုပ်ကိုင်သူများသည် ဥပုသ်သီလ ဆောက်တည်သူများကို ဆေးဝါးများ ပေးကမ်းလှူဒါန်းဒါနပြုကြသည်။
◾ ၀ါခေါင်လ(လိန်ကောက်)
ကိုးလပိုင်း ဖြစ်၏ ။ ၀ါခေါင်လကွယ်နေ့ ညသည် တစ်နှစ်အတွင်း အမှောင်မိုက်ဆုံး အချိန်ဟုဆိုသည် ။ ၎င်းနေ့ ညပိုင်းတွင် ထင်းရှူးမီးတိုင် ဆီမီးဖယောင်းတိုင်များကို ရပ်ရွာ၏ အထင်ကရ တောင်များ သစ်ကြီး ၀ါးကြီးများ၌ ထွန်းညှိကြ၏ ။
◾ တော်သလင်းလ(လိန်ဆစ်းမ်)
ဆယ်လပိုင်းတည်း ။ မိမိတို့ ကိုးကွယ်သော ဘုန်းကြီးကျောင်းများအတွက် တစ်နှစ်တာ လိုအပ်မည့် ပစ္စည်းများကို လပြည့်နေ့တွင် စုပေါင်းလှူဒါန်းပွဲ ပြုလုပ်ကြ၏။
မြို့စောင့် ရွာစောင့်နတ်စင်များကို မွမ်းမံပြင်ဆင်ခြင်း ၊ ကန်တော့ခြင်း ပြုကြသည် ။
◾ သီတင်းကျွတ်လ(လိန်ဆင်းလိန်ဆင်းအေးတ်)
ဆယ်တစ်လပိုင်း ဖြစ်၏ ။ အိမ်တိုင်းတွင် ( ချိန်ဆန်ပုတ် ) ခေါ် သင်ပုတ်စင်( ရှင်ဥပဂုတ်စင် ) များထိုး၍ မိမိတို့ လယ်ယာခြံမြေထွက် သစ်သီးဝလံ ၊ စပါးများ ချိတ်ဆွဲခြင်း ၊ သင်ပုတ်စင်ဒေါင့်တွင် ကြံရွက် ငှက်ပျောရွက်များ စိုက်ခြင်းနှင့် လပြည့်နေ့ မနက်စောစောတွင် အိမ်ရှိအိမ်သား အားလုံးတို့က ဆွမ်းကပ်ခြင်း ၊ ကန်တော့ခြင်းပြုကြသည် ။ လပြည့် အဖိတ်နေ့ ညမှ လပြည့်ကျော် တစ်ရက်ထိ မိမိတို့ အိမ်ရှိ ပန်းကန်ခွက်ယောက်မှအစ ပရိဘောဂပစ္စည်းပစ္စယအစုံ၊ ရေတွင်းရေကန် ၊ အိမ်သာ ၊ လှေကားထစ်မှစ၍ ဆီမီးများ ထွန်းညှိပေးကြ၏။
လပြည့်နေ့တွင်ဘုန်းကြီးကျောင်းသို့ သွားရောက် လှူဒါန်းကန်တော့ကာ သီတင်းသီလ ဆောက်တည်ကြသည် ။ အချို့ဒေသများ၌ နတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရား ကြွလာဟန်ဖြင့် မြင့်မိုရ်တောင်သဖွယ် စင်မြင့်ကြီးဆောက်ပြီး ရဟန်းသံဃာတော်များ တက်ရောက်စေကာ လှေကားထစ်မှ ကြွဆင်းလာစဉ် အောက်မှ ဒကာ ဒကာမများက စောင့်၍ ဆွမ်းလောင်းခြင်း ပြုကြ၏။
လူငယ်လူရွယ်များက ထမင်းထုပ်၊ ဟင်းထုပ်၊ စားသောက်စရာများဖြင့် ဆရာမိဘများထံ သွားရောက် ကျွေးမွေး ကန်တော့ကြသည် ။ ညအခါ ဘုန်းကြီးကျောင်းသို့ လာရောက်သူများကို ကောက်ညှင်းပေါင်း ၊ ဆီထမင်း ၊ ရေနွေးကြမ်းများ ကျွေးမွေးဒါနပြုခြင်း ၊ တိုးနယား ၊ ကိန္နရာ ၊ သိုင်းအကများ ကပြဖြေဖျော်ခြင်း ပြုကြသည် ။
◾ တန်ဆောင်မုန်းလ(လိန်ဆစ်ပ်ဆောင်)
ဆယ့်နှစ်လ ။ ရှမ်းလူမျိုးတို့ ၏ တစ်နှစ်တာ နောက်ဆုံးဖြစ်၏ ။ ကောင်းကင် အဇဋာတစ်ခွင် ကြယ်တာရာနက္ခတ် စုံလင်သည့် အပြင် သစ်သီးဝလံ၊ ပန်းမန်တို့ အစုံလင်ဆုံးသော အခါသမယ ဖြစ်သည်။ စပါးသီးနှံ ၊ ရွှေရောင်လျှံကာ လေယူရာတိမ်း ယိမ်းနွဲ့လှုပ်ရှားနေပုံများကို ကြည့်ကာ စိုက်ပျိုးသူ လယ်ယာဦးကြီးများ တစိမ့်စိမ့်ကြည့်ကာ ကြည်နူးရသည့်အခါလည်း ဖြစ်၏။
ဤလ၌ စပါးသီးနှံများ ရိတ်သိမ်းရန် ကြိုတင်ပြင်ဆင်မှုများ ပြုလျက် ကောက်သစ်ကြိုဆိုပွဲ ပြုကြသည်။
သင်ဖြူးကော်ဇောခင်း ၊ ရာဇမတ်ကာလျက် စင်ထိုးပြီး စာတော်ဖတ် စာရေးများက ( လိတ်ပူဖန်ခေါက် ) ခေါ် ဆန်ဝဉာဏ်အဖိုးနှင့် နောင်နှစ်များတွင် စပါးသီးနှံ ပိုမိုထွက်ရှိရေး အတွက် ဆုတောင်းခြင်း ပြုကြ၏။
ရှမ်းစာဆိုတော်ကြီး ( စ၀်ကန်းဆေ ) သည် တန်ဆောင်မုန်း လဆန်း တစ်ရက်နေ့တွင် ဖွားသန့်စင်ပြီး အခြားအခြားသော ရှမ်းစာဆိုတော်ကြီးများမှာလည်း ဤ တန်ဆောင်မုန်းလ အတွင်း မွေးဖွားကြသည်ဖြစ်၍ လဆန်းတစ်ရက်နေ့မှ လကွယ်နေ့အထိ စာဆိုတော်လ အဖြစ်တခမ်းတနား ကျင်းပကြသည်။
( ၀မ်းခူးမော် ) စာဆိုတော်နေ့ ကျင်းပခြင်းမှာ ၎င်းတို့ရေးသားထားခဲ့သော ပိဋကတ်စာပေ ၊ သုတ္တန်ဒေသနာ ဆုံးမစာများကို မှတ်သားနာယူရသဖြင့် ဂုဏ်ကျေးဇူးကို အောက်မေ့သတိရသောအနေ ဖြစ်သည်။
စာဆိုတော်ကြီးများ ကွယ်လွန် မရှိတော့သည်ဖြစ်သော်လည်း သူတို့၏စာ ၊ သူတို့၏ ဆုံးမစကားများသည် ယခင်က ရှိခဲ့သလို ယခုလည်း ရှိနေ၏ ။ နောင်တွင်လည်း ဆက်လက်၍ တည်တံ့နေဦးမည်ဟူ၍ ဖြစ်ပါသတည်း ။
စိုင်းညွန့်မောင်(လားရှိုး)
မှတ်ချက်။ ။၁၉၇၄-ခုနှစ်၊ ဒီဇင်ဘာလထုတ် သံလွင်ဦး မဂ္ဂဇင်း စာမျက်နှာ(၂၃ မှ ၂၆ထိ)၌ လာရှိသော ဆောင်းပါးကိုပြန်၍ စာစီရိုက်ထားပါသည်။
Sunday, June 16, 2019
တောင်တော်ပုပ္ပါး
◼ တောင်တော်ပုပ္ပါး (တေးရေး ကံမြဲအေးကျော်)
[ ( သီရိ မင်္ဂလာ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင် ) စက်ကုန်းမို့မို့မှာ ကြွခုံးလို့ ယှဉ်ကာပြိုင် ဣန္ဒနီလာ ပြာပြာမှိုင်းမောက် မြခနောက်သို့ဆိုင် လေးထောင်ကျော် ပေမြင့်မား ၀င့်ကြွားပေစွ မြင့်မားလေစွ မိုးကောင်းကင်တိုင် မြင်းခြံခရိုင် တစ်ခုတည်းသော ရွှေပုပ္ပါးတဲ့ ကဗ္ဗည်းကျောက်စာတိုင် ]
( နဂါးလိမ် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့ မေရယ် ပန်းခက်က ဝေတယ် ) ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ကေခိုင် တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်
မြရွှေတောင် ပုပ္ပါး မြင့်မားဝတိံတိုင် စုံတောမြိုင် ဂနိုင်ချောင်က ပန်းစကားမာလာကြိုင် ရွှေနဲ့များ ယိုးစွဲ ထင်မှားနိုင် ဟေ၀န်စုံမြိုင် ရင်သတ်ရှုမောလောက်ဖွယ် ထူးတဆန်းဆန်း စိမ့်စမ်းသွယ် ရစ်လည်ဗွေဆိုင် ကြည်နူးဖွယ် ကေသီခိုင် ကြွမြန်းခဲ့တော့ ပုပ္ပါးတောင်မဏ္ဍိုင်
( တောင်သူယာသမား အညာသားတို့၏ ပြဒါးမှတ်တိုင် ရွှေမိုးတွေ ညို့လို့ ညိုရင် ခမောက်ကိုယ်စီဆောင်းကာ လယ်ယာကန်သင်း ဆင်းကြ မြိုင်မြိုင် ချောင်းကလျှံ ကန်ရေတိုး သီးနှံတွေ ဖြိုးလို့ ဝေကာမြိုင်မြိုင် စိမ်းညို့ညို့ ယိမ်းလို့လို့ မြသား ယာမြေ ရှုမငြီးနိုင် စကားစိမ်း ကြိုင်ကြိုင် စကားဝါ လှိုင်လှိုင် ချူလှည့် မေရဲ့ ပုပ္ပါးတောင်မဏ္ဍိုင် )
( နဂါးလိမ် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့ မေရယ် ပန်းခက်က ဝေတယ် ) ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ကေခိုင် တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်
ဒီသီချင်းရဲ့ မူရင်းသီဆိုသူက မြင်းခြံ ကိုဘသောင်းပါ ။
သူ့သီချင်း လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/YPMRDwZrz5MlJQ
နောက် ရာမ လည်းဆိုထားပါတယ် ။ သူ့သီချင်းတွေက နဲနဲပဲထွက်တယ် ။ သီချင်းခွေ စီစဉ်တာပဲများတာ ။ သူ နဲ့ သူ့တပည့် နောင် တို့ အသေစောလို့ နှမြောမိပါတယ်ဗျာ ။
သူ့သီချင်း လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/VB1oQC9aM0K1sg
နောက်တစ်ဦးက မောင်မောင်ထိပ် ပါ ။ ပုပ္ပါး နဲ့ စပ်ဆိုင်တဲ့ သီချင်းတွေပဲ စီးရီးတစ်ခု ထွက်ထားပါတယ် ။
သူ့ရဲ့ သီချင်း လိုချင်ရင်တော့ အောက်က လင့်ခ်မှာ ရယူနိုင်ပါတယ်။
https://yadi.sk/d/IXKLCc0mzyV1Qg
မောင်မောင်ထိပ် ဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့်ပါ။
https://yadi.sk/d/6ybWzWhuPRv22w
Thursday, June 13, 2019
သည်လိုပဲ အမြဲ ရနေဦးမလား
🍹🍾 သည်လိုပဲ အမြဲ ရနေဦးမလား
“ လေးလေးရယ် ခုမှတော့ လွန်ခဲ့ပါပြီ ။ ပြန်မလာတော့ပါဘူး ”
ကား ဒရိုင်ဘာ ကိုသိန်းမောင်ကြီးက ဆွေးဆွေးမြည့်မြည့် ပြောလေ၏ ။
“ ကဲ မှာ ဂျမ်းလား ၊ စာနီလား ၊ ဘီယာလား ”
“ ဖြတ်လိုက်ပြီ ၊ အမြည်းပဲ စားတော့မယ် ၊ နာတယ် လေးလေး ”
“ နောက်ကျသွားပါပြီ ”
“ ကျွန်တော်တို့ ”
မှန်ပါသည် ။ ကျွန်တော်တို့ ဆိုရာ၌ ကိုသိန်းမောင်ကြီး နှင့် ပုလင်းတူ ဘူးဆို့များထဲ၌ ကျွန်တော် မောင်ချမ်းသာလည်း အပါအ၀င် ဖြစ်လေသည် ။
ကိုသိန်းမောင်ကြီး မိုးကောင်းခဲ့သော ကာလများ ။ ၁၉၇၇ - ၁၉၈၇ - ၁၉၉၅ ကာလများ ။
ထိုစဉ်က ကျွန်တော် မောင်ချမ်းသာက တောမြေပဲ ကုန်သည် ။ ကိုသိန်းမောင်က ကားစပယ်ယာ ၊ ထို့နောက် ဒရိုင်ဘာ ၊ ထို့နောက် အုံနာ ။
