Monday, May 27, 2019

ချစ်နှင်းမှုန်မှုန်


 🌈   ချစ်နှင်းမှုန်မှုန်

        ဂီတနက်သန် ဦးအုန်းလွင်သည် အသက် ( ၉၀ ) ကျော်လေပြီ ။
        ငယ်စဉ်အခါက ကိုစောညိန်း နှင့် အတူ ဂီတနက်သံ အဖွဲ့ကို တည်ထောင်ခဲ့သည် ။ ကိုစောညိန်းမှာ နုပျိုစဉ်အခါကပင် ကွယ်လွန်ခဲ့သဖြင့် ဦးအုန်းလွင်က ဂီတနက်သန်ကို ဆက်လက်ဦးဆောင်ခဲ့သည် ။

        ဂီတနက်သန်မှ ထွက်ပေါ်လာသော သီချင်းများမှာ မြန်မာသံ စစ်စစ်များ ဖြစ်ကြသည် ။

        စည်း ၀ါး နိုင်နင်းမှသာ ကောင်းစွာ သီဆိုနိုင်မည် ဖြစ်ပေသည် ။

        စာသား ၊ သံစဉ် ( အသံ အနိမ့် အမြင့် ) များအပေါ် ခံစား နားလည် နိုင်ရန်လိုအပ်ပေသည် ။

        အထူးသဖြင့် မြန်မာဂီတာ ဖြင့် တီးကာ ဆိုရသဖြင့် သီဆိုသူ၏ အသံ နှင့် ဂီတာ ၏ ကီး တို့ ထပ်တူကျမှ သာ ထိုသီချင်းသည် နားထောင်ကောင်းပေမည် ။

        ချစ်နှင်းမှုန်မှုန်သည် ဆရာကြီး ဦးအုန်းလွင် ရေးစပ်သီကုံးထားပါသည် ။ ထိုသီချင်းကို ဆရာကြီး ကိုယ်တိုင် မြန်မာဂီတာဖြင့် တီးခတ်ထားပါသည် ။

        ကျွန်တော် ချစ်နှင်းမှုန်မှုန် ကို မြတ်နိုးယုယစွာ သီဆိုဖြစ်ပါသည် ။

ဂီတနက်သန် ဆရာကြီး ဦးအုန်းလွင် သက်ရှည် ကျန်းမာ ဘေးဘယာ ဝေကွာပါစေကြောင်း ဆုမွန် တောင်းအပ်ပါသည် ခင်ဗျား  ။

              လေးစားစွာဖြင့်...
                                    ကိုအောင်နိုင်ဦး

ချစ်နှင်းမှုန်မှုန်  သီချင်း ကို.....

         မောင်မောင်ညွန့် ၊  ခင်ညွန့်ရီ ၊  ကျောက်ပန်းတောင်း ကျော်လွင်  ၊ လွမ်းမိုး ၊  ပန်းအိဖြူ တို့ သီဆိုထားတာကို တင်ပေးလိုက်ပါသည် ။
         ထို့ပြင်  စောင်းကောက် ဦးမင်းကြည် တီးထားပြီး သီဆိုသူ အမည်မသိသော သီချင်းကိုလည်း တင်ပေးလိုက်ပါသည် ။

         ဂီတနက်သန် ဦးအုန်းလွင် ၏ မြန်မာဂီတာ လက်သံ သီးသန့် ကိုလည်း တင်ပေးလိုက်ပါသည် ။

  ◼  မောင်မောင်ညွန့်

https://yadi.sk/d/bWJridTO31c5pQ

  ◼   ခင်ညွန့်ရီ

https://yadi.sk/d/bIq7mqQ3I1DdTQ

  ◼  ကျောက်ပန်းတောင်း ကျော်လွင်

https://yadi.sk/d/BXfEJK-Sx8RQJg

  ◼  လွှမ်းမိုး

https://yadi.sk/d/fBUVGXwyTU9A9w

  ◼  ပန်းအိဖြူ

https://yadi.sk/d/xuCECwgWM5O4iQ

 ◼  စောင်း ဦးမင်းကြည်

https://yadi.sk/d/QMardilUIvWqZw

  ◼  ဂီတနက်သန် ဦးအုန်းလွင် ၏ ဂီတာ လက်သံ

https://yadi.sk/d/1PQtpgxuwBl1Pg


  🌈    ချစ်နှင်းမှုန်မှုန်

တေးရေး     ဂီတနက်သံ ကိုအုန်းလွင်

             [ (နှင်းမှုန်ငွေရည် ပုလဲသွယ် တဖွဲဖွဲနဲ့ ကြဲကာမစဲတော့တယ် တစ်ကိုယ်ရေ နွမ်းလျဖွယ် ရင်ထဲ ရွှင်သည်းဖိုမိတယ် ချစ်နှင်းမှုန်ရယ် တသုန်သုန်မြူးကာ ညှင်းရက်တော့တယ် )

            မောင့်အပါးဝယ် ရှောင်ရှားကာ ရွေ့လျားပေါ့ကွယ် နှင်းငွေမှုန်ရယ် ကြုံကာဆုံသည့်နှယ် တစ်ရံရောအခါကရယ် မောင်မယ်နှစ်ဦးဝယ် ကြည်နူးလို့ကွယ် ညဥ့်လွှာရုံအောက်ဝယ် ခင့်ကိုသာ မောင့်မှာတွေးလို့ရယ် မကြင်စိမ်းကာ ယိမ်းနွဲ့ပေါ့ မာလာသဇင်နွယ်  နန်းဝေဟင် ပင်ယံမြင့်အလယ် လေသင့်ရာလွင့်ရှာလေတယ် ငွေဇာရုံ ခြုံလွှာပုံသို့နှယ် ချစ်နှင်းမှုန် တဖွဲဖွဲရယ် ၀ဲကာ ကြဲတော့တယ် ]


.

No comments:

Post a Comment