တွဲမိခဲ့ကြသည် ။ သူ့ဘက်က ကုန်ရရေးအတွက် ၊ ကျွန်တော်တို့ဘက်က ကုန်များ အချိန်မီ မြို့သို့ ရောက်ရေးအတွက် ။
သောက်ဟယ် ၊ စားဟယ် ၊ ပျော်သမှ အရမ်းကို ပျော်ခဲ့ကြ ။ ငွေထုပ်ကလေးက အိတ်ထဲ အမြဲ ရှိနေသကိုး ။
ကိုသိန်းမောင်ကြီးသည် စပယ်ယာ ၊ ဒရိုင်ဘာ ၊ အုံနာ ရာထူး အဆင့်ဆင့် တက်ပြီးနောက် ရာထူး အကြီးအကျယ် လျော့ကျကာ တောရွာမှာ ယာလုပ်သည့် အဆင့်သို့ ရောက်သွားလေတော့၏ ။
ယခုအခါမှာတော့ ဒုတိယ ရာထူးဖြစ်သော ဒရိုင်ဘာ အဖြစ် အဝေးပြေး ဆယ်ဘီးကားကြီးများပေါ် ရောက်နေလေပြီ ။
“ မစုဘူး ၊ မစုခဲ့မိဘူး ၊ စုရကောင်းမှန်းကို မသိခဲ့တာ ”
“ အမှန်အတိုင်း ပြောရရင် ဒီလိုပဲ အမြဲ ရနေလိမ့်မယ်လို့ ထင်ခဲ့မိတာ ”
“ မင်းချည်းမှ မဟုတ်ပါဘူးကွာ ၊ ငါလဲ ဒီလိုပါပဲ ”
“ ၁၉၇၄ - ၁၉၈၀ ရန်ကုန် ကြည့်မြင်တိုင် ညဈေးတန်းမှာ မောင်ချမ်းသာက မှောင်ခို အထည်သည်ကလေးပါ ခင်ဗျာ ။
ရောင်းကောင်းတဲ့ နေ့များဆို
“ လာကြဟေ့ ကျွဲခေါင်း ပေါက်စီ ”
ညဈေး သိမ်းပြီဆို အပေါင်းအဖော်များနှင့် လက်ဖက်ရည်ဆိုင်သွား ။
“ ကဲ ချလကွာ ကျွဲခေါင်း ပေါက်စီ ”
“ အဲသည်တုန်းက ကြည့်မြင်တိုင်က လက်ဖက်ရည်ဆိုင် ( နာမည်မေ့ ) မှာ ကျွဲခေါင်းပေါက်စီက နာမည်ကြီးဗျာ ။ အလုံးထွားထွား ၊ အသားများများ ၊ ရှည်ချွန်းချွန်း ၊ တကယ့် ကျွဲခေါင်းကြီးလိုပါပဲ ။
တစ်ခါတလေကျတော့ ကြည့်မြင်တိုင်ဘူတာနားက ဆိတ်သားခပတ်ဆိုင် ။
“ လုပ်ဟေ့ စပါယ်ရှယ် ”
အပေါင်းအသင်းများနှင့်ပါပဲ ။ တစ်လတစ်လ ထောင့်လေးငါးရာ နှစ်ထောင်ရပါ၏ ။ မိသားစု ငါးယောက် ရရစားစား ၀ါးဝါးမျိုမျို ။
မစုမိပါ ၊ ဘာမျှ မစုခဲ့မိပါ ။ ရန်ကုန်မှ အောင်လံသို့ ပြန်ပြောင်းသောအခါ အိမ်ရောင်းလို့ ရသော ပိုက်ဆံကလေးသာ လက်ထဲ ပါခဲ့ပါ၏ ။
ထိုအကြောင်းကို ကပ္ပိယ ဦးစံမြင့် သို့ ပြောမိသောအခါ ။
“ ဟာ ဆရာက ဘာဟုတ်သေးလဲဗျာ ”
“ ကျွန်တော့် အဖြစ်ကမှ ”
အောင်လံကနေ မန္တလေး တစ်ခေါက်ဆို အမြတ် ငါးထောင်ရတယ် ဆရာ ။ အဲဒီတုန်းက ငါးထောင်ဆိုတာ ”
“ သိတယ် သိတယ် ၊ ကြက်သား တစ်ပိဿာမှ တစ်ဆယ် ၊ ဆယ့်နှစ်ကျပ် ပေးရတဲ့ ခေတ်မို့လား ”
“ မှန်တာပေါ့ ဆရာ ၊ ရွှေ တစ်ကျပ်သား ကျပ် ၁၅၀၀ ၊ ကျပ် ၁၆၀၀ ခေတ်ပါ ဆရာ ။ ရွှေ သုံးကျပ်သားဖိုးလောက် ကိုယ်တွက်ကျန်တာ ဆရာရေ့ ”
“ အဲဒါ သုံးဟယ် စားဟယ် ဟိုတယ်တက်ဟယ် နဲ့ ဘာမှ ကောင်းကောင်း မစုမိဘူးဆရာ ”
“ ဒီလိုပဲ အမြဲ ရနေလိမ့်မယ်လို့ မှတ်တာကိုး ”
“ ဖြစ်ချင်တော့ ”
“ အင်း ပြောပါဦး ”
“ ဖြစ်ချင်တော့ ကျွန်တော်တို့ လိုင်း ပျောက်သွားတယ် ဆရာ ၊ ခေတ်ကုန်သွားတယ် ”
“ ဘာလိုင်းလဲ ဗျာ့ ”
“ ဘိလပ်မြေလိုင်းလေ ၊ ၁၉၉၀ ခုနှစ် နောက်ပိုင်း ဘိလပ်မြေ စက်ရုံတွေ အလျှိုအလျှို ၊ ဘိလပ်မြေတွေ တံဆိပ်မျိုးစုံနဲ့ ထွက်လာတော့ ”
“ အင်း ဟုတ်ပြီ ဟုတ်ပြီ ”
“ လိုင်းပျောက် ခေတ်ပျောက်သွားတော့ ”
“ ဆရာရယ် လိုင်းပျောက် ခေတ်ပျောက်သွားတော့ အခု ကျွန်တော် ဘုန်းကြီးကျောင်းမှာ ထင်းပေါက်ရတဲ့ ဘ၀ ရောက်သွားတော့တာပေါ့ ဆရာရယ် ”
မှန်ပါပေသည် ။ မှန်ပါပေသည် ။ မိုးသည် အမြဲ မကောင်းတတ်ပါ ။ လေသည်လည်း အမြဲ သဘောကောင်း မနေတတ်ပါ ။ ထို့အတူ စီးပွါးရေး ဆိုတာကလည်း ဆိုတာကလည်း .... ။
သည်လိုပဲ အမြဲ ရနေဦးမလားလို့ ။
သည်လိုလည်း အမြဲ ရမနေတတ်ပါ ။
သည်လိုလည်း အမြဲ ရချင်မှ ရမယ် ဆိုရင်တော့ ။
ရတုန်း စုမိလိုက်တဲ့ လူက ကျော်တက်သွား ၊ ကျော်တက်သွားပါ၏ ။
မောင်ချမ်းသာ
ကုမုဒြာ ဂျာနယ် ၊ ၉ စက်တင်ဘာလ ၂၀၀၅
Tuesday, June 11, 2019
စဉ်းစားစရာ ပြန်ဆိုတေး
🎶 စဉ်းစားစရာ ပြန်ဆိုတေး ◾ကံချွန်
ပြန်ဆိုတေးများနှင့် အောင်မြင်နေသူများကို လေ့လာကြည့်တော့ အောင်မြင်ခဲ့တဲ့ တေးများကို ပြန်ဆိုနေလို့ပါပဲခင်ဗျ ။ ခုလို ကောက်ချက်ချတာကို သဘောမတူနိုင်ဘူး ဆိုရင်တော့ တစ်ချိန်က လုံးဝ မအောင်မြင်ခဲ့တဲ့ တေးများကို ပြန်ဆိုဖို့ အကြံပြုရမှာပါပဲ ။ ပြန်ဆိုတေး ကြော်ငြာများကို မြင်တိုင်း ကံချွန် အူယားနေလို့ ကံချွန်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ရေးမှာပဲဆိုပြီး အစပျိုးလိုက်ရတာပါ ။
ကံချွန် တွေးကြည့်မိတယ် ။ ပြန်ဆိုတေးတွေ တစ်ခွေပြီး တစ်ခွေဆိုနေတာဟာ ဈေးကွက်မှာ ရောင်းရလို့ ဆိုတာကတော့ သေချာပါတယ် ။ အနုပညာအား ကောင်းလို့ ဆိုပြီး ပြောရမှာတော့ ခက်နေပါတယ် ။ အသံကောင်းတိုင်း အနုပညာအား ကောင်းတယ်လို့ ပြောဖို့လည်း စဉ်းစားစရာပါပဲ ။ အသံကောင်းကောင်းနဲ့ ပြန်ဆိုတေးတွေ ဆက်တိုက်ဆိုရင်း အချိန်တွေ ကုန်သွားမယ် ဆိုရင်တော့ သားသမီးများ လက်ထက်မှာ “ ငါ့အဖေ ဆိုခဲ့တဲ့ သီချင်းလေ ” ဆိုပြီး ပြလို့ ရပါ့မလား ။ အဲဒီသီချင်းက “ နင့်အဖေ ဆိုတာမဟုတ်ဘူး ၊ ငါ့အမေ ဆိုတာ ” ဆိုပြီး ငြင်းစရာတွေ ဖြစ်လာမလား ။ အဲဒီအချိန်မှာ အသက်ရှစ်ဆယ်ကျော် ခေါင်းဖြူကြီးက “ ဟဲ့ ... နင်ပြောတာ မှားတယ် ၊ မင်းပြောတာလည်း မဟုတ်ဘူး ။ အဲဒါ ငါဆိုတာ ” ဆိုပြီး ရှင်းရတဲ့ အဖြစ်တွေ ရောက်လာမလား ။ ဒါမှမဟုတ် ကျွန်မဖေဖေ ပြန်ဆို ဂန္တ၀င် ဆိုပြီး ပြန်ဆိုရဲ့ သားသမီးများက ပြန်ဆိုဖို့ ကြိုးစားကြမလား ။ ပြန်ဆို တေးသံရှင်ကြီးအနေနဲ့ သားသမီးများကို ဘယ်လို အနုပညာအမွေ ၊ အတတ်ပညာ နည်းလမ်းကောင်းများ ပေးမှာလဲ ။ အဲသလို ... ကံချွန်ဟာ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေ တွေးနေမိတယ်ခင်ဗျ ။
နောက်တစ်ချက် စဉ်းစားမိတာကတော့ ဒီနေ့ အနုပညာဖန်တီးမှု စွမ်းရည်တွေ ကျဆင်းလာလို့များ ပြန်ဆိုတေးတွေ နေရာရလာသလား ဆိုတာပါပဲ ။ မြန်မာသံတွေကို ပရိတ်သတ်က ပြန်လက်ခံလာပြီ ဆိုတဲ့ ကောက်ချက်မျိုးကို ဂျာနယ်တစ်စောင်မှာ ကံချွန်တွေ့မိတော့ ပြုံးမိတယ် ။ ပရိတ်သတ်က ဘယ်တုန်းကမှ မပစ်ပယ်ပါဘူး ။ အရည်အသွေးမီ မြန်မာသံတွေကိုက ထွက်မလာပဲ ရပ်သွားတာပါ ။ ကံချွန် သတိရမိသွားတာလေး ပြောပါမယ် ။ စတီရီယိုများ အရှိန်အဟုန် အလွန်ကောင်းနေစဉ်မှာ ဆရာပုဏ္ဏက ရဲ့ “ တိမ်ပလီ နွေနှောင်း ” ဟာ ထွက်ခဲ့တာပါ ။ အဲဒီတုန်းကလည်း “ ကော်ပီ ” တွေ ၊ “ အုန်းကျွန်း ” တွေကြားမှာ တိမ်ပလီ ဟာ ပန်းပန်ခဲ့တာပါ ။ အဲသလို တွေးမိတော့ မြန်မာသံကို ပရိတ်သတ်က လက်မခံခဲ့တာ မဟုတ်ပါဘူး ။ အရည်အသွေးမီ မြန်မာသံတွေ အထွက်နည်းခဲ့တာလို့ပဲ မြင်မိပါတယ် ။ ဇော်ဝင်းထွဋ် ၊ လေးဖြူ တို့ လျှမ်းလျှမ်းတောက်နေတုန်းမှာပဲ တွံတေးစိုးအောင်လည်း ပေါ်လာခဲ့တာပါပဲ ။
ကံချွန်ကတော့ မြန်မာသံကို တကယ် ချစ်ရိုးမှန်ရင် ၊ မြတ်နိုးရိုးမှန်ရင် မြန်မာသံများ ဝေစည်ဖို့အတွက် ၊ မြန်မာသံ အသစ်များကို ဆိုကြစေချင်ပါတယ် ။ ပြန်ဆို ပင်တိုင်ဆရာတို့ စဉ်းစားပါခင်ဗျာ ။ တကယ်ကို လေးစားမြတ်နိုးလို့ ပြန်ဆိုရတာပါ ဆိုခဲ့ရာကနေပြီး “ အနုပညာ နှမ်းဖြူး တဲ့ ” ဘ၀ ရောက်သွားမှာမျိုးကိုတော့ ကိုယ့်ကိုယ်ကို မဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ် ။ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းမှန်သမျှ ငါပြန်ဆိုမယ် ၊ ငါပြန်ထုတ်မယ် ဆိုရင်တော့ “ သူတို့ချစ်တာ တစ်မျိုးကြီးနော် ” လို့ ပြောရမှာပါပဲ ။
နောက်ပြီး ပြန်ဆိုတေးများကို အားပြုနေသူများ ကိုယ်စား ကံချွန် စဉ်းစားမိတာလေး ရှိပါတယ် ။ အဲဒါကတော့ ဒီနေ့ တေးသံရှင်ကြီးများဟာ သူတို့ရဲ့ သီချင်းများကို သူတို့ ကိုယ်တိုင် ပြန်ဆိုနေကြပါပြီ ၊ ပြန်ဆိုလာကြပြီ ဆိုတာပါပဲ ။
ကံချွန်ဟာ ပြန်ဆိုတေးများကို အားပြုနေတဲ့ ထုတ်လုပ်သူ ၊ တေးသံရှင်များကို အားမလို အားမရ ဖြစ်ရတာလည်း ပါပါတယ် ။ ဘာလို့ ကိုယ့်ရဲ့ အနုပညာသမိုင်း စာမျက်နှာမှာ သူများရဲ့ အနုပညာလုပ်ရပ်တွေကို ကူးထဲ့နေရတာလဲ ။ ပြန်ဆိုတေးတွေကို အောင်မြင်အောင် ဆိုနိုင်တယ် ဆိုကတည်းက အတိုင်းအတာ တစ်ခုထိ သူ့မှာ အရည်အသွေး ရှိလို့ဆိုတာ ကံချွန်လက်ခံပါတယ် ။ အဲဒီ အရည်အသွေးကို တန်ဖိုးထား လေးစားမယ်ဆိုရင် ကိုယ်ပိုင် သီချင်းသစ်တွေကိုပဲ ဆိုပေါ့ ။
“ ပြန်ဆိုတေး ” ဟာ ငွေ ရနိုင်ပေမယ့် နာမည် မရနိုင်ပါဘူး ။ ပြန်ဆိုပြီ ဆိုကတည်းက အဲဒီ သီချင်းဟာ အောင်မြင်ခဲ့လို့ပါ ။ အဲဒီ အောင်မြင်မှုကို ပြန်ဆိုတဲ့သူက ကျော်လွှားသွားတာ ကံချွန်တော့ မတွေ့မိသေးပါဘူး ။ အဲ ... မူလတေး ၊ မူရင်း အဆိုတော်ရဲ့ အသံကို မကြားဖူးသူ အတွက်တော့ “ မူး ” ဟာ မြစ်ပေါ့ဗျာ ။
ပြီးတော့ အဲဒီ အောင်မြင်ခဲ့တယ်ဆိုတဲ့ သီချင်းတွေရဲ့ မူလကို ပြန်လေ့လာကြည့်ရင် တေးရေးဆရာများဟာ ဘယ်သူဆိုဖို့ ၊ ဘယ်ဝါဆိုဖို့ ဆိုပြီး ရေးပေးခဲ့တာတွေပါ ။ အဲသလို သီချင်းမျိုးကျတော့ နောက်လူ ဘယ်လိုမှ ပြန်လိုက်မဆိုနိုင်တော့ပါဘူး ။ အသံကောင်းခြင်း ၊ မကောင်းခြင်း ၊ အဆိုပညာ ပြည့်ဝခြင်း ၊ မပြည့်ဝခြင်းနဲ့ကို မဆိုင်တော့တာ ။ ကံချွန် နမူနာပြပြီး ပြောပါရစေ ။ ကွယ်လွန်သူ ဦးဖူးအံ့ သီဆိုခဲ့တဲ့ ကွမ်းနဲ့အချစ် ဟာ ဆရာ ဦးဘိုခင်က ဦးဖူးအံ့ အတွက် ရေးပေးခဲ့တဲ့ သီချင်းပါ ။
အဲဒီ သီချင်းကို ကံချွန် စပြီး နားထောင်ရတာက ဈေးချို အလယ်ပေါက် ကထိန်မှာပါ ။ ဦးဖူးအံ့ က သီချင်းသာ ဆိုနေတာပါ ။ ကွမ်းစားက မပျက်ပါဘူး ။ ဒါကြောင့်လည်း ကွမ်းနဲ့အချစ် သီချင်းကို ဦးဖူးအံ့ အတွက် ရေးပေးတာပါ ။ “ ဈေးချိုအလယ်မှာ .... လေးပျိုထယ်ဝါ ... မှန်လုံကားနဲ့လာ .... ” ဆိုပြီး စကတည်းက ဦးဖူးအံ့ရယ် ဆိုတဲ့နေရာရယ် “ ကျွန်တော့်ကို ချစ်ရင်လေ ... ပုလင်းဆေး နဲ့ ကွမ်းလေး ယူခဲ့ပါ ... ” ဆိုတဲ့ အပိုဒ်မှာ ကွမ်းထုတ် စားပြလိုက်တာရယ် ၊ သက်ကြီး တေးသံရှင်ကြီး တစ်ဦးဆိုတဲ့ အချစ်သီချင်းက မကလက်ဘဲ ကြည်နူးစရာ ဖြစ်နေတာရယ် ၊ အဲဒီ အမြင် အဲဒီ ခံစားမှု ဦးဖူးအံ့ ရဲ့ ( လူကြီး ) သံကို နားစွဲနေတော့ ကံချွန်ရဲ့ မိတ်ဆွေ ညီအစ်ကိုလို ခင်တဲ့ ချစ်သူငယ်ချင်း ( ကို ) သုမောင် ပြန်ဆိုတော့ ကံချွန် နားထောင်လို့ မရတော့ပါဘူး ။ ကိုသုမောင် ညံ့လို့ မဟုတ်ပါဘူး ။ ( အသံ ) ကောင်းလွန်းနေလို့ ။
ဒါကြောင့် ပြန်ဆိုတေးဟာ မူလ တေးသံရှင်ကို ကျော်လွှားနိုင်ဖို့ မလွယ်ပါဘူး ။ ( သုလေးရေ .... သည်းခံဟ ။ တစ်ခြားအဆိုတော် နမူနာပြရင် ဆိုလိုရင်း ပျောက်ပြီး အမြင်စောင်းသွားမှာစိုးလို့ သု ကို နမူနာထဲ ထည့်လိုက်ရတာပါ ။ ) နောက်ပြန်ဆိုတဲ့ လူကိုက ဘယ်လောက် ကောင်းကောင်းပါ ။
စဉ်းစားကြပါ ။ ကံချွန် စေတနာနဲ့ အကြံပြုတာပါ ။ ပြန်ဆိုတေးဆိုတာ ကိုယ့်ရဲ့ အနုပညာသမိုင်းစာမျက်နှာမှာ အခြား အနုပညာရှင်ရဲ့ မှတ်တမ်းကို ကူးထည့်တာပါ ။ တေးသံရှင်တိုင်း ကိုယ်ပိုင်သီချင်းများနဲ့ အောင်မြင်မှု မှတ်တိုင် စိုက်ထူနိုင်ကြပါစေ ။
ကံချွန်
( အလင်းတန်းဂျာနယ် )
Sunday, June 9, 2019
ရွှေပုပ္ပါး
⛰️ ရွှေပုပ္ပါး ( တေးရေး ရွှေညာမောင် )
တို့တိုင်းဌာနီ တို့မြန်မာပြည်ဝယ် ပေလေးထောင်ကျော် မြင့်ခေါင် တောင်တော်ရွှေပုပ္ပါးရယ်
[ ( ကြည်နူးဖွယ် ရွှေရီရှိန် တောင်တော်ပုပ္ပါး စိမ်းနုပြာညို ရွန်းရွန်းစိုတယ် ) ( ဂန္ဓမာတောင် ပုံဆောင်နိုင်ဖွယ် ) သုံးလုံးတောင်ထွဋ် ယှဉ်ပြိုင်ကာရယ် ဖိုခနောက်ဆိုင် တည်နေပါတယ် ( ဖူးညွန့်စိမ်းလန်း နွယ်ပန်းဆန်းကြယ် ) အံ့မခန်းလောက်ဖွယ် အသွယ်သွယ် ရွှေပုပ္ပါး ပုပ္ပါးတောင်မြတ်ဝယ် ]
( ပန်းပဲမောင်တင့်တယ် နတ်မောင်နှမရယ် ပျော်စံမြန်းတဲ့ နတ်နန်းကြီးလည်း ရှိရာဌာနတကယ် ) ပေါက္ကံပြည်ကို ပန်းတော်ဆက်တဲ့ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏ တူစုံမောင်မယ် ချစ်ကြိုးသွယ်နှောင် ရွှေဖျင်းညီနောင် ဖွားရာဒေသကွယ်
( ပုပ္ပါး ပုပ္ပါး တောင်တော်ရွှေပုပ္ပါး ) ပုပ္ပါးရယ်သာ လာချင်ပါရဲ့လေး
[ ( စကားပွင့် ဂမုန်းရယ် အများဖြင့်သုံးတယ် ပုပ္ပါးတောင်မြတ် တောင်ကလပ်ဝယ် ၀ိဇ္ဖာတပသီ ဇော်ဂျီတွေ ဆေးကြိတ်ပါတယ် ) စိမ့်စမ်းရေတံခွန် ကိုးဆယ့်ကိုးနဲ့ ကျောက်နွားသိုး ကိုးကောင်ရှိပါတယ် ]
( ပန်းပဲမောင်တင့်တယ် နတ်မောင်နှမရယ် ပျော်စံမြန်းတဲ့ နတ်နန်းကြီးလည်း ရှိရာဌာနတကယ် ) ပေါက္ကံပြည်ကို ပန်းတော်ဆက်တဲ့ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏ တူစုံမောင်မယ် ချစ်ကြိုးသွယ်နှောင် ရွှေဖျင်းညီနောင် ဖွားရာဒေသကွယ်
◾ ရွှေညာမောင်
https://yadi.sk/d/8YzTSna4Kxaf2w
◾ ဝင်းဦး
https://yadi.sk/d/51PYJ2qx0zypMA
◾ သုမောင်
https://yadi.sk/d/yf3pAHBUcsE4Jg
◾ မောင်မောင်ထိပ်
https://yadi.sk/d/JJPQyJl-hux8Ag
◾ ရဲအိမ်သူမြတ်
https://yadi.sk/d/D7y18YeL1g4zdA
◾ နီနီဝင်းရွေ
https://yadi.sk/d/jjAFNETNfguZlA
◾ ခင်ညွန့်ရီ
https://yadi.sk/d/q_OeDiTiRjjnbw
✏ သုမောင် သီချင်းရဲ့ တီးလုံး သီးသန့်
https://yadi.sk/d/rAJmkz9sX7b8Gg
✏ မောင်မောင်ထိပ် သီချင်းရဲ့ တီးလုံး သီးသန့်
https://yadi.sk/d/CqnEJodC1ZDJ0A
Tuesday, June 4, 2019
မအိုသေးတဲ့ ဘဘဗိုလ်ကလေးတင့်အောင်
🎓 မအိုသေးတဲ့ ဘဘဗိုလ်ကလေးတင့်အောင်
◾တင့်လွင်ဦး ( စီးပွားရေးတက္ကသိုလ် )
အနုပညာမှာ ဆိုဖွယ်ရာမရှိ ၊ ဂုဏ်ထူး ၀ိသေသများကား များလှပါဘိ ၊ တိုင်းသိပြည်သိ ကြည်ညို လေးစားခြင်းခံရသည့် ဘိုးသက်ရှည် ဂုရုဆရာ ၊ “ အာရောဂျံ ပရမံ လာဘံ ” ကျန်းမာခြင်းဟူသည် လာဘ်ကြီး တစ်ပါး ပိုင်ဆိုင်ထားသူ ၊ ပြီးခဲ့သည့် ဇွန် ၃ ရက်မှာ ဘဘအသက် ၉၆ နှစ်ပြည့်ခဲ့ပြီ ။ သီလ ကောင်းလေစွ ၊ ဇွန် ၂ ရက်ညက မွေးနေ့ညစာစားပွဲကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့ရာ ဘဘမိသားစုဝင်များ ၊ မိတ်ဆွေအပေါင်းအသင်းများ ၊ စာပေ ၊ ရုပ်ရှင် ၊ ဂီတနယ်ပယ်အသီးသီးမှ အနုပညာရှင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြသည် ။ အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် မတက်ရောက်နိုင်ကြသော်လည်း စိတ်ကတော့ ရောက်နေကြမည် ။ နိုင်ငံတစ်ဝန်းရှိ ဘဘကိုချစ်သည့် ပြည်သူများကလည်း ထိုပွဲကို မှန်းဆမေတ္တာပို့ကြမည်မှာ မလွဲ ၊ သို့ဖြစ်၍ ဘဘ ဤမျှ အသက်ရှည်စွာ နေထိုင်နိုင်ခြင်းသည် အစားအသောက်အာဟာရ ၊ ဆေးဝါး အာဟာရတွေထက် အစွမ်းထက်လှသော ပရိသတ်၏ မေတ္တာ အာဟာရ စွမ်းပကားတွေကြောင့်ဟု ဆိုချင်သည် ။
ဘဘသည် အနုပညာလောကထဲသို့ ဂီတကိုအခြေခံ၍ ၀င်ရောက်ခဲ့သူ ဖြစ်ပြီး ဂီတနှင့် ပတ်သက်၍ ၀ါသနာဆန္ဒ ပြင်းထန်လှသည် ၊ အသက်ရှူရပ်မှ ဂီတနှင့် ပြတ်မည့်သူ ၊ ဂီတကို အသက်ထက်ချစ်သည် ၊ အကြောင်းသိ ဂီတ ၀ိုင်းတော်သားများက ဘဘမွေးနေ့မှာ ဘဘလက်ရာတေးများကို ပြန်လည် ဖော်ထုတ်ရင်း ဂီတဖြင့် ဂုဏ်ပြုကြသည်မှာ ကြည်နူးစရာ ။
ဘဘသမိုင်းကို စိတ်ကြိုက်ရေးရမည်ဆိုက ဆုံးအံ့မထင် ၊ တစ်ထောင့်တစ်ည ပုံပြင်သည်ပင် ဘဘသမိုင်း၏ နိဒါန်းမျှသာ ရှိမည်ထင်၏ ။ အများသိစေရန် အကျဉ်း သဘောမျှ တင်ပြရလျှင် စာပေ ၊ ပြဇာတ် ၊ ရုပ်ရှင် ၊ ဂီတ စွယ်စုံရ ဘဘ ဗိုလ်ကလေးတင့်အောင်ကို အဖ ဦးဘသင် ၊ အမိ ဒေါ်ဖွားသိမ်း တို့က ၁၉၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဘိုကလေးမြို့၌ မွေးဖွားခဲ့သည် ။ မွေးချင်း ခြောက်ယောက်အနက် ဒုတိယမြောက် ။ စတုတ္ထမြောက် ညီဖြစ်သူမှာ အကယ်ဒမီ ဂီတလုလင် မောင်ကိုကို ၊ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပြီး ငယ်စဉ် ကတည်းက မယ်ဒလင် ၊ ဂီတာ ၊ တယောအတီးပညာများ တတ်ကျွမ်းသည် ။ ခက်ခဲနက်နဲသည့် မဟာဂီတပညာရပ်များကို မြန်မာညွန့် ဦးချစ်မောင် ၊ အမေ ဒေါ်အောင်ကြည်တို့ထံတွင် သင်ယူခဲ့ပြီး အသက် ၂၀ အရွယ် ၁၉၄၂ ခုနှစ်တွင် သီချင်းများ စတင်ရေးသားသည် ။ ဂျပန်ခေတ် တစ်ခေတ်လုံး ပြဇာတ်နှင့် ဂီတပညာရပ်များကို လေ့လာသည် ။ ဘိုကလေးမြို့တွင် နေထိုင်စဉ် ပြဇာတ်ကပြပြီး “ သစ်လွင် ” ပြဇာတ်အဖွဲ့ကို တည်ထောင်ခဲ့သည် ။
၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ကာ ပြဇာတ်ဘုရင် ဒဂုံဆရာတင်ထံ တပည့်အဖြစ် ခံယူသည် ။ ပြဇာတ်သီချင်းရေးဆရာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ တွဲဖက်ဒါရိုက်တာ ဘ၀ဖြင့် ရပ်တည်ခဲ့သည် ။ ၁၉၅၀ ပြည့်နှစ်တွင် ဒါရိုက်တာအဖြစ်နှင့် “ အပြုံးလက်ဆောင် ” ပြဇာတ်ကို စတင်ကပြခဲ့သည် ။ ဘ၀တစ်လျှောက် ကပြခဲ့သည့် ပြဇာတ်ပေါင်း ၄၀ ခန့်ရှိခဲ့ရာ ကာဌေးရုံ ၊ ၀င်းဝင်းရုံ ၊ ကျိုက်္ကဆံကွင်း ပြည်ထောင်စုပဒေသာကပွဲ ၊ မြေပဒေသာ ကျွန်းပဒေသာကပွဲ ၊ နယ်လှည့်ပဒေသာကပွဲ နိုင်ငံတော်မှ တာဝန်ပေးအပ်သည့် ပဒေသာကပွဲနှင့် ၀ဇီရာပြဇာတ်တို့တွင် ကပြခဲ့သည့် ပြဇာတ်များ ထဲမှအချို့ကို ကောက်နုတ်ဖော်ပြရလျှင်
အပြုံးလက်ဆောင် (တက္ကသိုလ် မျိုးချစ် ၊ မေမြင့်) ၊
မြေပဒေသာ ( ခင်မောင်မြင့် ၊ ကြည်ကြည်ဌေး ) ၊
မြတ်မွန်ရတနာ ( ဇေယျ ၊ ခင်အုန်းမြင့် ) ၊
နှစ်ကိုယ်သစ္စာ (တက္ကသိုလ်မျိုးချစ် ၊ ကြည်ကြည်ဌေး )၊
ဂီတလုံမေ ( ဒေါ်ခင်ညွန့် ၊ မြင့်မြင့်ဌေး ) ၊
ဗမာ့သွေးခဲ ( ၀င်းဦး ၊ သင်းသင်းလဲ့ ) ၊
ခြင်းတောင်းကြီးငါးလုံး ( ဖိုးပါကြီး ၊ သာဆန်း ၊ မသန်းရွှေ ) ၊
လောဘကို သတ်ကြပါနော် (ဦးပလာတာ ၊ ပါရဂူ ၊ စန္ဒရား ခင်နုနု ) ၊
အလှဆုံးအချိန် ( လွင်မိုး ၊ ထက်ထက်မိုးဦး ) ၊
ဂုဏ်တုဂုဏ်ပြိုင် - ပထမအကြိမ် ( မန္တလေးသိန်းဇော် ၊ တစ်ခိုင်လုံးရွှေအေးအေးမြင့်) ၊
ဂုဏ်တုဂုဏ်ပြိုင် - ဒုတိယအကြိမ်(ညွန့်ဝင်း ၊ ရဲအောင် ၊ ခင်သန်းနု ၊ ခိုင်ခင်ဦး ) တို့ဖြစ်သည် ။
ဘဘသည် မြန်မာအသံ ဓာတ်ပြားတေး ၊ ရောင်းတမ်းဓာတ်ပြားတေး ၊ ပြဇာတ်နှင့် ရုပ်ရှင်နောက်ခံတေး ၊ တေးစီးရီးနှင့် နိုင်ငံတော်မှ တာဝန်ပေး၍ ရေးစပ်ရသည့် ပြည်သူ့အကျိုးပြုတေး စသည်ဖြင့် တေးသီချင်းပေါင်းများစွာ ရေးစပ်ခဲ့သည် ။ ပရိသတ်အကြိုက် တေးအချို့ကိုတင်ပြရလျှင်
လက်ပံပွင့်ကောက် အရောက်လာမယ် ( မာမာအေး ၊ အေးအေးသွယ် ၊ မိမိလေး ) ၊
မွှေးလွန်းသည့်ပန်း ( စန္ဒရားချစ်ဆွေ ) ၊
သံယောဇဉ် ( မာမာအေး ) ၊
မျက်ဝန်းလဲ့ပြာပြာ ( ၀င်းဦး ) ၊
နှစ်သစ်ချစ်ဦး ( ခင်မောင်မြင့် ၊ ကြည်ကြည်ဌေး ) ၊
သက်ဆိုင်သူသို့ ( ခင်ယုမေ ) ၊
ဂျင်မလေးဂျမ်း ( ကိုမင်းနောင် ) ၊
လွမ်းမေယုတောင် ( ကြည်ကြည်ဌေး ) ၊
ပျိုလေးတို့ ကောက်စိုက်ရာ ( ဂီတလုလင်မောင်ကိုကို ၊ ကြည်ကြည်ဌေး ) ၊
ရုပ်ရှင်နှင့် ဂီတ ( တွံတေးသိန်းတန် ၊ မာမာအေး ) ၊
မေနှင်း ( ကိုမင်းနောင် ) ၊
မျှော်တလင့်လင့် ( မာမာအေး ) ၊
စာရေးကြီး ( ဓနုဖြူစိုးသိန်း ) ၊
ချစ်ရည်ပြိုင် ( ဂီတလုလင်မောင်ကိုကို ၊ကြည်ကြည်ဌေး) ၊
လူပျိုကြီး ( ဓနုဖြူစိုးသိန်း ) ၊
စကားဝါမြေ ( ရီရီသန့် ) ၊
မွန်တို့ဌာနီ ( ထား ) ၊ ငယ်ကျွမ်းဆွေ (မောင်သိန်းဝင်း ၊ မာမာအေး ) ၊
ပန်းတံတား ( စန္ဒရားချစ်ဆွေ ၊ အေ၀မ်းတင်တင်လှ ) ၊
ယုန်ကမတိုးပိုက်ကတိုး ( မိမိလေး ) ၊
မေတ္တာဟူသည် ( စန္ဒရားထွန်းညွန့် ) ၊
ဇရာ ( ကိုမင်းနောင် ) ၊
မငိုပါနဲ့ ကောက်ပင်ပျို ( ကိုမြကြီး ) ၊
ရေခပ်ဆင်းချိန် ( တွံတေးသိန်းတန်နှင့်အဖွဲ့ ) ၊
တက္ကသိုလ်ကျောင်းသူတစ်ဦး ( ကိုမင်းနောင် ) ၊
လာလာလေလိုက်ခဲ့တော့ ( ဗိုလ်ကလေးတင့်အောင်၊ ကြည်ကြည်ဌေး) ၊
ပိတောက်ချစ်သူ ( ဇော်ဝမ်း ၊ မာမာအေး) ၊
ဂီတအခြေခံ ( ကိုမင်းနောင်၊ တင်တင်မြ ၊ မာမာအေး ) ၊
ပျံသန်းရမည့်နေ့ ( စိန်စိန်မြိုင် ) ၊
မေတ္တာရှင်တစ်ခက်ပန်း ( ရီလေး ) ၊
ရှစ်တိုင်းအမ္ဗုန် ( မာမာအေး ) ၊
တိမ်မိလ္လာ ( တင်တင်မြ ) ၊
စာခြောက်ရုပ် ( ဗိုလ်ကလေးတင့်အောင် ၊ မာမာအေး ) ၊
ကိသာဂေါတမီ ( ဗိုလ်ဗကို ၊ မောင်မောင်ကြီး ၊ ကိုမင်းနောင် ၊ ကမ္ဘောဇမေသင်းရီ ) ၊ ပန်တော်ကျဒေ၀ီ ( အေ၀မ်းတင်တင်လှ ) ၊
အသည်းထဲက ဆူး (မောင်သိန်းဝင်း ၊ အေ၀မ်းတင်တင်လှ ) ၊
ပျော်စရာအစုံ မြို့ရွှေဂုံ ( ထား ) ၊
ဂျမ်းဆိုသော ဂျင်မလေး ( ခင်မျိုးအေး ) ၊
မန်းတောင်ရိပ်ခို ( အောင်ထက် ၊ မေသက်ထားဆွေ ) တို့ဖြစ်ပါသည် ။
ဘဘ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင် ၁၂ ကားရှိသည် ။ မများ
သော်လည်း တစ်ကားဆို ဆိုသလောက် ခရီးပေါက်သည် ။ အချို့ကိုဖော်ပြရလျှင်
နှောင်ကြိုးကို ငင်ပါ့မယ် ( မြင့်အောင် ၊ တင်တင်မူ ) ၊
မေတ္တာဟူသည် (ထွန်းဝေ ၊ စံရှားတင် ) ၊
မေမြတ်နွယ် ( မြင့်အောင် ၊ ကြည်ကြည်ဌေး ) ၊
ဆောင်းတစ်ည၀ယ် (၀င်းဦး ၊ ၀ါဝါ၀င်းရွှေ ) ၊
မြခြူသံ ( မြတ်လေး ၊ တွံတေးသိန်းတန် ၊ မာမာအေး ) ၊
ရွှေဝါ ( ကောလိပ်ဂျင်နေ၀င်း ၊ နွဲ့နွဲ့မူ ၊ မေသစ် ) ၊
ငယ်ကျွမ်းဆွေ (ထွန်းထွန်းဝင်း ၊ နွဲ့နွဲ့မူ ) ၊
နော်မေဖော ( ထွန်းထွန်းဝင်း ၊ နွဲ့နွဲ့မူ ) တို့ဖြစ်သည် ။
ပြဇာတ် ၊ ရုပ်ရှင် ၊ ဂီတဖြင့် မအားလပ်သည့်ကြားမှ အချိန်လု၍ စာရေးပြန်
သည် ။ ကြေးမုံ ၊ ဗမာ့ခေတ် ၊ လုပ်သား ၊ နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းနှင့် အခြားသော
စာစောင်မဂ္ဂဇင်းများတွင် ၀တ္ထုတိုနှင့် ဆောင်းပါးပေါင်း များစွာ ရေးသားခဲ့ပြီး
ဆောင်းပါး လုံးချင်း လေးအုပ် ထုတ်ဝေခဲ့ရာ “ ပန်းဝင်္ကပါ ” စာအုပ်ဖြင့် အမျိုးသား
စာပေဆုရရှိခဲ့ပါသည်။
လက်ရှိ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
တို့တွင် နာယက ၊ နိုင်ငံတော်မှ ဦးစီးကျင်းပသည့် အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ
များကိုလည်း ရှေ့ဆုံးက ဦးဆောင် စီစဉ်ပေးခဲ့သူ တိုင်းပြည်ကို အနုပညာဖြင့်
အကျိုးပြုခဲ့သည့်အတွက် ဘဘကို နိုင်ငံတော်မှ စည်သူဘွဲ့ ၊ ဒေါက်တာဘွဲ့နှင့်
၂၀၁၇ ခုနှစ်အတွက် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု တို့ကို ချီးမြှင့်ခဲ့သည် ။
ကမ္ဘာမှာ မြန်မာတို့သည် ကိုယ်ပိုင် ဟန် ၊ ကိုယ်ပိုင် အသံဖြင့် ကိုယ့်လူမျိုး ၊
ကိုယ့်ဂီတ မျက်နှာပန်းလှအောင် ဖန်တီးနိုင်ကြသူများဖြစ်သည် ။ အစဉ်အလာ ကြီးမားပြီး အနှစ်သာရပြည့်ဝသည့် မြန်မာသံ ဂန္ထ၀င်တေးများကို Channel 9 “ ဤဘ၀၀ယ် ” အစီအစဉ်မှ ဘဘဦးဆောင်၍ အပတ်စဉ် ပြန်လည်ဖော်ထုတ် ပေးလျက်ရှိသည်မှာ မြန်မာ ဂီတလောက အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ ၊ ဘဘနှင့်အတူ ဘဘတပည့်ရင်း Channel 9 တာဝန်ခံ တေးသံရှင် ဒါရိုက်တာ ခင်နန်းယုထွေး ၊ ဂီတမှူး ညမွှေးပန်း ဇော်ဟိန်း(ကွယ်လွန်သူ ညမွှေးပန်း တင်ထွတ်၏သား ) ၊ စည်သူဘွဲ့ ပိုင်ရှင်များဖြစ်ကြသည့် ဂန္ထ၀င်
အဆိုတော် တင်တင်မြ ၊ ထား ၊ မောင်မောင်ကြီး နှင့် မျိုးဆက်သစ်တေးသံရှင်များက “ ဤဘ၀၀ယ် ” အစီအစဉ် အောင်မြင်ရေး ပါဝင် အားဖြည့်ပေးကြသည် ။ ဘဘအရွယ်လေးရလာတော့ အိုပြီဟုထင်ကြမည် ။ တကယ်တော့ ဘဘ မအိုသေးပါ ၊ မေ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်မှာ ရုရှားနိုင်ငံက ဘွားသက်ရှည် “ အမ်တမ်ဘူလိုဗာ ” အသက် ၁၂၉ နှစ်ပြည့် မွေးနေ့ ကျင်းပမည့်သတင်း ဖတ်လိုက်ရသည့်အခါ ထိုဘွားဘွားနှင့် ယှဉ်လိုက် လျှင် ဘဘသည် မောင်လေးအရွယ်မျှသာ ။ သို့ပါ၍ ဘဘကို ကဗျာဖြင့် ဦးညွတ်
ဂုဏ်ပြုလိုက်ချင်သည်က -
“ မအိုသေးတဲ့ ဘဘ ဗိုလ်ကလေးတင့်အောင် ”
+ ဂီတဖြင့် အလှဆင် ၊ စာပေအရာမှာလည်း တန်းဝင်
ရုပ်ရှင်နှင့် ပြဇာတ် ၊ နှံ့စပ်သေချာ
လက်ရာမြောက်စံတင် ၊ ဂန္ထ၀င်ထဲက ဘဘ
+ မေ့မရသည်က ငယ်ကျွမ်းဆွေ
ပြည်သူတွေ တမ်းတ ၊ ယဉ်ကျေးလှသည့်
မြန်မာ့သုခုမ အနုပညာ
ကမ်္ဘာမှာ ပြန်ကြည့် ၊ နောက်တန်းမှာ မရှိ
ပညာရှင်တိုင်း သိကြသည်
+ သင်္ခါရဖြင့်ကြည့်
အားလုံးသည် တအိအိ အို
ဇရာကိုဆန် လှန်၍မရ
ဘဘ အရွယ်ကလေးကျပေမယ့်
စိတ်ဓာတ်က နုပျို ၊ အရင်လိုပါပဲ
ဘာတစ်ခုမှ မမေ့ ၊ ဆုံတွေ့လေသမျှ
ဆုံးမသွန်သင် ၊ မေတ္တာရှင် ဘဘ
ချွေးဒီးဒီးကျစေ ၊ ဝေငှဆင့်ကမ်း
အနုပညာလမ်းမှာ လှမ်းနေဆဲ ။ ။
( စည်သူ ဒေါက်တာ ဗိုလ်ကလေးတင့်အောင် အသက် ၉၆ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြု အမှတ်တရ )
တင့်လွင်ဦး ( စီးပွါးရေး တက္ကသိုလ် )
ကြေးမုံ ဇွန် ၂၄ ၊ ၂၀၁၈
.
Monday, June 3, 2019
ဆုတောင်းပဏ္ဏာ
◼✒ ဆုတောင်းပဏ္ဏာ တဲ့ ၊ မင်္ဂလာဆုတောင်း တဲ့ ၊ ဆုကြီးပန်ဆင် တဲ့ ၊ ဆုတောင်းပဏာမ တဲ့ ။ သီချင်းခေါင်းစဉ်တွေ အမျိုးမျိုးဖြစ်နေတာတွေ့ရပါတယ် ။ ဆရာ ရွှေပြည်အေး ပေးခဲ့တဲ့ နာမည် အမှန် ဟာ ဘယ်ဟာလဲဆိုတာ သိရှိသူများ ရှင်းပြစေလိုပါတယ် ။
( အလွယ်တကူ ပဲ ခေါင်းစဉ်တပ်ပေးလိုက်တာဟာ သီချင်းရေးတဲ့သူကို မလေးစားရာ ရောက်ပါတယ် ။)
ဝင်းဦး ၊ မာမာအေး ၊ သုမောင် ၊ လွှမ်းမိုး ၊ နီနီဝင်းရွှေ ၊ ( ဟေမာနေဝင်း + ကော်နီ +မို့မို့ဇော်ဝင်း) အဖွဲ့ ၊ ရတနာဦး ၊ ရန်အောင် ၊ မင်းအောင် ၊ ရီရီသန့် ၊ နှင်းရီသန့် ၊ ပစ်တိုင်းထောင် + ရတနာဦး နဲ့ စိုင်းထီးဆိုင် တို့ ဆိုထားတဲ့ သီချင်းတွေလည်း တင်ပေးလိုက်ပါတယ်။
ရန်အောင် ဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့် နဲ့ စောင်းလှိုင်ဝင်းမောင် ( မကွေး ) ရဲ့ စောင်းလက်သံ ၊ ပစ်တိုင်းထောင် ရဲ့ ဆိုင်းလက်သံ ၊ မွန်ပြည်နယ် ကိုကိုနိုင် ရဲ့ ဆိုင်းလက်သံ တွေကိုလည်း တင်ပေးလိုက်ပါတယ် ။
ဒုံမင်း ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ လည်း ပါပါတယ်ဗျာ ။
🎧 ဝင်းဦး
https://yadi.sk/d/dye2PEUwlX8Gfg
🎧 မာမာအေး
https://yadi.sk/d/-tbaq2jqobeUHQ
🎧 သုမောင်
https://yadi.sk/d/Xz9KFAcbSi6ZdQ
🎧 လွှမ်းမိုး
https://yadi.sk/d/JBKYL_fSRAzRKA
🎧 နီနီဝင်းရွှေ
https://yadi.sk/d/uRsdkIAKZIdIrA
🎧 ( ဟေမာနေဝင်း + ကော်နီ +မို့မို့ဇော်ဝင်း) အဖွဲ့
https://yadi.sk/d/wc1dNlMncMbAXQ
🎧 ရတနာဦး
https://yadi.sk/d/MnXG78bYu5FiIg
🎧 ရန်အောင်
https://yadi.sk/d/kRGrLw-WjXdixA
🎧 မင်းအောင်
https://yadi.sk/d/cdhrPHNh6bQmKg
🎧 ပစ်တိုင်းထောင် နဲ့ ရတနာဦး စုံတွဲ
https://yadi.sk/d/UFHwcEaPnJqEpg
🎧 ရီရီသန့်
https://yadi.sk/d/OeOsYcgQhXeBjw
🎧 နှင်းရီသန့်
https://yadi.sk/d/KijA4S23NU-tYw
🎧 စိုင်းထီးဆိုင်
https://yadi.sk/d/Fp-ZFaXbljfeHw
🎶 ရန်အောင် သီချင်းရဲ့ တီးလုံး သီးသန့်
https://yadi.sk/d/Wt3zUk7f_8ChqA
🎶 စောင်းလှိုင်ဝင်းမောင် ရဲ့ စောင်းလက်သံ
https://yadi.sk/d/d-pDySp2MR9ywQ
🎶 ပစ်တိုင်းထောင် တီးလုံး သီးသန့်
https://yadi.sk/d/T4NHLQ8TETVJNQ
🎶 မွန်ပြည်နယ် ကိုကိုနိုင် တီးလုံး သီးသန့်
https://yadi.sk/d/S5MpuYmyvN3EZg
🎶 ဒုံမင်း ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ
https://yadi.sk/d/77esTFF-GE96Jw
⭕ ဆုတောင်းပဏ္ဏာ
တေးရေး ရွှေပြည်အေး
[ တစ်သောင်းဇမ္ဗူပေါ် တောင်းဆုခြွေကာရည်မျှော် စည်းစိမ်ဥစ္စာများ ကြွယ်ဝတိုးတက်စေသား များဝေနေ စပါးနဲ့ဆန်ရေ အထွေထွေ ကောင်းမှု ကုသိုလ်များ ထပ်မနားပြုဖို့ငွေမရှား စိန်ရွှေရတနာ နှိုင်းကြည့်လည်းလွှမ်းကာ အချိန်ကုဋေကုဋာ အတိုင်း မသိပဲချမ်းသာ စန်းပါလာဘ်ပါတက်ဆဲ ပုလဲ မြဆပွါး ကျောက်သံပတ္တမြား ဆင့်ဆင့်ထား လိုတိုင်းတ၍ ရစေသား
ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကွာ ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ လန်းကြပါစေ ပန်းတွေ သဏ္ဍာန်ပမာ ချမ်းမြကာလေ စမ်းရေလျှံဖြာ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ အို ဣ စ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ
( နောင်သံသရာ ရည်စိတ်ကြံမှန်းဆလို့ ပြည်နိဗ္ဗာန် လမ်းဝသို့ လှမ်းကြွရောက်စေ့ငှာ ) ဒီနေ့ ဟိုနေ့တောင်မကြာ ကြည်မွေ့ လိုသရွေ့ဆောင်ကာ ကောင်းကင်ခရီး ပျံတက်ဖို့ မငြီး မဂ္ဂင်ဖောင်ကြီး စီးသွား စေတိုင်းတ၍ ရစေသား
ဝေနေယျာ ဆွေသဟာခပင်းမှာ ဘေးရန်ကင်းစင်ကွာ ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ လန်းကြပါစေ ပန်းတွေ သဏ္ဍာန်ပမာ ချမ်းမြကာလေ စမ်းရေလျှံဖြာ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ အို ဣ စ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ ]
Friday, May 31, 2019
သူဌေးကြီး ဖြစ်ချင်တယ်လား
🚗🚐🚘 သူဌေးကြီး ဖြစ်ချင်တယ်လား
“ ဟုတ် ဖြစ်တယ် ၊ ရတယ် တစ်စီးစာ ၊ ဟုတ်ပြီ ၊ သုံးရက်အတွင်း ကောင်းပါတယ် ”
“ ဒီလိုလုပ်လေ ကျွန်တော်ပြောမယ် ၊ အခုတစ်ခေါက် တစ်စီး အစမ်းပို့လိုက်မယ် ၊ မယူဘူး ၊ ဘာတစ်ပြားမှ မယူဘူး ၊ အလုပ်သမားခ ၊ ကားခတော့ အဲဒီကပေးပေါ့ ဟုတ်ပြီလား ”
“ အခု ပို့လိုက်တဲ့ပစ္စည်းကို မကြိုက်ဘူးဆို ကားပေါ်က မချနဲ့ဦး ၊ ချက်ချင်းပြန်ပို့ ၊ အပြန်ကားခ ကျွန်တော် ချေမယ် ၊ ဟုတ်ပြီလား ”
“ ဟာ ပွဲစား သဘောကောင်းလှချည်လား ”
တစ်ဖက်က တယ်လီဖုန်းချသွားသောအခါ ပွဲစားက ရေနွေးကြမ်းငှဲ့ ၊ ကျွန်တော်က လက်ဖက်သုတ်ပန်းကန်ထဲမှ ပုဇွန်ခြောက်ကို ကောက်ယူ ။
“ ဆက်ကြည့်မယ်လေ ဦးလေးချမ်း ၊ ကျွန်တော်က မျက်စိနဲ့ ပါးစပ်ပဲ စိုက်ရတာ ၊ အကြောင်းအပေါင်းသင့် ၊ အစပ်အဟပ်တည့်သွားရင်လဲ ရေရှည်မှာ ... ”
“ ကရင် ကရင် အရင်ရင် ”
တယ်လီဖုန်း ၀င်လာ ၊ ပွဲစားက ကောက်ကိုင် ။
“ အင်း ဟုတ်ကဲ့ပြော ကိုဌေး ၊ ပဲဆန် ၊ ဟိုတစ်ပတ်က ပို့လိုက်တဲ့ အရည်အသွေးမျိုး ၊ ရမယ်လေ ၊ မခဲယဉ်းပါဘူး ၊ အောက်တန်း ( အထွက်နှုန်း ) ကိုက်တယ်မဟုတ်လား ၊ ခဲ သဲ အပုတ် အစုပ် မပါ ၊ စိတ်ချ ၊ ကျွန်တော်က အသန့်လိုင်းလေ ၊ ကိုဌေးလဲ သိသားနဲ့ ၊ ဟုတ်ကဲ့ လောလောဆယ် ကြိတ်ဖို့ ရှိသေးတယ် မဟုတ်လား ၊ ကောင်းပြီ ရှိတယ် ၊ ဦးလေးချမ်းတောင် အနားမှာ ရောက်နေတယ် ၊ သူနဲ့ ပြောဦးမလား ၊ အင်း အင်း ”
ပထမဖုန်းမှာ မန္တလေးနှင့် ဆက်နေခြင်းဖြစ်ပါ၏ ။
ယခု ဒုတိယ ၀င်လာသော ဖုန်းမှာ မကွေးမြို့ အမေထွား ဆီစက်မှ အမေထွား သား ကိုဌေးအောင် ထံမှ ဖြစ်ပါ၏ ။
ကိုဌေးအောင် နှင့် ပွဲစားတို့ကား တစ်ဦးနှင့်တစ်ဦး ခံတွင်းတွေ့သူများ ဖြစ်ကြ၏ ။
ကိုဌေးအောင် က အမေထွား ပဲဆီသန့် စပါယ်ရှယ်ကို ထုတ်လုပ်ပြီး ရန်ကုန်မှာ ဖြန့်နေသူ ။
ကျွန်တော့် ပွဲစားကား မြေပဲဆန် သန့်သန့်ကို ရအောင်ရှာပြီး မကွေး အမေထွား ဆီစက်သို့ ပို့ပေးနေရသူ ။
မန္တလေးဖုန်းက မိတ်ဆွေ လက်သစ် ၊ အခုမှ အစမ်းပို့ရမှာ ၊ တစ်ယောက်စိတ်ကို တစ်ယောက်က စမ်းရဦးမှာ ၊ မန္တလေးက ပစ္စည်းကို စမ်းသုံးကြည့်မယ် ၊ အောင်လံက စိတ်ကို စမ်းသုံးကြည့်မယ် ။ ငွေရေးကြေးရေးကို စမ်းကြည့်မယ် ။
စမ်းကြရာက တစ်ယောက်နဲ့ တစ်ယောက် ၊ တစ်ယောက်ကို တစ်ယောက် ( အလုပ်သဘောအရ ) သဘောကျသွားရင် အရှည်မှာ မိတ်ဖြစ်သွားမယ် ။ အရှည်မှာ အလုပ်ဖြစ်သွားမယ် ။ နှစ်ဦး နှစ်ဖက် အကျိုးရှိသွားမယ့်သဘော ။
ဒါကြောင့် ပွဲစားက “ အရှည် ” လို့ ပြောတာ ။
မကွေးနဲ့ ဆက်စဉ်ကလည်း သည်လိုပဲ ၊ တစ်ယောက်နဲ့ တစ်ယောက် စမ်းကြည့်ရာက ဓာတ်ကျပြီး အလုပ်ဖြစ်သွားကြတာ ခင်ဗျာ့ ။
“ ကျွန်တော် သူ့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတယ် ဘဘ ”
၂၀၀၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျွန်တော် မကွေးမြို့ ရောက်စဉ်က အမေထွား ဆီစက်မှာ ကျွန်တော်နဲ့ ကိုဌေးအောင် ပြောဖြစ်ကြတဲ့ စကား ။
ဟိုတစ်ဖက်က လုပ်ပိုင်ခွင့် အပြည့်ပေးတယ် ။ သည်တစ်ဖက်က ပစ္စည်းကောင်းကို မရရအောင် ရှာပေးတယ် ။ ဤသို့ဖြင့် အလုပ်ဖြစ်ကြ ။
ယခုပြောပုံအရဆိုလျှင် မန္တလေးနှင့်လည်း ဆက်လက် အလုပ်ဖြစ်ပေလိမ့်ဦးမည် ။
ကျွန်တော်တို့ အလုပ်တွေက အပြောနည်းနည်း အလုပ်များများဗျာ့ ၊ အပြောထက် အလုပ်ကို ဦးစားပေးကြရတာဗျာ့ ။
အခုကြည့် သည်က အစမ်းပို့ပေးမယ် ။
ပစ္စည်း စိတ်တိုင်းကျစေရမယ် ။ ကော်မရှင် တစ်ပြားမှ မယူသေးဘူး ။ ဒုတိယ တစ်စီးလည်း ဖရီး ။ တတိယ တစ်စီးလည်း ဖရီးပဲ ။
နောက်ကျမှ အရှည်ဆက်ဆံမိပြီဆိုမှ တစ်ဦးသဘော တစ်ဦးသိပြီဆိုမှ ကော်မရှင်အတွက် စဉ်းစားကြမှာ ။
ကျွန်တော် ဥာဏ်မီသလောက် စဉ်းစားကြည့်ရတာကတော့ အရှည်အတွက် ရည်မှန်းချက်ထားပြီး ထိုးကျွေးတဲ့ သဘောပဲဗျာ့ ။
အဲသလိုနည်းနဲ့ မိတ်ဖွဲ့ကြ ၊ မိတ်ရှာကြ ၊ မိတ်မြဲကြရတာဗျာ့ ။
သာသည် နာသည် ခေါင်းထဲ သိပ် ထည့်ကြပုံ မပေါ်ဘူးဗျာ့ ။
ကျွန်တော်တို့ အရောင်းအ၀ယ်လောက ၊ ကျွန်တော်တို့ စီးပွါးရေးလောကမှာ ဆယ်ပြား ငါးပြား သိပ်ပြီး ကပ်ခွါလွန်းရင် အလုပ်မဖြစ်ဖူးဗျာ့ ။
မျက်စိက ငွေကိုပဲ မြင်နေမယ် ။ အခြားဘာမှ သိပ်မမြင်ဘူးဆိုရင် အလုပ်မဖြစ်နိုင်ဘူးခင်ဗျာ့ ။
ကျွန်တော် တွေ့တွေ့နေရတာကတော့ ရဖို့ချည်း ခေါင်းထဲ ထည့်နေမိသူတွေဟာ မရတဲ့အပြင် တဖြည်းဖြည်း လုံးပါးပါးသွားကြတာချည်းပဲဗျာ့ ။
ငွေအတွက် ရှာတာ ။
မှန်ပါတယ်ဗျာ ၊ ငွေအတွက် ရှာတာပါပဲ ။ ဒါပေမယ့် သည်ငွေရဖို့အတွက် ပထမ အရင်းခံက ငွေနဲ့မျှောရတာပါပဲ ။
အရကိုချည်း ခေါင်းထဲ ထည့်မထားဘဲ လုပ်တဲ့သူတွေဟာ အခွင့်အရေးတွေ အများကြီး ရရသွားတယ် ဆိုတာကို ကျွန်တော် နေရာတိုင်းမှာ တွေ့နေရတယ်ဗျာ ။
“ ဦးလေးချမ်း ကျွန်တော်သိသလောက် ဒီလူက သတ္တိပြောင်တယ်ဗျာ ။ ပစ္စည်းမရခင်ကတည်းက ငွေ ကို ကြိုချပေးတာ ၊ အဲဒါကြောင့် သူက အပေါင်းအသင်းလဲ ဆံ့တယ် ၊ ပစ္စည်းလဲ ဈေးချိုချိုနဲ့ ရတယ် ”
အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ပြီး ကားဆရာ ကိုဇော်လွင်က ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်က အောင်လံ အပြန်မှာ ကျွန်တော့်ကို ပြောတဲ့ စကားပါ ခင်ဗျာ ။
ကျွန်တော် မောင်ချမ်းသာ ဆိုသူကား ကြီးပွါး သူဌေးဖြစ်လာသူများ အကြောင်းကို အမြဲ နားစွင့်နေရတာဗျာ့ ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ချမ်းသာပြီး သူဌေးကြီး ဖြစ်ချင်တာကိုးဗျာ့ ။
မောင်ချမ်းသာ
ကုမုဒြာ ဂျာနယ် ၊ ၁၆ စက်တင်ဘာ ၂၀၀၅
Tuesday, May 28, 2019
ဘ၀ရည်မှန်းချက် မရှိလေ ဖေ့စ်ဘွတ်ခ် Like များများရခြင်းကို ပိုသာယာတတ်ကြလေ
ဘ၀ရည်မှန်းချက် မရှိလေ ဖေ့စ်ဘွတ်ခ် Like များများရခြင်းကို ပိုသာယာတတ်ကြလေ
🅻 🅸 🅺 🅴 🅻 🅸 🅺 🅴
ဖေ့စ်ဘွတ်စ်မှာ ကိုယ်တင်ထားတာကို လူများများက Like များများလုပ်လေ ဘ၀ကြီးက ကျေနပ်စရာ ဖြစ်လေဟု ခံစားမိပါသလား ။
နောက်ဆုံး လေ့လာမှုစစ်တမ်း တစ်ရပ်ကတော့ ထိုသို့ Like များများရမှ စိတ်ကျေနပ်မှု ရတတ်ပြီး Like နည်းနည်းသာရလျှင် စိတ်အားငယ် စိတ်ဓာတ်ကျခြင်းသည် ဘ၀မှာ ရည်မှန်းချက် မယ်မယ်ရရ မရှိသူတို့၏ လက္ခဏာရပ်ဟု ဆိုလိုက်သည် ။ အခြားတစ်ဖက်တွင်ကား Like များခြင်း Like နည်းခြင်းကြောင့် ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်နှုန်း မထိခိုက်သူတို့လည်း ရှိနေသည် ။ ထိုသူတို့ကား ဘ၀ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိသူများ ဖြစ်ကြောင်း လေ့လာသုတေသနက ဆိုသည် ။
သုတေသီတို့သည် အမေရိကန်နိုင်ငံမှ ဖေ့စ်ဘွတ်ခ် သုံးသူ ( ၂၅၀ ) ခန့်ကို လေ့လာထားခြင်း ဖြစ်သည် ။ လေ့လာခံသူ တစ်ဦးချင်း၏ ဘ၀ရည်မှန်းချက် ၊ ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်နှုန်း ၊ ဖေ့စ်ဘွတ်ခ်မှာ Like ရသည့် ပျမ်းမျှပမာဏန တို့ကို မှတ်တမ်းတင်သည် ။ Like များများရသူ တို့သည် ပျမ်းမျှအားဖြင့် ကိုယ့်ဘ၀ကိုယ် ပိုကျေနပ်တတ်ကြကြောင်း တွေ့ရသည် ။ သို့သော် ဘ၀မှာ ရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိသူတို့မူကား Like များခြင်း နည်းခြင်းကြောင့် ကိုယ့်ဘ၀ကိုယ် ကျေနပ်နှစ်သက်နှုန်း မထိခိုက်ဘဲ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ကိုယ့်ဘ၀ကိုယ် ကျေနပ်အားရစိတ် အရှိဆုံးသူများ ဖြစ်ကြောင်း တွေ့ရသည် ။
လေ့လာသုတေသနကို ကော်နဲတက္ကသိုလ် လူသားဖွံ့ဖြိုးမှုဌာန တွဲဖက်ပါမောက္ခ အန်ထော်နီ ဘာရိုး နှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည် ။
လေ့လာတွေ့ရှိချက် ရလဒ်များကို ပိုမို ခိုင်မာစေရန်အတွက် ဒုတိယလေ့လာမှု ထပ်လုပ်သည် ။ ဒုတိယအကြိမ်တွင် ကော်နဲတက္ကသိုလ် ကျောင်းသားတစ်ရာကို အသုံးပြုကာ လေ့လာသည် ။ ကျောင်းသားများကို ဆယ်လ်ဖီ ရိုက်ခိုင်းပြီး သုတေသီတို့ ဖန်တီးထားသော ဆိုရှယ်မီဒီယာပေါ်သို့ တင်စေသည် ။ သုတေသီတို့က အချို့ပုံများကို Like များများ ၊ အချို့ကို အလယ်အလတ် ၊ အချို့ကို နည်းနည်းသာ ပေးလိုက်သည် ။ ထိုအခါ Like များများရသော ကျောင်းသားများသည် ယေဘူယျအားဖြင့် ကိုယ့်ဘ၀ကိုယ် ကျေနပ် ပျော်ရွှင်စိတ် ပိုဖြစ်လာကြကြောင်း တွေ့ရသည် ။ သို့သော် ဘ၀မှာ ရည်မှန်းချက် တိတိကျကျ ရှိသည့် ကျောင်းသားများကား Like များခြင်း ၊ နည်းခြင်းကြောင့် ကိုယ့်ဘ၀ကိုယ် ကျေနပ်ပျော်ရွှင်မှု အပေါ် အထိအခိုက်မရှိကြောင်း တွေ့ရပြန်သည် ။
“ လက်တွေ့ ဘ၀မှ ရည်မှန်းချက် တိတိကျကျ ရှိသူတွေဟာ အွန်လိုင်းပေါ်က ချီးကျူးမှုတွေ ၊ ကဲ့ရဲ့မှုတွေကြောင့် လက်တွေ့ဘ၀ ကျေနပ်ပျော်ရွှင်မှုအပေါ် မထိခိုက်တာ တွေ့ရပါတယ် ” ဟု ပါမောက္ခ ဘာရိုးက ပြောသည် ။
“ ရည်မှန်းချက် ခိုင်မာသူတွေဟာ Like များများရခြင်းကို အသိအမှတ်ပြုပေမယ့် Like ရမှ ပျော်ရွှင်ရမယ် ဆိုတဲ့ လူစားတွေတော့ မဟုတ်ပါဘူး ။ ကိုယ့်ဘ၀ကိုယ် ပြဋ္ဌာန်းနိုင်သူတွေပါ ” ဟု ၄င်းက ဆက်လက်ပြောသည် ။ ရည်မှန်းချက် ခိုင်မာခြင်းကိုက ထိုသူများအတွက် ကိုယ်တွင်း တွန်းအားကဲ့သို့ ဖြစ်နေပြီး အခြားတွန်းအားများ မလိုအပ်တော့လောက်အောင် ပြည့်စုံစေကြောင်း ပါမောက္ခ ဘာရိုးက ပြောသည် ။
◼ မြတ်ဆုကို
Source : Daily Mail
Monday, May 27, 2019
ချစ်နှင်းမှုန်မှုန်
🌈 ချစ်နှင်းမှုန်မှုန်
ဂီတနက်သန် ဦးအုန်းလွင်သည် အသက် ( ၉၀ ) ကျော်လေပြီ ။
ငယ်စဉ်အခါက ကိုစောညိန်း နှင့် အတူ ဂီတနက်သံ အဖွဲ့ကို တည်ထောင်ခဲ့သည် ။ ကိုစောညိန်းမှာ နုပျိုစဉ်အခါကပင် ကွယ်လွန်ခဲ့သဖြင့် ဦးအုန်းလွင်က ဂီတနက်သန်ကို ဆက်လက်ဦးဆောင်ခဲ့သည် ။
ဂီတနက်သန်မှ ထွက်ပေါ်လာသော သီချင်းများမှာ မြန်မာသံ စစ်စစ်များ ဖြစ်ကြသည် ။
စည်း ၀ါး နိုင်နင်းမှသာ ကောင်းစွာ သီဆိုနိုင်မည် ဖြစ်ပေသည် ။
စာသား ၊ သံစဉ် ( အသံ အနိမ့် အမြင့် ) များအပေါ် ခံစား နားလည် နိုင်ရန်လိုအပ်ပေသည် ။
အထူးသဖြင့် မြန်မာဂီတာ ဖြင့် တီးကာ ဆိုရသဖြင့် သီဆိုသူ၏ အသံ နှင့် ဂီတာ ၏ ကီး တို့ ထပ်တူကျမှ သာ ထိုသီချင်းသည် နားထောင်ကောင်းပေမည် ။
ချစ်နှင်းမှုန်မှုန်သည် ဆရာကြီး ဦးအုန်းလွင် ရေးစပ်သီကုံးထားပါသည် ။ ထိုသီချင်းကို ဆရာကြီး ကိုယ်တိုင် မြန်မာဂီတာဖြင့် တီးခတ်ထားပါသည် ။
ကျွန်တော် ချစ်နှင်းမှုန်မှုန် ကို မြတ်နိုးယုယစွာ သီဆိုဖြစ်ပါသည် ။
ဂီတနက်သန် ဆရာကြီး ဦးအုန်းလွင် သက်ရှည် ကျန်းမာ ဘေးဘယာ ဝေကွာပါစေကြောင်း ဆုမွန် တောင်းအပ်ပါသည် ခင်ဗျား ။
လေးစားစွာဖြင့်...
ကိုအောင်နိုင်ဦး
ချစ်နှင်းမှုန်မှုန် သီချင်း ကို.....
မောင်မောင်ညွန့် ၊ ခင်ညွန့်ရီ ၊ ကျောက်ပန်းတောင်း ကျော်လွင် ၊ လွမ်းမိုး ၊ ပန်းအိဖြူ တို့ သီဆိုထားတာကို တင်ပေးလိုက်ပါသည် ။
ထို့ပြင် စောင်းကောက် ဦးမင်းကြည် တီးထားပြီး သီဆိုသူ အမည်မသိသော သီချင်းကိုလည်း တင်ပေးလိုက်ပါသည် ။
ဂီတနက်သန် ဦးအုန်းလွင် ၏ မြန်မာဂီတာ လက်သံ သီးသန့် ကိုလည်း တင်ပေးလိုက်ပါသည် ။
◼ မောင်မောင်ညွန့်
https://yadi.sk/d/bWJridTO31c5pQ
◼ ခင်ညွန့်ရီ
https://yadi.sk/d/bIq7mqQ3I1DdTQ
◼ ကျောက်ပန်းတောင်း ကျော်လွင်
https://yadi.sk/d/BXfEJK-Sx8RQJg
◼ လွှမ်းမိုး
https://yadi.sk/d/fBUVGXwyTU9A9w
◼ ပန်းအိဖြူ
https://yadi.sk/d/xuCECwgWM5O4iQ
◼ စောင်း ဦးမင်းကြည်
https://yadi.sk/d/QMardilUIvWqZw
◼ ဂီတနက်သန် ဦးအုန်းလွင် ၏ ဂီတာ လက်သံ
https://yadi.sk/d/1PQtpgxuwBl1Pg
🌈 ချစ်နှင်းမှုန်မှုန်
တေးရေး ဂီတနက်သံ ကိုအုန်းလွင်
[ (နှင်းမှုန်ငွေရည် ပုလဲသွယ် တဖွဲဖွဲနဲ့ ကြဲကာမစဲတော့တယ် တစ်ကိုယ်ရေ နွမ်းလျဖွယ် ရင်ထဲ ရွှင်သည်းဖိုမိတယ် ချစ်နှင်းမှုန်ရယ် တသုန်သုန်မြူးကာ ညှင်းရက်တော့တယ် )
မောင့်အပါးဝယ် ရှောင်ရှားကာ ရွေ့လျားပေါ့ကွယ် နှင်းငွေမှုန်ရယ် ကြုံကာဆုံသည့်နှယ် တစ်ရံရောအခါကရယ် မောင်မယ်နှစ်ဦးဝယ် ကြည်နူးလို့ကွယ် ညဥ့်လွှာရုံအောက်ဝယ် ခင့်ကိုသာ မောင့်မှာတွေးလို့ရယ် မကြင်စိမ်းကာ ယိမ်းနွဲ့ပေါ့ မာလာသဇင်နွယ် နန်းဝေဟင် ပင်ယံမြင့်အလယ် လေသင့်ရာလွင့်ရှာလေတယ် ငွေဇာရုံ ခြုံလွှာပုံသို့နှယ် ချစ်နှင်းမှုန် တဖွဲဖွဲရယ် ၀ဲကာ ကြဲတော့တယ် ]
.
Friday, May 24, 2019
ချစ်စရာ စာအုပ်
◼ လူထု ဒေါ်အမာ
အငြိမ့်လူရွှင်တော် ချစ်စရာက “ ကျွန်တော်သိသော လူရွှင်တော်ကြီးများ နဲ့ ကျွန်တော်ခေတ်ပြိုင် လူရွှင်တော်များ ” ဆိုပြီး စာအုပ် တစ်အုပ် ရေးထားပါတယ် ။ ချစ်စရာဟာ ကျွန်မတို့ ကြည့်ခဲ့တဲ့ အငြိမ့် လူပြက် တစ်ယောက်ပါ ။ ပြီးတော့ ရှားရှားပါးပါး လူပြက်ထဲမှာ သူက ခေတ်ပညာတတ် စာရေးနိုင်တဲ့ လူပြက်ပါ ။ လူပြက် ကို လူရွှင်တော်လို့ “ ပြက် ” ဆိုတဲ့ စကားလုံးထက် ကောင်းအောင် ၊ လှအောင် ပြင်သုံးကြတယ်လေ ။ နို့ပေမယ့် လူတွေထဲမှာ နှုတ်ကျိုးနေတာကတော့ လူပြက် ပါပဲ ။
ပွဲကြည့်တဲ့ ပရိသတ် ရယ်ရအောင် လုပ်တဲ့ လူရွှင်တော်တွေ လူမျိုးအသီးသီးမှာ ရှိကြပါတယ် ။ ဒါပေမယ့် ကျွန်မ သိသလောက်တော့ အဲဒီ လူရွှင်တော်တွေက အမူအရာ နဲ့ လူတွေ ရယ်ရအောင် လုပ်ပြကြတာပါ ။ ကျွန်မတို့ လူရွှင်တော်တွေက စကားနဲ့ ပရိသတ် ရယ်ရအောင် လုပ်တာပါ ။ ဒါကြောင့် ကျွန်မက ကျွန်မတို့ လူရွှင်တော်တွေက ပညာပိုမြင့်တယ် ထင်တာပါပဲ ။ သူတို့က စကားနဲ့ ဆိုတော့ ဟန်ပန်အမူအရာနဲ့ လုပ်ပြရတဲ့ လူရွှင်တော်များထက် ပိုပြီး ကျယ်ပြန့်တယ် ။ သူတို့က လူမှုရေး သာမက နိုင်ငံရေးကိုပါ ပြောနိုင် ပြက်နိုင်ကြသူတွေ မဟုတ်လား ။
ကျွန်မက မြန်မာသဘင်တွေနဲ့ ပတ်သက်ပြီး ( ၁ ) ပြည်သူချစ်သော အနုပညာသည်များ ( ၂ ) အောင်ဗလ ဖိုးစိန် စိန်ကတုံး ( ၃ ) ရွှေမန်းတင်မောင် ( ၄ ) အငြိမ့် ပ - ဒု ( ၅ ) မြန်မာ့မဟာဂီတ ဆိုပြီး စာအုပ် ငါးအုပ် ရေးခဲ့တယ် ။ နောက် စာရေးဆရာ နေ၀င်းမြင့် က ပလ္လင်အငြိမ့် ၊ ခုတင်အငြိမ့် ၊ စင်အငြိမ့် ဆိုပြီး အငြိမ့်အကြောင်း စာအုပ်တစ်အုပ်ရေးပါတယ် ။ ခု ချစ်စရာ စာအုပ်ကတော့ ကျွန်တော်သိသော လူရွှင်တော်ကြီးများ နဲ့ ကျွန်တော်နှင့် ခေတ်ပြိုင် လူရွှင်တော်များ တဲ့ ။ ဒါဆိုရင် မြန်မာ့သဘင်နဲ့ ပတ်သက်ပြီး တော်တော်စုံသွားပါပြီ ။
ဒါပေမယ့် ချစ်စရာ မှာ ရေးစရာတွေ ရှိဦးမှာပါ ။ ရေးစရာ ကျန်နေသေးတာတွေကို ရေးပါဦးလို့ပဲ တိုက်တွန်းချင်ပါသေးတယ် ။
သူ့စာအုပ်ကို ဖတ်ရင်း ဆရာတော် ရွှေကိုင်းသား ကိုလည်း သတိရလိုက်တာ ။ ကျွန်မရေးခဲ့တဲ့ သဘင်စာအုပ်တွေမှာ တချို့စာအုပ်တွေရဲ့ နောက်ပိုင်းမှာ အက္ခရာစဉ် မာတိကာနဲ့ စာအုပ်ထဲပါတဲ့ ထူးခြားတဲ့ သဘင် ဝေါဟာရတွေ ၊ ပညာသည်တွေရဲ့ အမည်တွေ ၊ သီချင်းအမည်တွေကို ထည့်ထားတာ တွေ့ပါလိမ့်မယ် ။ အဲဒါ ကျွန်မလုပ်တာ မဟုတ်ပါဘူး ။ ဆရာတော် ရွှေကိုင်းသားက ကျွန်မ စာအုပ် ရိုက်နေပြီဆိုရင် ရိုက်ပြီးသမျှကို တစ်ဖောင်စီ စောင့်ယူပြီး အဲဒီထဲက ပါသမျှ အများသုံး မဟုတ်တဲ့ ဝေါဟာရတွေ ၊ နာမည်တွေ ၊ သီချင်းတွေကို စောင့်ကောက်ပြီး အက္ခရာစဉ် မာတိကာ လုပ်ပေးပါတယ် ။
ခု ချစ်စရာ စာအုပ်မှာလည်း “ ဗလပ် “ လို့ ခေါ်တဲ့ သူတို့ သဘင်သား အချင်းချင်း ပြောကြတဲ့ စကားလုံးတွေ ၊ ဝေါဟာရတွေကို အက္ခရာစဉ် မာတိကာ နဲ့ ဖော်ပြရင် ကောင်းမှာလို့ အောက်မေ့မိလို့ပါ ။ မိန်းကလေးကို “ ဂွဲ ” တဲ့ ။ အရက်ကို “ ဇိုက် ” တဲ့ ။ လူရွှင်တော်ကို “ ယား ” တဲ့ ။ နာရီကို “ တိုင်း ” တဲ့ ဆိုတဲ့ စကားမျိုးတွေပေါ့ ။
ပြီးတော့ သူတို့နဲ့ ဆိုင်တဲ့ စကားတွေ ရှိသေးတယ် ။ ပွဲကူးကြမ်းတယ် ။ ပွဲချီစိတ်တယ် ။ ပွဲဆက်များတယ် ။ ခြေကောက်လိုက်တယ် စတာမျိုးတွေပေါ့ ။
ဒါတွေ အက္ခရာစဉ် မာတိကာ နဲ့ ဖော်ပြရရင် သိပ်ကောင်းမှာ ။ နောက်ထပ် နှိပ်ရရင် လုပ်နိုင်တဲ့သူက လုပ်စေချင်တယ် ။
ချစ်စရာက ကျွန်မ စောစောက ပြောခဲ့သလို လူရွှင်တော်ထဲမှာ စာတတ်ဆုံးလူ ၊ ပြီးတော့ စာရေးတတ်တဲ့လူ ၊ သူရေးတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် လူပြက်ကောင်းတဲ့ ပွဲတစ်ပွဲမက ကြည့်ရသလိုပဲ ။ ပြီးတော့ သူ့စာမျိုးကို သူရေးမှပဲ ဖြစ်မှာပါ ။ ကျွန်မတို့က ၀င်ရေးလို့ သူ့လို ကောင်းမှာ မဟုတ်ပါဘူး ။
ကျွန်မတို့ မြန်မာလူရွှင်တော်တွေရဲ့ ပညာက တစ်မျိုးပါ ။ ဘယ် အတတ်ပညာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး ။ လူက အကင်းပါးရတယ် ။ မျက်နှာရိပ် မျက်နှာကဲ ခတ်တတ်ရတယ် ။ ကိုယ့်မျက်နှာကလည်း တစ်ဖက်သားရဲ့ စကားကို လိုသလို ခံပေးရတယ် ။ စကားတတ်ရတယ် ။ အကြားအမြင် ဗဟုသုတ ဆိုတာကလည်း ခပ်လို့ ဘယ်တော့မှ မကုန်နိုင်တဲ့ အိုးလိုပဲ တစ်သက်လုံး စုဆောင်း ရှာမှီးနေရတာပါ ။ ပြီးတော့ အဆို ၊ အက ၊ အတီး စတဲ့ သဘင်ပညာကိုလည်း အားလုံး တီးမိခေါက်မိရတယ် ။ လူရွှင်တော် လုပ်မယ်ဆိုရင် နှုတ်ဆိတ်ပြန်ဖို့လည်း လိုသေးတယ် ။ တင်္ခနုပ္ပတ္တိကလည်း အလွန်ကောင်းမှ ၊ နှုတ်အာကလည်း ရဲမှ ၊ လာဘ်ကလည်း မြင်မှ ၊ လူရွှင်တော် လိုအပ်တာတွေ ရေးလို့ ကုန်နိုင်စရာ မရှိပါဘူး ။ လူရွှင်တော်ဆိုရင် စကားပီပီသသ ပြောနိုင်ရမယ် ။ အာစ လျှာစ ကောင်းရမယ် ။ လူရွှင်တော် ဆိုပြီး စကားကို ဗလုံးဗထွေး ၊ ၀ါးလုံးချေးသုတ် ပြောတတ်လို့ကတော့ မဖြစ်ဘူး ။ အငြိမ့်သဘင်မှာ လူရွှင်တော်ကောင်းရင် မင်းသမီး မကောင်းတာကိုတောင်မှ ပရိတ်သတ်က သည်းခံပြီး ကြည့်ပါတယ် ။
မန္တလေးမှာ အငြိမ့် ၃၀ ၊ ၄၀ လောက် ရှိခဲ့တယ် ။ ထိပ်ဆိုတဲ့ မင်းသမီးတွေက လေဘာတီ မမြရင် ၊ ဥက္ကလာ အေးကြည် တို့ ၊ သြဘာသောင်း တို့ နာမည်ကြီးတဲ့ အချိန်ကတော့ လူရွှင်တော်တွေကလည်း လူကောင်းတွေ ၊ ည ၁၂ - နာရီ မှ အငြိမ့် သိမ်းတယ် ။ ပြီးတော့ အငြိမ့်တစ်ပွဲမှ တစ်ညကို ငွေ လေးငါးဆယ် ပေးရတာ ။ ခုခေတ်များ အငြိမ့်ကလည်း မိုးအလင်း ကသတဲ့ ။
အငြိမ့်မှာ ပါတာက စတိတ်ရှိုး ၊ ပြီးတော့ အော်ပရာ ၊ ပြီးတော့ ပြဇာတ် ၊ ကားလိပ်တွေ ၊ မီးတွေ ၊ အပြင်အဆင်တွေကလည်း များမှများ ၊ ဟိုတုန်းက ကြုံရတဲ့ အငြိမ့်နဲ့ ဘာမှ အဆိုင်တော့ဘူး ။ ပြီးတော့ မန္တလေးမှာတောင် ခုခေတ် အငြိမ့်ဟာ လက် တစ်ဖက်စာလောက် ရှိတော့သတဲ့ ။
ဒါကြောင့် ချစ်စရာရေ အငြိမ့် ခွန်းထောက် ဆိုတာကို နမူနာလေး တစ်ပုဒ် ၊ နှစ်ပုဒ် နောက်စာအုပ်မှာ ရေးထည့်လိုက်ပါဦး ။ ပွဲရဲ့ ပရိကံ က ဘယ်လိုပြောကြတယ် ဆိုတာမျိုးလေးလည်း ဒီခေတ် ကလေးတွေ ဆ၀ါးကြည့်ရအောင် ရေးပြလိုက်ပါဦးလို့ မှာချင်နေမိတယ် ။ မင်းသမီး ခေါ်တော့ ဘယ်လို ခေါ်ကြတယ် ဆိုတာမျိုးတွေလည်း ပါစေချင်ပါရဲ့ ။
တစ်လောက အိမ်နားနီးနီးက အရပ်က ဘုရားပွဲမှာ ဇာတ်ပွဲ ပါသတဲ့ ။ သွားမကြည့်ဖြစ်ပါဘူး ။ အိပ်တာပါပဲ ။ ဒါပေမယ့် ဇာတ်နဲ့ ကိုယ်နဲ့က တစ်ပြလောက်ဝေးတာမို့ အိပ်ပေမယ့် အသံတွေက ကြားနေရတာ ။ ကိုယ်ကလည်း လူကြီးဆိုတော့ သူတို့ တစ်ညလုံးက ထွက်တဲ့အသံကို မှေးမှေးနဲ့ တစ်ညလုံး ကြားနေတာပဲ ။ နို့ပေမယ့် အဲဒီကြားထဲ အသံတွေက အရင်က ကြားနေကျ ဇာတ်သံမျိုး တစ်ခုမှ မဟုတ်တော့ဘူး ။ ဇာတ်ဆိုပြီး နှစ်ပါးသွားနဲ့ ငိုချင်း ချတာမှ ရှိသေးရဲ့လားလို့ အောက်မေ့မိတယ် ။ မိုးလင်းခါနီးအထိ အမြန် စည်းတွေနဲ့ ခေတ်ဂီတအသံတွေချည်း ကြားနေရတယ် ။
ဟိုတုန်းကတော့ နတ်ကတော် ထွက်နေပြီဆိုရင် ဘယ်နှနာရီဆိုတာ အဝေးက ကြားတဲ့လူတိုင်း သိတယ် ။ ယိမ်းထွက်နေပြီ ၊ ပြည်တည်နေပြီ ၊ နှစ်ပါးသွားနေပြီ ၊ စခန်းချပြီ ၊ အပူတိုက်ရောက်ပြီဆိုတာဟာ ဘယ်နှနာရီလောက်လို့ နာရီကို မမေးဘဲနဲ့ အချင်းချင်းပြောကြတဲ့ နာရီပြောစကားမျိုးပါ ။ အငြိမ့်မှာလည်း ထိုနည်းလည်းကောင်းပါပဲ ။
ဘာဖြစ်ဖြစ် မှတ်တမ်းမှတ်ရာပဲ ကျန်ကျန် ချစ်စရာရေ ရေးစရာရှိတာလေးတွေတော့ ရေးထားပါဦးကွယ်လို့ ပြောလိုက်ပါတယ် ။
လူထု ဒေါ်အမာ
အတွေးအမြင် စာစောင် ၊ စာစဉ် ( ၁၆၅ )
၂၀၀၄ ၊ ဇန်န၀ါရီလ
Tuesday, May 21, 2019
ဆီးချို အမြစ်ပြတ်ချင်သလား ကျွဲကောသီး ကို စား
🍐 ဆီးချို အမြစ်ပြတ်ချင်သလား ကျွဲကောသီးကိုစား
ကျွဲကောသီးသည် အတွင်းသားဖြူသည်။ အတွင်းသား ပန်းရောင်သည် ရှောက်ပန်းသီးဖြစ်သည်။ ကျွဲကောသီးသည် တစ်နှစ်မှာ တစ်ခါသာ သီးသည်။ ကျွဲကောသီးမှာ ပါစက တေဇောဓာတ်ရှိသည်။
ထို့ကြောင့် အစာကြေလွယ်သည်။ ဆီးချို အမြစ်ပြတ် ပျောက်နိုင်သည်။
ခံတွင်းကို ကောင်းစေရန် လှုံ့ဆော်ပေးနိုင်သော သတ်္တိရှိသည်။ ကျွဲကောသီး၏ အာဟာရ အာနိသင်မှာ ခွန်အားကို ဖြစ်စေသည်။ အစာအိမ်ရောဂါကြောင့် အစာမကြေခြင်းမှာ ပျောက်ကင်းနိုင်ကြောင်း မြန်မာပညာရှင်များက မြန်မာ့အလင်းသတင်းစာမှာ တစ်နိုင်ငံလုံးသိအောင်ရေးသားထားလေသည်။
ကျွဲကောသီးသည် အသားအရေကို ကြည်လင်စေ၏။ ကိုယ်ခံစွမ်းအား အပြည့်အ၀ရှိသည်။ ခံတွင်းပျက်နေသော လူမမမာများကိုတိုင်းရင်းဆရာများ၊ ဓာတ်စာအဖြစ်ကျွေးကြသည်။ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ အရိုး၊ အဆစ်၊ ဒူးနာ၊ ခါးနာများကို ကာကွယ်စေသည်။ အချဉ်အရသာသည် သွားကျိန်းသည်၊ သွားရည်ကျသည်။
ချွေးထွက်သည်၊ လေကိုအောက်သို့ သက်စေ၏။ စိုစွတ်ဝါယောကြောင့်ကျင်ကြီးလမ်းကြောင်း၊ အူလမ်းကြောင်း စိုစွတ်စေ၏။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် လိုအပ်သောဓာတ်ဖြစ်ပါသည်။
ကျွဲကောသီးသည် ဣနြေ္ဒတို့ကို ကြည်လင်စေတတ်၏။ တစ်ကိုယ်လုံးမှာရှိသည့် အာရုံကြောများမှ ဦးနှောက်သို့ ပို့ဆောင်ရန် ၀ါယောဓာတ်ကပို့သည်။ နှလုံးမှ ရင်ချိုင့်ဘ၀င်သို့သာမက သည်းခြေလှုပ်ရှား ၀ါယော ဒိတ်...ဒိတ်...ဒိတ် နေ၏။ ခလုတ်တိုက်ခြင်း စသော တစ်ခုခုကိုသိသည်။ တွေဝေသောသူ၊ မောဟအားကြီးသောသူများကို သတိရစေ၏။
ကျွဲကောသီးသည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စိတ်ချမ်းသာခြင်း၊ ခွန်အားဗလရှိခြင်းတို့ကြောင့် ကမ္ဘာကျော်သော ကျွဲကောသီးသည် ကမ္ဘာ့ဈေးကွက်မှာ အလုအယက်ဝယ်ယူနေကြသည်။
ကျွဲကောသီးကို အုန်းဆံပတ်၊ အထပ်ထပ်ပတ်ပါ မီးမလောင်နိုင်သော သွပ်ကြိုးနဲ့ပတ်ပြီး မီးအားကောင်းသော ဖွဲကြမ်းမီးဖို၊ မီးသွေးမီးဖို၊ မန်ကျည်းသား ထင်းမီးဖိုတို့တွင်ထည့်၍ ဖုတ်ပါ။ (၃) နာရီခန့် ကြာအောင်ဖုတ်ပါ။ ကျွဲကောသီးအခွံလုံးဝကျွမ်းပြီး အထဲကအသားကျန်အောင်ဖုတ်ပါ။ အထဲက အသားကျန်တော့မှ အအေးခံထားပါ။ အေးလျှင် ဖန်ဘူးထဲထည့်ထားပါ။ တစ်ခါစား လက်ဖက်စားဇွန်း တစ်ဇွန်းစားပါ။
ဆီးချိုသွေးချို ကြာမြင့်နေပါက နံနက်တစ်ကြိမ်၊ ည တစ်ကြိမ်စားပါ၊
ဆီးချိုရောဂါပျောက်ပါသည်။ သိပ္ပံကိရိယာ၊ သိပ္ပံဆေး လုံးဝမပါဘဲ ဉာဏ၀ိပ္ဖရိဒ်္ဓိ မြန်မာဉာဏ်ကြီးရှင်တို့၏အရာတည်း။
ဆီးချို အမြစ်ပြတ်ပျောက်ချင်လား ကမ္ဘာကျော် ကျွဲကောသီးကိုစားဟု ပြည်သူပြည်သားများ ခြေထောက်မဖြတ်ရ၊ အသက်မသေရအောင် ရေးသားတင်ပြလိုပါသည်။
[သမားတော်ကြီးဦးသောင်းရွှေ ရေးသားသည့် ကမ္ဘာမှာအဆန်းဆုံးသည်အပင် အပင်ဟူသမျှဆေးပင် စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ]
Subscribe to:
Posts (Atom)











